arial" action="like" colorscheme="light">

Monday, April 14, 2014

လေ့ကျင့်မှု့ လွန်ကဲခြင်း၏လက္ခဏာများ

ကာယလေလေ့ကျင့်သူတိုင်းကြောက်ကြ သည့်ဝေါဟာရတစ်ခုမှာလေ့ကျင့်မှု့ လွန်ကဲခြင်း overtraining ဖြစ်သည်။သို့ သော်လည်းတစ်ခါတစ်ရံမိမိတို့ စိတ်ပန်းနေသည့်အခါတွင်မိမိကိုယ်ကိုမိမိ
လေ့ကျင့်မှု့ လွန်ကဲနေပြီဟုယူဆပြီးရက်ပေါင်းများစွာကာယဗလလေ့ကျင့်ခန်းများမပြုလုပ်ပဲနေလိုက်
ကြသည်။ဤသို့ ဖြစ်ခြင်းသည်ကစိတ်၏လှည့်စားမှု့ သို့ မဟုတ်အခြားသောအခြေအနေများကြောင့်ခေ
တ္တခဏသာဖြစ်သည်။သို့ သော်မိမိဘာဖြစ်သည်ကိုတိတိကျကျဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိသောကြောင့်
မိမိကိုယ်ကိုလေ့ကျင့်မှုလွန်ကဲနေပြီဟုယူဆကာနားလိုက်ခြင်းကနစ်နာပေသည်။ထို့ ကြောင့်လေ့ကျင့်
မှုလွန်ကဲခြင်းလက္ခဏာများကိုဒေါက်တာGabe Mirkin ရေးသားထားသော The Sportsmedicine Book မှထုတ်နှုတ်တင်ပြပေးလိုက်ပါသည်။
Over-training ၏လက္ခဏာများမှာ---
---ကြွက်သားများ၊အရိုးအဆစ်များနှင့်အရွတ်များမှာတောင့်တင်းပြီးနာကျင်ကိုက်ခဲမှုကြာရှည်နေခြင်း
---လေ့ကျင့်မှုတွင်စိတ်ပါဝင်စားမှုနည်းပါးလာခြင်း
---စိတ်ကျဝေဒနာကဲ့သို့ ခံစားလာရခြင်း
---အာရုံကြောစနစ်များအနားမရခြင်း၊အပန်းမပြေနိုင်ခြင်း
---စာသင်ခန်းနှင့်အလုပ်ခွင်တွင်စွမ်းဆောင်ရည်ကျဆင်းလာခြင်း
---ခေါင်းကိုက်ခြင်း
---အစားစားလိုစိတ်ကုန်ခမ်းခြင်း(ခံတွင်းပျက်ခြင်း)
---နှေးကွေးလေးလံခြင်းနှင့်မောပမ်းလွယ်ခြင်း
---ကိုယ်အလေးချိန်ကျလာခြင်း
---ပေါင်ခြံ၊လည်ပင်း၊လက်မောင်းတို့ တွင်အရည်ကြည်အိတ်များထွက်ပြီးရောင်ရမ်းလာခြင်း
---၀မ်းချုပ်ခြင်းသို့ မဟုတ်ဝမ်းလျောခြင်း
---အမျိုးသမီးများတွင်ဓမ္မတာမမှန်ခြင်း၊
***ဒေါက်တာMirkin ကနောက်ထပ်လေ့ကျင့်မှုကိုတိုင်းတာရမည့်နည်းလမ်းတစ်ခုကိုတင်ပြပေးထား
သည်။သင်နံနက်အိပ်ရာထလျင်ထခြင်းသင့်သွေးခုန်နှုန်းကိုစက္ကန့် ခြောက်ဆယ်အကြာတိုင်းတာကြည့်
ပါ။အကယ်၍သင့်သွေးခုန်နှုန်းကပုံမှန်သွေးခုန်နှုန်းထက်တစ်မိနစ်ကိုခုနှစ်ကြိမ်လောက်ပိုနေပါကသင်
ရက်အနည်းငယ်နားသင့်ပါသည်ဟုဆိုထားပါသည်။
---ဆရာကြီးမိုက်ခ်မင်ဇာကတော့သူ့ တပည့်များကိုကြွက်သားများကိုပိုမိုလှုံဆော်နိုင်သည်မှာထိုကြွက်
သားများပိုမိုအားပြည့်မှဖြစ်နိုင်သည်ဟုယူဆကာနားရက်များများပေးတတ်သည်။ထိုကဲ့သို့ ကစားရက်
နားရက်များနှင့်မိမိ၏စွမ်းဆောင်ရည်တိုးတက်မှုရှိမရှိသိလိုပါကအကောင်းဆုံးနည်းမှာလေ့ကျင့်ရေး
ဒိုင်ယာရီများထားသင့်ပါသည်။မိမိစွမ်းဆောင်ရည်ကျမကျသိလိုပါကယခင်လေ့ကျင့်ချိန်ကသင်ရှစ်
ကြိမ်လေ့ကျင့်နိုင်ခဲ့သောအလေးကိုယခုကစားချိန်တွင်ခုနှစ်ကြိမ်တောင်မနည်းလေ့ကျင့်ရသည်ဆိုပါ
ကသင်လေ့ကျင့်မှုအနည်းငယ်လွန်နေပြီသို့ မဟုတ်ကြွက်သားများပြန်လည်အားပြည့်ရန်အာဟာရနှင့်
ကောင်းမွန်လုံလောက်သောအိပ်စက်အနားယူမှုတစ်ခုခုလိုနေပြီဆိုတာသိလိုက်ပါ။
ကာယဗလလေ့ကျင့်သူအားလုံးလေ့ကျင့်မှုလွန်ကဲခြင်းကိုသတိဖြင့်ကြဉ်ရှောင်နိုင်ပြီးအချိန်တိုင်းတွင်
မိမိတို့ ကြိုးစားသမျှအရာထင်ဖြစ်မြောက်ပါစေရန်ဆန္ဒပြုလိုက်ပါသည်။


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com


                                   



No comments:

Post a Comment