ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများ ပရိုတင်း နှင်. ဗီဒမင် စီပါဝင်မှုပြည်.၀စွာရရှိစေနိုင်ရန်အတွက်ယင်းတို.ပါဝင်သောစားစရာအတွဲဖြစ်သည်. ဂျင်းပါသောဆော်လမွန်ငါးကင် နှင်.လိမော်သီး အကြောင်းကိုရေးသားဖော်ပြလိုက်ပါသည်။ ဆော်လမွန်ငါးတွင် အိုမီဂါ ၃ ဖတ်တီးအက်ဆစ်ပါဝင်ပြီး ပရိုတင်းပြည်.၀သောအသားတစ်မျိုးဖြစ်သည်။ ထို.အပြင် လိမော်သီးတစ်လုံး (၁၈၄ ဂရမ် ရှိသော)တွင်ပါဝင်နေသော ဗီဒမင် စီ ပမာဏမှာ ၉၇.၉ မီလီဂရမ် ပါရှိပါသည်။
ဂျင်းပါသောဆော်လမွန်ငါးကင်ပြုလုပ်ရာတွင်လိုအပ်သည်များမှာ-
ပါဝင်သောအမည်များ Ingredients:
ကြာညို. အချို စတီးဇွန်း (၁)ဇွန်း
သံလွင်ဆီ စတီးဇွန်း (၁/၄)ဇွန်း
သကြားညို စတီးဇွန်း (၁)ဇွန်း
ဂျင်းအနေတော်(၁)တက်
ကြက်သွန်ဖြူ (၂) မွှာ
ဆော်လမွန်ငါး (၃)ပေါင်ခန်.
နံနံပင် အနည်းငယ် တို.ဖြစ်သည်။
ကင်နည်း Direction:
ဆော်လမွန်ငါးအသားပြားကို သံလွင်ဆီသုတ်လိမ်းပြီးကင်ပါမည်။ အထက်အောက်အပူမျှအောင်၂၀ မိနစ်ခန်.ကင်လိုက်ပြီးပါက ကြာညို. အချို၊ သကြားညို၊ဂျင်း၊ကြက်သွန်ဖြူတို.ထည်. လိုက်ပါပြီးနံနံပင်အုပ်လိုက်ပါကအရသာရှိသော (ဂျင်း)ဆော်လမွန်ငါးကင် ရပါမည်။ ဆော်လမွန်ငါးကင်(၁၀၀ ဂရမ်)တွင် ပါဝင်နေသည်များမှာ
ပရိုတင်း ၁၈.၃ ဂရမ်
အဆီ ၄.၃ ဂရမ်
ဆိုဒီယမ် ၇၈၄ မီလီဂရမ်
ကယ်လိုရီ ၁၁၇ တို.ပါဝင်ပါသည်။
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများလေ.ကျင်.ခန်းပြုလုပ်ပြီး နောက် ကယ်လိုရီပမာဏပါဝင်သော အစာအစာများ ကိုတွက်ချက်စားသောက်နိုင်ရန်အတွက် ဂျင်းဆော်လမွန်ငါးကင် နှင်.လိမော်သီး အစားအစာကိုဖော်ပြလိုက်ပါသည်။
Ref Health guide report and Cook book
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-
စိုင်းသီဟကျော်စန်း
email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan

No comments:
Post a Comment