arial" action="like" colorscheme="light">

Tuesday, April 15, 2014

ကြီးထွားသန်မာဖို့ အတွက်

ကာယဗလစတင်လေ့ကျင့်သူလူငယ်များကိုနည်းပြများကကြီးထွားသန်မာလိုလျင်အလေးများများက
စားပါဟုလည်းကောင်း၊အချို့ သောစီနီယာများကအလေးကိုသိပ်ဂရုမပြုပါနှင့်ကြွက်သားညှစ်အားနှင့်
ကစားပါဟုတိုက်တွန်းပြန်၏။အားလုံးတော့မှန်နေကြသည်ချည်းဖြစ်သည်။ဘယ်နည်းစနစ်ကပိုမှန်
သည်ဟုသိပံ္ပနည်းကျသိလိုသူများအတွက်ဤဆောင်းပါးလေးကိုတင်ဆက်လိုက်ရခြင်းဖြစ်သည်။
အင်္ဂလန်နိုင်ငံမှသုတေသီများကဒမ်ဘယ်တစ်ဖက်ချင်းလက်မောင်းရှေ့ ကွေးလေ့ကျင့်ခန်းကိုအုပ်စု
သုံးစုခွဲပြီးဆယ်ကြိမ်စီပုံစံအမျိုးမျိုးဖြင့်လေ့ကျင့်ခိုင်း၏။ပထမအုပ်စုကိုမိမိတို့ ပုံမှန်ကစားသလိုသာ
ကစားစေပြီး၊ဒုတိယအုပ်စုကိုကြွက်သားညှစ်အားကိုအသုံးပြုပြီးလေ့ကျင့်စေပြီး၊တတိယအုပ်စုကို
တော့အလေးများကိုသာအာရုံစိုက်ပြီးလေ့ကျင့်စေ၏။
နောက်ဆုံးတွင်တော့သိပ္ပံပညာရှင်သုတေသီများတွေ့ ရှိခဲ့ကြသည်မှာ၊ကြွက်သားကိုညှစ်ပြီးလေ့ကျင့်
သူများ၏လက်မောင်းအရှေ့ သားများသည်သာမန်လေ့ကျင့်သူများထက် 20%ရာခိုင်နှုန်းပို၍လှုံဆော်
နိုင်ပြီး၊အလေးကိုအာရုံပြုပြီးလေ့ကျင့်သူများကတော့ 10%ခန့် တိုးတက်လာကြောင်းကိုတွေ့ ရသည်ဟု
တင်ပြခဲ့သည်။
ထို့ ကြောင့်မိမိ၏ရည်မှန်းချက်အပေါ်မူတည်ပြီးညှစ်ကစားတတ်ရမည်ဖြစ်သည်။ဥပမာ-သင်သည်
ပိုပြီးသန်မာလိုပါကအလေးကိုအာရုံပြုညှစ်တွန်းပြီး၊ကြွက်သားကြီးထွားလိုပါကသင့်တင့်သောအလေး
ကိုသုံးပြီးကြွက်သားညှစ်အားကိုအစွမ်းကုန်အသုံးပြုပါ။

ကျွန်တော့်အမြင်---
ကျွန်တော်ကတော့လူသစ်လူငယ်ကစားသမားများ၏ပင်မအာရုံကြောစနစ်သည်မိမိလေ့ကျင့်သော
ကြွက်သားအုပ်စုကိုအပြည့်အ၀အာရုံစိုက်မကစားနိုင်သေးပါ။လုံးဝမကစားနိုင်သေးပါ။ဤသည်က
ကျွန်တော့်၏ဆယ်စုနှစ်တစ်နှစ်နီးပါးစေတနာ့ဝန်ထမ်းနည်းပြဘ၀အတွေ့ အကြုံပင်ဖြစ်သည်။ထိုကဲ့
သို့ ကြွက်သားညှစ်အားကိုအပြည့်အ၀အသုံးမပြုနိုင်သေးသူ၊mind-muscle connection ခေါ်ကြွက်
သားနှင့်ပင်မအာရုံကြောစနစ်အတိုင်အဖောက်ညီညီမလှုပ်ရှားနိုင်သေးသူများကိုပထမဦးစွာလေ့ကျင့်
ခန်းတစ်ခုကိုမည်ကဲ့သို့ မှန်မှန်ကန်ကန်လေ့ကျင့်ရမည်ကိုအသေအချာသင်ပေးသင့်ပါသည်။ပြီးလျင်
အလေးကိုတဖြည်းဖြည်းတိုးနိုင်သလောက်တိုးတိုးသွားပြီးအင်အားအစွမ်းကုန်တိုးတက်လာသည့်
အဆင့်ဥပမာကစားသက်သုံးနှစ်မှငါးနှစ်လောက်ရှိသောအခါအလေးများထပ်တိုးပြီးလေ့ကျင့်ရန် progressive overload လုပ်ရန်မဖြစ်နိုင်တော့သောအခါမှသာကြွက်သားများ၏ညှစ်အားကိုစတင်
အသုံးပြုနိုင်ပြီး time under tension TUT ခေါ်ကြွက်သားအုပ်စုတစ်ခုကိုဖိအားပေးချိန်ပိုကြာသည့်
နည်းစနစ်ကိုအသုံးပြုသင့်ပါသည်။နောက်တစ်ချက်ကယနေ့ ခေတ်ဂျင်မ်များတွင်တီဗီများဖွင့်ထားခြင်း
သီချင်းများကျယ်လောင်စွာဖွင့်ထားခြင်းတို့ ကြောင့်လေ့ကျင့်သူလူငယ်အများစုသည်မိမိတို့ လေ့ကျင့်
မှုကိုအာရုံမစိုက်နိုင်တော့ဘဲဖွင့်ထားသောမိမိတို့ ကြိုက်နှစ်သက်သည့်သီချင်းဗီဒီယိုများသို့ အာရုံ
ရောက်ကာကြွက်သားကိုအပြည့်အ၀ညှစ်ပြီးမလေ့ကျင့်နိုင်တော့ပေ။ထိုသို့ဖြစ်ရသည်မှာစူးစိုက်မှုအာ
ရုံ concentration နည်းပါးခြင်းကြောင့်ဖြစ်သည်။ထိုအဖြစ်မှကာကွယ်ရန်လေ့ကျင့်ခန်းမပြုလုပ်မှီ၊သို့ 
မဟုတ်အားလပ်ချိန်များတွင်ကာယဗလသမားများသည်တရားထိုင်သင့်ကြောင်းကိုထောက်ပြခဲ့သော
မောင်အိုလံပီယာသုံးထပ်ကွမ်းဖရင့်ဇိန်းကိုခေတ်ရှေ့ ပြေးလွန်းသူများကဝေဖန်ခဲ့ကြသည်။ထိုအချက်
သည်အလွန်အရေးပါသည်ဖြစ်သည်။သို့ သော်ယနေ့ ခေတ်လူနေမှုဘ၀ပုံစံသည်ဂျင်မ်ကိုပင်အပြေး
အလွှားသွားလာလေ့ကျင့်နေရသောကြောင့်ထိုကဲ့ သို့ သောတရားထိုင်းခြင်း၊ယောဂသင်တန်းများ
တက်ခြင်းစသည်တို့ သည်ကားအိပ်မက်ပမာပင်ဖြစ်သည်။
ကာယဗလသမားလူငယ်များကိုကျွန်တော်
လေးနက်စွာအကြံပြုလိုသည်မှာ၊လေ့ကျင့်ခန်းတစ်ခုကိုပုံကျပန်းကျကစားတတ်ပြီဆိုလျင်အလေးကို
မကြောက်သင့်ပါ။တိုးနိုင်သလောက်တိုးပြီးကစားပါ။အလေးများလွန်းလျင်ပုံသိပ်ကျမည်မဟုတ်
သော်လည်းပုံကျအောင်လေ့ကျင့်တတ်ခြင်းကဒဏ်ရာမရအောင်ကာကွယ်ပေးနိုင်သည်ကိုယုံပါ။
နောက်ပြီးကျွန်တော့်ယုံကြည်ချက်ကတော့ the stronger you become, the bigger you will be.
ဆိုတာပါပဲ။သင်မသန်မာဘဲနှင့်တော့လုံးဝမကြီးထွားနိုင်ပါလူသစ်တို့ ။မသန်မာဘဲကြီးထွားနိုင်သူများက
တော့ကစားသက်ရင့်သူများသာဖြစ်နိုင်ပါသည်။သို့မဟုတ်စတီးရွိုက်သုံးသူများကစွမ်းဆောင်နိုင်ပါလိမ့်မည်။
ဒါကြောင့်ကြွက်သားမျှင်များများကိုအပြည့်အ၀လှုံဆော်ပေးနိုင်အောင်အလေးများများသုံးကြပါ
စို့ ။ထိုသို့ပြောလျင်ကိုစောဒကများကဝေဖန်ကြဦးမည်။ယနေ့ ကမ္ဘာ့ပေါင်ကြွက်သားအကောင်း
ဆုံးစာရင်းဝင်-4-ထပ်ကွမ်းမောင်အိုလံပီယာဂျေးကတ်လာသည်အောက်ပိုင်းကိုပေါင်ငါးရာပြည့်
အောင်မထိုင်ပါဟုဆိုလာလျင်ကျွန်တော်ကလည်းပြန်မေးပါမည်။ကတ်လာငယ်စဉ်ကပေါင်ခြောက်
ရာကျော်အောက်ပိုင်းထိုင်ခဲ့ပြီးယခုမှသာထိုမျှအလေးသုံးခြင်းဖြစ်သည်ကိုသိပါသလား။ထို့ အတူ
ကမ္ဘာကျော်ပရော်ဖက်ရှင်နယ်အားလုံးသည်ငယ်စဉ်ကတည်းကအလေးများများသုံးပြီးအားစိုက်လေ့
ကျင့်ခဲ့သောကြောင့်ယခုကဲ့သို့ ထုထည်တင်နိုင်ခြင်းဖြစ်သည်။ယခုလည်ကောင်းတို့ ၏အဆင့်မှာတင်
ပြီးသားထုထည်ကိုပေါ်လစ်ရှ်တိုက်ရန်သာဖြစ်ပြီးပိုမိုကောင်းမွန်လှပခြင်းကိုသာဦးတည်သည်။ပိုမိုကြီး
ထွားမှုသည်သိပ်အဓိကမကျတော့ပါ။
ဤမျှနှင့်ရပ်ပါရစေခင်ဗျာ။သိလိုသည်များကိုမေးမြန်းနိုင်ပါသည်။


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com



No comments:

Post a Comment