arial" action="like" colorscheme="light">
Showing posts with label ကိုနိုင်ဦးဆောင်းပါးများ. Show all posts
Showing posts with label ကိုနိုင်ဦးဆောင်းပါးများ. Show all posts

Monday, July 14, 2014

fan page သို့ ဖိတ်ခေါ်ခြင်း


သူငယ်ချင်းများခင်ဗျာ
ကျွန်တော်တို့ ဘလော့ဂ့်လေးကိုနားထားသည်မှာ
ယနေ့ ဆိုလျင် တစ်လ ကျော်ပြီဖြစ်ပါသည်။ ၃ ရက် ၈ လ ၂၀၁၄ မှစတင်ကာ ပို့ စ် များကိုပြန်လည် တင်ဆက်သွားပါ
ယခု လောလောဆယ် ကျွန်တော်တို့ fan page လေးကို ဝင်ရောက် လေ့လာနိုင်ပါသည်။
face book တွင် muscleprofessor ဟု ရိုက်
ရှာနိုင်ပါသည်။
လေးစားလျက်

နိုင်ဦး ၁၁၉

Wednesday, March 19, 2014

Omega?

ခေတ်ပညာတတ်ကာယဗလလေ့ကျင့်သူအားကစားသမားအတော်များများသည်ငါးကြီးအဆီ (Fish oil)သည်အဆီကျခြင်းကိုတိုးတက်စေနိုင်ခြင်း၊သွေးလည်ပတ်မှုအားကောင်းစေခြင်းနှင့်ကြွက်သား
များတည်ဆောက်ရန်မရှိမဖြစ်လိုအပ်သောဟိုမုန်းများကိုပိုမိုထွက်ရှိစေရန်များစွာအကူအညီပေးနိုင်
ကြောင်းကိုသိရှိပြီးဖြစ်သည်။သို့ သော်ထိုငါးကြီးဆီသည်သင့်ကိုပိုမိုနုပျိုစေသောအရေပြားကိုပိုမိုစိုပြည်
စေနိုင်ကြောင်းကိုသင်သိပါသလား?ထိုသို့ ဖြစ်ရခြင်းမှာ အိုမီဂါသရီးဖက်တီးအက်ဆစ်တစ်မျိုးဖြစ်သည့်
eicosapentaenoic ခေါ် EPA  ကြောင့်ဖြစ်သည်။EPA သည်အရေပြား၏အစိုဓါတ်ကိုထိန်းထားနိုင်ပြီး
အရေပြားပေါ်တွင်ဝက်ခြံပေါက်ခြင်းနှင့်အရေးကြောင်းများဖြစ်ခြင်းကိုတားဆီးပေးနိုင်သည်။EPA သည်အရေပြား၏အတွက်ဓါတ်တိုးဆန့် ကျင်သတ္တိရှိပြီးရောင်ရမ်းခြင်းကိုကာကွယ်စေနိုင်ကာထိုသို့ ဖြစ်
လာပါကလည်းအလျင်အမြန်ပျောက်ကင်းအောင်အကူအညီပေးနိုင်သောဓါတ်ဖြစ်သည်။ထို့ အပြင်
အိုမီဂါသရီးသည်ကိုယ်ခံအားစနစ်ကိုတိုးတက်စေပြီးနှလုံးကျန်းမာရေးကိုလည်းများစွာအကူအညီပေး
နိုင်သည်။
ကဲမိတ်ဆွေ-သင်လိုချင်တဲ့ကျန်းမာတဲ့ဘ၀ဆိုတာကလည်းဒါမျိုးမဟုတ်ပါလား။ဒါဆိုရင်ဘာ
ကြောင့်မှအချိန်မဆွဲဘဲသင့်နီးစပ်ရာဆေးဆိုင်မှာ fish oil capsule လေးတွေကိုသာပြေးဝယ်လိုက်ပါ။
တစ်လုံးကိုမြန်မာကျပ်ငွေတစ်ရာလောက်သာရှိပါတယ်။


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com



အာနိုးကလပ်စစ်နှစ်ထပ်ကွမ်းချန်ပီယံကိုင်ဂရီန်းရဲ့ အကြံပြုချက်များ

ယနေ့ ခေတ်ကာယဗလလောကတွင်အကောင်းဆုံးကိုယ်ဟန်ပြနိုင်သူ၊ပေါင်ကြွက်သားအကောင်းဆုံး၊နှင့်
ကျောပြင်ကြွက်သားများအင်မတန်လှပပြီးပရိတ်သတ်များကိုအများဆုံးဖမ်းစားနိုင်သူ၊ယခုနှစ်မောင်အိုလံပီယာ
ပြိုင်ပွဲတွင်လည်းချန်ပီယံအဖြစ်အများကထင်ကြေးပေးနေကြသောကာယဗလချန်ပီယံတစ်ဦးမှာနှစ်ထပ်ကွမ်း
အာနိုးကလပ်စစ်ချန်ပီယံ၊နှစ်ထပ်ကွမ်းနယူးယောက်ပရိုချန်ပီယံနှင့်သြစတေးလျဂရင်းပရစ်ပြိုင်ပွဲချန်ပီယံ
ကိုင်ဂရီန်းပင်ဖြစ်သည်။သူသည်အချိန်အနည်းငယ်အတွင်းမှာပင်ကာယဗလစင်မြင့်ထက်ပေါ်တွင်အင်မတန်
ကျော်ကြားလာသောချန်ပီယံဖြစ်သည်။ထိုကဲ့သို့ အောင်မြင်လာခြင်းမှာသူ၏ပြင်းပြသောဆန္ဒ၊စွဲမြဲသောဇွဲလုံ့ 
လတို့ ဖြင့်ကြိုးစားခဲ့ခြင်းကြောင့်ဖြစ်သည်။သူ ၏ခံယူချက်၊အကြံပြုချက်များကိုဗဟုသုတရစေရန်အလိုငှာတင်
ပြလိုက်ပါသည်။ကိုင်ဂရီန်း၏အကြံပြုချက်များကိုဆောင်းပါးပုံစံဖြင့်မဟုတ်ဘဲသူ့ စကားပြောဟန်အတိုင်း
တင်ပြထားပါသည်။ကိုင်ဂရီန်းက---
 Gym သွားတယ်ဆိုတာဘဏ်သွားသလိုပါပဲ။ဘဏ်မှာသင်ကစုဆောင်းမှု ၊ရင်းနှီးမြှုပ်နှံမှုပြုလုပ်သလိုပါပဲ
Gym ထဲမှာသင့်ကြွက်သားတွေအတွက်ရင်းနှီးမြှုပ်နှံတာပါပဲ။ဒါကြောင့် Gymထဲကပြန်ထွက်လာတိုင်းမှာဘဏ်
ထဲကရင်းနှီးမြှုပ်နှံမှုတွေကအကျိုးပြုလာနိုင်သလိုပဲသင့်ကြွက်သားများကိုအကျိုးပြုအောင်သေသေချာချာ
ရင်းနှီးမြှုပ်နှံမှု့ (လေ့ကျင့်ခန်း)ပြုလုပ်ခဲ့ပါ။



----ကျွန်တော်ကတော့ညနေပိုင်းသို့ မဟုတ်ညပိုင်းတွေမှာသာအများဆုံးလေ့ကျင့်လေ့ရှိပါတယ်။ဒါမှသာကျွန်
တော့်ကိုယ်တွင်းမှာပရိုတိန်းတွေ၊ကာဗိုဟိုက်ဒရိတ်တွေနဲ့ အခြားသောအာဟာရတွေကိုအပြည့်ဖြည့်ထားနိုင်ပြီး
လေ့ကျင့်ချိန်မှာအားနှင့်အင်နှင့်လေ့ကျင့်နိုင်တာပါ။
----- Gym ဆိုတာလေ့ကျင့်ခန်းပြုလုပ်ရန်နေရာသက်သက်ပါ။ဒါကြောင့် Gym ထဲမှာစကားပြောခြင်း၊မိတ်ဆွေဖွဲ့ 
ခြင်းနှင့်အကျိုးမဲ့အလုပ်များကိုရှောင်ကြဉ်ပါ။စိတ်ကိုလည်းကြည်ကြည်လင်လင်ထားပါ။သို့ မဟုတ်ပါကသင့်
စိတ်အနှောင့်အယှက်များကိုသင့်ကြွက်သားများကိုအပြည့်အ၀မလှုံဆော်နိုင်ရန်ကန့် လန့် ခံနေမှာပါ။
ကျွန်တော်ကတော့လေ့ကျင့်ပြီဆိုရင်စိတ်ထဲမှာကျွန်တော်တစ်ဦးတည်းမှအပအခြာသောအရာအားလုံးကိုမေ့
ထားလိုက်ပါတယ်။တစ်ခါတစ်လေအဲဒီလိုလုပ်ရတာသိပ်မလွယ်ရင်နားကြပ်နှင့်သီချင်းခပ်မြူးမြူးလေးများကို
နားထောင်နေလိုက်ပါတယ်။

-----လူတွေက Pratice makes perfect ဆိုတဲ့စကားကိုလက်ကိုင်ထားကြတယ်။ကျွန်တော်ကတော့  Perfect practice makes perfect ဆိုပြီးယုံကြည်ပါတယ်။ဟုတ်တယ်လေဗျာသင်လေ့ကျင့်ခန်းတစ်ခုကိုစနစ်တကျမပြု
လုပ်ဘဲဖြစ်သလိုသာလေ့ကျင့်နေမယ်ဆိုရင်အချိန်သာကုန်သွားမယ်သင်ဆန္ဒရှိတဲ့ရလာဒ်တော့ရလာမှာမ
ဟုတ်ပါဘူး။ကာယဗလသမားတစ်ယောက်လေ့ကျင့်တဲ့အကြိမ်အကျော့တိုင်းဟာဘေ့စ်ဘောသမား
တစ်ယောက်ရဲ့ လွဲရိုက်ချက်တစ်ချက်စီလိုတိကျနေရပါမယ်။ဒါကြောင့်စနစ်တကျလေ့ကျင့်နိုင်အောင်အမြဲတမ်း
ကြိုးစားပါ။လေ့လာပါ။

-----ကျွန်တော်အချိန်တိုင်းတွေ့ နေရတဲ့ အမြဲတိုင်းမှားတတ်တဲ့အမှားတစ်ခုကတော့ကစားသမား
အားလုံးလိုလိုဟာအလေးကိုဖြစ်သလိုအတွန်း၊အဆွဲပြုလုပ်နေကြတယ်။တစ်ကယ်တော့အဲဒါဟာကာယဗလ
လေ့ကျင့်တာမဟုတ်ပါဘူး။အလေးကိုသာမနေကြတာပါ။ဘားတို၊ဘားရှည်နှင့်ကေဘယ်ကြိုးတွေကကြွက်
သားတွေကိုကြီးထွားအောင်လှုံဆော်ပေးဖို့ လေ့ကျင့်တဲ့ကိရိယာတွေသာဖြစ်ပါတယ်။အဲဒါတွေထက်ပိုအရေး
ပါတာကလေ့ကျင့်ချိန်မှာကြွက်သားတွေကိုတင်းညှစ်ခြင်း (contraction) ၊နှင့်ဖြေလျော့ချခြင်း (stretch)တို့ ကိုသင်လေ့ကျင့်တဲ့ကြွက်သားအစိတ်အပိုင်းမှာခံစားတတ်ဖို့ပဲဖြစ်ပါတယ်။အဲဒီအချက်က
သင်လေ့ကျင့်စဉ်မှာသင်လေ့ကျင့်တဲ့အလေးပမာဏထက်ပိုမိုပြီးအရေးပါပါတယ်။

-----လေ့ကျင့်ခန်းရေးပရိုဂရမ်တွေကိုအမြဲတမ်းဆန်းစစ်ပြီးဆန်းသစ်နေပါစေ။သင်ဟာလေ့ကျင့်နည်းပရိုဂရမ်
တစ်ခုကိုအချိန်ကြာကြာစွဲစွဲမြဲမြဲပြုလုပ်ပြီးတိုးတက်မှုမတွေ့ ရပါကသင့်လေ့ကျင့်ရေးပရိုဂရမ်ကိုပြောင်းလဲ
သင့်ပြီဆိုတာနည်းလည်လိုက်ပါ။အာဟာရကိုလည်းအပြောင်းအလဲလုပ်ပါ။တစ်ခါတစ်ရံမှာအကြိမ်များများလေ့
ကျင့်ပါ။တစ်ခါတစ်ရံမှာအကြိမ်နည်းနည်းလေ့ကျင့်ပြီးရံဖန်ရံခါဆူပါဆက်၊ထရိုင်ဆက်နှင့်ဂျိုင်းယင့်ဆက်တွေ
ကိုလေ့ကျင့်ပါ။


------လေ့ကျင့်ချိန်မှာအလျင်မလိုပါနဲ့ ။သွေးပူသေချာလုပ်ဖို့ မပျင်းပါနဲ့ ။အဲဒါကသင့်ကိုပြင်းထန်တဲ့ဒဏ်ရာအ
နာတရတွေကအများကြီးကာကွယ်ပေးနိုင်ပါတယ်။အကယ်၍အချိန်သိပ်မရပါကသင့်တင့်သောအကျဉ်းချုပ်က
စားနည်းဖြင့်လေ့ကျင့်ပါ။အချိန်ပြန်ရလာပြီဆိုပါကပရိုဂရမ်ကိုချက်ချင်းပြန်ပြောင်းပြီးလေ့ကျင့်ပါ။


-----သင့်ကြွက်သားများ၏တုံ့ ပြန်မှု့ ကိုဂရုတစိုက်နားဆင်ပါ။ကာယဗလသမားတစ်ယောက်အနေနှင့်သင်
တန်းခန်းမထဲမ၀င်ခင်အလျင်မိမိကိုယ်ကိုပြန်ဆန်းစစ်ရမည်မှာ-မိမိရဲ့ ကိုယ်တွင်းမှာအင်းအားအပြည့်ရှိရဲ့ လား။ကြွက်
သားများရောပြန်လည်အားပြည့်ရဲ့ လား။အချို့ အချိန်တွေမှာသင့်လေ့ကျင့်သည့်အလေးကိုအနည်း
ငယ်လျော့ပြီးလေ့ကျင့်ရမည်လား၊အချို့ အချိန်တွေမှာအလေးတိုးတိုးပြီးအချို့ အချိန်တွေမှာတစ်ကျော့နှစ်ေ
ကျာ့ပိုကစားရမည်လားသိလိုပါကမျက်လုံးကိုမှိတ်လိုက်ပါ။ပြီးလျင်သင့်ကြွက်သားများကိုမေးကြည့်လိုက်ပါ။
သူတို့ ကအကောင်းဆုံးအဖြေပေးပါလိမ့်မည်။အဲဒီအတိုင်းလိုက်လုပ်လိုက်ပါ။ထူးခြားတဲ့ရလာဒ်တွေကိုသင်မြင်
ရမှာပါ။ပုံအလန်းလေးတွေနဲ့ တင်ပြထားတဲ့ဒီဆောင်းပါးလေးကိုအားလုံးနှစ်ခြိုက်မည်ဟုမျှော်လင့်ပါသည်။
       




Friday, March 14, 2014

Bollywood Star နှင့် Fitness

အထက်ပါပုံကတော့အိန္ဒိယမှကမ္ဘာကျော်ရုပ်ရှင်မင်းသားရီသစ်ရိုရှန် (Hrithik Roshan)၊ဖြစ်ပြီး၊သူ
သည် 1999-ခုနှစ်လောက်ကစပြီးဘောလီးဝုဒ်ရုပ်ရှင်နယ်ပယ်တွင်ဟုန်းဟုန်းတောက်ကျော်ကြားလာ
ပြီး၊ကမ္ဘာတစ်လွှားရှိအိန္ဒိရုပ်ရှင်ပရိတ်သတ်များ၏အသည်းစွဲဖြစ်ခဲ့သည်။အောင်မြင်လာသည်နှင့်အမျှ
နေထိုင်စားသောက်မှုဘ၀ပုံစံ Life style သည်လည်းပြောင်းလဲလာခဲ့လေသည်။အရသာရှိပြီး၊
အာဟာရရှုထောင့်မှကြည့်ပါကပြည့်စုံမှုမရှိသောာအဟာရများကိုမှီဝဲလာသည့်အပြင်၊အက်ရှင်ဇာတ်
ကားများအတွက်စတန့် အခန်းများရိုက်ကူးခြင်းကြောင့်ကျောရိုးနှင့်ခါးအောက်ပိုင်းတွင်ဒဏ်ရာပြင်း
ထန်စွာရရှိပြီးနောက်အိပ်ရာထဲတွင်လပေါင်းများစွာလှဲလျောင်းနေခဲ့ရသည်။ထိုအချိန်တွင်ချစ်ခင်သူ
မိတ်သင်္ဂဟများကလည်းလူမမာဖြစ်သောသူ့ အတွက်ကိုချောကလက်များကွတ်ကီးများကိုသာလက်
ဆောင်အဖြစ်ပေးပို့ နေသည့်အတွက်ထိုအာဟာရများကိုသာမှီဝဲရင်းသူ့ ခါးမှာ36.5လက်မအထိဖြစ်
သွားခဲ့သည်။သွေးတိုးခြင်း၊သွေးပေါင်ကျခြင်းစသည့်နှစ်မျိုးကိုတစ်ပြိုင်နက်တည်းခံစားနေရသည်။ဥပမာ
ပထမတစ်ရက်တွင်သွေးတိုးနေသော်လည်းနောက်တစ်ရက်တွင်သွေးပေါင်ကျနေပြန်သည်။
ထို့ အပြင်သူ၏ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်သည့် Krrish -2 ကိုရိုက်ရန်အတွက်သူ့ ခမျာ၊
အ၀တ်အစားများမတော်သည့်အပြင်၊သူကိုယ်တိုင်းလည်းမိမိကိုယ်ကိုမိမိယုံကြည်စိတ်လျော့နည်း
လာပြီးသူသည်ထိုဇာတ်ရုပ်အတွက်မထိုက်တန်သလိုခံစားလာရသည်။ထို့ အပြင်သူသည်တစ်နေ့ 
ကိုဆေးလိပ်သုံးဘူးမျှသောက်တတ်သည့်အကျင့်ဆိုးလည်းစွဲကပ်နေသည်။ထို့ ကြောင့်ရီသစ်သည်သူ
၏စိတ်ပျက်စရာအခြေအနေကိုပြုပြင်ပြောင်းလဲရန်ဆုံးဖြတ်ချက်ချပြီး၊ကိုယ်ခန္ဓာကိုပြောင်းလဲလိုသူ
များ၏ထုံစံအတိုင်းအင်တာနက်ပေါ်တွင်ဟိုရှာသည်ရှာလုပ်ကာဟိုလူ့ ဆရာတင်၊သည်လူ့ အဘ
ခေါ်လုပ်လေတော့သည်။ကံကောင်းထောက်မစွာပင်ထိုအချိန် 25-9-2011 တွင်အိန္ဒိယတွင်အာရှ
ပထမဆုံးပရော်ဖက်ရှင်နယ်ကာယဗလပြိုင်ပွဲဖြစ်သည့် Sheru Classic ကိုကျင်းပနေသည့်အတွက်
အိန္ဒိယသို့ ကမ္ဘာတစ်လွှားမှကာယဗလမောင်များ၊နည်းပြများနှင့်မီဒီယာများလည်းရောက်လာကြသည်။
ထိုအထဲတွင်နည်းပြ၊ကာယဗလမောင်၊ဆောင်းပါးရှင် Kris Gethin လည်းပါဝင်သည်။ရီသစ်သည် Kris Gethin ၏ကောင်းသတင်းများကိုကြားဖူးထားပြီး၊ Kris Gethin ရေးသားထားသောစာအုပ်ကိုလည်း
အလွန်နှစ်ခြိုက်ကာလေးစားသဘောကျနေသူဖြစ်သည်။ရီသစ်သည်အိန္ဒိယသားဖြစ်သည့်အားလျော်
စွာအယူအစွဲလည်းအနည်းငယ်ရှိ၏။သူရိုက်မည့်ဇာတ်ကားသည် Krrish ဖြစ်ပြီး Gethin နာမည်သည်
လည်း Kris ဟူ၍အစပြုသောကြောင့်သူ့ ကိုဘုရားသခင်ကကူညီရန်လမ်းစဖွင့်ပေးခြင်းဟုယုံကြည်ကာ
Kris ထံဆက်သွယ်လေတော့သည်။
ထို့ အပြင် Kris Gethin ကိုသူပိုလေးစားသည့်အချက်မှာရီသစ်ဘယ်သူဖြစ်သည်ကိုလုံးဝမသိခြင်းနှင့်
နောက်ပိုင်းတွင်ရီသစ်သည်ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဖြစ်သည်ကိုသိသွားသော်လည်းလုံးဝဂရု
မစိုက်သည့်အပြင်သူ့ ကိုသာမန်တပည့်တစ်ဦးအတိုင်းအသေအချာချိတ်ဆက်ပြီးမှ Kris Gethin သည်
မွန်ဘိုင်းသို့ ရောက်လာလေတော့သည်။ဤသို့ ဤနှယ်ပေါင်းစည်းမိပြီးနောက်တွင်တော့အချိန်အနည်း
ငယ်(ရက်သတ္တပါတ်ပေါင်း-10ပါတ်)အတွင်းရီသစ်၏ဗိုက်သည်ခြောက်လက်မကျအောင်ချနိုင်ခဲ့လေ
သည်။ထို့ နောက်ရီသစ်နှင့်အင်တာဗျူးလေးကိုဗဟုသုတရအောင်တင်ပြပေးလိုက်ပါသည်။
     မေး။        ။ Kris Gethin နှင့်စတွေ့ တွေ့ ချင်းခင်ဗျားကဘာလိုချင်တယ်ဆိုတာ(ဥပမာ၊အဆီချချင်
        တာ၊ကြွက်သားကြီးထွားချင်တာစသည်ဖြင့်)ကိုအတိအကျပြောလိုက်သလား။
ရီသစ်။        ။ဟုတ်ပါတယ်။ကျွန်တော် Kris Gethin ကိုသေသေချာချာပြောလိုက်တာကတော့
        ကျွန်တော့် life style ကိုပြောင်းချင်တယ်ဆိုတာပါပဲ။ကျွန်တော်မနက်အိပ်ရာကထရင်
        အားပြည့်ကျန်းမာလန်းဆန်းနေချင်တယ်။အဲဒီလိုဖြစ်အောင်စိတ်သွားတိုင်းကိုယ်ပါချင်
        တယ်ဆိုတာကျွန်တော်သူ့ ကိုအသေအချာပြောလိုက်ပါတယ်။
မေး။        ။ခင်ဗျားရဲ့ ဇာတ်ကားတွေမှာခင်ဗျားကစတန့် တွေအများကြီးလုပ်တာတွေ့ ရပါတယ်။
        ခင်ဗျားတို့ ဘယ်လိုလေ့ကျင့်ခန်းမျိုးတွေကိုအဓိကဦးစားပေးလေ့ကျင့်ပါသလဲ။
ရီသစ်။        ။ကျွန်တော့်ရဲ့ အဓိကရည်ရွယ်ချက်ကတော့အားကစားသမားပုံစံလိုချင်တဲ့အတွက်၊
        ကာယဗလလေ့ကျင့်ခန်းများ၊ CrossFit လေ့ကျင့်ခန်းများနှင့်၊ကာဒီရိုများများလုပ်ပါ
        တယ်။
မေး။        ။အရင်ကခင်ဗျားလုပ်ခဲ့ဖူးတဲ့စတန့် ဒဏ်တွေကြောင့်ခင်ဗျားရဲ့ ဒူးနှင့်၊ခါးတွေကဒီလိုလေ့
        ကျင့်ခန်းတွေလုပ်ချိန်မှာအနှောက်အယှက်မပေးဘူးလားဗျ။
ရီသစ်။        ။ပေးတာပေါ့ဗျ။ဒါပေမဲ့ကျွန်တော်အဲဒါကိုတစ်ဆင့်ချင်းစီကုစားနိုင်ခဲ့ပါပြီ။ကျွန်တော်တို့ 
        ကသုံးလလောက်အချိန်ယူပြီးပြောင်းလဲဖို့ လျာထားပေမဲ့ကျွန်တော်တို့ ဆယ်ပါတ်(နှစ်
        လခွဲလောက်)နှင့်ပြောင်းလဲနိုင်ခဲ့တဲ့အတွက်ဒီလောက်အချိန်တိုတိုနှင့်ထူခြားတဲ့ရလာဒ်
        ကိုပိုင်ဆိုင်နိုင်ခဲ့ခြင်းကကျွန်တော့်ကိုအံ့သြစေခဲ့ပါတယ်။ကျွန်တော်တစ်ကယ်ကိုပဲလူ့ ခ
        န္ဓာကိုယ်ရဲ့ လက်ခံနိုင်စွမ်း၊ပြောင်းလဲနိုင်စွမ်းကိုအံ့သြမိပါတယ်။အခုတော့ကျွန်တော်က
        အာဟာရကိုပုံမှန်စားသောက်တတ်သွားပါပြီ။အရသာတစ်ခုတည်းကိုပဲအာရုံမစိုက်ဘဲ
        အာဟာရတန်ဖိုးကိုပါဆင်ခြင်တတ်သွားပါပြီ။အခုကျွန်တော့်မှာလူတိုင်းကိုကျန်းမာစေ
        ဖို့ အတွက်တစ်ကယ်တမ်းပြောင်းလဲနိုင်တယ်ဆိုတာကိုအာသာပြင်းပြင်းပြောလိုစိတ်ပဲ
        ရှိပါတယ်။အဓိကကတော့လူတွေအသိပညာတွေရှိဖို့ လိုအပ်တာပါ။တစ်ကယ်တမ်း
                   ပြောင်းလဲနိုင်ဖို့ အတွက်ဖြစ်နိုင်ပါတယ်။မယုံရင်ကျွန်တော့်ကိုကြည့်လေ။ကျွန်တော်
        ကခင်ဗျားတို့ အတွက်သက်ရှိဥပမာပဲ။
မေး။        ။အခုလိုအာဟာရကိုစနစ်တကျစားသောက်တော့ရောအရင်ကခင်ဗျားစားခဲ့တဲ့အာဟာ
        ရတွေရဲ့ အရသာတွေကိုပိုပြီးမတမ်းတမိဘူးလား။အခုစားနေတာတွေကိုခံတွင်းမတွေ့ 
        တာတွေဘာတွေမဖြစ်ဘူးလား။
ရီသစ်။        ။လူတွေကအဲဒီလိုထင်ရင်တော့ဝမ်းနည်းဖို့ ကောင်းပါတယ်။ကျွန်တော်လည်းလွန်ခဲ့တဲ့
        12-ပါတ်အရင်ကအဲဒီလိုထင်ခဲ့ဖူးပါတယ်။ဒါပေမဲအခုတော့လုံးဝဆန့် ကျင်ဖက်ဖြစ်
        သွားပါပြီ။အခုကျွန်တော်ဆူပါမားကတ်တွေကိုဖြတ်သွားတိုင်းမှာ၊လူတွေကိုသတိထား
        ကြည့်မိလာပါပြီ။သူတို့ ဘယ်လိုအစားအစာတွေကိုဝယ်ယူနေသလဲ။ကျန်းမာရေးအ
                   တွက်အကျိုးပြုမပြုကိုကြည့်တတ်လာပါပြီ။
             
မေး။        ။kris ကခင်ဗျားအတွက်ပေးတဲ့အာဟာရပုံစံနမူနာကိုပြောပြနိုင်မလား။ဥပမာ၊သမားရိုး
                    ကျသုံးနပ်ပဲလား။ဒါမှမဟုတ်ဘယ်လိုလဲ။
ရီသစ်။        ။ကျွန်တော့်ခန္ဓာကိုယ်ပြောင်းလဲလာသည်နှင့်အမျှကျွန်တော်တို့ အာဟာရပုံစံအမျိုးမျိုး
        ကိုပြောင်းလဲအသုံးပြုပေမဲ့ယေဘူယျအားဖြင့်အသား 100-ဂရမ်၊အမျှင်များသောကာ
        ဗိုဟိုက်ဒရိတ်များ၊ကိုအဓိကထားပြီးစားသုံးပါတယ်။အခုတော့ကျွန်တော် diet လုပ်တဲ့
        ကာလပြီးသွားပါပြီ။အခုဘာမဆိုစားလို့ ရနိုင်ပေမဲ့ကျွန်တော်ကပရိုတိန်းရှိတ်တွေ၊ဌက်
        ပျောသီး၊ဒိန်ချဉ်စတာတွေကိုရွေးချယ်ပြီးစားသုံးနေပါပြီ။ပြောရရင်တော့အရှည်ကြီးပေါ့
        ဗျာ။အခုဆိုရင်တစ်ခါစားရင်ကြက်ဥအကာခုနှစ်လုံး၊အနှစ်နှစ်လုံးစသည်ဖြင့်ပေါ့ဗျာ။
        အခုဆိုရင်ကျွန်တော့်ခန္ဓာကိုယ်လိုအပ်ချက်ကိုမူတည်ပြီးအာဟာရကိုကျွန်တော်စား
        သုံးတတ်သွားပါပြီ။
မေး။        ။ခင်ဗျားအတိုင်းအတာမှတ်ထားလား။ဘယ်လောက်တောင်ကျသွားသလဲဆိုတာပေါ့။
ရီသစ်။        ။Kris Gethin နှင့်လေ့ကျင့်သောဆယ်ပါတ်အတွင်းမှာကိုယ်အလေးချိန် 10-ကီလို
        (22-ပေါင်)ကျသွားပါတယ်။ဗိုက်ကတော့ 6.5လက်မကျသွားပါတယ်။လူတွေကကျွန်
        တော့်ဓါတ်ပုံကိုကြည့်ပြီးကျွန်တော့်ကိုပိုပြီးကြီးလာတယ်လို့ ပြောပါတယ်။
မေး။        ။ခင်ဗျားဖြည့်စွက်အာဟာရတွေကိုသုံးပါသလား။
ရီသစ်။        ။ကျွန်တော့်တာဝန်က Kris Gethin ပြောသမျှကိုတစ်သွေမတိမ်းလိုက်လုပ်ပြီး၊ရလာဒ်
        ကိုထိုင်စောင့်ကြည့်ယုံပါပဲ။အဓိကကတော့ပရိုတိန်းပေါင်ဒါများများ၊ဂလူတမင်းနှင့်
        ဗိုက်တာမင်မျိုးစုံပါပဲ။
မေး။        ။အခုနေ Kris Gethin မရှိတော့ရင်ရောဗျ။
ရီသစ်။        ။ရပါပြီ။ဒါပေမဲ့အခုကျွန်တော် Kris Gethin ကိုလက်မလွှတ်သေးဘူးဗျ။သူ့ ကိုနောက်
                   ထပ် 10-ပါတ်လောက်ထပ်ဆွဲထားရဦးမယ်။ဒီတစ်ခါကတော့ကြွက်သားထုတက်အောင်
        ထပ်လုပ်ဖို့ ပဲ။ကျွန်တော်သည်ကိုယ်ပိုင်အာဟာပရိုဂရမ်ကိုရေးဆွဲတတ်နိုင်သွားစေဦး
        တော့ကျွန်တော့်အတွက်တော့ Kris Gethin ကထာဝရဆရာပါပဲလေ။
မေး။        ။အခုနေလူတွေကသူတို့ ခန္ဓာကိုယ်ကိုမပြောင်းလဲနိုင်ဘူးလို့ ဆိုနေသူတွေကိုခင်ဗျားက
        ဘယ်လိုများတိုက်တွန်းအကြံပေးချင်ပါသလဲဗျ။
ရီသစ်။        ။လူတွေအဲဒီလိုပြောနေကြတာတဲ့အဓိကအကြောင်းအရင်းကအသိပညာနည်းပါးလို့ ပါ
        ပဲ။နောက်ပြီးတော့သူတို့ အတွက်စံနမူနာမရှိလို့ ပါ။နောက်ပြီးသူတို့ မြင်နေရတဲ့ဓါတ်ပုံ
        ထဲကလူတွေကသူတို့ နဲ့အဆက်အစပ်မရှိလို့ ပါပဲ။အခုကျွန်တော့်မှာပါဝါတွေရှိနေပါပြီ။
        ကျွန်တော်နဲ့ သူတို့ ကအခြားလူများထက်ပိုပြီးနီးစပ်ပါတယ်။ဒါကြောင့်အခုကစပြီးကျွန်
        တော်ကသူတို့ ကိုအသိပညာတွေဖြန့် ဝေပေးပါမယ်။အားပေးမယ်။ကျွန်တော့်ကိုချစ်တဲ့
        သူတို့ တွေဟာကျွန်တော်ဘာပြောပြောနားထောင်မှာပါ။အခုအချိန်ကစပြီးကျွန်တော်
        တို့ ဟာဘာတွေဖြစ်နိုင်တယ်။ဘာတွေပြောင်းလဲနိုင်တယ်။ဘယ်အဆိုးတွေကိုဘယ်
        လောက်အထိအကောင်းတွေပြောင်းနိုင်မလဲဆိုတာကိုသိရှိအောင်လုပ်ပြီးကြိုးစားရမှာ
        ဖြစ်ပါတယ်။အနည်းဆုံးတော့ကျွန်တော့်တိုင်းပြည်ကိုကျန်းမာစေရန်ကူညီပေးနိုင်ပါ
                   လိမ့်မယ်။လူတွေကိုကျန်းမာရေးဗဟုသုတရှိစေဖို့ ကျွန်တော့်မှာတာဝန်ရှိတယ်လို့ 
        ခံယူမိတဲ့အတွက်တာဝန်တစ်ရပ်အနေနှင့်ကြိုးစားပါ့မယ်။
ရီသစ်ရိုရှန်းရဲ့ လေ့ကျင့်နည်းနမူနာကိုတင်ပြပေးလိုက်ပါတယ်။
Day 1: Chest, Back and Calves
·     
Dumbbell Bench Press
3 warm up sets of 6-10 reps
2 working sets of 6-10 reps
·     
Incline Dumbbell Flyes
2 sets of 8-10 reps
·     
Underhand Cable Pulldowns
1 warm up set of 8-10 reps
3 working sets of 8-10 reps
·     
Bent Over Barbell Row
1 warm up set of 8-10 reps
3 working sets of 10-12 reps
·     
Hyperextensions (Back Extensions)
1 warm up set of 10-12 reps
2 working sets of 10-12 reps
·     
Seated Calf Raise
3 sets of 20 reps
·     
Standing Calf Raises
3 sets of 18-20 reps
Day 2: Legs
·     
Leg Press
4-5 warm up sets of 10-12 reps
3 working sets of 10-12 reps
·     
Seated Leg Tucks
2 warm up sets of 15 reps
3 working sets of 12-15 reps
·     
Lying Leg Curls
2 warm up sets of 15 reps
3 working sets of 12-15 reps
·     
Leg Extensions
2 warm up sets of 15-20 reps
2 working sets of 15-20 reps
·     
Hack Squat
2 warm up sets of 15-20 reps
3 working sets of 20-30 reps
Day 3: Rest
Day 4: Shoulders, Abs and Calves
·     
Seated Barbell Military Press
2 warm up sets of 6-8 reps
3 working sets of 6-8 reps
·     
Side Lateral Raise
1 warm up set of 12-15 reps
3 working sets of 12-15 reps
·     
Upright Barbell Row
3 sets of 7 reps
·     
Reverse Flyes
7 sets of 12-15 reps
·     
Weighted Sit-Ups
3 sets of 15-20 reps
·     
Seated Calf Raise
3 sets of 20 reps
·     
Standing Calf Raises
3 sets of 18-20 reps
Day 5: Arms
·     
Straight-Arm Dumbbell Pullover
2 sets of 10-12 reps
·     
Cable Rope Overhead Triceps Extension
3 sets of 10-12 reps
·     
Cable Lying Triceps Extension
3 sets of 10-12 reps
·     
Standing Dumbbell Triceps Extension
3 sets of 10-12 reps
·     
Straight-Arm Pulldown
7 sets of 10-15 reps
·     
Concentration Curls

2 warm up sets of 12-15 reps
3 working sets of 12-15 reps
·     
Dumbbell Alternate Bicep Curl
2 warm up sets of 12-15 reps
3 working sets of 12-15 reps
·     
Standing Biceps Cable Curl
3 sets of 15-20 reps
        ဤဆောင်းပါးသည် motivational ဖြစ်သလို educational လည်းဖြစ်ပါသည်။ကျွန်
တော်သည်မူရင်းဆောင်းပါးကိုအတိအကျပြန်ဆိုခြင်းမဟုတ်ဘဲ၊သင့်လျော်သလိုလိုတိုး၊ပိုလျော့လုပ်
ကာဆီလျော်သလိုပြန်ဆိုထားခြင်းဖြစ်ပါသည်။မည်သို့ ပင်ဆိုစေကာမူဤဆောင်းပါးကိုဖတ်သူတိုင်း
သည်မိမိတို့ ၏ခန္ဓာကိုယ်ကိုပြောင်းလဲနိုင်သည်ကိုသိမြင်ပြီး၊အာဟာရကိုစနစ်တကျရွေးချယ်စား
သောက်တတ်မည်ဆိုပါကကျန်းမာပျော်ရွင်သောဘ၀သက်တမ်းကိုပိုင်ဆိုင်နိုင်မည်ဖြစ်သည်။


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com




Saturday, March 8, 2014

ကာယဗလသမားများနှင့်အအိပ်

 လူအတော်များများသည်ကာယဗလကိုစနစ်တကျတစိုက်မတ်မတ်လေ့ကျင့်ပါ၏။သင့်တင့်မျှတသောအာ
ဟာရများကိုလည်းမှီဝဲပါ၏။သို့ သော်လည်းကောင်း၏ကြွက်သားများမှာထင်သလောက်ကြီးထွား
လာခြင်းမရှိသည်မှာအဘယ်ကြောင့်နည်း။ပုံမှန်ကစားသော်လည်းအလေးများတိုးမလာသည်မှာ
အဘယ်ကြောင့်နည်း။အဖြေကရှင်းပါသည်အရေးကြီးသောအခြေခံအချက်
ဖြစ်သည့်အနားယူခြင်း(အအိပ်)ကိုလျစ်လျူရှုထားသောကြောင့်ဖြစ်သည်။မြန်မာကာယဗလသမားများနှင့်အား
ကစားသမားအများစုကပြောလေ့ရှိသည်မှာ စားတော့အသား၊အိပ်တော့အား
မှန်ပါသည်။ကာယဗလသမားများအတွက်အအိပ်၏အရေးပါပုံကိုသိပံ္ပရှုထောင့်မှတင်ပြပေး
လိုက်ပါသည်။ပထမဦးစွာအအိပ်မမှန်လျင်ရနိုင်သောဆိုးကျိုးများကိုတင်ပြပေးပါမည်။
(1)။        ။အာရုံစူးစိုက်မှုများလျော့ကျသွားမည်။
                    အိပ်ရေးမ၀ခြင်း၏ပထမဆုံးသောပြသနာမှာသင့်စိတ်ပိုင်းဆိုင်ရာကိုများစွာထိခိုက်စေ
        နိုင်ပါသည်။လေ့လာတွေ့ ရှိချက်များအရအိပ်ရေးပျက်လေ့ရှိသူများသည်အများ
အားဖြင့်အဆိုးမြင်တတ်ကြပြီးခက်ခဲသောအလုပ်တာဝန်များကိုထမ်းဆောင်နိုင်စွမ်းမရှိတတ်ကြပေ။ကြွက်သား
များကြီးထွားဖို့ အတွက်သင်တန်းတွင်အားသွန်ခွန်စိုက်လေ့ကျင့်နိုင်ရန်သင့်စိတ်
အစဉ်သည်အမြဲတက်ကြွနေစေရန်လိုအပ်ပေသည်။သို့ မဟုတ်ပါကသင်အတွက်ကြွက်သားထု
တင်ရေးသည်အိပ်မက်ပမာဖြစ်နေပေလိမ့်မည်။
(2)။        ။ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်မှု့ များလည်းကျဆင်းသွားပေလိမ့်မည်။
အိပ်ရေးပျက်ခြင်းသည်စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်သာမက၊ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်များကိုလည်း
များစွာထိခိုက်နိုင်သည်။အိပ်ရေးမ၀လျင်သင့်ခွန်အားလည်းယုတ်လျော့သွားပေ
မည်။သင်ပုံမှန်လေ့ကျင့်နေသောအလေးကိုအကြိမ်လျော့ကစားလျင်တောင်နိုင်တော့မည်မ
ဟုတ်ပေ။ကြွက်သားများကြီးထွားဖို့ ဆိုလျင်အလေးသို့ မဟုတ်အကြိမ်၊အကျော့ကိုတိုးကစား
ရသော (progressive overload) သဘောတရားဖြင့်လေ့ကျင့်ရပေမည်။ထိုသို့ လေ့ကျင့်ရန်
သင့်အင်အားပမာဏမှာအမြဲတမ်းတိုးတက်နေစေရမည်ဖြစ်သည်။အိပ်ရေးပျက်နေပြီးအလေး
များများဖြင့်ကစားရန်ကြိုးစားခြင်းမှာမောင်ခါချဉ်မာန်ကြီးနေခြင်းသာဖြစ်သည်။
(3)။        ။ကြွက်သားများပြန်လည်အားပြည့်မည်မဟုတ်။

သင်လေ့ကျင့်နေစဉ်မှာကြွက်သားများကြီးထွားသည်မဟုတ်ဘဲကောင်းမွန်လုံလောက်စွာအနားယူမှသာကြီး
ထွားမည်ကိုကျွန်တော့်ဆောင်းပါး၊စာအုပ်များကိုဖတ်သူကျွန်တော့်ပရိတ်သတ်
တိုင်းသိရှိလောက်ပြီဟုယူဆပါသည်။သင့်ကြွက်သားများသာမက၊ဗဟိုပင်မအာရုံကြောအဖွဲ့ 
အစည်း၊ကိုယ်ခံအားစနစ်နှင့်အဆစ်များသည်လည်းလုံလောက်ကောင်းမွန်သောအနားယူခြင်း
(အအိပ်)ကိုလိုအပ်သည်ကိုသင်မမေ့ပါနှင့်။
(4)။        ။ဟိုမုန်းထွက်ရှိမှု့ မျာ်းပြောင်းလဲသွားနိုင်သည်။

အိပ်ရေးမ၀ခြင်းကသင့်ကိုယ်တွင်းတွင်ကြွက်သားများတည်ဆောက်ခြင်း၊အဆီများကိုလျော့ကျစေခြင်းစသည်
များနှင့်အခြားသောနေ့ စဉ်လုပ်ငန်းဆောင်တာများကိုဖြစ်ပျက်ပြောင်းလဲစေ
သောဟိုမုန်းဓာတ်များကိုထွက်ရှိမှု့ ကိုပြောင်းလဲသွားစေသည်။
1။        ။ကောတီဆောလ်
အိပ်ရေးပျက်ခြင်းကအဆီများဖြစ်တည်မှု ကိုအားပေးသော၊သင့်ကြွက်သားမျှင်များကိုအင်အား
အဖြစ်အလဟသလောင်ကျွမ်းပျက်စီးစေသောထိုဓါတ်များကိုသင့်ကိုယ်တွင်းတွင်တိုးပွားလာ
စေသည်။ထို့ ကြောင့်အိပ်ရေးအမြဲပျက်သူအများစုသည်ဝနေလေ့ရှိကြသည်။
2။        ။တက်စတိုစတီရုန်း
ထိုဟိုမုန်းသည်ကြွက်သားတည်ဆောက်ရာတွင်အရေးအပါဆုံးသောဟိုမုန်းဖြစ်သည်။သင့်
ကိုယ်တွင်းတွင်ထိုဟိုမုန်းဓါတ်များလေလေကြွက်သားထုအတက်မြန်လေလေဖြစ်သည်။အိပ်
ရေးပျက်ခြင်းသည်ထိုဓါတ်များထုတ်လွှတ်မှု့ အနည်းဆုံးဖြစ်စေသည်။

3။        ။ကြီးထွားဟိုမုန်း
ထိုဟိုမုန်းသည်လည်းအိပ်ရေးပျက်ပါကသိသိသာသာလျော့ကျသောကြောင့်သင်ကြီးထွားလိုပါကအိပ်ရေး၀၀
အိပ်ရန်အထူးအရေးကြီးပါသည်။

4။        ။အင်ဆူလင်
ထိုဟိုမုန်းသည်သင့်ကြွက်သားဆဲလ်များထဲသို့ သင်စားသုံးလိုက်သောအာဟာရများကိုပို့ 
ဆောင်ပေးလိုက်သောဓါတ်ဖြစ်သည်။အိပ်ရေးပျက်ခြင်းသည်ထိုဓါတ်ကိုသင့်ကိုယ်တွင်းတွင်
များပြားစွာထုတ်လွတ်မှု့ ကိုအားပေးသည်။ထိုဓါတ်သည်အသွားနှစ်ဖက်ပါသောဓါးပမာဖြစ်
သည်။မရှိလျင်လည်းမကောင်း၊များလွန်းပါကလည်းဘေးဖြစ်စေနိုင်သည်။ထိုဟိုမုန်းများလာ
ပါသင့်ကိုယ်တွင်းတွင်အဆီသိုလှောင်မှု့ ကိုများပြားစေပြီး၊ဆီးချိုရောဂါနှင့်နှလုံးရောဂါများကို
ဖြစ်စေသည်။
ထိုကြောင့်လူတိုင်းသည်အိပ်ရေးကိုတစ်နေ့ လျင်ပျမ်းမျှခြင်းရှစ်နာရီလောက်အိပ်သင့်ပါသည်။
သို့ သော်အားကစားသမားများနှင့်ဝန်ပြင်းကာယအလုပ်သမားများသည်ထို့ ထက်ပိုအိပ်နိုင်ပါ
ကပိုသင့်လျော်ပေသည်။သို့ မှသာသင့်နေ့ စဉ်လုပ်ငန်းဆောင်တာဟူသမျှကိုလည်းစွမ်းရည်အ
ပြည့်ဖြင့်စိတ်ရောကိုယ်ပါစွမ်းဆောင်နိုင်မည်ဖြစ်သည်။

အိပ်ရေး၀၀အိပ်ခြင်းဖြင့်-
-သင့်ကိုယ်ရောစိတ်ပါအားအင်ပြည့်ဖြိုးစေသည်။
-ခွန်အားတိုးတက်စေသည်။
-ကြွက်သားများကိုအလျင်အမြန်အားပြန်ပြည့်စေသည်။
-ကောတီဆောလ်ပမာဏကိုလျော့ကျစေသည်။
-တက်စတိုစတီရုန်းပမာဏကိုတိုးတက်စေသည်။
-အင်ဆူလင်ပမာဏကိုပိုမို၍လျော့ကျစေသည်။

ထို့ ကြောင့်လူသားတိုင်းအပူအပင်ကင်းစွာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ပြီးဘ၀အမောတွေပြေ
ပါစေဟုဆုတောင်းလိုက်ပါသည်။


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com