arial" action="like" colorscheme="light">

Wednesday, July 31, 2013

မောင်ဒဏ္ကရီ


၁၉၆၀ ပြည့်လွန် နှစ်များဆီက ကမ္ဘာ့ ကာယ ဗလလောကမှာ မောင် ဒဏ္ကရီ လူသားရယ် လို့ တင်စားခေါ်ဝေါ် ရ လောက်သည့်  မြင်ရသူ ရင်ထဲမှာ အံ့သြသွားလောက် ရအောင် ခန္ဓာကိုယ် အချိုးအစား အင်မတန် ပြေပျစ် လှပပြီး ခေါမ ကျောက်ဆစ် ရုပ်တစ်ခု ထုဆစ် ထားသည့် အလား လှပကြံ့ခိုင် သည့် လူသားတစ်ဦး ပေါ်ထွက်ခဲ့သည်။ ကျူးဘားနိုင်ငံဖွား လူမည်း ကာယဗလ တစ်ဦး အဖြစ်လည်း ကမ္ဘာ့ ကာယဗလ လောကမှာ ထင်ရှားခဲ့သူ တစ်ဦးဖြစ်သည့် ၁၉၆၇ မှ ၁၉၆၉ ခုနှစ်အထိ  မောင်အိုလံပီယာ ဆုတံဆိပ်ကို ပထမဦးဆုံး (၃)နှစ် ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သော မောင်တစ်ဦးဆာဂျီယို အိုလီဗာသည် ၂၀၁၂ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က ကျောက်ကပ် အကြိတ်တည် ရောဂါဖြင့် အသက်(၇၁)နှစ် အရွယ်မှာ ကွယ်လွန် ခဲ့ပါပြီ။ ဆာဂျီယို ဟာ ၁၉၆၀ ပြည့်လွန် နှစ်များဆီက ကမ္ဘာ့ ကာယဗလ လောကမှာ  ပြိုင်ဘက် အချင်းချင်း အများဆုံး ဂရုစိုက် စောင့်ကြည့်ခြင်း ခံရတဲ့ မောင်တစ်ဦးပါ။ တစ်ချို့ ဆိုရင် ဆာဂျီယို ပြိုင်တဲ့ ပွဲကို ရှောင်ပြေး ကြပါတယ်။ ပထမဆုကို မရမှာ စိုးလို့ ဘေးရှောင်တဲ့ သဘောပေါ့။ ဆာဂျီယိုဟာ ကာယဗလ အားကစား သမားတစ်ဦး မဖြစ်ခင်က အလေးမ ချန်ပီယံ ဆုတွေလည်း ရရှိခဲ့ဖူး ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ကမ္ဘာ့ အလေးမ ပြိုင်ပွဲမှာ ဒုတိယ ဆု လည်း ရရှိခဲ့သည်
ကျူးဘားနိုင်ငံ သမ္မတ ကက်စထရိုဧ။် ကွန်မြူနစ် ၀ါဒကို မကြိုက်သဖြင့် အမေရိကန် နိုင်ငံသို့ နိုင်ငံရေး ခိုလှုံခွင့်ဖြင့်  ၁၉၆၃ ခုနှစ်တွင် ပြောင်းရွှေ့ ခဲ့ပြီး ချီကာကို မြို့တွင် အခြေချ နေထိုင်ကာ ကာယဗလ အားကစား အတွက် လေ့ကျင့်ခန်း များကို တစိုက် မတ်မတ် လေ့ကျင့်ပြီး   အပျော်တမ်း ကာယဗလ ပြိုင်ပွဲ များသာမက ဆုကြေးစား ပြိုင်ပွဲများတွင် ပါ အောင်မြင်မှု များစွာ ရရှိကာ မောင်ကမ္ဘာ ၊ မောင်စကြ၀ဠာ ၊ မောင်အိုလံပတ်စ် အစရှိသည့် အဆင်မြင့် ကာယဗလ ဆုတံဆိပ်များ ရရှိပြီး ၁၉၆၇ ခုနှစ်မှာ တော့ သူဘ၀ အတွက် အလိုချင်ဆုံးဖြစ်သည့် ကမ္ဘာ့ ကာယဗလ လောကရဲ့ ဘုရင် ဘွဲ့ကို ဆိုနိုင်လောက် တဲ့ မောင်အိုလံပီယာ ဆုကို ဒိုင် အားလုံးရဲ့ အမှတ်အပြတ် အသတ်နဲ့ ပထမဆု ကို ထိုက်ထိုက် တန်တန် ရရှိခဲ့ပြီး ၁၉၆၉ ခုနှစ်အထိ ထိပ်ဆုံးမှာ ရပ်တည်နိုင် ခဲ့တယ်။ အသက်အရွယ် ရလာသည့်တိုင် ၁၉၈၀ ပြည့်လွန် နှစ်များအထိ လူငယ်တွေကြားမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး သူနှင့် ခေတ်ပြိုင်လို့ ပြောရလောက် တဲ့ အသက်(၆) နှစ်ခန့် ငယ်ပေ မယ့် အဲဒီအချိန်အခါက သြစတြေး လျ ၀က်သစ်ချပင် လို့ ခေါ်ဝေါ်ကြတဲ့  လူငယ် ကာယဗလ သမား အာနိုး က အခု အခါ မှာတော့ ဆာဂျီယို ကွယ်လွန် သွားတဲ့အပေါ်  Twitter မှာ အမှတ်တရ ပြောကြားထား တာကတော့

“ကျွန်တော်ဟာ လူငယ်ကာယဗလ မောင်တွေ ကြားမှာ အဲဒီအချိန် အခါက ကိုယ့်ကိုကိုယ် အကောင်ဆုံး လို့ ထင်ထားမိတာ အလွန်ကို မှားခဲ့ပါတယ်။ သူများပြော စကားတွေနဲ့ ဆာဂျီယိုကို မမြင်ခင် ကတည်းက ကျွန်တော် စိတ်ဝင် စားခဲ့တာပါ။ ဘာလို့လဲဆိုတော့ အဲဒီအချိန်က ကျွန်တော်အ တွက် ပြိုင်ဘက်ကောင်း ဆိုလို့ သူ့တစ်ယောက် ကိုပဲ အနိုင်ယူဖို့ ကျန်တော့လို့ပါ။ အဲဒီအ တွက်ကြောင့်လည်း ၁၉၆၉ ခုနှစ်မှာ ကျွန်တော် ပထမဦးဆုံး မောင်အိုလံ ပီယာ ပြိုင်ပွဲကို ၀င်နွဲခဲ့တယ်။ တကယ် စင်မြင်ပေါ်ေ၇ာက် မှ ပထမဦးဆုံး အကြိမ် ဆာဂျီယို ကို မြင်လိုက် ရတော့ အသက်ရှု မှားလောက်အောင် ဖြစ်ခဲ့ရပါတယ်။ ဘယ်လိုမှ ကျွန်တော် မယှဉ်နိုင်တဲ့ မောင် တစ်ယောက်နဲ့ ထိပ်တိုက် တိုးခဲ့ရတဲ့ ညတစ်ညပါ။ မောင်ဒဏ္ကရီ လူသားရယ်လို့ ဒါကြောင့် ခေါ်ကြတယ် ဆိုတာ ကျွန်တော် ယုံလိုက် ပါတယ်။ ကျွန်တော် ဒုတိယ တော့ ရခဲ့ပါတယ်။ နောက်နှစ်မှာ ကျွန်တော် သူ့ကို အနိုင်ယူ ချင်တဲ့ စိတ်နဲ့ အမေရီကန် နိုငငံမှာ တစ်နှစ် ဆက်နေပြီး အပြင်း အထန် ကြိုးစားကာ ၁၉၇၀ မောင် အိုလံပီယာ စင်မြင့် ထက်မှာ သူ့ကို အနိုင်ယူ ခဲ့ပါတယ် ဒါပေမယ့် တစ်ကယ့်ကို အကြိတ်အနယ် ပွတ်ကာ သီကာ နဲ့ အနိုင်ယူနိုင်ခဲ့ တာပါ။.တကယ်ကောင်း တဲ့ မောင်အိုလံပီယာ တစ်ယောက် ဖြစ်သလို သူငယ်ချင်း အစ်ကိုကောင်း တစ်ယောက် ဆိုရင်လည်း မမှားပါဘူး။ ယနေ့ အချိန်ထိ အမှတ် ရရှိနေကြတဲ့ ဂန္တ၀င်မောင်တွေ ထဲမှာ တစ်ယောက် အပါအ၀င်ပါ။ ကျွှန်တော် လေးစားအား ကျခဲ့ရတဲ့ မောင်တွေ ထဲမှာလည်း တစ်ဦး အပါအ၀င်ပါ။”
သူကွယ်လွန် သွားတဲ့ အပေါ် တစ်ကမ္ဘာ လုံးက ကာယဗလ ၀ါသနာအိုးတွေ က ဆုတောင်း သံတွေ အမှတ်တရ စကားသံတွေ ပေးကြတဲ့ အထဲမှာ ချန်ပီယံ တို့ရဲ့ ဖခင်ကြီး  သက်တော်ရှည် ဂျိုးဝီဒါကပြော ကြားထားတာက ‘’ တစ်နေ့ ကျွှန်တော်နဲ့ ဆာဂျီယို တို့ ချီကာဂိုမြို့မှာ တွေ့ခဲ့ကြပြီး သူ့ကို ကျွန်တော် နဲ့ အတူ စားသောက် ရအောင်ဆိုပြီး ဖိတ်လိုက်တယ် ။ စားသောက်ဆိုင် ကလည်း အရမ်းခေတ် ဆန်တယ်ဗျာ ။ အဲဒီဆိုင်မှာ စားရင် ရှပ်အင်္ကျီတို့ နက်ကတိုင် တို့နဲ့ သပ်သပ် ရပ်ရပ် လာစားမှ ခွင့်ပြုတဲ့ ဆိုင်ဗျ။ ဖြစ်ချင်တော့ ဆာဂျီယိုကလည်း ပြိုင်ပွဲက ဆုယူပြီး အပြန် ၀တ်စားလာ တာကလည်း ကပိုကရို သူရလာတဲ့  ကာယဗလ ဆုတံဆိပ်ကြီး လည်ပင်းမှာ ဆွဲလို့။ ကျွန်တော် ကတော့ ဆိုင်ထဲက မောင်းထုတ် ခံရပြီမှတ်တာ။ ဒါပေမယ့် သူ့ကို မောင်းထုတ် ဖို့နေနေသာသာ တစ်ဆိုင်လုံး က ငေးကြည့်ရလောက်အောင် အင်မတန် လက်ဖျား ခါလောက်တဲ့ ဘုရားပေး တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင် ထားခဲ့သူ အဲဒီ အချိန်က ဆာဂျီယို ဟာ ကမ္ဘာ့ အကောင်း ဆုံးတွေထဲက အကောင်းဆုံး မောင်တစ်ယောက်ပါ “ လို့ အမှတ်တရ ပြော ကြားထား ခဲ့ပါတယ်။
ဆာဂျီယို ကွယ်လွန်မှု ဟာ ကျောက်ကပ် ပျက်စီးမှုနဲ့ ကွယ်လွန် တယ်လို့လည်း တစ်ချို့က ပြောကြ ပါတယ်။ ဘယ်လိုနည်းနဲ့ပဲ သေသေ တစ်နေ့ တော့ ဒီလမ်းကို သွားကြရမှာ ကျွန်တော် တို့လည်း ကောင်းသော သွားခြင်းနဲ့သာ သွားပြီး ဆာဂျီယို ကဲ့သို့ အများရင်ထဲမှာ စွဲကျန်ရ လောက် မဲ့ လူသေသော်လည်း နာမည် မသေနိုင်တဲ့ လူ ထဲက လူကောင်း တစ်ယောက်ဖြစ်ဖို့ ကြိုးစားလို့ ရ သလောက်ကြိုးစားကြပါစို့။
တင်ဆက်သူ----အောင်အောင်(လှိုင်)
email----aungaung.aung24@gmail.com
www.myanmarfitness.com




Sunday, July 28, 2013

နည်းပြကောင်းဆိုတာ

ကျွန်တော် ဒီဆောင်းပါးကို ရေးရတဲ့ ရည်ရွယ်ချက်က နည်းပြတွေကို စော်ကားမော် ကားပြောချင်တဲ့ ရည်ရွယ် ချက်နဲ့ ရေးသားတာ မဟုတ်ပါဘူး။ ဒီနေ့ ဂျင်မ် အများစုမှာ လုပ်နေကြတဲ့ နည်းပြ အများစုမှာ ကာယဗလ  ၊ ကာယအလှ နဲ့ပတ်သက်ပြီး ဗဟုသုတ အပိုင်း ၊ပညာရပ် အပိုင်း ၊ အတွေးအခေါ် အပိုင်း များ အားနည်း သာတွေ့ရပါတယ်။ အထူးသဖြင့် နည်းပြ လုပ်နေသူ တစ်ယောက်ဟာ ကာယဗလ ပညာရပ်ဆိုင်ရာ အခေါ် အဝေါ်များ ၊ လေ့ကျင့်ခန်း အမည်နာမများ၊ ၊ ကြွက်သားတစ်ခု ချင်းစီ အခေါ် အဝေါ်များ၊ ဘယ်လေ့ကျင့်ခန်း သည် မည်သည့် ကြွက်သားကို အဓိက ထိရောက်သည် ၊ သွယ်ဝိုက် ထိရောက်သည်၊ ထုတင်ရသည့် လေ့ကျင့်ခန်း ၊ မာဆယ်ခွဲ သီးသန့် လေ့ကျင့်ခန်း စသည်များကို အခြေခံ အားဖြင့် နားလည် ထားသင့်သလို ၊ အာဟာရ အပိုင်းနှင့် ပတ်သက်လျင်လည်း အာဟာရ (၆)မျိုး ကို နားလည် ပိုင်နိုင် ထားသင့်သည်။ တစ်ဂရမ်လျင် ကယ်လိုရီ ဘယ်လောက်ရှိသည်။ တစ်ရာဂရမ်သည် အလေးချိန် ဘယ်လောက်နှင့်ညီမျှသည်။ ထိုမျှမက သင်တန်းသားဧ။် အခြေအနေပေါ် မူတည်ပြီး သင့်တော်သည့် ပရိုဂရမ်များ ရေးဆွဲနိုင်ရမည် ဟုထင်မြင်မိပါသည်။
သို့သော်လည်း ယနေ့ နယ်ဘက်ရှိ ဂျင်မ် များကို မဆိုထားနှင့် ရန်ကုန်မြို့ပေါ်ရှိ ဂျမ် အများစုမှ နည်းပြ အချို့သည် ကျွန်တော် အမြင်တွင် ကာယဗလ နည်းပညာ ဆိုင်ရာ ဗဟုသုတ နည်းပါးသည်ကို တွေ့ရှိရသည်။ ကယ်လိုရီ အကြောင်း ၊ ပရိုဂရမ် ဆွဲတတ်ဖို့ဝေးစွ  လက်မောင်း ကြွက်သား အခေါ်အဝေါ် ၊ ရင်အုပ် ကြွက်သား အခေါ် အဝေါ်များပင် မသိသည့် နည်းပြ အချို့ကို ၀မ်းနည်းဖွယ်တွေ့ မြင်နေရသည်။ ထိုသူတို့သည် သူတို့ဧ။် အားနည်းချက် များကို အဘယ်ကြောင့် မပြုပြင်ကြ သနည်း။ ရှင်းပါသည် ကျွန်တော် သူတို့ကို မသိ ချင်ယောင်ဆောင်ပြီး မေးခွန်း အချို့ မေး ဖူးပါသည်။ အဘယ်ကြောင့် နည်းပြ လုပ်ပြီး ဒီလို အခေါ် အဝေါ်တွေ မလေ့လာ ရသလဲဆိုသည်ကို မေးကြည့်တော့ ဒါတွေ သိဖို့ မလိုပါဘူး။ လာကစားတဲ့ မင်ဘာ ကစားချင် သလို ကစား သူတို့ကစားရင် နောက်က လိုက်ပေးလိုက် ရင်ပြီးတာပဲ။ ကျွန်တော်တို့ ဂျင်မ် ပိုင်ရှင် ကလည်း ဒီရည်ရွယ်ချက်နဲ့ပဲ ကျွန်တော်တို့ကို ခန့်ထား တာပဲ။ သူတို့ဆီမှာ အလုပ်လုပ်ရင် ပြိုင်ပွဲ ၀င်ခွင့် မပေးဘူး အဲဒီတော့ ကစားလည်း ဘာထူးမှာလဲ။ မင်ဘာတွေကိုလည်း သူတို့ ထုတ်ထားတဲ့ ပရိုဂရမ် အတိုင်းပဲ  မင်ဘာတွေကို ကစားခိုင်းတယ်။ ပရိုဂရမ် တစ်ခု က ဂျင်မ် စထောင် ကတည်းက အခုထိ မပြောင်းလဲဘူး ဘယ်သူ လာလာ ၊ လူသစ်ပဲ ကစားမလား ၊ လူဟောင်းပဲ ကစားမလား ဒီပရီုဂရမ် အတိုင်း အေးဆေးပဲ။ ဘာမှ လေ့လာ စရာ မလိုဘူးတဲ့။ သူ့ အဖြေကို နားထောင်ပြီး ကျွန်တော် တော်တော်လေး စိတ်ပျက်မိသည် ။

ဒီလိုမျိုး ဂျင်မ် ပိုင်ရှင်တွေ ၊ နည်းပြ ပေါက်စ ငပိန် သာသာလေးတွေ ဆီမှာ မိမိတို့ဧ။် အချိန်နှင့်ငွေကို အကုန်ကျခံပြီး ဇွဲ ရှိစွာဖြင့် လာရောက်လေ့ ကျင့်သူ အများစုသည်  မိမိလိုချင်သည် အနေအထား မရောက်ခင် ဇွဲလျော့ပြီး လာလမ်း ပြန်လှည့်ခဲ့ရသူများ လည်းရှိသလို အဆိုပါ နည်းပြများနှင့် အတူ ဟေလားဝါးလား အချိန်ကုန်ခံ ချွေး ထွက်ပြီးရော ဆိုသည့် သူများလည်း ရှီသည်။ ထိုလို သူများများရှိလေ ဂျင်မ် ပိုင်ရှင်တွေ အတွက် ငွေပုံပေါ် ထိုင်ရလေ ဇြစ်မည် ထင်မိပါသည်။  ကျွန်တော် နည်းပြ အားလုံးကိုတော့ ခြုံပြီး ပြောခြင်း မဟုတ်ပါ။ သို့သော်လည်း ဂျင်မ်တိုင်းတွင် တွေ့ရတတ်သော ပြဿနာ အချို့ကို တင်ပြရခြင်း ဖြစ်ပါသည်။ ထို့သို့ လေ့လာမှု အားနည်းခြင်းသည် မိမိ တစ်ဦင်္း တစ်ယောက် ထဲတွင်သာ အကျိုးယုတ်သည် မဟုတ် ကာယဗလ လောက တစ်ခု လုံးဖွံ့ဖြိုး တိုးတက်မှု အတွက် များစွာ အနှောင့် အယှက်ပေးမိသည်ဟု ထင်မြင်မိပါသည်။
ကျွှန်တော် အမြင်ပြော ရလျင် ကာယဗလ ပြိုင်ပွဲ ၀င်ချင်သည် ၀ါသနာရှင် တစ်ယောက်ဧ။် ပြောစကားလေးကို ကိုးကား၍ ပြောချင် ပါသည်။ ထိုသူကလေးသည် ကာယဗလ အားကစားးကို ၀ါသနာပါ၍ ဇွဲ နပဲ ကြီးစွာဖြင့်လေ့ ကျင့်ကြောင်း သူဧ။် နည်းပြ ဖြစ်သူကလည်း နေ့တိုင်း သူ့ကို လေ့ကျင့်စေကြောင်း တစ်ပတ်ကို (၆)ရက် ရက်ဆက် လေ့ကျင့်ခိုင်းပြီး များများကစား များများစား ခိုင်းကြောင်း ၊ တစ်နေ့လာလည်း ဒီလေ့ကျင့်ခန်း ၊ နောက်နေ့လည်း ဒီလေ့ကျင့်ခန်း များပင် ဇြစ်ကြောင်း ကြာလာတော့ လူလည်း ကြွက်သား မတက်လာပဲ ကျစ်လစ်ပြီး အမြှောင်းမြှောင်း တွေဖြင့် သူ့ကို မာဆယ်မန်း ဟု လှောင်ပြောင် ကြကြောင်း ၊ထိုနည်းပြ လုပ်သူထံမှာပင် ကိုယ်ဟန်ပြဖို့ အတွက် လေ့ကျင့်ပေး ပါရန် အကူ အညီတောင်းတော့ ကိုယ်ဟန်ပြတော့ သူ မကျွှမ်းကျင်ကြောင်း သူ့ သူငယ်ချင်း ပြိုင်ပွဲဝင် ဖူးသူများထံတွင် လေ့ကျင့် ကြည့်ရန် အကြံပေး၍ သွားရောက် အကူအညီတောင်းမှ ထို ပြိုင်ပွဲဝင်မောင်က သူဧ။် ပုံစံကိုကြည့်ပြီး ဟား တိုက်ရီကာ သူ့ကို ပြိုင်ပွဲ မ၀င်ရန် ပြောကြား သဖြင့် မိမိသည် ၀မ်းနည်းကြေ ကွဲခဲ့ရကြောင်း ။နောက်မှ သိရသည်မှာ မိမိ ကို နည်းပြ အဖြစ် ပြပေးခဲ့သူသည် ကာယဗလ ဗဟုသုတများကို နားမလည် သည့် နည်းပြ ဇြစ်ကြောင်း နှောင်းလေမှ သိခဲ့ရပြီး မိမိဧ။် ကြွက်သားများလည်း အစမကောင်း ခဲ့သဖြင့် တော်တော်ကြီး ပြုပြင်နေ ၇ကြောင်း ယခု နောက်ပိုင်းမှ အကိုတို့ဧ။် မြန်မာဖစ်တနက်စ် ဆိုက်ကို ၀င်ရောက် ဖတ်ရှုလေ့လာပြီး မိမိလည်း ကာယဗလ ဗဟုသုတများ တိုးပွား လာကြောင်း ကျွန်တော် နှင့် တွေ့ဆုံခိုက် ပြောကြား ခဲ့သည့် ဝါသနာရှင် လူငယ်လေးဧ။် စကားလေးကို အမှတ်ရပြီး တိုက်ဆိုင်သဖြင့် ပြန်လည်ေ၇းသား ပြရခြင်း ဖြစ်သည်။
 ထို့သို့သော နည်းပြ မျိုးတွေ မြန်မာပြည်မှာ ဘယ်နှစ်ယောက် ရှိနေပြီလဲ ၊ ထိုသူများ ထံတွင် မိမိဧ။် ကိုယ်ခန္ဒာကို စိတ်ချယုံကြည်စွာ ပုံအပ်ပြီး ပန်းပုထု သလို ပုံသွင်းခံနေရသည့် သူတွေ  ဘယ်သူတွေ က အကျိုး ရလဒ် ကောင်းပြီး ဘယ်သူတွေ အကျိုးရလဒ် နည်းစွာဖြင့် အစ မကောင်း၍ အနှောင်း မသေချာ ဇြစ်ခဲ့ရပြီလဲ ဆိုတာ တော့ ကာယကံရှင် တွေပဲ သိနိုင်ပါလိမ့်မယ်။ ထို့ကြောင့် မျိုးဆက်သစ် ကာယဗလ မောင်ကောင်း များစွာ ပေါ်ထွန်းေ၇းသည် နည်းပြ များ အပေါ်တွင်လည်း အများကြီး မူတည်ပါသည်။ နည်းပြ ကောင်း တစ်ယောက် ဖြစ်နိုင်ဖို့ မိမိဧ။် သင်တန်းသား တစ်ဦးချင်း အပေါ်တွင် ပြည့်ပြည့် ၀၀  ထိရောက်စွာ ကိုင်တွယ် အသုံးချ သင့်သလို ကောင်းမွန် မှန်ကန်သည့် အင်ဖော်မေး ရှင်း များလည်း ပေးတတ်ရန် မိမိသည်  ကာယဗလ နည်းပညာများ ကာယလေ့ ကျင့်ခန်း ဗဟုသုတ များကို ထုံးလိုမွှေ ရေလိုနှောက် ဘယ်စမ်းစမ်း ညာစမ်းစမ်း ကြိုက်သလို လာစမ်း ဖြစ်နေ၇မည် ဟု ထင်မိပါသည်။ မိမိ ကို ယုံကြည် အားထားသော တပည့် အပေါ်တွင်လည်း စမ်းစစ်မှု ပြုလုပ်ပြီး မည့်သည့် လေ့ကျင့်ခန်းသည် တပည့် ဇြစ်သူ အတွက် အကျိုးရှိမည် ၊ ထိရောက်မှု ရှိမည်ကို နားလည် တတ်ကျွမ်းနိုင်ရန် လိုသလို ၊ လိုအပ်သည့် အကြံ ညဏ်ကောင်း များ ပေးစွမ်းနိုင် ရမည် ဖြစ်သည်။
ထိုပြင် နိုင်ငံတကာမှ ကာယဗလ စာအုပ် စာပေများကို လက်လှမ်း မမှီ ရင်တောင်မှ ယနေ့ အင်တာနက်တွင် လေ့လာ လို့ရသလောက် လေ့လာ နေ၇မည် ထိုမှသာ မိမိသည် ခေတ်နှင့် အမှီ  လိုက်နိုင်သော နည်းပြ ကောင်း တစ်ယောက် ဖြစ်နိုင်သလို ယနေ့ ကမ္ဘာ့ ကာယဗလ လောကဧ။် ဖြစ်ပျက်မှု အခြေအနေများ လည်း သိနိုင်မည် ဇြစ်သည်။  ပြည်တွင်း လေ့လာမှု အနေဖြင့်လည်း ဂျေးကက်တလာ  ကို မသိရင်နေပါစေ မြန်မာ ပြည်မှ ကိုအောင်ဆွေနို်င်၊ ကိုအောင်ခိုင်ဝင်း တို့ လောက်တော့ သိထားသင့်ပါ သည်။ မြန်မာဆိုရိုး စကားပုံ တစ်ခု နှင့် နှိုင်းယှဉ်ပြီး ပြောရလျင်  “အရင်ဆရာ တစ်ချက်ခေါက် နောက်ဆရာ နှစ်ချက်ခေါက် မဖြစ်၇ လေအောင် ” စတင် လေ့ကျင့်စဉ် ကတည်းက နည်းပြကောင်းများ ကိုရှာဖွေပါ ။ မိမိအပေါ်တွင် လိုအပ်သည့် အကူအညီ ၊ နည်းပညာ ဗဟုသုတများ ပေးစွမ်းနိုင်မည် နည်းပြ ကောင်းများထံတွင် လေ့ကျင့်ပြီး မိမိကိုယ်တိုင်လည်း လေ့လာ ကြပါ ၊ အင်ဖော်မေးရှင်း အမှားများကို နားယောင်ပြီး အမှားနောင်တရ ခြင်းမှ ကင်းဝေးကြပါစေ။
 တင်ဆက်သူ----အောင်အောင်(လှိုင်)
email----aungaung.aung24@gmail.com
www.myanmarfitness.com

Thursday, July 25, 2013

ချန်ပီယံတို့ ၏အကြုံပြုချက်များ

ကာယဗလချန်ပီယံတွေဆိုတာတစ်ချိန်ကအညတရတွေပါပဲ။ဒါပေမဲ့သူတို့ ရဲ့ မဆုတ်မနစ်တဲ့ဇွဲ၊လုံ့ လ
နှင့်၊အဖက်ဖက်ကကြိုးပမ်းအားထုတ်မှုများ၊ပေးဆပ်ခဲ့ရမှုများနှင့်ဂျင်မ်ထဲတွင်လည်း၊အကြိမ်တိုင်း၊
အကျော့တိုင်းကိုနာကျင်မှုပင်ပန်းမှု၊သွေးချွေးတို့ ဖြင့်ရင်းနှီးခဲ့ရမှုတို့ ကြောင့်ချန်ပီယံသရဖူကိုလှမ်း
ကိုင်နိုင်ခဲ့ကြခြင်းဖြစ်သည်။များစွာသောကာယဗလလေ့ကျင့်သူများသည်၊အခက်အခဲများကြောင့်
ပြေးလမ်းချော်ပြီးလိုရာမရောက်ပန်းမ၀င်ဖြစ်သွားကြသည်ကလည်းဒုနှင့်ဒေးပင်ဖြစ်သည်။ထိုကဲ့သို့ 
ကာယဗလ၀င်္ကဘာအတွင်း၊လမ်းလျောက်ရင်းလမ်းပျောက်နေသူများအတွက်ကမ္ဘာကျော်ကာယဗ
လချန်ပီယံအချို့ ၏စိတ်ဓါတ်အားပြည့်စေရာ၊လမ်းညွှန်ပေးနိုင်သည့်အကြံပြုချက်အချို့ ကိုတင်ဆက်
ပေးလိုက်ရပါသည်။
 အပြင်းထန်ဆုံးသောညှစ်အားတွေနဲ့ လေ့ကျင့်ခန်းတစ်ခုကိုတစ်ကျော့ထိထိခိုက်ခိုက်အလုပ်ပေးနိုင်
လျင်ကြွက်သားကြီးထွားမှုအတွက်လုံလောက်သည်ဖြစ်သည်။ကျွန်တော်ပြောတဲ့တစ်ကျော့ကနောက်
ဆုံးတစ်ကျော့ကိုပြောတာနော်။ခင်ဗျားကျွန်တော်ပြောတဲ့အတိုင်းလေ့ကျင့်ရင်သေချာတယ်နောက်တစ်
ကျော့ခင်ဗျားထပ်မလေ့ကျင့်နိုင်စေရဘူး။ကျွန်တော်ပြောသလိုကစားချိန်ခင်ဗျားရုပ်ကြည့်ရဆိုးနေမှာ
အမှန်ပဲ။ဒါပေမဲ့အဲဒါကပဲအကျိုးပြုတာကိုယုံစမ်းပါ။
ဒိုရီယံရိတ်စ်(မောင်အိုလံပီယာခြောက်ထပ်ကွမ်း)
 ကျွန်တော့်စိတ်ကသက်တောင့်သက်သာရေသာခိုချင်နေပါစေ။ကျွန်တော့်ခန္ဓာကိုယ်ကိုတော့ကျွန်တော်
မညှာတမ်းအကျော့တိုင်း၊လေ့ကျင့်တိုင်းမှာအလေးများများ၊နှင့်အားအကုန်ကစားပါတယ်။ကျွန်တော်
ဂျင်မ်ထဲဝင်လိုက်ပြီဆိုတာနဲ့ ဂျင်မ်ထဲကနေသက်တောင့်သက်သာပြန်ထွက်ဖို့ ဆိုတာမေ့လိုက်ပါတယ်။
ကျွန်တော်ကတော့ကိုယ့်စံချိန်ကိုချိုးရတာကိုမြတ်နိုးတတ်သူပါ။
ဘရန့် ခ်ျဝါရန်-အားနိုးကလပ်စစ်ချန်ပီယံနှစ်ထပ်ကွမ်း
 သာမန်လူမည်းလေးတစ်ယောက်ကိုအောင်မြင်မှုတွေဆီအရောက်ပို့ ပေးခဲ့တာကတော့ကာယဗလပါ။
ကျွန်တော့်လက်မောင်းဆယ့်ခုနှစ်လက်မလောက်တုန်း၊လေ့ကျင့်စဉ်ကတည်းကလက်မောင်းနှစ်
ဆယ့်လေးလက်မအတိုင်းအတာလောက်ကိုစိတ်ကူးပုံဖော်ပြီးကျွန်တော်လေ့ကျင့်ခဲ့တာပါ။ကျွန်တော်
အသေအချာပြောနိုင်တာကတော့ကျွန်တော့်စိတ်စွမ်းအားကြောင့်ပဲကျွန်တော်ဒီလိုအောင်မြင်လာခဲ့
တာပါ။
ကိုင်ဂရီန်း-အာနိုးကလပ်စစ်ချိန်ပီယံနှစ်ထပ်ကွမ်း
 လေ့ကျင့်စဉ်မှာသင့်ကြွက်သားတွေနာကျင်ကိုက်ခဲတာကိုခံစားရခြင်းကသာသင့်ကိုကြီးထွားစေတာပါ။
နာကျင်ခြင်းကသာမန်လူနဲ့ ချန်ပီယံကိုခွဲခြားနိုင်တဲ့မှတ်ကျောက်ပါ။အကယ်၍သင်ဟာနာကျင်ခြင်းကိုမ
ခံစားနိုင်ဘူးဆိုရင်ချန်ပီယံဖြစ်ရေးအိပ်မက်ကိုလက်လွှတ်လိုက်ပါတော့။
အာနိုးရွှာဇင်နက်ဂါး(မောင်အိုလံပီယာခုနှစ်ထပ်ကွမ်း)
 Motivation ဆိုတာကျွန်တော့်အတွက်ဘယ်တော့ကမှမလိုခဲ့ပါဘူး။ကျွန်တော်စတင်လေ့ကျင့်စဉ်က
ကျွန်တော့်ခန္ဓာကိုယ်ကိုကြီးထွားစေချင်လို့ ဂျင်မ်ကိုပုံမှန်သွားလေ့ကျင့်ခဲ့တာပါ။အခုဆိုပိုလို့ တောင်
စွဲမြဲနေပါပြီ။ဘာဖြစ်လို့ လဲဆိုတော့၊ကျွန်တော်ကပရော်ဖက်ရှင်နယ်လေ၊ဒါနဲ့ ပဲအသက်မွေးဝမ်းကြောင်း
ပြုနေရတဲ့အတွက်၊ပိုဂရုစိုက်ပြီးလေ့ကျင့်ပါတယ်။
ဒက်တာဂျက်ဆင်(2008-မောင်အိုလံပီယာချန်ပီယံ)
 သင်သန်မာသလောက်ကြီးထွားနိင်ပါတယ်။ကျွန်တော်စလေ့ကျင့်စဉ်ကငါဘယ်လောက်အလေးများ
များမနိုင်မလဲဆိုတဲ့စိတ်နဲ့ သွားလေ့ကျင့်ခဲ့တာပါ။အဲဒီစိတ်ကြောင့်ပဲကျွန်တော်သိလိုက်ရတာက၊ကျွန်
တော်ဘယ်လောက်သန်စွမ်းသလဲ၊အဲဒီလောက်ထွားကျိုင်းလာတယ်ဆိုတာပါပဲ။
ကီဗင်လက်ဗရုန်း(94၊95 အာနိုးကလပ်စစ်ချန်ပီယံ)
အခုကျွန်တော်လေ့ကျင့်ချိန်တိုင်း၊ကျွန်တော့်မျက်လုံးအစုံကိုမှိတ်ပြီး၊ကျွန်တော့်လေ့ကျင့်မည့်အကြိမ်
တိုင်းအကျော့တိုင်းအတွက်ကျွန်တော့်စိတ်ကိုမြှုပ်နှံထားလိုက်ပါတယ်။ကျွန်တော့်အတွက်ကတော့
လေ့ကျင့်တဲ့တစ်ကြိမ်စီတိုင်းကိုထိထိမိမိဖြစ်စေချင်တာပါ။ကျွန်တော်ဘယ်တုန်းကမှစိတ်လွတ်၊ကိုယ်
လွတ်ပုံမကျပန်းမကျမလေ့ကျင့်ဖူးပါဘူး။အရည်အတွက်ထက်အရည်အချင်းကအဓိကပါ။
ဂျေးကတ်လာ(လေးထပ်ကွမ်းမောင်အိုလံပီယာ)
 
ကျွန်တော်ကတော့လေ့ကျင့်ရေးကိုယ်ပိုင်မှတ်တမ်းထားပါတယ်။ပြင်းပြင်းထန်ထန်လေ့ကျင့်လေလေ၊
ကြီးထွားလေလေဆိုပြီးကျွန်တော်ခံယူထားပါတယ်။အဲဒါကြောင့်ကျွန်တော့်စံချိန်ကိုကျွန်တော်ပြန်ချိုး
ဖို့ အမြဲတမ်းကြိုးစားပါတယ်။အလေးများများဖြင့်လေ့ကျင့်ခြင်းဟာ၊ကြွက်သားတွေကိုပိုပြီးသိပ်သည်း
စေပြီး၊ကာယဗလမောင်များကိုလူရိုသေရှင်ရိုသေအသွင်အပြင်မျိုးဖြစ်စေပါတယ်။
ခရစ်ကော်မီယာ(လေးထပ်ကွမ်းသံမဏိမောင်ချန်ပီယံ)
လူသာမန်တွေလိုဂျင်မ်ကိုဘယ်တော့မှမသွားပါနဲ့ ။ကျွန်တော်၊ကတော့သေသေ၊ကြေကြေပါပဲ။
ကျွန်တော့်အောင်မြင်မှုအတွက်အဲဒါကလိုအပ်ပါတယ်။ကျွန်တော်ဟာဘယ်နေရာမှာမဆိုပြိုင်ဆိုင်
လိုစိတ်ပြင်းထန်တဲ့သူပါ။
ရစ်ခ်ျဂတ်စ်ပါရီ(89-အာနိုးကလပ်စစ်ချန်ပီယံ)
ကျွန်တော်ဘတ်စကတ်ဘောကစားစဉ်ကနာရီပေါင်းများစွာလေ့ကျင့်ခဲ့သူပါ။ကာယဗလသမားဖြစ်
လာချိန်မှာတော့ဂျင်မ်ဟာကျွန်တော့်ဘ၀ဖြစ်လာတော့တာပါပဲ။ကျွန်တော်ကာယဗလစတင်လေ့ကျင့်
စဉ်မှာဘာမှမသိသေးပေမဲ့၊များများအချိန်ပေးလေ့ကျင့်လေလေ၊ကျွန်တော်ကာယဗလကိုချစ်လာလေ
လေပါပဲ။လူတွေကကျွန်တော့်ကိုဂျင်မ်ထဲကကြွက်လို့ သမုတ်လေလေကျွန်တော့်ပြောင်းလဲမှုတွေကသိ
သာလေလေဖြစ်တဲ့အတွက်ကျွန်တော်၊ပိုလို့ တောင်အချိန်ပေးပြီးလေ့ကျင့်ပါတယ်။
ဖီလ်းဟိသ်(နှစ်ထပ်ကွမ်းမောင်အိုလံပီယာ၊လက်ရှိချန်ပီယံ)

အထက်ပါစကားစုလေးများကတော့ပရော်ဖက်ရှင်နယ်အဆင့်ကာယဗလချန်ပီယံတို့ ရဲ့ ခံယူချက်၊
နှင့်အမြင်လေးတွေပါပဲ။ဒါတွေကိုအကုန်အတုခိုးရမယ်လို့ မဆိုလိုပါဘူး။သို့ သော်မိမိနှင့်ပါတ်သက်
တာလေးတစ်ခုလောက်ကိုတော့ယူသုံးနိုင်မယ်ဆိုရင်တော့ရေးရကျိုးနပ်ပါတယ်။မကြာမှီကာယဗလ
ချန်ပီယံများ၏လေ့ကျင့်နည်းများကိုလည်းတင်ဆက်ပေးသွားပါဦးမည်။

လေးစားလျက်----
 
နိုင်ဦး---၁၁၉


Sunday, July 21, 2013

သင် အိပ်ရေးပျက်တာများနေပြီလား

အိပ်စက်ခြင်း ဆိုသည်မှာ မွေးဖွားသည်မှ နောက်ဆုံးထွက်သက် အထိ လူသားတိုင်းနေ့စဉ် ကြုံတွေ့ နေကြ ရသော ဘုရားသခင်ပေးစွမ်းထားသော တန်ဖိုးမဖြတ်နိုင်သည့် လက်ဆောင်မင်္ဂလာတစ်ခုပင်ဖြစ်သည်။
 ကောင်းမွန်စွာ အိပ်စက်ခြင်းသည် လူသားတစ်ဦးအတွက် ကျန်းမာရေး အကျိုးကျေးဇူးကောင်းများ
 ပေးစွမ်းနိုင်သလို ထိုအလကားရသည့် အိပ်စက်ခြင်းကို ပေါ့ပျက်ပျက်အတွေးမျိုးဖြင့် ဖြစ်ကတတ်ဆန်း နေထိုင်ပြုမှုစားသောက်တတ်ပြီး အိပ်စက်ချိန် မလုံလောက်သူသည် ဆိုးရွားသောကျန်းမာရေး အခြေအနေတစ်ခုကို ဆိုက်ရောက်သွားနိုင်ကြောင်း သတိထားသင့်သည်။တစ်နေ့တာ ပင်ပန်းနွမ်းနယ်သမျှကို အကောင်ဆုံးပြန်လည် အားဖြည့်တင်းရာတွင် ကျွှန်တော်တို့သည် အာဟာရ ပြည့်ဝအောင် ပြန်လည် စားသောက်တတ်ရုံနှင့်မပြီးပေ ဘက်ထရီ တစ်တုံးနှင့် တူသည် ကျွှန်တော်တို့ဧ။် ကိုယ်ခန္ဓာကြီးကို တစ်ညတာ ၈နာရီခန့်မျှ အိပ်စက်ခြင်းဆိုသည် ချာဂျင်ပြန်လည် သွင်းပေးနိုင်မှသာ နောက်တစ်နေ့မနက်တွင် ကြည်ကြည်လင်လင် တက်တက်ကြွကြွနှင့် လုပ်ငန်းဆောင်တာ များကို ဦးစီးဆောင်ရွက်နိုင်မည်ဖြစ်သည်။ထိုအချက်သည် ကျွှန်တော်တို့အတွက် အိပ်စက်မှုလုံလောက်ခြင်းမှ ပေးစွမ်းသော သိသာထင်ရှားသည့် အကျိုးကျေးဇူးပင်ဖြစ်သည်။အိပ်စက်မှု မလုံလောက်သော ညတစ်ညတာဧ။် နောက်နေ့သည် သင့်အတွက် အရာရာကို အဆိုးမြင်စေနိုင်သည့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းမှုများ၊ လုပ်ငန်းခွင်အတွင်း ကြည်ကြည်လင်လင်မရှိ၍ အများအယွင်းများကြုံတွေ့နိုင်ခြင်း နှင့် အခြားသော အကျိုးဆက်များသည် ထိုတစ်နေ့လုံး သင်ရရှိမည့် အိပ်စက်မှု မလုံလောက်ခြင်းဧ။် အကျိုးအပြစ်များပင်ဖြစ်သည်။ အိပ်စက်ခြင်းနှင့် ပတ်သက်ပြီး ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် လုံလောက်အောင် မအိပ်စက်ခြင်းဧ။် နောက်ကွယ်မှ အကျိုးအပြစ်များကို ဤဆောင်းပါးတွင် အနည်းငယ် အကျဉ်းချုံ ရေးသားတင်ပြလိုပါသည်။ အမှန်တွင် အိပ်စက်မှုနှင့် ပတ်သက်သည့် အကျိုးအပြစ်များကို ရေးသားပါက ဤ ဆောင်းပါးတစ်ပုဒ်ထဲနှင့် မပြီးနိုင်ပေ။ထိုကြောင့် လိုရင်း အချက်အချို့ကိုသာ ရေးသားပေးရခြင်းဖြစ်ပါသည်။
(၁)။မိမိဧ။် စိတ်ဆန္ဒအရဖြစ်စေ ၊ အလုပ်အကိုင် ၊ မမာမကျန်းဖြစ်မှု ၊မူးယစ်ဆေးသုံစွဲမှုကြောင့် ဖြစ်စေ ၅ ရက်မှ ၁၀ ရက်အထိ မအိပ်စက်သူသည် စိတ်ပိုင်းဆိုင်ရာ လွဲမှားသော အယူအဆ ( ဆင်ခြင်တုံတရားကင်းမဲ့ခြင်း ၊ မိမိကို တစ်ပါးသူက မကောင်းကြံသည်ဟု ထင်မြင်ခြင်း ၊သွေးလေချောက်ခြားပြီး ကယောင်ကတမ်းပြောခြင်း) တို့ ခံစားနိုင်သည်ဟု အိပ်စက်မှု ကျွမ်းကျင်ပညာရှင်  ဒေါက်တာဂျိန်းစ်ဘီမတ်စ် က ပါဝါစလိ(ပ်) စာအုပ်တွင် ရေးသားသတိပေးခဲ့သည်။
(၂ )။ ဆီးချိုရောဂါသည်များအတွက် လေ့လာမှုအရ၂၀၀၁ ခုနှစ်တွင် အမေရိကန် ဆီးချိုရောဂါ အသင်းဧ။် လေ့လာမှုတွင် အသက် ၂၃ မှ ၄၂ နှစ်ကြားရှိ ကျန်းမာပြီး အ၀လွန်မှုမရှိသော လူငယ်များတွင် ရေရှည် အိပ်ရေူးပျက်ခြင်းသည် အင်ဆူလင်ဟော်မုန်းဓာတ်ဧ။် အလုပ်လုပ်နိုင်မှု စွမ်းရည် လျော့ပါးစေကြောင်း တွေ့ရှိခဲ့သည်။
(၃ )။အိပ်ရေးပျက်ခြင်းသည် ကိုယ်ခန္ဓာကြီးထွားမှု အတွက် အဓိကဖြစ်သော ကြီးထွားဟော်မုန်း ထွက်ရှိမှုကို လျော့ပါးစေပြီး ကာဘိုဟိုက်ဒရိတ်စ် စားသုံးမှုကို တပ်မက်စေသည့်အရာကို ချိုးနှိမ်ပေးသည့် လက်ပတင်ဓာတ် ထွက်ရှိမှုကိုလည်း လျော့နည်းစေသည်။ထိုကြောင့် ကျွှန်တော်တို့လို ကာယဗလ လေ့ကျင့်လိုက်စားသူများသည် အိပ်စက်ခြင်းကို လွယ်လွယ်မဖြုန်းတီးသင့်ကြောင်း သတိပြုသင့်ပါသည်။ကြီးထွားဟော်မုန်းသည် အိပ်ပျော်နေချိန်တွင် ထွက်ရှိပြီးဆဲလ်များ ကို အသစ်ပြန်လည်မွမ်းမံရာတွင်များစွာ အထောက်အကူပြုသည်။
(၄)။အမျိုးသမီးများတွင် အဖြစ်များဆုံး ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းသည်လည်း အိပ်စက်ခြင်းနှင့် ဆက်စပ်နေသည်။ တစ်ပတ်လျင် တစ်ည သို့မဟုတ် ထိုထက်ပို၍ အိပ်စက်မှုကို လစ်ဟင်းနေကြသည့် အမျိုးသမီးများသည် ရင်သားကင်ဆာ ဖြစ်ပွားမှုအတွက်  အိပ်စက်မှုမရှိသော တစ်ညစီအတွက် ၁၄ ရာခိုင်နှုန်း မြင့်မားနေသည်။အဆိုပါ လေ့လာမှု အဆိုအရ ညပိုင်းတွင် အလင်းရောင်နှင့် ထိတွေ့နေကြရသည့် အမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်ပွားမည့် ပိုမိုမြင့်မားသော အန္တရာယ်ရှိနေသည်။
(၅)။အိပ်ရေးပျက်ခြင်းသည် အခြေခံကျသော ခန္ဓာကိုယ်ဆိုင်ရာ အလုပ်လုပ်ဆောင်မှုများကို ပြောင်းလဲစေသသည် ဟု ချီကာဂိုဆေးတက္ကသိုလ်မှ သုတေသီများက လေ့လာတွေ့ရှိခဲ့ကြသည်။
(၆)။ခန္ဓာကိုယ်အတွင်း ဟောမုန်းဓာတ် အပြောင်းအလဲ ဖြစ်ခြင်းသည်လည်း အိပ်ချိန်မလုံလောက်မှု အပေါ်တွင် မူတည်နေသည်။အိပ်ရေးပျက်ခြင်းသည် သိုင်းရွိုက်လှုံ့ဆော်မှုပေးသော ဟော်မုန်းဓာတ် ထွက်ရှိမှု ဟန့်တားပြီး သွေးထဲတွင် ရှိသည့် ကော်တီဆော်လ် ဟော်မုန်းပမာဏ ကိုများပြားစေသည်။ ကော်တီဆော်လ်သည် ကာယဗလ အားကစား လိုက်စားသူများအတွက် အကြီးမားဆုံးရန်သူဆိုလည်း မမှားပေ။
(၇)။ အိပ်စက်ချိန် မလုံလောက်ခြင်းသည်လည်း အိုမင်းရင့်ရော်မှုကို ဖြစ်စေကြောင်း ချီကာဂိုလ် တက္ကသိုလ်မှ သုတေသတ အဖွဲခေါင်းဆောင် ပါမောက္ခ အီဗီမင်န်ကောတာ က အိပ်ရေးပျက်ခြင်းသည် အိုမင်းရင့်ရော်မှုဧ။် လက္ခဏာ အပေါင်းအမှတ်အသားကို တိုးပွားစေကြောင်း ပြည့်စုံလုံလောက်သော အိပ်စက်ခြင်းသည် အရေးအကြောင်း ဖြစ်ပွားမှုကို လျော့နည်းစေကြောင်း ရှာဖွေလေ့လာခဲ့ကြသည်။
(၈)။ပုံမှန်အိပ်စက်ချိန်ထက် ( ၃ )နာရီခန့် လျော့နည်းကြသည့် စက်ဘီးစီးသူများအား ပြင်သစ်သုတေသီများဧ။် လေ့လာချက်အရ သူတို့ဧ။် နှလုံးခုန်နှုန်းသည် ပိုမိုမြင့်မားနေကြပြီး အောက်စီဂျင် ရယူနိုင်သည့် စွမ်းအား လျော့နည်းနေကြသည်။တစ်ညတွင် အိပ်စက်ချိန် ( ၄ )နာရီမျှ လျော့နည်းခြင်းပင် လူတစ်ဦးဧ။် စွမ်းဆောင်ရည်ကို ၄၅ ရာခိုင်နှုန်း လျော့နည်းစေသည်။
(၉)။သာမန်မျှသော အိပ်ရေးပျက်ခြင်းသည်ပင် ခေါင်းကိုက်ခြင်း မကြည်မလင်ဖြစ်ခြင်း ၊ စိတ်တိုလွယ်ခြင်း နှင့် နေ့ပိုင်းတွင် မောပန်းခြင်းတို့ ဖြစ်စေနိုင်ပြီး ရေရှည် အိပ်ရေးပျက်ခြင်းသည် လိင်စိတ်ကို လျော့နည်းစေကာ ပန်းသေ ပန်းညှိုးဝေဒနာ ဖြစ်နိုင်ခြေများသည်။
( ၁၀ )။၁၈၉၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည် ပြင်သစ်လေ့လာမှု အရ အိပ်စက်မှု လု့းဝမရှိသည့် ခွေးများသည် ဦးနှောက်တွင်း သွေးယိုစိမ့်မှုပေါင်းများစွာနှင့် သေဆုံးခဲ့ကြသည်။ထိုခွေးများသည် ၁၃ ရက်ခန့်အိပ်စက်မှု လုံးဝ မရှိခြင်းကြောင့် ယခုလို ဖြစ်ပွားခြင်းဖြစ်သည်ဟု လေ့လာတွေ့ရှိခဲ့သည်။
( ၁၁ )။ အိပ်ရေးပျက်ခြင်းသည် ခန္ဓာကိုယ်ဧ။် ရောဂါ ကာကွယ်ရေးစနစ်ဖြစ်သော သဘာဝ သတ်ဖြတ်ေ၇းသမား ဆဲလ်များ ကို ပျက်စီးစေပြီး နံနက် ( ၃ )နာရီအထိ မအိပ်စက်ပဲ နှိုးကြားနေသည် လူများတွင်ထိုဆဲလ် အရေအတွက် ၃၀ ရာခိုင်နှုန်းခန့် လျော့နည်းနေသည်။
( ၁၂ )။ ထိုဆဲလ်များသည် ခန္ဓာကိုယ်တွင်း ကင်ဆာ အကျိတ်များဖြစ်ပွားခြင်းကို ကာကွယ်ပေးသောကြောင့် ထိုဆဲလ် အရေ အတွက် လျော့နည်းခြင်းသည်လည်း ကင်ဆာ ရောဂါကို လက်ယပ်ခေါ်သလို ဖြစ်နေမိသည်။
(၁ ၃)။ Queen University မှကျောင်းသားပေါင်း ( ၁၇၀၀၀ )ကိုလေ့လာမှုအရ အိပ်စက်ချိန် ၈ နာရီရှိသူ ကျောင်းသားကျောင်းသူ အများစုဟာ အခြား အိပ်ရေးပျက် ကျောင်းသားကျောင်းသူများထက် ၆၃ ရာခိုင်နှုန်း စိတ်ခံစားချက် ၊ မှတ်သားနိုင်မှုစွမ်းရည် ၊ ပျော်ရွင်ဖွယ်ခံစားမှု မြင့်မားနေတာတွေ့ရပါတယ်။
( ၁၄)။ ကယ်လိုရီ လောင်ကျွမ်းမှု နှင့်ပတ်သက်ပြီး Hendrix Collage မှသုံးပတ်ခွဲပြီး လေ့လာမှု ပြုလုပ်ခဲ့ရာမှာ ပထမ အပတ်တွင်  ပုံမှန်အစားအစာကိုစားစေပြီး သူတို့ရဲ့အိပ်ချိန် တစ်ည ၆နာရီအတိုင်းအိပ်စက်စေပါတယ်။ ဒုတိယအပတ်မှာ ပုံမှန်အိပ်နေကျထက် ၂ နာရီ ပိုအိပ်စေကာ တတိယ အပတ်မှာ ပထမ အပတ်မှ သူများထက် ၂နာရီ လျှော့အိပ်စေပါတယ်။လေ့လာမှုအရ ဒုတိယ အပတ် ၂နာရီ ပိုအပ်သူတွေဟာ ပထမ အပတ်ပုံမှန် အိပ်သူများထက် ကယ်လိုရီလောင်ကျွမ်းမှုများသာတွေ့ရပြီး ၂နာရီ လျှော့အိပ်သူများမှာ အစားပိုစားပြီး ကယ်လိုရီ တိုးလာသာတွေ့ရပါတယ်။ သုတေသီများဧ။် အဆိုအရ တစ်ညလျင် ၈ နာရီခန့်ပုံမှန် အိပ်စက်ပါ။
( ၁၅ )။အမျိုးသမီးအများစုသည် အမျိုးသားများထက် အသက်အရွယ် ရလာသည်နှင့်အမျှ အိပ်စက်ချိန် လျော့နည်းလာပြီး ခန္ဓာကိုယ်အလေးချိန်ပိုလာခြင်းသည် အိပ်ရေးပျက်ခြင်းနှင့် ဆက်နွယ်နေကြောင်း ထိုကြောင့် အိပ်ရေးဝလင်စွာ အိပ်စက်ခြင်းသည် အ၀လွန်ခြင်းကို ကာကွယ်ရာ ရောက်သည်။
(၁၆ )။ သင်အနေနဲ့ လုပ်ငန်းခွင်အတွင်းမှာ စွမ်းဆောင်ရည် ပြည့်ဝစေချင်ရင် လုပ်ငန်းခွင်မ၀င်မှီ ၂၆ မိနစ်ခန့် အိပ်စက်လိုက်ပါ အတွေးအခေါ်ကောင်း အကြံအစည်ကောင်းတွေ ထွက်လာမယ်လို့ ကယ်လိဖိုနီးယား တက္ကသိုလ်မှ လေ့လာသူ သုတေသီအချို့က ဆိုပါတယ်။
( ၁၇)။အပေါ်မှာ ရေးသားပြီးသလိုပါပဲ အိပ်ရေးပျက်ခြင်းသည် ခုခံအားစနစ်ကို ထိခိုက်စေပြီး အများနှင့်မတူ အလွယ်တကူ ဖျားနာကိုက်ခဲလွယ်သည် ဗိုင်းရပ်စ်ပိုးများ ၀င်ရောက်နိုင်သည်။
( ၁၈ )။ ကောင်းမွန်စွာ အိပ်စက်ခြင်းသည် ခန္ဓာကိုယ်တည်ဆောက်သူ ကြွက်သားထုထည် တိုးပွားစေလိုသူ များအတွက် သဘာဝဧ။် အကောင်းဆုံး ဆေးတစ်မျိုးဖြစ်သည်။ကောင်းမွန်စွာ အိပ်စက်ခြင်းမှ ဟောမုန်းဓာတ်ထွက်ရှိမှု အားကောင်းစေကာ ခန္ဓာကိုယ်အတွက် အကျိုးပြုသော ဟော်မုန်းကို ညီညွတ်မျှတစေသည်။
( ၁၉ )။အိပ်ရေးပျက်ခြင်းသည် အစားကိုပိုစားစေတယ်ဆိုတာ သင်မယုံမရှိပါနှင့် အထူးသဖြင့် အချိုစာနှင့် သကြားပါဝင်မှုများသော အစားအစာများကို ပိုမိုတပ်မက်စေကာ ကယ်လိုရီ ပိုလျှံမှုကို ဥိးတည်ပြီး အ၀လွန်ခြင်း ကို ဖြစ်စေပါသည်။ အိပ်စက်ခြင်းကို ပေါ့ပေါ့တန်တန်တွေးပြီး ဖြစ်သလိုနေခြင်းဧ။် အကျိုးအပြစ်များသည် များပြားလှပါသည် ယခုဖော်ပြချက်များသည် အကျဉ်းချုပ်မျှသာဖြစ်သည် ထိုမျှမကသော ကျန်းမာရေး အတွက်ထိခိုက်သည့် အချက်များရှိပါသေးသည်။ဒါ့ကြောင့်  ငွေကြေးသာ အကြွေးတင်ခံပါ အိပ်စက်ချိန်ကို သင့်အနေနဲ့ အကြွေးမတင်မိပါစေနှင့်။ အိပ်စက်မှု ပျက်ကွက်ခြင်းဧ။် အပြစ်တွေက များပြားသလို အိပ်စက်မှု မှန်ကန်ခြင်းမှ ရရှိနိုင်သည့် အကျိုးကျေးဇူးများလည်း များစွာရှိပါတယ်။သင်မယုံလျင် တစ်ပတ်ခန့် မအိပ်စက်ပဲ နေကြည့်လိုက်ပါ ဘယ်လိုမျိုးခံစားရသလဲဆိုတာလေးပေါ့ ကျွန်တော်ကတော့ အကိုတစ်ယောက် အိပ်ရေး တစ်ပတ်ခန့်ပျက်ပြီး ကြောင်တောင်တောင် နှင့် တစ်လခန့် ဆေးကုလိုက်ရတာ ကြုံဖူးပါသည်။အားလုံးအိပ်စက် ခြင်းကို တန်ဖိုးရှိရှိ အသုံးချနိုင်ကြပါစေ။ပုံမှန် အိပ်စက်ချိန်သည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။လွန်ကဲသော အိပ်စက်ခြင်းသည်လည်း ဆိုးကျိုးများစေပါသည်။
 တင်ဆက်သူ----အောင်အောင်(လှိုင်)
email----aungaung.aung24@gmail.com
www.myanmarfitness.com

Saturday, July 20, 2013

Stabilizer muscle တဲ့လား!

ယနေ့ ကမ္ဘာကျော်ကာယဗလနှင့်ကြံ့ခိုင်မှုမဂ္ဂဇင်းများတွင်အမြဲတမ်းဖတ်နေရသည့်ကာယဗလဝေါဟာရ
သဖွယ်ဖြစ်နေသည့် Stabilizer muscle ဆိုသည့်ဝေါဟာရအကြောင်းအနည်းငယ်ဆွေးနွေးလိုပါသည်။
ထိုမဂ္ဂဇင်းများတွင်စက်ပစ္စည်းများဖြင့်လေ့ကျင့်မည်ဆိုပါကခန္ဓာကိုယ်၏ Stabilizer muscle အားနည်း
သွားမည်ဟုဆိုကာအသက်အရွယ်မရွေးကိုဖရီးဝိတ်များဖြင့်လေ့ကျင့်ခိုင်းတတ်ကြပါသည်။ထိုအယူအဆကိုမဂ္ဂဇင်းများအားကိုးဖြင့်အင်တာနက်ပေါ်တွင်ဝဘ်ဆိုက်များ၊ဘလော့ဂ်များရေးသားထားသူများက
အမြဲတမ်းမှန်နေမည့်အယူအဆသဖွယ်တင်ပြထားသည်ကိုလည်းတွေ့ မြင်နေရသည်မှာမသက်သာလှ
ပေ။အကြောင်းမှာ၊အခြားမဟုတ်ပေ။ယခုမြန်မာလူငယ်ကာယဗလနှင့်ကြံ့ခိုင်မှုဝါသနာရှင်လေးများ
သည် knowledge is power ဟူသောဆောင်ပုဒ်ကိုလက်စွဲပြုကာအင်တာနက်ပေါ်တွင်ဟိုဝင်၊သည်
ထွက်ရှာတတ်ဖွေတတ်ကြသည့်အတွက်ပင်ဖြစ်သည်။ဝဘ်ဆိုက်မြင်တိုင်းအင်ဖော်မေးရှင်းအမှန်ရ
မည်ဟုထင်နေတတ်သည်ကိုရှင်းလင်းစွာသိသာအောင်တင်ပြလိုရင်းဖြစ်သည်။သို့ မှသာအချိန်ကုန်၊
လူပမ်းအဖြစ်မှကာကွယ်နိုင်ကြပေမည်။
ရှေးဦးစွာပြောလိုသည်မှာ Stabilizer muscle ဟူသောကြွက်သားသည်ဘယ်ကြွက်သားဖြစ်ပါသနည်း
ဟု၊မည်သူတိကျစွာပြောနိုင်ပါသနည်း။သို့ မဟုတ်ဆရာဝန်များကိုမေးကြည့်ပါ။ Stabilizer muscle
ဆိုတာဆေးကျမ်းများတွင်ပါသလား။စသည်တို့ ကိုမစူးစမ်းမဆင်ခြင်ဘဲ၊မဂ္ဂဇင်းကရေးတိုင်းအပြည့်အ
ဝယုံရမည်ဆိုလျင်တော့သင့်ငွေရှာမလောက်ဖြစ်ပေဦးတော့မည်။မည်သည့်ခန္ဓာဗေဒစာအုပ်ကမှ
ထောက်မပြနိုင်သော Stabilizer muscle ဟူသည်လူ့ ကိုယ်ခန္ဓာအတွင်းလုံးဝမရှိပါ။လူ့ ကိုယ်ခန္ဓာ
အတွင်းတွင်၊smooth ,cardiac ,skeletal ဟူသောကြွက်သားအမျိုးအစားသုံးမျိုးသာရှိပါသည်။
ကာယဗလသမားများနှင့်အားကစားသမားများသည်၊skeletal muscle ကိုသာလေ့ကျင့်ကြခြင်းဖြစ်
သည်။ Stabilizer muscle ဟူသောဝေါဟာရကိုတွင်တွင်သုံးနေတတ်ကြသူများကိုအတိအကျပြော
ခိုင်းလျင်၊၄င်းတို့ ပြောကြမည်မှာ Stabilizer muscle ဟူသည်၊ဟိုဟာဖြစ်သည်၊သည်ဟာဖြစ်သည်နှင့်
ဖြစ်သည်ပေါင်းသောင်းခြောက်ထောင်ကိုတင်ပြကြလိမ့်မည်ဖြစ်သည်။အမှန်တစ်ကယ်တော့
Stabilizer muscle ၏အစသမိုင်းကိုတင်ပြကြရမည်ဆိုလျင်၊၁၉၇၀-ပြည့်နှစ်များတွင်အာသာဂျုံးက
နော်တီးလပ်စ်စက်များကိုတီထွင်ပြီး၊High Intensity Training လေ့ကျင့်နည်းစနစ်သစ်ကိုတင်ပြ
ခဲ့ရာကမ္ဘာ့ကာယဗလဈေးကွက်၏မှော်ဘီလူးကြီးဂျိုးဝီဒါအဖို့ ဈေးကွက်ပျောက်လုမတတ်ဖြစ်သွားခဲ့
ရသည်။ထို့ ကြောင့်ဝီဒါအနေနှင့်သူ့ ဈေးကွက်ပြန်ရရန်ဂျုံး၏နည်းစနစ်အားနည်းချက်များကိုရှာခဲ့သော်
လည်းမတွေ့ နိုင်ဘဲ၊ဂျုံးမိတ်ဆက်ပေးခဲ့သောနော်တီးလပ်စက်များသည်ကမ္ဘာတစ်ဝှမ်းမှကာယဗလ၀ါ
သနာအိုးများအတွက်များစွာအထောက်အကူပြုနေသည်ကိုမြင်ရသည့်အတွက်၊၀ီဒါသည်ဈေးကွက်သ
ဘောအရသူလည်းစက်ပစ္စည်းများတီထွင်ထုတ်လုပ်ရောင်းချရသည့်အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
ဂျိုးဝီဒါသည်ကမ္ဘာ့ကာယဗလသမိုင်းတစ်လျောက်လုံးတွင်ပြိုင်ဖက်မရှိဈေးကွက်ကိုဦးဆောင်နိုင်ခဲ့
သော်လည်းဂျုံး၏နော်တီးလပ်စက်များကိုမူကားနောက်ကောက်ကျအရှုံးပေးခဲ့ရသည်။ထို့ ကြောင့်
ဝီဒါကသူထုတ်ဝေသောကာယဗလမီဒီယာများဖြစ်သည့်မဂ္ဂဇင်းများတွင် Stabilizer muscle ဟူသော
ဝေါဟာရအသစ်တစ်ခုကိုသွတ်သွင်းကာ၊ကမ္ဘာ့ဈေးကွက်မှနော်တီးလပ်စ်၏နေရာကိုဖယ်ထုတ်ရန်၊
ကြိုးစားခဲ့သည့်လုပ်ကွက်ဖြစ်ပါသောကြောင့် Stabilizer muscle ပုံပြင်ကိုဘုမသိဘမသိနားမယောင်
သင့်ပါ။
ကာယဗလလေ့ကျင့်ရာတွင်ဖရီးဝိတ်များသည်စက်ပစ္စည်းများထက်ပိုကောင်းသည်ကမှန်သော်လည်း
ဒဏ်ရာရထားသူများ၊ကြွက်သားနှင့်အာရုံကြောဆက်နွယ်မှု(mind muscle connection)အားနည်းသူ
များနှင့်အမျိုးသမီးများအတွက်စက်ပစ္စည်းများသာတစ်ခုတည်းသောအလင်းရောင်ဖြစ်သည်ကိုမှတ်
သားပါ။ကာယဗလတွင်မည်သည့်အရာမှပုံသေမရှိပါ။အမြဲတမ်းဆန်းသစ်ပြောင်းလဲနေမှသာတိုးတက်
မည်ဖြစ်သည်။သို့ သော်သတိမူရမည်မှာ၊တိုးတက်ပြောင်းလဲသည်ဆိုတိုင်းစနစ်တကျဖြစ်မှသာအောင်
မြင်မည်ဖြစ်သည်။
ကျွန်တော်တို့ ၏ဤဘလော့ဂ်လေးသည်၊အတိကျဆုံးသောအင်ဖော်မေးရှင်းလေးများကိုသာ၊အချိန်နှင့်
တစ်ပြေးညီတင်ဆက်သွားမည်ဖြစ်ကြောင်းကိုသတင်းကောင်းပါးအပ်ပါသည်။ထို့ အပြင်ပြည်တွင်းမှ၊
ကာယဗလလေ့လာလိုက်စားသူများ၊ဂျင်မ်များတွင်နည်းပြပြုလုပ်လိုသူများ၊ပြုလုပ်နေသူများအတွက်
သိပံ္ပနည်းကျကာယဗလနှင့်ကြံ့ခိုင်မှု၊သင်ခန်းစာများကိုပို့ ချပေးမည့် Myanmar fitness trainer courseကိုဖွင့်လှစ်ရန်ကြိုးစားနေပါသည်။အသေးစိတ်ကိုတော့စတင်ခါနီးတွင်ဆက်လက်ဖော်
ပြပေးပါဦးမည်။သူငယ်ချင်းများ၏အမြင်နှင့်အကြံကိုလည်းရယူလိုပါသေးသည်။မကြာမှီတွင်ထိုအ
ကြောင်းကိုအကျယ်တ၀င့်ဆွေးနွေးကြဦးမည်။အကြံဥာဏ်ကောင်းများကိုလည်းစောင့်မျှော်လျက်---
လေးစားလျက်--
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com
www.myanmarfitness.com


Wednesday, July 17, 2013

အလယ်အလတ်အဆင့်ကာယဗလသမားများအတွက်

ပထမနေ.တွင်အခြေခံအဆင့်ကစားသမားများအတွက်လေ.ကျင်.ခန်းများကိုဖော်ပြရာတွင်ကစားရသည်.
အကြိမ်နည်းသည်ကိုတွေ.ရပါသည်။အလယ်အလတ်ကစားသမားများအများစုကြုံတွေ.ရတတ်သည်မှာလေး၊
ငါးလဆက်ပြီးကစားနေသော်လည်းတိုးတက်မှုမရှိဘဲဖြစ်နေပြီးထိုက်သင်.သည်.အလေးလည်းမတိုးနိုင်ဘဲဖြစ်
နေသူများဖော်ပြပါလေ.ကျင်.ခန်းအတွဲကို (၂)ပတ်(၃)ပတ်ခန်.လေ.ကျင်.ရန်အကြံပြုထားပါသည်။
ပုံမှန်အားဖြင်.အကျော.တစ်ကျော.လျှင်ပျှမ်းမျှ(၈)ကြိမ်မှ(၁၀)ကြိမ်အတွင်းလေ.ကျင်.နေရာမှ အောက်ပိုင်း
ထိုင်ရာတွင်ပထမအကျော.ကို(၅)ကြိမ်နှင်.စကစားသည်ကိုတွေ.ရပါသည်။ ထိုကဲ.သို.ရုတ်တရက်အကြိမ်အရေအတွက်ကိုပြောင်းကစားလိုက်ရာအလေးပိုတိုးပြီးမနိုင်ပြီးကြွှက်သားထု
တက်စေရန်များစွာအထောက်အကူပြုသည်ကိုတွေ.ရပါသည်။
သွေးပူလေ.ကျင်.ခန်းနှင်.အကြောအသေအချာလျှော.ပြီးမှပထမအကျော.ကိုလေ.ကျင်.ပါမည်။ ထို.ပြင် ကြွှက်သားအစိတ်အပိုင်းကြီးမားသော အောက်ပိုင်းနှင်. ရင်အုပ်ကြွှက်သားကို ပထမနေ.တွင်တွဲကစား
သည်ကိုတွေ.ရပါသည်။ လအနည်းငယ်လေ.ကျင်.ခန်းနားပြီးပြန်ကစားသောကာယဗလသမားများ
ကိုလည်းဖော်ပြပါလေ.ကျင်.နည်းများဖြင်.စတင်ကစားပါကမိမိ၏နဂိုကိုယ်ကာယမူလအနေအထားထက်

ပိုကောင်းသောအခြေအနေတစ်ခုကိုတွန်းတင်ပေးသောလေ.ကျင်.နည်းဖြစ်သည်ဟ်ုညွှန်းဆိုထားပါသည်။
INTEMEDIATE WORKOUT (အလယ်အလတ်ကာယဗလကစားသမားများအတွက်)
DAY(1)


SQUATS   အောက်ပိုင်းထိုင် (၅ကျော. ၅×၄×၃×၂×၁) 5,4,3,2,

DEADLIFTS   ဒတ်လစ်(၃ကျော.၃×၂×၁) 3,2,1
BENCH PRESS  ခုံရှည်ရင်အုပ်တွန်း(၃ကျော.၃ကြိမ်စီ၊၃ကျော.၁ကြိမ်) 3*3   3*1

AB/ ၀မ်းဗိုက်အတွက် အိပ်ထမတင် crunch ၄ ကျော. ×၂၀ကြိမ်

ဒုတိယနေ.တွင်ပေါင်နောက်သား၊ပုခုံး၊လက်မောင်းနောက်သား။လက်မောင်းရှေ.သား၊ခြေသလုံးစသည်.လေ.
ကျင်.ခန်းများကိုအကျော(၂)ကျော.ခန်.သာကစားသော်လည်းလေ.ကျင်းနည်းသဘောတရားတစ်ခုအနေနှင်.
ပုခုံးလေ.ကျင်.ခန်းများ(တစ်ခုနှင်.တစ်ခု)ကြားတွင်လက်မောင်းရှေ.သားကစားသည်.လေ.ကျင်.နည်းအတွဲ
အစပ်တစ်ခုကိုတွေ.ရပါသည်။ပြီးမှလက်မောင်းနောက်သားကစားပါသည်။


DAY(2)
LUNGES  ခြေခွဲထိုင်ထ(၂ကျော.×၁၀ကြိမ်စီ) 2*10
LEG CURLS    ပေါင်နောက်သားမှောက်လျှက်ဆွဲ(၂ကျော.×၁၂ကြိမ်)2*12

CALFE RAISES ခြေသလုံးကြွ(၂ကျော.×၁၅ကြိမ်)   2*15
SHRUGS    ဆုံကြုံ.(၂ကျော.×၈ကြိမ်) 2*8
PULLOVER   ပူးဆွဲ(၂ကျော.×၁၅ကြိမ်) 2*15

BICEPS CURLS  ဘားရှည်လက်မောင်းရှေ.သားဆွဲ (၂ကျော.×၁၀ကြိမ်)2*10

SHOULDER PRESS  ပုခုံးတွန်း(ဘားရှည်)၂ကျော.×၆ကြိမ် 2*6


LATERAL RAISES ဘားတိုပုခုံးဘေးမြှောက်(၂ကျော.×၈ကြိမ်) 2*8
  OVERHEAD TRICEPS EXTENSIONS  လက်မောင်းနောက်သားတွန်း(၂ကျော.×၁၀ကြိမ်)  2*10
AB/ ၀မ်းဗိုက်အတွက် အိပ်ထမတင် crunch၄ ကျော. ×၂၀ကြိမ်
တတိယနေ.တွင် အောက်ပိုင်းထိုင်ရာတွင်လည်းကောင်း၊အခြားလေ.ကျင်.ခန်းများလုပ်ရာတွင်
လည်းကောင်းအားကောင်းစွာနှင်.လေ.ကျင်.ကစားနိုင်စေရန်ဒတ်လစ်ခေါ်ခါးနှင်.ပေါင်နောက်သားလေ.
ကျင်.ခန်းကို ပထမနေ.နှင်.တတိယနေ.များတွင်ထည်.သွင်းထားပါသည်။ ခြေသလုံးလေ.ကျင်.ခန်း၊ရင်အုပ်
(တွန်းပြီးကစားရသောလေ.ကျင်.ခန်း)လေ.ကျင်.ခန်းနှင်.တွဲပြီး နောက်ကျောကြွှက်သား (ဆွဲပြီးကစားရသော)လေ.ကျင်.ခန်းများပါဝင်ပါသည်။

  DAY (3)
 STIFF-LEGGED –DEADLIFTS   ခြေဆန်.ဒတ်လစ်(၂ကျော.×၁၀ကြိမ်)  2*10
SEATED CALFE RAISES     ထိုင်လျှက်ခြေသလုံးကြွှ ၂ကျော.×၂၀ကြိမ် 2*20
DUMBELL ROWS    ဘားတိုလှေလှော်(၂ကျော.×၈ကြိမ်) 2*8
WRIST CURL /EXTENSIONS     2*15 EACH
INCLINE DUMBELL PRESS   ခုံဇောင်းမှီဘားတိုရင်အုပ်တွန်း ၂ကျော.×၈ကြိမ်)  2*8
INCLINE FLY  ခုံဇောင်းမှီဘားတိုရင်အုပ်ခွဲ ၂ကျော.×၁၀ကြိမ်  2*10
AB/ ၀မ်းဗိုက်အတွက် အိပ်ထမတင်crunch ၄ ကျော. ×၂၀ကြိမ်
ဖော်ပြပါလေ.ကျင်.ခန်းအတွဲကို (၂)ပတ်(၃)ပတ်ခန်.လေ.ကျင်.ကစားပြီးမိမိနှင်.သင်.တော်သောအကြိမ်အကျော.ကိုပြန်လည်ကစားပါက
ယခင်ကစားခဲ.သောအလေးထက်အလေးပိုနိုင်ပြီးကြွှက်သားအရည်အသွေးပိုမိုကောင်းမွန်လာသည်ကို
ကစားသူများတွေ.ရှိရပါသည်။

REFER  -   MUSCLEMAG MAGAZINE

ကာယဗလလေ.လာလိုက်စားသူများအားအစဉ်လေးစားလျက်-
စိုင်းသီဟကျော်စန်း
email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan



Tuesday, July 16, 2013

အခြေခံအဆင့်ကာယဗလသမားများအတွက်

ယခုဖော်ပြမည်.လေ.ကျင်.နည်းမှာ ခွန်အားတိုးတက်စေရန်နှင်.ကြွှက်သားထုတက်စေရန်အတွက်
အကျော.နည်းနည်းကစားခြင်းကိုနှစ်သက်စွာကစားခဲ.သောမိုက်မန်ဇာထောက်ခံသည်.လေ.ကျင်.
ခန်းများဖြစ်သည်။ပထမအနေဖြင်.ကြွှက်သားအုပ်စုတစ်ခုစီအတွက် လေ.ကျင်.ခန်း(၆)မျိုးရွှေးထုတ်
လိုက်ပါသည်။ ဒုတိယဦးစားပေးလေ.ကျင်.ခန်း(၂)မျိုး၊တတိယဦးစားပေးလေ.ကျင်.ခန်း(၃)မျိုး၊နှင်.အဓိက
လေ.ကျင်.ခန်း(၁)မျိုးတို.ပါဝင်ပါသည်။တတိယဦးစားပေးလေ.ကျင်.ခန်းများသည်သေးငယ်သော
ကြွှက်သားအစိတ်အပိုင်းအတွက်ညှစ်ပြီးကစားရသောလေ.ကျင်.ခန်းများဖြစ်သည်။light ဖြစ်သည်.လေ.
ကျင်.ခန်းများလည်းဖြစ်သည်။ဒုတိယဦးစားပေးလေ.ကျင်.ခန်းများမှာအလယ်အလတ်နှင်.အခြားသောကြွှက်
သားများကိုပါထိရောက်သည်.လေ.ကျင်.ခန်းများဖြစ်သည်။ ပထမလေ.ကျင်.ခန်းမှာheavyဖြစ်ပြီး အဓိကထိ
ရောက်စေသောလေ.ကျင်.ခန်းဖြစ်သည်။ ကြွှက်သား(၃)မျိုးအတွက် လေ.ကျင်.ခန်းများနမူနာမှာ
ပေါင်(အောက်ပိုင်း) အတွက်ဆိုလျှင်Squat အလေးထမ်းထိုင်ထ   ( ပ ဦးစားပေး)
Stiff-legged deadlift , Lunges ဒတ်လစ်နှင်. ခြေခွဲထိုင်ထ (ဒုဦးစားပေး)
Leg curl, Calfe Raise, Seated Calfe Raise ပေါင်နောက်သားဆွဲ။ ခြေသလုံးကြွှ၊ ထိုင်လျှက်
ခြေသလုံးကြွှ  (တ ဦးစာပေး) တို.ဖြစ်သည်။
နောက်ကျောကြွှက်သားအတွက်ဆိုပါက
Dead lift ဒတ်လစ်     ( ပ ဦးစားပေး)
Rows, shrugs  လှေလှော်နှင်. ပုခုံ(ဆုံကျုံ.)  (ဒုဦးစားပေး)
Pullover ,Grip/forearm  ပူးဆွဲ နှင်.လက်ဖျံကစားခြင်း  (တ ဦးစာပေး) တ.ိုပါဝင်ပါသည်။
                                                
BEGINNER WORKOUT    ကာယဗလစတင်လေ.ကျင်.သူများအတွက်
DAY 1
SQUATS   အလေးထမ်းထိုင်ထ   3 *3
CALFE RAISE   ခြေသလုံးကြွှ   2*15
DEADLIFTS   3*3
PULLOVERS   2*10
BENCH PRESSES   3*3
FLYES   2*8
AB/ NECK/GRIP WORK
(GIANT SET, ONE HIGH-REP SET EACH)

DAY (2)
LUNGES   3*8
LEG CURLS   2*10
SHRUGS   3*8
WRIST FLEX/EXT  2*15
SHOULDER PRESS     3*6
LATERAL RAISES    2*10
AB/NECK /GRIP WORK
DAY (3)
STIFF-LEGGED –DEADLIFTS     3*6
SEATED CALFE RAISES      2*10
DUMBELL ROWS     3*6
BICEP CURLS  လက်မောင်းရှေ.သားကွေး  2*10
INCLINE DUMBELL PRESS     3*5
OVERHEAD TRICEPS EXTENSIONS   2*10
AB/NECK/ GRIP WORK

စိုင်းသီဟကျော်စန်း
email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan