arial" action="like" colorscheme="light">
Sunday, March 2, 2014
အဆီချေဖျက်ခြင်းကိုအားပေးသောအစားအစာ (၅)မျိုး
ဖော်ပြမည်.အစားအစာ(၅)မျိုးသည်အာဟာရရှိသကဲ.သို.ကိုယ်တွင်းအဆီများကိုခြေဖျက်ရာတွင်ကောင်း
မွန်ကြောင်းတွေ.ရှိရသဖြင်.ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများအတွက်ရေးသားဖော်ပြအပ်
ပါသည်။ ထိုအစားအစာ(၅)မျိုးမှာ
 (၁)ကြက်ရင်အုပ်
အဆီမပါသော(အရေခွံဖယ်ထားသော)ကြက်ရင်အုပ် ၃အောင်စတွင်ပါသော အရာများမှာ
ကယ်လိုရီ ၁၄၂
အဆီ၃.၁ ဂရမ်
ကာဗိုဟိုက်ဒရတ်ခေါ်ကစီ မပါရှိပါ
ပရိုတင်းခေါ်အသားဓါတ် ၂၆.၇ ဂရမ် တို.ပါဝင်ပါသည်။
(၂)ကြက်ဥအကာပြုတ်
ကယ်လိုရီနှင်. ပရိုတင်းပါဝင်မှုများပြီးစားသုံးသူများ အတွက်လည်းအလွယ်တကူရရှိနိုင်ပါသည်။၎င်းကိုစားခြင်းဖြင်.အဆီချေဖျက်ပေးပြီးကြွက်သားတည်ဆောက် မှုကိုအားပေးပါသည်။ ကြက်ဥအကာပြုတ် (၃)လုံးတွင်ပါဝင်နေသည်မှာ
ကယ်လိုရီ ၃၄
အဆီ မပါရှိပါ
ကာဗိုဟိုက်ဒရတ်ခေါ်ကစီ မပါရှိပါ
ပရိုတင်းခေါ်အသားဓါတ် ၇ ဂရမ် တို.ပါဝင်ပါသည်။
 (၃)ဆန်လုံးညို
အဆီချေဖျက်ပေးသောနောက်စားစရာတစ်မျိုးမှာ ဆန်လုံးညို  ဖြစ်သည်။၎င်းသည် သွေးကြောအတွင်းစုပ်ယူမှုနှေးသည်။လိုအပ်သည်.ကာဗိုဟိုက်ဒရိတ်ကို
လည်းပေးပြီးအဆီကျရန်အတွက်ပါထောက်ကူပြုပါသည်။ နို.ဆီဗူးခွက်တစ်ဝက်တွင်ပါဝင်သည်များမှာ
ကယ်လိုရီ ၁၀၉
အဆီ မပါရှိပါ
ကာဗိုဟိုက်ဒရတ်ခေါ်ကစီ ၂၃ ဂရမ်
ပရိုတင်းခေါ်အသားဓါတ် ၂ ဂရမ်တို.ဖြစ်ပါသည်။
(၄) ကွေကာအုပ်
၎င်းသည်ကောင်းမွန်သော အဆီချေဖျက်သည်.စားစရာတစ်မျိုးဖြစ်သည်။ ကွေကာအုပ် တွင် ကောင်းမွန်သော  အမျှင်များပါဝင်ပါသည်။
ချက်ပြီးသားလက်ဖက်ရည်ခွက်တစ်ခွက်  တွင်ပါဝင်နေသည်များမှာ
ကယ်လိုရီ ၁၁၁
အဆီ ၂ ဂရမ်
ကာဗိုဟိုက်ဒရတ်ခေါ်ကစီ ၁၉ ဂရမ်
ပရိုတင်းခေါ်အသားဓါတ် ၅ ဂရမ် တို.ဖြစ်ပါသည်။
(၅)ငါးကြီးဆီ
ကယ်လိုရီလောင်ကျွှမ်းစေသောOmega 3  Omega 6 တို.ပါဝင်ပြီး တစ်နေ.တာစားသောက်မှုတွင်ထည်.သွင်းသင်.သောအဆီဖြစ်ပါသည်။ ကြွက်သား၏အားကိုမြှင်.တင်ပေးသဖြင်.ကြွက်သားအားယုတ်ခြင်းကိုကာကွယ်ပေးသည်။ anti-lipogenics ပါဝင်နေသဖြင်. အဆီသိုလှောင်နေမှုကိုလည်းလျှော.ချပေးသည်။ ၄င်းအပြင်နှလုံးရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးပြီးအဆစ်အမြစ်များ၏စွမ်းဆောင်ရည်ကိုတိုးတက်စေပါသည်။
ငါးကြီးဆီ လက်ဘက်ရည်တစ်ဇွန်းတွင်ပါဝင်သည်များမှာ
ကယ်လိုရီ ၁၁၃
အဆီ ၁၂ ဂရမ်
ကာဗိုဟိုက်ဒရတ်ခေါ်ကစီ မပါရှိပါ
ပရိုတင်းခေါ်အသားဓါတ် မပါရှိပါ
စသည်တို.ပါဝင် နေပါသည်။
အထက်တွင်ဖော်ပြခဲ.သောစားစရာ(၅)မျိုးသည် စားသုံးရန်ကောင်းမွန်သကဲ.သို.ကြွက်သားများအဆီကင်းစေရန်အတွက်များစွာအထောက်အကူပြု
ကြောင်းတွေ.ရှိရသဖြင်. ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများအနေဖြင်.
ချက်ပြုတ်စားသုံးသင်.ပါကြောင်း အသိပေးရေးသားလိုက်ရပါသည်။
REF   TOP FOOD FOR REDUCE FAT  by Obi Obadike
         How Fish Oil Increases Joint Mobility  by  Marie Spano
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-
စိုင်းသီဟကျော်စန်း
email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan
No comments:
Post a Comment