arial" action="like" colorscheme="light">

Wednesday, January 2, 2013

အချစ်(လိင်)ဟာ ဆေးဝါး တစ်မျိုးပါ




အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။
၁။ အရွယ်တင်နုပျိုစေပါတယ်
တစ်ပတ်ကို အနည်းဆုံး လေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖို့အတွက် အရေးကြီး အချက် ဖြစ်တဲ့ adrenaline, dopamine နဲ့ noradrenalin တွေ ထုတ်လုပ်နိုင် ပါတယ်” လို့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကု Dr.Dowid က ပြောပါတယ်။
“ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် Growth ဟော်မုန်းတွေ ထွက်လာပြီး လေထု ညစ်ညမ်း မှုကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြား Cell နံရံတွေ မပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ Relax ရစေကာ အရေးအကြောင်းတွေ မပေါ်အောင် ကူညီနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။
ပိုမိုကောင်းမွန်အောင်
ကာမဂုဏ် လိုက်စားတာ မဟုတ်ဘဲ သင်ရဲ့ ဇနီးမယားနဲ့ ပုံမှန် လိင်ဆက်ဆံမှု လုပ်တာကြောင့် စိုးရိမ် ကြောင့်ကြမှု များတာနဲ့ မိမိကိုယ်ကို လုံခြုံမှုမရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ် နုပျိုအောင် နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ သော့ချက်တွေ အနေနဲ့ ဓာတုပစ္စည်း Response တွေရအောင် လှုံ့ဆော်မှု အနေနဲ့ လင်မယားချင်း ပွေ့ဖက်တာနဲ့ ထိတွေ့ကိုင်တွယ်မှု လုပ်တာတွေကို ၁၅ မိနစ်ခန့် လိင်ဆက်ဆံမှု မပြုလုပ်ခင်နဲ့ ပြုလုပ် အပြီးမှာ ပြုလုပ်ပေးပါ။




၂။ အအေးမိရောဂါကို ကာကွယ်နိုင်ပါတယ်
တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ် လိင်ဆက်ဆံမှုကြောင့် အအေးမိရောဂါနဲ့ တခြား ဗိုင်းရပ်စ် ရောဂါတွေကို ကာကွယ်နိုင်တဲ့ Antibody ဖြစ်တဲ့ Immunoglobulin ရာခိုင်နှုန်း မြင့်တက် လာနိုင်တယ်လို့ wikes တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။
ပိုမိုကောင်းမွန်အောင်
ဒီလို သဘာဝအလျောက်ထွက်လာတဲ့ Antibodies တွေ ပိုရရှိအောင် Sex ကို အချိန် ကြာကြာ လုပ်ပေးရပါမယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကို Position မျိုးစုံလုပ်ပေးပါ။
၃။ ကင်ဆာကို ကာကွယ်နိုင်ပါတယ်
အသက် ၂၀ အရွယ်မှာ တစ်ပတ်ကို အနည်းဆုံး ခုနှစ်ကြိမ် သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တစ်ပတ်ကို သုံးကြိမ်လောက်သာ သုက်လွှတ်တဲ့ အမျိုးသားတွေထက် အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေသုံးဆ နည်းတယ်လို့ သြစတြေးလျ ကင်ဆာ အဖွဲ့မှ လေ့လာမှုအရ သိရပါတယ်။ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးကျိတ်ပြွန်ထဲမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ Carcinogens စုဆောင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ သုတေသန ခေါင်းဆောင် ပါမောက္ခ Graham Giles က ပြောပါတယ်။
ပိုမိုကောင်းမွန်အောင်
တစ်နေ့တည်းကို ခဏခဏ သုက်လွှတ်မည့်အစား နေ့စဉ်တစ်ကြိမ်စီ သုက်လွှတ် ပေးတာဟာ အကျိုးရှိဆုံးပါ။
၎။ နာကျင်မှု ပျောက်စေပါတယ်
လိင်ဆက်ဆံပြီးနောက် စိတ်ကျေနပ်မှု ရနေတာဟာ နာကျင်မှုကို သက်သာစေတယ်လို့ Biology and Medicine ဂျာနယ်မှ သုတေသနပြုချက်အရ သိရပါတယ်။ လိင်ဆက်ဆံမှု ကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲ ပျောက်ဆေး Endorphins တွေဟာ တစ်မိနစ် အတွက် သုံးဆလောက် မြင့်တက် လာပါတယ်လို့ အင်္ဂလန်နိုင်ငံ Paisley တက္ကသိုလ်မှ Sexual Psychologisl ကပြောပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခါးနောက်ကျော နာတာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ သက်သာသွားတဲ့ အထောက် အထားတွေ ရှိတယ်လို့ ဆိုပါတယ်။

ပိုမိုကောင်းမွန်အောင်
သင့်မှာ နာကျင်မှုရှိနေရင် ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို ရှောင်ပါ။ ညင်ညင်သာသာ နှေးနှေး ကွေးကွေးနဲ့ အချိန်ကြာတဲ့ ဆက်ဆံနည်းကို အသုံးပြုပါ။ လိင်ဆက်ဆံမှုပုံစံအမျိုးမျိုးကိုပြောင်းပေးပါ။
နာကျင်မှု ပိုမို သက်သာအောင် ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ်သီးတွေ စားပေးပါ။

တင်ဆက်သူ---နိုင်ဦး-၁၁၉
email----intensemuscle@gmail.com
            myanmarfitnesstrainer@gmail.com
            muscleprofessor@gmail.com
www.myanmarfitness.com

14 comments:

  1. ကိုနိုင်ဦးရေ ... သိပ်ကောင်းတယ်ဗျာ..လူသားတွေ မကင်းနိုင်တဲ့ လိင်ကိစ္စအကြောင်းရေးထားတာ...လူငယ်တွေ မရှောင်နိုင်တာ များတာနဲ့...ကိုနိုင်ဦးဆောင်းပါးက နည်းလမ်းမှန်ကို ပြပေးတာပါပဲ...
    Pily

    ReplyDelete
    Replies
    1. ပီလီရေကျေးဇူးပါ။ကျွန်တော်ဒါမျိုးလေးတွေတင်ဆက်ချင်နေတာကြာပါပြီ။လူအ
      တော်များများကမေးနေကြတာကြာပါပြီ။တင်သင့်မတင်သင့်ချင့်ချိန်နေတာကြာ
      ပြီအခုတော့စာဖတ်သူတစ်ယောက်ရဲ့ ကောမင့်လေးတစ်ခုကအားဖြည့်ပေးလိုက်
      တာပါ။မကြာမှီဆက်လက်ပြီးကောင်းနိုးရာရာလေးတွေကိုတင်ဆက်ပေးသွားပါဦး
      မယ်ဗျာ။လေးစားလျက်---
      နိုင်ဦး---119

      Delete
  2. ကိုနိုင်ဦးရေ ကျနော်ကလည်း အစ်ကို့ ဘလော့မှာ ကွန်မန့်ပေးချင်နေတာကြာပါပြီ... မန်ဘာဝင်ထားတာလည်းကြာပါပြီ...ဒါပေမယ့် အစ်ကို့ဘလော့ကကွန်မန့်ပေးရတာ နည်းနည်းရှုပ်ထွေးမူရှိနေလို့ Anonymous နဲ့ ပဲပေးလိုက်တာပါ...
    ကျေးဇူးပါ ကိုနိုင်ဦး..

    ReplyDelete
  3. ၀ဲလ်ကမ်းပါကိုပီလီရေ-ကွန်မင့်ကိုနာမည်နှင့်ပေးချင်ယင်တော့အောက်က Comment as:
    ထဲက Select profile ထဲက Google Account ကိုရွေးလိုက်ရင်အီးမေလ်းနဲ့ ပါစ်ဝေါ့တောင်း
    မယ်ပြီးရင်မိမိရဲ့ အမည်အတိုင်းကောမင့်ရေးသူအမည်ပေါ်လာမှာပါ။နောက်တစ်ခေါက်
    စမ်းကြည့်ပါဦးဗျာ။အခြားသောမင်ဘာသူငယ်ချင်းများရဲ့ ကောမင့်လည်းဝဲလ်းကမ်းပါ။
    လေးစားလျက်---
    နိုင်ဦး---၁၁၉

    ReplyDelete
  4. နေ့တိုင်းလိင် ဆက်ဆံရင် ဘာဖြစ် နိုင် ပါ သလဲ ခင် ဗျာ.

    ReplyDelete
  5. t zin ရေ၊ခင်ဗျားရဲ့ အမေးကတော့အဓိကအနေနှင့်အမျိုးသားအမျိုးသမီးစသည့်လိင်
    ကွဲပြားမှုအပေါ်မူတည်တတ်ပါတယ်။ဒီမေးခွန်းကိုမေးတဲ့အတွက်အမျိုးသားဖြစ်
    မယ်လိုယေဘူယျယူဆမိတဲ့အတွက်၊အမျိုးသားများဆိုဒ်ကနေဖြေပေးလိုက်ပါ့မယ်။
    အမျိုးသားများလိင်ဆက်ဆံစဉ်ပြီးမြောက်မှုကိုကြုံတွေ့ ပြီးသုတ်လွှတ်လိုက်တိုင်းမှာ
    ကုန်ခမ်းသွားတဲ့သုတ်ရည်ဟာလူ့ အဆီအနှစ်ပါပဲ။အဲဒါကရွှေဖြူလို့တင်စားကြပါ
    တယ်။အရှေ့ တိုင်းအယူအဆပါ။သိပံ္ပကတော့သိပ်မထူးခြားဖူးလို့ ဆိုပေမဲ့၊သုတ်လွှတ်တာများလာရင်ကိုယ်တွင်းကဇင့်ဓါတ်နည်းပါးသွားတာကိုပြန်ဖြည့်ဖို့ ပျက်ကွက်ရင်တော့၊ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးမှာဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။တန်ဆေးလွန်ဘေးပါလို့ ခပ်တိုတိုသာပြောချင်ပါတယ်။
    အကယ်၍အမျိုးသမီးဆိုပါကလည်းထိုအမျိုးသမီးအနေနှင့်လိင်ဆက်ဆံဖော်
    တစ်ဦးတည်းနှင့်သာအမြဲတမ်းဆက်ဆံခြင်း(ဥပမာ-အိမ်ထောင်ဖက်နှင့်ဆက်ဆံ
    ခြင်း)ကတစ်ဦးနှင့်တစ်ဦးအြ ကားစွဲဆောင်မှုလျော့နည်းသွားစေပါတယ်။အ
    ကယ်၍အဲဒီအမျိုးသမီးကလိင်ဆက်ဆံဖော်တစ်ယောက်ပြီးတစ်ယောက်ပြောင်း
    လဲဆက်ဆံမယ်ဆိုရင်တော့သူမရဲ့ ကျန်းမာရေး၊သူမရဲ့  ၀ါသနာ၊သူမရဲ့ လိုအပ်
    ချက်သာအဓိကဖြစ်ကြောင်းပါဗျာ။
    အကယ်၍အမျိုးသားသာဖြစ်ပါကနောက်ဆုံးအနေနှင့်တစ်ခုပြောချင်တာက
    တော့***ကျားသည်တစ်နှစ်လျင်တစ်ခါသာမိတ်လိုက်တတ်ပြီး၊ထိုအချိန်တွင်
    အကြိမ်တစ်ရာလည်းဖြစ်သွားတတ်သည်။ထို့ ကြောင့်သန်မာသောကျားငယ်
    လေးများကိုသာမွေးဖွားပေး၏***
    မိမိခေတ္တပျော်မွေ့ မှုထက်မိမိမျိုးဆက်အပေါ်လည်းအနည်းငယ်စဉ်းစားပေးပါ
    လို့ ပြောချင်ပါတယ်။
    လေးစားလျက်----
    နိုင်ဦး---119

    ReplyDelete
  6. sorry ဗျာ ကိုနိုင်ဦး မေးချင်ဇောများသွားလို့ ကျွန်တော်က အမျိုးသားပါ နောက်ကျွန်တော်သိချင်တာလေးတွေရှိရင် ဖြေ ပေးပါ အုန်း နော် ကျေးဇူး တင် ပါ တယ်

    ReplyDelete
  7. ၀ဲလ်ကမ်းပါညီလေး။အချိန်မရွေးမေးနိုင်ပါတယ်။
    လေးစားလျက်----
    နိုင်ဦး----119

    ReplyDelete
  8. အားလုံးကိုပဲ မင်္ဂလာပါခင်ဗျာ ကျွန်တော်. အားလုံးကို ကန်တော. ပါတယ်ခင်ဗျာ ကျွန်တော်ကြတော. မိန်းမရှိပါပြီ မိန်းမ နဲ.နေတိုင်း စိတ်တိုင်းမကျဘူးဖြစ်နေတာ ကျွန်တော်.ဇနီးနဲ. နေရင် အများဆုံး ငါးမိနစ်လောက်ပဲ နေနိုင်တာ စိတ်က မပြီးချင်ပဲနဲ.သူ.
    ပာာသူပြီးသွားတာကို အလိုမကျဖြစ်နေတယ် အဲဒါကို လူများပြောသံတော.ကြားပါတယ် သုတ် ထွက်တာမမြန်စေတဲ. ဆေး ကြာတဲ.ဆေး လို.ပြောသံကြားပါတယ် အဲဒါကို အစ်ကိုယ်.အနေနဲ. သိရင် တစ်ချက်လောက် ပြန်လည် ရေးပေး ပြောပြလားခင်ဗျာ။အဲဆေး
    နာမည်နဲ. ဘယ်လိုသုံးရသလဲဆိုတာကိုပေါ. အစ်ကိုယ်သိရင်ခင်ဗျာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    ReplyDelete
  9. မင်္ဂလာပါဗျာ။ညီလေးအသက်ရယ်၊ကျန်းမာရေးအခြေအနေရယ်၊အိမ်ထောင်သက်
    ရယ်၊ကိုယ့်ကိုအသေးစိတ်ပြောပြပေးပါလား။အခုလိုဘလော့ဂ်မှာရေးမေးရမှာရှက်
    ယင်ကိုယ့်အီးမေလ်း intensemsucle@gmail.com ကိုမေလ်းပို့ ပေးပါ။ညီလေး
    လုံးဝစိတ်ဓါတ်မကျပါနဲ့ ။ကိုယ်ညီလေးကိုကူညီနိုင်ပါတယ်။ဆေးလိုချင်ယင်လည်း
    ညွှန်ပေးပါ့မယ်။နောက်ပြီးနည်းလမ်းကောင်းတွေကိုညွှန်ပေးပါ့မယ်။နောက်ပြီး
    ဒီဘလော့ဂ်မှာဒီလိုအကြော်ငးအရာနဲ့ ပါတ်သက်တဲ့အကြောင်းအရာလေးတွေကိုရှဲပေးပါ့မယ်။လုံးဝအားမပျက်ပါနဲ့ ။

    ReplyDelete
  10. ကိုနိုင်ဦးရေ ဒီဆောင်းပါးကို ကျွန်တော် ဘလော့ခ် တစ်ခုမှာ ဖတ်ဖူးတယ်ဗျ ။ ၏သည်မလွဲ အကုန်လုံး ပဲ ကိုနိုင်ဦး ဆောင်းပါးကို ယူသုံးတာလား မသိဘူး တကယ်ဆို သူများဆောင်းပါး ယူသုံးရင် နာမည် အညွှန်းထည့်သင့်တယ်ဗျ။ ကြာတော့ကြာပါပြီ လင့်ခ် က မေ့နေလို့ အကုန်တူတယ် ကိုနိုင်ဦးရေ ဘယ်လိုလဲဗျာ လူတွေက သစ္စာမရှိတော့ဘူးနော် မသိရင် ကိုယ့်အထာကြီးနဲ့တင်ထားသလိုမျိုး သူများဆောင်းပါးယူသုံးထားတာ တော်တော် ဆိုးတယ်ဗျာ။

    ReplyDelete
  11. အစ်ကို ရေ အစ်ကို ရေးထားတဲ့ ဆောင်းပါးတွေ က ကျနော့်အတွက် အရမ်းအထောက်အကူ ဖြစ်ပါတယ်...။ အချိန်လဲ မပေးနိုင်တော့ ရ တဲ့ အချိန်တွေ မှာ ဒီဆိုဒ် ကို အမြဲ ၀င်ကြည့်ဖြစ်ပါတယ် ဗျာ..။ နောက် ရေးမယ့် ဆောင်းပါးတွေ ကိုလဲ စောင့်ပြီးဖတ်မှာပါ...။ များများတင်နိုင်ပါစေ ဗျာ..

    ReplyDelete
  12. ၀ဲလ်ကမ်းပါညီလေး သန့်ဇင်ကိုကို
    အစ်ကိုတို့ သုံးယောက်လုံး ဆက်လက်ကြိုးစားသွားပါ့မယ်ဗျာ။
    လေးစားလျက်----
    နိုင်ဦး---၁၁၉

    ReplyDelete
  13. အစ်ကိုရေ..ကျွန်တော်လည်း..ဒီလိုကာယဗလလေ့ကျင့်ခန်းလုပ်ချင်နေတာကြာလှပါပြီ...ကျွန်တော်က.အရမ်းပိန်တော့..မတိုးတက်နိုင်ဘူးထင်လို့မလုပ်တာပါ..ကျွန်တော့်လိုအရမ်းပိန်တဲ့သူတွေက..ဘယ်လိုလေ့ကျင့်ခန်းတွေအရင်လုပ်ရမလဲမသိလို့ပါ..ကျေးဇူးပြုပြီး..လမ်းညွန်ပေးပါလားဗျာ..စာတွေဖတ်ဖို့ကလည်း.connection ကလုံးဝမကောင်းလို့ပါ..အစ်ကို... ကျွန်တော့်Bodyကို လုံးဝအားမရလို့ပါဗျာ....စောင့်မျှော်လျှက်.... Mg. Thin

    ReplyDelete