arial" action="like" colorscheme="light">

Sunday, April 6, 2014

၁၉၇၄ MR OLYMPIA (2 ND) လူဖာရစ်နို၏ လက်မောင်းရှေ.သားကစားနည်းနှင်. BARBELL CURL 21’S

လူဖာရစ်နိုကိုဘရွှတ်ကလင်း၊နယူးယောက်အမေရိကန်တွင်၁၉၅၁နိုဝင်ဘာ၉ရက်နေ.တွင်မွေးဖွားခဲ.ပါသည်။
သူ၏အတိုင်းအတာမှာ-
အရပ် ၆ပေ ၅လက်မ
ရင်အုပ် ၅၉လက်မ
ခါး  ၃၄လက်မ
လက်မောင်း၂၂.၅လက်မ
ပေါင် ၂၉လက်မ
ကိုယ်အလေးချိန် ၂၈၅ပေါင် စသည်တို.ဖြစ်သည်။ လူဖာရစ်နိုသည်၁၉၇၁တွင် Pro Mr. America – WBBG, Teen 1st မှ၁၉၉၄ MASTER OLYMPIA( 2 ND) အထိပြိုင်ပွဲပေါင်းများစွာပြိုင်ခဲ.ပြီး
 1995ခုနှစ်တွင်ကာယဗလစင်မြင်.ပေါ်မှအနားယူခဲ.ပါသည်။THE INCREDIBKE HULK , PUMPING IRON (1977) မှစတင်ပြီးTHE SCORPION KING (THE LOST TRONE)2014 အပါအ၀င်ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ.ပါသည်။
လူဖာရစ်နိုသည်သူ၏လက်မောင်းရှေ.သားကိုလေ.ကျင်.ခန်း(၅)မျိုးဖြင်.လေ.ကျင်.ပါသည်။
သွေးပူအနေဖြင်. မတ်တပ်ရပ်လျှက်ဘားရှည်လက်မောင်းရှေ.သားဆွဲ ၁ကျော.၁၀ကြိမ်
 ပြီးနောက် ၁၀ကြိမ် (၁)ကျော. (၈)ကြိမ် (၂)ကျော.
ခုံစောင်းမှီ ဘားတိုေ၇ှ.သားဆွဲ  ၄ကျော.  -၈ကြိမ်
ခုံစောင်းပေါ်လက်မောင်းတင်ရှေ.သားဆွဲ ၄ကျော. ၈-၉-၁၀-၁၀ကြိမ်
ဘားတိုဖြင်.လက်မောင်းရှေ.သားကွေး ၂ကျော. ၈-၁၀ကြိမ်
BARBELL CURL 21’S   ၂ကျော.  ၂၁ကြိမ်
လူဖာရစ်နိုသည်သူ၏လက်မောင်းရှေ.သားအတွက်နောက်ဆုံးလေ.ကျင်.ခန်းအဖြစ် BARBELL CURL 21’S လေ.ကျင်.ခန်းကိုလေ.ကျင်.ပါသည်။ ထိုလေ.ကျင်.ခန်း၏သဘောတရားမှာ ပထမကစားမည်.အလေးကိုပုံမှန်ကစားသည်.အလေးထက်တစ်ဝက်လျှော.ပြင်ဆင်ထားရပါသည်။ထို.နောက်
ဘားရှည်ဖြင်.လက်မောင်းရှေ.သားဆွဲ(ရ)ကြိမ်ကို ကြမ်းပြင်နှင်.မျဉ်းပြိုင်အနေအထား
လောက်အထိသာကစားပါသည်။ဒုတိယ(ရ)ကြိမ်ကိုပြီးခဲ.သည်.
 ကြမ်းပြင်နှင်.မျဉ်းပြိုင်အနေအထားမှအပေါ်ဆုံးအနေအထားသို.ဆက်ကစားပါသည်။ နောက်ကျန်သည်.(ရ)ကြိမ် ကိုမူလစခဲ.သည်.အနေအထားမှအပေါ်ဆုံးထိ(FULL RANGE)အပြည်.ကစားပါသည်။ထိုလေ.ကျင်.ခန်းကိုလူဖာရစ်နိုသည် (၂)ကျော.ကစားပါသည်။
အထက်ဖော်ပြခဲ.သောလူဖာရစ်နို၏လက်မောင်းရှေ.သားလေ.ကျင်.ခန်းအတွဲနှင်. BARBELL CURL21’S လေ.ကျင်.နည်းစနစ်ကိုကာယဗလနှင်.ကာယအလှလေ.ကျင်.နေသူများရံဖန်ရံခါလေ.ကျင်.
ကစားနိုင်ရန်အတွက်ဖော်ပြရေးသားလိုက်ပါသည်။
REF:  LOUFERRINO ၁၉၇၄MR OLYMPIA (2ND)
·  Jim Schmaltz (February 2004). Matt Ferrigno: 1925-2003. Flex. Accessed 2008-08-01.
·  Mabe, Catherine "Lou Ferrigno: Living, Acting and Bodybuilding with Hearing Loss". Disaboom. Retrieved February 8, 2012.
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-
စိုင်းသီဟကျော်စန်း


email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan


No comments:

Post a Comment