arial" action="like" colorscheme="light">

Sunday, August 18, 2013

အမျိုးသားများနှင့်သုတ်လွှတ်မြန်ခြင်း

ခေတ်အဆက်ဆက်လိင်မှုနယ်ပယ်တွင်အမျိုးသားများအတွက်စိတ်အနှောက်အယှက်၊အဖြစ်စေနိုင်ဆုံး
သောပြသနာတစ်ခုကိုပြပါဆိုလျင်တော့၊သုတ်လွှတ်မြန်ခြင်းဟုပင်ပြောရမည်ဖြစ်သည်။မည်သည့်အ
သက်အရွယ်ရှိအမျိုးသားမဆိုမိမိဘ၀တွင်အနည်းဆုံးသုတ်လွှတ်မြန်သည့်အဖြစ်ကိုအကြိမ်အတော်
များများကြုံဖူးကြမည်ကအသေအချာပင်ဖြစ်သည်။ဤအကြောင်းအရာသည်အမျိုးသားလိင်မှုကိစ္စအ
ကြောင်းဆွေးနွေးတိုင်းမပါလျင်မပြီးသော၊ကိစ္စတစ်ခုဖြစ်သည်။ကျွန်တော့်ထံကောမင့်ရေးပြီးတစ်မျိုး၊
မေလ်းဖြင့်တစ်ဖုံ၊လူတွေ့ တစ်မျိုးအကြံဥာဏ်လေးများတောင်းတတ်ကြသည့်ညီနောင်များအတွက်
သုတ်လွှတ်မြန်ခြင်းအကြောင်းကို၊အထောက်အထားအပြည့်ဖြင့်ကျိုးကြောင်းခိုင်လုံစွာသိရှိစေလိုသည့်
အတွက်ဤဆောင်းကိုရေးသားတင်ဆက်လိုက်ရခြင်းဖြစ်ပါသည်။
ရှေးဦးစွာသုတ်လွှတ်မြန်ခြင်း(Premature Ejaculation)ဆိုသည်မှာမည်သည်ကိုဆိုလိုကြောင်းတင်ပြ
လိုပါသည်။ သုတ်လွှတ်မြန်ခြင်း(Premature Ejaculation)ဆိုသည်မှာ၊မိမိ၏လိင်ဆက်ဆံဖော်အနေ
နှင့်အပြည့်အ၀၊လိင်သာယာမှုအထွတ်အထိပ်ကိုမခံစားရသေးမှီ၊အချိန်အတွင်း၊အထူးသဖြင့်လိင်ဆက်
ဆံမှုစသည်နှင့်တိုတောင်းသောအချိန်အတွင်းအမျိုးသားအနေနှင့်ကာမဆန္ဒပြီးမြောက်သွားခြင်း(orgasm)ကို
ဆိုလိုသည်။ဤအဖြစ်သည်ရံဖန်ရံခါဆိုပါကပြသနာမရှိသော်လည်း၊လိင်ဆက်ဆံတိုင်း၊ထိုသို့ ဖြစ်
နေမည်ဆိုပါက၊မိမိဇနီး၊လိင်ဆက်ဆံဖော်၊အတွက်စိတ်အနှောက်အယှက်များစွာဖြစ်စေပြီး၊အိမ်ထောင်ရေး
တွင်ပြသနာများစွာဖြစ်လာစေနိုင်ပါသည်။ထိုအခါမျိုးတွင်လိင်စိတ်ပြင်းပြသောအမျိုးသမီးဆိုပါက၊
နောက်မီးပင်လင်းလာနိုင်ပေသည်။ကျွန်တော်တို့ မြန်မာအမျိုးသမီးများအနေနှင့်အနောက်တိုင်းသူများ
ကဲ့သို့ မဆိုးသွမ်းသော်လည်း၊တိုးတက်ပွင့်လင်းလာသောလူနေထိုင်မှုဘ၀ပုံစံများက၊အမျိုး
သမီးများအတွက်စိတ်ဖြေစေရာနှောင်ကြိုးမဲ့လိင်ဆက်ဆံမှု(No string sex)ဆီသို့ ဦးတည်သွားစေပါ
သည်။ထို့ ကြောင့်အိမ်ထောင်ရေးသာယာချမ်းမြေ့လိုသောအမျိုးသားများထိုပြသနာကိုအထူးဂရုပြုရ
မည်ဖြစ်သည်။
သုတ်လွှတ်မြန်ခြင်းကိုမည်သို့ တိုင်းတာမည်နည်း။ဤအချက်ကလည်းပုဂ္ဂလိကအမြင်များအပေါ်ခြား
နားမှုများစွာရှိသည်။အချို့ သောလိင်ဆက်ဆံချိန်နှစ်မိနစ်၊သုံးမိနစ်မျှသာကြာသူများကမိမိကိုယ်ကိုပ
လေးဘွိုင်းအဖြစ်ခံယူထားတတ်ကြသော်လည်း၊အချို့ လိင်ဆက်ဆံသည့်ကြာချိန်မိနစ်နှစ်ဆယ်လောက်
ပိုင်ဆိုင်သူများကလည်းမိမိကိုယ်ကိုသုတ်လွှတ်မြန်နေသူလားဟုစိုးရိမ်နေတတ်ကြပြန်သည်ကိုလည်း
တွေ့ ရတတ်သည်။သိပ္ပံနည်းကျပြောရမည်ဆိုပါက၊သုတ်လွှတ်မြန်ခြင်းနှင့်ပါတ်သတ်သည့်ပထမဦးဆုံး
သောသုတေသနတစ်ရပ်ကိုဒေါက်တာအဲလ်ဖရဒ်ကင်းဆေးက၊၁၉၅၀ ပြည့်နှစ်တွင်လေ့လာတင်ပြခဲ့
သည်။ဒေါက်တာကင်းဆေးကသုတေသနတွင်ပါဝင်သော၊လေးချိုး၊သုံးချိုးသောအမျိုးသားများသည်
လိင်ဆက်ဆံမှုစတင်ပြီးချိန်မှနှစ်မိနစ်အတွင်းသုတ်လွှတ်ကြကြောင်းကိုအထောက်အထားနှင့်တင်ပြခဲ့
သည်။ယနေ့ ခေတ်လိင်မှုကုထုံးပညာရှင်များက၊ကမ္ဘာ့အမျိုးသားဦးရေ၏70မှ75%သည်အများဆုံး
ဆယ်မိနစ်အတွင်းသုတ်လွှတ်ကြကြောင်းကိုတင်ပြကြသည့်အပြင်ကမ္ဘာ့အမျိုးသားဦးရေ၏အနည်းဆုံး
သုံးချိုးတစ်ချိုးသည်သုတ်လွှတ်မြန်သည့်ဝေဒနာခံစားနေရကြောင်းကိုတင်ပြကြသည်။

ကျွန်တော့်အမြင်တွင်မူ၊ဖိအားများသောဘ၀နေထိုင်မှုပုံစံများ၊မကျန်းမာစေသောအာဟာရများနှင့်၊
လေထုညစ်ညမ်းမှု၊သဘာဝပါတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့်ကိုယ်လက်လှုပ်ရှားမှုနည်းပါးသောဘဝ
မျိုးနှင့်ရှင်သန်နေထိုင်နေကြရသောအမျိုးသားများသည်လိင်စွမ်းဆောင်ရည်လျော့ကျလာကာ၊သုတ်
လွှတ်မြန်ခြင်းကိုယေဘူယျအမျိုးသားများ၏ရှစ်ဆယ်ရာခိုင်နှုန်းပင်ခံစားနေရသည်ဟုထင်မြင်မိပါသည်
သုတ်လွှတ်မြန်စေသောအကြောင်းအရာအချို့ ကိုတင်ပြရမည်ဆိုလျင်၊အသက်ငယ်ရွယ်သူများ၊
နှလုံးနှင့်ကျောက်ကပ်အားနည်းသူများ၊ဆီးချိုဝေဒနာရှင်များနှင့်နုပျိုစဉ်အခါကလက်ဖြင့်သုတ်လွှတ်
သည့်အလေ့ကိုစွဲမြဲလွန်းစွာ၊ကြိမ်ဖန်များစွာပြုလုပ်သူများ၊စိတ်ဖိစီးမှုများလွန်းသူများနှင်လိင်ဆက်ဆံ
သည့်ပုံစံမှားယွင်းသူများသည်သုတ်လွှတ်မြန်တတ်ပေသည်။သုတ်လွှတ်မြန်ခြင်းကိုကုစားရန်အတွက်
တင်ပြရမည်ဆိုပါက၊ကျမ်းအစောင်စောင်လိုအပ်မည်ဖြစ်သော်လည်း၊ယခုဆောင်းပါးလေးသည်လိင်
ဆက်ဆံနေစဉ်တွင်သုတ်လွှတ်မြန်ခြင်းမှတားဆီးပေးမည့်၊အကြံပြုချက်အချို့ ကိုစုစည်းတင်ပြပေးလိုက်
ပါသည်။
၁-ဖျစ်ညှစ်ပါ။
လိင်ဆက်ဆံနေစဉ်တွင်၊အမျိုးသားလိင်အင်္ဂါရှိအာရုံခံစားနိုင်စွမ်းအမြင့်ဆုံးသော၊အစိတ်အပိုင်းမှာ၊လိင်အင်္ဂါ
ထိပ်ဖူးပင်ဖြစ်သည်။အကယ်၍လိင်ဆက်ဆံနေစဉ်အာရုံခံစားမှုမြင့်တက်လာချိန်တွင်၊လိင်တံထိပ်
ဖူး၏အောက်ဖက်လည်ရစ်နားကိုလက်ညှိုးနှင့်လက်မကွင်း၍၅-စက္ကန့် မှ၃၀-စက္ကန့် အထိညှစ်ထားမည်
ဆိုပါက၊လိင်အင်္ဂါထိပ်ဖူးဆီသို့ သွေးရောက်ခြင်းကိုဟန့် တားစေနိုင်သည့်အတွက်၊ပြီးမြောက်ခြင်းကို
ရောက်ရှိရန်အချိန်ကြန့် ကြာစေနိုင်မည်ဖြစ်သည်။
၂-အာရုံလွှဲထားပါ။
ဤအချက်သည်လူအများကြားဖူးနေကြ၊အသုံးပြုနေကြဖြစ်သော်လည်းအမှားယွင်းဆုံးသောနည်းစနစ်
တစ်ခုဖြစ်သည်။လူအတော်များများကအာရုံလွှဲထားသည်ဟုဆိုသော်လည်း၊မသိစိတ်ကထိုလိင်ဆက်ဆံမှုအ
တွင်းမှရုန်းမထွက်နိုင်ကြပေ။ထို့ ကြောင့်လည်းသုတ်မထိန်းနိုင်ကြခြင်းဖြစ်သည်။ထို့ ကြောင့်အ
မျိုးသားသည်၊သုတ်ထိန်းလိုပါကအာရုံအပြင်သို့ မလွှဲဘဲ၊မိမိလိင်ဆက်ဆံဖော်၏လိင်အင်္ဂါကိုအာရုံစိုက်
မည့်အစားသူမ၏လှပသောဆံခြည်မျှင်၏ရနံ့ များ၊ချိုမြိန်သောနှုတ်ခမ်းတစ်စုံ၏အထိအတွေ့ ၊ချိုမြသော
သူမ၏လျာအရသာ၊လည်တိုင်၊ရင်သား၊၀မ်းဗိုက်၊ဆီးခုံစသဖြင့်ချစ်သူ၏အထိအတွေ့ များကိုသာအာရုံပြု
ထားခြင်းသည်၊အကောင်းဆုံးသောအာရုံလွှဲခြင်းပင်ဖြစ်သည်။
၃-နာကျင်မှုကိုခံစားလိုက်ပါ။
လိင်ဆက်ဆံမှုတွင်သာယာမှုအာရုံအထူးများနေပါက၊မှတ်လိုက်ပါသင်မကြာခင်သုတ်လွှတ်တော့မည်။
ထိုအခြေအနေတွင်သင့်ဦးနှောက်မှဦးတည်ချက်ပြောင်းသွားစေရန်အတွက်သင့်ခန္ဓာကိုယ်တွင်နာကျင်မှု
အနည်းငယ်ကိုဖန်တီးပြီးအာရုံပြောင်းလိုက်ပါ။အနောက်တိုင်းမှလိင်မှုကုထုံးပညာရှင်များကအ
ကြံပြုကြသည်မှာ၊သင့်လျာထိပ်ဖျားလေးကိုအနည်းငယ်နာအောင်ဖိကိုက်လိုက်ခြင်းဖြစ်သည်။စာရေးသူ
ကတော့ထိုပုံစံထက်၊မိမိချစ်သူပါဝင်ကူညီပေးစေရန်အတွက်မိမိလည်တိုင်သို့ မဟုတ်နားဖျားလေး
ကိုသူမအားခပ်ဆတ်ဆတ်လေးကိုက်ခဲစေလိုက်ခြင်းဖြစ်သည်။ထိုအချက်သည်ပို၍ခံစားမှုကိုကြွစေ
၍ဒေါမာန်ပါစေကာသူမကိုလည်းစိတ်လှုပ်ရှားစေနိုင်သည့်အတွက်ပိုကောင်းသည်ဟုထင်ပါသည်။
၎-အတိုင်းအတာချင့်ချိန်ပါ။
လိင်ဆက်ဆံခြင်းသည်တစ်ပြီးလျင်နှစ်ဟူသောပုံသေသဘောတရားများမှရုန်းထွက်နိုင်မှသာလိင်ဆက်ဆံမှု
၏အရသာကိုတင်းပြည့်ကျပ်ပြည့်ခံစား၊စံစားရမည်ဖြစ်သည်။လူအတော်များများသည်လိင်ဆက်ဆံရာတွင်
လိင်တံကိုအဆုံးအထိထိုးသွင်းထားလိုက်ပြီး၊ထိုအတိုင်းအနည်းငယ်လှုပ်ရှားမှုများနှင့်စခန်း
သွားတတ်ကြသည်။ဤအချက်လည်းမှားသည်။အမျိုးသမီးလိင်အင်္ဂါ၏အ၀မှအတွင်းသို့ တစ်လက်မခွဲ
မှနှစ်လက်မအတွင်းသာအာရုံခံကြောများဖြင့်ပြည့်နှက်နေပြီး၊အတွင်းဖက်ပိုင်းတွင်အာရုံကြောများ
နည်းပါးသွားတတ်သည်ကိုသတိပြုပါ။လိင်ဆက်ဆံခါစတွင်သူမစိတ်ပါလာစေရန်အတွက်မိမိလိင်
တံ၏သုံးချိုးတစ်ချိုးလောက်ကိုသာအသွင်းအထုတ်ပြုလုပ်ပါ။နောက်ပိုင်းအမျိုးသမီးသည်စိတ်မာန်ထ
လာပြီးတစ်ဆင့်ထပ်မံတောင်းဆိုလာမှသာစိတ်ရှိတိုင်းခံစားနိုင်ပါသည်။တရုတ်အမျိုးသားတို့ ၏တာအို
အယူအဆတွင်လိင်တံ၏သုံးချိုးတစ်ချိုးလောက်ကိုသာထိုးသွင်းပြီးအမျိုးသမီိးကိုအနည်းဆုံးတစ်ခါ
လောက်ပြီးမြောက်စေရမည်ဟုပင်ညွှန်ကြားထားသည်ကိုလေ့လာမှတ်သားမိပါသည်။
၅-နှေးတစ်ခါမြန်တစ်လှည့်။
အထက်ပါအချက်အတိုင်းပင်အချို့သည်လိင်ဆက်ဆံမှုစတင်သည်နှင့်တစ်ပြိုင်နက်မာရသွန်ပြေးသလို၊
ကားမောင်းပြိုင်သလို၊၀က်ပက်သလိုတရစပ်မောင်းနှင်ပစ်ကြ၏။ထို့ ကြောင့်လည်းတစ်ခဏအတွင်းခြေ
ကုန်လက်ပမ်းကျကုန်ကြခြင်းဖြစ်သည်။အချို့ ကျပြန်တော့လည်းခဏလေးနှင့်ပြီးမည်ကိုကြောက်၍မ
လှုပ်တလှုပ်နှင့်လိပ်တောင်တက်သလိုလုပ်နေရင်းကစိတ်ကမြန်လွန်းနေသည့်အတွက်လည်းအမြန်
ဆုံးခန်းတိုင်သွားတတ်ကြ၏။ထို့ ကြောင့်နှစ်ချက်လုံးမှားသည်။လိင်မှုကိစ္စသည်ပြိုင်ပွဲဝင်နေခြင်းမ
ဟုတ်ပါ။လူ့ လောက၏အကောင်းဆုံးသောစည်းစိမ်ကိုခံစားခြင်းဖြစ်သည့်အတွက်ကြာနိုင်သမျှကြာ
အောင်ကြိုးစားသင့်ပါသည်။မိမိလိင်ဆက်ဆံဖက်၏စိတ်ခံစားမှုကိုအထူးဂရုပြုသင့်ပါသည်။သူမ၏
လိုလားချက်အပေါ်မူတည်၍နှေးတစ်ခါ၊မြန်တစ်လှည့်၊နွဲ့ တစ်ခါ၊ကြမ်းတစ်လှည့်ပြုလုပ်ရင်းကာယကံ
ရှင်နှစ်ဦးလုံး၏ကိုယ်ကာယအပြင်၊နာမ်ဝိညာဉ်ပါပေါင်းစပ်သွားနိုင်ရမည်ဖြစ်သည်။အိန္ဒိယတိုင်းသားများ
ကတော့***မိန်းမကိုအခြားနေရာများတွင်ညှာတာပါ။ကုတင်ပေါ်တွင်တော့လုံးဝမညှာပါနဲ့ ***ဟူ
သောအဆိုကိုလက်ကိုင်ပြုထားကြသူများဖြစ်သည်။
၆-နားနားပြီးသွားပါ။
မာရသွန်ပြေးနေခြင်းမဟုတ်၊ချစ်ပွဲဝင်နေခြင်းဖြစ်သည်ဟုသိလျင်လုံလောက်ပြီဖြစ်သည်။ယနေ့ လိင်
ဇာတ်ကားများတွင်ဇာတ်လိုက်များသည်လေးဆယ့်ငါးမိနစ်မှတစ်နာရီလောက်အထိမဒီကညာအများ
အပြားနှင့်အစွမ်းပြသွားသည်ကိုမြင်ဖူးကြမည်ဖြစ်သည်။သို့ သော်၎င်းတို့ ၏လျို့ ဝှက်ချက်ကိုဂရုမူမိ
သူနည်းပါးပေလိမ့်မည်။ထိုဇာတ်လိုက်များသည်မကြာခဏလိင်ဆက်ဆံမှု positions များအပြောင်းအ
လဲပြုလုပ်သည်ကိုသေချာဂရုစိုက်ကြည့်လျင်မြင်နိုင်မည်ဖြစ်သည်။ထို့ ကြောင့်တရစပ်လိင်ဆက်ဆံ
နေမည့်အစားပုံစံပြောင်းခြင်း၊ချော့မြူခြင်း၊ချစ်ခြင်းဖွဲ့ သီသောစကားလေးများပြောဆိုခြင်းဖြင့်အချိန်ကို
ဆွဲကာမိမိတို့ ၏ရင်ခုန်သံမြန်နှုန်းကိုလျော့ချသင့်ပါသည်။
၇-မှန်းပါ။
မိမိကိုယ်ကိုယုံကြည်မှုရှိသူ၏အသွင်အပြင်သည်တစ်ဖက်လူကိုများစွာစွဲဆောင်မှုဖြစ်စေသည်ကိုဂရုပြုပါ။
မိမိကိုယ်ကိုသုတ်ထိန်းနိုင်သူအဖြစ်မသိစိတ်ကလုံးဝယုံကြည်နေအောင်ကြိုးစားပြီးစိတ်ကူးပုံဖော်ပါ။
မိမိနှင့်ဒိတ်ထားသည့်ကောင်မလေးနှင့်တွေ့  လျင်မည်သို့ ဖြစ်မည်ကိုလည်းကြိုတင်စိတ်ကူးယဉ်ပြီးပ
လန်ချထားပါ။ကြိုတင်ပြင်ဆင်ထားသူသည်ရှုံးလေ့မရှိတတ်ပါ။
၈-PC လေ့ကျင့်ပါ။
မည်သည့်လိင်မှုပါရဂူမှငြင်းဆို၍မရသော၊လျစ်လျူရှု၍မရသောအမျိုးသားသုတ်ထိန်းစွမ်းဆောင်ရည်
နှင့်၊ပါတ်သက်သည့်လိင်မှုလျို့ ဝှက်ချက်မှာ၊ဒေါက်တာအာနိးကီးဂဲလ်တင်ပြခဲ့သော pubococcygeus
ခေါ် PC Muscle ဖြစ်သည်။ထိုကြွက်သားသည်အမျိုးသားရော၊အမျိုးသမီးတွင်ပါရှိသည်။အမျိုးသားများ
အတွက်ထိုကြွက်သားတည်နေရာကိုသိသာစေရန်ဆီးသွားနေစဉ်ရုတ်တရက်ဆီးကိုဆက်လက်မသွား
စေဘဲထိန်းထားကြည့်လိုက်ပါ။ထိုဆီးကိုထိန်းထားသောကြွက်သားသည်PC muscle ဖြစ်သည်။ထို
ကြွက်သားကိုလေ့ကျင့်လိုပါကအစပထမတွင်ဆီးသွားတိုင်းတရစပ်မစွန့် ထုတ်ဘဲ၊လေးငါးခါလောက်
နားနားပြီးသွားပါ။ထို့ နောက်တစ်နေ့ ကိုသုံးကြိမ်တစ်ခါလေ့ကျင့်လျင်အကြိမ်သုံးဆယ်လောက်လေ့
ကျင့်ပေးပါ။ရက်သတ္တပါတ်နှစ်ပါတ်အတွင်းသင်သည်ပိုမိုတောင့်တင်းသန်မာသော၊လိင်တံစွမ်းအားကို
ပိုင်ဆိုင်လာနိုင်မည်ဖြစ်ပြီး၊သုတ်ထိန်းစွမ်းအင်လည်းထူးခြားစွာတိုးတက်လာမည်ကိုဂရုပြုမိမည်ဖြစ်
သည်။ကြံ့ခိုင်သန်စွမ်းသောPC muscle မပိုင်ဆိုင်ဘဲ၊သုတ်ထိန်းနိုင်ရန်ကြိုးစားခြင်းသည်ရူးသွပ်မှုတစ်
ရပ်သာဖြစ်သည်။လေ့ကျင့်ရင်းအသားကျလာလျင်သင်ထိုင်နေစဉ်၊ကားမောင်းနေစဉ်၊အင်တာနက်သုံးနေ
စဉ်တွင်ပင်လေ့ကျင့်နိုင်လာမည်ဖြစ်သည်။
၉---သင့်လျော်သော်ပုံစံကိုရွေးတတ်ပါစေ။
လိင်ဆက်ဆံရာတွင်အမျိုးသားများအပြီးမြန်လွန်ခြင်း၏နောက်ထပ်အခြေခံကျသော၊အကြောင်းအရင်း
တစ်ရပ်မှာလိင်ဆက်ဆံမှုပုံစံအရွေးမှားခြင်းပင်ဖြစ်သည်။သုတ်လွှတ်မြန်သောအမျိုးသားများသည်၊ခန္ဓာကိုယ်
ကိုအထူးအားပြုရသော၊အာရုံခံစားမှုပြင်းပြသော၊လိင်ဆက်ဆံမှုပုံစံများဖြစ်သည့်၊Missionary position and Doggie style ကိုရှောင်ရှားသင့်ပါသည်။ထို့ အပြင်လိင်အားနည်းနေသောကြောင့်သုတ်
လွှတ်မြန်သူများသည်၊women on top ပုံစံကိုရှောင်သင့်ပါသည်။ထိုပုံစံသည်အမျိုးသားအနေနှင့်လှုပ်
ရှားမှုနည်းသည်မှန်သော်လည်း၊မကျွမ်းကျင်သောအဖော်ကြောင့်လိင်တံအပေါ်ဖိအားများသက်ရောက်
စေသည့်အတွက်အကောင်းထက်အဆိုးကပိုများသည်ကိုမမေ့သင့်ပါ။
၁၀-ကွန်ဒုံးသုံးပါ။
လိင်ဆက်ဆံစဉ်တွင်စိတ်လှုပ်ရှားမှုများလွန်းသူများသည်၊အာရုံခံစားမှုကိုလျော့ချပေးသော၊ကျန်းမာ
ရေးအတွက်အသုံးဝင်သော၊သားဆက်ခြားနည်းတစ်မျိုးဖြစ်သောကွန်ဒုံးကိုသုံးစွဲသင့်ပါသည်။အမျိုးသား
အများစုသည်ဤနည်းစနစ်ကိုမနှစ်သက်ကြသော်လည်း၊မိမိ၏ချစ်သူကြည်ဖြူပါကစမ်းသပ်သုံးစွဲသင့်ပါ
သည်။
၁၁-နှုတ်ချို၊သျှိုတစ်ပါး။
လိင်ဆက်ဆံမှုပုံစံနည်းစနစ်များစွာထဲတွင်အမျိုးသမီးတစ်ရာလျင်တစ်ရာလုံးကြိုက်နှစ်သက်သော၊လိင်
ဆက်ဆံမှုပုံစံမှာ၊Oral sex ဖြစ်သည်။သုတ်လွှတ်မြန်ခြင်းကြောင့်စိတ်ပျက်နေသူများ၊ဤနည်းစနစ်ကို
စမ်းသပ်ကြည့်ပါ။သင့်အဖော်၏ဟန်ဆောင်ခြင်းကင်းမဲ့သော၊ဆူပွက်ပြင်းထန်သောအထွတ်အထိပ်ခံ
စားရပုံကိုသင်အံ့သြစွာမြင်ရမည်ဖြစ်သည်။အမျိုးသမီးအများစုသည်လိင်ဆက်ဆံစဉ်တွင်မည်သည့်ပုံ
စံဖြင့်ဖြစ်စေပြီးမြောက်ခြင်းကိုခံစားရပါကသင့်အတွက်အိုကေမည်ဖြစ်သည်။oral sex ဖြင့်သူမ၏ကျေ
နပ်မှုကိုဖြည့်စွမ်းပေးထားနိုင်ပါကသုတ်လွှတ်မြန်ခြင်းသည်အဓိကပြသနာတစ်ရပ်မဟုတ်တော့ပေ။
၁၂-Once more!
အမျိုးသားအများစုသည်၊ပထမတစ်ကြိမ်သုတ်လွှတ်ပြီးပါကဒုတိယတစ်ကြိမ်တွင်သုတ်ထိန်းအားပို
ကောင်းလာပြီးအချိန်ပိုကြာလာမည်ဖြစ်သည်။သို့ သော်အကြောင်းအမျိုးမျိုးကြောင့်ဒုတိယတစ်ကြိမ်
လိင်တံထောင်မတ်နိုင်စွမ်းမရှိပါက၊ဗီယာဂရာ၊ကာဗာတာ၊ဆီလာဂရာ၊ဇိုင်ဒါဖေလ်း၊ဆီဒိုရာ၊မက်စ်မန်းစ
သောလိင်တံတောင်မတ်စေသည့်အားဖြည့်ဆေးများကိုပြည်တွင်းဈေးကွက်တွင်အလွယ်တကူဝယ်ယူ
ရရှိနိုင်ပြီဖြစ်သည့်အတွက်သတင်းကောင်းပင်ဖြစ်သည်။သို့ သော်ဆရာဝန်ညွှန်ကြားသော၊ဆေးဝါးမှတ်
ပုံတင်ထားသော၊ဆေးများသာစိတ်ချရပါကြောင်းကိုအကြံပြုတင်ပြအပ်ပါသည်။
လိင်ပညာပေးဆောင်းပါးဖြစ်သည့်အတွက်၊အဖက်ဖက်မှသတိထားရေးသားတင်ဆက်ခြင်းဖြစ်သော်
လည်း၊စာရှုသူအတွက်တစ်စုံတစ်ရာစိတ်အနှောက်အယှက်ဖြစ်စေပါကအနူးအညွှတ်တောင်းပန်အပ်
ပါသည်။
အမျိုးသားအားလုံးသန်ပြီးစွမ်းနိုင်ကြသူများဖြစ်နိုင်ကြပါစေ။
လေးစားလျက်----

နိုင်ဦး---၁၁၉
www.myanmarfitness.com

2 comments:

  1. Hello, every adult males here !

    Please vote your penis size anonymously (especially Asian or Chinese) at http://www.misterpoll.com/polls/558788

    See the results of average penis size per country directly at http://www.misterpoll.com/forums/267558/topics/244292

    ReplyDelete
  2. The best good knowledge for every man. thank you so much for everything.

    ReplyDelete