တစ်ခါကအချိုးအစားအလှဆုံးသောကမ္ဘာ့ထိပ်သီးကာယဗလမောင်တစ်ဦးဖြစ်သူဘော့ဗ်ပဲရစ်၏ကာယ
ဗလလေ့ကျင့်သူလူသစ်များသို့ အကြံပြုချက်များကိုစုစည်းတင်ပြပေးလိုက်ပါသည်။
(1)-အလေးများဖြင့်ကာယဗလလေ့ကျင့်ခြင်းသည်အလေးများကိုလွှဲမြှောက်ရုံသက်သက်မဟုတ်ပါ။
ဒဏ်ရာအနာတရမကြုံတွေ့ ရစေရန်နှင့်မိမိလိုအင်ပြည့်ဝစေရန်အတွက်အလေးထက်ကြွက်သား
ညှစ်အားဖြင့်ကစားတတ်အောင်ကြိုးစားပါ။
(2)-သင့်၏တိုးတက်မှုသည်သင်မနိုင်သောအများဆုံးအလေးပေါ်တွင်မမူတည်ဘဲလေ့ကျင့်သောပုံစံ
မှန်ကန်မှုအပေါ်တွင်သာမူတည်သည်ကိုမှတ်ထားပါ။
(3)-ကာယဗလလေ့ကျင့်ခြင်း၏ထူးခြားသောရလာဒ်များကိုအလေးများဖြင့်စနစ်တကျလေ့ကျင့်ခြင်း၊
အေရိုဗစ်လေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့်ကောင်းမွန်သောအာဟာရများပေါင်းစပ်မှသာသင်မြင်
တွေ့ ရမည်ဖြစ်သည်။
(4)-***အာဟာရကိုဂရုမစိုက်ပါကမည်သည့်ဖြည့်စွက်အာဟာရကမှသင့်ကိုမကူညီပေးနိုင်ပါ***
သင့်ရည်မှန်းချက်နှင့်သင့်ကိုယ်တွင်းဇီဝဖြစ်စဉ်အပေါ်မူတည်ပြီးသင့်တင့်ကောင်းမွန်သောအာဟာ
ရကိုစနစ်တကျစွဲမြဲစွာမှီဝဲပါ။ပြီးမှဖြည့်စွက်အာဟာရများကိုမှီဝဲပါ။
(5)-အကယ်၍သင်သည်လေ့ကျင့်ချိန်တစ်ချိန်ကိုပျက်ကွက်သည်ဖြစ်စေ၊အာဟာရတစ်နပ်လွတ်သွား
သည်ဖြစ်စေ၊သင့်တိုးတက်မှုသည်ဆုတ်ယုတ်သွားသည်ဟုမှတ်ထားပြီး၊သင်ရောက်နေသည့်နေရာ
မှရှေ့ သို့ သာဆက်လက်ချီတက်သွားရန်ကြိုးစားပါ။
(6)-လေ့ကျင့်ချိန်တွင်တိုးတက်ကြီးထွားရန်နှင့်ခွန်အားတိုးတက်ရန်နည်းလမ်းများစွာရှိသည့်အနက်အ
လေးတဖြည်းဖြည်းတိုးသွားခြင်းကလည်းတစ်ချက်အပါအ၀င်ဖြစ်သည်။
(7)-အပြည့်စုံဆုံးသော၊အလှပဆုံးသောခန္ဓာကိုယ်ကိုပိုင်ဆိုင်စေရန်အတွက်သင့်ခန္ဓာကိုယ်အချိုးအစား
ကိုအမှန်အတိုင်းမြင်ရန်လိုအပ်ပြီးလည်းကောင်းကိုပြုပြင်ရန်အချိန်နှင့်အင်အားစိုက်ထုတ်မှုများစွာ
လိုအပ်သည်ကိုမှတ်သားထားပါ။
(8)-အကယ်၍သင့်ခန္ဓာကိုယ်ကိုအကောင်းဆုံးတည်ဆောက်နိုင်ရန်အတွက်မြင်လာပြီဆိုပါကနောက်
ထပ်အရေးပါသောသင့်အောင်မြင်မှုများကိုလည်းမြင်အောင်ကြည့်လိုက်ပါ။
(9)-လေ့ကျင့်ခြင်းနှင့်အာဟာရကောင်းကောင်းမှီဝဲခြင်းကိုသင့်အတွက်အရေးအပါဆုံးဟုသတ်မှတ်
ထားလိုက်ပါ။
(10)-လေ့ကျင့်ခန်းတစ်ခုကိုပုံကျပန်းကျလေ့ကျင့်တတ်ပြီဆိုပါကလေ့ကျင့်ချိန်တွင်ခံစားရ
သောကြွက်သားနာကျင်ခြင်းနှင့်ဒဏ်ရာဖြစ်စေနိုင်သောနာကျင်မှုမျိုးကိုခွဲခြားသိပါ။
(11)-အပြုသဘောဆောင်သောစိတ်ကိုထားပါ။သို့ မှသာလိုရာခရီးနီးနိုင်မည်ဖြစ်သည်။
(12)-သင်လုပ်နိုင်သည်၊ကိုသင်အပြည့်အ၀သိပါ။အာဟာရနှင့်လေ့ကျင့်ခန်းကိုဂရုစိုက်ရုံဖြင့်သင့်
ဆန္ဒရှိသောခန္ဓာကိုယ်ကိုရောက်အောင်သင်စွမ်းဆောင်နိုင်သည်ကိုမမေ့ပါနှင့်။
(13)-ကြီးထွားမှုအတွက်လေ့ကျင့်ခန်းသည်အရေးပါသလို၊အနားယူခြင်းနှင့်ပြန်လည်အားပြည့်
စေခြင်းကလည်းအရေးပါသည်ကိုဂရုပြုပါ။
(14)-အလွန်အကျူးအာဟာရလျော့ချခြင်းကလုံးဝအကျိုးမပြုပါ။
(15)-လေ့ကျင့်ခန်းအကျော့တစ်ကျော့ပြီးဆုံးချိန်တွင် positive failure ဖြင့်သာအဆုံးသတ်ရန်လေ့
လာပြီး၊အကျော့တိုင်းကိုအပြည့်အ၀အာရုံစူးစိုက်ပြီးလေ့ကျင့်ပါ။
Excerpt from Flawless, by Bob Paris p.151-152
လေးစားလျက်-
ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com

No comments:
Post a Comment