arial" action="like" colorscheme="light">

Sunday, November 30, 2014

သုတ်လွှတ်မြန်သူများအတွက်ဆေးနည်းကောင်းတစ်မယ်

 
သုတ်လွတ်မြန်တဲ့ ညီအကိုတွေ တစ်ခုလောက်အကြံပြုချင်ပါတယ်
အဲဒါကတော့ ကိုယ်တိုင်လေ့ကျင့်ရမှာပါ
ကိုယ်တိုင် စိတ်မထိန်းနိုင်လို့  လက်နဲ့ အာသာဖြေတဲ့ အခါမျိုးမှာပေါ့
ပြီးခါနီးလို့ တင်းလာတော့မယ်ဆိုရင် ရပ်လိုက်ပါ စိတ်ကို တစ်နေရာ လွင့်လိုက်ပါ အဲအပေါ်မှာ အာရုံမရောက်စေပါနြ့ ပြီး၇င် ပြန်လုပ်ပါ အဲလို လေ့ကျင့်ပေးရင် သုတ်ထိန်းနိုင်ပါတယ် စစလုပ်ချင်းမှာတော့ ခံရခက်ပါမယ် ဘာလို့ လည်းဆိုတော့ ပြီးချင်လို့ လုပ်တာ မပြီးအောင်နေရမယ်ဆိုတော့ စိတ်တော့အောင့်သက်သက်ဖြစ်တာပေါ့ဗျာ ဒါပေမယ့် တကယ်ကောင်းတဲ့ နည်းပါ ဘာဥပါဒ်မှလည်းမဖြစ်ပါဘူး
ဆေးစားတာ ဆေးသောက်တာကတော့အားမပေးပါ
တကယ်လို့ ဆေးနဲ့ အသုံးပြုချင်တယ်ဆိုရင်နည်းပေးပါမယ်
လုပ်ချင်လုပ်ပါ နောက်မှအပြစ်တော့မတင်ပါနဲ့ 
ခွေးလှေးယားသီးအစေ့ နေပူလှန်းအခြောက်ခံထားပြီး ကြက်သွန်ဥဖြူ တစ်လုံးဥနဲ့ ဆတူရောထောင်းပါ စေးကပ်နေအောင်ထောင်းပါ ပြီးရင် ပြားရည်လေးနဲ့ ရောကာ လက်သန်းလုံးလောက်လေးလုံးပြီးနေပူလှန်းပါ ခြောက်သွေ့ ရင်တော့ အသုံးပြုလို့ ရပါပြီ ၃လုံးထက်ပိုမစားလေကောင်းလေပါဗျာ
Ref:ခင်မင်သူ
လေးစားလျက်-
နိုင်ဦး-၁၁၉

ဝသောသူကိုကြင်နာပါ။

သင်သိပါသလား။
လူအများစုမှာဝသောသူများကို စနောက်ကြသည်။သူတို့ လေးတွေကို အကြောင်းမသိလျှင် တော်သောသူများဟု မမြင်တတ်ကြဘဲထုံအနေသူများဟု ထင်တတ်ကြသည်။မထင်မှတ်ပဲမိမိထက်တော်ကြောင်း သိလိုက်လျင်လည်း ကြည့်မရတတ်တော့ပါ။
bus ကားပေါ်သူတို့ လေးတွေပါလာလျင် စိတ်ပျက်တတ်ကြသည်။
အချို့လူများမှာ ကားပေါ်အီးစော်နံလာလျင် ဝသောသူကိုသာတရားခံထင်တတ်ကြသည်။
ထို့ အပြင် ဝတ္ထုဆရာများ ကာတွန်းဆရာများဒါရိုက်တာများသည်
ပိန်လွန်းသူ ဝလွန်းသူများကို လူဆိုးcharacter။ဟာသcharacter နေရာများတွင် လောဘကြီးသူများအဖြစ် ရယ်စရာအဖြစ် လွန်စွာ ယုတ်ပက်သူများအဖြစ် ထားတတ်ကြသည်။ယင်းတို့ ကြောင့် အပါအဝင် ဝသောသူတို့မှာ အစဉ်အမြဲ impressionဒေါင်းရလေသည်။လူအများစုမှာ လည်း ငယ်စဉ်ကတည်းက ပင် သူတို့ အား အကျင့်ပုတ်သောသူများ။စစရာနောက်စရာ ဟာသသတ္တဝါဟု ထင်တတ်ကြလေသည်။
သို့ သော် ကံအားလျော်စွာပင် သူတို့  လေးတွေတွင် လွန်စွာလှပသော အကြင်နာကြီးသော သဘောကောင်းသော နှလုံးသားလေးများ ပါရှိတတ်ကြလေသည်။ယင်းကို သူတို့ ရန်သူများ။ သူတို့ ပေါင်းနေသော သူငယ်ချင်းအစစ်အချို့နှင့်  သူတို့ လေးတွေရဲ့ ချစ်သူတို့ သာလျင်သိနိုင်လေသည်။

ဝသောသူများသည်သာမန်လူများထက်စိတ်ရှုပ်လွယ်သည်။ဟန်ဆောင်ကောင်းကြသည်။
လူအကြောင်း လူ့သဘောကို နည်းနည်းပိုသိကြသည်။
နာကျင်မှုများကို ခံစားလွယ်သော်လည်း ခံနိုင်ရည်ရှိကြသည်။
အစားအအိပ်မှလွဲပြီး ကိစ္စအများစုတွင် စိတ်ကိုထိန်းချုပ်နိုင်စွမ်းမြင့်မားလေ့ရှိသည်။
စိတ်ကူးဥာဏ်ကောင်းကြသည်။မကြာခဏ စိတ်ကျရောဂါကို အနည်းနှင့်အများ ခံကြရသည်။
အချို့မှာ အလွန် အတ္တကြီးတတ်ပြီး အချို့မှာ လွန်စွာအားနာတတ်ကြသည်။
လူကြားထဲကြာရှည်မနေတတ်သောစိတ်ရောဂါကို ပါးပါးလေးတော့ ပိုင်ဆိုင်ထားတတ်ကြသည်။
အများစုမှာ ရှန်းတတ်ကြသည်။ကိုယ့်ကိုယ်ကိုသနားလွယ်ကြသည်။
လူတွေရဲ့တစ်ကိုယ်ကောင်းဆန်မှုကို ငယ်ငယ်ကတည်းက သိမြင်ခဲ့သူများဖြစ်ကြသည်။
ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာတချို့ရှိတတ်သဖြင့် ရံဖန်ရံခါ ကိစ္စအသေးအမွှားလေးများကို ခံစားဝမ်းနည်းတတ်ကြလေသည်။များသောအားဖြင့် သူတို့ သည် ပထမဆုံးအချစ် တွင် လွန်စွာမှ သနားဖွယ်ရာ ကောင်းသော တစ်ဖက်သတ်အချစ်သမားဘဝကို ရောက်ရှိတတ်ကြဖူးလေသည်။ ရင်ဖွင့်မိလျင်လည်း အခံရအခက်ဆုံးမှာ လူတွေမတရားသည်မှာ သူတို့ လေးတွေအချစ်ကိုတော့ ဟာသလုပ်စရာဟု သတ်မှတ်ကြခြင်းပင်။
ထို့ ကြောင့်  သင့်အနေဖြင့် ဝသောသူများအား ကြင်နာတတ်ရန်လိုအပ်နေပါင်္ပြီ။သူတို့ လေးတွေသည် သက်ရှိလူသားတစ်ဦးဖြစ်သဖြင့်အားနည်းချက်ကိုမစနောက်မိကြစေရန်သတိဖြင့်ထိန်းကြရတော့မည်ဖြစ်သည်။
စိတ်တွင်ဒဏ်ရာရထားပြီးသားသူတစ်ယောက်ကို ထပ်မံပြီး ဒဏ်ရာမပေးပါရန် ဝသောသူများကိုယ်စား ဒီတုတ်တုတ်မှ တောင်းပန်လိုက်ပါသည်။ဘာပဲဖြစ်ဖြစ် သူတို့ လေးတွေကို မပျော်စေချင်ရင်နေပါစေ။ နာကျင်အောင်တော့ မလုပ်မိပါစေနှင့်။သူတို့ သည် သင်နှင့်ယှဉ်လျှင် အရာတော်တော်များများတွင် ရှုံးပြီးနေသောသူများဖြစ်ပါသည်။ကိုယ်ချင်းစာပါ။ ထပ်တောင်းဆိုပါသည်။ ကိုယ်ချင်းစာပါ။

မှတ်ချက်။ ။
ငယ်စဉ်ကလေးဘဝကတည်းကဝခဲ့သူ များကိုသာရည်ရွယ်ပါသည်။ကြီးလာမှဝသောသူများအဖို့ တော့ မှန်ချင်မှမှန်ပေမည်။
facebook မှရယူခဲ့သော ဆောင်းပါးဖြစ်ပါသည်။မူရင်းရေးသားသူကိုမသိတော့သည့်အတွက်
credit အတိအကျမပေးနိုင်ခြင်းဖြစ်ပါသည်။
 လေးစားလျက်-
နိုင်ဦး-၁၁၉

Cuban press



Cuban press ကို ပုခုံးလေ့ကျင့်ခန်းများ
မပြုလုပ်မှီ အ လေးခပ်ပေါ့ပေါ့ဖြင့် ၁၀ကြိမ်
ခန့်ပြုလုပ်ခြင်းဖြင့် အ ကြောလွဲခြင်း ၊အဆစ်
လွဲခြင်းများမဖြစ် စေ ရန်အထိုက်အ
လျှောက်ကာကွယ် ပါသည်။

Ref:weider's principles
ကာယဗလနှင့်ကာယအလှ လေ့လာလိုက်စား
သူများအားအစဉ်လေးစားလျှက်
 
စိုင်းသီဟ ကျော်စန်း

Saturday, November 29, 2014

အဆီ အမြန်ကျစေရန် အစား ၁၀ မျိုး

ခန္ဓာကိုယ်တွင် မလိုအပ်သော အဆီပိုများ ရှိပါက အမြန်ဆုံး ကျဆင်းစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစား ၁၀ မျိုးကို စားပါက မလိုအပ်သော အဆီပိုများ အမြန်ဆုံး ကျဆင်းစေနိုင် ပါတယ်။

ဂျုံ

ဂျုံများများ စားပါ။ ဂျုံစားခြင်းအားဖြင့် ကိုလက်စရောဓာတ်ကို လျော့ကျ စေတဲ့ အပြင် အစာခြေ စနစ်ကိုလည်း ကောင်းမွန်စေ ပါတယ်။ ဒါကြောင့် ဂျုံကို များများ စားသင့်ပါတယ်။

ဥမျိုးမျိုး

ဥမျိုးမျိုးကို စားသုံးပါက ခန္ဓာကိုယ်ရှိ ကြွက်သားများကို ကြီးထွား စေနိုင်တဲ့အပြင် ကိုလက်စရောဓာတ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။

ပန်းသီး

ဝိတ်ကျလိုသူများ ညဘက်ထမင်း မစားပါက ပန်းသီး စားနိုင်ပါတယ်။ ပန်းသီးဟာ ခန္ဓာကိုယ်အတွက် ခွန်အားရှိစေတဲ့ အပြင် အဆီတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။

ငရုတ်သီးစိမ်း

ငရုပ်သီးစိမ်းဟာ ခန္ဓာကိုယ်ကိုယ် ဖွံဖြိုးစေတဲ့ အပြင် အဆီတွေကို ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ငရုတ်သီး အစိမ်းကို မှီဝဲ ပေးပါ။


ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ အဆီပိုတွေကို ကျဆင်းစေရုံသာ မက ကင်ဆာရောဂါ အတွက်လည်း ကောင်းမွန်စေပါတယ်။ ထို့ပြင် ခန္ဓာကိုယ်အတွက် ခွန်အား ဖြစ်စေတာကြောင့် စားသုံးသင့်ပါတယ်။

ပျားရည်

ပျားရည်ဟာ ခန္ဓာကိုယ်အတွက် ခွန်းအား ဖြစ်စေပါတယ်။ ထို့ပြင် အဆီကိုလည်း သိသိသာသာ ကျဆင်းစေနိုင်ပါတယ်။ ပျားရည်ကို နေ့စဉ်မှီဝဲပေးပါ။

လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်း များများ သောက်ခြင်းဟာ ဝိတ်ကျစေနိုင်တယ်လို့ ဆိုပါတယ်။ များများမသောက်နိုင်ဘူး ဆိုရင်တောင် တစ်နေ့ကို နှစ်ခွက် လောက် သောက်ပေးပါ။

ခရမ်းချဉ်သီးစားပါ

ခရမ်းချဉ်သီးကို နေ့တိုင်း စားပေးခြင်းအားဖြင့် အဆီများကို ကျဆင်းစေနိုင် တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးစားပေးပါ။

ချောကလက်

ချောကလက်ကို စားပေးပါ။ ဘာကြောင့်လဲ ဆိုသော ၎င်းဟာ ဝိတ်ကို အမြန်ကျ စေပါတယ်။

သံပုရာရည်

သံပုရာရည်ကို ဝိတ်ကို အလျင်အမြန်ကျစေ နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် သံပုရာရည် သောက်သင့်ပါတယ်။

နိဂုံးချုပ်အားဖြင့် အကြံပေးချင်တာက လေ့ကျင့်ခန်း လုပ်ပါ။ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်အများကြီး မပေးနိုင်ရင်တောင် မနက်ခင်းတိုင်း လမ်းလျှောက် စေချင် ပါတယ်။

Ref -healthnews
ကာယဗလလိုက်စားသူများကိုအစဉ်လေးစားလျက်-
 စိုင်းသီဟကျော်ဆန်း

အာဟာ၇ရွေးချယ်စားသောက်တတ်ပါစေ

 
လူသားတိုင်းအတွက်နေ့စဉ်စားသောက်မှုတွင်အာဟာရအချိုးအစားမျတမှုသည်အရေးပါသောအရာတစ်
ခုဖြစ်သည်အထူးသဖြင့်ကျန်းမာရေးနှင့်ညီညွတ်သောအကျိုးပြုအစားအသောက်များကိုရွှေးချယ်စားသောက်
တတ်ရန်အလွန်ပင်အရေးကြီးသည်။အမြန်စာများရယ်ဒီမိတ်အစားအစာများပေါများလာသလိုလမ်းဘေးတွင်
အလွယ်တကူဖြင့်ဝယ်ယူစားသောက်နေသည့်အကင်များကလည်းကျွန်တော်တို့အတွက်နှစ်ကာလကြာရှည်
လာပါကကင်ဆာရောဂါကိုဖြစ်ပွားစေသည်။ထိုကြောင့်ကျန်းမာရေးအတွက်လေ့ကျင့်ခန်းလုပ်နေရုံနှင့်မပြီးပေ။
အစားအသောက်သည်လည်းဆင်ခြင်စားသောက်ရန်လိုအပ်သည်။အဆီအစိမ့်များသောအစားအစာ ဆိုးဆေးပါသောအစားအစာဓာတုဗေဒဆေးဝါးများပါသောအစားအစာစသည့်ဖြင့်အဆန်းအပြားမျိုးစုံပါ
ဝင်နေသောအစားအသောက်များကိုအသက်ရှင်ဖို့အတွက်လိုအပ်၍စားသောက်နေရသည်မှာမှန်သော်လည်း
အမှန်တကယ်တွင်ကြောက်ရွံမိသည်။တတ်နိုင်သလောက်တော့ဆင်ခြင်၍အကျိုးပြုသောအစားအသောက်
များကိုစားသုံးပေးခြင်းသည်ကျန်းမာရေးအတွက်တစ်ဖက်တစ်လမ်းမှအထောက်အကူပြုမည်ထင်မိသည်
ကျွန်တော်အခုတင်ပြပေးချင်သည်မှာကြက်ဥတစ်လုံး၏အကျိုးကျေးဇူးဖြစ်သည်။ကြက်ဥဟုဆိုလိုက်သည်နှင့်
အချို့သောသူများကကိုလက်စထရောလ်ပါဝင်မှုမြင့်မားသည်ဟုပြောကြမည်။ကာယဗလသမားများအ
တွက်ကြွက်သားကြီးထွားမှုသည်အဓိကဖြစ်သလိုကြွက်သားကြီးထွားမှုအတွက်?ိုအပ်သောအသားဓာတ်ကို
လုံလောက်စွာစားသုံးရန်လိုအပ်သည်။။အရည်အသွေးပြည့်ဝသောအသားဓာတ်သည်ကာယဗလသမားအ
တွက်အဖော်မွန်ကောင်းပင်ဖြစ်သည်။။(ပရိုတိန်းအကြောင်းကိုသီးသန့်ဆောင်းပါးတစ်ခုရေးသားပေးပါမည်)။
လိုအပ်သောအသားဓာတ်ကိုဖြည့်တင်းမပေးနိုင်လျင်ပြင်းထန်စွာလေ့ကျင့်မှုပြုလုပ်ပြီးကိုယ်ခန္ဓာသည်ကလပ်
စည်းများအတွင်းရှိအသားဓာတ်ကိုဆွဲယူသုံးရသည်ထိုအခါအသားဓာတ်များလျော့သွားခဲ့လျင်နိုက်ထရိုဂျင်
အချိန်အဆတိမ်းစောင်းမှုဖြစ်ပေါ်နိုင်သည်နိုက်ထရိုဂျင်အချိန်အဆမပျက်စေရန်အသားဓာတ်ကိုစားသုံးပေး
ရန်လိုအပ်သည်ပထမတန်းစားအသားဓာတ်ကိုစားသုံးပေးလျင်အကောင်းဆုံးဖြစ်သည်။ဥပမာ။။ကြက်ဥအ
ကာအဆီမပါအမဲသားစစ်စစ်ဟင်းသီးဟင်းရွှက်အချို့တွင်အသားဓာတ်ပါသော်လည်းပါဝင်နှုန်းနည်းသဖြ
င့်နိုက်ထရိုဂျင်အချိန်အဆအတွက်မလုံလောက်ပေထို့ကြောင့်အသားဓာတ်အတွက်အလွယ်တကူစားသုံးနိုင်
သည်မှာကြက်ဥပင်ဖြစ်သည်။။အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာနကအနေတော်ကြက်ဥတစ်လုံးတွငပရို

တိန်း၆.၂၈ဂရမ်ကယ်လိုရီ၇၂ နှင့်အဆီဓာတ်၎.၇၅ဂရမ်ဗီတာမင်နှင့်သတ္တုဓာတ်အနည်းငယ်ပါဝင်သည်ထို
့အပြင်အာရုံကြောလုပ်ဆောင်မှုကောင်းစေသည့်ကိုလင်းနှင့်အာရုံကြောဆဲလ်မပျက်စီးအောင်ထိန်းသိမ်းပေး
သည့်ဖောလိတ်အာရုံကြောမချို့ယွင်းအောင်ကာကွယ်ပေးမည့်B12ပါဝင်သည်။ဆီလီနီယမ် ဇင့်ဓာတ် သံဓာတ်တို့ကလည်းဆံသားနှင့်လက်သည်းခြေသည်းကျန်းမာရေးအတွကိအကျိုးပြုပါတယ်။အချို့သောသူ
များကလည်းကြက်ဥအနှစ်ကိုမစားသင့်ဘူးဟုပြောကြသည်များလည်းရှိသည်။အမှန်တကယ်တော့အနှစ်တွင်
အာဟာရဓာတ်ပိုကြွယ်ဝသည်။ကြက်ဥတစ်လုံး၏အနှစ်တွင်ကယ်လစီယမ်၁၁၂မီလီဂရမ် ဖော့စရပ် ၂၄၀မီလီဂရမ် ဗီတာမင်အေ ၄၃၈ မိုက်ခရိုဂရမ် ပါဝင်ပါတယ် အရည်ကြည်မှာ ကယ်လစီယမ် ၉မီလီဂရမ် ဖော့စရပ် ၁၈ မီလီဂရမ် နှင့်ဗီတာမင် အေလုံးဝမပါ ပါဘူး။ဒါကြောင့် အနှစ်နှင့် အကာ၏ အာဟာရတန်ဖိုးပါဝင်မှုများကိုသိရှိစေရန်အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာနကဖော်ပြထားသည်ယနေ
့မောင်အိုလံပီယာတို့၏နေ့စဉ်စားသောက်မှုတွင်လည်းကြက်ဥသည်မပါမဖြစ်ပင်သို့ဖြစ်ပါ၍ကျွန်တော်တို့
၏နေ့စဉ်လေ့ကျင့်မှုများအချိန်ကုန်လူပန်းမဖြစ်စေရန်လိုအပ်သောကြွက်သားကြီးထွားမှုအတွက်မှန်
ကန်သောစားသောက်မှုဖြစ်စေရန်အရေးကြီးပါသည်ကြုံတုန်းလေးတစ်ခုဖောက်သည်ချချင်ပါသည်အခြား
မဟုတ်ပါကျွန်တော်ဘော်ဒါတစ်ယောက်ကြွက်သားကြီးထွားဖို့အသားဓာတ်လိုတယ်ဆိုလို့ဂျင်မ်ကပြန်တိုင်း
အသားကင်ကိုအချဉ်ရွှဲရွှဲနှင့်စားတတ်သည်ကျွန်တော်ကိုမေးသည်စားလို့ရလားတဲ့အသားဓာတ်တော့မှန်ပါ
သည်အကင်?ဖစ်နေသည့်အတွက်ကင်ဆာဖြစ်စေသည့်ဓာတ်ဖြစ်သောကာစီနိုဂျင်ပါကြောင်းပြောလိုက်ရာ
အကင်ရောင်းသည်ဈေးသည်ယနေ့အချိန်ထိစကားမပြောတော့ပါသူဖောက်သည်ပျက်သွား၍ဖြစ်သည်။
မိတ်ဆွေတို့လည်းမှန်ကန်စွာစားသုံးတတ်ပါစေ။
တင်ဆက်သူ-
 အောင်အောင်(လှိုင်)

ကျန်းမာအားပြည့်စေ သော ကြက်သွန်ဖြူနှင့်နို့

 
ကြက်သွန်ဖြူသည်အစာကြေ စေသည်။
ကိုယ်ခံအား ကောင်းစေသည်။ သွေးသည်း
ခြေတိုးပွားစေသည်။ ဆံပင် ကောင်း စေသည်။
လေ နှင့်ပက်သက်သောဝေဒနာများမဖြစ်စေ
ရန်ကာကွယ်ပေးသည်။အသက် ရှည်စေသည်
ထို့အပြင် ၄င်းနှင့်အတူတွဲဖက်စားသုံးရမည့်
အဆီထုတ်ထားသောနွားနို့ခွက်ကြီးတစ်ခွက်
လီတာတစ်ဝက် ( သို့မဟုတ်) ၁/၂ လီတာတွင်
ပရိုတိန်း ၁၆ ဂရမ်
ကာဗိုဟိုက်ဒရိတ် ၂၃ ဂရမ်
ဆိဒီယမ် ၂၀၀ မီလီဂရမ်
ကယ်စီယမ် ၆၀၀ မီလီဂရမ်တို့ ပါဝင် ပါသည်။
ကျန်းမာအားပြည့်စေ သော အားဖြည့်ဖျော်ရည်
တစ်ခွက် ရရှိရန်
ကြက်သွန်ဖြူ အမွာ ၂ မွှာ နှင့် အဆီထုတ်ထား
သောနွာ့းနို့လီတာဝက်အား ရော၍ပွပ်ပွပ်ဆူ
အောင် ကျိုချက် လိုက် ရပါမည်။ (ယင်း
တို့ကိုစားသုံးရာတွင် ကြက်သွန်ဖြူအပါအ၀င် အကုန်အစင် စားရပါမည်)်

အဆိုပါကြက်သွန်ဖြူနို့အား မနက် စာစားသုံး
ရာတွင်ဖြစ်စေ၊ညအိပ်ယာမ၀င် မှီညလယ်စာ
အတွက်ဖြစ်စေ၊သို့တည်းမဟုတ် လေ့ကျင့်ခန်းမပြုလုပ်ခင်၄၅မိနစ် ခန့်တွင်ဖြစ်
စေ၊လေ့ကျင့်ခန်းပြုလုပ်ပြီးနောက်တွင်ဖြစ်စေ
စားသောက်ခြင်းဖြင့်ခွန်အားအတွက်တစ်နည်း
တစ်ဖုံ အ ထောက်အကူပြုပါ ကြောင်း ဖော်
ပြအပ် ပါသည်။
Ref: benefits of garlic and milk
ကာယဗလနှင့်ကာယအလှ လေ့လာလိုက်စား
သူများအားအစဉ်လေးစားလျှက်
စိုင်းသီဟ ကျော်စန်း

ကျန်းမာ ရေးလိုက်စားသူများစားသင့်သောရွှေဖရုံသီး

ရွှေဖရုံသီး ၏အာနိသင် မှာ ခန္တာကိုယ်တွင်း
အပူလွန်ခြင်း ကို ထိန်းညှိ ပေးသည်။
သွေးသားစိုပြည်စေသည်။ အ ရေပြားတွင်
ဖြစ်တတ်သော အသားပို နှင့် ကြာဆူးကဲ့
သို့သောအ ရေပြားကြမ်းတမ်းစေ သည့်အရာ်
များမဖြစ် အောင် ကာကွယ် ပေးသည်။
ရိုးတွင်းခြင်ဆီ ကို အားဖြည့်ပေးနိုင် သဖြင့်ီ
အရိုး၏ကြံ့ခိုင် အားကောင်း စေရန်များ
စွာ အ ထောက်အကူပြုပါသည်။ ရွှေဖရုံသီး
ကို မကြာခဏ စားသုံးသူများသည် အရိုး
ကျီးပေါင်းတက်သည့်ရာခိုင်နူံး အလွန် နည်း
ပါးသည်ကို တွေ့ရပါသည်။ ထို့အပြင်
သွေးလေညီမျှစေပြီးအစာအိမ် သန့်ရှင်းပေး
သောအစွမ်းသတ္တိရှိသည်ကိုလည်းတွေ့ရပါ
သည်။ ရွှေဖရုံသီးကို ကင်းကြမ်း(ဟင်းချိုချက် ရာတွင် ထည့်ရ
သောပန်းခြောက်တစ်မျိုး ) နှင့် ရော နှော
ချက်စားလျှင် အသံဝင်ခြင်း၊အ အေးမိ၍အသံ
ပြွန်ရောင် ရမ်းခြင်းကိုသက်သာပျောက်ကင်း
စေသည်။ဖော်ပြခဲ့သောအစွမ်းသတ္တိများပြည့်ဝ
စွာရရှိနိုင် စေရန် ရွှေဖရုံသီး၏အခွံကြမ်းကို
ဓါးဖြင့် သင် ရာတွင် ကုန်စင် အောင် မခွာ
ဘဲ စားသဲုံးရန်အနည်းငယ်ချန်ထားရပါမည်။

Refး Shi Min Yao Shu Chinese traditional medicineresearch
ကာယဗလနှင့် ကာယအလှ လေ့လာလိုက်စားသူများအား အစဉ်လေးစားလျှက်-

စိုင်းသီဟ ကျော်စန်း

စားသုံးသင့်သောပျားရည် နှင့်သစ်ကြားသီးတို့၏ ကောင်းကျိုးများ

ပျားရည် စားသုံးခြင်းဖြင့် ရ ရှိနိုင် သော
အကျိုးများကို ဖော်ပြရလျှင်
ခွန်အားတိုး စေခြင်း၊
ချောင်းဆိုးခြင်း ကို အထိုက် အ လျောက်
ကုစားနိုင် ခြင်း ( ပျားရည် သောက်နေစဉ်
သီးပါက ဘေးထွက်ဆိုးကျိုးပြင်းထန်သဖြင့်
ရေ နွေးနှင့် ဖြစ် စေသံပုရာရည်နှင့် ဖြစ်စေ
ရောစပ်သောက်သုံးသင့်ပါသည်)
အသား အရည် ကောင်း စေခြင်း၊
ကိုယ် အ လေးချိန် ကျ စေခြင်း( သံပုရာသီး
အရည်၊ရေ နွေးနှင့်တွဲဘက် စားသုံးပါကပို အကျိုးသက်ရောက်ပါသည်)
ညဘက် ကောင်းစွာအိပ် ပျော် စေခြင်း
်အစားအစာများကိုခြေဖျက် ရာတွင်
ိုမြန်ဆန် စေခြင်း(ကြက်သွန်ဖြူနှင့်တွဲ
ဘက်စားသုံးပါကပိုမိုထိရောက်စေပြီး
အစာအိမ်အားကောင်းစေပါသည်)
သွေးပေါင် ချိန်ပုံမှန်ဖြစ် စေခြင်းစသည်အကျိုး များရရှိပါမည်။ ၄င်းအပြင် အ စေ့အဆံတစ်မျိုးဖြစ် သော
သစ်ကြားသီး စားခြင်းဖြင့်
အစာစားလိုစိတ် ကိုအားပေးသည်။
ယင်းတွင်alpha linolenic acid၊
အမျှင် ဓါတ်နှင့်vitamin E များစွာပါဝင်
သဖြင့် နှလုံး ၏စွမ်း ဆောင် ရည် တိုးတက်
ကောင်းမွန်စေသည်။ ဖော်ပြခဲ့သည်များ
အတွက်ပျားရည်တစ်ခါသောက်
လျှင် လဘက် ရည်ဖျော်ဇွန်း၁ဇွန်းမှ၂ဇွန်းနှင့်
သစ်ကြားသီးတစ်ခါစား၂လုံးမှ၃လုံး
တစ်နေ့လျှင်၂ကြိမ်မှ၃ကြိမ်စားသုံး
သင့်ပါ ကြောင်းဖော်ပြ ရေးသားအပ်ပါသည်။
(ပျားရည် သောက်သင့်
ပါသလားဟုမေးမြန်းသော ကိုR ZarNi အား
ကျေးဇူးတင် ကြောင်းဖော်ပြအပ်ပါသည်)

Refး Honey & Walnut resources
ကာယဗလနှင့် ကာယအလှ လေ့လာ
လိုက်စားသူများအားအစဉ်လေးစားလျက်
စိုင်းသီဟ ကျော်စန်း

အ၀မလွန် စေရန်အဆီချခြင်း

မိမိ၏အရပ်အ မောင်းနှင့်ညီမျှသော အ လေး
ချိန်ထက် ပို နေလျှင် ၀သည်ဟု ယေဘူယျ
အားဖြင့်သတ်မှတ်နိုင် ပါသည်။
ဥပမာ ဖော်ပြရလျှင်
(Pro bodybuildersများထည့်မတွက်ပါ)်
၁၇၀ cmမြင့်သူသည် ၆၀-၇၀ကီလိုဂရမ်
အတွင်းရှိ နေသင့်ပြီး ၈၅ကီလိုထက် ကျော်
ပါက အ၀လွန်သည် သတ်မှတ်နိုင် ပါသည်။
၁၈၀ cmမြင့်သူသည် ၆၆-၈၀ ကီလိုဂရမ်
အတွင်းရှိသင့်ပြီး၉၅ကီလိုကျော်ပါကအ၀လွန်
သတ်မှတ်နိုင် ပါသည်။်
ကိုယ် အ လေးချိန် ညွှန်းကိန်း
BMI=Body Mass Index
ခန္တာကိုယ် အ လေးချိန်( kg)÷အရပ်အမြင့်
မီတာ×အရပ်အမြင့်မီတာ
၈၀ကီလို ရှိပြီး အရပ်(၁့၆)မီတာ ရှိသူအတွက်
၈၀÷( ၁့၆)×(၁့၆ )=၃၁
အမျိုးသားများအ နေဖြင့် ၂၄
အမျိုးသမီးများအ နေဖြင့် ၂၆ထက်ပို နေပါက
အားကစားလေ့ကျင့်နေသူလည်းမဟုတ် လျှင်
အဆီချ သင့်ပါသည်။ ဤကဲ့သို့အဆီများနေလျှင် သွေးအတွင်ူး
အဆီများခြင်း၊သွေးတိုး၊ဆီးချို။ အဆစ်အမြစ်
ရောင်ခြင်း၊နှလုံးသွေးကြောကျဉ်းခြင်း၊၊အသဲ
အဆီဖုံးခြင်းစသည်တို့ဖြစ် ရန်အလားအလာ
များပါသည်။
လေ့ကျင့်သင့်သည့်မှာ သွေးပူလေ့ကျင့်ခန်း
များစတင် လေ့ကျင့်ပါ။(ခြေ ခွဲ လက်ဘေးသို့
ဆန့်ုခြင်း၊လက်မြှောက် ခြေ မြှောက်ခြင်းစသည်)
အ လေး ၁၅ ပေါင် ခန့်တပ်ဆင် ထားသော
အ လေးကို ပုခုံးထမ်းပြီးခါးလှည့်ခြင်း၊
အိပ်ထမတင် လေ့ကျင့်ခန်းများ(အဆင် ပြေရာ)
ကြိုးခုန်ခြင်း၊
စက်ဘီးနင်းခြင်း၊
တောင် တက်ခြင်း၊
အေ ရိုးပစ် လေ့ကျင့်ခန်းများ၊
စသည့်တို့အနက် ၃မျိုးကို တစ်ကြိမ်လျှင်
၁၀မိနစ် ဖြင့်၎ ကြိမ် မှ ၅ကြိမ် လေ့ကျင့်ခန်းပြုလုပ် ပါ။ အဆိုပါ လေ့ကျင့်
နည်းအားလေ့ကျင့် သောလူ၂၀၀သည်
တစ်လအတွင်း၁၀ ပေါင် မှ ၁၅ ပေါင် ကျ
ခဲ့ကြောင့်းတွေ့ရပါသည်။ အလားတူပင်
မိတ်ဆွေတစ်ယောက်အားစကားစပ်မိပြီး
ပြောခဲ့ဘူးပါသည်။ထိုမိတ်ဆွေသည်သူ၏
တစ်နေ့တာဖြတ်သန်းသောလူနေမှုဘ၀ပုံစံ
တွင် ကိုယ်လက် လှူပ် ရှားမှူနည်းသဖြင့်
တစ်ပတ်တစ်ခါ ရေကူးခြင်း၊ဂေါက်သီးရိုက်
ခြင်းများပြုလုပ်နေ သော်လည်း တဖြည်းဖြည်း
ဝဖြိုးလာလေသည်။ ထိုရလဒ် ပြောင်းလဲပစ်
နိုင် ရန် မိတ်ဆွေဖြစ်သူ၏တစ် နေ့တာစား
သောက် နေသည်များအနက်မှ ကာဗွန်နစ်
ပါသော အချိုရည် များ နေရာတွင် သစ်သီး
ဖျော်ရည် အစားထိုး၏။ အဆီပါသောအစား
အစာများတစတစ လျှော့လိုက်၏။ပရိုတင်းကို
အနည်းငယ် တိုး၍စား၏။ သံလွင် ဆီ
နှင့် ဆော်လမွန်ငါး များတွင် ပါ သော အဆီ
များစား၏။ ည နေပိုင်းတွင်သောက် လေ့
ရှိသော ဘီယာ၊အရက်
အစားဝိုင် ၂ခွက်ခန့်သောက်၏။်
အထူးသဖြင့် ညစာတွင် အဆီများနှင့်အတူ
ကာဗိုဟိုက်ဒရတ် အားနဂိုစားနေ သည့်ပမာဏ
မှမသိမသာလျှော့လိုက်၏။ ရေ၊လဘက် စိမ်းရည်green tea ပို သောက် ၏။
အဆီထုတ်ထားသော နွားနို့၊ဒိန်ချဉ်၊လတ်
ဆတ် သောသစ်သီး၊ဟင်းရွှက်များပိုစား၏။
တပြိုင် နက်တည်းတွင် ဖော်ပြခဲ့သော cardiovascular လေ့ကျင့် ခန်းများအား
သတ်မှတ် ပုံစံအချိန် နှင့် အကြိမ် အ ရေ အတွက် ပြည့် အောင် ကစားနေ၏။ ပထမ ၂ပတ် ခန့်သည် အတန်ငယ်ခက်ခဲပြီး လေ့ကျင့်
ခဲ့ရပါသည်။ ၃ပတ် မြောက် နှင့် ၄ပတ် အ
ရောက် တွင် လေ့ကျင့်ခန်း ၄ကြိမ် အကြား
တာတို( မီတာ၃၅) အမြန် ၂ကြိမ် ပြေးခြင်း ထည့်သွင်းကစား နိုင် ခဲ့ပါသည်။
ဤသို့ဖြင့် တစ်လ ပြည့်
ပြီး ကိုယ် အ လေးချိန် ချိန် သောအခါ ၁၂
ပေါင် ကျသွားသည်ဆို သောရလဒ် ကောင်း
ထွက်ခဲ့ပါသည်။မိတ် ဆွေဖြစ်သူမှ နေထိုင်
လှူပ် ရှားရာတွင် ပေါ့ပါးသွက်လက်လာသောခံစား
မှူကိုနှစ်ခြိုက်သဖြင့် လေ့ကျင့်ခန်းများဆက်
လက်လေ့ကျင့်ကစားနေပါကြောင်း ဖော်ပြ
အပ်ပါသည်။
Ref:The University of Pittsburgh research
ကာယဗလနှင့် ကာယအလှ လေ့လာ
လိုက်စားသူများအား အစဉ်လေးစားလျှက်
 စိုင်းသီဟ ကျော်စန်း

အဆီကျ ခြင်းအားပေးသော ဟင်းခပ်အ မွှေးအကြိုင် များ

သစ်ကြံပိုးခေါက်
သွေးအတွင်းရှိပို နေ သောသကြားပမာဏ
ကိုလျှော့ချပေးသည်။ ကာဗို
ဟိုက်ဒရိတ် မှအာဟာရများအတွင်း
လုပ်ငန်းဆောင် ရွှက်သည်ကို ပိုမိုကောင်းမွန်
အောင် ကူညီပေးသည်။

ငရုပ်ကောင်း
ခန္တာကိုယ်၏ဇီဝဖြစ်စဉ် အားကောင်းစေပြီး
အစာကြေညက်အောင် ကူညီပေးသည်။
အာဟာရများလျင်မြန်စွာစုပ်ယူနိုင် ရန်
ထောက်ကူပေးသည်။

ဂျင်း
အစာအိမ်၏စွမ်းဆောင် ရည်မြင့်တင် ပေး
သည်။အဆီများကိုစုပ်ယူပစ်သည်။

ငရုပ်သီးမှုန့်
၎င်းတွင် ပါဝင် သော capsaicin
သည့်အဆီများကို လောင် ကျွှမ်းစေသည်။
ဖော်ပြခဲ့သောဟင်းခပ်အ မွှေးအကြိုင် ၄မျိုး
သည်အစားအစာများချက် ပြုတ် ရာတွင်
အသုံးပြုလေ့ရှိပြီးဖြစ်ပါသည်။ယင်းတို့၏
အရသာကို အနည်းငယ်ပေါ်လွင် စေရန်
ထည့်သွင်းချက်ပြုတ်ပါက အဆီကျ စေရန်
အ ထောက်အကူပြုပါကြောင်း ဖော်ပြအပ်
ပါသည်။
Ref: Fat reduce spices
ကာယဗလနှင့်ကာယအလှလေ့လာလိုက်စား
သူများအားအစဉ်လေးစားလျှက်

စိုင်းသီဟ ကျော်စန်း

John Sena လိုဂုတ်သားမျိုးအတွက် upright row

အောက်ပါပုံတွင်ပြထားသောလေ့ကျင့်ခန်းသည် fitness လေ့ကျင့်သူ
ကျားမမရွေးလေ့ကျင့်နိုင်သော ဂုတ်ပိုးသားနှင့်နောက်ကျောပြင်အပေါ်သား
လေ့ကျင့်ခန်းတစ်ခုဖြစ်သည်။လွန်ခဲ့သောနှစ်သုံးဆယ်က အမျိုးသားတစ်
ယောက်၏ sexy အကျဆုံးသောခန္ဓာကိုယ်အစိတ်အပိုင်းမှာ ရင်အုပ်၊လွန်ခဲ့
သော ဆယ်နှစ်အလျင်က sexy အကျဆုံးသော အစိတ်အပို်င်းမှာ ၀မ်းဗိုက်
ဗယ်လီကြွက်သားများဖြစ်ခဲ့သော်လည်း WWE ဆုကြေးစားနပမ်းပွဲများ
အရိှန်ပြင်းပြင်းအောင်မြင်လာပြီးနောက် men's health မဂ္ဂဇင်းမှ သုတေသန
ပြုလုပ်ခဲ့ရာ အမျိုးသမီးများ အနှစ်ခြိုက်ဆုံးသော အမျိုးသားများ၏ ခန္ဓာကိုယ်
အစိတ်အပိုင်းမှာ ပြည့်ဖြိုးမို့ မောက်သော ဂုတ်ပိုးသားများဖြစ်သည်ဟု လေ့လာ
တွေ့ ရှိခဲ့ကြသည်။
ကမ္ဘာအရှေ့ အနောက်အကြိုက်ချင်းတူချင်မှတူမည်ဖြစ်သော်လည်း မြန်မာ့fitness ၀ါသနာရှင်များ ခေတ်နောက်ကျ မကျန်ခဲ့ရလေအောင် အများသိပြီးဖြစ်သော်
လည်း ဂရုမမူမိသည့် ဤလေ့ကျင့်ခန်းလေး အကြောင်းကို အသိပေးတင်ဆက်
လိုက်ခြင်းဖြစ်ပါသည်။
လေ့ကျင့်ရမည့်နည်းစနစ်မှာ-
ပုံတွင်ပြထားသည့် အတိုင်းအလေးပြားများတပ်ထားသော ဘားရှည်ကို ရှစ်လက်မမှ ဆယ့်နှစ်လက်မ အကွာ လက်နှစ်ဖက်ကိုခြားကိုင်ပြီး အလေးတန်း
ကိုမေးစေ့အထိဆွဲတင်လိုက်ပါ။ထိုအနေအထားတွင် တစ်စက္ကန် လော့က်ထိန်း
ထားပြီး၊လက်များဆန့် လုနီးပါးအထိဖြည်းညှင်းစွာပြန်ချပါ။
Tips----ဤလေ့ကျင့်ခန်း၏ အဓိက အရေးပါသော အချက်မှာ၊အလေးတန်းကို
မေးစေ့အထိဆွဲတင်ရာတွင် ပုံတွင်ပြထားသည့်အတိုင်း တံတောင်ဆစ်များကို
လက်ကောက်ဝတ်အပေါ်သို့ မြှင့်ထားပါ။သို့ မှသာ ဂုတ်ပိုးသားများထိရောက်
မည်ဖြစ်သည်။အကယ်၍တံတောင်ဆစ်များအပေါ်သို့ လက်ကောက်ဝတ်များ
ရောက်သွားမည်ဆိုပါက ပခုံးအိုးရှေ့ သားများသာ ထိရောက်မည်ဖြစ်သည်။
အလေးများရန်မလိုပါ။ပုံကျထိမိရန်သာလိုပါသည်။
လက်ကောက်ဝတ်နာတတ်သူများသည် EZ bar ဖြင့်လေ့ကျင့်နိုင်ပါသည်။
လေးစားလျက်---
နိုင်ဦး-၁၁၉

အိပ်ရေး၀၀အိပ်ခြင်း

အိပ် ရေး၀၀အိပ်ပါကဇီဝဖြစ်စဉ်များမှန်ကန်
စေပြီးအသက် ရှည် ရန်များစွာ အ ထောက်အကူပြုပါသည်။ ယ နေ့ခေတ်လူသား
များသည်လွန်ခဲ့သောနှစ် တစ် ရာထက်စာ
လျှင် တညတွင် ပျှမ်းမျှ၁နာရီခွဲခန့် လျှော့နည်း ၍အိပ် နေကြပါသည်။
ဖွံ့ဖြိုးပြီး နိုင် ငံများအနက်အ မေရိကန်လူမျိုးငါုးံးပုံတစ်ပုံအိပ် မ ပျော်ကြ ကြောင်း(သန်း၅၀မှ၇၅)၊၄င်းပမာဏသည်
ပြီးခဲ့သော၎နှစ်ကထက်၅၄%တိုးတက်ခဲ့
ခြင်းဖြစ်သည်။အကယ်၍ အ ကြောင်းအမျိုး
မျိုးကြောင့်၂၄နာရီကြာမအိပ်စက်ပါက တစ်
နာရီအတွင်းဝီစကီအရက်၃ခွက် သောက်
ခြင်း( သွေးအတွင်းalcohol 0.1%)ရှိ
သည်နှင့်ညီ၏။ ထို့အပြင်
နာမည်ကျော်အိပ်ဆေးများဖြစ်
သောLunestaနှင့်Anbienတို့သည်လည်း
အ၀ယ်လိုက်ပြီးရောင်းကောင်းနေသည်ကိုလည်း
တွေ့နေရ၏။်သို့သော် အိပ်ဆေး သောက်ပြီး
အိပ်သူအများစု နိုးထချိန်တွင် ခေါင်းမကြည်
ဖြစ်ခြင်းအားဟားဗတ် ကျန်းမာရေးနှင့်
အန္တရာယ်ကင်း ရေးဌာနမှ အိပ်ဆေးများသည်
သဘာဝနည်းဖြင့်အိပ်စေခြင်းမဟုတ်ကြောင်း
ပြောဆိုထုတ်ပြန်ခဲ့ပါသည်။ သို့ပေ မယ့်
လုံလောက်သောအိပ်ချိန် ရှိ
သည့်ဆယ်ကျော်သက်များသည်အိပ်ရေး
မ၀သူများထက်ဥာဏ်ကောင်းကြပြီး
ကောင်းစွာပညာသင် နိုင်ကြပါသည်။
ဟားဗတ်တက္ကသိုလ်မှ ဆယ်
ကျော်သက် ဆေးဝန်ထမ်း ၂၄၀၀အား
တစ်ပတ်လျှင်၂ကြိမ် နာရီ၃၀ ဆက်တိုက်
အလုပ်လုပ်စေပြီး
သုတေသနပြုခဲ့ရာတွင် ဆေးဝန်ထမ်း
၅ ယောက်တွင် ၁ယောက်သည်ပင် ပန်း
မှုကြောင့် လူနာများဒါဏ် ရာ ရ စေရန်အမှား
ပြုလုပ်မိသည်ကိုတွေ့ရ၏။
Wincosin University မှ အိပ်ပျော်
နေ သောလူ၏ဦးနှောက်သည် အဓိပ္ပာယ် မရှိ သောသို့မဟုတ် မလိုအပ် သောကွက်လပ်များ
ဆက်သွယ်မှူများအားဖယ် ရှင်း ပေးသည်
ဟုထုတ်ပြန်ခဲ့ပါသည်။ ညဘက် ကောင်းစွာ
အိပ် မပျော်သူသည် မျိုးရိုးလိုက်သောအိပ်
မ ပျော်သောရောဂါFatar Faminar
Insomnia FFI ဖြစ် နေသူမဟုတ်ပါက်
မနက်စာအား၉နာရီထက်
နောက်မကျစေဘဲစားသောက်ခြင်း၊
နေ့လည်စာစားပြီး နောက် ၂နာရီအကြာတွင်
တစ် ရေး အိပ် ပျော် အောင် အိပ်ခြင်း၊
ကိုယ်လက်လှူပ် ရှား ရ သောအားကစား
တစ်မျိုးမျိုးလုပ်ဆောင်ခြင်း၊
ယောဂ လေ့ကျင့်ခန်းများလေ့ကျင့်ခြင်း၊
ငြိမ်သက်စွာ ထိုင်၍အသက် ရူခြင်း(ထိုကဲ့သို့
ပြုမူပါကဦးနှောက် မှဓါတ်၃မျိုးထွက်ပြီးအိပ်
ပျော်ရန်ဇီဝဖြစ်စဉ်များမှန်ကန်စေရန်ကူညီပေး
သည်)
်အပ်စိုက်ကုထုံးကုသခြင်း
ညလယ်စာ နို့ ခပ်နွေးနွေးတစ်ခွက် သောက်
ခြင်း၊စွပ်ပြုတ်ရည်တစ်မျိုးသောက်ခြင်း၊
အိပ်ယာဝင် ပါက မည်သည့်အ ကြောင်းကို
မှမ တွေးခြင်း
စသည်အချက်များပေါင်းစပ်လုပ်ဆောင် ပါက
အိပ်ရေး၀၀အိပ်ပျော် စေရန် အ ထောက်အကူ
ပြုပါကြောင်းဖော်ပြအပ်ပါသည်။
Ref: Harvard university,
Winscosin Uni research,
ကာယဗလနှင့်ကာယအလှလေ့လာလိုက်စားသူများအားအစဉ်လေးစားလျှက်-
စိုင်းသီဟ ကျော်စန်း

အဆီကျစေ သောခုနှစ် ရက် စားသောက်နည်း


ဖော်ပြမည့်စားသောက်နည်းသည် အဆီကျ
သည့်အပြင် ကိုယ်ခန္တာအဆိပ်ဖြစ်စေသည်
များကိုပါဖယ် ရှားပေးပါသည်။နေ့စဉ် ရေ၈ခွက်
သောက် ရပါမည်။
ပထမဦးစွာခုနှစ် လုံးစားသောက် ရမည့်
အဆီကျဟင်း ရည် တစ်မျိုးချက်
နည်းဖော်ပြပါမည်။
ထိုဟင်း ရည်အတွက်
ကြက်သွန်ဥကြီး ၆လုံး
ငရုပ် ပွအစိမ်း ၂တောင့်
ခရမ်းချဉ်သီးကြီး ၆လုံး
တရုပ်နံနံ ၁စည်း
ဂေါဖီထုပ် အလတ် ၁လုံးစသည်တို့ကို အ
နေ တော်လှီးဖြတ်ပြီးပြုတ် ရပါမည်။ဆားအသင့်
သင့်နှင့် ငရုပ်ကောင်း ထည့်စားရပါမည်။
ပထမ နေ့တွင်
အဆီကျဟင်းရည်နှင့် အတူ
ဌက်ပျောသီးမှလွဲ၍လိမ္မော်သီး ပန်းသီး
သစ်တော်သီး ကျွှဲကောသီးစသည့်အရည်
ရွှမ်းသောအသီးများတစ် နေ့ ၄ကြိမ် ၅ကြိမ်
စားသောက် ရပါမည်။
ဒုတိယ နေ့တွင်
အဆီကျဟင်းရည် အာလူး ဟင်းသီးဟင်းရွှက်
အစုံအားပေါင်း၍ တစ် နေ့တာအတွက်
စားသောက် ရပါမည်။
တတိယ နေ့
အဆီကျဟင်းရည် နှင့်အတူ ပထမ နေ့နှင့်
ဒုတိယ နေ့စားသည့် သစ်သီး၊အာလူးနှင့်
ဟင်းရွှက်စုံ ပေါင်းများစားသောက် ရပါမည်။
စတုတ္ထ နေ့
အဆီကျဟင်းရည် ၊ဌက် ပျောသီး(သီးမွှေး
သို့မဟုတ်ဖီးခြမ်း ) အဆီမပါသောနို့များ
စားသောက် ရပါမည်။
ပဉ္စမ နေ့
အဆီကျဟင်း ရည်၊ ငါး(သို့မဟုတ်)ကြက်သား
်(သို့)ဆိတ်သား တစ် ပေါင် ခန့်အားပေါင်းစားပါ
၎င်းတို့နှင့်အတူ ခရမ်းချဉ်သီး၆လုံးအား ကြက်
သွန်နီ ၃လုံးနှင့်သုပ် စသည်တို့ကိုစားသောက် ရ
ပါမည်။
ဆဌမ နေ့
အဆီကျဟင်းရည် ၊သစ်သီး များ အသား၊
ဟင်းသီးဟင်းရွှက် ပေါင်းများစားသောက်
ရပါမည်။
သတ္တမ နေ့
အဆီကျဟင်းရည၊် ထမင်း ၊ကော်ဖီ ၊လဘက်
ရည်ကြမ်းစသည်တို့စားသောက် ရပါမည်။
ဖော်ပြခဲ့သော ခုနှစ် ရက် စား သောက် နည်း
သည် အဆီကျ ပြီးအဆိပ်ဖယ် ရှားပေးရန်လည်း
အ ထောက်အကူပြုပါ ကြောင်း ဖော်ပြအပ်
ပါသည်။
Ref: American health digest

ကာယဗလနှင့် ကာယအလှလေ့လာလိုက်စားသူများအား အစဉ်လေးစားလျှက်-
စိုင်းသီဟ ကျော်စန်း