arial" action="like" colorscheme="light">

Thursday, June 26, 2014

ဘယ်တစ်ခုရွေးမလဲ

 
ကာယလေ့ကျင့်ခန်းပြုလုပ်ရန်အတွက်လေ့လာရန်အားကစားခန်းမများသို့ ဝင်ရောက်စုံစမ်းလျင်ပထမ
ဆုံးကြုံရသည့်အဖြစ်အပျက်တစ်ခုမှာ၊ထိုသင်တန်းတွင်လေ့ကျင့်ကစားနေသောကစားသမားများသည်
အလေးမဆန့် မပြဲမကာငယ်သံပါအောင်အော်ဟစ်ပြီးခန္ဓာကိုယ်ကိုနတ်ဝင်သည်လိုရှေ့ နောက်ဘယ်
ညာတိမ်းရင်းယိမ်းရင်းလေ့ကျင့်နေကြသည်ကိုအထူးအဆန်းသဖွယ်မြင်ဖူးကြပေလိမ့်မည်ဖြစ်သည်။
ယခုဆောင်းပါးသည်ထိုသရုပ်ပျက်၊rocker ကစားသမားများ၏လုပ်ဆောင်ချက်ထိရောက်မှုရှိမရှိ
သုတေသနပြုထားသောဆောင်းပါးဖြစ်သည်။
အလေးဖြင့်လေ့ကျင့်ခန်းပြုလုပ်မည်ဆိုပါက၊ အလေးဖြင့်လှုပ်ရှားမှုအချိန်အဆ(range of motion)
ကိုသိထားရမည်ဖြစ်သည်။ဥပမာ-ရင်အုပ်တွန်းသည်ဆိုပါကအလေးတန်းကိုရင်အုပ်နှင့်ထိနေရာမှအ
ပေါ်သို့ တဖြည်းဖြည်းခြင်းညှစ်တွန်းပြီးလက်တစ်ဆန့် အရောက်တွင်ခဏထိန်းကာအလေးကိုဖြည်း
ဖြည်းခြင်းရင်အုံနှင့်ထိသည်အထိပြန်ချခြင်းကိုအပြည့်အ၀ချိန်ဆလေ့ကျင့်ခြင်း (full range of motion) ဟုခေါ်သည်။ဤစနစ်ဖြင့်လေ့ကျင့်ပါကအလေးများများမနိုင်မည်မဟုတ်ပါ။သို့ သော်
ကြွက်သားများပိုမိုလှပပုံစံကျစွာပေါ်လွင်လာမည်ဖြစ်သည်။ဂျင်မ်များတွင်တွေ့ ရတတ်သည့်
အလေးမဆန့် မပြဲပုံမကျပန်းမကျ၊လှုပ်ရှားမှုတစ်ဝက်တစ်ပျက်လေ့ကျင့်ခြင်းကို (partial or shorter range of motion) ဟုခေါ်သည်။ထိုစနစ်သည်အလေးများများပို၍မနိုင်သည်ဖြစ်သည့်အတွက်လူသစ်
များပို၍သဘောကျတတ်ကြသည်။ဤစနစ်သည်အခန့် မသင့်ပါကဒဏ်ရာအလွယ်တကူရစေနိုင်သည်။
More weight =More muscle ဟူသောအဆိုကလည်းရှိပြန်ရာမည်သည့်စနစ်ဖြင့်လေ့ကျင့်ရမည်
နည်းဟူသောမေးခွန်းသည်၊ကစားသမားများအကြားဒွိဟအဖြစ်စေနိုင်ဆုံးသောမေးခွန်းတစ်ခု
ဖြစ်မြဲဖြစ်နေရခြင်းဖြစ်သည်။
ထိုမေးခွန်း၏အဖြေအတွက်၊သုတေသီများကရက်သတ္တပါတ်ရှစ်ပါတ်အကြာ၊ကစားသမားများကိုအုပ်စု
နှစ်စုခွဲပြီးလေ့လာကြည့်ရာ၊ဖော်ပြအံ့သောရလာဒ်များထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။Full range of motion ဖြင့်လေ့ကျင့်သူများသည်အလေးများများစားစားမနိုင်သော်လည်း၊ကြွက်သားအပေါ်အလေး
ဝန်ဖိအားပေးချိန်ကြာသည့်အတွက်ကြွက်သားမျှင်များကြီးထွားမှုပိုမိုလွယ်ကူသည့်အပြင်၊သန်စွမ်းမှု
လည်းတိုးလာနိုင်ကြောင်းတွေ့ ရှိရသည်။Short range of motion ဖြင့်လေ့ကျင့်သူများသည်အဓိက
အားဖြင့်ခွန်အားပိုမိုသန်စွမ်းလာပြီးကြွက်သားကြီးထွားမှုအပေါ်သက်ရောက်မှုအနည်းငယ်သာရှိသည်
ကိုလည်းတွေ့ ရှိရသည်။
ထို့ ကြောင့်ခန္ဓာကိုယ်ကြီးထွားလိုသူများသည်၊လူအထင်ကြီးစေရန်အလေးများများဖြင့်တစ်ဝက်တစ်
ပျက်မကစားဘဲစနစ်တကျသာလေ့ကျင့်သင့်ပါကြောင်း၊တက်ကြွမှုသက်သက်ဖြင့်ရွှေသမင်အလိုက်
မမှားမိစေရန်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
 Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com

Saturday, June 7, 2014

ကာယဗလသမားများစားသင့်သောအာဟာရ-၈မျိုး

 ရုပ်သည်အာဟာရကိုမှီ၏ဟူသောဆိုရိုးအတိုင်းပင်၊ရုပ်ခန္ဓာစည်ပင်တိုးပွားအောင်လေ့ကျင့်ရသည့်
ကာယဗလအားကစားသမားများအတွက်အာဟာရသည်အခြေခံအကျဆုံးသောလိုအပ်ချက်တစ်ရပ်
ပင်မဟုတ်လော။မည်မျှပင်အဆင့်မြင့်ကောင်းမွန်သည့်လေ့ကျင့်နည်းပရိုဂရမ်များဖြင့်လေ့ကျင့်စေကာမူ
အာဟာရမပြည့်ဝပါကရလာဒ်သုညပင်ဖြစ်ပေလိမ့်မည်။ထို့ ကြောင့်ကာယဗလ၀ါသနာရှင်ညီငယ်များ
အတွက်ဆန္ဒရှိတိုင်းပန်းတိုင်ရောက်စေမည့်အာဟာရအမျိုးအစားများအကြောင်းကိုတင်ဆက်ပေးလိုက်
ရခြင်းဖြစ်ပါသည်။
၁-အမဲသား
ခန္ဓာကိုယ်ကြီးထွားစေရေးတွင်အမဲသား၏စွမ်းဆောင်နိုင်စွမ်းကိုကျော်လွှားနိုင်သည့်အာဟာရမရှိသေး
ပေ။အမဲသားတွင်သွေးဖြည်တည်မှုအားကောင်းစေသောသံဓါတ်၊ကြွက်သားတည်ဆောက်မှုအတွက်
အရေးပါသော creatine ပေါများစွာပါဝင်သည်။အမဲသားကိုရွေးချယ်စားသုံးရာတွင်အဆီများသော
အသားများကိုရှောင်ပြီးအဆီနည်းနိုင်သမျှနည်းသောမိုးခိုသား၊ပေါင်စသောအစိတ်အပိုင်းများကိုရွေး
ချယ်ဝယ်ယူစားသုံးသင့်ပါသည်။တစ်နေ့ ကိုအမဲသားတစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်မျှစားဖြစ်အောင်စား
ပါ။
၂-ကြက်သားနှင့်ကြက်ဆင်သား
ခြောက်အောင်စမျှရှိသော၊အရေခွံမပါသည့်ကြက်ရင်အုပ်တစ်ခုတွင်၊ပရိုတိန်း၄၀-ဂရမ်နှင့်အဆီ၂-ဂရမ်
သာပါဝင်သည်။ထိုပမာဏမျှသောကြက်ဆင်သားတွင်ပရိုတိန်း၄၂-ဂရမ်နှင့်အဆီ၁-ဂရမ်သာပါဝင်
သည်။ကျွန်တော်တို့ နိုင်ငံတွင်ကြက်ဆင်သားဈေးကြီးသည့်အတွက်ကြက်သားကိုသာအလွယ်တကူ
ဝယ်ယူမှီဝဲနိုင်ပါသည်။ခန္ဓာကိုယ်ထုတင်ချိန်တွင်အစာကျေလွယ်၊အာဟာရဖြစ်လွယ်သောကြက်သား
ကိုတစ်နေ့ လျင်နှစ်ကြိမ်မှလေးကြိမ်အထိစားနိုင်ပါသည်။
၃-ဥများ
ဥများဟုဆိုရာဝယ်ကြက်ဥ၊ဘဲဥ၊ငုံးဥများအကြုံးဝင်သော်လည်းနိုင်ငံတကာတွင်ကာယဗလသမားများ
အာဟာရအတွက်ဥဟုဆိုလိုက်လျင်ကြက်ဥကိုသာပြေးမြင်သည့်အတွက်ဤဆောင်းပါးတွင်အဓိက
ကြက်ဥကိုသာရည်ညွှန်းခြင်းဖြစ်သည်။ကြက်ဥတွင်ဗိုက်တာမင်နှင့်သတ္တုဓါတ်များအပြင်အဆင့်အမြင့်
ဆုံးသောပရိုတိန်းအမျိုးအစားများပါဝင်သည်။အဆင့်အမြင့်ဆုံးသောပရိုတိန်းအမျိုးအစားဟုဆိုရခြင်း
မှာခန္ဓာကိုယ်မှထိုဥပရိုတိန်းကိုစုပ်ယူနိုင်သလောက်မည်သည့်အာဟာရများမှထိုမျှလောက်ခန္ဓာကိုယ်က
မစုပ်ယူနိုင်သည့်အတွက်ပင်ဖြစ်သည်။အဆီရှောင်လိုပါက၊တစ်နေ့ လျင်ကြက်ဥအကာချည်းပဲလေးလုံး
နှင့်အနှစ်ရောအကာပါနှစ်လုံးစားသုံးနိုင်ပါသည်။ထိုသို့ စားသုံးလျင်ပရိုတိန်း ၂၈-ဂရမ်နှင့်အဆီ၁၀-ဂရမ်
ရရှိမည်ဖြစ်သည်။
၎-တူနာငါး
ငါးအမျိုးအစားရာချီသည့်အထဲတွင်မှကာယဗလသမားများအတွက်အကောင်းဆုံးသောငါးမှာတူနာငါး
ဖြစ်သည်။တူနာငါးတွင်ပရိုတိန်းပါဝင်နှုန်းမြင့်မားပြီးခြောက်အောင်စတွင်ပရိုတန်း၄၄-ဂရမ်ပါဝင်သည်။
၅-နို့ 
နို့ နှင့်နို့ ထွက်ပစ္စည်းများသည်ခန္ဓာကိုယ်အတွင်းတွင်အမိုင်နိုအက်ဆစ်ကိုနာရီပေါင်းများစွာကြာအောင်
ဖြည့်စွက်ပေးနိုင်သည်။အဆီမပါနို့ ၈-အောင်စတစ်ခွက်တွင်ပရိုတိန်း၈-ဂရမ်၊ကယ်လစီယမ်နှင့်ဗိုက်တာ
မင်ဒီများစွာပါဝင်ပြီးအရိုးများကျန်းမာကြံ့ခိုင်စေနိုင်မှု၊ကြွက်သားခွန်အားနှင့်ကြွက်သားကြီးထွားမှုအပြင်
အဆီကျစေနိုင်ခြင်းစသောအကျိုးကျေးဇူးများကိုရရှိနိုင်ပါသည်။
၆-ဆန်လုံးညို
သာမန်ဆန်ဖြူနှင့်ဆန်လုံးညိုတို့ တွင်ကာဗိုဟိုက်ဒရိတ်ပါဝင်သည်မှာတူညီသော်လည်း၊ဆန်လုံးညို
သည်ဆန်ဖြူကဲ့သို့ မဟုတ်ဘဲခန္ဓာကိုယ်ထဲတွင်တဖြည်းဖြည်းချင်းသာကြေညက်သည်ဖြစ်၍သွေးတွင်း
သကြားပမာဏကိုထိန်းထားပေးနိုင်ပြီး၊အင်အားလည်းပြည့်နေစေနိုင်ပါသည်။ထို့ အပြင်ဆန်ဖြူတွင်
မရနိုင်သည့်ဆန်လုံးညို၏အားသာချက်မှာ၎င်း၏အပြင်ဆုံးအလွှာသည်၊ဗိုက်တာမင်ဘီ၆ပါဝင်ပြီး
အာဟာရဓါတ်ပိုမိုပြည့်ဝသည့်အားသာချက်ရှိနေပေသည်။တစ်နေ့ ကိုနှစ်ကြိမ်စားပါ။သို့ သော်
ညနေငါးနာရီနောက်ပိုင်းမှီဝဲခြင်းကိုတတ်နိုင်သမျှထိန်းချုပ်ပါ။
၇-ကန်ဇွန်းဥ
ကာယဗလသမားများအတွက်နောက်ထပ်အကောင်းဆုံးသောကာဗိုဟိုက်ဒရိတ်တစ်မျိုးမှာကန်ဇွန်းဥ
ပင်ဖြစ်သည်။အထူးသဖြင့်မြန်မာအခေါ်ရွှေကန်ဇွန်းဥသည်ပိုကောင်းသောအာဟာရဖြစ်သည်။
ထိုကန်ဇွန်းဥတစ်ပန်းကန်းတွင်လူတစ်ယောက်တစ်နေ့ မှီဝဲသင့်သောဗိုက်တာမင်စီနှင့်ပိုတက်ဆီယမ်ပ
မာဏထက်ပိုသောအာဟာရများပါဝင်သည့်အတွက်တစ်နေ့ ကိုရှစ်အောင်စခန့် မှီဝဲနိုင်ပါသည်။
၈-အခွံမာသီးနှင်အစေ့အဆန်များ
နေ့ လည်အဆာပြေသွားရေစာအနေနှင့်အာဟာရဓါတ်ပြည့်ဝသောအခွံမာသီးနှင့်အစေ့အဆန်များကို
လက်တစ်ခုပ်စာစားသုံးပါက၊နှလုံးရောဂါကိုလျော့ချပေးနိုင်သည့်အပြင်ကောင်းသောအဆီနှင့်
ဓါတ်တိုးဆန့် ကျင်ပစ္စည်းများလည်းပြည့်ဝလုံလောက်စွာရနိုင်မည်ဖြစ်သည်။
လိုအပ်သောအာဟာရကိုလုံလောက်စွာရွေးချယ်စားသောက်နိုင်သူများဖြစ်စေရန်ဆန္ဒပြုလျက်---


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com






ကြွက်သားများ (အောက်ပိုင်း ) အတွက်စူပါစက်လေ.ကျင်.ခန်း(၃)မျိုး

 
 အပေါ်ပိုင်းကြွက်သားများကိုစူပါစက်လေ.ကျင်.နည်းးများရေးသားဖော်ပြခဲ.ပြီးနောက်အောက်ပိုင်းကြွက်သား
များအတွက်(စူပါစက်ဖြင်.ကစားရသော)လေ.ကျင်.ခန်းအတွဲ (၃)မျိုးကိုဆက်လက်ဖော်ပြပါမည်။
လေ.ကျင်.ခန်းအတွဲ (၁)
Front Squat အလေးအရှေ.သို.ထမ်းပြီးထိုင်ထ ၁၀ကြိမ် တစ်ဆက်တည်းကစားရမည်.လေ.ကျင်.ခန်းမှာ ကြိုးခုန်ခြင်း (၅)မိနစ်
 ထိုကဲ.သို.တစ်ဆက်တည်းလေ.ကျင်.ခြင်း ၃ကျော.ကစားရပါမည်။
လေ.ကျင်.ခန်းအတွဲ(၂)
Dumbbell Lung ဘားတိုကိုင်လမ်းလျှောက် ၈ကြိမ် တစ်ဆက်တည်းPull Through ခေါ်အလေးပြားကိုင်ပြီး(သို.)ကေဗယ်ကြိုးဖြင်.အပေါ်သို.ဆွဲတင်ခြင်း ၈ ကြိမ် စသည်.အတွဲကို ၃ကျော.
လေ.ကျင်.ခန်းအတွဲ(၃)
Sled Push  ခေါ် အလေးတင်ထားသောခုံတွန်းခြင်း(၆၀)ပေ နှင်.
Side Lunge ခေါ် အလေးထမ်းပြီးခြေတစ်ဘက်ဘေးဘက်သို.ဆန်.ခြင်း ၈ကြိမ် ၊ထိုလေ.ကျင်.ခန်းများ ၃ကျော.လေ.ကျင်.ပါမည်။ဖော်ပြခဲ.သောလေ.ကျင်.ခန်းအတွဲ
 (၃)မျိုးသည်အောက်ပိုင်းကြွက်သားများကိုထိရောက်စေသောစူပါစက်လေ.ကျင်.ခန်းများဖြစ်ပါသည်။

Ref: Super sets for lower body by Weider Principle workout
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-
စိုင်းသီဟကျော်စန်း


email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan




P H A T “Power Hypertrophy Adaptive Training”လေ.ကျင်.နည်း(၂)

 
 P HAT လေ.ကျင်.နည်းများမှပထမ(၂)ရက်လေ.ကျင်.ခန်းများကိုဖော်ပြခဲ.ပြီးနောက်ကျန်သော လေ.ကျင်.
နည်း(၃)ရက်မှ လေ.ကျင်.နည်း (၂)ရက်ကိုဆက်လက်ဖော်ပြပါမည်။
 Day (4)နောက်ကျော၊ပုခုံး၊အတွက်
(၁)ခါးကိုင်းလှေလှော်Bent over barbell rows(အနိုင်ဆုံးအလေး၏၆၅%-၇၀%ဖြင်.) ၃-၅ကြိမ် ၆ကျော.
(၂)ခြေနှစ်ဘက်ခုံပေါ်တင်ပြီးရင်ဘတ်ထိအောင်ဘားဆွဲခြင်းRack Chin ၈-၁၂ ကြိမ် ၃ကျော.
(၃)ထိုင်လျှက်ကေဗယ်ကြိုးဖြင်.လှေလှော် ၈-၁၂ ကြိမ် ၃ကျော.
(၄) ဘားတိုဖြင်.လှေလှော်၁၂-၁၅ ကြိမ် ၂ကျော.
(၅)လက်အကျဉ်းဖြင်.ရင်ဘတ်သို.ပူလီဆွဲချ Close grip pulldowns ၁၅-၂၀ကြိမ်၂ ကျော.
(၆) ထိုင်လျှက်ဘားတိုပုခုံးတွန်း ၈-၁၂ကြိမ် ၃ကျော.
(ရ) ဘားရှည်ဖြင်.မေးစေ.သို.ဆွဲတင်ခြင်းUpright rows ၁၂-၁၅ကြိမ် ၂ကျော.
(၈)ဘားတိုဖြင်.ပုခုံးဘေးတိုက်မြှောက် Side lateral raises ၁၂-၂၀ ကြိမ် ၃ကျော.စသည်.လေ.ကျင်.ခန်းများသည်(၄)ရက်မြှောက်နေ.အတွက်လေ.ကျင်.ခန်းများဖြစ်ပါသည်။တတိ
ယနေ.မှာနားရက်ဖြစ်ပါသည်။ထိုနေ.တွင်ကာဒီရိုလေ.ကျင်.ခန်း(၂၀)မိနစ်ခန်.ေ၇ချိုးခါနီးလေ.ကျင်.နိုင်ပါ
သည်။ဖော်ပြခဲ.သောလေ.ကျင်.ခန်းများမှာနောက်ကျောအတွက်လေ.ကျင်.ခန်း(၅)မျိုးနှင်.ပုခုံးအတွက်လေ
.ကျင်.ခန်း(၃)မျိုးတို.ဖြစ်ပါသည်။
Day (5)(၅)ရက်မြှောက်နေ.တွင်ကစားရမည်.လေ.ကျင်.ခန်းများကိုဆက်လက်ဖော်ပြရလျှင်
(၁)Full Squat ပေါင်အပြည်.ထိုင်(အနိုင်ဆုံးအလေး၏၆၅%-၇၀%ဖြင်.) ၃-၅ကြိမ် ၆ကျော.
(၂) Hack Squat ပေါင်+ဒူး+ခြေ စုပြီးထိုင်ခြင်း ၈-၁၂ ကြိမ် ၃ကျော.
(၃)Leg Press ပေါင်ကန်လေ.ကျင်.ခန်း ၁၂-၁၅ကြိမ် ၃ကျော.
(၄)Leg Extension ပေါင်ရှေ.သားဆန်.ခြင်း ၁၅-၂၀ကြိမ် ၃ကျော.
(၅)Romanian Dead Liftဒူးဆန်.ဒတ်လစ်ဆွဲ ၈-၁၂ကြိမ် ၃ကျော.
(၆)Lying leg curl မှောက်လျှက်ပေါင်နောက်သားဆွဲ ၁၂-၁၅ကြိမ် ၂ကျော.
(၇)ှSeated Leg Curl ထိုင်လျှက်ပေါင်နောက်သားဆွဲ ၁၅-၂၀ကြိမ် ၂ကျော.
(၈)Donkey Calf raise ကျောပေါ်အလေးတင်ပြီးခြေသလုံးကြွ ၁၀-၁၅ ကြိမ် ၄ကျော.
(၉)Seated calf raise ထိုင်လျှက်ခြေသလုံးကြွ ၁၅-၂၀ ကြိမ်၃ကျော.စသည်လေ.ကျင်.ခန်းများတွင်ပေါင်အတွက်လေ.ကျင်.ခန်း(၇)မျိုးနှင်.ခြေသလုံးအတွက်(၂)
မျိုးပါဝင်ပါသည်။ အထက်ဖော်ပြခဲ.သောP H ATလေ.ကျင်.ခန်းများကိုလေ.ကျင်.ခြင်းသည်
ခွန်အားသန်စွမ်းလာစေရန်အထောက်အကူပြုပါသည်။အလားတူပင်ကြီးထွားခြင်းကိုလည်းအားပေးသည်.
ဆိုသည်.အကြောင်းေ၇းသားဖော်ပြလိုက်ပ်ါသည်။
Ref:       P H A T “Power Hypertrophy Adaptive Training”     by Alex Borja B.S. SPT, HFS
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-
စိုင်းသီဟကျော်စန်း


email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan