arial" action="like" colorscheme="light">

Tuesday, February 26, 2013

အိပ်စက်မှုကိုဘယ်တော့မှအကြွေးမတင်ပါစေနှင့်


ကျွန်တော်တို့ လူသားတွေ အတွက် တစ်နေ့တာပင်ပန်းနွမ်းနယ်သမျှကိုပိုက်ဆံမပေးရပဲ ပြန်လည်၍ အားအင် ဖြည့်ပေးသည့်အရာကို ပြပါဆိုလျင် အိပ်စက်ခြင်းပင် ဖြစ်လိမ့်မည်ဟု ကျွန်တော်ထင်မိပါသည်။ လူသားတိုင်းသည် တစ်နေ့တာလုံးသမုဒ္ဒရာ ၀မ်းတထွာ အတွက်  မိုးလင်းမိုးချုပ် နဖူးကချွေး ခြေမကျအောင် ရုန်းကန်လှုပ်ရှားနေရသူ ၊ ကိုယ့်ဘ၀ တိုးတက်လမ်းအတွက် ပညာရှာဖွေနေရသူ ၊ ဘ၀ကံ အကျိုးပေးကောင်း၍ စည်းစိမ်အပြည့်ဖြင့် ခမ်းခမ်းနားနားနေရသူ ၊ အနိမ့်ဆုံးအဆင့် သူတောင်းစားမှသည် တိုင်းပြည်အုပ်ချုပ်သူအထိဘယ်လိုပင် အဆင့်အတန်းတွေ ကွဲပြားနေပါစေအိပ်စက်ခြင်းဟူသည့် စည်းစိမ်ကိုတော့ လူသားတိုင်းပိုင်ဆိုင်နိုင်ခွင့်ရှိပါသည်။ထိုကဲ့သို့ လွယ်လွယ်ရ၍လည်း ကျွှန်တော်တို့သည် အိပ်စက်ခြင်းကိုဂရုမထားပဲအလွယ်တကူလက်လွတ်ဆုံးရှုံးခံဖို့ရာလူသားတိုင်း ၀န်မလေးတတ်ကြပေ။ ယနေ့အချိန်အခါကဲ့သို့ အဖက်ဖက်မှ မီဒီယာများအားကောင်းလာချိန်တွင်တော့ ကျွှန်တော်တို့ လူသားတွေ အတွက် ပို၍ပင် အိပ်ပျက်ညတွေများလာပါသည်။တစ်ခါတစ်ရံတွင် သိသိသာသာအိပ်ရေးပျက်သည့် ညများရှိသလိုတစ်ခါတစ်ရံတွင် မိမိအိပ်နေကျ အချိန်ထက်  တစ်နာရီ ၊ နှစ်နာရီခန့်နောက်ကျ၍ အိပ်ရာဝင်ခဲ့ရသည်များလည်း ကြုံတွေ့နိုင်ပါသည်။မိမိကိုယ်တိုင်ကထိုကဲ့သိုအိပ်ရေးပျက်မှုအပေါ် အမှုမဲ့ အမှတ်မဲ့ နေထိုင်ပေမယ့် ကွှန်တော်တို့ ကိုယ်ခန္ဓာ အတွင်းရှိလုပ်ဆောင်ချက်များသည် ကျွှန်တော်တို့ အနေအထိုင်မဆင်ခြင်မှု အပေါ်တွင် ဆိုးကျိုးများခံစားစေသည်။ တစ်နည်းအားဖြင့် အိပ်ရေးပျက်မှု ဧ။် နောက်ကွယ်တွင် အောက်ပါ ဆိုးကျိုးများခံစားရကြောင်းကိုလေ့လာသူအချို့က တင်ပြပေးထားသည်။
(၁)။ ရောဂါကာကွယ်မှု စွမ်းအားနည်းပါးလာခြင်း
    သင်သည် တစ်ညတာဧ။် အိပ်စက်မှုမှ အချိန်အနည်းငယ် လျှော့နည်းလာမှုသည်ပင် သင်ဧ။် ကိုယ်ခန္ဓာ အတွင်းမှ သွေးဖြူဆဲလ် အရေအတွက်ကိုနည်းပါးလာပြီးကိုယ်ခံစွမ်းအားကိုလျှော့နည်း လာစေသည်။လေ့လာမှု တစ်ခုအရ ကြွက်များကိုရှစ်နာရီခန့် မအိပ်စက်စေပဲ ခန္ဓာကိုယ်ကို ပြင်ပပစ္စည်းတစ်ခုနှင့်ထိတွေ့စေပါက ကြွက်များဧ။် တုံ့ပြန်မှုသည် အားနည်းနေကြောင်းလေ့လာမှု မှတွေ့ရှိခဲ့သည်။ ကျွှန်တော်တို့ လူသားများတွင်လည်းထိုအတူပင်ဖြစ်သည် အနည်းငယ်မျှ အိပ်ရေးပျက်ရုံနှင့် ကိုယ်ခံစွမ်းအားကိုနည်းပါးစေကာ သဘာဝ သတ်ဖြတ်ရေးသမားဆဲလ်များ(Natural Killer Cells ) ကိုထိခိုက်ပျက်စီးစေသည်။ လေ့လာမှု များအရနံနက် (၃)နာရီအထိမအိပ်စက်သူသည် နောက်တစ်နေ့တွင် NK ဆဲလ်အရေအတွက် (၃၀)ရာခိုင်နှုန်းခန့် နည်းပါးနေတတ်သည်။ အဆိုပါ ဆဲလ်များသည် ကိုယ်ခန္ဓာ အတွင်း ကျူမာအကြိတ် ဖြစ်ပွားမှု မှလည်းကာကွယ်ပေးသောကြောင့် ကင်ဆာရောဂါကိုမဖြစ်ပွားအောင် ကာကွယ်ပေးသည်။သီတင်း (၄) ပတ်ထက်ကျော်၍ အိပ်မပျော်သောနာတာရှည် အိပ်မပျော်သူနှင့် ပေါ့ပေါ့တန်တန် အိပ်ရေးပျက်ခံနေသူများသည် ဗိုင်းရပ်စ်ပိုးဝင်ခြင်း ၊ ဘက်တီးရီးယား ပိုးဝင်ခြင်း ၊ မှိုပိုးစွဲခြင်းတို့ကိုပိုမိုတွေ့ကြုံနိုင်ကြောင်း ၀ါရှင်တန်ပြည်နယ်မှ အာရုံကြောဇီဝဗေဒ ပညာရှင် ဒေါက်တာဂျိန်းခရူအီဂါ ကပြောကြားသည်။

(၂)။ အ၀လွန်စေသည်
    အိပ်ရေးပျက်ခြင်းသည် ကြီးထွားဟောမုန်းနှင့် လက်ပ်တင် ဓာတ်ကိုနည်းပါးစေသည်။ကြီးထွားဟော်မုန်းသည် ကာယဗလသမားများအတွက်သာမကသာမန် လူသားများအတွက်လည်းအလွန်အရေးပါသည်။ အဆီနှင့် ကြွက်သားများဧ။် အချိုးအစားကိုထိန်းချုပ်ပေးသည်။ လက်ပ်တင် ဓာတ်နည်းပါးမှုသည့် ဆာလောင်မွတ်သိပ်မှုကိုပေါ်ပေါက်စေပြီးအထူသဖြင့် ကစီဓာတ်ကိုဆာလောင်စေကာမည်မျှပင် ကစီဓာတ် စားသုံးစေကာမှု ထပ်မံတောင့်တစေသည်။ ဤသည်မှာ အ၀လွန်ခြင်းဧ။် အကြောင်းရင်းတစ်ခုထဲမှ တစ်ခု အပါအ၀င်လို့ထင်ပါသည်။ တစ်ညတာအိပ်ရေးပျက်ခံပြီးနောက်တစ်နေ့တွင် ကစီဓာတ်များကိုအဆမတန် စားသုံးခြင်းသည် အဆီကိုသိုလှောင်နေသည်နှင့် မခြားပေ။ထို့ကြောင့် အိပ်ရေးပျက်ခံခြင်းသည်လည်း အ၀လွန်ခြင်းကို ဖြစ်စေသည့် အကြောင်းများမှ တစ်ချက်အပါအ၀င်ဖြစ်သည်။
(၃)။ရင်သားကင်ဆာ
    ၂၀၀၁ ခုနှစ်တွင် ဖရတ်ဟတ်ချင်ဆန် ကင်ဆာသုတေသနဌာနနှင့် ဟားဗတ်ဆေးရုံတို့တွင် သုတေသီများဧ။် လေ့လာမှု တစ်ခုအရတစ်ပတ်လျှင် တစ်ညသို့မဟုတ် ထိုထက်ပို၍ အိပ်ရေးပျက်နေကြသည့် ညဆိုင်းဆင်းအလုပ်သမလေးများသည် ရင်သားကင်ဆာ အန္တရာယ်နှင့် ပိုမိုနီးစပ်နေသည်။ အိပ်စက်မှုမရှိသောတစ်ညစီအတွက် (၁၄) ရာခိုင်နှုန်းခန့် နီးစပ်နေသည်။ သူတို့ဧ။် လေ့လာမှု အရဦးနှောက်ဧ။် နေ့နှင့်ည နာရီအားဖရိုဖရဲ ဖြစ်စေခြင်းသည် ဟော်မုန်းဓာတ် များကိုဟန်ချက်ပျက်စေသည်။ ထို့အပြင် ညဘက် အလင်းရောင်နှင့် ထိတွေ့မှုများသည့် အမျိုးသမီးများတွင် ရင်သားကင်ဆာပိုမိုဖြစ်စေသည်။
(၄)။ အစာအိမ်ပြဿနာများ
    ညဆိုင်းအလုပ်လုပ်ရသူများတွင် အဆိုပါ ပြဿနာများအပြင် အစာမကြေခြင်း ၊ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း ၊ လေပွခြင်းဗိုက်အောင့် ဗိုက်နာ ဖြစ်ခြင်းတို့သည် ပိုမိုဖြစ်ပွားလေ့ရှိသည်။ ညဆိုင်းအလုပ်သမားများသည် နေ့ဆိုင်းသများများထက် အစာလမ်းကြောင်းဆိုင်ရာ ပြဿနာ ၆ ဆခန့် ဖြစ်ပွားလေ့ရှိသည်။  ပုံမှန်မဟုတ်သောထမင်းစားချိန်များသည် စာကေဒီးယန်းနရီများ ( Circadian Rhythms) ဟုခေါ်သည့် အိပ်စက်မှုနှင့် နိုးထမှုသံသရာအားချိန်စက်ပေးသည့် ကိုယ်တွင်းနာရီနှင့် ချိန်သားမကိုက်ပေ။ ကိုယ်တွင်းနာရီသည် အစာချေအင်ဆိုင်းဓာတ်ကူပစ္စည်းများကို ၂၄ နာရီတွင် ပုံမှန် အချိန်တွင်သာထုတ်လွတ်ပေးသဖြင့် ညဘက်ပိုင်းအလုပ်လုပ်ပြီးအစားစားသည့် သူများတွင် အစာမကြေသဖြင့် အစာလမ်းကြောင်း ပြဿနာများပိုမိုဖြစ်ပွားရခြင်းဖြစ်သည်။

(၅)။ကော်တီဆော်လ် ဟော်မုန်းပိုထွက်ခြင်း
    ကော်တီဆောလ် ပမာဏမြင့်မားလာခြင်းသည် ကြွက်သားတိုးတက်မှု အပေါ် အနှောင့်အယှက် ဖြစ်စေသလိုအင်ဆူလင်ခုခံမှုနှင့် မှတ်ညဏ်လျော့နည်းလာစေသည်။အိပ်ရေးပျက်ခြင်းသည် သွေးထဲတွင် ကော်တီဆောလ် ဟော်မုန်းဓာတ်များစေသည်။
(၆)။အိုမင်းရင့်ရော်မှုကိုပိုစေသည်
    အိပ်စက်ချိန် လုံလောက်ပြည့်စုံမှုသည် အရေပြားအရေးအကြောင်းတွန့်မှုကိုလျော့နည်းစေပြီးအိပ်ရေးပျက်မှုမှ အရေပြားအက်ကြောင်းနှင့် အရေတွန့်ခြင်းကိုပိုမိုဖြစ်ပေါ်စေကြောင်းချီကာဂိုတက္ကသိုလ်မှ ပြုလုပ်သည့် လေ့လာမှုတွင် ဖော်ပြထားသည်။ အရွယ်ရောက်သူတိုင်းတွင် ကြီးထွားဟော်မုန်းသည် အိပ်စက်ချိန်တွင် ထုတ်လွတ်ပေးပြီးအဆိုပါ ကြီးထွားဟော်မုန်းသည် ဆဲလ်များကိုအသစ် ဖြစ်အောင် ပြန်လည် မွမ်းမံပေးသည်။ထိုကြောင့် အိပ်ရေးပျက်ခံခြင်းသည်လည်း ကြီးထွားဟော်မုန်းထုတ်လွတ်မှုကိုဆုံရှုံးစေပြီးအိုမင်းရင့်ရော်မှု ကိုစောစီးစွာ ဖြစ်ပေါ်စေသည် ဆိုပါကမှားမည်မထင်ပေ။
(၇)။ မောပန်းမှုနှင့် စိတ်ဓာတ်ကျမှု
    ပုံမှန် အိပ်စက်ချိန်ထက် (၃) နာရီခန့် လျော့နည်းနေသည့် စက်ဘီးစီးအားကစားသမားများကိုလေ့လာမှု အရ ပြင်သစ်သုတေသီတို့ကတွေ့ရှိခဲ့သည်မှာထိုသူတို့ဧ။် နှလုံးခုန်နှုန်းသည် ပိုမို မြင့်မားနေကြပြီးအောက်စီဂျင် ရယူနိုင်မှု စွမ်းအားလည်းကျဆင်းနေသည်။ ထိုသူတို့ဧ။် သွေးထဲရှိလက်တိတ်စ် ဓာတ်ပစ္စည်းများ ( ကြွက်သားအားအင်ကုန်ခန်းခြင်းခံစားမှု များအတွက် တာဝန်ရှိသော  ဓာတ်ပစ္စည်းများ) ကိုတိုင်းတာမှုများအရစက်ဘီးစီးသူများဧ။်  အိပ်ရေးပျက်ချိန်ကိုစုပေါင်းခြင်းသည် တစ်ညတာအိပ်စက်ချိန်နှင့် တူညီနေသည့်  အခြေအနေတွင် သူတို့ဧ။် အမောခံနိုင်စွမ်းအားသည် မူလကထက် ၁၁ ရာခိုင်နှုန်းအထိလျော့ကျနေသည် ကိုတွေ့ရှိခဲ့သည်။ အိပ်ရေးပျက် ညတွေများလာသူတစ်ယောက်သည် စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်လည်းအများနှင့်မတူပဲစိတ်ဓာတ်ကျလွယ်သည်။  ပိုမိုစိတ်တိုလေ့ရှိကြပြီးအခြားသူများအပေါ်တွင် လည်းအပြစ်မြင်စိတ်များပိုမို ဖြစ်ပွားလေ့ရှိသည်။ အိပ်ရေးပျက်ခြင်းသည် စဉ်းစားတွေးခေါ်နိုင်သည့် စွမ်းရည်နှင့် အရည်အသွေးတို့အပေါ်  တိုက်ရိုက် သက်ရောက်မှု များရှိနေသည်။ အိပ်ရေးပျက်ခြင်းသည် ရေတိုမှတ်ညဏ် ထိခိုက်မှု ကို ဖြစ်ပွားစေပြီးကျိုးကြောင်းဆီလျော်သောအတွေူးအခေါ် များနှင့် စဉ်းစားညဏ် နှင့် ညဏ် ရည် ကွန့်မြူးနိုင်မှု တွင်လည်းထိခိုက်စေသည်။ Sleep ဂျာနယ်တွင် ဖော်ပြ အစီရင်ခံမှုအရလေ့လာမှု တစ်ခုတွင် ဗြိတိသျှ သုတေသီဂျိန်းစ် ဟော်နီ က အစီရင်ခံခဲ့သည်မှာတစ်ညတာအိပ်ရေးပျက်ခြင်းသည်ပင် ကွဲလွဲသောစဉ်းစားတွေးခေါ်ခြင်းဆိုသည့်  ဖန်တီးတီထွင်နိုင်မှု စွမ်းအားကိုပျက်စီးစေသည် ဟု၍ ဖြစ်သည်။ ထို့ကြောင် ကျွှန်တော်တို့ သည် အိပ်ရေးပျက်ခြင်းကိုလွယ်လွယ်ကူကူနှင့် အမှုမဲ့ အမှတ်မဲ့ နေလိုက်ကြပေမယ့် ပြန်ရလိုက်သည့် ဆိုးကျိုးများသည် ကျွှန်တော် အခုတင်ပြ ထားသည့် အချက်များသာမကအခြားသောအကျိုးသက်ရောက်မှုများလည်းရှိနိုင်ပါသည်။ ကောင်းကျိုးတော့ မဟုတ်ပါ ဆိုးကျိုးများသာပင်ဖြစ်ပါသည်။ ကာယဗလအားကစားကိုလိုက်စားနေသူတစ်ယာက်အတွက် ဆိုရင်တော့ အိပ်စက်ချိန်သည် အကောင်းဆုံးသောပိုက်ဆံမပေးရသည့် ဖြည့်စွက်ဆေးဝါး တစ်ခုဆိုလျင် မမှားပေ။ ထို့ကြောင့် ကျွှန်တော်တ်ု့သည် အိပ်စက်ချိန်ကိုအကြွေးမတင်စေရန် အမြဲတမ်းဂရု ပြုသင့်သည်။ အိပ်စက်ချိန် အကြွေးတင်မှု များလာသောအခါ သင်သည် အောက်ပါ လက္ခဏာများကို ကြုံတွေ့ လာနိုင်သည် ။

(၁)။ အရာရာတွင်မေ့လျော့လာခြင်း
(၂)။စွမ်းအင် လျော့နည်းလာညသလိုခံစားရခြင်း
(၃)။ အရာရာတွင် အကောင်းမမြင်ပဲစိတ်တိုလွယ်လာခြင်း
(၄)။အအေးမိခြင်းနှင့် သာမန် မကျန်းမာမှုများမှ သက်သာပျောက်ကင်းရန် အချိန်ကြာလာခြင်းစသည့် တို့ကို ကြုံတွေ့လာနိုင်ပါတယ်။ သင်သည့် ယနေ့ ညတွင် အိပ်ရေးပျက်နိုင်မည် ဟု ကြိုတင် သိရှိပါကနေ့လည်ပိုင်းတွင် တရေးတမောအိပ်ခြင်းသည် သင့်အတွက် အထောက်အကူ ဖြစ်နိုင်သော်လည်းနေ့လည်ပိုင်းတွင် တရးတမောအိပ်ပြီး ည ဘက်တွင်လည်းပုံမှန် အိပ်စက်ပါကနေ့လည်ပိုင်းအိပ်စက်မှုသည် သင့်အတွက် အကျိုးမရှိပေ။ လွယ်လွယ်၇သည့် အရာကိုလွယ်လွယ်နှင့် တန်ဖိုးမထားတတ်ကြသည့်  အရာများတွင် အိပ်စက်မှုသည် လည်း အပါအ၀င်ဖြစ်သလိုလူသားတိုင်းသည်လည်းလွယ်လွယ်နှင့် အဆုံးရှုးခံနေကြသည် မှာယနေ့လိုမျိုးခေတ်မှီနည်းပညာများ ၊ ဖျော်ဖြေရေးမီဒီယာများ ၊ နိုက်ကလပ်များ ၊ ဘောလုံးပွဲများနှင့် အချိန်လွန်အထိဖွင့်သောဘီယာဆိုင်များကသက်သေပင်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ပြဿနာမဖြစ်သော်လည်းတစ်ရက်မှ တစ်လ ဖြစ်လာလျင် ကျန်းမားရေးအတွက် များစွာဆုတ်ယုတ်စေသည်။ ကာယဗလလေ့ကျင့်သူတစ်ယောက် ဖြစ်ပါကပို၍ပင် အိပ်စက်ချိန်ကိုဂရုစိုက်ရမည် ဖြစ်သည်။ ထိုအကြောင်းများကိုလည်း ကျွန်တော် တို့ လေ့လာမိသလောက် တင်ဆက် ရေးသားပေးပြီးသည်များရှိပါသည်။ ရှာဖွေ လေ့လာ နိုင်ပါသည်။ မြန်မာစကားပုံတစ်ခုကိုခှိုင်းနှိုင်းပြီးပြောရပါက   “အမေဘယ်လိုချော့သိပ်သိပ် ကိုယ်တိုင် အိပ်မှ အိပ်ပျော်မှာ” ဆိုသကဲ့သို့ပင်  ကျွှန်တော်တို့ ဘယ်လိုပင် အင်ဖော်မေးရှင်းများ ၊ အသိပညာများရေးသားနေစေကာမှု လွယ်လွယ်ရလွယ်လွယ်မှတ်ပြီးလွယ်လွယ် မမေ့လိုက်ပါနှင့်။  သင်ကိုယ်တိုင်ကလိုက်နာကျင့်သုံးမှ သင့်အတွက် အကျိုးရှိမည် ဇြစ်သည်။

တင်ဆက်သူ----အောင်အောင်
email-aungaung.aung24@gmail.com

Sunday, February 24, 2013

များများထိုင်=မြန်မြန်သေ


တိုးတက်သောနည်းပညာခေတ်၊ဆန်းသစ်အောင်မြင်သောလူနေမှုဘ၀ပုံစံများကကျွန်တော်တို့ ကို
ရောဂါဘေးဘယထူပြောသောအနေအထားတစ်ရပ်ဆီသို့ ခေါ်ဆောင်သွားသည်ဆိုလျင်သင်ယုံပါသ
လား။တီဗီ၊ကွန်ပျူတာ၊အင်တာနက်၊ဂိမ်း၊ဓါတ်လှေကား၊မော်တော်ကားနှင့်နောက်ဆုံးပေါ်လူ့ အသုံး
အဆောင်များကား၊သဘာဝလူ့ ခန္ဓာကိုယ်တည်ဆောက်မှုကိုဆန့် ကျင်လာသည်ဟုဆိုပါကလွန်မည်
မထင်ပါ။ယနေ့ ခေတ်လူအများစုသည်ပျမ်းမျှတစ်နေ့ ကို 9.3 နာရီထက်ပိုမိုကာ၊လှုပ်ရှားမှုနည်း
သော၊ထိုင်ရာမထလူနေမှုဘ၀ပုံစံတွင်စီးမျောလျက်ရှိပေသည်။လူတစ်ယောက်၏တစ်နေ့ ကိုပျမ်းမျှ
အိပ်ချိန်သည်၊7.7 နာရီသာရှိသောယနေ့ ခေတ်တွင်ထိုင်လျက်၊လှုပ်ရှားမှုနည်းသောအချိန်သည်မည်
မျှပိုနေသည်ကိုစဉ်းစားကြည့်ပါ။လူ့ ခန္ဓာကိုယ်၏ယန္တရားဖြစ်စဉ်တည်ဆောက်မှုပုံစံသည်ဤသို့ ရည်
ရွယ်ထားခြင်းမဟုတ်သည့်အတွက်သင့်ကျန်းမာရေးအတွက်အထိုင်များခြင်း၊ကိုယ်လက်လှုပ်ရှားမှု
နည်းခြင်းတို့ ကမည်မျှဆိုးရွားစွာသက်ရောက်စေနိုင်သည်ကိုစုစည်းတင်ပြလိုက်ပါသည်။
အထိုင်များခြင်းသည်သေဖို့ ရန်နီးကပ်စေ၏-------
လေ့ကျင့်ခန်းပုံမှန်လုပ်သော်လည်း၊တစ်နေ့ကိုပျမ်းမျှ၊ခြောက်နာရီထက်ပိုမိုထိုင်သည့်ဘ၀နေထိုင်မှုပုံ
စံရှိသူများသည်၊တစ်နေ့ ကိုပျမ်းမျှ၊သုံးနာရီထက်လျော့ပြီးထိုင်သူများထက်၊ဆယ့်ငါးနှစ်အတွင်းသေ
ဖို့ ရန် 40 %ပိုမိုနီးစပ်၏။သုတေသနများကရှင်းလင်းစွာတင်ပြထားသည်မှအသက်ရှည်လိုပါကထိုင်ချိန်
လျော့ချပါဟူ၍ဖြစ်သည်။
ထိုင်ခြင်းကြောင့်အ၀လွန်စေ၏------
အ၀လွန်သူများသည်ယေဘူယျအားဖြင့်ပိန်သူများထက်တစ်နေ့ ကိုနှစ်နာရီခွဲပို၍ထိုင်လေ့ရှိကြောင်း၊ကို
လေ့လာတွေ့ ရှိရ၏။ယေဘူယျအားဖြင့် 1980 ခုနှစ်မှ2000 ခုနှစ်အတွင်းလူအများသည်လေ့ကျင့်ခန်း
ပြုလုပ်သည့်ပမာဏအတူတူပင်ဖြစ်သော်လည်း၊အထိုင်များသည့်ဘ၀နေထိုင်မှုပုံစံ 8%တိုးလာခြင်း
ကြောင့်အ၀လွန်သူများနှစ်ဆများလာခြင်းဖြစ်သည်။ထိုင်နေခြင်းကြောင့်ကယ်လိုရီလောင်ကျွမ်းမှုမရှိ
သည့်အတွက်အ၀လွန်လာကြခြင်းဖြစ်သည်။ယခုဆိုလျင်အမေရိကန်လူမျိုးသုံးဦးလျင်တစ်ဦးအ၀လွန်
နေပြီဖြစ်သည်။

အထိုင်များခြင်းသည်ရောဂါဆိုးများကိုအလွယ်တကူရစေနိုင်၏-----
သင်ထိုင်လိုက်သည်နှင့်တပြိုင်နက်၊ခြေထောက်ကြွက်သားများအတွင်းရှိ electrical activity သည်ရပ်တံ့သွားသည်၊ကယ်လိုရီလောင်ကျွမ်းမှုသည်သုညနီးပါးအခြေအနေသို့ ရောက်ရှိသွားသည်။
အဆီကိုချေဖျက်နိုင်သောကိုယ်တွင်းအင်ဇိုင်းများ၊သည်ကိုးဆယ်ရာခိုင်နှုန်းလျော့ကျသွားသည်။နှစ်နာ
ရီကြာအောင်ထိုင်ပြီးနောက်တွင်မူ၊ကိုယ်တွင်းမှကောင်းသောကိုလက်စထရောလ်များသည်၊20%အထိ
လျော့ကျသွားပြီး၊ထိုအခြေအနေသည် 24-နာရီကြာသောအခါ၊ကိုယ်တွင်းမှအင်ဆူလင်အကျိုးသက်
ရောက်မှု 24 %လျော့ကျသွားသည့်အတွက်၊ဆီးချိုရောဂါဖြစ်နိုင်ချေပိုမိုများသွားခြင်းဖြစ်သည်။ထို့ 
ကြောင့်ထိုင်ပြီးအလုပ်လုပ်ရသူများသည်၊မတ်တပ်ရပ်လှုပ်လှုပ်ရှားရှားအလုပ်လုပ်ရသူများထက်နှလုံး
ရောဂါနှင့်ရောဂါဆိုးများဖြစ်နိုင်ချေနှစ်ဆပိုများပေသည်။

အထိုင်များခြင်း၏ဆိုးကျိုးများကိုဖယ်ရှားရန်အတွက်------
တစ်နေ့ ကိုအလုပ်ချိန်ရှစ်နာရီအတွင်း၊ထိုင်၍လုပ်ရသည်မှအပကျန်ပြင်ပအချိန်များတွင်တတ်နိုင်သမျှ
လှုပ်လှုပ်ရှားရှားနေသင့်ပေသည်။ထိုသို့ သောသူများသည်တစ်နေ့ ကိုမိနစ်သုံးဆယ်လောက်လေ့ကျင့်
ခန်းလုပ်ရုံဖြင့်မလုံလောက်သေးပါ။ထို့ ကြောင့်အလုပ်ချိန်အတွင်းဖြစ်နိုင်လျင်၊အခွင့်အရေးရလျင်တတ်
နိုင်သမျှလမ်းလျောက်သင့်ပါသည်။လှုပ်ရှားနေထိုင်သင့်ပါသည်။လမ်းလျောက်ခြင်းသည်ထိုင်ခြင်းထက်
ကယ်လိုရီလောင်ကျွမ်းမှုသုံးဆမှငါးဆအထိပိုရှိသည့်အတွက်တတ်နိုင်သမျှလမ်းလျောက်ပါ။
တစ်နေ့ ကိုတီဗီ၊အင်တာနက်အရှေ့ တွင်သုံးနာရီထက်ပိုမိုထိုင်သည့်အကျင့်ရှိသူများသည်၊နှလုံးရောဂါ
များနှင့်သေနိုင်ချေ 64%ပိုမိုရှိသည့်အပြင်၊အကယ်၍တီဗီအရှေ့ တွင်နောက်ထပ်တစ်နာရီစီတိုးပြီးထိုင်
သွားတိုင်း၊11%ပိုမို၍သေရန်နီးကပ်သွားပေသည်။ထိုင်ခြင်းသည်ကားမောင်းသူများတွင်လည်းပိုမိုတတ်
သည်။ထို့ ကြောင့်ထိုသူများသည်၊ဖြစ်နိုင်ပါကလမ်းလျောက်သွားခြင်း၊ဓါတ်လှေကားကိုအသုံးမပြုဘဲရိုး
ရိုးလှေကားကိုသာအသုံးပြုခြင်းများအပြင်၊တတ်နိုင်သမျှလှုပ်ရှားသွက်လက်စွာပြုမူနေထိုင်သင့်ပါသည်။အထိုင်များသူများသည်ကျောရိုးကိုတည့်တည့်ထားခြင်း၊ရှေ့ သို့ ကုန်းထားခြင်းများထက်၊အနည်းငယ်
အနောက်သို့ လှန်ထိုင်းခြင်းသည်ကျောရိုးကို၊ဒဏ်ပိခြင်းမှပိုမိုသက်သာစေနိုင်သည်။

လူ့ ခန္ဓာကိုယ်သည်များများထိုင်ရန်ဖန်တီးတည်ဆောက်ထားခြင်းမဟုတ်ပါ။နှစ်ပေါင်းရာပေါင်းများစွာ
အလျင်၊ကလူအများသည်ကိုယ်တိုင်သွားလာ၊လှုပ်ရှား၊လယ်စိုက်ခြင်း၊စသောကိုယ်လက်လှုပ်ရှားမှု
များသည့်လူနေထိုင်မှုဘ၀ပုံစံများကိုပိုင်ဆိုင်သည့်အတွက်ထိုသူများထံတွင်အ၀လွန်ခြင်းဟူသော
ဝေါဟာရပင်ရှိခဲ့မည်မထင်ပါ။ထို့ ကြောင့်အသက်ရှည်ကျန်းမာလိုပါကသင်ယခုပင်ထိုင်နေရာမှထရပ်
လိုက်ပါ။


                                        လေးစားစွာဖြင့်-
                                        တင်ဆက်သူ---
                                        နိုင်ဦး----119
Email----intensemuscle@gmail.com
Email-----muscleprofessor@gmail.com
Email-----myanmarfitnesstrainer@gmail.com
www.myanmarfitness.com

Tuesday, February 19, 2013

အ၀မလွန်ပါစေနှင့်

ယနေ့ အချိန်အခါတွင် ကမ္ဘာတစ်ဝန်းလုံး အဖြစ်များဆုံး ရောဂါများစာရင်းတွင် အ၀လွန် ခြင်းကိုလည်း ရောဂါ တစ်ခု အဇြစ် သတ်မှတ်နေကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အဖြစ်များနေသော အ၀လွန် ရောဂါသည် ကျွန်တော်တို့ နိုင်ငံလိုမျိုး ဖွံ့ဖြိုးဆဲ နိုင်ငံများ အထိ ကပ်ရောဂါ တစ်ခု ပမာ ပျံ့နှံ့ လာသည်မှာ အားလုံး အသိပင်ဇြစ်သည်။ ခေတ်မှီ နည်းပညာများ ၊ အစားအသောက်များ ၊ စက်ကိရိယာများ သည်လည်း လူသားတို့ဧ။် လှုပ်ရှားမှုတိုင်းကို နှေးကွေးသွားအောင် တစ်နည်းအားဖြင့် ထိုင်ရာမထ စေခိုင်းနိုင်အောင် ဆွဲဆောင် နိုင်စွမ်းရှိလှသည်။ အီလစ်ထရောနစ် စက်ပစ္စည်းများ နည်းပညာ ဖွံ့ဖြိုးလာခြင်းကြောင့် ကာယအား စိုက်ထုတ်မှု နည်းလာခြင်း ၊ အထပ်မြင့် အဆောက်အဦးများတွင် လှေကားဖြင့် မတက်ပဲ ဓာတ်လှေကား ၊ စက်လှေကားများ ပေါများစွာ တပ်ဆင်လာခြင်း ၊ တီဗီရှေ့က ထိုင်ရာမထ နိုင်အောင် အင်တာတိန်းမန့် များဧ။် ဆွဲဆောင်အားကောင်းလာခြင်း ၊ တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ ဆက်သွယ်နိုင်သည့် ဆက်သွယ်ရေး နည်းပညာများ ထွန်းကားလာခြင်းစသည့်  အဖက်ဖက်က နည်းပညာများများ ထွန်းကားလာမှုသည် အ၀လွန်ခြင်းတွင်  အရေးပါလှသည်။  တစ်ဖက်မှ ကြည့်လျင် အချိန်ကုန် သက်သာပြီး လူသက်သာ သည်မှာ မှန်သော်လည်း တစ်ဖက်တွင် လူသားတို့ဧ။် လှုပ်ရှားမှု မှာ နည်းပါးလာသည်။  အစား အသောက်ဖက်တွင်လည်း အမြန်စား အစားသောက်များ ပေါများလာခြင်း ၊ ကယ်လိုရီ သိပ်သည်းမှုများသော ဒိုးနပ်စ် ၊ ပီဇာ များ အလွယ်တကူ ၀ယ်ယူ ရရှိနိုင်ခြင်း ၊ ဘီယာ စတေရှင်များတွင် တစ်ခွက်တစ်ဖလား အလွယ် သောက်မိခြင်း စသည့် ထိုသို့သော အဖက်ဖက်မှ ဆွဲဆောင်မှုများဧ။် နောက်တွင် မျောပါရင်း ကယ်လိုရီ ကုန်ဆုံးမှု နည်းပါးရာမှ အဆီပို စုဆောင်းမိပြီး အ၀လွန်ခြင်းကို လက်ယပ်ခေါ် မိလေသည်။အ၀လွန်ခြင်းသည် ကျား -မ မရွေး ဖြစ်နိုင်သည်။ အ၀လွန်ခြင်းဧ။် နောက်ကွယ်တွင် အခြားသော ရောဂါဆိုးများ ကပ်ပါလာနိုင်သည် ကိုလည်း အားလုံး သိရှိပြီးဖြစ်သည်။အ၀လွန်ခြင်း အခြေအနေ ရောက်မှ  အစားသောက်ထိန်းဖို့ ၊ ဂျင်မ် သွားပြီး အဆီချဖို့ ၊ ဇြတ်လမ်းကနေ ဆိုးကျိုးပေးသည့် အဆီကျဆေးများသောက်ဖို့ထက် ကနဦး အစကတည်းက အစားအသောက် အနေအထိုင်ဆင်ခြင်ခြင်း ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးခြင်းစသည့် ကြိုတင်ကာ ကွယ်မှု သဘောမျိုးဖြင့် ကျန်းမာရေး အသိပညာများနှင့်အညီ ဆင်ခြင်နေထိုင်ြခင်းသည် အကောင်းဆုံးဖြစ် သည်။အ၀လွန်မှ အဆီချခြင်းသည် ခက်ခဲပြီး စိတ်ဓာတ်ကျကာ နောက်ဆုံး  လက်လျှော့လိုက်ရသည့် သာဓက တွေလည်း ရှိပါသည်။ ၀လို့ လှလို့ဆိုသည့် စကားပုံသည် ၀ဖြိုးခြင်းကို လှပခြင်းဧ။် အင်္ဂါရပ်တစ်ခု အဖြစ် မှတ်ယူ သူတို့ အတွက် ကောင်းသော စကားဖြစ်နိုင်သော်လည်း အဆီများခြင်း ၊ အစားအသောက် မဆင်ခြင်နိုင်ခြင်း ကြောင့် အ၀လွန်ခြင်းဆိုသည့်  အတွေးမျိုးရှိသည့် ကျန်းမာရေး လိုက်စားသူတစ်ယောက် အတွက်တော့ ဆန့်ကျင်ဘက် ပင်ဖြစ်သည်။ အ၀လွန်ရာ မှ အလွန်ဝ သွားပြီး အလှပျက်သွားသူတွေ တပုံတပင်ရှိသည်။ ထို့ကြောင် သင်သည် လမ်းလျောက် သွားလို့ရသည့် ခရီး လောက်ကို လမ်းလျှောက်ပါ။  လှေကား တက်လို့ရသည့် အထပ်လောက်ကို လှေကားတက်ပါ  ၊ အမြန်စားများ စားခြင်းထက် အိမ်မှ ထမင်း ဟင်းကို ဦးစားပေး စားပါ ။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။
အသက်ကြီးလားတဲ့အခါမှာ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းကြောင့် ၀ဖြိုးလာတတ်ခြင်းဟာ အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းသူ  တစ်ယောက်ဟာ အင်အား အသုံးပြု မှု နည်းပါးတယ် ဆိုတာ သိပြီး ဖြစ်မှာပါ။ ပုံမှန် ကာယလှုပ်ရှားမှု ၊ အားစိုက်အသုံးပြုမှု ရှိသူ တစ်ယောက်ဟာ အဆီပို ကုန်ဆုံးပြီး အ၀လွန်ခြင်းကို ကာကွယ်ရာ လည်း ရောက်ပါတယ်။ အဆီတက်မြန်သူတွေ အနေနဲ့ သိထားသင့်တဲ့ အကြောင်းအကျိုး တစ်ချို့ကိုလည်း တင်ပြပေးလိုက်ပါတယ်။

(၁)။ အ၀လွန်သူ တစ်ဦးဟာ ကာယလေ့ကျင့်ခန်းပြုလုပ်ပြီး အဆီချဖို့ကို ပျင်းနေတတ်ကြပါတယ်။ အဆိုးဆုံးဖြစ်သော အဆိုပါ အပျင်းစိတ်ကို ဖျောက်ပြီး မိမိပြုခဲ့လို့ မိမိခံစားနေရသည့် အ၀လွန်ခြင်းကို အကောင်းဆုံး တိုက်ထုတ်ပေးနိုင်သည့် မိတ်ဆွေသည် ကာယလေ့ကျင့်ခန်း ပင်ဖြစ်သည်ဆိုသည် စိတ်မျိုးမွေးပြီး လေ့ကျင့်လိုက်ပါ။
(၂)။သင်နည်းနည်းတော့ စိတ်ရှည်ရပါမယ် မည့်သည့် လေ့ကျင်ခန်းမှ နေ့ချင်းညချင်း သင့်ကို စလင်းဘော်ဒီ မဖြစ်စေနိုင်ပါ။ ထိုက်တန်တဲ့ ရင်းနှီးမှု အားစိုက်မှုလေးတော့ ထားပါ။ သင် မသိမသာ အစားအသောက် အနေအထိုင် သေားင်းကျန်းခဲ့သမျှသည် သင့်ကို ဆိုးကျိုးမည်မျှပေးသည်ဆိုတာ ကို အမြဲ မှတ်ထားပါ။
(၃)။လေ့ကျင့်ခန်း ပုံမှန်လုပ်နေသူ တစ်ယေက်ဆိုပြီး သင့်အနေနှင့် ကယ်လိုရီ ကုန်ဆုံးမှု ရှိနေသည်  ငါ စားချင်ရာစားမည် ကယ်လိုရီ မတက်နိုင်ဟုထင်ပြီး ပလိုင်းပေါက်နှင့် ဖားမကောက်ပါနှင့်။ သင်တစ်နေ့တာ ပင်ပန်းကြီးစွာ  ဂျင်မ်ထဲတွင် ပေးဆပ်ခဲ့သမျှ သင်စားသော အစား အသောက်ကြောင့် အကျိုးမရှိ မဖြစ်ပါစေနှင့်။ ဂျင်မ်ထဲတွင် ပင်ပန်းကြီးစွာ ပေးဆပ်ခဲ့သမျှ ညနေပိုင်း ဘီယာဆိုင်တွင် အပေါင်းအသင်းများနှင့် အမြည်း အကြော်အလှော်များ စားသောက်နေသမျှ သင်သည် လုံးလည် ချာလည် လိုက်နေမည်သာ။
(၄)။ခန္ဓာကိုယ် ကြံ့ခိုင်မှ ကာယလေ့ကျင့်ခန်း စလုပ်ရမယ်လို့ သင်မထင်ထားပါနဲ့ သင်လုပ်နိုင်သမျှ လေ့ကျင့်ခန်း လောက်ကို အရင်စလုပ်ပြီး တစ်ဆင့်ချင်း တက်လှမ်းသွားပါ။လုပ်နိုင်သလောက်ကို နေ့စဉ်လုပ်ပေးနေဖို့ အဓိက ပါ။
(၅)။ လေ့ကျင့်ခန်း မလုပ်နိုင်ရင်တောင် တစ်နေ့ကို ခြေလှမ်း ၇၅၀၀ ကနေ ၁၀၀၀၀ ၀န်းကျင်ခန့်လျှောက်ပေး ခြငိးကလည်း ကယ်လိုရီ၂၅၀ လောက် သုံးပစ်နိုင်ပါတယ်။ နောက်ဆုံးအဆင့် တစ်ကြိမ်တည်း မလျှောက်နိုင်ရင်တောင် သုံးကြိမ်ခန့်ခွဲပြီး လျှောက်ပေးနိုင်ပါတယ်။
(၆)။လမ်းလျှောက်တာပဲဖြစ်ဖြစ် ပြေးတာပဲ ဇြစ်ဖြစ် သတ်မှတ်ချက် တစ်ခု ထားပြီး ပြုလုပ်သင့်ပါတယ်။ ကျင့်သားမရသေးခင်မှာ လမ်းလျှောက်ခြင်းပဲဖြစ်ဖြစ် အနှေးပြေးခြင်းပဲ ဇြစ်ဖြစ် နှေးတာနှင့် မြန်တာ ပဲ ကွာပါမယ် အင်အားအသုံးပြုမှု သိပ်ပြီးမကွာခြားပါဘူး။
(၇)။အရမ်းဝလွန်းသူတွေ အတွက် အစီအစဉ်တစ်ခု ဆွဲပြီး ပြုလုပ်ရသာ အစကနဦးပိုင်းမှာ သိပ်အဆင်မပြေပါဘူး။ အစားအသောက်ကို နည်းနည်းချင်းလျှော့စားပြီး လှုပ်ရှားမှုကို တိုးတိုးပြီး တွဲဖက်ပြုလုပ်ပေးပါ။
(၈)။ ခန္ဓာကိုယ်ရဲ့ အဆီချချင်တဲ့ အပိုင်းကို သီးသန့် ကွက်ပြီးတော့ လေ့ကျင့်ခန်းလုပ်လို့မရနိုင်ပါဘူး။ ယနေ့ အလွယ်ပြောနေကြတဲ့ ဗိုက်သားအဆီကျအောင် ဗယ်လီတစ်မျိုးတည်း ရီုက်တယ်ဆိုတာမျိုးက တကယ်တော့ မမှန်ပါဘူး။ တခြား လေ့ကျင့်ခန်း နှင့် အစားအသောက် ပိုင်းဆိုင်ရာလည်း ဆက်နွယ်နေပါတယ်။

(၉)။ ကိုယ်အလေးချိန် ကျလာပြီး နောက်ပိုင်း လေ့ကျင့်ခန်းပြုလုပ်မှု ကျင့်သားရလာချိန်မှာ  လေ့ကျင့်ခန်း ပြုလုပ်မှု အကြိမ်ရေ ၊ ကြာချိန် ၊အင်အားစိုက်ထုတ်မှု တို့ကို တတ်နိုင်သရွှေ့ တိုးပြီးလုပ်ပါ။ လေ့ကျင့်ခန်း အစီအစဉ် ပြောင်းသင့်ရင်ပြောင်းပါ။
(၁၀)။ အစားအသောက်လျှော့စားခြင်း အလေ့အကျင့်ကို ဖြစ်နိုင်လျင် အမြဲတမ်း ကျင့်သုံးသွားသင့်သည်။  လိုချင်တဲ့ ကိုယ်အလေးချိန်ရောက်အောင် မှန်ကန်နည်းလမ်းကျစွာ အနေအထိုင်ဆင်ခြင် လေ့ကျင့်ခန်း ပြုလုပ်ပြီးကာမှ အရင်အတိုင်းပြန်ပြီး အစားအသောက်သောင်းကျန်းမယ် ဆိုရင်တော့ သင်ပြန်ဝလာမှာ ကျိမ်းသေပါ။ အဲဒါကြောင့်လည်း တစ်ချို့သူတွေ အမြဲပြောနေကျ စကားတစ်ခွန်းရှိပါတယ်။ လေ့ကျင့်ခန်း မလုပ်တာကြာလို့ ပြန်ဝလာတယ်ဆိုတာပေါ့။
(၁၁)။ မြန်မြန် ပိန်ချင်ဇောနှင့် အစားအသောက် မတရားလျှော့ချခြင်းကလည်း မှန်ကန်တဲ့ နည်းစနစ် တစ်ခု မဟုတ်သလို ကံဆိုးရင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။ ရေရှည် လိုက်နာနိုင်မည့် အတိုင်းအထာ တစ်ခု အထိသာ တဖြည်းဖြည်းချင်း လျှော့ချသွားနိုင်သာ အကောင်းဆုံးပါ။
(၁၂)။ သင်အနေနဲ့ အစားအသောက် စားနည်း(၂)မျိုးကို ရွှေးချယ်နိုင်ပါတယ်။ ကယ်လိုရီနည်းသော အစားအသောက် စားမလား။  ကယ်လိုရီ ကိုလျှော့စားမလားဆိုတာ ဖြစ်ပါတယ်။ဒါကတော့ သင့်ရဲ့ စိတ်ဆန္ဒ အပေါ်မှာ မူတည်ပါတယ် ဘယ်နည်းလမ်းကို ရွှေးချယ်ပါစေ အခြား အာဟာရ ဓာတ် စုံလင်အောင် စားသောက် တတ်ဖို့လည်း လိုပါတယ်။
(၁၃)။ အစားအသောက်လျှော့စား နည်းတစ်ခုထဲနဲ့ လေ့ကျင့်ခန်းမလုပ်ပဲ အဆီချခြင်းက မကောင်းပါဘူး။ အဲဒီနည်းက ဆုံးရှုံးသွားတဲ့အပိုင်းမှာ ခန္ဓာကိုယ်ရဲ့ အဆီထု အပြင် အသားထုလည်း ပါဝင်နေပါတယ်။ လေ့ကျင့်ခန်းနှင့် တွဲဖက်ပြုလုပ်ခြင်းက အဆီထု သီးသန့်တစ်မျိုးတည်း ကျစေတဲ့ အတွက် ဇြစ်နိုင်ရင် လေ့ကျင့်ခန်းနှင့် တွဲဖက်ပြီး အဆီချနိုင်ရန် ကြိုးစားပါ။
(၁၄)။ အစားအသောက် တစ်မျိုးတည်း လျှော့စားပြီး အဆီချခြင်းမှာ ရက်သတ္တပတ် အတွင်းမှာ အဆီ (၂) ပေါင်ထက်ပိုပြီး မကျနိုင်ပါဘူး။ ဒီထက်ပိုပြီး ကျသွားတယ်ဆိုရင်တော့ သေချာတာက ဆုံးရှုံးမှုထဲမှာ ပရိုတင်းတွေ ၊ ရေ တွေ ပါနေပြီဆိုတာ မလွဲပါဘူး။ဒါကြောင့် မြန်မြန်ကျချင်ဇောနဲ့ အစားကြီးပဲ လျှော့စား နေတာ မကောင်းတဲ့ အကြောင်းရာ တစ်ခု ဆိုတာ မမေ့ပါနဲ့။အဆီရော အသားပါေ ရာပြီး ကိုယ်အလေးချိန်ကျ သွားတာထက် အဆီသီးသန့် ကျသွားတာ ပိုကောင်းမယ်ထင်ပါတယ်။ အချိန်လေးတော့ ကြာပါမယ် ဒါပေ့မယ် အန္တရာယ်ကင်းဖို့က အဓိကပါ။
(၁၅) အ၀လွယ်သူ တစ်နည်းအားဖြင့် ကိုယ်အလေးချိန် အတက်မြန်သူ တစ်ယေ.ာက်ဟာ နည်းနည်းလေး သတိလက်လွတ်ဖြစ်ပြီး နဂို အတိုင်း အစားအသောက်ပြန်သောင်းကျန်းလိုက်တာနှင့် အလေးချိန် ပြန်တက်လာနိုင်ပါတယ်။လူတစ်ယောက် အစားအသောက်များတိုင်း ၀ တယ် မထင်ပါနှင့် တစ်ချို့ ဘယ်လောက်စားစား ကိုယ်အလေးချိန်မတက်သူတွေလည်း ရှိပါတယ်။ အဓိက လူတစ်ယော်ဧ။် ဗီဇ ၊ ဟော်မုန်းအပြောင်းအလဲ ၊ဓာတုပစ္စည်းတွေနဲ့လည်း ဆိုင်ပါတယ်။ လူကသာ အဆီချဖို့ ကြိုးစားနေပေမယ့် ခန္ဓာ ကိုယ်ကလည်း အဆီတက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေပါတယ်။ အစားလျှော့စားရုံ တစ်ခုထဲနဲ့ အလေးချိန်ချဖို့ ကြိုးစားသူတစ်ယောက်ဟာ အစားအသောက်ပြန်ပြီး နဂိုအတိုင်းစားတဲ့အခါ ပြန်လည် တက်လာတဲ့ ကိုယ်အလေးချိန်ဟာ နဂို အလေးချိန်ထက်ပိုပြီး ဆိုးနေတတ်ပါတယ်။
(၁၆)။ကိုယ်အလေးချိန် လျှော့ချပေးနိုင်သည် ဆိုသော အာမခံ အပြည့်အ၀ပေးပြီး ကြော်ငြာနေသည့် ဒိုင်းယက်စ် များကိုလည်း မျက်စိမှိတ် မယုံကြည်လိုက်ပါနှင့်။ တစ်ချို့ ဒိုင်းယက်စ်များဆိုလျှင် အသက်အန္တရာယ်ပင် နီးစပ်နေပါသည်။ ၁၉၉၉ ခုနှစ် အမေရိကန် စိတ်ပညာ အသင်းဧ။် လေ့လာမှု တစ်ခု အရ ဆယ်ကျော်သက် မိန်းကလေးများတွင် ကိုယ်အလေးချိန်လျှော့ကျစေရန် ဒိုင်းယက်စ် များ၊ လေ့ကျင့်ခန်းများ ၊ခံတွင်းပျက်ဆေးဝါးများ ၊ ၀မ်းနုတ်အဆီကျဆေးများ အဆမတန်ပေးပြီး အဆီကျစေခြင်းသည် နောင် အသက်ကြီးလာသည့်အခါတွင် ပိုမို ၀ဖြိုးလာကြသည်။
(၁၇)။များပြားလှစွာသော ဒိုင်းယက်စ် စားသုံးခြင်းသည် နှလုံးရောဂါ ၊သည်းခြေအိတ်ကျောက်တည်ရောဂါ ၊ ကင်ဆာ ၊ အရိုးပွ ရောဂါတို့ ဖြစ်ပွားအောင် နီးစပ်စေသကဲ့သို့ ကိုယ်ခန္ဓာကိုလည်း ကြည့်မကောင်းအောင် ဖြူပပ် ဖြူရော် ဖြင့် လူမမာ ပုံစံ ပေါက်လာစေသည်။ထို့ကြောင့် ဒိုင်းယက်စ် နည်းလမ်းများသည်လည်း စိတ်မချရပေ။ ထို့ကြောင့် သင့်အနေနှင့် ဖြတ်လမ်းမှနေပြီး နည်းလမ်းမျိုးစုံဖြင့် မက်လုံးပေး ကြော်ငြာနေသော အဆီကျဆေး ၊ ခံတွင်းပျက်ဆေး ၊ အစားစားချင်စိတ်ထိန်းချုပ်ဆေး ၊နည်းလမ်းမမှန်သည့် စားသောက်နည်းများ ကို ယုံစားပြီး သင့် အန္တရာယ်ကို  ပိုက်ဆံပေးပြီး မ၀ယ်ယူမိပါစေနှင့် ။ အကောင်းဆုံးသော နည်းမှာ အစားအသောက် ဆင်ခြင်ပြီး လေ့ကျင့်ခန်းဖြင့် တွဲဖက်ပြီး တဖြည်းဖြည်းချင်း လိုချင်သော ပန်းတိုင်ကို လျှောက်လှမ်းခြင်း သည်သာ အကောင်းဆုံးပါလို့တင်ပြလိုက်ပါတယ်။

တင်ဆက်သူ----အောင်အောင်
email----aungaung.aung24@gmail.com

Tuesday, February 12, 2013

Bollywood Star Zarine Khan’s Advice


ကမ္ဘာတစ်ဝှမ်းရှိအိန္ဒိယရုပ်ရှင်ချစ်ပရိတ်သတ်များအကြား၊တွင် 19-ရာစုကိုအခြေခံပြီးဇာတ်အိမ်ဖွဲ့ 
ထားသည့် Veer ဟူသောဇာတ်ကားဖြင့်အိန္ဒိယရုပ်ရှင်နယ်ပယ်(ဘောလီးဝုဒ်)တွင်တစ်ရှိန်ထိုး၊ထင်ရှား
ကျော်ကြားလာသောအသက် 22-နှစ်အရွယ် Zarine Khan သည်ယခုအခါဘောလီးဝုဒ်၏ဧကရီ
တစ်ပါးအဖြစ်ရပ်တည်နေပြီဖြစ်သည်။လူအများသည်အောင်မြင်ကျော်ကြားသောအနုပညာရှင်များကို
စံနမူနာယူတတ်ကြသည်မှာသဘာဝတစ်ခုဖြစ်သည်။ယခုလည်း Zarine Khan ကိုချစ်သောပရိတ်
သတ်များအနေနှင့်သူမ၏နေထိုင်မှုဘ၀ပုံစံနှင့်အားကစားပြုလုပ်ခြင်းအကြောင်းများကိုဗဟုသုတ
အဖြစ်တင်ဆက်ပေးလိုက်ရပါသည်။

Zarine Khan သည်ငယ်စဉ်ကအ၀လွန်သူတစ်ယောက်ဖြစ်ခဲ့ပြီး၊အထူးသဖြင့်အသက် 13 နှစ်အရွယ်မှ
အသက် 18 နှစ်အရွယ်အတွင်းသူမ၏ကိုယ်အလေးချိန်သည်ဆိုးရွားစွာတက်လာခြင်းဖြစ်သည်။ထိုအ
သက်အရွယ်အတွင်းသူမ၏နေထိုင်မှုဘ၀ပုံစံနှင့်စားသောက်မှုပုံစံများကလည်းသူမကိုထိုသို့ ကိုယ်
အလေးချိန်များလွန်းသွားစေခြင်းဖြစ်သည်။ခံတွင်းအရာသာကိုဦးစားပေးတတ်သော၊စိတ်အလိုလိုက်
တတ်သောသူမသည်ဆယ်ကျော်သက်အရွယ်တွင်စားသုံးသောအာဟာရများမှာအကြော်၊အလှော်များ
ချောကလိတ်အမျိုးမျိုး၊ရေခဲမုန့် များ၊ဘာဂါများနှင့်တရုတ်မုန့် များ၊အစားအသောက်များနှင့်ရေအစား
ကိုလာကိုသာတပ်မက်ခြင်းပြင်းစွာမှီဝဲခဲ့ခြင်းကြောင့်၊ကိုယ်အလေးချိန် 100ကီလို(ပေါင်220)၊အထိဖြစ်
သွားခဲ့သည်။အသက်ဆယ့်ရှစ်နှစ်အရွယ်အထိဘ၀တွင်ရည်မှန်းချက်ဟူ၍လည်းတိတိပပမထားရှိဘဲ
နေပျော်သလိုသာနေထိုင်ခဲ့ခြင်းဖြစ်ကြောင်းကိုသူမ၀န်ခံခဲ့ပေသည်။ရင်းနှီးသူများကကိုယ်အလေးချိန်
ထိန်းရန်သတိပေးစကားများပြောသော်လည်းနားမ၀င်ခဲ့ပေ။
သူမအသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးနောက်အထက်တန်းအောင်မြင်ပြီးချိန်တွင်မူဘ၀နှင့်ပါတ်သက်သော
ခံယူချက်များထားတတ်လာပြီဖြစ်သည်။မိဘများမျှော်မှန်းဖြစ်စေလိုသောဆေးလိုင်းအဆင့်မမှီခဲ့ခြင်းက
သူမကိုဘ၀အပေါ်အမြင်ပြောင်းလဲစေခဲ့ခြင်းဖြစ်သည်။သူမသည်မိမိဘ၀အတွက်စိတ်အ၀င်စားဆုံး
သောလမ်းကြောင်းကိုရွေးချယ်သည့်အခါလူအများကပျက်ရယ်ပြုကြသည့်အပြင်ဝိုင်းဝန်းတားမြစ်ကြ
သေး၏။ထိုအချိန်တွင်၊ကိုယ်အလေးချိန်ပေါင် 220 ကျော်နေသောသူမကအောင်မြင်သောမော်ဒယ်လ်
တစ်ယောက်ဖြစ်အောင်လုပ်မည်ဟုကြေငြာလာချိန်တွင်ကြားသမျှလူတိုင်းဟားတိုက်ကြ၏။ထိုအချက်
များကပဲသူမ၏မာန်မာနကိုတက်ကြွစေကာအစွမ်းကုန်ကြိုးစားလေတော့သည်။

***အဲဒီအချိန်ကကျွန်မရှေ့ ဆက်လှမ်းမယ့်ခြေလှမ်းတိုင်းကိုယုံကြည်ချက်အပြည့်နဲ့ ကိုယ့်ကိုယ်ကိုအား
ပေးပြီး၊ကျွန်မလျောက်လှမ်းခဲ့ရတာပါ။အဲဒီလိုကြိုးစားခဲ့ခြင်းကြောင့်ကျွန်မရလာဒ်ကောင်းတွေရလာတာပါ***
ဟုသူမကဆို၏။အသက်ဆယ့်ကိုးနှစ်အရွယ်တွင်သူမသည်ကိုယ်အလေးချိန် 45-ကီလို(ပေါင်-90)ကျော်ကိုလျော့ချနိုင်ခဲ့ပြီဖြစ်သည်။တစ်နှစ်အတွင်းဤမျှကိုယ်အလေးချိန်၊လျော့ချနိုင်လိုက်ခြင်းက
ပင်သူမကိုပိုမိုတက်ကြွစေခဲ့ပြီး၊၀ီလ်ပါဝါလည်းတိုးတက်စေခဲ့ကြောင်းကိုရှင်းပြခဲ့သည်။ထိုတစ်နှစ်တာ
အတွင်းနေ့ စဉ်လေ့ကျင့်ခန်း၊ပြုလုပ်ခြင်း၊အာဟာရထိန်းချုပ်ခြင်းနှင့်လမ်းလျောက်ခြင်းတို့ ကိုစွဲမြဲစွာ
ပြုလုပ်ခဲ့ခြင်းကြောင့်အချိန်အနည်းငယ်အတွင်းသူမ၏ရည်မှန်းချက်ကိုအကောင်အထည်ဖော်နိုင်ခဲ့ပေ
သည်။လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်သူမ၏ခန္ဓာကိုယ်ကိုသာမကစိတ်ဓါတ်ကိုပါအကောင်းဆုံးပုံသွင်း
ပြုပြင်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခုဘောလီးဝုဒ်၏စတားဖြစ်နေသောသူမ၏အဓိကရည်မှန်းချက်မှာ၊ကျန်းမာသန်စွမ်းစေရန်၊အချိုးအ
စားကျနလှပစေရန်၊အာဟာရကိုစနစ်တကျစားသောက်တတ်ရန်ဖြစ်ပြီးပိုမိုတောက်ပအောင်မြင်ရန်ပင်
ဖြစ်သည်။သူမသည်အားကစားအနေနှင့်နေ့ စဉ်နံနက်တိုင်း၊ယောဂလေ့ကျင့်ခန်းပြုလုပ်ပြီး၊
နေ့ လည်ပိုင်းတွင်မူတရက်ခြားစီအလေးဖြင့်လေ့ကျင့်ခန်းပြုလုပ်ပြီး၊ကာဒီရို(နှလုံးသွေးလည်
ပါတ်မှုလေ့ကျင့်ခန်းများ)ကိုတော့စွဲမြဲခြင်းသိပ်မရှိဘဲ၊ပြေးခြင်း၊ရေကူခြင်းနှင့်အခြားသော
ကာဒီရိုလေ့ကျင့်ခန်းများကိုအလှည့်ကျပြုလုပ်လေ့ရှိသည်။အာဟာရအနေနှင့်မူယခုအခါစနစ်တ
ကျစားသောက်တတ်လာပြီဖြစ်သော်လည်းသူမသိပ်ကြိုက်သောအိန္ဒိယမုန့် အချိုများ
ကိုကားစိတ်မထိန်းနိုင်လျင်အများဆုံးတစ်ကိုက်၊နှစ်ကိုက်လောက်သာစားပြီးအာသာဖြေတတ်လေ
သည်။အစားကိုလည်းအနည်းငယ်စီခွဲပြီးနှစ်နာရီခြားတစ်ခါသာစားလေ့ရှိသည်။ထိုသို့ စားသောက်ခြင်း
ကသူမ၏ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုမြန်ဆန်စေနိုင်ကြောင်းကိုလည်းယုံကြည်လက်ခံထားသူဖြစ်သည်။
Zarine Khan သည်၊မိမိကိုယ်ကိုစည်းကမ်းတကျထိန်းသိမ်းနိုင်သောစိတ်ဓါတ်စွမ်းအားပိုင်ဆိုင်ထား
သည့်အံ့ဖွယ်အမျိုးသမီးဖြစ်သည်။

သူမ၏ပရိတ်သတ်များကိုတော့သူမက***လူတိုင်းတစ်နေ့ ကိုနာရီဝက်လောက်ကိုယ်လက်လှုပ်ရှား
လေ့ကျင့်ခန်းများပြုလုပ်သင့်သည်။ထိုသို့ မလေ့ကျင့်လိုပါကလည်းအနည်းဆုံး၊ရှော့ပ်ပင်းမော်လ်တစ်
ခုကိုလမ်းလျောက်ပြီးနာရီဝက်လောက်ကြာအောင်ပါတ်ကြည့်ပါ။ဤနည်းသည်ကျန်းမာရေးအတွက်
အရေးအပါဆုံးသောအချက်လေးဖြစ်သည်။ထို့ အပြင်အိပ်ရေးကိုလည်းဝအောင်အိပ်စက်ကြပါ။***
ဟုအကြံပြုတင်ပြသွားပါသည်။



ဤဆောင်းပါးလေးကိုရေးရသည့်အဓိကအကြောင်းအရင်းမှကျွန်တော့်ဘလော့ဂ်မှမင်ဘာဖြစ်သူ၊
May Zune ၏တောင်းဆိုချက်ကြောင့်ဖြစ်သည်။ဤဆောင်းပါးပါကမ္ဘာကျော်အိန္ဒိယမင်းသမီးချော
Zarine Khan သည်ဇီးရိုးမှဟီးရိုးဘ၀သို့ ရောက်အောင်၊အဆီတုံးမှစွဲဆောင်မှုရှိသောခန္ဓာကိုယ်ပိုင်
ရှင်ဖြစ်အောင်၊ပြောင်းလဲနိုင်ခဲ့သည့်အဓိကအချက်မှာ၊
1-မိမိကိုယ်ကိုယုံကြည်ခြင်းနှင့်ထိုယုံကြည်ချက်ကိုတစ်စိုက်မတ်မတ်အကောင်အထည်ဖော်ခြင်း
2-လေ့ကျင့်ခန်းကိုစွဲမြဲစွာပြုလုပ်ခြင်းနှင့်အာဟာရကိုစနစ်တကျရွေးချယ်စားသောက်ခြင်း
တို့ ကြောင့်ဖြစ်သည်။သာမန်မိန်းကလေးတစ်ယောက်မှအောင်မြင်သူတစ်ယောက်အဖြစ်သို့ သင်
လည်းရောက်နိုင်ပါသည်။ထို့ ကြောင့်ကြိုးစားပါ။သင်လုပ်လျင်ဖြစ်နိုင်ပါသည်။ဖြစ်ကိုဖြစ်ရမည်။

လေးစားလျက်----
တင်ဆက်သူ-----
နိုင်ဦး---119
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com
www.myamarfitness.com

                       

Thursday, February 7, 2013

တတ်နိုင်သမျှများများလေ့လာပါ


ယနေ့ ကာယဗလ နယ်ပယ်တွင် ၀င်ရောက် ယှဉ်ပြိုင်နေကြသော မောင်အချို့တွင် ကာယဗလ ဆိုင်ရာ အထွေထွေ ဗဟုသုတ များ နည်းပါးသည်ကို တွေ့နေရပါသည်။ ခေတ် အခြေအနေအရ ရှာဖွေ ဖတ်ရှုစရာ ကာယဗလ စာအုပ်စာပေများ နည်းပါးခြင်း ၊ အင်္ဂလိပ်စာ အားနည်းခြင်း ၊ ကွန်ပျူတာ မသုံးတတ်ခြင်း   နှင့် တစ်ချို့ဆိုလျင် ဖတ်ရှုလေ့လာ ရမှာ ပျင်းသည်ဟု ဆိုကြသူများပင်ရှိသည်။ မိမိဧ။် မင်ဘာ အချို့က ပညာစမ်းချင် သည့်သဘောမျိုးလည်း ပါချင်ပါမည် ဒါမှမဟုတ် တကယ် သိချင်လို့ မေးမြန်းသူလည်း ပါချင်ပါမည် ။ ထိုသို့ မေးမြန်းမှုနှင့် ကြုံသည့်အခါ အင်း မလုပ် အဲ မလုပ် ယောင်ဝါးဝါး ဖြင့် ဘာဖြေရမှန်း မသိဖြစ်နေသည်။ ထိုအခါ ဘယ်သူ သိက္ခာ ကျသလဲ ဆိုတာ ဆန်းစစ်ပါ။ မိမိသည် ကိုယ်ကာယ နည်းပြ တစ်ဦးလည်းဖြစ် ၊ ကိုယ်တိုင်လည်း ပြိုင်ပွဲဝင် တစ်ဦးဆိုလျင်ကား ပို၍ပင် လေ့လာရပါမည်။ အာဟာရ အပိုင်း ၊ လေ့ကျင့်မှု အပိုင်း စသည်ဖြင့်  သူ့အပိုင်း နှင့်သူ ဗဟုသုတ များကို ဖတ်မှတ်ပြီး ကျင့်သုံးနိုင်ရမည်။ ကာယဗလ အားကစားလိုက်စားသူ တစ်ယောက်ဟာ အခြား အားကစား သမားနှင့် နှိုင်းယှဉ်လျင် အာဟာရ အပိုင်းတွင် အများကြီး ဂရုစိုက်ရပါသည်။ ထိုကဲ့သို့ တည်ဆောက်ရာတွင် အဓိကလိုအပ်သည်မှာ မှန်ကန်သော အာဟာရဓာတ်များကို ချင့်ချိန်နှိုင်းယှဉ်ပြီး စားသောက်တတ်ဖို့ ဖြစ်သည်။ သို့မှသာလည်း ကယ်လိုရီ အ၀င်အထွက်မျှတပြီး ကြွက်သားတိုးတက်မှု ဖြစ်စဉ်များလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မှန်ကန်သော အာဟာရဓာတ်များကို တွက်ချက်စားသောက်မှု မရှိသည့် ကစားသမား တစ်ယောက်သည် တိုးတက်မှုတွင် ကြန့်ကြာခြင်း ၊ ကြွက်သားကွာလတီ မပြည့်မှီခြင်း ၊ ကိုယ်ခန္ဓာ ကျစ်သွားခြင်း ကဲ့သို့ ဆိုးကျိုးများ ဖြစ်လာနိုင်ပြီး နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် ကာယဗလနယ်ပယ်တွင် အရှုံးဖြင့်သာ ရင်ဆိုင်ပြီး နောက်လူများဧ။် ကျော်တက်ခြင်းကို ခံရသည်  အိုပယ် အဆင့်သို့ ရောက်ရှိနေသည့် ပြိုင်ပွဲ ၀င်များလည်း ရှိပါသည်။ အာဟာရ အပိုင်းနှင့် ပတ်သက်၍လည်း လက်လှမ်းမှီ သလောက် ကျွှန်တော်တို့ တင်ဆက်ပေးပြီး သားများရှိပါသည်။ ကာယဗလ အားကစားသည် ကျွန်တော်အမြဲ ပြောနေကျကဲ့သို့ပင် ဘက်စုံ စည်းကမ်းရှိ သည့်  ၊ အနေအထိုင်အစားသောက် ဆင်ခြင်နိုင်မှ အောင်မြင်သည့် ကာယဗလ မောင်တစ်ယောက်ဖြစ်နိုင်သည့် အားကစားမျိုးဖြစ်၍  အမြင်လွယ်ပြီး အလုပ်ခက်ပါသည်။
                

အောင်မြင်သော ကာယဗလမောင် တစ်ယောက် ဖြစ်လာနိုင်ဖို့ဆိုလျင် လေ့ကျင့်နေရုံ နှင့်မပြီး အာဟာရ ၊ စိတ်ဓာတ် ၊ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသော ကာယဗလ ဗဟုသုတများကို လက်လှမ်းမှီသလောက် လေ့လာနေရမည်ဖြစ်သည်။ မိမိအတွက် တိုးတက်မှု ရှိသည့့်  လေ့ကျင့်ခန်း များရွှေးချယ်တတ်မှု ၊ အာဟာရ စားသောက်မှုမှတ်တမ်း ၊ နေ့စဉ် လေ့ကျင့်မှု ဒိုင်ယာရီ ၊ လေ့ကျင့်ခန်းရွှေးချယ်ပုံနှင့် အလေးဝန်အတိုင်းအတာများ၊ တစ်လချင်းစီဧ။် တိုးတက်မှု မှတ်တမ်းများ ၊ကိုယ်အလေးချိန်အတက်အကျမှတိတမ်း တို့အပြင်၊  မိမိဧ။် အားနည်းသည့် ၊ တိုးတက်မှု နည်းသည့် အစိတ်အပိုင်းသည် မည့်သည် အစိတ်အပိုင်းလဲ ၊ တိုးတက်မှု နှုန်းမြန်သည့် ကြွက်သားသည် ဘယ်အစိတ်အပိုင်းလဲ ၊ မည့်သည့် လေ့ကျင့်ခန်းဖြင့် ပြောင်းပြီး ကစားလျင် ထိရောက်မှု ရှိမလဲ စသည့် အတွေးအခေါ်များ ၊ ပရီုဂရမ် တစ်ခုကို (၃)လ အလွန်ဆုံး (၄) လထက်ပို၍ ကစားသင့် မသင့် စသည့် အချက်အလက်များကို လေ့လာမှတ်သားသင့်သလို ၊ အာဟာရ အပိုင်းနှင့်ပတ်သက်၍လည်း မိမိသည့် တစ်နေ့လျင် အလေးဝန် ဘယ်လောက်အသုံးပြုပြီး လေ့ကျင့်နေသည် ကယ်လိုရီ ဘယ်လောက်လိုအပ်သည် ကုန်ဆုံးသွားသော ကယ်လိုရီကို  ဘယ်လို တွက်ချက် စားသောက်တတ်ရမည် အာဟာရ အချိုးအစား ကယ်လိုရီ အချိုးအစား စသည့် တွက်ချက်မှုများကိုလည်း လေ့လာ တွက်ချက်နိုင်ရန်လို အပ်သလို မှတ်တမ်း တစ်ခု ထားရှိသင့်သည်။ ပြိုင်ပွဲဝေး စားသောက်ပုံ ၊ပြိုင်ပွဲနီး စားသောက်ပုံ စသည်တို့ကိုလည်း နားလည်ရန် လိုအပ်သလို ပြိုင်ပွဲ အနီးအဝေး တွင် နေထိုင်ပြုမှုပုံများကိုလည်း သိရှိထားရန် လိုသည်။ဒါတင်ပဲလား ဆိုတော့ မပြီးသေးပါ။ ပြိုင်ပွဲတွင် မိမိတစ်နှစ်ပတ်လုံး ကြိုးစားပမ်းစားဖြင့် ခက်ခဲကြမ်းတမ်းစွာ တည်ဆောက်ခဲ့သော ကြွက်သားများကို ပရိသတ်ဧ။် ရင်ထဲ အသဲ တွင်သာမက ဒိုင်လူကြီးများဧ။် မျက်စိတွင် စွဲကျန်နေအောင် ပြတတ်ရန်လည်း လိုအပ်သည်။ သင်သည် မည်မျှပင် ကြွ့က်သားလှပနေစေကာမှု ကိုယ်ဟန်မပြတတ်ရင်လည်း အောင်မြင်မှုဆိုတာ သင်အတွက် လက်တကမ်း အကွာမှ လှောင်ပြောင်နေပေမည်။ ထိုသို့သော အကောင်းဆုံး အရှုံးသမားများသည် ကမ္ဘာ့  ကာယလေ လောကတွင်သာမက ကျွှန်တော်တို့ မြန်မာနိုင်ငံ တွင်လည်း ကြုံတွေ့ နေရပါသည်။ ကြွက်သားလှပ သော်လည်း ကိုယ်ဟန်ပြရာတွင် ပုံသဏန်မကျ ကို့ယို့ကားရား နိုင်သည်များကို တစ်ချို့ ပြိုင်ပွဲဝင်များတွင် တွေ့နေရပါသည်။  စင်အောက်မှ ကြည့်ရသူများဧ။် အမြင်တွင် အံ့သြမင်တက်မိရမည့် အစား တဟားဟား ဖြစ်စေသည့် ပြကွက်မျိုး ဖြစ်မနေစေရန် မိမိဧ။် အားနည်းချက်များကို ဖုံးကွယ်ပြီး အားသာသော ပြကွက်များဖြင့် ပရိသတ်နှင့် ဒိုင်လူကြီးများကို လှည့်စားနိုင်စွမ်း ရှိရမည်ဖြစ်သည်။








 (၆)ထပ်ကွမ်း ချန်ပီယံ ဒိုရီယန်ရီတ်စ်သည် ၁၉၉၄ မှ ၁၉၉၆ ခုနှစ်အထိ မောင်အိုလံပီယာ ပြိုင်ပွဲ သုံးပွဲစလုံးတွင် ပရိသတ်ဧ။် ထင်ကြေးပေးမှုတွင်  သူသည် မောင်အိုလံပီယာ သရဖူကို အခြား ပြိုင်ဖက်များကို လွဲပေးရမည်ဟု အားလုံးက ထင်မှတ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဘယ်ဖက်ရှေ့လက်မောင်အိုး စုတ်ပြဲမှု ၊ ပခုံးကြွက်သား စုတ်ပြဲမှု ၊ ပေါင်ကြွက်သားစုပ်ပြဲမှု စသည့် ဒဏ်ရာဗရဗွများ ဖြင့် လနှင့်ချီပြီး အနားယူခဲ့ရသည် ။ လေ့ကျင့်မှုတွင် အလှည့်အပြောင်းများကြောင့် ထိုအချိန်က  ဒိုရီယန်ကို ကျားချောင်း ချောင်းနေကြသည့် အခြား နာမည်ကျော် ပြိုင်ဘက်များကသာ အနိုင်ယူလိမ့်မည်ဟုထင်နေကြသည်။ ထိုအထဲတွင် ရှောင်ရေး က အဆိုးဆုံးပင်ဖြစ်သည်။ ရှောင်ရေးသည် ဒိုရီယန်ကို နိုင်ရဖို့ဆိုလျင် သူ့အသက်ပင် သေပလေ့စေ ရေကုန်ရေခန်း အကြိတ်အနယ် လေ့ကျင့်မည်ဟု အမြဲတမ်း ကြိမ်းမောင်းတတ်သလို  ပြိုင်ပွဲနီးတိုင်း သူသာလျင် ဒီနှစ် မောင်အိုလံပီယာ သရဖူကို ရနိုင်မည်ဟု စိတ်ဓာတ်အင်အားဖြင့် တွန်းအားပေးပြီး ခြိမ်းခြောက်တတ်သည့် မောင်တစ်ဦးဖြစ်သည်။ရှောင်ရေးသည် ရှုံးတာကိုလက်ခံပေမယ့် တတိယ ဖြစ်သွားတာကို ဘယ်တော့မှ သဘောမကျတတ်သည့် မောင်တစ်ဦး ဖြစ်သည်။သူကိုသူ အမြဲတမ်း ပထမ သာရသင့်သည် ဟု ထင်ထားသူတွင် ရှောင်ရေး သည် ထိပ်ဆုံးက ဖြစ်သည်။ သူသည် စိတ်ထဲရှိသာ ကိုပြောချင်ရာ ပြောချတတ်သည် ပြီးလျင် ပြီးရော သဘော မျိုးရှိပြီး သတင်းစာ ရှင်းလင်းပွဲတိုင်းတွင် သူအမြဲပြောတတ်သည့်က  ` တစ်နှစ်ပတ်လုံးတွင် ပွဲတစ်ပွဲသာ မဲပြီး ပြိုင်တဲ့လူဆိုလို့ ထိပ်သီး ပြိုင်ဘက်တွေထဲမှာ ကွှန်တော်နှင့် ဒိုရီယန် (၂) ဦးပဲ ရှိသေးတယ်။ ကျွန်တော်နဲ့တူ က ပန်းသိးနဲ့ လိမ္မော်သီးလို ကွဲပြားတယ် ကိုယ်ခန္ဓာ ပုံစံချင်းမတူသလို ကွှန်တော်က သူထက်အများကြီးသာတဲ့  စိတ်ဓာတ်တွေနဲ့  အနိုင်ယူဖို့အသင့်ပဲ။ ဒီနှစ်မှာ ရှောင်ရေး ဘယ်လို အနိုင်ယူမလဲဆိုတာကြည့်လိုက်။ စိန်ခေါ်သူ တစ်ဦး အနေနဲ့ ကတော့ ဘယ်တော့မှ အရှုံးမပေးဘူး။ မောင်အိုလံပီယာ သရဖူ ကို အမေရီကန် ပဲ ပိုင်ဆိုင်သင့်တယ်။ ဒီပြင် မြေကို သယ်ဆောင်သွားတာ မကြိုက်ဘူး။ အမေရီကန် မြေပေါ် ပြန်ယူပြမယ့် စသည်ဖြင့် အမြဲတမ်း လေကြွားသော်လည်း ရှောင်ရေးသည် ဒုတိယ ၊ တတိယ နှင့်သာ မောင်အိုလံပီယာ ဘ၀ ကို ကုန်ဆုံးခဲ့သည်။ ဒိုရီယန် ဆိုသော တံတိုင်းကြီးကို မကျော်လွားနိုင်ခဲ့ပေ။ ဒိုရီယန် သည် သူ့ခေတ်သူ့အခါက ပြိုင်ဖက် ကောင်းများ နှင့်  ပွဲတိုင်းနွဲခဲ့ရပြီး ပြိုင်ဘက်များဧ။် မထိတထိ စကားများ ၊ မနာလိုသူများဧ။် ဝေဖန်စကားများကို မသိကျိုးကျွှံပြုကာ မိမိဧ် ရည်မှန်းချက်အတိုင်း အောင်မြင်အောင် ကြိုးစားနိုင်ခဲ့သည် စကားပြော နည်းပြီး အလုပ်ဖြင့် လက်တွေ့ ပြတတ်သည် အောင်မြင်မှုအေ့းတွင်လည်း ၀မ်းနည်းဝမ်းသာ မဖြစ် မိမိဧ။် ပေးဆပ်မှုကြောင့်သာ မိမိပြန်ရလိုက်သည့် ဆုလဒ် ဆိုသည့် ဆောင်ပုဒ် ကို လက်ကိုင်ထားတတ်ပြီး ပြိုင်ဘက်များဧ။် အခြေအနေကို အမြဲတမ်း နားစွင့်ကာ ပြုပြင်သင့်သည်များကို ပြုပြင်သည်။ သူဧ။် လေ့ကျင့်ရုံတွင် ချိတ်ထားတတ်သည့် စာတန်;တစ်ခုကတော့ 199--- Mr Olympia, Atlanta . To all the disbelievers, kiss my ass! ဆိုသည့် စာတန်း တစ်ခုသည် သူဧ။် စိန်ခေါ်မှုပင်ဖြစ်သည်။ မည်မျှပင် ဒဏ်ရာရ၍ ကြွက်သား အစိတ်အပိုင်း အားနည်းမှု ဖြစ်နေစေကာမှု ထို အားနည်းသည့် အစိတ်အပိုင်းကို(ဘယ်ဖက်လက်မောင်း ရှေ့သားဒဏ်ရာကြောင့် သိမ်နေ) ရှောင်ပြီး အားကောင်းသည့် ကြွက်သားကို ဦးစားပေး၍ လှည့်စားပြီး ကိုယ်ဟန်ပြတတ်ခြင်းကြောင့် မောင်အိုလံပီယာ သရဖူကို နောက်ထပ် (၃)နှစ်ဆက်တိုက် ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့သာ ကိုယ်ဟန်ပြ မပါးနပ်ပါက ဒိုရီယန် သည် မောင်အိုလံပီယာကို (၃)ကြိမ်ခန့်နှင့် လက်လွတ်ရမည်ဟု လူတိုင်းက ထင်ကြေးပေးကြသည်။ ထို့ကြောင့် ကိုယ်ဟန်ပြ ပါးနပ်လိမ္မာဖို့သည်လည်း တစ်ဖက်တစ်လမ်းမှ အရေးပါ အရာရောက်ပြီး မိမိပြိုင်ဘက်များဧ။် အားသားချက် အားနည်းချက်များကိုလည်း လေ့လာအကဲခတ်ပါ ဘယ်လို အနိုင်ယူရမည် ဘယ်လို ကိုယ်ဟန်ပြရမည်  ဆိုသည်များကိုလည်း  စွဲမြဲစွာ မှတ်သားပါ။ လေ့ကျင့်မှုတွင် အနှောင့်အယှက် ဖြစ်စေမည့် အရာ ၊ မိမိဧ။် ရည်မှန်းချက်ကို ပျက်ပြားစေမည့် အရာများကို ရှောင်ရှားပါ။ တစ်နှစ် မရလျင် နောက်တစ်နှစ် ကို ရနိုင်ရမည့် ဆိုသည့် ဇွဲ မျိုး ထားပြီး ပြင်ဆင်ပါ ၊ လေ့ကျင့်ပါ ။ မောင်အိုလံပီယာ ရာဇ၀င်တွင် အသက်ကြီးသည် အထိ ပြိုင်ပွဲဝင်ခဲ့သော မောင်ဟောင်းများ ရှိသလို နှစ်ပေါင်း (၁၇)နှစ်အတန်ကြာ အနားယူပြီးမှ   ပြန်လည် ယှဉ်ပြိုင်သည့် မောင်လည်း ရှိသည်။ အဓိက မှာ ဇွဲ ရှိပြီး မှန်မှန်ကန်ကန် နည်းလမ်းဖြင့် ဆက်လက် ချီတက်နေ ရန်ပင်ဖြစ်သည်။ ဒိုရီယန် ပြိုင်ပွဲအပြီးတွင် အမြဲ ပြောတတ်သည့် စကားလေးတစ်ခွန်းလို ကျွန်တော် နောက်နှစ်မှာ ဒီထက် ပိုကြီးတဲ့ ခန္ဓကိုယ်နဲ့ အကောင်ဆုံးပြန်လာ မယ်ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ထားပါ။ လက်တွေ့လည်း ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။


 တင်ဆက်သူ---အောင်အောင်
email-aungaung.aung24@gmail.com





Saturday, February 2, 2013

ကိုယ့်သမိုင်းကိုယ်ရေးမယ်

ကျွန်တော်သည် ၀ါသနာ အရင်းခံပြီးကာယဗလအားကစားဆောင်းပါးများကိုမိမိလေ့လာမိသလောက် ပြန်လည်ဝေဌခံသည်မှာ ယခုဆိုလျင် တော်တော်လေးကြာခဲ့ပြီ ဖြစ်သည်။ ဝေဖန် ကဲ့ရဲ့သူများ ၊ ချီးမွမ်းစကားဆိုသူများ ၊ အမြဲတမ်းအားပေးနေသူစသည်ဖြင့် လူအမျိုးမျိုးလည်း ကြုံခဲ့ရပါသည်။ အဆိုပါ အသံမျိုးစုံကို ဖြတ်သန်းပြီးလျှောက်လှမ်းလာသည်မှာယနေ့အချိန်ထိ ဖြစ်သည်။အပြင်ပန်းမှ ၀ါသနာမပါသူများက ကျွှန်တော်တို့ကိုကုလီထမ်းဖို့မတာလား ၊ ညစောင့်လုပ်ဖို့မတာလား ၊ အစားနင်းကန်စားသည့် ပြိတ္တာတွေ ၊ အိပ်လိုက်စားလိုက် ငပျင်းတွေ အစရှိသဖြင့် အမျိုးမျိုးလှောင်ပြောင်နေကြသည်။ဒါတွေကိုဂရုစိုက်နေရင်တော့ အတားအဆီးပါပဲ။ လူဆိုတာကိုယ့်အကြောင်းကိုယ် အသိဆုံးပင် ။ ခဏတာလူဖြစ်ရသည့် အခိုက်တွင် ကိုယ်ဝါသနာပါရာ အလုပ်တစ်ခုကိုလုပ်နေရခြင်းသည်လည်းအကုသိုလ်နည်းသည့်  အရာပင်ဖြစ်သည်။ သို့သော် ပတ်ဝန်းကျင် တော့ မထိခိုက်ပါစေနှင့်။ ကျွန်တော်တို့ အားကစားသည် ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ပါ ၊ အိပ်ရေးလည်းမပျက်စေပါ ၊ အလောင်းကစားလည်းမပါသောအင်မတန်မှ သိုသိပ် စည်းကမ်းရှိပါသည်။ ကမ္ဘာကျော် အားကစားမဟုတ်ပေ့မယ် ကျွန်တော် ပျော်ပါသည်။ ဘယ်သူတွေ ဘာပြောပြော ကျွန်တော် အားရင် ကာယဗလအကြောင်းသာစဉ်းစားသည်။ ၀ါသနာပါသူတွေ့ရင် စကားဖောင်ဖွဲ့သည်။ ဒါ ကျွန်တော် ၀ါသနာ ပါ ကျွန်တော် ဘယ်သူကိုမှ မထိခိုက်ပါ။
နားမထောင်ချင်သူတစ်ယောက်ကိုလည်းကာယဗလအကြောင်းမပြောသလို ကျွန်တော် ကာယဗလဆိုက်တွင် ဆောင်းပါးရေးကြောင်းလည်းယနေ့ အချိန်ထိမမေးပဲမပြောပါ။ အခုချိန်ထိလည်း ကျွှန်တော်အိမ်ကဆောင်းပါးရေးမှန်းမသိပါ။ ကာယဗလစာအုပ်တွေ အခွေတွေ ကြည့်ရင် ပြောပါသည် အားနေရင် အဲဒီအလုပ်ပဲလုပ်နေတာလားတဲ့ ဘာဖြစ်လာမှာလဲတဲ့။ ဒါ ကျွှန်တော်အတွက် အားပေးတဲ့ အားဆေးပါ။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော် ဆက်လက်ချီတက်နေပါသည် အချိန်ပေးနိုင်တဲ့ တစ်နေ့ အထိပေါ့ ကျွှန်တော်လိုမျိုးကာယဗလအားကစားခရေစီ(ကိုနိုင်ဦး )တစ်ယောက်လည်းရှိနေတော့ အားရှိတာပေါ့ဗျာ။ ဘာပဲပြောပြော ကျွန်တော်တို့ (၂)ယောက်စလုံးမှာတူညီတဲ့ ခံယူချက်လေးတွေ တော့ရှိကြပါတယ်။ ယနေ့ ကာလကဲ့သို မြန်မာနိုင်ငံတွင် ကာယဗလ နှင့် ပတ်သက်သည့် စာအုပ်စာပေများ ၊ ဗဟုသုတ ရှာမှီးစရာ ၊ ကိုးကားစရာမရှိသည့် အချိန်မျိုးတွင် ကျွှန်တော်တို့သည့် လက်လှမ်းမှီသလောက် စုဆောင်းဖတ်ရှုထားသည်မှ တတ်သလောက် မှတ်သလောက် များကိုမိမိကဲ့သိုကာယဗလ ၀ါသနာရှင်များကို ပြန်လည်ဖြန့်ဝေ ခဲ့သည်မှာတော်တော်လေးခရီးပေါက်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် လည်းကာယဗလအားကစားမှာလေ့လာ၍ ကုန်နိုင်မယ်လို့ မထင်ပါ။ သို့ပါ၍ ကျွန်တော်တို့သည် တစ်ဖက်မှလည်းမိမိ ၀ါသနာပါရာ လေ့လာရင်းတစ်ဖက်ကလည်း ပြန်လည် ဖြန့်ဝေ ပေးနေရသည်မှာ ကျွန်တော်တို့ အတွက်လည်းပီတိ ဖြစ်ရပါသည်။ ကျွန်တော်တို့သည် မည်သည့် နည်းပြသင်တန်းဆင်းလက်မှတ်မှလည်းမရဖူးသလို ၊ မည့်သည့် ပြိုင်ပွဲမှလည်းမတက်ဖူးခဲ့ပါ။ ထို့ကြောင့်လည်း ကျွှန်တော်တို့ကိုယနေ့ ငွေကြေးတတ်နိုင်သည့် ဂျင်မ်ပိုင်ရှင် ၊ ပြိုင်ပွဲဝင် ၊ ၀ါသနာရှင်များကလည်း ဂရုမထားပါ ။ သူတို့ ဂရုမထားလည်း ကျွှန်တော် ဂရုမစိုက်ပါ။ အသိမှတ်ပြု ခံချင်၍ ပြောနေခြင်းလည်းမဟုတ်ပါ။ ငွေကြေးတတ်နိုင်သည့် လူတစ်စုကတော့ နိုင်ငံခြားမှ ကာယဗလအားကစားဂျာနယ်များ ၊ စာအုပ်များ ၊ အခွေများကိုလေ့လာပြီးမိမိတစ်ဘို့တည်းအတွက် ၊ မိမိကောင်းစားဖို့ အတွက်သာမျှော်ကိုးပြီးဘာဘာဘာမှ မသိသည့် ပုံစံမျိုး ဖြင့်  ဗီရိုထဲမှာသိမ်းဆည်းကာသေရွာသို့ ယူဆောင်သွားလိမ့်မည်။ သို့သော် ထိုကဲ့သို့  လူစားမျိုးသည် သူများဆီကတော့ ရအောင်ယူတတ် ကြသည်။ ပြီးရင် မေ့ချင်ယောင်ဆောင်ပြီးအရှုးကွက်နင်းတတ်သည် မှာသူတို့ဧ။် အကျင့်လားဆိုတာ ဝေခွဲမရပေ။ အလိုရှိလျင်တော့ ကလေးထမင်းဆီဆမ်းတောင်းသလိုတငိုငိုပုံစံမျိုးဖြင့် ဂျီကျတတ်သည်။ ရပြီးလျင်တော့ လမ်းတွေ့ရင်တောင် ရှောင်ဖယ်သွားချင်တတ်ကြသည်။ ကျွန်တော်ကလည်းကုသိုလ် ကံဆိုးလို့လားကိုယ်တိုင်ကပဲမနေတတ်လို့လားမသိခဏခဏခံရပါသည်။
ထိုအဖြစ်မျိုးကိုခံရပါများလာတော့ နောက်ပိုင်းတွင် လူသားထဲကလူသားတစ်ယောက်အနေနှင့်  မာနနည်းနည်းထားပြီး ကျွန်တော် မေးထူးခေါ်ပြောသာနေပါသည်။ ဆန်ပေးမှ ဆီရသည့် ခေတ်ကြီးတွင် ကျွန်တော် အရင်လိုမျိုးလူတစ်ယောက် ကိုတွေ့တိုင်းသဘောမကောင်းနိုင်တော့ပါ။ ကိုယ့်အပေါ် ဘယ်လောက် စေတနာထားသလဲဘယ်လောက် တုန့်ပြန်မှု ရှိသလဲအပေါ် မူတည်ပြီး ကျွန်တော် အလိုက်သင့်သာနေထိုင်ပါသည်။ တစ်ခါတစ်ရံတွင် ကျွန်တော် ကိုမင်ဘာတွေ စိတ်ဆိုးချင် ဆိုးကြလိမ့်မည် မတတ်နိုင်ပါ။ အကြောင်းရင်းက ကျွန်တော်တို့ ရေးသားပြီးသမျှ သည် တော်တော်လေး ပြည့်စုံနေပါသည်။ အခြေခံကာယဗလသမားများအတွက် ကိုနိုင်ဦးဆိုရင် စာအုပ်တွေ တောင် အပင်ပန်းခံပြီးေ၇းသား ပေးခဲ့သည်မှာမင်ဘာအားလုံးအသိပင်ဖြစ်သည်။ ကျန် လိုအပ်သည့် အာဟာရအပိုင်း ၊ ဆေးဝါးပိုင်း ၊ လေ့ကျင့်ခန်းအပိုင်းအားလုံးသည် ရှာဖွေ ဖတ်ရှု နိုင်ပါသည်။ အချိန်လေးတော့ ပေးကြပေါ့ဗျာ။ သို့သော်လည်းတစ်ခါတစ်ရံအွန်လို်င်းတွင် ဆုံခိုက်  တစ်နေ့ ဘယ်နှစ်ကြိမ် ကစားရမလဲ ၊ ဘယ်နှစ်ရက်တစ်ခါ နားရမလဲ ၊ ဘာဆေးသောက်သင့်သလဲ ၊ စတီးရွိုက် ဘယ်မှာ ၀ယ်ရမလဲ အစရှိသည့် မေးခွန်းများကိုအဖန်တလဲလဲမေးနေကြသည့် (၁) ကြိမ် (၂)ကြိမ် ဆိုတော်ပြီပေါ့ ဗျာ။ ပြီးတော့ ဒီလူကပဲနောက်နေ့တွေ့လည်းဒီမေးခွန်း ကြာတော့ ကျွန်တော်ကဆိုက်ထဲမှာရှာဖတ်ဆိုတော့ မဖတ်နိုင်ဘူးအချိန်မရဘူးမဖြေချင်နေဗျာဆိုပြီးဘုဆတ်ဆတ် ဖြင့်  ပြောသွားကြသည့် မင်ဘာတွေလည်း ကြုံရသည်။ စကားပုံတစ်ခုနှင့် နှိုင်းပြီးပြောရလျင် ရိုင်းမည်ဟုလည်းထင်မိပါသည်။ အမေဘယ်လိုချော့သိပ်သိပ် ကိုယ်တိုင်အိပ်မှ အိပ်ပျော်မှာ ပါ။  ကျွန်တော်တို့ ပေးနိုင်တာအင်ဖော်မေးရှင်းသက်သက်ပါ။ထိုအင်ဖော်မေးရှင်းအပေါ် အခြေခံပြီးမိမိ ဧ။် ဇြတ်ထိုးညဏ် ၊ စဉ်းစားတွေးခေါ်မှုလေးတွေလည်းသုံးကြပါ။ အင်ဖော်မေးရှင်းအပေါ်မှာပဲမှီခိုပြီးတစ်လမ်းမောင်းလုပ်မနေပါနဲ့။ ကိုယ်တိုင်လည်းလေ့လာပါ သူများပြောတိုင်းယုံတတ်တာလည်းမကောင်းပါဘူး။ မိမိ ဧ။် ညဏ်ရည်ညဏ်သွေးကိုလည်းထက်မြက်စေရန် လေ့လာပေးပါ။ ကျွန်တော် ဆရာလုပ်နေခြင်းမဟုတ်ပါ။ ကျွန်တော် ကိုယ်တိုင်လည်းယနေ့အချိန်ထိအားနည်းချက်များစွာနဲ့ပါ။ ကျွန်တော် ကာယဗလနဲပတ်သက်လို့ အကုန်အစင် မသိသေးပါ။ သိနိုင်အောင် လည်းမနည်း ကြိုးစားနေ၇ပါသည်။  အမှီလိုက်နိုင်ဖို့ ဆိုသည်မှာလည်းမလွယ်ကူပါ။ ကျွန်တော်တွင် ကိုယ်ရေးကိုယ်တာအတွက် အချိန်တပိုင်း ၊ ၀မ်းစားအတွက် တစ်ပိုင်း ပေးနေ၇သည့်အတွက် အချိန်ဆိုတာအင်မတန် တန်ဖိုးရှိသည်မှာမှန်ပါသည်။ ရသည့် အချိန်လေးတွင် ရှာဖွေ ဖတ်ရှု နေရပြီးမသိနားလည်သည့် စကားလုံးများတွေ့လျင် ယောင်ချာချာ ဇြစ်ရသည်မှာလည်းယနေ့အချိန်ထိပါ။ မေးစရာဆရာကလည်းကာယဗလ ဝေါဟာရ ဆိုခပ်စိမ်းစိမ်း ဖြစ်နေသည်မှာအပြစ်မဆိုသာပေ။ အဘိဓာန်တွင် ရှာမတွေ့နိုင်သည့် စကားလုံးများရှိပါသည်။ထို့ ကြောင့် ကာယဗလဗဟုသုတများကိုရှာမှီးရသည်မှာလည်းမလွယ်ကူပါ ။ ၀ါသနာတူ ဆရာလိှု့ဆိုနိုင်သည့် ကိုနိုင်ဦးကလည်းအနားမှာရှိလျင်တော့ အကောင်းသားတစ်ခါတစ်လေတွေးမိပါသည် ကိုနိုင်ဦး နှင့်သာအိမ်နီးလျင် ညဘက် အိပ်ဖြစ်မည် မထင်ပါ ။ ကျွန်တော် ကာယဗလအကြောင်းသာပြောနေမိမည်ထင်ပါသည်။

သူဧ။် ကျေးဇူးကြောင့်လည်း ကျွန်တော် အင်တာနက် နှင့် ကွန်ပျူတာသုံးတတ်ရန် သင်တန်းတက်ဖြစ်သည်။ ကာယလေကိုစတင် ပိုးဝင်ကတည်းက ဆရာဦးသာအောင်ဆီရောက်သည် ဆရာ့ ပြောစကား ၊ သင်တန်းမှ သူများပြောစကားများ ၊ နောက်ကိုယ်ထင်ရာကိုယ်တွေးပြီးကစားခြင်းများဖြင့်သာ နှစ်တော်တော်များများကုန်လွန်ခဲ့ပြီးတစ်ခုသောနေ့မှာအမ်စီစီမင်းဓမ္မ လမ်းမှာကိုနိုင်ဦးနဲ့ တွေ့ပြီး အခွေဝယ် ရင်းနှီးရာမှ မင်္ဂလာဈေးအနီးရှိကိုနိုင်ဦး ` ဆိုင်သို့ ကျွန်တော် ရောက်ရှိခဲ့ပါတယ် ။ ကိုနိုင်ဦးကလည်းဖော်ရွေစွာ ကြိုဆိုပြီးအနီးရှိအင်တာနက် ဆိုင်မှာသူဧ။် မန်မိုရီစတစ်ထဲမှ အခြေခံကစားနည်းတစ်ခုကိုပရင့်ထုတ်ပြီးရှင်းပြခဲ့ပါတယ်။ ထိုအချိန်ထိ ကျွန်တော် လေ့ကျင့်ခန်း အခေါ်ဝေါ်များကို ကိုနိုင်ဦးရှင်းပြ ၍သာခေါင်းညိမ့်နေရသည် ဘာမှတော့မသိပါ။  ကိုနိုင်ဦး က အင်တာနက်သုံးလားမေးတော့ ကျွန်တော် ခေါင်းခါပြယုံမှလွဲ၍ ဘာမှ မတတ်နိုင်ပေ။ မသုံးတတ်၍ ခေါင်းခါ ခဲ့ခြင်းသာဖြစ်သည် ။ ထိုအချိန်သည် ကျွန်တော် တက္ကသိုလ် ပင် ဒုတိယနှစ် ရောက်နေပြီ ဖြစ်သည်။ ကွန်ပျူတာသုံးတတ်ဖို့ ဆိုသာဝေး မန်မိုရီစတစ် ကိုကိုနိုင်ဦးညီကလာပေးတော့ ဒီအချောင်းလေးထဲမှာဒါတွေ ဘယ်လိုသိမ်းသလဲဆိုသည့် အတွေးမျိုး ကျွန်တော် တွေးခဲ့သည်။  ကိုနိုငဦးကလည်းအင်တာနက် မှ လေ့လာကြည့်ပါ တိုက်တွန်းခဲ့သည်။ (ကိုနိုင်ဦးမှတ်မိမယ်ထင်ပါတယ် မန်မိုရီစတစ် အကို့ညီဆိုငိကိုလာပို့ပေးရတာကို)။ ထိုအချိန်မှ စပြီးကွန်ပျူတာသင်တန်းတက်ဖြစ်သည် အခြားဆက်စပ်မိသည့် ကွန်ပျူတာဗဟုသုများလည်းရသလောက် လေ့လာပြီးအင်တာနက်သုံးတတ်ခဲ့သည်။ အင်တာနက်မှ ရသလောက် မှတ်သည် ၊ သိမ်းသည် ကြာတော့ သူငယ်ချင်းတွေက ၀ိတ်ရှုး ဟုပင် ခေါ်ကြသည့်အထိနောက်ပြောင်ခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အရှုးထခဲ့သည်  အကျိုးရလဒ်သည် ယနေ့အချိန်အခါတွင်  ကျွှန်တော်တို့တုန်းကလိုကာယဗလ နှင့် ပတ်သက်လျင် ယောင်ဝါးဝါး  နားမလည်သည့် ဘ၀မျိုးမှ လူငယ်တစ်ချို့ကိုအင်တာနက်မှ တဆင့် ပြန်လည်ပြီး အသိပညာဝေပေးနေ နိုင်သည်။ အခုလိုအင်တာနက် သုံးတတ် အောင်  တစ်နည်းပြောရလျင် ကာယဗလအကြောင်းအင်တာနက်မှာလေ့လာလို့ ရတယ်ပြောလို့ ကျွန်တော် အင်တာနက် သုံးတတ် ၊ ကွန်ပျူတာသုံးတတ်သာပါ။ နောက်မို့ဆိုသင်ဖြစ်မယ်မထင်ပါဘူး။  ကိုနိုင်ဦးရဲ့ ပြောစကားတစ်ခွန်းကြောင့် ဒီနေ့ ဒီလိုသုံးတတ် နေတာဆိုရင် မမှားပါဘူး။ ဒါကြောင့် ဒီအကြောင်းကို ကျွန်တော့် အကြောင်းဆောင်းပါးရေးတုန်းကလည်းထည့်ရေးခဲ့ပါတယ်။ ကိုနိုင်ဦးရေကျေးဇူးပါဗျာ။ နောက် ဖတ်ရှု အားပေးတဲ့ ပရိသတ်လည်းကျေးဇူးပါ ။ဒီနေ့အထိရေးနိုင်အောင် တွန်းအားပေးအားဆေးတိုက်နေတဲ့ ပရိသတ်ကြီးရဲ့ ကော့မင့် တွေကိုလည်းအသိမှတ်ပြုပါတယ်။တစ်ခါတစ်ရံမှာကော့မင့် ပြန်မရေးနိုင်တာခွင့်လွတ်ပေးပါလို့ ပြောကြားရင်းလူအချင်းချင်းလှည့်ပတ်ခြင်းမှ ကင်းဝေးနိုင်စေရန် ဆန္ဒပြုပါတယ်။

                               
 တင်ဆက်သူ---အောင်အောင်
email-----aungaung.aung24@gmail.com