arial" action="like" colorscheme="light">

Sunday, March 23, 2014

ဘရန့် ခ်ျဝါရန်၏အကြံပြုချက်များ

 
2009-ခုနှစ်မောင်အိုလံပီယာပြိုင်ပွဲတွင်ဒုတိယဆုရှင်ဘရန့် ခ်ျဝါရန်၏အကြံပြုချက်များကိုတင်ပြ
ပေးလိုက်ပါသည်။
-----Gym တွေထဲမှာကျွန်တော်တွေ့ ရသမျှအမှားအများဆုံးကတော့လူတွေကအလေးများများ
နဲ့ ပုံမကျပန်းမကျကစားခြင်းပါပဲ။အကယ်လို့ သင်ဟာပုံစံတကျမကစားဘူးဆိုရင်သင်ကစားတဲ့
လေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးကိုအပြည့်အ၀ရမှာမဟုတ်ပါဘူး။
-----နာကျင်ခြင်းဟာအောက်ပိုင်းထိုင်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။သင်လုပ်ရမှာကတော့အဲဒါ
တွေကိုမကြောက်ရွံပဲ စနစ်တကျကစားတတ်ဖို့ ပါပဲ။
-ပါဝါချိန်းကြိုးကိုလည်းပင်းမှာချိတ်ပြီးနှစ်တန်းဘားတွန်းတင်ခြင်းကကျွန်တော့်အတွက်လွယ်ကူ
ပါတယ်။ကစားလို့ (အား)ကုန်ရင်ချိန်းကြိုးတစ်ကြိုးကိုလျော့ဆက်ကစား၊အဲဒီလိုနည်းနဲ့ နောက်
ဆုံးကိုယ်အလေးချိန်နဲ့ ပဲကစားနိုင်တော့တဲ့ အထိကစားပါတယ်။
-----ဘားရှည်လက်မောင်းရှေ့ ကွေးအတွက်ကတော့ကျွန်တော်နဲ့ ကျွန်တော့်ကစားဖော်ဟာ
တစ်ယောက်ကိုတစ်ယောက်ကိုမျက်နှာချင်းဆိုင်ရပ်ပြီးတော့ကျွန်တော်ကအကြိမ် 20-ကိုအ
ကုန်ကစားပါတယ်ပြီးရင်အလေးကိုကျွန်တော့်ကစားဖော်လက်ထဲကိုလွဲပေးလိုက်ပါတယ်။သူ
ပြီးရင်နောက်တစ်ခါကျွန်တော့်အလှည့်မှာ 19ခါသာကစားပါတယ်။ဒီလိုနဲ့ ကျွန်တော်တို့ နှစ်
ယောက်ဟာတစ်ကျော့ပြီးတိုင်းတစ်ကြိမ်လျော့သွားလိုက်တာအကြိမ်15ကြိမ်အထိလောက်ပါ
ပဲ။အဲဒီလိုကစားခြင်းဟာတစ်ကဲ့ကိုညှစ်အားနဲ့ ကစားရတာပါ။
-ဖော်ပြပါအချက်လေးများကိုဗဟုသုတအတွက်ဖော်ပြပေးရခြင်းပါ။ဥပမာ-chain dips ဆိုရင်ဒီမှာမရှိပါဘူး။ချိန်းအစားဒမ်ဘယ်ကိုအစားထိုးနိုင်ပါတယ်။လက်မောင်းရှေ့
ကွေးကိုဖော်ပြရခြင်းမှာသူ တို့ ကစားသောအကြိမ်နှစ်ဆယ်ကိုအတုမယူသင့်ပါဘူး။
ဒါပေမဲ့သင်တစ်ကျော့ကစားပြီးသင့်ကစားဖော်ကစားချိန်အတွင်းသင်နားပြီး intensity
နှင့်ကစားတတ်ရန်ဖြစ်ပါတယ်။မိမိတို့ နှင့်သင့်လျော်မည်ထင်သောအချက်လေးများ
ကိုထုတ်နှုတ်ကစားပြီးအကျိုးထူးနိုင်ပါစေဟုဆန္ဒပြုလိုက်ပါသည်။


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com


                           

No comments:

Post a Comment