arial" action="like" colorscheme="light">

Sunday, July 29, 2012

Caffeine နှင့် Gene


ယနေ့ ကမ္ဘာပေါ်တွင်ကော်ဖီကိုချစ်သူသန်းရာချီရှိသည့်အနက်အချို့ မှာကော်ဖီကိုကြိုက်၍သောက်နေ
ကြသော်လည်း၊အချို့ သောအားကစားသမားများနှင့်အဆီချလိုသူများသည်ကော်ဖီတွင်ပါဝင်သောက
ဖင်း၏အကျိုးကျေးဇူးများကိုရယူလို၍သောက်သုံးနေကြခြင်းပင်ဖြစ်သည်။ထို့ ကဲ့သို့ သောသူများအ
တွက်ကဖင်းနှင့်ပါတ်သက်သောဤဆောင်းပါးငယ်ကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါသည်။
ကော်ဖီတစ်ခွက်ကိုညအိပ်ခါနီးသောက်သော်လည်းအိပ်စက်ရာတွင်အနှောက်အယှက်ကင်းစွာနှစ်နှစ်
ခြိုက်ခြိုက်အိပ်ပျော်နိုင်သူများရှိသလို၊ကော်ဖီသောက်ပြီးလျင်ညဖက်မျက်လုံးကြောင်ကာအိပ်မရတော့
သူများရှိသလို၊ကော်ဖီသောက်ပြီးလျင်ရင်တုန်တတ်သူများစွာလည်းရှိနေကြပါသေးသည်။မည်သို့ 
သောအခြေအနေပင်ကြုံတွေ့ ရစေကာမူကော်ဖီချစ်သူများကတော့ကဖင်းများသည်ကော်ဖီခပ်ပြင်းပြင်း
လေးကိုစွဲလမ်းလျက်ပင်ရှိနေမည်သာဖြစ်သည်။American Dietetic Association မှပြောခွင့်ရပုဂ္ဂိုလ်
Ruth Frechman, R.D.,ကလူတစ်ဦးနှင့်တစ်ဦးသည်ကိုယ်တွင်းမှကဖင်းဓါတ်ကိုလက်ခံနိုင်စွမ်းသည်
မျိုးရိုးဗီဇပေါ်တွင်လည်းမူတည်ကြောင်းကိုတင်ပြပေးခဲ့သည်။
ထို့ အပြင်သူမကပင် 2011-ခုနှစ်သြဂုတ်လထုတ်၊ Prevention ဂျာနယ်တွင်၊***သင်သည်ကဖင်းဓါတ်
ကိုများများသုံးလေလေ၊ထိုအရာကသင့်ကိုလှုံဆော်မှုနည်းလေလေပင်ဖြစ်သည်။သင်၏အသက်၊အရပ်
ကိုယ်အလေးချိန်နှင့်မျိုးရိုးဗီဇကဖင်း၏အကျိုးသက်ရောက်မှုအပေါ်များစွာလွှမ်းမိုးမှုရှိသည်***ဟုတင်
ပြသွားခဲ့လေသည်။
ထို့ အပြင်မှတ်သားထားရမည်မှာ၊ယနေ့ ဈေးကွက်အတွင်းရှိအဆီကျဆေးဟူသမျှတွင်ကဖင်းပါဝင်
သည်ကိုမေ့မထားသင့်ပေ။ထို့ ကြောင့်သင်သည်အဆီချလိုသူတစ်ဦးဆိုပါက၊ကယ်လိုရီများများ
စားသုံးမိသောနေ့ တွင်လေ့ကျင့်ခန်းမပြုလုပ်မှီအဆီကျစေနိုင်သောကဖင်းများစွာပါဝင်သည့်ကော်ဖီ
ပြင်းပြင်းလေးတစ်ခွက်ကိုတော့သောက်ဖြစ်အောင်သောက်လိုက်ပါဟုအကြံပြုလိုက်ပါသည်။
                                တင်ဆက်သူ----
                                နိုင်ဦး---119
Email-intensemuscle@gmail.com
Email-muscleprofessor@gmail.com
www.myanmarfitness.com

Thursday, July 19, 2012

Nautral bodybuildig Motivation





စတီးရွိုက်မသုံးဘဲကာယဗလလေ့ကျင့်လိုသူများအတွက်အားတက်ဖွယ်ဗီဒီယိုလေးအဖြစ်တင်ပြထား
ခြင်းဖြစ်ပါတယ်။လေ့လာကြည့်ပါ။

တင်ဆက်သူ---
နိုင်ဦး---၁၁၉
email---intensemuscle@gmail.com
email---muscleprofessor@gmail.com
www.myanmarfitness.com

Friday, July 13, 2012

ဦးနှောက်အတွက်လေ့ကျင့်ခန်း


ဦးနှောက်သည်လူတစ်ယောက်အတွက်အရေးအပါဆုံးသော၊ခန္ဓာကိုယ်တစ်ခုလုံးကိုထိန်းချုပ်ပေးနိုင်
သော၊လူသား၏တန်ဖိုးကိုမြင့်တက်စေသော၊ဘ၀အောင်မြင်မှုများကိုရယူနိုင်စေသောကိုယ်တွင်းရှိ
ကြွက်သားငယ်တစ်ခုသာဖြစ်သည်။ထိုဦးနှောက်၏စွမ်းဆောင်ရည်မြင့်မားသည်နှင့်အမျှလူ့ ဘ၀တွင်
အောင်မြင်မှုများလည်းရယူနိုင်မည်ဖြစ်ပြီးလူ့ သမိုင်းကိုပြောင်းလဲနိုင်မည်ဖြစ်သည်။ထို့ ကြောင့်ယနေ့ 
နည်းပညာခေတ်တွင်ထိုဦးနှောက်ကိုအကျိုးပြုစေနိုင်မည့်နည်းလမ်းကောင်းများကိုရှာဖွေကြ၊ကျင့်သုံး
ကြသည်မှာမထူးဆန်းလှသော်လည်းကျွန်တော်များနှစ်သက်သောကာယဗလနေထိုင်မှုဘ၀ပုံစံ bodybuilding lifestyle  သည်ဦးနှောက်အတွက်မည်သို့ အကျိုးပြုကြောင်းကိုတင်ပြပေးလိုက်ပါ
သည်။
ဦးနှောက်အတွင်းရှိနျူရွန်များအကြားတွင်နျူရွန်အသစ်များဖြစ်ပေါ်ခြင်း၊ကို plasticity ဟုခေါ်ပြီး၊
2011-ခုနှစ်၊ဖေဖော်ဝါရီလထုတ်၊ Bottom Line Health ဂျာနယ်အရ၊ထိုဖြစ်စဉ်သည်ဦးနှောက်၏
သတင်းနည်းပညာ၊လေ့လာဆည်းပူးသမျှသောအချက်အလက်များကိုကောင်းမွန်စွာလက်ခံနိုင်စွမ်း
ရှိပြီး၊မှတ်ဥာဏ်ကိုလည်းတိုးတက်စေနိုင်ကြောင်းကိုလည်းတင်ပြထားသည်။လေ့ကျင့်ခန်းများပြုလုပ်
ခြင်းသည်ထိုဖြစ်စဉ်ဖြစ်ပေါ်မှုကိုအားပေးကြောင်းကိုပါတင်ပြပေးခဲ့သည်။မည်သို့ သောလေ့ကျင့်ခန်း
မျိုးပါနည်း။
brain-derived neurotrophic factor (BDNF) ဟုခေါ်သောမော်လီကျူးများသည် plasticity ဖြစ်
ပေါ်မှုအတွက်အဓိကကျပြီး၊(BDNF) များသည်လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့်တိုးပွားလာသည်။ကယ်
လီဖိုးနီးယားပြည်နယ်၊တက္ကသိုလ်မှသုတေသနပြုတွေ့ ရှိချက်အရလေ့ကျင့်ခန်းများပြုလုပ်စေသော
ကြွက်များတွင်(BDNF) ပမာဏများနေပြီးသာမန်လှုပ်ရှားမှုနည်းသောကြွက်များတွင်မူနည်းပါးနေ
ကြောင်းကိုတွေ့ ရှိခဲ့ရသည်။လေ့ကျင့်ခန်းပြုလုပ်သူအများစုသည်၊(BDNF)ပမာဏများပြားသော
ကြောင့်လူသာမန်များထက်မှတ်ဥာဏ်ချို့ ယွင်းခြင်း၊စိတ်ကျခြင်း၊အလ်ဇိုင်းမားစသောရောဂါဆိုး
များကိုဖြစ်နိုင်ချေနည်းပါးလေ့ရှိသည်။


(BDNF) ပမာဏများပြားစေသောလေ့ကျင့်ခန်းအမျိုးအစားများမှာ၊ပြင်းထန်သောအေရိုးဗစ်လေ့ကျင့်
ခန်းများဖြစ်သည်။သာမန်လမ်းလျောက်ခြင်းစသောအေရိုးဗစ်ခပ်ပျော့ပျော့များကိုမဆိုလိုပါ။အမြင့်ဆုံး
သောနှလုံးခုန်နှုန်း၏ 70% ခန့် ပြင်းအားရှိသောအေရိုးဗစ်လေ့ကျင့်ခန်းများမှသာအကျိုးပြုမည်
ဖြစ်သည်။


အမြင့်ဆုံးနှလုံးခုန်နှုန်း၏ 70%ကိုတွက်ချက်လိုပါက-
220 မှသင့်အသက်ကိုနှုတ်ပါ။ရလာသောအဖြေကို .70 ဖြင့်မြှောက်ပါ။တစ်မိနစ်လျင်ထိုမျှသောနှ
လုံးခုန်နှုန်းဖြင့်လေးဆယ့်ငါးမိနစ်လောက်အထိလေ့ကျင့်မည်ဆိုပါကအဆီလည်းကျကာကျန်းမာသန်
စွမ်းနိုင်သလို၊ဦးနှောက်လည်းကျန်းမာသန်စွမ်းမည်ဖြစ်သည်။သို့ သော်မှတ်သားထားရမည်မှာ၊အေရိုး
ဗစ်(ကာဒီရို)လေ့ကျင့်ခန်းများသည်တန်လျင်ဆေး၊လွန်လျင်ဘေးဖြစ်သည့်အတွက်ချိန်ချိန်ဆဆလုပ်
ကြပါဟုအကြံပြုလိုက်ရပါသည်။
                                                                                                       တင်ဆက်သူ---
                                        နိုင်ဦး---119
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
www.myanmarfitness.com