arial" action="like" colorscheme="light">

Thursday, April 17, 2014

ကာယဗလလေ့ကျင့်ခြင်း၏သမားရိုးကျအမှားဆယ်ခု

အကယ်၍သင်ဟာလက်ရှိအခြေအနေမှဆက်လက်မတိုးတက်လိုတော့လျင်ဖြစ်စေ၊ခန္ဓာကိုယ်ကြီး
ထွားလာခြင်းကြောင့်အ၀တ်အစားအသစ်များဝယ်ရခြင်းနှင့်သွားလာလှုပ်ရှားရခြင်းများကိုအပိုဟု
ထင်ကာစိတ်မပါတော့လျင်တော့သင့်အတွက်ယခုတင်ပြပေးမည့်ကာယဗလလေ့ကျင့်သူများကျူး
လွန်တတ်ကြသည့်အမှားဆယ်ခုကိုကျူးလွန်ရုံလေးပါပဲ။ဒါဆိုသင်ဘယ်တော့မှမကြီးထွားနိုင်တော့
မည့်အပြင်သေးငယ်သွားနိုင်ပါသည်။
အကယ်၍သင်ဟာလက်ရှိအနေအထားမှဆက်လက်တိုးတက်ကြီးထွားလိုသည်ဆိုပါကယခုတင်ပြပေး
မည့်အမှားများကိုဝေးဝေးမှရှောင်ပါလေ။
အမှား-1။        ။အလေးများလွန်းခြင်း
            ချိုလွန်းကအီတတ်၏ဟူသောစကားလေးအတိုင်းပင်မည်မျှပင်ကောင်းသောအ
ရာပင်ဖြစ်စေကာမူအတိုင်းထက်လွန်ပါကအကျိုးမပြုတတ်ပေ။ထို့ အတူပင်ကာယဗလလေ့ကျင့်ခြင်း
တွင်လည်းထုတင်ရာတွင်အလေးများများအသုံးပြုရန်လိုအပ်သော်လည်းအလေးများလွန်းပြီးပုံမကျပန်း
မကျလေ့ကျင့်ပါကအဆစ်အမြစ်များဒဏ်ရာရခြင်း၊နှင့်လေ့ကျင့်သောကြွက်သားကိုထိရောက်မှုသိပ်မရှိ
စေဘဲအခြားသောကြွက်သားများ၏အကူအညီဖြင့်ညာဝါးလေ့ကျင့်ခြင်းကိုသာသင်ကြုံရမည်ဖြစ်သည်။
သင်ဟာရွန်နီကိုလ်းမင်းမဟုတ်ပါ။ထိုကြောင့်သင်သည်အလေးကိုလောဘမကြီးဘဲသင်ခြောက်ကြိမ်
ခန့် အကူအညီမပါဘဲလုံးဝမလေ့ကျင့်နိုင်သောအလေးဖြင့်ဘယ်တော့အခါမှမလေ့ကျင့်ပါနှင့်။

အမှား-2။        ။ပုံမကျခြင်း
            သင်သည်ပရော်ဖက်ရှင်နယ်ကာယဗလမောင်များ၏လေ့ကျင့်နည်းခွေများတွင်
ထိုမောင်များကအလေးများများကိုစနစ်တကျမဟုတ်ဘဲလေ့ကျင့်နေသည်ကို(ဥပမာ-ရွန်နီကိုလ်းမင်း
၏လေ့ကျင့်နည်းခွေများတွင်  barbell row လေ့ကျင့်ခန်းကိုကြည့်ပါ။)သင်မြင်တွေ့ ရခြင်းကြောင့်သင်
လည်းအလေးများများကိုပုံမကျပန်းမကျလေ့ကျင့်လျင်ကြီးထွားနိုင်သည်ဟုမထင်လိုက်ပါနှင့်။ထိုကာ
ယဗလချန်ပီယံများ၏ကစားသက်သည်ဆယ်နှစ်အထက်အနည်းဆုံးရှိသောကြောင့်လည်းကောင်းတို့ 
သည်မည်သို့ ပင်လေ့ကျင့်စေကာမူကြွက်သားညှစ်အားကိုအသုံးပြုပြီးလေ့ကျင့်တတ်သောကြောင့်
ပြသနာမရှိသော်လည်းသင်ကဲ့သို့ သောသာမန်ကစားသမားသည်ထိုကဲ့သို့ အလေးများများကိုပုံမကျ
ပန်းမကျလေ့ကျင့်ပါကကြွက်သားမကြီးထွားစေသည်သာမကဒဏ်ရာပြင်းပြင်းထန်ထန်ပင်ရနိုင်သည်။

အမှား-3။        ။ပြင်းအား(အင်တန်စစ်တီး)နည်းပါးခြင်း
            မည်မျှပင်လေ့ကျင့်စေကာမူကြွက်သားများမတိုးတက်ရသည့်အခြေခံအချက်
တစ်ခုမှာအင်တန်စစ်တီး(ပြင်းအား)နည်းပါးစွာလေ့ကျင့်ခြင်းကြောင့်ဖြစ်သည်။ထိုသို့ လေ့ကျင့်ခြင်း၏
အခြေခံအကြောင်းအရင်းမှာပင်ပန်းခြင်းကိုမခံစားလိုခြင်းကြောင့်ဖြစ်သည်။အကယ်၍သင်သည်ကြွက်
သားကြီးထွားမည်ဆိုလျင်ဘာပဲလုပ်ရလုပ်ရစိတ်ထားပါကသင့်အတွက်အကောင်းဆုံးပေးလိုသောအ
ကြံမှာ drop set ,foce reps,supersets စသည်တို့ ကိုအသုံးပြုပါ။

4။        ။အားသာချက်များကိုသာဂရုပြုလွန်းခြင်း
            ယနေ့ ခေတ်ဂျင်မ်များတွင်မြင်တွေ့ နေရသည်မှာလက်မောင်းအားသန်သူများ
သည်လက်မောင်းကိုသာဖိကစားနေတတ်ကြပြီး၊လည်းကောင်းတို့ ၏အောက်ပိုင်းများကတော့ကြက်
ပေါင်များလောက်သာရှိသည်။ထိုနည်းနှင်နှင်ပင်လူအများစုသည်မညီမျှသောကြွက်သားများကိုသာပိုင်
ဆိုင်ရင်းအချိန်ဖြုန်းနေကြပေသည်။ထိုသို့ ကြွက်သားများအချိုးအစားမညီမျှခြင်းကဒဏ်ရာအလွယ်
ကူပင်ဖြစ်စေနိုင်သည်။
5။        ။ volume များလွန်းခြင်း
            လေ့ကျင့်မှုပမာဏများကို volume ဟုခေါ်ပြီးထိုကဲ့သို့ ပမာဏများများကစား
ခြင်းကို 1930-ခုနှစ်လောက်ကစတင်ကစားခဲ့ကြပြီး 1970-လောက်မှစ၍အာသာဂျုံး၏ high intensity
သီအိုရီကြောင့်လူအများစုက volume နည်းနည်းသာလျော့ကစားလာခဲ့ကြသည်။1980-နောက်ပိုင်းမှ
စ၍လည်းလေ့ကျင့်ရေးသုတေသနများကစတီးရွိုက်မသုံးစွဲသော၊အခြားသောဟိုမုန်းဆေးများမသုံးစွဲ
သော natural ကစားသမားများသည် volume နည်းနည်းသာလေ့ကျင့်သင့်ကြောင်းကိုတင်ပြလာခဲ့
ကြသော်လည်းယနေ့ ခေတ်အထိကာယဗလလေ့ကျင့်သူအများစုသည်ချန်ပီယံကစားနည်းများကို
တုပပြီး volume များများသာလေ့ကျင့်နေကြခြင်းကြောင့်မတိုးတက်ရခြင်းဖြစ်သည်။ထို့ ကြောင့်တိုး
တက်မှုများကိုမြင်တွေ့ လိုပါကမိမိတို့ နှင့်သင့်လျော်သော volume ကိုသာအသုံးပြုသင့်ပါသည်။
6။        ။သွေးပူမလုပ်ခြင်းနှင့်အကြောမလျော့ခြင်း
            ချန်ပီယံတို့ ၏ကစားနည်းများကိုအတုခိုးကာလေ့ကျင့်သူများသည်ထိုခွေများ
တွင်ပါဝင်သောသွေးပူပြုလုပ်ခြင်းနှင့်အကြောလျော့ခြင်းကိုတော့အပိုဟုသဘောထားကာအတုမခိုး
ကြပေ။မဟုတ်တာယူ၍ဟုတ်တာပယ်နေကြခြင်းပါတကား။အကျယ်တ၀င့်မပြောလိုတော့သော်လည်း
အနှစ်ချုပ်ဆိုရမည်ဆိုပါကသင်သည်တစ်ကယ်ဟဲဗီးကစားမည့်သူ၊ဖြစ်စေကျန်းမာရေးအတွက်လေ့
ကျင့်ခန်းပြုလုပ်သူဖြစ်စေကျန်းမာပြီးဒဏ်ရာမရလိုပါကသွေးပူလုပ်ရန်နှင့်အကြောလျော့ရန်လုံးဝမမေ့
ပါနှင့်။
7။        ။စက်များကိုအားပြုလွန်းခြင်း
            ယနေ့ တိုးတက်လာသောနည်းပညာခေတ်တွင်စက်ပစ္စည်းအသစ်များကလည်း
မှိုလိုပေါက်လာနေကြသည်။နည်းပညာ၏ကျေးဇူးကြောင့်အင်တာနက်၊ကား၊ဖုန်းစသည့်အကျိုးပြုပ
စ္စည်းများအပြင်အခြားသောကာယဗလလေ့ကျင့်ရေးစက်များကလည်းတိုးပွားလာနေကြသည်။ဂျင်ပိုင်
ရှင်များကလည်းစီးပွားရေးသဘောတရားအရမင်ဘာများ၏စိတ်ချမ်းသာစေရေးအတွက်စက်များကို
မိမိတို့နိုင်သလောက်ထည့်လာကြသည်။အကျယ်ကိုချုံ့ ပြောရမည်ဆိုပါကကာယဗလလေ့ကျင့်သူများ
သည်ဒဏ်ရာပြင်းပြင်းထန်ထန်ရဖူးထားသောကြွက်သားအစိတ်အပိုင်းများမှအပကျန်ကြွက်သားများကို
တော့ဖရီးဝိတ်ဖြင့်သာလေ့ကျင့်ပါဟုအကြံပြုလိုပါသည်။ဤသို့ ပြောခြင်းမှာစက်များကိုအသုံးမ၀င်ဟု
ပြောလိုခြင်းမဟုတ်။စက်များကိုသာအားကိုးပြီးအလွဲသုံးနေခြင်းကိုရပ်တံ့စေလိုရင်းသာဖြစ်သည်။

8။        ။လုံလောက်စွာအနားမယူခြင်း
            ကားများပင်လျင်ဆက်တိုက်မောင်းခြင်းကြောင့်အင်ဂျင် heatတက်လာပြီးရေ
ဆူလာရင်စက်ခေတ္တရပ်ထားကာအနားပေးပြီးမှသာဆက်လက်မောင်းနှင်နိုင်ပေမည်။ထိုအတိုင်းပင်
လေ့ကျင့်ခန်းများများပြုလုပ်ပြီးခန္ဓာကိုယ်ကိုအနားပေးမှသာကျန်းမာသန်စွမ်းကြီးထွားလာနိုင်ပေ
မည်ဖြစ်သည်။ထို့ကြောင့်လုံလောက်စွာအနားယူပါဟုတိုက်တွန်းပါသည်။
9။        ။ကြွက်သားအုပ်စုအသေးများကိုလျစ်လျုရှုခြင်း

            ဤအမှားကိုတော့ကျွန်တော်နိုင်ဦးပင်လျင်ကျူးလွန်နေဆဲဖြစ်သည်။အဘယ်
ကြောင့်ဆိုသော်ဒတ်လဖ်၊စကွပ်စသောလေ့ကျင့်ခန်းများကိုအားရပါးရလေ့ကျင့်သော်လည်းဝမ်းဗိုက်၊
ခြေသလုံး၊လက်ဖျံနှင့်လည်ပင်းကြွက်သားများကိုမူလျှူရှုထားတတ်ခြင်းကြောင့်ဖြစ်သည်။အထက်ပါ
လေ့ကျင့်ခန်းကြီးများကိုဟဲဗီးကစားခြင်းကကြွက်သားငယ်များကိုထိရောက်စေနိုင်သော်လည်းအပြည့်
ဝဆုံးမဟုတ်ပါ။ထို့ ကြောင့်ဘက်စုံပြည့်စုံသောကြွက်သားများကိုရယူပိုင်ဆိုင်လိုပါကထိုကြွက်သား
အုပ်စုလေးများကိုလည်းမမေ့ကြပါနှင့်။

10။        ။ရည်မှန်းချက်မရှိခြင်း

            ဦးတည်ချက်မရှိဘဲသင်ဘယ်ကိုမှမရောက်နိုင်ပါ။ထို့ အတူပင်ကာယဗလလေ့
ကျင့်ရာတွင်လည်းဦးတည်ချက်တစ်ခု(ထုတင်မည်လား၊မာဆယ်ခွဲမည်လား)ကိုသေသေချာချာသတ်
မှတ်ထားရမည်ဖြစ်သည်။သို့ မှသာသင်သည်သင်သည်စိတ်အားတက်ကြွနေကာမိမိရည်မှန်းချက်သို့ 
ရောက်အောင်လေ့ကျင့်နိုင်မည်ဖြစ်သည်။
            ယခုတင်ပြပေးထားသောအမှားများသည်ကျူးလွန်ရန်လွယ်ကူသောကြောင့်
အထူးသတိထားပါ။ဤအချက်များသည်သင့်တိုးတက်မှုကိုအဟန့် အတားဖြစ်စေနိုင်ပါသည်။ထို့ 
ကြောင့်ဤအမှားများနှင့်ဆန့် ကျင့်ဖက်ကိုသာပြုလုပ်ပါဟုတိုက်တွန်းပါသည်။


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com


No comments:

Post a Comment