arial" action="like" colorscheme="light">

Sunday, March 16, 2014

အမျိုးသမီးများနှင့်ကာယဗလလေ့ကျင့်ခန်းများ

ကာယလေ့ကျင့်ခန်းများပြုလုပ်ရာတွင်အမျိုးသားများကအလေးများများနှင့်လေ့ကျင့်ရန်လုံးဝကြောက်
လေ့မရှိကြသော်လည်းအမျိုးသမီးများကတော့နည်းပြများကအလေးဖြင့်လေ့ကျင့်ရန်တိုက်တွန်းလျင်
ထွက်ပြေးလိုကြသည်။အဘယ်ကြောင့်ဆိုသော်လည်းကောင်းတို့ သည်ပျင်းရိမှုကြောင့်မဟုတ်ဘဲအ
လေးဖြင့်လေ့ကျင့်လျင်အမျိုးသားများကဲ့သို့ ကြွက်သားများထွက်လာပြီး၊အကြောမျှင်များထကာမိမိတို့ 
၏မိန်းမပီပီသသလှပသောခန္ဓာကိုယ်အလှလေးများပျက်စီးမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။တစ်
ကယ်တမ်းတွင်တော့အမျိုးသမီးများသည်အလေးတတ်နိုင်သလောက်များများဖြင့်လေ့ကျင့်သင့်ပါသည်။ထိုကဲ့သို့ လေ့ကျင့်ခြင်းကြောင့်အမျိုးသားများကဲ့သို့ သောကြွက်သားများထွက်လာမည်မဟုတ်ပါ။အ
ဘယ်ကြောင့်ဆိုသော်ကြွက်သားတည်ဆောက်သောခန္ဓာကိုယ်တွင်းဟိုမုန်းမှာတက်စတိုစတီရုန်းခေါ်
ကျားဟိုမုန်းဓါတ်ဖြစ်သည်။အမျိုးသမီးများတွင်ထိုဟိုမုန်းဓါတ်သဘာဝအတိုင်းထုတ်လွတ်နိုင်စွမ်းမှာ
အမျိုးသားများနှင့်ယှဉ်လျင်လွန်စွာကွာခြားပေသည်။ထို့ အပြင်အမျိုးသမီးများသည်အလေးပေါ့ပေါ့ဖြင့်
အကြိမ်များများလေ့ကျင့်သည့်အယူအဆကိုလက်ခံထားတတ်ကြသည်။ထိုအယူအဆသည်လည်း
လက်တွေ့ တွင်တော့မှားယွင်းနေပေသေးသည်။
ထိုကဲ့သို့ လေ့ကျင့်ကြသည့်အဓိကအချက်မှာအလေး
ပေါ့ပေါ့ဖြင့်အကြိမ်များများလေ့ကျင့်ပါကခန္ဓာကိုယ်အချိုးအစားကိုကျစ်လစ်လှပစေပြီး၊မလိုသော၊ခန္ဓာ
ကိုယ်တွင်းမှပိုလျံနေသောအဆီပိုများကိုအလွယ်တကူကျစေနိုင်သည်ဟုခပ်ညံ့ညံ့နည်းပြများကပြော
ဆိုကြသောကြောင့်ဖြစ်သည်။အဆီကျလိုသောအမျိုးသမီးရောအမျိုးသားများပါအမြဲတမ်းမှတ်ထား
ရမည့်အချက်တစ်ခုမှာအလေးပေါ့ပေါ့ဖြင့်မည်မျှပင်လေ့ကျင့်စေကာမူအဆီကျခြင်းကိုထင်သလောက်
အကျိုးမပြုဘဲအလေးများများဖြင့်လေ့ကျင့်မှသာကိုယ်တွင်းဇီဝဖြစ်စဉ်မြန်လာပြီး၊ကယ်လိုရီလောင်
ကျွမ်းမှုများကာအဆီအလွယ်တကူကျနိုင်ပေမည်။အမျိုးသမီးများနောက်ထပ်မှတ်ထားရမည့်နောက်
အရေးပါသောအချက်တစ်ချက်မှာတားမြစ်ဆေး၊ဟိုမုန်းဆေးများမသုံးဘဲမည်မျှပင်ပင်ပန်းပန်းလေ့ကျင့်
စေကာမူအမျိုးသားများကဲ့သို့ ကြွက်သားထုမတက်နိုင်ပါ။သို့ သော်မိမိတို့ နှင့်တန်သလောက်တော့
ကြွက်သားမျှင်များတည်ဆောက်နိုင်ပေသည်။ခန္ဓာကိုယ်တွင်ကြွက်သားပမာဏများလာသည်နှင့်အမျှ
ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုတိုးတက်မြန်ဆန်စေပြီးမလိုသောအဆီများကိုအင်နှင့်အားနှင့်လောင်ကျွမ်းစေ
မည်ဖြစ်သည်။ကြွက်သားသည်အဆီကိုဖြိုချစေနိုင်သောလက်နက်တစ်ခုဖြစ်သည်ကိုမှတ်သားထားပါ။
လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်လောက်အရင်ကအမျိုးသမီးများသည်ကိုယ်အလေးချိန်လျော့ချလိုပါကအစာအ
ငတ်ခံပြီးကိုယ်အလေးချိန်ချကြသည်။
သို့ သော်ထိုလုပ်ရပ်သည်မကျန်းမမာဖြစ်စေသည်သာ
မကထင်သလောက်လည်းစွမ်းသည်မဟုတ်ပေ။ထို့ ကြောင့်အဆီကျလိုသော၊ခန္ဓာကိုယ်အချိုးအစား
ကျနလှပလိုသောအမျိုးသမီးများသည်မိမိတို့ အနိုင်ဆုံးသောအလေးများဖြင့်တစ်ကျော့လျင်ခြောက်
ကြိမ်မှဆယ်နှစ်ကြိမ်အတွင်းကစားပါ။ကြွက်သားများသည်ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုမြန်စေပြီးအဆီကျ
စေရန်အထောက်အကူပြုကြောင်းကိုအနည်းငယ်ရှင်းလင်းတင်ပြပေးပါဦးမည်။
----ဥပမာကိုယ်အလေးချိန်ပေါင် 130-ရှိသောအမျိုးသမီးတစ်ဦးဆိုပါစို့ ။သူမ၏ကိုယ်တွင်းအဆီရာခိုင်
နှုန်းမှာ 23%ရှိသည်ဆိုပါစို့ ။သူမသည်အဆီကျလိုသောကြောင့်အစားကိုလျော့စားရာကိုယ်အလေးချိန်
ငါးပေါင်ကျသွားသည်ဆိုပါစို့ ။သူမ၏ခန္ဓာကိုယ်တွင်ကြွက်သား ပေါင် 100နှင့်အဆီ25 ပေါင်ကျန်ခဲ့မည်
ဖြစ်သည်။ဒါဆိုလျင်သူမ၏ကိုယ်တွင်းအဆီပမာဏသည် 20 %ရာခိုင်နှုန်းသာကျန်မည်ဟုယူဆရ
သော်လည်းတစ်ကယ်တမ်းတွင်မူလေ့ကျင့်ခန်းမလုပ်ဘဲအစားထိန်းချုပ်မှုသက်သက်ဖြင့်သာအဆီချ
သူများသည်ကိုယ်အလေးချိန်ကျသွားရာတွင်အဆီရောကြွက်သားထုထည်ပါကျသွားခြင်းဖြစ်သည်။
ထိုကျသွားသောငါးပေါင်သည်အဆီ 3.5နှင့်ကြွက်သား1.5ပေါင်ဖြစ်သည်။ဒါဆိုလျင်သူမ၏ကိုယ်တွင်း
တွင် ကြွက်သား 98.5 ပေါင်နှင့်အဆီ 26.5 ပေါင်ကျန်ခဲ့မည်ဖြစ်သည်။ယခုတစ်ကယ်တမ်းကျန်မည့်
ကိုယ်တွင်းအဆီရာခိုင်နှုန်းမှာ 21%ဖြစ်သည်။ကိုယ်တွင်းမှအဆီရောကြွက်သားပါကျခြင်းကကိုယ်တွင်း
ဇီဝဖြစ်စဉ်ကိုနှေးကွေးစေပြီးအဆီထပ်မံလောင်ကျွမ်းနိုင်စွမ်းလျော့နည်းသွားပေမည်။
ဒါကြောင့်အဆီကျစေမည့်အကောင်းဆုံးနည်းလမ်းတစ်ခုကိုတင်ပြပေးပါမည်။အစားလျော့အားအင်
ဆုတ်ယုတ်ခံပြီးထင်သလောက်အဆီမကျသည့်နည်းလမ်းကိုမေ့လိုက်ပါ။အစားလည်းဖြတ်စရာမလို
အားအင်လည်းပြည့်ဖြိုးနေပြီးကျန်းမာသန်စွမ်းနေပြီးအဆီကျစေသည့်နည်းလမ်းမှာလေ့ကျင့်ခန်းပြု
လုပ်ခြင်းဖြစ်သည်။ထိုအမျိုးသမီးသည်လေ့ကျင့်ခန်းပြုလုပ်ပြီးတစ်နှစ်အကြာတွင်ကိုယ်အလေးချိန်
135-ပေါင်ဖြစ်လာသည်ဆိုပါစို့။ကြွက်သားငါးပေါင်တိုးလာပြီးနောက်သူမ၏ကိုယ်တွင်းအဆီရာခိုင်နှုန်း
မှာ-ကြွက်သား 105ပေါင်၊အဆီ 30ပေါင်နှင့် အဆီရာခိုင်နှုန်းမှာ 22%ဖြစ်သွားသည်။ထိုအမြဲတမ်းအ
တွက်အဆီလောင်ကျွမ်းစေမည့်ကြွက်သားငါးပေါင်သည်လက်တလောတွင်အဆီတစ်ရာခိုင်နှုန်းသာ
လျော့ကျစေသော်လည်းရေရှည်တွင်ကားအလွန်အကျိုးများပေတော့မည်။ကိုယ်တွင်းတွင်ကြွက်သား
ငါးပေါင်တိုးလာခြင်းကတစ်နေ့ လျင်ကယ်လိုရီ 60 မှ 88 ကယ်လိုရီအထိပိုမိုလောင်ကျွမ်းစေလိမ့်မည်
ဖြစ်သည်။သာမန်လူများသည်ထိုပမာဏလောက်ကယ်လိုရီလောင်ကျွမ်းလိုပါကအနည်းဆုံးမိနစ်နှစ်
ဆယ်လောက်လမ်းလျောက်ရမည်ဖြစ်သည်။ခန္ဓာကိုယ်တွင်ကြွက်သားငါးပေါင်လောက်တိုးလာသည်ဆို
သည်နှင့်ဤမျှအကျိုးများသည်ဆိုပါကဆယ်ပေါင်လောက်သောကြွက်သားထုတက်လာမည်ဆိုပါက
မည်မျှအကျိုးများမည်နည်း။ဒါကြောင့်အဆီချလိုသော၊ခန္ဓာကိုယ်ကျစ်လစ်လှပလိုသောအမျိုးသမီး
အားလုံးသည်အစားသက်သက်ဖြင့်ကိုယ်အလေးချိန်ချရန်မစဉ်းစားဘဲ၊အစားထိန်းချုပ်ခြင်းနှင့်လေ့ကျင့်
ခန်းတွဲဖက်ပြုလုပ်ပါကမိမိတို့ ရည်မှန်းချက်ပိုမိုလွယ်ကူစွာပြည့်ဝမည်ဖြစ်ကြောင်းအကြံပြုလိုပါသည်။
နောက်ထပ်ထပ်မံသတိပေးလိုသည်မှာ-အစားလျော့ချနည်းသက်သက်ဖြင့်ကိုယ်အလေးချိန်ချနည်း
ကားအဆီရော၊ကြွက်သားပါကျစေသည်ကိုမှတ်သားထားပါ။နောက်ပြီးအမျိုးသမီးများကိုအထူးအကြံ
ပြုလိုသည်မှာလေ့ကျင့်ခန်းများကိုမိမိတို့ နိုင်သလောက်ကြိုးစားပြီးအလေးများများဖြင့်လေ့ကျင့်ပါဟု
ဆိုချင်ပါသည်။
နောင်ကိုလည်းအဆီချနည်းများနှင့်အမျိုးသမီးလေ့ကျင့်နည်းများကိုအလျဉ်းသင့်သလိုတင်ပြပေးသွား
ပါဦးမည်။


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com



No comments:

Post a Comment