arial" action="like" colorscheme="light">

Wednesday, March 5, 2014

Bodybuilders and Soy

အားကစားနယ်ပယ်တွင်ပဲပိစပ်ကိုစတင်နေရာရစေခဲ့သူမှာ၊ 1936-ဘာလင်အိုလံပစ်၏သူရဲကောင်း
ဖြစ်သော Jesse Owens ပင်ဖြစ်သည်။ထိုအချိန်မှစ၍အားကစားနယ်ပယ်အတော်များများတွင်ပဲပိစပ်
ကိုလူသုံးများလာခဲ့သည်။ကနဦးကာယဗလမောင်များသည်လည်းပဲပိစပ်ကိုသုံးစွဲခဲ့ကြသည်။ကျွန်တော်
တို့ မြန်မာနိုင်ငံတွင်ယခုထက်တိုင်အောင်ပင်ပဲပိစပ်ကိုအာဟာရအဖြစ်လည်းကောင်း၊အားကစားဖြည့်
စွက်စာပဲနို့ (soy milk)အဖြစ်လည်းကောင်းအသုံးပြုနေဆဲဖြစ်သည်။ယနေ့ ခေတ်ကမ္ဘာ့ကျန်းမာရေး
နယ်ပယ်တွင်လည်းပဲပိစပ်ကိုကင်ဆာကာကွယ်စေနိုင်သောအာဟာရအဖြစ်လည်းကောင်း၊အခြား
သောကျန်းမာရေးအကျိုးပြုအာဟာရအဖြစ်လည်းကောင်းတွင်ကျယ်စွာသုံးလျက်ရှိကြသော်လည်း
ကမ္ဘာ့ကာယဗလနယ်ပယ်များတွင်မူပဲပိစပ်ကိုအီစထရိုဂျင်ကြွစေသည်ဟုဆိုကာကာယဗလမောင်များ
ကလက်ရှောင်လာကြသည်။
ဖြည့်စွက်အာဟာရဆေးများ၊နည်းပါးသောကျွန်တော်တို့ နိုင်ငံတွင်ကာယဗလလေ့ကျင့်သူ၊ငွေကြေး
သိပ်မတတ်နိုင်သူအများစုကားပဲနို့ ကိုအားထားကြရဆဲဖြစ်သည်။ပထမဦးစွာကျွန်တော်တင်ပြလို
သည်မှာကျွန်တော်သည်ကာယဗလဆေးများကိုငွေကုန်ကြေးကျခံပြီးသိပ်မသုံးသလို၊ပဲနို့ ကိုလည်း
စွဲစွဲမြဲမြဲမသုံးပါ။ထို့ ကြောင့်ဤဆောင်းပါးပါကျွန်တော်တင်ပြမည့်ပဲပိစပ်ဆိုင်ရာသုတေသနတင်ပြချက်
များသည်အစွန်းနှစ်ဖက်လွတ်ကာပုဂ္ဂိုလ်စွဲကင်းရှင်းကာအများအကျိုးအတွက်ဖြစ်ကြောင်းကိုအသိပေး
လိုပါသည်။
ပဲပိစပ်နှင့်ပါတ်သက်သောပရိုတိန်းပါဝင်မှုနှုန်း၊လည်းကောင်း၏ဓါတ်သတ္တိအကြောင်းကိုအငြင်းပွားနေ
ကြသောကြောင့်သေချာအဖြေထုတ်ရန်အတွက်သုတေသီများက၊ရက်သတ္တပါတ်ပေါင်း 160-ကြာ
အောင်လေ့လာခဲ့သည်။ထိုလေ့လာမှုတွင်အမျိုးသားများထက်ကိုယ်တွင်းဟိုမုန်းထွက်ရှိမှုနည်းပါးသော
အမျိုးသမီးများကိုပါဝင်စေခဲ့သည်။ထိုအမျိုးသမီးများကိုအုပ်စုလေးစုခွဲကာ၊ပထမအုပ်စုကိုပဲပိစပ်ပရို
တိန်းကိုမှီဝဲစေကာလေ့ကျင့်ခန်းပြုလုပ်စေပြီး၊ဒုတိယအုပ်စုကိုအခြားသောဖြည့်စွက်ဆေးများနှင့်လေ့
ကျင့်ခန်းကိုပြုလုပ်စေပြီး၊တတိယအုပ်စုကိုပဲပိစပ်ပရိုတိန်းမှီဝဲစေကာ၊လေ့ကျင့်ခန်းလုံးဝမပြုလုပ်စေဘဲ
စတုတ္ထအုပ်စုကိုအခြားဖြည့်စွက်ဆေးများကိုမှီဝဲစေပြီးလေ့ကျင့်ခန်းလုံးဝမပြုလုပ်စေပဲလေ့လာခဲ့သည်။
ထိုစမ်းသပ်ချက်တွင်ပါဝင်သောသူများကိုပဲပိစပ်ပရိုတိန်းနှစ်ဆယ့်ငါးဂရမ်(နှစ်ရာ့ငါးဆယ်ဂရမ်မဟုတ်ပါ။
သေချာဖတ်ပါ)ကိုနေ့ စဉ်မှီဝဲစေပြီးပုံမှန်ကာယဗလလေ့ကျင့်ခန်းများကိုပြုလုပ်စေသည်။ထူးခြားသောရ
လာဒ်များအနေနှင့်ကိုယ်တွင်းဇီဝဖြစ်စဉ်အထူးကောင်းမွန်မြန်ဆန်လာပြီး၊ပထမအုပ်စုသည်တစ်နေ့ ကို
158-ကယ်လိုရီကိုပိုမိုလောင်ကျွမ်းကာ၊ဒုတိယအုပ်စုသည်တစ်နေ့ ကို110-ကယ်လိုရီပိုမိုလောင်ကျွမ်း
၏။စတုတ္ထအုပ်စုသည်ကားကိုယ်တွင်းဇီဝဖြစ်စဉ်လေးရာခိုင်နှုန်းပင်နှေးကွေးသွားကြောင်းကိုတွေ့ ရ
သည့်အတွက်ပဲပိစပ်နှင့်ကာယဗလလေ့ကျင့်ခန်းများကိုတွဲဖက်အသုံးပြုခြင်းသည်ကိုကိုယ်တွင်းဇီဝဖြစ်
စဉ်ကိုတိုးတက်မြန်ဆန်စေနိုင်ကြောင်းကိုသိရှိရလေသည်။(၁)
ဒုတိယသုတေသနတစ်ခုကပဲပိစပ်နှင့် whey protein အကျိုးရလာဒ်ကိုယှဉ်တွဲလေ့လာခဲ့သည်။သိပ္ပံ
ပညာရှင်များသည်ကောလိပ်ကျောင်းသားအမျိုးသားကာယဗလကစားသမားများကို၊အုပ်စုသုံးစုခွဲကာ
တစ်အုပ်စုစီတွင်ပါဝင်သူများကိုတစ်နေ့ လျင်ပဲပိစပ်ပရိုတိန်း 33-ဂရမ်သုံးစေကာ၊ကျန်တစ်အုပ်စုကိုမူ
တစ်နေ့ လျင် whey protein 33-ဂရမ်ကိုသာမှီဝဲစေပြီးလေ့ကျင့်ခန်းပြုလုပ်စေကာ၊နောက်ဆုံးအုပ်စု
ကိုမူမည်သည့်ပရိုတိန်းကိုမှမသုံးစေဘဲလေ့ကျင့်ခန်းချည်းသာပြုလုပ်စေကာကိုးပါတ်ကြာအောင်လေ့
လာခဲ့ပြီးနောက်တွင်မူရလာဒ်များကား၊ပရိုတိန်းမှီဝဲသောအုပ်စုနှစ်ခုလုံးသည်ကြွက်သားထုထည်တက်
လာသော်လည်း၊ပရိုတိန်းမမှီဝဲသည့်အုပ်စုကမူ၊သိပ်မထူးခြားပေ။ထူးခြားသည့်အချက်တစ်ခုမှာ၊ whey protein မှီဝဲသည့်အုပ်စုနှင့်လေ့ကျင့်ခန်းချည်းပဲပြုလုပ်သည့်အုပ်စုနှစ်ခုလုံးသည်၊လေ့ကျင့်ပြီးချိန်တွင်
ဓါတ်တိုးဆန့် ကျင်ပစ္စည်း antioxidant နှင့်ပါတ်သက်ပြီးပြသနာအနည်းငယ်ရှိသည်ကိုတွေ့ ရ
သော်လည်းပဲပိစပ်အုပ်စုကမူထိုဘေးမှလွတ်ကင်း၏။ထို့ ကြောင့်ပဲပိစပ်စားသုံးခြင်းနှင့်ကာယဗလ
လေ့ကျင့်ခန်းများပြုလုပ်ခြင်းကိုတွဲဖက်အသုံးပြုပါကကိုယ်တွင်းရှိ antioxidant များနှင့်ဆက်စပ်နေ
သောကောင်းကျိုးများရရှိနိုင်ကြောင်းကိုလေ့လာသိရှိရပါသည်။(၂)
နောက်ထပ်သုတေသနတစ်ခုကလည်း၊ကျန်းမာသန်စွမ်းသောအရွယ်ရောက်သူများသည်ပဲနို့ ပရိုတိန်း
(ရိုးရိုးနို့ ပရိုတိန်းမဟုတ်ပါ)မှီဝဲခြင်းကြောင့်၊ကိုယ်တွင်းရှိ lipid ပမာဏကိုတိုးတက်စေနိုင်ကြောင်းကို
တင်ပြထားလေသည်။(၃)

ထို့ အပြင်သုတေသနတစ်ခုကလည်း၊ကိုယ်တွင်းပရိုတိန်းစုပေါင်းဖြစ်တည်မှုသည် casein ပရိုတိန်း၊
နို့ ပရိုတိန်းနှင့်ပဲပိစပ်ပရိုတိန်းတို့ တွင်ကွဲပြားမှုမရှိကြောင်းကိုအထောက်အထားနှင့်တင်ပြခဲ့သည်။(၄)
ထို့ ကြောင့်ဤဆောင်းပါးမှမိမိတို့ လိုသည်ကိုထုတ်နှုတ်အသုံးပြုကာအကျိုးခံစားနိုင်ကြပါစေ။

1 Trevisan, M.C., et al. (2010). Influence of soy protein intake and weight training on
the resting energy expenditure of postmenopausal women. Rev Assoc Med Bras.
56(5):572-8.
2 Brown, E.C., et al. (2004). Soy versus whey protein bars: effects on exercise training
impact on lean body mass and antioxidant status. Nutr J. 3:22.
3 Wofford, M.R., et al. (2001). Effect of soy and milk protein supplementation on serum
lipid levels: a randomized controlled trial. Eur J Clin Nutr. In press.
4 Luiking, Y.C., et al. (2011). Differential metabolic effects of casein and soy protein
meals on skeletal muscle in healthy volunteers. Clin Nutr. 30(1):65-72.


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com





No comments:

Post a Comment