arial" action="like" colorscheme="light">

Sunday, March 9, 2014

ဒိုရီယံရိတ်စ်၏ကာယဗလအမြင်များ

ဒိုရီယန်ရိတ်စ်အကြောင်းကိုကျွန်တော်သည်ကာယဗလဆောင်းပါးများေ၇းသားရာတွင်မကြာခဏဆိုသလို
တင်ဆက်ရေးသားပေးခဲ့သည်။အဘယ်ကြောင့်ဆိုသော်သူ့တွင်အခြားမောင်အိုလံပီယာများနှင့်မတူသည့်ခံယူ
ချက်များနှင့်ကာယဗလအားကစားသမားများအတုယူထိုက်သည့်လေးစားဖွယ်အဆိုအမိန့်များ
ပါရှိနေသောကြောင့်ဖြစ်သည်။ယနေ့အချိန်ထိပေါ်ထွန်းခဲ့သမျှမောင်အိုလံပီယာတိုင်းတွင်ဒိုရီယန်ရီတ်စ်ကဲ့
သို့အခက်အခဲများကြားမှ၊ပြိင်ဘက်ကောင်းများကြားမှာယှဉ်ပြိုင်ခဲ့သူမှာရှားပါသည်။ သူသည်သူ့ခေတ်သူ့အခါကနာမည်ကျော်မောင်အိုလံ ပီယာပြိုင်ဘက်ကောင်းများသည်သူ့နောက်တွင်တန်းစီနေသည်။နည်းနည်းကလေးတိမ်းစောင်းသွားသည်နှင့် သူ၏ဆုတံဆိပ်သည်အခြားတစ်ယောက်လက်ထဲသို့လွဲပေးရနိုင်လောက်အောင်သူ့နောက်က မောင်အိုလံပီ
ယာများသည်သူ၏အလစ်ကိုကျားချောင်းချောင်းနေကြသည်မှာဧကန်အမှန်ဖြစ်သည်။ မောင်အိုလံပီယာဆုတံ
ဆိပ်ကိုဒဏ်ရာများကြားမှာအသည်းအသန်ကစားရင်းခြောက်ကြိမ်မြောက်အထိသူကာကွယ်ခဲ့သည်။သူနေရာ
မှာတစ်ခြားမောင်အိုလံပီယာတစ်ယောက်ဆိုလျင်တော့ဘယ်လိုဖြစ်မည်မသိပေ။သူကတော့ ဒဏ်ရာများနှင့်နာကျင်စွာဖြတ်သန်းပြီးဆုတံဆိပ်(၆)ဆုကိုယူနိုင်ခဲ့သည်မှာအမှန်ပင်ဖြစ်သည်။ယခုတင်
ဆက်ပေးသောဆောင်းပါးလေးသည် ၅ကြိမ်မြောက်မောင်အိုလံပီယာပြိုင်ပွဲမတိုင်ခင်တွေ့ဆုံမေးမြန်းမှုလေးကိုတင်ဆက် ပေးလိုက်ခြင်းဖြစ်သည်
။ဆောင်းပါးလေးသည်ယနေ့ခေတ်ကိုမမှီသော်လည်းဒိုရီယန်၏ပြောစကားများသည် ကျွန်တော်တို့လိုကာယဗလ၀ါသနာရှင်များအတွက်ခေတ်နောက်ကျသည်မရှိပေ။ွ
    “ဒိုရီယံ၊ရိတ်စ်” ဟာ ၁၉၉၂-ခုနှစ်ကစပြီး ၁၉၉၇-ခုနှစ်အထိ မောင်အိုလံပီယာသရဖူကို (၆)ကြိမ် ဆက်တိုက် အနိုင်ရရှိခဲ့ပါတယ်။ မောင်အိုလံပီယာပြိုင်ပွဲမှာ တတိယအနိုင်စံချိန်အများဆုံးသူ (၁၉၉၇ခုနှစ်အထိ)ဖြစ်လာခဲ့ ပါတယ်။ သူ့အထက်မှာ “လီး၊ဟေနီ” (၈)ကြိမ်နဲ့ “အာနိုး” (၇)ကြိမ်တို့ဘဲ အသာရှိပါတယ်။
    ၁၉၉၄-ခုနှစ်မှာ ဒိုရီယဲ၊ရိတ်စ် ဟာ ဒဏ်ရာသုံးမျိုးရရှိခဲ့တဲ့ကြားက မောင်အိုလံပီယာမှာ ဗိုလ်စွဲခဲ့ တယ်။ သူမနိုင်ထိုက်ဘူးလို့ ထင်သူတွေ ရှိခဲ့တယ်။ ဒါပေမယ့် ၁၉၉၅ နဲ့ ၁၉၉၆-ခုနှစ် ပြိုင်ပွဲတွေမှာ ဒိုရီယံ ဟာ ဒိုင်အားလုံးရဲ့ တစ်ညီတစ်ညွတ်တည်း အဆုံးအဖြတ်နဲ့ အပြတ်ဗိုစွဲခဲ့တော့ ကမ္ဘာ့ကာယဗလလောက တစ်ခုလုံး မီးခိုးတိတ် ပါးစပ်ပိတ်သွားခဲ့ကြတယ်။
    အခုအခါမှာတော့ “ဒိုရီယံ၊ရိတ်စ်” ဟာ “လီး၊ဟေနီ” ရဲ့ (၈)ကြိမ် အနိုင်စံချိန်ကို ချိုးနိုင်မည့်သူလား လို့ ပိုပြီး စိတ်ဝင်စားလာကြတယ်။ ဒိုရီယံကလည်း ထင်ပေါ်ကျော်ကြားမှုကို မမက်ဘူး၊ ကာယဗလာကမ္ဘာ မှာ ရှေ့တန်းမထွက်ဘဲ အင်္ဂလန်မှာဘဲနေ တစ်နှစ်မှာ မောင်အိုလံပီယာတစ်ပွဲကိုဘဲ အဓိကအားခဲပြီး ပြိုင်ခဲ့တယ်။
    ဒီဆောင်းပါးက ၁၉၉၆-ခုနှစ် မောင်အိုလံပီယာပွဲ မတိုင်ခင်လေးမှာ ဒိုရီယံနဲ့ တွေ့ဆုံမေးမြန်းခဲ့မှု ဖြစ်ပါတယ်။
-    ဒိုရီယံရဲ့ ခွန်အားအကောင်းဆုံးလက်နက်ကဘာလဲ?
-    ဒိုရီယံဟာ လီး၊ဟေနီ စံချိန်ချိုးဖို့ ကြိုစားမလား?
-    ကာယဗလပြိုင်ပွဲတွေမှာ “ကြွက်သားကြီးထွားတိုင်း” အနိုင်ရပါ့မလား?
-    ကာယဗလအားကစားနည်းရဲ့ အနာဂတ်ရှေ့ရေးက ဘယ်လိုလဲ?
ဒီဆောင်းပါးမှာ ဆက်လက်ဖတ်ကြည့်ပါ။
မနှစ်က မောင်အိုလံပီယာပြိုင်ပွဲကို ဘယ်လိုပြန်ပြီး သုံးသပ်မိပါသလဲ?
    ပြိုင်ပွဲအခြေအနေနဲ့ အခုအခြေအနေအရ ကျွန်တော်ဟာ အကောင်းဆုံးဖြစ်လိမ့်မယ် ထင်ပါတယ်။ ၁၉၉၄-ခုနှစ်က ကျွန်တော့်ဘယ်ဘက်ပုခုံး ဒဏ်ရာရခဲ့တယ်။ ဘယ်ဘက်လက်မောင်းရှေ့သားလည်း စုတ်ပြဲခဲ့တော့ ၁၉၉၅-ခုနှစ်၊ ဧပြီလအထိ အစွမ်းကုန် မကစားနိုင်ခဲ့ဘူး။ မနှစ်ကပွဲအတွက် ကျွန်တော် ငါးလ အချိန်ယူပြီး လေ့ကျင့်ချိန်ရခဲ့ပါတယ်။
၁၉၉၅-ခုနှစ်၊ မေလ အခြေအနေနဲ့ အခုအခြေအနေ ဘယ်လိုကွာခြားပါသလဲ?
    ကျွန်တော် မနှစ်ကပြိုင်ပွဲမှာ ကိုယ်အလေးချိန် ၂၅၅-ပေါင်နဲ့ ပြိုင်ခဲ့တယ်။ အခုလက်ရှိအချိန်မှာ ပေါင်-၃၀၀ ရှိတယ်။ ဒီနှစ်ပြိုင်ပွဲကို ပေါင် ၂၆၀-လောက်နဲ့ ကြွက်သားတွေ ကွဲပြားပေါ်လွင်နေတဲ့ အခြေအနေနဲ့ ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။
အခုအခါ မောင်အိုလံပီယာပြိုင်ပွဲမှာ အနိုင်ရဖို့က ကိုယ်ကာယလှပပြေပြစ်မှု (Symmetry) နဲ့ ကြွက်သားများ အချိုးအစား (Balance) ကောင်းဖို့တို့ထက် ကြွက်သားကြီးထွားမှု (Mass) က ပိုအရေးကြီးတယ်လို့ ယူဆ နေကြတယ်။ ဒီလိုဖြစ်လာတာ ခင်ဗျားကြောင့်လို့ မြင်နေကြတယ်။ ဘာပြောလိုပါသလဲ?
    အဲဒီလို ပြောဆိုနေကြတာကို ကျွန်တော်ကြားခဲ့ရတာ အကြိမ်ပေါင်းမရေတွက်နိုင်တော့ပါဘူး။ ကြားရတာ ကျွန်တော်ငြီးငွေ့လာပါပြီ။ မှန်ပါတယ်။ ကာယဗလအားကစားနည်းမှာ ကြွက်သားကြီးထွားမှုဟာ အဓိကအချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုတည်းသော အရေးပါမှုတော့ မဟုတ်ပါဘူး။ ကျွန်တော့် ကိုယ်ခန္ဓာမှာ ကြွက်သားတွေ အချိုးအစားမညီညွတ်မှု မရှိပါဘူး။ ကျွန်တော့်ကိုယ်ခန္ဓာအပေါ်ပိုင်းဟာ အောက်ပိုင်းနဲ့ အချိုးအစားမညီမမျှ ဖြစ်နေတာ တွေ့ရသလား? ကျွန်တော့်ကိုယ်ခန္ဓာမှာ ဘယ်ဘက်အခြမ်း ကြွက်သားတွေက ညာဘက်အခြမ်း ကြွက်သားတွေထက် ပိုပြီးကြီးထွားနေသလား? ကျွန်တော့်ပေါင်တွေ က သိပ်တိုပြီး ကိုယ်လုံးက ခါးလျားရှည်နေသလား? ကျွန်တော့်မှာ ပြဿနာရှိနေရင် တစ်ယောက်ယောက် က ပြောပြစမ်းပါ။ ကျွန်တော့်ရဲ့ လေ့ကျင့်မှုဟာ ကြွက်သားတွေ တစ်ခုနဲ့တစ်ခု အချိုးအစားညီညွတ်စွာ ကြီးထွားတိုးတက်မှု (Proportionate Development) အတွက် လုံးဝဥဿုံ အခြေခံထား ကစားပါတယ်။
    ကာယဗလသမားတစ်ဦးဟာ ကိုယ်အလေးချိန် ၂၃၀ ပေါင်ကျော်သွားရင် သူ့မှာ “ကိုယ်ကာယ အလှ ပြေပြစ်မှု” (ဆင်မက်ထရီ) နဲ့ “ကြွက်သားများ အချိုးအစားညီညွတ်မှု” (ပရိုပိုးရှင်း) မရှိနိုင်တော့ဘူး ဆိုတဲ့ အမြစ်တစ်ခု ရှိနေပုံရပါတယ်။ “ဆင်မက်ထရီ”ဆိုတဲ့ စကားလုံးကို တစ်ချို့က ဘာသာပြန်ပုံ လွဲနေ ကြတယ်။ မျက်စိထဲမှာ ကြည့်လို့ကောင်းတာနဲ့ ကိုယ်ခန္ဓာလှပပြေပြစ်မှုရှိတာကို ရောထွေးနေကြပုံရတယ်။
    ကျွန်တော် မောင်အိုလံပီယာ (၄)ကြိမ် ရပြီးခဲ့ပါပြီ။ တစ်ကယ်တော့ ကျွန်တော်ဟာ စင်မြင့်ပေါ်မှာ  ကိုယ်ခန္ဓာအကြီးဆုံးဖြစ်လို့ အနိုင်ရခဲ့တာ မဟုတ်ပါဘူး။ “နာဆာ၊ အယ်လ်၊ ဆွန်ဘတ်တီ” နဲ့ ”အီယန်၊ ဟယ်ရီဆင်” (ဗြိတိန်) တို့ နှစ်ယောက်စလုံး ကျွန်တော့်ထက် ကိုယ်အလေးချိန်ပိုများကြသူတွေ ဖြစ်ပါတယ်။ “လူဖာရစ်ရစ်နို” နဲ့ “ပေါလ်ဒီလေး” တို့လို အကြီးစားကြီးတွေလည်း ပြိုင်ပွဲမှာ ပါခဲ့ကြာတာပဲ။ ကျွန်တော် အနိုင်ရဗိုလ်စွဲခဲ့တာ ကြီးတာတစ်ခုတည်းကြောင့် မဟုတ်ဘူး။ ကျွန်တော့်မှာ ဘက်စုံပြည့်စုံမှုရှိလို့ နိုင်ခဲ့တာ ပါ။ ကျွန်တော့်မှာ ကြွက်သားတွေကြီးထွားမှု၊ အချိုးအစားညီညွတ်တဲ့ ကြီးထွားမှုနဲ့ ကြွက်သားတွေ ကျစ်လစ် မာကျောမှုတို့ အားလုံးပေါင်း ဘက်စုံညီညွတ်မှုကြောင့် ဗိုလ်စွဲခဲ့တာပါ။
“အန်ဒရေယပ်စ်၊ မွန်ဇာ” သေဆုံးမှု(သူသေဆုံးမှုအကြောင်းရေးသားပြီးဖြစ်ပါသည်။)ကို ဘယ်လိုတုန့်ပြန် ထင်မြင်ချက်ရှိခဲ့ပါသလဲ?
    ကျွန်တော် သူ့ကို ကောင်းကောင်းမသိပါဘူး။ ဒါပေမယ့် တုန်လှုပ်အံ့သြပြီး စိတ်မကောင်းဖြစ်ခဲ့မိ ပါတယ်။ ကိုယ်နဲ့ ဘ၀တူချင်းဆိုတော့ ဆုကြေးစား ကာယဗလသမားတွေဟာ တစ်ဦးနဲ့တစ်ဦးအကြားမှာ ဖွင့်မပြောဘဲနဲ့ နီးစပ်မှုတော့ ရှိနေကြပါတယ်။ ကျွန်တော့်ကို ဒေါသဖြစ်စေတာ တစ်ခုတော့ရှိခဲ့တယ်။ သူသေတာနဲ့ပတ်သက်လို့ အချက်အလက်တွေ ဘာမှမသိရသေးခင်မှာ သူဟာ တားမြစ်ဆေးဝါးတွေ သုံးစွဲမှုကြောင့်လို့ အပြစ်တင်စကားတွေကို ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒါတွေ မှန်-မမှန်ဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်။ ဒါပေမယ့် အန်ဒရေယပ်စ် ခဗျာ ဘာမှပြန်ပြီး ခုခံပြောဆိုမှု မလုပ်နိုင်တော့တဲ့ အချိန်မှာ လူတွေက သူ့ရဲ့ဂုဏ်သိက္ခကို ဖျက်လိုဖျက်ဆီး လုပ်ကြာတာက စိတ်မကောင်းစရာဘဲပေါ့။
မွန်ဇာ ကွယ်လွန်မှုက ခင်ဗျားကို သတိပေးနှိုးဆော်သံတွေ ပေးခဲ့သလား?
    ထိပ်တန်းပြိုင်ပွဲတစ်ခုအတွက် လေ့ကျင့်ကြရာမှာ ကျွန်တော်တို့တစ်တွေဟာ စွန့်စားမှု အန္တရာယ် တစ်ခုတစ်လေကိုတော့ ယူကြတာကို ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဒါပေမယ့် အဲဒီစွန့်စားမှု အန္တရာယ်တွေကို နည်းနိုင်သမျှနည်းအောင် ကိုယ့်ဖာသာကိုယ် တာဝန်ယူရလိမ့်မယ်။ ကျွန်တော့်အနေနဲ့ တော့ မလိုအပ်တဲ့ စွန့်စားမှုမျိုး မလုပ်ဘူး။
    တစ်ကယ်တော့ ပြိုင်ပွဲတစ်ခုအတွက် ဆုကြေးစားကာယဗလာသမားတွေရဲ့ ရုပ်ပိုင်းအခြေအနေ ဟာ သဘာဝအခြေအနေအတိုင်း မဟုတ်ဘူး။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စွန့်စားမှုအန္တရာယ်တွေ့တောင် ရှိနိုင်တယ်။ ကာယဗလအားကစားနည်းဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အားကစားနည်း မဟုတ်ပေ လား။ သိပ်ကို ဟုတ်တာပေါ့။ ကိုယ်ကာယတိုးတက်မှုအတွက် အလေးတွေနဲ့ လေ့ကျင့်တာဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လှုပ်ရှားမှုပါ။ ဒါပေမယ့် ကျွန်တော်တို့လို ဆုကြေးစားမောင်တွေအတွက်ကျတော့ အဲဒီလှုပ်ရှားလေ့ကျင့်မှုတွေဟာ တစ်ဖက်စွန်းအထိ ရောက်စေပါတယ်။ အဲဒီအခါမှာ ကျန်းမာရေးအတွက် ဦးစားပေးမှုဆိုတာ မရှိတော့ပါဘူး။ အနိုင်ရရှိရေးသာ အဓိကဦးစားပေးဖြစ်လာပါတယ်။ ကမ္ဘာမှာ အကောင်းဆုံး ကာယဗလသမားဖြစ်ရေးဟာ ရည်မှန်းချက်ပန်းတိုင် ဖြစ်လာပါတယ်။ အဲဒါကြောင့် သာမန် လူသားတစ်ယောက်လုပ်နိုင်တဲ့ စွမ်းရည်အဆင့်ထက် ပိုပြီး အားထုတ်လေ့ကျင့်ခဲ့ကြရတယ်။
    တစ်ခြားအားကစားနည်းတွေအတွက်လည်း ဒီသဘောတရားအတိုင်းပါဘဲ၊ ပြေးတာကို ကြည့်ပါ။ ဂျော်ဂင်ဖြေးဖြေးပြေးတာဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်။ အသက်ရှည်မှုကို အထောက်အကူပြုနိုင်တယ်။ ဒါပေမယ့် အပြေးသမားတစ်ဦးဟာ ကမ္ဘာ့ထိပ်တန်း မာရသွန်အပြေးသမားတစ်ဦးဖြစ်လာဖို့ ရည်မှန်းချက် ရှိတယ်ဆိုရင်တော့ အဲဒီလူဟာ လူသားတွေရဲ့ အစွမ်းကုန် စွမ်းအားကန့်သတ်မှုကို ကျော်လွန်နိုင်အောင် ကြိုးစားရှာဖွေရတော့မယ်။ အဲဒီလို လုပ်ရရင် ကျန်းမာရေးနဲ့ညီညွတ်ချင်မျ ညီညွတ်တော့မယ်။ စွန့်စားရမှု အန္တရာယ်ဆိုတာ ပါလာပြီလေ။
    ၁၉၉၂-ခုနှစ်မှာ “မိုဟာမက်၊ ဘင်နာဇီဆာ” သေဆုံးခဲ့ပြီးနောက် (တားမြစ်ဆေးသုံးစွဲမှု) ကာယဗလ သမားတွေဟာ ပြိုင်ပွဲအတွက် ပြင်ဆင်မှုကို တုန်လှုပ်စွာသတိထားကြလိမ့်မယ်။ နောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်ကြလိမ့်မယ်လို့ ထင်ကောင်းထင်ခဲ့နိုင်ကြပါတယ်။ ဒါပေမယ့် ကံမကောင်းအကြောင်းမလှစွာနဲ့ အဲဒီလို ဖြစ်မလာခဲ့ပါဘူး။
ကာယဗလအားကစားနည်းရဲ့ အနာဂတ်ဦးတည်ချက်ကို ဘယ်လိုမြင်ပါသလဲ?
    ပြိုင်ပွဲစင်မြင့်ပေါ်မှာ ကာယဗလမောင်တွေဟာ “အရိုးတွေမြင်ရမတတ် ကြွက်သားများ ပေါ်လွင် ကွဲပြားမှု” (Ripped-to-the-bone) ရှိနေပုံကို အားမပေးဘဲ ပြုပြင်ပေးရေးကို တောင်းဆိုမှုတစ်ခု ရှိနေပါ တယ်။ ဒါပေမယ့် အဲဒါကို ပြောင်းပြန်လှန်ပြစ်လို့ ရနိုင်လိမ့်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။
    မော်တော်ကားကထွက်တဲ့ မီးခိုးတွေဟာ ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုဖြစ်စေတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိနေကြတာပဲ။ ဒါပေမယ့် အဲဒီလိုဖြစ်တာနဲ့ ကျွန်တော်တို့မော်တော်ကားတွေ မစီးဘဲ မြင်းလှည်းခေတ်ကို ပြန်သွားလို့ ဖြစ်နိုင်မတဲ့လား။ အဲဒီ ဒဿနဟာ အားကစားနည်းမှာလည်း အကြုံးဝင် ပါတယ်။ အဆင့်တစ်ခု အတိုင်းအတာအထိ ရောက်ခဲ့ပြီးမှ အဲဒီအဆင့်အောက် နိမ့်ကျတဲ့ အဆင့်တစ်ခုကို ပြိုင်ပွဲဝင်များ ပွဲကြည့်ပရိသတ်နဲ့ ၀ါသနာအိုးများ။ စာနယ်ဇင်းသမားများတို့က လက်ခံဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။
    ကြွက်သားတွေ အလွန်ကွဲပြားလှတဲ့ ကာယဗလမောင်တွေကို အပြည်ပြည်ဆိုင်ရာ ကာယဗလ အဖွဲ့ချုပ် (IFBB) က ချီးမြှင့်မြှောက်စားလွန်းတယ်လို့ လူတွေက ဝေဖန်ကြတာကို ကျွန်တော်ကြားရ ပါတယ်။ ဒါပေမယ့် ဘယ်အတိုင်းအတာက “ကြွက်သားများ ကွဲပြားလွန်းတယ်” (too ripped) ဘယ်အတိုင်းအတာက “လုံလောက်တဲ့ ကြွက်သားကွဲပြားမှု” (ripped enough) ဖြစ်တယ်ဆိုတာကို ပိုင်းခြားဖို့ အလွန်ခက်ခဲပါတယ်။ အဲဒါက “ကားလ်၊ လူးဝစ္စ” (အိုလံပစ်နှင့် ကမ္ဘာ့တာတိုအပြေးချန်ပီယံ) ကို သိပ်ပြီး အနှေးကြီးလည်းမပြေးနဲ့ သိပ်ပြီး အမြန်ကြီးလည်းမပြေးနဲ့လို့ ပြောဆိုတာနဲ့ တူပါလိမ့်မယ်။
    “အခုအချိန်မှာ ကျွန်တော့်ရဲ့ ရည်မှန်းချက်မှတ်တိုင်ကတော့ ကျွန်တော့်အနေနဲ့ တတ်နိုင်သမျှ ကြွက်သားတွေ ကွဲပြားပေါ်လွင်မှု ရှိရမယ်ဆိုတာ ကျွန်တော်ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ? ပြိုင်ပွဲဝင် မောင်တစ်ဦးဟာ ကြွက်သားတွေ ကွဲပြားပေါ်လွင်မှု မပြည့်စုံဘဲနဲ့ တက်ပြိုင်ပြီးမှ ကြွက်သားတွေ ပျော့တယ် လို့ အပြောခံရပြီး အရှုံးနဲ့ ရင်ဆိုင်ရမှာလား? ဒါက ဘာနဲ့တူသလဲဆိုတော့ “မိုက်၊တိုက်ဆန်” က နာနာ မထိုးပါဘူးလို့ ကတိပေးထားခဲ့လို့ ယုံပြီး လက်ဝှေ့ကြိုးဝိုင်းထဲ ၀င်ထိုးပါတယ်။ တစ်ကယ်ကျတော့ ထင်သလိုမဟုတ်ဘဲ နာနာထိုးခံရတဲ့ အဖြစ်မျိုးနဲ့ တူပါလိမ့်မယ်။
လီး၊ဟေနီရဲ့ မောင်အိုလံပီယာ (၈)ကြိမ် အနိုင်ရထားတဲ့ စံချိန်ကို ချိုးဖို့ ကြိုးစားမှာလား?
    အိုး - - - ။ ဒီမေးခွန်းက ကျွန်တော်တစ်ခါမှ အမေးမခံရဘူးသေးတဲ့ မေးခွန်းဖြစ်နေပါတယ်။ လီး၊ဟေနီ ရဲ့ စံချိန်ကို မှီဖို့ကိစ္စဟာ ကျွန့်တော့်ရည်မှန်းချက်တစ်ခု မဟုတ်ပါဘူး။ သူ့စံချိန်ကို ကျွန်တော် နိုင်အောင် ချိုးရမယ်ဆိုတဲ့ ခံစားချက်မျိုးလည်း ကျွန်တော့်မှာ မရှိပါဘူး။ လီး၊ဟေနီ ရရှိခဲ့တဲ့ အောင်မြင်မှု ဟာ ထူးထူးခြားခြားအံ့သြဖွယ်ကောင်းလှပါတယ်။ တစ်ခုသတိပြုရမှာ ရှိတယ်။ လီး၊ဟေနီ ဟာ အသက် (၂၄)နှစ် အရွယ်မှာ မောင်အိုလံပီယာဘွဲ့ကို ပထမဆုံးအကြိမ် စပြီးဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကျွန်တော် မောင်အိုလံပီယာဘွဲ့ စရတော့ ကျွန်တော့်အသက် (၃၀) ရှိနေပြီး ကျွန်တော်က မောင်အိုလံပီယာမှာ တစ်နှစ်ချင်းပြိုင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်စိတ်ဓာတ် တက်ကြွမှုရှိနေသမျှတော့ ဆက်ပြီးပြိုင်သွားမှာ ပါ။
    “ကျွန်တော်ဟာ အခုထက်ပိုပြီး တိုးတက်နိုင်သေးတယ်” ဆိုတဲ့ စိတ်ခံစားချက်က ကျွန်တော့်ကို စိတ်တက်ကြွနေအောင် မီးထိုးလှုံ့ဆော်ပေးနေပါတယ်။ ကျွန်တော့်အနေနဲ့ နောက်ထပ်တိုးတက်မှု ရရှိနိုင်ဖို့ ခက်သွားပြီလို့ တွေ့ရှိရတဲ့အချိန်မှာ ကျွန်တော့်စိတ်ရဲ့ လှုံ့ဆော်နိုးကြွမှုတွေ ပြိုလဲသွားနိုင်ပါလိမ့်မယ်။ အဲဒီ အချိန်ကျရင် ကျွန်တော့်မှာ တိုးတက်မှုအသစ်တွေ မရတော့ဘဲနဲ့ ဘာဖြစ်လို့ ဆက်ပြီး အပင်ပန်းခံ အနာခံပြီး ဆက်သွားနေတော့မှာလဲ?  လို့ ကျွန်တော်တွေးမိလာတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်လုပ်နေတဲ့အလုပ်မှာ ပျော်ပြီး ငါတိုးတက်နိုင်သေးတယ်ဆိုတဲ့ ခံစားချက်ရှိနေသမျှ ကာလပတ်လုံးတော့ ကျွန်တော်ရှေ့သို့ ဆက်လျှောက်နေဦးမှာ ဖြစ်ပါတယ်။
မောင်အိုလံပီယာပြိုင်ပွဲမှာ ရှုံးနိမ့်မယ်လို့ တွေးတောမိဖူးသလား?
    ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။ အဲဒီလိုတွေးခဲ့ရင်လည်း ကျွန်တော့်အတွက် “ရှုံးပွဲ” ကို ပြင်ဆင် ပေးတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဆိုကြပါစို့။ ကျွန်တော်လိုဘဲ မျိုးရိုးဗီဇ လက္ခဏာကောင်းတွေပါပြီး၊ ကျွန်တော့်လိုပဲ တွန်းအားစိတ်ရှိပြီး ကျွန်တော့်လိုပဲ နိုင်ချင်ဇောကြီးတဲ့ နောက်ထပ် “ဒိုရီယံ၊ရိတ်စ်” တစ်ယောက်ကို တွေ့မြင်ခဲ့ရရင်သာ ကျွန်တော့်မှာစပြီး စိတ်ပူစရာ ဖြစ်မှာပါ။ အခုလက်ရှိ အနေအထား အတိုင်းမှာတော့ ကျွန့်တော်ဘာမှ စိတ်ပူစရာ မရှိသေးပါဘူး။
အံ့သြစရာကောင်းတဲ့ လူသစ်တစ်ဦးကများ မောင်အိုလံပီယာသရဖူကို ဆွတ်ခူးသွားခဲ့ရင် ဘယ်လို တုံ့ပြန်မလဲ?
    ပထမဆုံးအနေနဲ့တော့ သူ့ကို ကျွန်တော် “ကွန်ဂရက်ကျူလေးရှင်း” (Congratulation) လုပ်ပြီး ချီးကျူးပါမယ်။ မောင်အိုလံပီယာဘွဲ့ကို ရရှိဖို့ ဘယ်လောက်အထိ လျှောက်လှမ်းဖြတ်သန်းခဲ့ရသလဲဆိုတာ ကို ကျွန်တော်သိလို့ ထိုက်ထိုက်တန်တန် ချီးကျူးရပါလိမ့်မယ်။ ကျွန်တော် အဲဒီလို ရှုံးသွားခဲ့ရင် နောက်နှစ်မှာ ဆက်ပြိုင်မလား? မပြိုင်တော့ဘူးလား? ဆိုတာကတော့ ကျွန်တော် ဘယ်လိုရှုံးခဲ့သလဲ? ဆိုတဲ့ အပေါ်မှာ မူတည်ပါလိမ့်မယ်။ ကျွန်တော်က လုံးဝအကောင်းဆုံးအခြေအနေမှာ ရှိလျက်နဲ့ ရှုံးခဲ့မယ်။ ပြီးတော့ နောက်နှစ်မှာလည်း ကျွန်တော့်အနေနဲ့ အများကြီးမတိုးတက်နိုင်တော့ဘူးဆိုတာကို ခံစားရမယ် ဆိုရင်တော့ ကျွန်တော် ဆက်ပြိုင်စရာအကြောင်း သိပ်မရှိတော့ပါဘူး။ အဲဒီလို ဖြစ်ခဲ့ရင် ကျွန်တော်က ဂုဏ်ရှိရှိ ကျက်သရေရှိရှိနဲ့ ဘေးဆင်းပေးလိုက်တော့မှာဘဲ။ “ငါဟာ ထိပ်ဆုံးမှာ အတော်ကြာကြာ ရပ်တည်ခဲ့ပြီးပြီ အခု ငါ့ထက်ပိုကောင်းတဲ့ လူတစ်ယောက်ရောက်လာပြီ” လို့ ကျွန်တော်ထုတ်ပြောမှ ဖြစ်ပါတယ်။ ကျွန်တော်ရှုံးခဲ့ပေမယ့် အကောင်းဆုံးအနေအထားမှာ မရှိလို့ ရှုံးခဲ့တယ်၊ နောက်နှစ်မှာ တိုးတက်ပြီး သရဖူကို ပြန်ယူနိုင်ဖွယ်ရာရှိတယ် ဆိုရင်တော့ ကျွန်တော်ဆက်ပြီး ပြိုင်သွားမှာ ဖြစ်ပါတယ်။
တစ်ခြားပြိုင်ဘက်တွေထက်သာတဲ့ ခင်ဗျားရဲ့ အဓိကလက်နက်က ဘာလဲဆိုတာကို ဘယ်လိုပြောချင် ပါသလဲ?
    ကျွန်တော့်ရဲ့ “စိတ်ဓာတ်ခံယူချက် သဘောထားနဲ့ တွန်းအား” တို့ ဖြစ်ပါတယ်။ ကာယဗလ အားကစားနည်းဟာ ဘယ်အခါမှ ကျွန်တော့်အတွက် မှီခိုအားပြုစရာ “ချိုင်းထောက်” တစ်ခု မဖြစ်ခဲ့ပါဘူး။ ကာယဗလအားကစားနည်းတစ်ခုသာ ဖြစ်ခဲ့ပါတယ်။ ကာယဗလအားကစားနည်းဟာ ကျွန်တော့်အတွက် ဘယ်အခါမှ “အချည်းအနှီး အရာတစ်ခု” မဟုတ်ခဲ့ပါဘူး။ ကျွန်တော်ဟာ ၁၉၈၃-ခုနှစ်က ကာယဗလ လေ့ကျင့်မှုကို စလုပ်ခဲ့တယ်။ ကျွန်တော် ကာယဗလ စကစားကတည်းက “ကျွန်တော်ဟာ ဘယ်လောက် ကောင်းတဲ့ ကာယဗလသမားတစ်ယောက် ဖြစ်လာနိုင်သလဲ၊ ဘယ်လောက်အထိ ကောင်းတဲ့ အားကစား သမားတစ်ယောက် ဖြစ်လာနိုင်သလဲ” ဆိုတာ သိချင်စိတ်နဲ့ စကစားခဲ့တာ ဖြစ်ပါတယ်။
    “နာမည်ကျော်ကြားမှု” နဲ့ “ငွေကြေးပိုက်ဆံ” တို့က ကျွန်တော့်စိတ်ကို လှုံ့ဆော်ပေးမှု မပြုပါဘူး။ နာမည်တစ်လုံးနဲ့ ငွေကို ကျွန်တော် မက်မောခဲ့မယ်ဆိုရင် ကျွန်တော်ခဏလောက်သာပျော်ပြီး စိတ်လျော့ သွားမှာဘဲ။ ဒီကနေ့ ဆုကြေးစား ကာယဗလသမားအတော်များများ အဲဒီလို ဖြစ်နေ ကြတယ်။ သူတို့ဟာ ပထမပိုင်းမှာ ဆုကြေးငွေတွေရပြီး လူအများသိအောင် စာနယ်ဇင်းတွေကလည်း ရေးသားပေးခဲ့ကြတယ်။ နောက်တော့ သူတို့ဟာ အပျော်တမ်းကာယဗလသမား ဘ၀တုန်းကလို စိတ်ဓာတ်တွန်းအား မရှိကြတော့ တာကို တွေ့လာကြရတယ်။ သူတို့ဟာ သူတို့မသိကြဘဲနဲ့ စာနယ်ဇင်းတွေနဲ့ပတ်သက်ပြိး ပါဝင်သွားကြ တယ်။ ကျွန်တော်အနေနဲ့ ဘယ်တုန်းကမှ အဲဒီလို ထင်ပေါ်အောင် မလုပ်ခဲ့ပါဘူး။ အဲဒါကြောင့်လည်း ကျွန်တော့်အနေနဲ့ လူသိရှင်ကြား ရှေ့တန်းမထွက်ဘဲ အင်္ဂလန်မှာဘဲ ဆက်နေနိုင်ခဲ့တာ ဖြစ်ပါတယ်။
    ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာကို တိုးတက်ရေးအတွက် စေ့ဆော်မှု တိုက်တွန်းမှု စိတ်တွေ ကျွန်တော့်မှာ ရှိပါတယ်။ ဒါပေမယ့် အဲဒီစိတ်က ကျွန်တော့်ကို ၀ါးမြိုမသွားခဲ့ဘူး။ ကျွန်တော့်ကိုယ်ခန္ဓာကြီးဟာ “ဒိုရီယံ၊ရိတ်စ်” ဆီက ခဲါထုတ်ယူလိုက်တဲ့ သတ္တ၀ါတစ်ခုအဖြစ်ဘဲ ကျွန်တော်မြင်မိပါတယ်။ ကျွန်တော်ရဲ့ ကိုယ်ခန္ဓာကြီးဟာ ကျွန်တော်တည်ဆောက်နေတဲ့ အရာဝတ္ထုတစ်ခု ...။ ကျွန်တော် ပုံသွင်းနေတဲ့ အရာဝတ္ထု တစ်ခု ...။ ကျွန်တော် ဖန်တီးနေတဲ့ အရာဝတ္ထုတစ်ခုသာ ဖြစ်ပါတယ်။ ကျွန်တော့် ကိုယ်ခန္ဓာဟာ ကျွန်တော်နဲ့ အလုံးစုံပါဝင်တဲ့ အရာဝတ္ထုတစ်ခု မဟုတ်ဘူး။ ကျွန်တော့်မှာ ကြွက်သားကြီးတွေထက်ပိုပြီး အရေးပါတာတွေ ရှိနေတယ်။ ကျွန်တော့်မှာ စိတ်ရောကိုယ်ပါ ကျဉ်းကြပ်တဲ့ အားစိုက်မှုတွေရှိတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အပြင်းအထန် ကြိုးစားလုပ်ဆောင်မှုတွေကို ကျွန်တော် ထိန်းချုပ်နိုင်တယ်။ ပြင်းပြ တဲ့အားထုတ်မှုက ကျွန်တော့်ကို ထိန်းချုပ်သွားမှာကို ကျွန်တော်က အဖြစ်မခံဘူး။ “အဲဒါကြောင့် ကျွန်တော့် ရဲ့ ခံယူချက်သဘောထားက ကျွန်တော့်ရဲ့ ခွန်အားအကြီးမားဆုံး လက်နက်ဖြစ်တယ်။ အဲဒီ ခံယူချက် လက်နက်ကြောင့်ဘဲ ကျွန်တော် အနိုင်ရပြီး တစ်ခြားသူတွေ ရှုံးနေကြတာ ဖြစ်ပါတယ်”
အဲဒီလိုစိတ်ဓာတ်ခိုင်မာမှု ခွန်အားရှိပုံကို ဘယ်အချိန်ကစပြီး သိရှိခဲ့ပါသလဲ?
    ကျွန်တော် (၁၁) နှစ်သားအရွယ်က ကျွန်တော့်ကျောင်းမှာ နေ့လည်မွန်းတည့်ချိန်မှာ ပြေးပွဲတစ်ခု လုပ်ပေးခဲ့တယ်။ အဲဒီနေ့က ၁၉၇၃-ခုနှစ်၊ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ရှုံးထွက်ဖလားပွဲ (FA CUP FINAL) ရဲ့ နောက်ဆုံးဗိုလ်လုပွဲကစားမယ့်နေ့ ဖြစ်ခဲ့ပါတယ်။ ပြေးပွဲက မီတာ ၄၀၀ ကွင်းကို ပတ်ပြေးရတယ်။ (၁၅)ပတ် ပြေးပြီးခဲ့တဲ့အခါ ကွင်းထဲမှာ ကျွန်တော်တစ်ဦးတည်း ကျန်တော့တယ်။ ကျွန်တော်လည်း မောတော့မောနေပြီ။ ဒါပေမယ့် ဆက်ပြေးရမယ်လို့ဘဲ စိတ်ကဆုံးဖြတ်ခဲ့တယ်။
    ဘောလုံးဗိုလ်လုပွဲက ညနေ ၃ နာရီမှာ စမှာဖြစ်တယ်။ ၂ နာရီထိုးချိန်မှာ ပြေးနေတဲ့ကျွန်တော်နဲ့ ကျွန်တော့်ကို စောင့်ကြပ်ကြည့်နေတဲ့ ဆရာတို့နှစ်ဦးတည်းဘဲ ကျန်တော့တယ်။ ကျန်တဲ့သူတွေက ဘောလုံးပွဲကို ရုပ်မြင်သံကြားမှာ ကြည့်ကြရအောင် အိမ်ပြန်ကုန်ကြပြီ။ ကျွန်တော် အပတ် ၃၀ ပြေးပြီးတဲ့ အခါမှာတော့ ဆရာလုပ်တဲ့လူက “ဟေ့ကောင် တော်လောက်ပြီကွာ ငါ ဘောလုံးပွဲကို အလွတ်မခံနိုင်ဘူး” လို့ ကျွန်တော့်ကို နှစ်ပတ်လောက်အထိ ပြေးနိုင်တုန်း ပြေးကြည့်ချင်သေးတယ်” လို့ ပြန်အော်ပြော လိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်နောက်ထပ် ဘယ်နှစ်ပတ် ဆက်ပြေးနိုင်သလဲ ကျွန်တော့်ရဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတို့က ဘယ်လောက်အထိ မာကျောသလဲဆိုတာကို သိအောင် လုပ်ဖို့ ကျွန်တော့်စိတ်မှာ ပိုင်းဖြတ်ထားခဲ့ပြီး ဖြစ်နေပြီ။
    ကွင်းကို (၄၅)ပတ် (၁၁ မိုင်ခွဲခန့်) ပြေးပြီးတဲ့အခါမှာတော့ ဘောလုံးပွဲလွတ်မှာ ကြောက်တဲ့ဆရာက ကျွန်တော့်ကို ဆက်မပြေးအောင် ဇွတ်ရပ်ခိုင်းလိုက်ပါတယ်။ ကျွန်တော် နောက်ထပ်နည်းနည်းဆက်ပြေး နိုင်မှန်းသိလို့ ကျွန်တော် စိတ်ပျက်ခဲ့ရပါတယ်။ ဒါပေမယ့် (၁၁)နှစ်သားအရွယ်မှာ ကျွန်တော့်မှာ ကိုယ်ကာယကြံ့ခိုင်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတို့ ပေါင်းစပ်ထားတဲ့ စည်းကမ်းရှိမှုအတွက် ကျွန်တော့်မှာ “အထုံ” ပါလာမှန်း စပြီးသိခဲ့မိပါတယ်။ အဲဒီနောက် (၁၀)နှစ်အကြာမှာတော့ ကျွန်တော်က ကာယအားကစားနည်း တွေကို ရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။ဒီလောက်ဆိုရင်ဒိုရီယန်ရိတ်စ်၏ပြောစကားနှင့်ခံယူချက်တစ်ချို့ကိုစာဖတ်သူသိ
ရှိနားလည်နိုင်မယ်လို့ထင်ပါတယ်။ဒိုရီယန်ရီတ်စ်ခရေစီတစ်ဦးဖြစ်တဲ့ကျွန်တော့်အတွက်ကတော့ သူ့အကြောင်းသူ့ခံယူချက်သူပြောစကားတွေကိုအမြဲတမ်းမှတ်သားပါတယ်။သူ့ကစားနည်းတော့
 ဝေးဝေးရှောင်ပါတယ်ကျွန်တော်လိုဒိုရီယန်ခရေစီတစ်ဦးဖြစ်တဲ့ကျွန်တော်သူငယ်ချင်းတစ်ယောက်ကတော
့သူ့ကစားနည်းအတုခိုးကောင်းတာဆေး၅ လလောက်ကုလိုက်ရပါတယ်။ဆုံပိုင်းဆိုင်ရာဒဏ်ရာရ သွားလို့တော်တော်နဲ့နာလန်မထူပါဘူး။ဒါကြောင့်ချန်ပီယံကစားနည်းတွေကိုအတုယူပါလေ့လာပါအတုခိုးပြီးမ
ကစားပါနဲ့လို့သတိပေးပြောကြားလိုပါတယ်။


အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com





No comments:

Post a Comment