2000 ခုနှစ် Jr.USA တွင်ပထမနှင့် Overall champion ဖြစ်ကာ Pro card ရရှိကာ
2003 ခုနှစ်တွင် Night of Champions (ချန်ပီယံများ၏မဟူရာည)တွင်ချန်ပီယံဖြစ်လာပြီး၊
၈-ထပ်ကွမ်းမောင်အိုလံပီယာရွန်နီကိုးလ်မင်းကအနာဂတ်၏မောင်အိုလံပီယာဟုတင်စားခြင်း
ခံခဲ့ရသူဗစ်တာမာတီးနက်စ်ကသူ၏အကြိုက်ဆုံးလက်ဖျံကစားနည်းများနှင့်အယူအဆများကို
တင်ပြခဲ့ပါသည်။မာတီးနက်စ်သည် 2007-အာနိုးကလပ်စစ်ပြိုင်ပွဲတွင်ချန်ပီယံဖြစ်လာပြီး၊ထိုနှစ်
အိုလံပီယာတွင်ဒုတိယရခဲ့သူဖြစ်သည်။သို့ သော်လူအများစုကသူ့ ကိုသရဖူမဆောင်းလိုက်ရ
သောချန်ပီယံအဖြစ်တင်စားခဲ့ပါသည်။
မာတီးနက်စ်ကကျွန်တော့်လေ့ကျင့်ခန်းစတင်ချိန်မှာအမြဲတန်းလက်ဖျံကိုအရင်ကစားပါတယ်။
ကျွန်တော်လက်ဖျံကိုနောက်ကျောဝင်းသားကစားပြီးသို့ မဟုတ်၊လက်မောင်းကစားပြီးလေ့ကျင့်
လေ့ရှိပါတယ်။ဒါပေမဲ့အခုတော့နှစ်ပါတ်ကိုတစ်ခါပဲလေ့ကျင့်ပါတော့တယ်။ကာယဗလဆိုတာ
မိမိအားသန်ရာအစိတ်အပိုင်းတွေဘဲပြိုင်ရတာမဟုတ်ဘဲတစ်ကိုယ်လုံးရှိကြွက်သားအားလုံးကို
ပြိုင်ရတာပါ။ဒါကြောင့်လက်ဖျံကစားရန်အရေးကြီးပါတယ်။
မာတီးနက်စ်၏လက်ဖျံကစားနည်း
လေ့ကျင့်ခန်း အကြိမ် အကျော့
ဘားရှည် သို့ ဘားတိုလက် 15-20 4
ဖျံကွေး( wrist curl)
လက်ဖျံအပြင်ကွေး 15-20 4
(reverse wrist curl)
ဘားရှည် သို့ ဘားတို 10-12 3
အပြင်ကွေး(hammer curl)
လက်တစ်ဖက်ချင်းကေဘယ် 12-15 2
ကြိုးဖြင့်လက်ဖျံကွေး
(one arm cable wrist curl)
ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com

No comments:
Post a Comment