arial" action="like" colorscheme="light">

Monday, April 14, 2014

လေ့ကျင့်ခန်း၊အအိပ်နှင့်ကင်ဆာ

မိတ်ဆွေတို့ ယနေ့ ခေတ်ရောဂါပေါများနေသောကာလတွင်လူသားအားလုံးသည်မိမိတို့ ကိုယ်
ကိုကျန်းမာသန်စွမ်းစေရန်၊အနာရောဂါကင်းစေရန်နှင့်လူ့ ဘ၀၏စည်းစိမ်များကိုအပြည့်အ၀ခံ
စားနိုင်ရန်အတွက်လေ့ကျင့်ခန်းများကိုပြုလုပ်လာကြသည်။သို့ သော်ထိုသို့ ပြုလုပ်နေကြသည့်
လေ့ကျင့်ခန်းများကထိုသူများကိုရောဂါဆိုးများဆီသို့ ဦးတည်သွားစေသည်ဆိုလျင်သင်ယုံပါ
မည်လား။အမေရိကန်နိုင်ငံမှသုတေသီများကလူပေါင်း 6000-ကျော်ကိုဆယ်နှစ်ကျော်လေ့လာ
တွေ့ ရှိချက်များအရလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်ပြုလုပ်ပြီးအိပ်ရေးခုနှစ်နှာရီထက်လျော့ပြီး
အိပ်စက်လေ့ရှိသူများသည်လေ့ ကျင့်ခန်းပြင်းပြင်းထန်ထန်ပြုလုပ်ပြီးတစ်နေ့ ကိုခုနှစ်နာရီထက်
ပိုအိပ်လေ့ရှိသူများထက်ကင်ဆာကဲ့သို့ သောရောဂါဆိုးများကိုပိုမိုဖြစ်နိုင်စွမ်းငါးဆယ်ရာခိုင်နှုန်း
ပိုမိုကြောင်းတွေ့ ရှိရသည်။အိပ်ရေး၀၀မအိပ်စက်ရခြင်းကြောင်းကိုယ်တွင်းဟိုမုန်းဖြစ်ပျက်
ပြောင်းလဲမှု့ များကိုများစွာအနှောင့်အယှက်ဖြစ်စေကာလေ့ကျင့်ခန်း၏ထူးခြားကောင်းမွန်သော
အကျိုးကျေးဇူးများကိုအချီးအနှီးဖြစ်စေပြီးကင်ဆာရောဂါဖြစ်နိုင်ချေကိုပိုမိုတိုးလာစေခြင်းဖြစ်
သည်။အကြောင်းအမျိုးမျိုးကြောင့်အိပ်ရေး၀၀မအိပ်ရသူများသည်လေ့ကျင့်ခန်းကိုမိမိ၏တစ်
နေ့ တာဘ၀နေထိုင်မှု့ ပေါ်မူတည်ပြီးချင့်ချိန်ပြုလုပ်ကြပါဟုတိုက်တွန်းလိုက်ပါသည်။
 Ref;exercise,sleep and cancer


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com


No comments:

Post a Comment