အကြံပြုသော်လည်းလေ့ကျင့်မှုလွန်ကဲခြင်းမဖြစ်စေရန်၊တော့သတိထားရန်အမြဲအကြံပေးတတ်သည်။
စတီးရွိုက်လုံးဝမသုံးသူကစားသမားများအနေနှင့်လေ့ကျင့်မှုလွန်ကဲခြင်းကိုအလွယ်တကူကြုံတွေ့ ရ
နိုင်သည်။ထို့ ကြောင့်မိမိတို့ လေ့ကျင့်သောပမာဏနှင့်ပြင်းအားကိုအထူးဂရုပြုရန်လိုအပ်ပါသည်။
ကျွန်တော်အသေအချာသိသည်ကတော့လူငယ်အများစုသည်ပြင်းအားမြင့်လေ့ကျင့်နည်းစနစ် high intensity နည်းစနစ်ကိုသိပ်ဖီလ်းမဖြစ်ဘဲ၊ပမာဏများများလေ့ကျင့်ခြင်း volume training နည်းစနစ်
ကိုတော့အတော်လေးကြိုက်နှစ်သက်စွာလေ့ကျင့်တတ်ကြသည်။ထိုသို့ လေ့ကျင့်သူညီနောင်အားလုံး
ကိုလေ့ကျင့်မှုလွန်ကဲခြင်း over training နှင့်မကြုံရစေရန်နှင့်ထိုအဖြစ်မျိုးကိုကာကွယ်နိုင်မည့်နည်း
စနစ်တစ်ခုကိုလည်းတင်ပြပေးလိုက်ပါသည်။
ဆာနုဘတ်နှင့်အာနိုးရွာဇင်နက်ဂါးတို့ သည်ကားပမာဏများများကစားခြင်းနှင့်GYM ထဲတွင်အချိန်
နှစ်နာရီကျော်လေ့ကျင့်တတ်ကြသူများဟုကမ္ဘာကသိထားကြသည်။လည်းကောင်းတို့ ကဲ့သို့ ဖြစ်လို
သောလူငယ်အများစုသည်ထိုကဲ့သို့ ပင်လေ့ကျင့်ကြသည်။ထိုကဲ့သို့  volume training ကိုခုံမင်ကြ
သောကစားသမားများအတွက်လေ့ကျင့်မှုလွန်ကဲခြင်းမဖြစ်အောင်နှင့်လေ့ကျင့်ချိန်တွင်စွမ်းရည်ပြည့်
လေ့ကျင့်နိုင်ရန်ပြင်သစ်မှသုတေသီများ၏တင်ပြချက်လေးတစ်ခုကိုတင်ပြပေးလိုက်ပါသည်။
သုတေသီများက၊ကဖင်းဓါတ်၊branch chain amino acids နှင့်ကာဗိုဟိုက်ဒရိတ်ကိုလေ့ကျင့်ခန်းမပြု
လုပ်မှီနှင့်လေ့ကျင့်နေချိန်တွင်မှီဝဲအသုံးပြုပါကလေ့ကျင့်ချိန်နှစ်နာရီတွင်သွေးတွင်းအချိုဓါတ်ပမာဏကို
ထိန်းထားနိုင်ပြီးစွမ်းရည်မကျဘဲလေ့ကျင့်နိုင်ကြောင်းကိုတင်ပြပေးခဲ့သည်။ဤဆေးနည်းစနစ်လေးက
တော့ volume training ကြိုက်သူများအတွက်အကောင်းဆုံးဖြစ်သည်။စမ်းသပ်ကြည့်ပါဟုအကြံပြု
လိုက်ပါသည်။
ကျွန်တော့်အကြံအချို့ ---
ထိုနည်းစနစ်ကိုအကောင်အထည်ဖော်ရန်အတွက်-
ကဖင်းဓါတ်အတွက်---ကော်ဖီပြင်းပြင်းလေးတစ်ခွက်
branch chain amino acids အမှုန့် နှင့်
ကာဗိုဟိုက်ဒရိတ်အတွက်-မကစားမှီဌက်ပျောသီးတစ်လုံး၊ကစားနေစဉ်တွင်တော့ကာဗိုဟိုက်ဒရိတ်
ဖျော်ရည်များကိုမှီဝဲပါ။(စက်မှု-၁၊မှကာဗိုဟိုက်ဒရိတ်၊ဂလူးကို့ စ်ဖျော်ရည်အမှုန့် ကိုစက္ကူဗူးအဖြစ်
ဈေးနှုန်းသက်သာစွာထုတ်လုပ်ရောင်းချခဲ့သည်မှာကြာပြီဖြစ်သည်။)
ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com
အကိုရေ ကျွန်တော်က နယ်ကပါ။နယ်ဆိုတော့
ReplyDeleteအကိုသိတဲ့အတိုင်း GYMမရှိဘူးလေ။နယ်က ကျွန်တ်ာတို့လိုသူတွေအတွက် ကောင်းတဲ့ body weight workout လေးတွေ တင်ပေးပါဦးခင်ဗျ။
အကိုရေ God bless you ပါ။ကျွန်တော့်သူငယ်ချင်းက
ReplyDeleteညွှန်လို့ အကို့် blog လေးဆီရောက်လာတာပါ။
ဖုန်းနဲ့ သုံးနေတာပါ။ကျွန်တော် post တွေ ဖတ်ကြည့်တော့ စာအုပ်လေးတွေက ဒေါင်းလို့မရဘူးဗျ။ပြန်တင်ပေး
ပါအုံး။
အကိုပြောတဲ့ကာဗွန်ဟိုက်ဒရိတ်အမှုန့်ကဘယ် လောက်လဲဘယ်လိုမေးဝ်ရယမလဲ
ReplyDelete