arial" action="like" colorscheme="light">

Tuesday, April 15, 2014

သင်အဆီမကျရသောအကြောင်းအရင်းများ

အဆီချသူများသည်မည်မျှပင်ကြိုးစားသော်လည်းအဆီမကျရသည့်အမှားများကိုတင်ပြပေး
လိုက်ပါသည်။

1---ကာဗိုဟိုက်ဒရိတ်များများစားလွန်းခြင်း
ကျွန်တော်တို့ နိုင်ငံမှအဆီချသူအများစုသည်ကာဗိုဟိုက်ဒရိတ်ကိုအဆီတက်စေသော
အာဟာရအဖြစ်သိပ်မမြင်တတ်ကြဘဲအဆီများကိုသာအထူးအာရုံစိုက်တတ်ကြသည်။မည်မျှ
ပင်ကောင်းသောကာဗိုဟိုက်ဒရိတ်များ(အနှံများ၊အသီးများ)ပင်ဖြစ်စေကာမူုအတိုင်းအတာမသိအချိန်မသိဘဲ
ထင်သလိုစားပါကကိုယ်တွင်းအင်ဆူလင်ထကြွစေပြီးအဆီအဖြစ်သိုလှောင်စေ
နိုင်သည်ကိုသတိပြုသင့်ပါသည်။မည်သည့်ကာဗိုဟိုက်ဒရိတ်ပင်ဖြစ်စေသွေးအတွင်းတွင်ဂလူး
ကို့ စ်အဖြစ်ဖြင့်သာပျော်ဝင်ပြီး၊ခန္ဓာကိုယ်ကသွေးတွင်းဂလူးကို့ စ်(သကြားဓါတ်)ပမာဏကို
70mg မှ110mgအထိသာလက်ခံပြီးထို့ ထက်ပိုပြီးပမာဏများလာပါကသွေးတွင်းမှထိုဂလူး
ကို့ စ်များကိုဖယ်ရှားရန်အင်ဆူလင်ဟူသောဟိုမုန်းကိုထုတ်လွှတ်ပြီးသွေးတွင်းမှပိုလျံနေသော
ဂလူးကို့ စ်များကိုအသည်းနှင့်ကြွက်သားမျှင်များတွင်ဂလိုက်ကိုဂျင်အဖြစ်သိုလှောင်စေသည်။
အကယ်၍ထိုသိုလှောင်ရာနေရာများပြည့်သွားပါကလာသမျှသောဂလူးကို့ စ်များကိုအဆီဆဲလ်
များအတွင်းတွင်သိုလှောင်တော့သည်။ဤအတွက်ကြောင့်ကာဗိုဟိုက်ဒရိတ်များကိုအဆီချချိန်
တွင်လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်ပြုလုပ်သူများမှအပကျန်သူများသည်နေ့ စဉ်များများမစား
သင့်ပါ။

2---ကာဗိုဟိုက်ဒရိတ်စားချိန်လွဲမှားခြင်း
ကယ်လိုရီပုံမှန်စားသော်လည်းကိုယ်တွင်းအဆီပမာဏ 20%ကျော်နေပြီဆိုပါကဖြစ်နိုင်သည်
မှာထိုသူသည်ကာဗိုဟိုက်ဒရိတ်များကိုစားသောက်ချိန်လွဲမှားနေခြင်းဖြစ်သည်။ကောင်းသော
ကာဗိုဟိုက်ဒရိတ်များကိုပုံမှန်စားသင့်သည့်ပမာဏသာစားသော်လည်းအဆီမကျသည့်အပြင်
တက်လာခြင်းမှာကာဗိုဟိုက်ဒရိတ်များကိုစားချိန်မမှန်ခြင်း၊အများအားဖြင့်ညပိုင်းတွင်များများ
စားခြင်းဖြစ်သည်။ကာယဗလလေ့ကျင့်ခန်းများကိုညနေပိုင်းတွင်ပြုလုပ်သူမဟုတ်ပါကညအ
ချိန်တွင်ကာဗိုဟိုက်ဒရိတ်ကိုနည်းနိုင်သမျှနည်းအောင်စားသင့်ပါသည်။လေ့ကျင့်ခန်းကိုညပိုင်း
ပြုလုပ်သူများအနေနှင့်တော့လေ့ကျင့်ခန်းပြုလုပ်ပြီးညပိုင်းတွင်ကာဗိုဟိုက်ဒရိတ်ကိုအဆီချ
သောလူသာမန်များထက်ပို၍စားနိုင်ပါသည်။အဘယ်ကြောင့်ဆိုသောလေ့ကျင့်ခန်းများပြုလုပ်
ချိန်တွင်လောင်ကျွမ်းကုန်ဆုံးသွားသောကြွက်သားဂလိုက်ကိုဂျင်များသည်လေ့ကျင့်ခန်းပြုလုပ်
ပြီးပြီးချင်းကာဗိုဟိုက်ဒရိတ်များပြန်လည်စားသုံးပါမှပြန်ပြည့်နိုင်မည်ဖြစ်ပြီး၊ထိုအချိန်တွင်ကာဗို
ဟိုက်ဒရိတ်စားခြင်းကြောင့်အဆီတက်မည်ကိုမစိုးရိမ်ရပါ။နောက်တစ်ချက်မှတ်သားထားရမည်
ကညအိပ်ကာနီးကိုယ်တွင်းတွင်ဂလူးကို့ စ်များလွန်းခြင်းနည်းလွန်းခြင်းဖြစ်နေပါကအိပ်စက်ပြီး
မိနစ်-30မှမိနစ်90အတွင်းသဘာဝအတိုင်းထွက်ရှိသောကြီးထွားဟိုမုန်းသည်ထွက်ရှိတော့မည်
မဟုတ်ပါ။ထိုကြီးထွားဟိုမုန်း(Growth Hormone)သည်ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုမြန်စေသော
ကြွက်သားထုတက်စေရေးကိုအကျိုးအလွန်ပြုပြီးအဆီကျစေရန်များစွာအထောက်အကူပြု
သောဟိုမုန်းဖြစ်သည်။ထို့ ကြောင့်ကာဗိုဟိုက်ဒရိတ်ကို့်ပမာဏမည်မျှစားသည်ကအရေး
ကြီးသလိုမည်သည့်အချိန်စားသည်ကလည်းအဆီချရာတွင်အလေးထားဂရုပြုရမည့်အချက်ဖြစ်သည်။

3---အဆီများများစားလွန်းခြင်း
အဆီချသူများအတွက်အခြေခံအရေးပါသောအချက်တစ်ခုမှာကယ်လိုရီဖြစ်သည်။နေ့ စဉ်ကိုယ်
တွင်းဇီဝဖြစ်စဉ်အတွက်လိုအပ်သောကယ်လိုရီပမာဏ(Basal Metabolism –BM)အတွက်လို
အပ်သောကယ်လိုရီပမာဏထက်အနည်းငယ်ပိုစားမိပါကလည်းအဆီအလွယ်တကူတက်နိုင်
သည်ကိုဂရုပြုပါ။ကာဗိုဟိုက်ဒရိတ်၊ပရိုတိန်းစသောအာဟာရများကိုလျော့စားသော်လည်းအဆီ
ပါဝင်သောအစားအစာများ(ဥပမာ-ပီဇာ၊ပြည့်ဝဆီများ)စသည်တို့ ကိုလုံးဝရှောင်သော်လည်း
ကျန်းမာစေသောအဆီများဖြစ်သည့်သံလွင်ဆီ၊ကြက်ဥအနှစ်၊ဆော်လမွန်ငါးစသည်တို့ ကိုပို၍
ကျန်းမာလိုသောကြောင့်ဖြစ်စေ၊စားကောင်းသောကြောင့်ဖြစ်စေသတိလက်လွတ်မဆင်မခြင်
မစားသင့်ပါ။အဘယ်ကြောင့်ဆိုသော်လည်းကောင်းတို့ သည်ကယ်လိုရီပါဝင်မှုသိပ်သည်းပြီး
သာမန်ပရိုတိန်း၊ကာဗိုဟိုက်ဒရိတ်များသည်တစ်ဂရမ်လျင်လေးကယ်လိုရီသာရှိပြီးလည်း
ကောင်းအဆီများသည်ကားတစ်ဂရမ်လျင်ကိုးကယ်လိုရီရှိသည်ကိုမမေ့သင့်ပါ။

4---ပရိုတိန်းလုံလုံလောက်လောက်မစားခြင်း
ကျွန်တော့်အတွေ့ အကြုံအရဤအမှားသည်အမျိုးသမီးများအများဆုံးမှားတတ်ကြသည်။အ
ရှေ့ တိုင်းသူများအထူးသဖြင့်မြန်မာအမျိုးသမီးများသည်အသားဓါတ်(ပရိုတိန်း)ကိုလိုအပ်သည်
လောက်ကိုပြည့်ဝအောင်မစားကြဘဲလည်းကောင်းတို့ ၏အာဟာရကိုကြည့်လျင်ကျန်းမာရေး
ဆိုသည်ထက်စိတ်အလိုလိုက်ကာအရသာကိုဦးစားပေးထားကြောင်းကိုတွေ့ ရသည်။ထို့ 
ကြောင့်အဆီချလိုသောအမျိုးသမီးတစ်ယောက်သည်မိမိကိုယ်အလေးချိန်တစ်ပေါင်ကိုပရိုတိန်း
တစ်ဂရမ်နှုန်းစားသင့်ပါကြောင်း။သို့ မှသာအလွယ်တကူသွယ်လျကျစ်လစ်စေပြီးစားသမျှအနပ်
တိုင်းတွင်ကာဗိုဟိုက်ဒရိတ်နှင့်အတူပရိုတိန်းကိုတွဲဖက်စားသင့်ပါသည်။အဘယ်ကြောင့်ဆို
သော်ကာဗိုဟိုက်ဒရိတ်သည်အင်ဆူလင်ဟိုမုန်းကိုထွက်စေပြီး၊အဆီချလိုသူများအတွက်တော့
ထိုဟိုမုန်းသည်အသွားနှစ်ဖက်ရှိသောဓါးပမာဖြစ်သည်။စနစ်တကျမသုံးတတ်ပါကမလွယ်ပေ။
သို့ သော်ထိုဟိုမုန်း၏အစွမ်းကိုထိန်းချုပ်ရန်အနပ်တိုင်းတွင်ပရိုတိန်းကိုကာဗိုဟိုက်ဒရိတ်နှင့်တွဲ
စားပါက၊ပရိုတိန်းသည်ကိုယ်တွင်းမှဂလူကာဂွန်ဟိုမုန်းကိုထွက်စေမည်ဖြစ်သည်။ထိုဂလူကာ
ဂွန်သည်အင်ဆူလင်ကြွမှုကိုထိန်းချုပ်ပေးမည်ဖြစ်သည်။ထို့ ကြောင့်သွယ်လျကျစ်လစ်လိုသူ
များသည်ပရိုတိန်းလုံလုံလောက်လောက်စားပါ။

5---ပရိုတိန်းရှိတ်များများသောက်လွန်းခြင်း
ပိရိုတိန်းရှိတ်များသောက်ခြင်းသည်အဆီကျသွယ်လျကျစ်လစ်လိုသူများအတွက်ပြသနာနှစ်ခုရှိ
သည်။ပထမတစ်ခုကတော့ whey protein သည်ကိုယ်တွင်းအင်ဆူလင်ပမာဏကိုကြွစေ
သည်။အကယ်၍သင့်ကိုယ်တွင်းတွင်အင်ဆူလင်သည်နိုင်းမြစ်ကဲ့သို့ မစီးဆင်းစေလိုပါကပရို
တိန်းရှိတ်များကိုလေ့ကျင့်ခန်းမပြုလုပ်မှီနှင့်ပြုလုပ်ပြီးချိန်မှအပကျန်အချိန်များတွင်လုံးဝအသုံး
မပြုပါနှင့်။အဆီချလိုသူများအတွက်ပရိုတိန်းရှိတ်များ၏ဒုတိယပြသနာကတော့လည်းကောင်းတို့ ကိုခန္ဓာကိုယ်
ကလျင်မြန်စွာစုပ်ယူနိုင်သောကြောင့်လည်းကောင်းတို့ ကိုသင့်ခန္ဓာကိုယ်က
စုပ်ယူချိန်တွင်အားစိုက်စရာမလိုသောကြောင့်ကယ်လိုရီလောင်ကျွမ်းမှုသိပ်မများပေ။အကယ်၍ထိုပရိုတိန်း
ရှိတ်နေရာတွင်အဆီမပါအသားနှင့်ပန်းဂေါ်ဖီရောစားပါကခန္ဓာကိုယ်ကလည်း
ကောင်းတို့ ကိုချေဖျက်ချိန်တွင်ထိုဖြစ်စဉ်ကြောင့်ကိုယ်အပူချိန်တက်လာပြီးကယ်လိုရီအချို့ 
လောင်ကျွမ်းခြင်း( Thermic effect )ကိုဖြစ်စေသည်။အဆီတစ်ကယ်ကျလိုသူများသည်ကယ်
လိုရီများကိုတတ်နိုင်သလောက်များများလောင်ကျွမ်းစေရမည်မဟုတ်ပါလား။


6---အသည်းကိုဖိအားပေးလွန်းခြင်း
ဒီအချက်ကတော့လူတွေလုံးဝထည့်မတွက်မိကြတဲ့အချက်တစ်ချက်ပါ။သင့်ခန္ဓာကိုယ်အပေါ်
သို့ သက်ရောက်မှုများ(ဥပမာ-စားသမျှအစားများ၊အရက်၊ဘီယာ၊ဆေးလိပ်နှင့်လေထုညစ်ညမ်း
ခြင်း)သည်သင့်အသည်းကိုဒဏ်ပိစေသည်။အကယ်၍ထိုအမှားများကိုကျူးလွန်နေမိပါကယခုမှ
စ၍အထက်ပါသက်ရောက်မှုများနှင့်အစာအငတ်ခံခြင်းစသောအသည်းသို့ သက်ရောက်သော
ဖိအားများကိုလျော့ချကြည့်လိုက်ပါ။ရလာဒ်ကိုသင်အံ့သြစွာမြင်တွေ့ ရမည်ဖြစ်သည်။

7---အသီးများများစားလွန်းခြင်း
ဒီအချက်ဖတ်တာနဲ့ကိုနိုင်ဦးကြောင်သွားပြီလားဟုမေးချင်ကြမည်ကိုကျွန်တော်သိပါသည်။တစ်လွဲမတွေးကြ
ပါနှင့်ဦး။အသီးများကိုကျွန်တော်လည်းကြိုက်ပါသည်။ကျန်းမာရေးအတွက်လည်း
အသီးများကအထူးကောင်းပါသည်။သို့ သော်မည်သို့ သောအသီးနည်း။ကျွန်တော်ပြောသည်
မှာ၊ပန်းသီး၊လိမ္မော်သီး၊ထောပါတ်သီး(ကယ်လိုရီများသည်အထူးသတိထားပါ)စသောအသီး
များကိုမဆိုလိုပါ။အမျိုးသမီးများအထူးသဖြင့်အဆီချလိုသူများသည်ပါးစပ်အလိုသိပ်လိုက်တတ်
ကြသည်။လည်ကောင်းတို့သည်အထက်ပါအသီးများ၊ဌက်ပျောသီးစသောအသီများထက်၊သ
ကြားဓါတ်(fructose)ပါဝင်မှုများသောစပျစ်သီးများ၊ဘယ်ရီသီးများကိုပို၍စားကြသည်။ထိုစား
သမျှသော fructose များကိုကြွက်သားနှင့်အသည်းဂလိုက်ကိုဂျင်သိုလှောင်ရာများတွင်သို
လှောင်ရန်နေရာမရှိတော့ပါကလည်းကောင်းတို့ သည်triglycerides ဖြစ်ပြီးအဆီအဖြစ်သို
လှောင်တော့သည်။ထိုကြောင့်အသီးစားမည်ဆိုလျင်အနည်းငယ်စဉ်းစားကြပါဦး။

8----လေ့ကျင့်မှုနည်းစနစ်မမှန်ခြင်း
ဒီအမှားကတော့အဆီချလိုသူလေ့ကျင့်ခန်းပြုလုပ်သူတိုင်းမှားနေကြသည့်အမှားဖြစ်သည်။အဆီချလိုသည်
ဟုဆိုသည်နှင့်တစ်ပြိုင်နက်တစ်ကျော့နှင့်တစ်ကျော့ကြားနားချိန်ကိုသုံးမိနစ်
လောက်မှစက္ကန့် သုံးဆယ်လောက်အထိရုတ်တရက်ကြီးလျော့ချလိုက်ကြသည်။ထိုသို့ ပြုလုပ်
ခြင်းသည်လုံးဝအကျိုးပြုမည်မဟုတ်ပါ။ထိုနည်းစနစ်သည်ကြွက်သားပေါ်လွင်လို၍အလေးပေါ့
ပေါ့အကြိမ်များများပြုလုပ်ခြင်းကဲ့သို့ ပင်အကျိုးထူးမည်မဟုတ်သောနည်းစနစ်ဖြစ်သည်။အဆီ
ချလိုသူများမှတ်သားထားရမည်မှာကယ်လိုရီလျော့ချနေချိန်တွင်အဓိကရည်ရွယ်ချက်မှာအဆီ
များသာလောင်ကျွမ်းပြီးကြွက်သားထုထည်ကိုထိန်းထားရေးသည်အဓိကဖြစ်သည်။ထို့ ကြောင့်
ထိုအချိန်တွင်လေ့ကျင့်ခန်းများကိုအလေးနိုင်သလောက်များများနှင့်တတ်နိုင်သလောက်ပြင်း
ပြင်းထန်ထန်လေ့ကျင့်ပြီးကြွက်သားထုထည်ရော၊ခွန်အားကိုပါထိန်းထားရမည်ဖြစ်သည်။သို့ မှ
သာအဆီချရာတွင်အထောက်အကူပြုမည်ဖြစ်သည်။ထိုအချက်ကိုမယုံလျင်အဆီချနေသော
အမျိုးသမီးအများစုကိုကြည့်ပါ။လည်းကောင်းတို့ သည်တစ်ကိုယ်လုံးလေ့ကျင့်နည်း circuit
Training  ဖြင့်သာလေ့ကျင့်ကြသောကြောင့်အဆီမကျခြင်းဖြစ်သည်။ထိုပါတ်လည်လေ့ကျင့်
မှုသဘောတရားCircuit Training သည်အ၀လွန်သူများအတွက်သာအကျိုးပြုပြီးကျန်သူများ
အတွက်ကားအချီးအနှီးပင်ဖြစ်သည်။
9---အိပ်ရေး၀၀မအိပ်ခြင်း
အိပ်ရေးမ၀ပါကကိုယ်တွင်းမှအင်ဆူလင်နိုးကြားစွာလက်ခံနိုင်မှုလျော့ကျသွားပြီး၊ကော်တီ
ဆော်လ်ပမာဏမြင့်တက်လာမည်ဖြစ်သည်။ထိုအချက်နှစ်ချက်လုံးကအဆီကျရေးကိုအဟန့် 
အတားပြုမည့်အချက်များဖြစ်သည်။ထို့ အပြင်အိပ်ရေး၀၀မအိပ်ပါကအဆီကျပြီး၊ကြွက်သားထု
တက်စေနိုင်သောကြီးထွားဟိုမုန်း Growth hormone ထွက်ရှိမှုလျော့ကျသွားမည်ဖြစ်သည်။
ထို့ ကြောင့်အိပ်ရေး၀၀အိပ်ခြင်းသည်အရာရာကိုတိုးတက်စေသောကြောင့်ဤအချက်ကိုနံပါတ်
တစ်ဦးစားပေးထားပါ။


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com






No comments:

Post a Comment