arial" action="like" colorscheme="light">

Wednesday, March 19, 2014

Omega?

ခေတ်ပညာတတ်ကာယဗလလေ့ကျင့်သူအားကစားသမားအတော်များများသည်ငါးကြီးအဆီ (Fish oil)သည်အဆီကျခြင်းကိုတိုးတက်စေနိုင်ခြင်း၊သွေးလည်ပတ်မှုအားကောင်းစေခြင်းနှင့်ကြွက်သား
များတည်ဆောက်ရန်မရှိမဖြစ်လိုအပ်သောဟိုမုန်းများကိုပိုမိုထွက်ရှိစေရန်များစွာအကူအညီပေးနိုင်
ကြောင်းကိုသိရှိပြီးဖြစ်သည်။သို့ သော်ထိုငါးကြီးဆီသည်သင့်ကိုပိုမိုနုပျိုစေသောအရေပြားကိုပိုမိုစိုပြည်
စေနိုင်ကြောင်းကိုသင်သိပါသလား?ထိုသို့ ဖြစ်ရခြင်းမှာ အိုမီဂါသရီးဖက်တီးအက်ဆစ်တစ်မျိုးဖြစ်သည့်
eicosapentaenoic ခေါ် EPA  ကြောင့်ဖြစ်သည်။EPA သည်အရေပြား၏အစိုဓါတ်ကိုထိန်းထားနိုင်ပြီး
အရေပြားပေါ်တွင်ဝက်ခြံပေါက်ခြင်းနှင့်အရေးကြောင်းများဖြစ်ခြင်းကိုတားဆီးပေးနိုင်သည်။EPA သည်အရေပြား၏အတွက်ဓါတ်တိုးဆန့် ကျင်သတ္တိရှိပြီးရောင်ရမ်းခြင်းကိုကာကွယ်စေနိုင်ကာထိုသို့ ဖြစ်
လာပါကလည်းအလျင်အမြန်ပျောက်ကင်းအောင်အကူအညီပေးနိုင်သောဓါတ်ဖြစ်သည်။ထို့ အပြင်
အိုမီဂါသရီးသည်ကိုယ်ခံအားစနစ်ကိုတိုးတက်စေပြီးနှလုံးကျန်းမာရေးကိုလည်းများစွာအကူအညီပေး
နိုင်သည်။
ကဲမိတ်ဆွေ-သင်လိုချင်တဲ့ကျန်းမာတဲ့ဘ၀ဆိုတာကလည်းဒါမျိုးမဟုတ်ပါလား။ဒါဆိုရင်ဘာ
ကြောင့်မှအချိန်မဆွဲဘဲသင့်နီးစပ်ရာဆေးဆိုင်မှာ fish oil capsule လေးတွေကိုသာပြေးဝယ်လိုက်ပါ။
တစ်လုံးကိုမြန်မာကျပ်ငွေတစ်ရာလောက်သာရှိပါတယ်။


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com



No comments:

Post a Comment