arial" action="like" colorscheme="light">

Sunday, March 2, 2014

ကြွက်သားကြီးထွားမှုအတွက်လျို့ ဝှက်ချက်များ

                           နိုင်သည့်နည်းစနစ်သုတေသနများကိုစုစည်းတင်ပြထားခြင်းဖြစ်သည်။သာမန်ထက်နှစ်ဆ၊
သုံးဆပင်ပို၍မြန်စေနိုင်သည်ကိုအာမခံရဲပါသည်။ကြွက်သားကြီးထွားလိုသူများသည်ဟဲဗီးဝိတ်၊ဟဲဗီး
ဝိတ်ဟုဆိုကာအပင်ပန်းခံနေကြသော်လည်းထင်သလောက်တိုးတက်မှုမရနိုင်ကြပေ။ဤဆောင်းပါး
သည်ဟဲဗီးဝိတ်ဖြင့်လေ့ကျင့်ခြင်းသည်ကြွက်သားကြီးထွားစေရန်အတွက်တစ်ခုတည်းသောနည်း
လမ်းမဟုတ်ကြောင်း၊အခြားသောနည်းလမ်းများရှိကြောင်းကိုလည်းသိပ္ပံနည်းကျတင်ပြထားခြင်း
ဖြစ်ပါသည်။မူလကစာအုပ်ငယ်အဖြစ်အကျယ်တ၀င့်ရေးသားရန်ရည်ရွယ်သော်လည်း၊စာဖတ်သူ
များနားရှုပ်သွားနိုင်သည့်အတွက်လိုရင်းတိုရှင်းဆောင်းပါးပုံစံအဖြစ်သာတင်ပြပေးလိုက်ပါသည်။
ဤဆောင်းပါးငယ်သည်ကြွက်သားထုတင်ရာတွင်ယနေ့ ထက်တိုင်တွင်ကျယ်နေသေးသည့်
အမှားများကိုတိုက်ဖျက်မည့်စာအုပ်ဖြစ်ပါသည်။
            အဓိကအမှားတစ်ခုမှာခွန်အားနှင့်ကြွက်သားဆက်စပ်နေသည်ဟုထင်မြင်ကာ၊
သန်မာလာလေလေ၊ခန္ဓာကိုယ်ကြီးထွားလာလေလေဟုခံယူနေကြသည့်အမှားဖြစ်သည်။ဤအချက်
သည်အတိုင်းအတာတစ်ခုအထိလုံးဝထိရောက်မှန်ကန်နိုင်သော်လည်းအမှန်ကန်ဆုံးအချက်မဟုတ်ပါ။
ကြွက်သားများကိုတတ်နိုင်သမျှကြီးထွားလိုသူသည်ဤအချက်အပြင်ဂရုစိုက်ရမည့်အချက်များစွာရှိနေ
သေးသည်ကိုမသိပါသလော။ဤအချက်ကြောင့်ပင်လူအတော်များများ၏တိုးတက်မှုနှေးကွေးနေရခြင်း
ဖြစ်သည်။Strength=Super Size ဟူသောဤယုံတမ်းစကားထက်ပိုသောအချက်များကိုယခုအခန်း
ဆက်ဆောင်းပါးများတွင်တင်ပြပေးမည်ဖြစ်သည်။
ကျွန်တော်ယခုတင်ဆက်ပေးသောဆောင်းပါးလေးသည်ကြွက်သားထုထည်ကိုအမြန်ဆုံးတိုးတက်စေ
                              အလေးများများဖြင့်အကြိမ်နည်းနည်းလေ့ကျင့်ခြင်းသည်၊ကြွက်သားထုထည်
ကိုအကောင်းဆုံးတက်စေနိုင်သည်ဆိုပါလျင်ကမ္ဘာကျော်အလေးမချန်ပီယံများသည်အဘယ်ကြောင့်
မောင်အိုလံပီယာအဆင့်ကာယဗလမောင်များကိုလုံးဝမမှီသည့်အပြင်အချို့ ဆိုလျင်အကောင်ခပ်သေး
သေးလေးများသာဖြစ်နေကြရပါသနည်း။ဥပမာ-အလေးမချန်ပီယံ Joe Luther သည်ပေါင်လေးရာ
ကျော်ရင်အုပ်တွန်းနိုင်သော်လည်းသူ့ ခန္ဓာကိုယ်အလေးချိန်သည် ၁၆၅-ပေါင်သာရှိပြီး၊ကြွက်သား
ထုထည်ဟူ၍သူ့ ကိုယ်တွင်မက်လောက်စရာအနည်းငယ်မျှမရှိရပါသနည်း။ထို့ အပြင်ကိုယ်အလေး
ချိန်ပေါင် ၁၃၀-သာရှိသောအမျိုးသမီးအလေးမမယ်များသည်ရင်အုပ်တွန်းလေ့ကျင့်ခန်းကိုပေါင် ၃၀၀-ကျော်တွန်းနေကြသော်လည်း၊သူတို့ ၏ခန္ဓာကိုယ်များတွင်ကာယဗလအားကစားသမားများကဲ့သို့ 
ကြွက်သားထုထည်အဘယ်ကြောင့်မရှိရသနည်း။
            ထိုအချက်ကိုသုတေသီများကနှစ်ပေါင်းလေးဆယ်ကျော်လေ့လာခဲ့ကြသည့်။
ကမ္ဘာကျော်ကာယဗလမဂ္ဂဇင်းတစ်ခုဖြစ်သည့်သံမဏိမောင်မဂ္ဂဇင်းကိုစတင်ထုတ်ဝေသူ Peary Rader
က ၁၉၆၀-ခုနှစ်ကတည်းကပင်-***Experiments we have carried out show that we can put
An inch on the arms in a short period by pumping (or lighter-density) methods---On the
Other hand, we can, by  training on an entirely different system (heavy weight/power)
Develop 10 or 20 percent more strength without one bit of increase in the size of the arms. This sort of ruins the popular theory that muscle strength is in direct relation to
Its size.*** -ဟူ၍တင်ပြခဲ့သည်။
            ထိုအချက်ကြောင့်ပင်စတီးရွိုက်မပေါ်ခင်၊ကနဦးကာယဗလမောင်များ၊သည်အ
လေးများများဖြင့်လေ့ကျင့်သလို၊အလေးနည်းနည်းဖြင့်လည်းလေ့ကျင့်ခဲ့ကြသည်။ယနေ့ ခေတ်ဒိတ်ဒိတ်
ကြဲထုထည်ပိုင်ရှင်ကာယဗလမောင်များသည်၊လည်းထိုကဲ့သို့ ပင်လေ့ကျင့်တတ်ကြသည်။ကမ္ဘာ့အသန်
မာဆုံးသောကာယဗလမောင်၊အိုင်အက်ဘီဘီ၏ပရော်ဖက်ရှင်နယ်၊အလေးမချန်ပီယံဂျွန်နီဂျက်ဆင်က
သူသည်မဟားဒယားအလေးများများဖြင့်လေ့ကျင့်လျင်ကြွက်သားထုတက်မလာသည့်အပြင်အကောင်ပင်
အနည်းငယ်သေးသွားကြောင်းကိုဝန်ခံခဲ့သည်။
       အထက်ပါအချက်အရသိရသည်မှာသင်သည်အသန်မာဆုံးဖြစ်လာလျင်တောင်
မှအကြီးထွားဆုံးဖြစ်မလာနိုင်ပါဆိုသည်ပင်ဖြစ်သည်။ခွန်အားသန်မာမှု၊အလေးများများဖြင့်လေ့ကျင့်
ခြင်းသည်ကြွက်သားထုတက်စေရေးကိုအတိုင်းအတာတစ်ခုအထိကူညီပေးနိုင်သည်ကိုကျွန်တော်
ထောက်ခံသော်လည်း၊အလေးများများဖြင့်လေ့ကျင့်ခြင်းသည်တစ်ခုတည်းသောနည်းလမ်းမဟုတ်ပါ။
ကြွက်သားထုထည်အကောင်းဆုံးတိုးတက်စေနိုင်ရန်အတွက်ကြွက်သားများကိုဖိအားကြာကြာပေးခြင်း
နှင့်၊ကြွက်သားများကိုညှစ်အားအသုံးပြုကာမောပန်းစေခြင်းပင်ဖြစ်သည်။
            ထို့ ကြောင့်သင်ယခင်ကသိခဲ့သောကြွက်သားထုတက်စေနိုင်သည်ဟူသည့်အ
ချက်ဟောင်းများကိုလွှင့်ပစ်လိုက်ပါ။ဤဆောင်းပါးငယ်ကိုဖတ်ပြီးသွားသည့်အချိန်တွင်သင်သည်ကြွက်
သားထုထည်တက်အောင်မည်သို့ ပြုလုပ်ရမည်၊ကြွက်သားများကမည်သို့ ကြီးထွားလာမည်ကိုသိ
ကာသင့်လေ့ကျင့်နည်းပရိုဂရမ်အသစ်ကိုပြန်လည်ရေးဆွဲနိုင်မည်ဖြစ်သည်။ယခုမှစ၍ကျွန်တော်သည်
သင့်ကြွက်သားထုအလျင်အမြန်တက်စေရေးအတွက်သီအိုရီများကိုဥပမာများဖြင့်တင်ဆက်ပေးသွား
ပါတော့မည်။
                                   
                    အခန်း(၁)
                 ကြွက်သားထုထည်သိပ်သည်းမှုနှစ်ဆ
                      Myofibrils and Sarcoplasm
            သုတေသီများက၊ကာယဗလသမားများ၏ခန္ဓာကိုယ်တွင်အလျင်အမြန်တုံ့ ပြန်
သောကြွက်သားအမျိုးအစား၂-ဘီ(fast-twitch type 2B)၊များကပို၍များပြားပြီးလွှမ်းမိုးထားသည်ဟု
ယုံကြည်ထားကြသည်။ထိုကြွက်သားမျှင်များသည်အေရိုးဗစ်မဟုတ်သော၊ပါဝါကိုအခြေခံသည့်အလေးများ
များအကြိမ်နည်းနည်းဖြင့်လေ့ကျင့်လျင်ထိရောက်သည်ဟုအပြည့်အ၀လက်ခံထားကြသည်။သို့ 
သော်အချို့ သောသုတေသနများနှင့်သုတေသီများကဆန့် ကျင်ဖက်ကိုတင်ပြထားကြသည်။နာမည်
ကျော်ကာယဗလသုတေသီ၊သိပံ္ပပညာရှင် Jerry Brainum ကအဆင့်မြင့်ကာယဗလမောင်များနှင့်
သာမန်ကောလိပ်ကျောင်းသားများကိုအခြေခံပြီးလေ့လာကြည့်ရာ၊အောက်ပါအတိုင်းတွေ့ ရှိခဲ့ရသည်။
***The study examined single muscle fibers. Since the type 2B fibers are the muscle
Fibers most likely to grow, it stands to reason that the bodybuilders in the study would
Have and abundance of such fibers, or at least more of them than the other kinds of muscle fibers. The reality was that they showed a higher portion of types 1 and 2A fibers with a complete absence of type 2Bs.(Eur J Appl Physiol.103(5):579-83.2008).
             အထက်ပါတင်ပြချက်အရ၊သိရှိရသည်မှာလူအများထင်ထားသလိုကာယဗလ
မောင်များ၏ခန္ဓာကိုယ်အတွင်းတွင်ပါဝါသဘောရှိသော၊အလျင်အမြန်တုံ့ ပြန်တတ်သည့်ကြွက်သားမျှင်
2B၊အမျိုးအစားများမရှိသလောက်ဖြစ်နေတတ်သည်။ထို့ ကြောင့်အကောင်းဆုံးထုထည်တက်လိုသည့်
ကစားနည်းကိုစဉ်းစားကြကုန်သောကာယဗလမောင်များသည်အရေးပါသည့်၊ပါဝါရော၊ခံနိုင်ရည်သက်လုံစွမ်း
အားများရောစပ်ပါဝင်နေသော2A၊အမျိုးအစားကြွက်သားမျှင်များ၏အရေးပါပုံကိုလေ့လာသင့်
ပါသည်။
            ထို2A၊အမျိုးအစားကြွက်သားမျှင်များသည်၊myofibrils နှင့် sarcoplasm ဟူ
သောပါဝင်ပစ္စည်းနှစ်မျိုးဖြင့်ပေါင်းစပ်ထားပါသည်။myofibrils များသည် actin နှင့် myosin နှစ်မျိုး
ယှက်နွယ်နေသော၊ကြွက်သားမျှင်များကိုဆွဲကျုံ့ စေနိုင်သောကြောင့်ကြွက်သားများကိုတင်းညှစ်
Contraction  ဖြစ်စေနိုင်ပြီး၊sarcoplasm ကတော့ myofibrils များကိုဝန်းရံထားသည့်ဆဲလ်တွင်း
သက်ရှိဓါတ်ရည်ကြည်ဖြစ်ပြီး၊လည်ကောင်းအတွင်းတွင်မိုက်တိုကွန်ဒရိယ၊ဂလိုက်ကိုဂျင်နှင့်ATP တို့ 
ပါဝင်သည်။ကွာခြားပုံကိုအောက်ပါအတိုင်းအလွယ်မှတ်သားနိုင်ပါသည်။
-myofibrils strands များသည်အလေးများများဖြင့်လေ့ကျင့်မှသာကြီးထွားခြင်း၊တိုးပွားခြင်းများ
ဖြစ်စေနိုင်သည်။
-Sarcoplasm ကတော့ကြွက်သားများကိုဖိအားပေးချိန်ကြာမှသို့ မဟုတ်၊တစ်ကျော့နှင့်တစ်ကျော့ကြား
နားချိန်တိုတောင်းနည်းပါးမှသာကြီးထွားနိုင်သည်။အလျင်အမြန်တုံ့ ပြန်သောကြွက်သားများမောပန်း
နွမ်းနယ်အောင်ဖိအားပေးသည့်အခါမှသာ sarcoplasm ပမာဏတိုးပွားလာပြီး၊ကြွက်သားမျှင်များတိုး
ပွားလာမည်ဖြစ်သည်။ထို့ ကြောင့်ကြီးထွားမှု့ အစွမ်းကုန်ရလိုသောကစားသမားများသည်၊2 A ကြွက်သားမျှင်များ၏ပါဝါပိုင်းရော၊ခံနိုင်ရည်သက်လုံပိုင်းကိုပါ၊လေ့ကျင့်ရမည်ဖြစ်သည်။
        ပေါ်ပြူလာတစ်ယူသန်သမားများကတစ်ကျော့လျင်၈-ကြိမ်မှ ၁၀-ကြိမ်အတွင်း
လေ့ကျင့်ခြင်းသည်သာကြွက်သားကြီးထွားမှုအတွက်အကောင်းဆုံးဟုဆိုနေတတ်ကြသည်။ဤအယူ
အဆသည်တစ်ဝက်သာမှန်သည်ဟုဆိုရပါမည်။အဘယ်ကြောင့်ဆိုသော်ကစားသမားအများစုသည်
လေ့ကျင့်ခန်းပြုလုပ်ရာတွင်တစ်ကြိမ်လျင်နှစ်စက္ကန့် သာကြာသောကြောင့်ဆယ်ကြိမ်လျင်စက္ကန့် နှစ်
ဆယ်သာကြာသည့်အတွက်၊ကြွက်သားကိုဖိအားပေးသည့်အချိန်နည်းပါးခြင်းသည် myofibrils များ
ကိုသာထိရောက်စေပြီး၊ခံနိုင်ရည်သက်လုံရှိသော sarcoplasm များ၏ကြီးထွားနိုင်စွမ်းကိုလျစ်လျူရှု
ခြင်းပင်ဖြစ်သည်။ထို့ ကြောင့်အစွမ်းကုန်ကြီးထွားလိုသူများသည်myofibrils နှင့် sarcoplasm နှစ်မျိုးလုံးကိုဂရုပြုကာလှုံ့ ဆော်သင့်သည်။Sarcoplasm ပမာဏတိုးပွားလိုပါကတစ်ကျော့လျင်အ
နည်းဆုံးစက္ကန့် လေးဆယ်လောက်ကြွက်သားကိုဖိအားပေးသင့်ပြီး၊တစ်ကျော့နှင့်တစ်ကျော့ကြား၊
အချိန်အနည်းငယ်သာနားခြင်းကကြွက်သားမျှင်တစ်ခုလုံးကိုအပြည့်အ၀လှုံ့ ဆော်ရာရောက်သည်။
            ဤနေရာတွင် Science and Practice Of Strength Training ဟူသောစာ
အုပ်ကိုရေးသားသူနာမည်ကျော်သိပ္ပံပညာရှင်နှစ်ဦးဖြစ်သည့်Vladimir Zatsiorsky,Ph.D နှင့် William
Kraemer, Ph.D တို့ က sarcoplasm နှင့် myofibril တို့ ကြီးထွားပုံအကြောင်းကိုအောက်ပါအတိုင်း
ရှင်းလင်းတင်ပြခဲ့သည်။***ကြွက်သားအတွင်းရှိ sarcoplasm ကြီးထွားလာခြင်းသည်၊ဆဲလ်တွင်း
သက်ရှိအရည်ကြည်အတွင်းရှိ၊ပရိုတိန်းများကြီးထွားလာခြင်းဖြစ်ပြီး၊လည်းကောင်းသည်ကြွက်သားခွန်
အားတိုးတက်မှုနှင့်လုံးဝစက်ဆပ်မှုမရှိပေ။ Myofibrillar ကြီးထွားခြင်းသည်ကြွက်သားမျှင်များအတွင်း
ရှိ actin နှင့် myosin များပါဝင်သော myofibrils များပို၍များလာခြင်းဖြစ်ပြီး၊ကြွက်သားမျှင်ပမာဏ
ကြီးထွားလာခြင်းသာဖြစ်သည်။ Myofibrillar ကြီးထွားမှုကတော့ကြွက်သားခွန်အားတိုးတက်မှုနှင့်
တိုက်ရိုက်ဆက်စပ်နေသည်။ထို့ အပြင် Myofibrillar ကြီးထွားမှုကိုအလေးမချန်ပီယံများတွင်တွေ့ 
ရလေ့ရှိပြီး၊ sarcoplasm ကြီးထွားမှုကိုတော့ကာယဗလချန်ပီယံများတွင်တွေ့ ရတတ်သည်။***ဟု
ရှင်းလင်းတင်ပြထားသည်။ထို့ အပြင်ထိုသိပ္ပံပညာရှင်နှစ်ဦးလုံးက***မည်သူ မှ sarcoplasm
ချည်းသက်သက်သို့ မဟုတ် myofibril ချည်းသက်သက်မကြီးထွားနိုင်ကြပေ။***ထို့ ကြောင့်ကြွက်
သားမျှင်များကိုအစွမ်းကုန်ကြီးထွားလိုကြကုန်သောကာယဗလသမားများသည်၊ထိုနှစ်မျိုးလုံးကိုထိ
ရောက်စေသည့်နည်းစနစ်များဖြင့်လေ့ကျင့်ရပေမည်။
                    အခန်း(၂)
                ကြီးထွားမှုအတွက်-Heavy/Light
                                    
Sarcoplasm ရော၊ myofibril ပါကြီးထွားစေရန်အတွက်လက်တွေ့ ကျသောသုတေသနစမ်းသပ်ချက်
လေးတစ်ခုကိုတင်ပြပေးပါမည်။ထိုသုတေသနတွင်ပါဝင်သောကစားသမားများကိုမတူညီသောလေ့
ကျင့်မှုပုံစံသုံးမျိုးဖြင့်ပေါင်ရှေ့ ကန် -leg extensions ကိုသုံးကျော့စီ၊တစ်ကျော့လျင်ရှစ်ကြိမ်စီလေ့ကျင့်
စေသည်။
၁-ပထမအုပ်စုကိုတစ်ကြိမ်တည်းကစားလျင်အနိုင်ဆုံးသောအလေး၏ငါးဆယ်ရာခိုင်နှုန်းဖြင့်ပြင်းအား
နည်းနည်းသာလေ့ကျင့်စေသော်လည်း၊အလေးကိုညှစ်တွန်းရာတွင်သုံးစက္ကန့် ကြာအောင်တွန်းစေပြီး၊
ထိပ်တွင်တစ်စက္ကန့် ညှစ်ထားစေကာပြန်ပြီးဖြည်ချရာတွင်၊လည်းသုံးစက္ကန့် ကြာအောင်ညှစ်ကစားစေ
ခြင်းကြောင့်ကြွက်သားများသည်တစ်ကျော့တွင်စုစုပေါင်းဖိအားပေးသည့်ကြာချိန်-၅၆စက္ကန့် ကိုလက်ခံ
ရရှိစေသည်။
၂-ဒုတိယအုပ်စုသည်ကတော့ပြင်းအားမြှင့်ကာတစ်ကြိမ်တည်းကစားလျင်အနိုင်ဆုံးသောအလေး၏ရှစ်
ဆယ်ရာခိုင်နှုန်းခန့် ဖြင့်၊သမားရိုးကျလေ့ကျင့်နည်းအတိုင်းဟဲဗီးကစားပြီး၊အလေးကိုညှစ်တင်ရာတွင်
လည်းကောင်း၊ဖြည်ချရာတွင်လည်းကောင်း၊တစ်ကြိမ်နှင့်တစ်ကြိမ်ကြားနားရာတွင်လည်းတစ်စ
က္ကန့် စီသာနားခြင်းကြောင့်၊ကြွက်သားများကိုတစ်ကျော့တွင်စုစုပေါင်းဖိအားပေးသည့်ကြာချိန်မှာ-၂၄
စက္ကန့် သာဖြစ်သည်။
၃-တတိယအုပ်စုသည်၊အလေးနည်းနည်းဖြင့်ပြင်းအားနိမ့်လေ့ကျင့်ပြီးတစ်ကြိမ်နှင့်တစ်ကြိမ်ကြွက်သား
ကိုဖိအားပေးသည့်ကြာချိန်မှာဒုတိယအုပ်စုဝင်များအတိုင်း-၂၄စက္ကန့် သာဖြစ်သည်။
ထိုအုပ်စုသုံးခုလုံးသည်တစ်ပါတ်တွင်သုံးကြိမ်စီသာလေ့ကျင့်ပြီး၊ဆယ့်နှစ်ပါတ်အကြာတွင်၊ရရှိသော
ရလာဒ်များကိုဆန်းစစ်ကြည့်ပါက၊ပထမနှင့်ဒုတိယအုပ်စုနှစ်ခုတွင်ကြွက်သားထုတက်မှုသည်၊သိသိ
သာသာထူးခြားလာသော်လည်း၊တတိယအုပ်စုတွင်မူလုံးဝမထူးသလောက်ပင်ဖြစ်သည်ကိုတွေ့ ရှိခဲ့ရ သည်။(Tanimoto, M. J App Physiol; 100:1150-1157 -2006)
ဤလေ့လာတွေ့ ရှိချက်အရ၊အလေးပေါ့ပေါ့ကိုညှစ်အားသုံးပြီးအချိန်ကြာကြာဖိအားပေးလေ့ကျင့်သော
ပထမအုပ်စုသည်၊အလေးများများသုံးပြီးပြင်းအားမြှင့်လေ့ကျင့်သည့်အုပ်စုနှင့်ကြွက်သားတိုးတက်မှုပ
မာဏသည်နှိုင်းယှဉ်စရာဖြစ်အောင်တိုးတက်လာစေသည့်အချက်မှာအဘယ်နည်း။အဖြေကရှင်းပါ
သည်။ကြွက်သားများကိုဖိအားပေးချိန်ကြာခြင်းဖြစ်ပြီး၊ကြွက်သားများအတွင်းသွေးရောက်ရှိမှုနှင့်
အောက်ဆီဂျင်ရောက်ရှိမှုနည်းပါးသွားသည့်အတွက်၊ sarcoplasm တိုးပွားလာကာကြွက်သား
ကိုကြီးထွားစေခြင်းဖြစ်ပြီး၊အလေးများများဖြင့်လေ့ကျင့်သည့်ဒုတိယအုပ်စုကတော့၊ myofibrillar
 ကြီးထွားလာခြင်းကြောင့်၊ပင်ဖြစ်သည်။ထို့ ကြောင့်အစွမ်းကုန်ကြွက်သားကြီးထွားလိုသူများသည်၊
ပထမအုပ်စုကဲ့သို့ လေ့ကျင့်သင့်သလို၊ဒုတိယအုပ်စုကဲ့သို့ လည်းလေ့ကျင့်သင့်ပါသည်။
သို့ သော်ထုတင်ရာတွင်လူအများစုသည်မှားတတ်ကြသည့်အချက်မှာ၊ပထမအုပ်စုလေ့ကျင့်သည့်
sarcoplasm ကြီးထွားမှုကိုဖြစ်စေသောလေ့ကျင့်နည်းပုံစံကိုလျစ်လျူရှု့ တတ်ခြင်းပင်ဖြစ်သည်။
ထိုအချက်သည်အလွန်အရေးပါသည့်အတွက်အလျင်အမြန်ထုတက်လိုသူများသည်သမားရိုးကျဒုတိယအုပ်
စုလေ့ကျင့်သလိုဟဲဗီးလေ့ကျင့်နည်းသက်သက်ကိုပဲအာရုံမစိုက်သင့်ပါ။
ညှစ်အားပေးချိန်ကြာကြာသုံးပြီးကြွက်သားများအတွင်းသို့ သွေးရောက်ရှိမှုကိုဟန့် တားထိန်းချုပ်သည့်
လေ့ကျင့်မှုပုံစံသည်တစ်ခါတစ်ရံတွင်၊နာကျင်စေသော်လည်းလည်းကောင်းသည်နိုက်ထရစ်အောက်
ဆိုက်များကိုပိုမို၍ထုတ်လွှတ်စေပြီး၊သွေးအ၀င်နည်းသောကြောင့်တွန့် ခေါက်နေသောသွေးကြောများ
အတွင်းတွင်ကြီးထွားဟိုမုန်းများထွက်လာလေသည်။ထိုဖိအားများကြောင့် sarcoplasm ပို၍များ
လာစေခြင်းဖြစ်သည်။ထိုအယူအဆ၏သက်သေမှာဂျွမ်းဘားအားကစားမောင်များ၏ခန္ဓာကိုယ်အပေါ်
ပိုင်းကိုကြည့်ပါကကြွက်သားများဖုထစ်ကျစ်လစ်လှပနေသည်ကိုတွေ့ ရမည်ဖြစ်သည်။ဤသည်မှာ၊
လည်းကောင်းတို့ ၏အလေးဝန်များများမပါဘဲကြွက်သားများကိုဖိအားကြာကြာပေးညှစ်ကစားသည့်
ပုံစံကြောင့်ဖြစ်သည်။
                   
ဤသို့ ဆိုလျင်အမေးတစ်ခုပေါ်လာပြန်သည်။sarcoplasm နှင့် myofibril တွင်မည်သည့်အစိတ်အပိုင်း
သည်ပို၍အကြီးမြန်သနည်း။လူအများစုကတော့အလေးများများဖြင့်လေ့ကျင့်လျင်ထုတက်လာသည့်
အတွက် myofibril ကြီးထွားမှုသည်ပို၍အရေးပါသည်ဟုဆိုကြသော်လည်း၊သုတေသနများကထိုအယူ
အဆများလွဲနေကြောင်းကိုအထောက်အထားများနှင့်တင်ပြလာကြသည်။ထိုကဲ့သို့ သောသုတေသီများ
ထဲတွင်ထင်ရှားသောသုတေသီတစ်ဦးဖြစ်သည့် Phil Wagner (M.D., SPARTA Performance
Science )ကအမေရိကန်အားကစားဆေးပညာကောလိပ်ကတင်ပြချက်ကိုကိုးကားပြီး၊ပြင်းအားအသင့်
တင့်ရှိသောလေ့ကျင့်နည်းပုံစံဖြင့်အကြိမ်၊အကျော့များများကိုတစ်ကျော့နှင့်တစ်ကျော့ကြားနားချိန်
လျော့ပြီး၊လေ့ကျင့်ခြင်းသည်ကြွက်သာမျှင်များထုတက်စေရန်အတွက်အကောင်းဆုံးဖြစ်သည်ဟုတင်ပြ
ခဲ့သည်။အမှန်တစ်ကယ်ပင်လေ့ကျင့်ခန်းတစ်ကျော့နှင့်တစ်ကျော့အကြားနားချိန်သည်၊ကြွက်သားမျှင်
များကြီးထွားမှုအတွက်အထောက်အကူပြုကြောင်းကိုအီလီနွိုက်ပြည်နယ်တက္ကသိုလ်မှသုတေသီများ
ကအထောက်အထားနှင့်တင်ပြခဲ့ကြသည်။ထိုသုတေသီများက၊လေ့ကျင့်ခန်းတစ်ကျော့နှင့်တစ်ကျော့
ကြားစက္ကန့် သုံးဆယ်မှခြောက်ဆယ်အထိသာနားစေပြီးလေ့ကျင့်စေခြင်းကကြီးထွားဟိုမုန်းထွက်ရှိမှု
အားကောင်းစေနိုင်ကြောင်းကိုတင်ပြခဲ့သည်။ထိုသုတေသီများကတစ်ကျော့ကြားနားချိန်လျော့ပြီးအ
ကျော့များများကစားခြင်းက sarcoplasm ကြီးထွားမှုကိုဖြစ်စေသောကြောင့်၊ sarcoplasm သည်သာ
လျင်ကြီးထွားမှုအတွက်ကောင်းဆုံးဖြစ်ကြောင်းကို၊ယူဆထားကြသည်။သို့ သော်ကျွန်တော်တို့ အနေ
နှင့်ကတော့အစွန်းနှစ်ဖက်ကိုရှောင်ကာ sarcoplasm သာမက myofibril ကိုပါကြိုးစားလှုံဆော်လေ့
ကျင့်သင့်သည်။အဓိကမှတ်သားထားရမည်ကတော့၊အချို့ သောကြွက်သားမျှင်များသိပ်သည်းသည့်
ကြွက်သားအစိတ်အပိုင်းများဖြစ်သည့်၊လက်ဖျံ၊ပေါင်၊ခြေသလုံးနှင့်ဝမ်းဗိုက်တို့ သည်လည်းကောင်းတို့ 
၏ကြီးထွားမှုအတွက်လေ့ကျင့်မည်ဆိုလျင်၊ sarcoplasm ကိုအထူးပြုသည့်လေ့ကျင့်နည်းစနစ်ကိုအာရုံ
စိုက်လေ့ကျင့်သင့်ပါသည်။ရင်အုပ်ကဲ့သို့ သောကြွက်သားမျိုးကိုမူ sarcoplasm ရော myofibril အ
တွက်ပါ၊လေ့ကျင့်ပါမှအစွမ်းကုန်ကြီးထွားမည်ဖြစ်သည်။မိတ်ဆွေအထက်ပါတင်ပြထားသည့်အတိုင်း
2A-အမျိုးအစား၊ကြွက်သားမျှင်များ၏စွမ်းရည်နှစ်မျိုးလုံးအတွက်လေ့ကျင့်နိုင်မည်ဆိုပါက၊သင်သည်
အလျင်အမြန်ကြီးထွားလာမည်ကိုအသေအချာပင်ဖြစ်ပါသည်။

အခန်း(၃)
                           Super size အတွက် super techniques များ
အထက်တွင်တင်ပြခဲ့ပြီးသောသုတေသနများနှင့်စမ်းသပ်ချက်များကိုသင်ကိုယ်တိုင်စမ်းသပ်လေ့
လာနိုင်ပါသေးသည်။သိပံ္ပပညာရှင်အများစုက၊တစ်ကျော့လျင်ဆယ်ကြိမ်လေ့ကျင့်ရန်အတွက်တိုက်
တွန်းခြင်းသည်ဤနည်းစနစ်အရအလယ်အလတ်အဆင့်သာဖြစ်သည်။အလေးများများနှင့်ထိုကဲ့သို့ 
ဆယ်ကြိမ်လေ့ကျင့်မည်ဆိုလျင်၊sarcoplasm အတွက်အချိန်များများကြွက်သားဖိအားပေးနိုင်မည်
လား။ထိုအလေးပမာဏသည် myofibril များအတွက်လုံလောက်ပါရဲ့ လားဆိုသည်ကိုတော့စူးစမ်း
ဆင်ခြင်ကြည့်ကြပါစို့ ။
သင်ကြိုက်သည့်ဂျင်မ်များသို့ သွား၍လေ့လာကြည့်ပါကစားသမားအများစုသည်တစ်ကြိမ်ကိုနှစ်စက္ကန့် 
သာကြာအောင်လေ့ကျင့်ကြသည့်အတွက်ဆယ်ကြိမ်ဆိုလျင်စက္ကန့် နှစ်ဆယ်သာကြွက်သားကိုဖိအား
ပေးရာရောက်မည်ဖြစ်သည်။တစ်ကဲ့ကြွက်သားကြီးထွားမှုအတွက်လိုအပ်သောဖိအားပေးရန်ကြာချိန်
မှာတစ်ကျော့ကိုစက္ကန့် လေးဆယ်လောက်ကြာမှသာဖြစ်နိုင်ပေမည်။သမားရိုးကျဆယ်ကြိမ်စက္ကန့် နှစ်
ဆယ်ဖိအားပေးသည့်စနစ်သည်၊ကျွန်တော့်အမြင်တွင် myofibril အတွက်လေ့ကျင့်သလောက်သာဖြစ်
နေပေသေးသည်။ထို့ ကြောင့်မှတ်သားထားရမည်မှာ၊ကြွက်သားကြီးထွားမှုအတွက်၊အကြိမ်အရေအ
တွက်ထက်ကြွက်သားကိုဖိအားပေးသည့်ကြာချိန်သာအဓိကဖြစ်သည်။အကယ်၍လေ့ကျင့်သည့်တစ်
ကြိမ်စီ၏အမြန်နှုန်းကိုနှေးချလိုက်ပြီးတစ်ကြိမ်ကိုလေးစက္ကန့် ကြာအောင်လေ့ကျင့်မည်ဆိုပါက၊ဆယ်
ကြိမ်ကိုလေးဆယ်စက္ကန့် ကြာမည်ဖြစ်သည်။ထိုကဲ့သို့ လေ့ကျင့်မည်ဆိုပါက sarcoplasm သည်ပို၍
ထိရောက်ကာ၊ထုတက်စေရေးကိုပို၍အထောက်အကူပြုနိုင်မည်ဖြစ်သည်။ထို့ ကြောင့် myofibril အ
တွက်အလေးများများအကြိမ်နည်းနည်းနှင့်လေ့ကျင့်ပြီး၊ sarcoplasm အတွက်မူအကြိမ်များများဖိအား
ပေးချိန်ကြာကြာညှစ်ကစားရန်သာလိုအပ်သည်။ဒါဆိုထိုနည်းစနစ်နှစ်မျိုးလုံးဖြင့်လေ့ကျင့်နိုင်သည့်
နည်းစနစ်ရှိပါသလားဟုဆိုလျင်ရှိပါသည်ဟုဖြေပါမည်။ထိုနည်းစနစ်များကိုယခုတင်ပြပေးပါဦးမည်။
ကျွန်တော်ဤဆိုက်တွင်ပင်တင်ဆက်ခဲ့ပြီးသော Myanmar insane training (M.I.T)သီအိုရီစာအုပ်
ကိုဒေါင်းလုပ်ဆွဲပြီးလေ့လာကြည့်ပါ။မရှင်းသည်များကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။
Drop Set-များ။        ။အကယ်၍သင်လေ့ကျင့်ခန်းတစ်ခုကိုခုနှစ်ကြိမ်လောက်တွင်ထပ်မံမ
လေ့ကျင့်နိုင်တော့လျင်ထိုလေ့ကျင့်ခန်းသည် myofibril အတွက်သာထိရောက်မည်ဖြစ်ပြီး၊ထိုအချိန်
တွင်အလေးကိုလျော့ချလိုက်ပြီးအကြိမ်အနည်းငယ်(ငါးကြိမ်၊ခြောက်ကြိမ်လောက်)ထပ်မံညှစ်ပြီး
လေ့ကျင့်မည်ဆိုပါကထိုတစ်ကျော့သည် sarcoplasm အတွက်ပါလှုံဆော်စေနိုင်သည့်နည်းစနစ်
ကောင်းဖြစ်သည်။
Double Drop Sets-များ။        ။ Drop Set-တစ်ကြိမ်လေ့ကျင့်ပြီးလျင်ပြီးခြင်းအလေးထပ်မံ
လျော့ချကာနောက်ထပ်လေးငါးကြိမ်လောက်ညှစ်ကစားခြင်းဖြစ်သည်။
Negatives။        ။Negatives များဆိုသည်မှာအလေးကိုညှစ်တင်သည့်အချိန်တွင်တစ်စက္ကန့် 
သာကြာစေပြီး၊အလေးဝန်ကိုဖြည်ချချိန်တွင်ခြောက်စက္ကန့် လောက်ညှစ်ထားပြီးဖြည်ချခြင်းပင်ဖြစ်
သည်။ထိုနည်းစနစ်သည်ကြွက်သားမျှင်များ၏စွမ်းရည်နှစ်မျိုးလုံးအတွက်ထိရောက်စေသည့်အပြင်
လည်းကောင်းကိုအောက်ပိုင်းထိုင်ခြင်း၊ရင်အုပ်တွန်းခြင်းစသည့်လေ့ကျင့်ခန်းများတွင်လည်းအသုံးပြု
နိုင်ပါသည်။ဤနည်းစနစ်ဖြင့်တစ်ကျော့လျင်ခုနှစ်ကြိမ်သာလေ့ကျင့်မည်ဆိုပါကလည်း၊ကြွက်သားကိုဖိ
အားပေးချိန်လေးဆယ့်ကိုးစက္ကန့် ကြာမည်ဖြစ်သည်။ထိုသို့ ကြွက်သားကိုဖိအားပေးချိန်ကြာခြင်းသည်၊
ကြွက်သားများကိုနာကျင်ကိုက်ခဲစေကာ၊ထိုနာကျင်မှုများသက်သာစေရန်ကြွက်သားမျှင်များပျက်စီး
ထားသမျှကိုခန္ဓာကိုယ်ကပြန်လည်ပြုပြင်သည့်အတွက်အင်အားကယ်လိုရီများစွာကိုအသုံးပြုခြင်း
ကြောင့်ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုအထူးမြန်ဆန်တိုးတက်စေပါသည်။ကိုယ်တွင်းဇီဝဖြစ်စဉ်မြန်လာခြင်း
ကြောင့်သင်သည်အဆီလည်းလောင်ကျွမ်းကာကြွက်သားထုထည်လည်းတက်လာစေနိုင်သည့်နည်း
လမ်းကောင်းဖြစ်ပါသည်။

ဤဆောင်းပါးလေးတွင်တင်ပြခဲ့သောအယူအဆများ၊လေ့ကျင့်နည်းသီအိုရီလေးများအကြောင်းကိုသေ
သေချာချာဖတ်ပြီးလျင်သင့်အနေနှင့်အချိန်အနည်းငယ်ပေးကာစဉ်းစားသင့်ပါသည်။ထို့ နောက်လက်
တွေ့ စမ်းသပ်ကြည့်သင့်ပါသည်။သိလိုသည်များကိုကျွန်တော့်ထံဆက်သွယ်မေးမြန်းနိုင်ပါသည်။


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com


           







No comments:

Post a Comment