arial" action="like" colorscheme="light">
Sunday, May 27, 2012
အလျင်လိုနေကြပြီလား?
တိုးတက်ပြောင်းလဲနေသောနည်းပညာခေတ်၊2012-ခုနှစ်တွင်အရာရာသည်တစ်နေ့ ထက်တစ်နေ့ 
အရှိန်အဟုန်နှင့်တိုးတက်ပြောင်းလဲလာနေကြသလိုကာယဗလနယ်ပယ်တွင်လည်းအကောင်းရော၊
အဆိုးပါဦးတည်စေသည့်ပြောင်းလဲမှုများစွာလည်းဖြစ်ပေါ်လာနေပေသည်။ထိုတိုးတက်မှုတိုင်းသည်
ကောင်းပါရဲ့ လားဆိုသည်ကတော့အငြင်းပွားစရာပြသနာများဖြစ်နေပေသည်။
 တစ်နေ့ ထုံးစံအတိုင်းကျွန်တော်သည်ဂိုလ်းဂျမ်တွင်အာရိုက်နေစဉ်လူငယ်တစ်ယောက်က၊ကျွန်တော့်
ကိုလာမိတ်ဆက်ပြီးသူသည် www.myanmarfitness.com ၏ပရိတ်သတ်ဖြစ်ကြောင်းကိုပါပြောဆို
ပြီးနောက်သူသည်အချိန်မဆိုင်းဘဲ**ကိုနိုင်ဦး-ကိုဆေးများနှင့်ပါတ်သက်ပြီးမေးလို့ ရပါသလား**ဟု
ပြောရာကျွန်တော်ကရပါတယ်ညီလေးသိချင်တာပြောပါဟုဆိုပြီးကာယဗလဖြည့်စွက်ဆေးများရနိုင်
သည့်နေရာများကိုညွှန်ပြပေးသော်လည်းသူကလိုက်လံမှတ်သားခြင်းမပြုသည်ကိုဂရုပြုမိသည်။ထို့ 
နောက်တွင်မှသူဘာကြောင့်လိုက်မမှတ်သားသည့်အဖြေထွက်လာပါသည်။သူက***ကိုနိုင်ဦး၊ကျွန်
တော်သိချင်တာကဟိုဆေးတွေလေဗျာ။ကိုနိုင်ဦးအဆက်အသွယ်ရှိယင်ပြောပါလား***ဟုပြောသော
အခါမှသာသူပြောသောဟိုဆေးဆိုသည်မှာ steroid များဖြစ်ကြောင်းကိုသဘောပေါက်လေတော့
သည်။ကျွန်တော့်အနေနှင့်သူ့ မေးခွန်းကိုတော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်သွားသော်လည်း
သူ့ ကိုအမှန်ပြင်သင့်သည်ဟုထင်သည့်အတွက်ညီလေးမင်းပြောနေတဲ့စတီးရွိုက်ကိုဘာကြောင့်သုံးခြင်
တာလဲဟုဆိုရာမဆိုင်းမတွပင်လည်းကောင်းကကြွက်သားထုအလျင်အမြန်တက်လို၍ဟုအဖြေပေး၏။
ထိုအခါတွင်မှကျွန်တော်သည်သူ့ ကိုသနားလည်းသနား၊ဒေါသလည်းထွက်ထွက်နှင့်မင်းစတီးရွိုက်သုံး
ရင်ကြီးမယ်လို့ ထင်သလား၊။စတီးရွိုက်သုံးလို့ ကြီးထွားလာစတမ်းဆိုရင်စတီးရွိုက်ထုတ်လုပ်ရောင်း
ချသူတွေဟာမောင်အိုလံပီယာတွေဖြစ်ကုန်မှာပေါ့။မင်းစဉ်းစားကြည့်စမ်းဟုဆိုရာသူသည်ခေါင်းငိုက်
စိုက်ဖြင့်ကျွန်တော်ကာယဗလလေ့ကျင့်တာနှစ်နှစ်ကျော်လာပြီ၊ဒါပေမဲ့ထူးခြားမှုမရှိသလောက်ပါပဲဟု
စိတ်ပျက်လက်ပျက်တင်ပြလာ၏။
ထိုအခါကျွန်တော်ကမင်းခန္ဓာကိုယ်မကြီးထွားရတဲ့အဓိကအချက်ကမင်းသည်လုံလုံလောက်လောက်မစားလို
မနည်းရှင်းပြရ၏။အကျဉ်းချုံ့ ပြီးလိုရင်းတိုရှင်းပြောရမည်ဆိုပါကယုံကြည်လွဲမှားမှုများနှင့်ရှင်သန်ကြီး
ပြင်းလာသောယနေ့ ခေတ်လူငယ်ကာယဗလ၀ါသနာရှင်လေးများကိုအဓိကပြောလိုသည်မှာကျန်းမာ
ခြင်းသည်ဘ၀၏တန်ဖိုးထားသင့်သောရတနာပင်ဖြစ်သည်။ခေတ္တလူမြင်ကွင်းအတွင်းဖိုက်တာလုပ်လို
၍မိမိ၏ဘ၀တစ်ခုလုံးကိုထိခိုက်စေမည့်အရာများကိုလက်တည့်စမ်းခြင်းမှရှောင်ကြဉ်ကြပါ။ထို့ အပြင်
တစ်ကယ်ကိုခန္ဓာကိုယ်ကြီးထွားလိုပါကသင်သည်လုံလောက်စွာစားပြီးပြင်းပြင်းထန်ထန်လေ့ကျင့်ကာ
အိပ်ရေး၀၀အိပ်ပါသလားဟုမိမိကိုယ်ကိုအရင်မေးပါ။ပြီးမှပြင်မှအကူအညီကောင်းများကိုရှာဖွေရန်နည်း
ပေးလမ်းပြပြုလုပ်ပေးနိုင်သည့် www.myanmarfitness.com နှင့်လက်တွဲထားပါဟုအကြံပြုလိုပါ
သည်။ကျွန်တော်တို့ ဆိုက်မှလမ်းညွှန်ချက်များကိုတစ်သွေမတိမ်းလိုက်နာလေ့ကျင့်ပါ။သင့်ကြီးထွား
မှုကိုကျွန်တော်တို့ ကအာမခံပါသည်။ထို့ ကြောင်အလျင်လိုလမ်းအိုကိုသာလိုက်ကြပါ။ဖြတ်လမ်းကို
မလိုက်ကြပါနှင့်။ကာယဗလလေ့ကျင့်သူအားလုံးကျန်းမာ၊သန်စွမ်းနိုင်ကြပါစေကြောင်းကိုဆန္ဒပြုရင်း-
                                                                                                    တင်ဆက်သူ---
                                                                                                    နိုင်ဦး---119
လီးလာဘရာဒါ၏ခြေသလုံးကစားနည်းအကြံပြုချက်
လီးလာဘရာဒါဆိုသည်နှင့်ကမ္ဘာ့ကာယဗလ၀ါသနာရှင်များမျက်စိထဲတွင်အချိုးစားခပ်လှလှ၊မာဆယ်
ကွာလတီကောင်းကောင်းနှင့်အရပ်ပုပု၊ရုပ်ဖြောင့်ဖြောင့်ကာယဗလမောင်ကိုမျက်စိထဲတွင်မြင်လာ
မည်ဖြစ်သည်။လီးလာဘရာဒါသည်မောင်အိုလံပီယာပြိုင်ပွဲတွင်နှစ်ကြိမ်တိုင်တိုင်ဒုတိယရဖူးသည်မှာ
သူ၏ဘက်စုံပြည့်စုံသောကြွက်သားအလှအပကြောင့်ဖြစ်သည်။ယခုသူ၏ခြေသလုံကစားနည်းအကြံ
ပြုချက်အချို့ ကိုတင်ပြပေးလိုက်ပါသည်။
လီးလာဘရာဒါက၊***ခြေသလုံးကိုထိထိရောက်ရောက်ကစားလိုလျင်တော့နာကျင်မှုကိုခင်တွယ်နိုင်မှ
ဖြစ်မယ်။လူတစ်ယောက်နှင့်တစ်ယောက်ခန္ဓာကိုယ်ဖွဲ့ စည်းပုံမတူညီမှုကနာကျင်မှုကိုလက်ခံနိုင်စွမ်း
တွင်လည်းကွဲပြားစေနိုင်သည်။ခြေသလုံးလေ့ကျင့်ရာတွင်နောက်တစ်ကြိမ်ထပ်မံမလေ့ကျင့်နိုင်လောက်
အောင်နာကျင်သည်အထိလေ့ကျင့်ပါ။နာကျင်မှုကိုလျစ်လျူရှုပြီးမလေ့ကျင့်နိုင်ဘူးဆိုရင်တော့သင်
ဘယ်တော့မှခြေသလုံးကြွက်သားတွေမကြီးထွားနိုင်တော့ဘူးဆိုတာကိုသိထားပါ။****လို့ တင်ပြ
သွားပါတယ်။
လီးလာဘရာဒါ၏ကိုယ်ဟန်ပြဗီဒီယိုလေးများကိုတင်ပြပေးလိုက်ပါတယ်။
                                                                                                       တင်ဆက်သူ---
                                                                                                        နိုင်ဦး---119
Email---intensemuscle@gmail.com
www.myanmarfitness.com
Saturday, May 19, 2012
ကာယဗလသမားများဂရုပြုရန်
ကျွန်တော်တို့ အလွန်အမင်းနှစ်ခြိုက်စွဲလမ်းဝါသနာပါသောကာယဗလသည်ကမ္ဘာပေါ်တွင်ဘောလုံး
ကဲ့သို့ သောအားကစားနည်းများ၏ဆယ်ပုံတစ်ပုံလောက်ပင်လူကြိုက်မများသည့်အပြင်၊လူအများ
စုသည်ကာယဗလလေ့ကျင့်သူများကိုအမျိုးမျိုးနှိမ့်ချဝေဖန်စော်ကားမော်ကားပြုလိုကြသည်။ဥပမာ-
မြန်မာပြည်၏နို့ ဆီဗူးကြော်ငြာတစ်ခုတွင်ကာယဗလမောင်တစ်ယောက်ကိုခလေးငယ်တစ်ယောက်
ကရင့်ရင့်သီးသီးပြောလိုက်သည့်ပုံစံသည်ကျွန်တော့်မျက်စိထဲတွင်အတော်ပင်နောက်သွားကာ
ခံရလည်းအလွန်ခက်လှပါသည်။ထိုကာယဗလမောင်သည်အဘယ်အကြောင်းကြောင့်ဤကဲ့သို့ 
အစော်ကားခံ၍ရိုက်ကူးသည်ကိုမသိပါ။သို့ သော်သေချာသည်တစ်ခုကတော့မီဒီယာများတွင်ကာ
ယဗလသမားများကိုလေးစားမှုအပြည့်အ၀မပေးသည်နှင့်လူထု၏အထင်မှားအမြင်မှားနေမှုက
တော့သိသာလှပါသည်။နောက်တစ်ချက်ကထိုမီဒီယာများနှင့်လူထုသည်ကျန်းမာခြင်း၏တန်ဖိုး
ကိုမသိသလို၊ကာယဗလ၏ကျန်းမာရေးအတွက်ရောဘ၀အတွက်ပါမည်မျှအထောက်အကူပြုနိုင်
ကြောင်းကိုအတိအကျမသိခြင်းပင်ဖြစ်သည်။
ကာယဗလမောင်များအနှိမ့်ခံရခြင်း၏အခြေခံအကြောင်းအရင်းတစ်ခုမှာကာယဗလမောင်များ၏မဆင်
မခြင်ပြုမူချက်များကြောင့်လည်းဖြစ်သည်။ထိုသို့ အခြေအနေအချိန်အခါကိုမသိဘဲပွဲမလုပ်သင့်သည့်
အချက်အချို့ ကိုတင်ပြပေးလိုက်ပါသည်။
1-ဂျင်မ်ထဲတွင်လိုအပ်သည်ထက်ပို၍အသံမထုတ်ပါနှင့်။ဆိုလိုသည်မှာအလေးများများဖြင့်လေ့ကျင့်နေ
လျင်သော်လည်းကောင်း၊လူတွင်ကျယ်လုပ်လို၍အော်ကျယ်ဟစ်ကျယ်စကားပြောခြင်းကိုလည်း
ကောင်းရှောင်ပါ။အထူးသဖြင့်လူအများစုသည်ပေါင်နှစ်ရာ့ငါးဆယ်လောက်အောက်ပိုင်းထိုင်လိုက်သည်
နှင့်ငရဲမီးကိုနင်းမိသည့်ပမာအသံပြဲကြီးများနှစ်အော်ဟစ်မာန်သွင်းတတ်ပါသည်။မိတ်ဆွေအော်၍အင်တန်း
စစ်တီး intensity ခေါ်ပြင်းအားလည်းမတိုးတက်လာသလိုကြွက်သားလည်းမကြီးထွားလာပါ။ထို့ 
ကြောင့်လူကြားထဲဂေါ်ဇီလာပမာအသံမထုတ်ပါနှင့်။သင့်ကိုလူတွေအာရုံစိုက်စေလိုပါကတစ်ခြား
သောအဆင့်တန်းရှိသည့်နည်းလမ်းကိုသုံးပါ။
 2-အလေးများများလေးကစားလိုက်သည်နှင့်တစ်လောကလုံးထင်သလိုမကြဲလိုက်ပါနှင့်။စည်းကမ်း
သည်လူ၏တန်ဖိုးဖြစ်သည်။သင်ပစ်ထားသောအလေးများကိုတိုက်မိသူသည်မည်သို့ ဒုက္ခဖြစ်မည်
ကိုတွေးကြည့်ပါလေ။နောက်တစ်ချက်ကသင်များများမနိုင်သောအလေးကိုလူတိုင်းမမနိုင်ပါ။ကိုယ်ချင်း
မည်နည်း။
3-မျက်နှာကြောမတင်းပါနှင့်။ခန္ဓာကိုယ်ကြီးထွားတိုင်းမာန်မတက်ပါနှင့်။ခန္ဓာကိုယ်ကြီးတိုင်းကြီးကျယ်
မြင့်မြတ်သည်ဆိုလျင်တောထဲမှဆင်များသည်သစ်လုံးမဆွဲဘဲလူများ၏ကိုးကိုယ်ခံရာဖြစ်နေမည်မဟုတ်
ပါလား။သင်မပြောနှင့်ဂျေးကတ်လာပင်လျင်လူ့ လောကထဲတွင်ဘာမှမဟုတ်ပါ။သူသည်နယ်ပယ်တစ်
ခုတွင်သာချန်ပီယံဖြစ်ပြီးတစ်လောကလုံးကိုလွှမ်းမိုးနိုင်သူမဟုတ်ပါ။လူတိုင်းတွင်တန်ဖိုးကိုယ်စီရှိကြပါ
သည်။ထို့ ကြောင့်ပညာရှိပီသပါ။လူတိုင်းကိုတန်ဖိုးထားကာမျက်နှာချင်းဆိုင်မိလျင်ပြုံးပြနိုင်အောင်ကြိုး
စားပါ။
4-သိပ်အကြွားမလွန်ပါနှင့်။ကာယဗလသမားအများစုသည်မာန်တက်သူများနှင့်အကြွားလွန်သူများသာ
အရေအတွက်သိပ်များနေကြသည်။ကာယဗလမောင်များသည်လူကြားထဲရောက်လျင်လက်မောင်းညှစ်ပြ
လိုက်၊ဟိုဟာပြလိုက်၊သည်ဟာပြလိုက်နှင့်မျောက်အုန်းသီးရသလိုဖြစ်နေတတ်ကြသည်။သင့်ပြကွက်
များကြောင့်လူအချို့ စိတ်အားတက်ကြွနိုင်သော်လည်းအများစုမှာမူမိမိကိုယ်ကိုသိမ်ငယ်ခြင်း၊မနာလို
ခြင်းစသည်များကိုတစ်ပြိုင်နက်တည်းခံစားရမည်ဖြစ်သည်။သင့်ကြောင့်အခြားလူများကိုလည်းစိတ်အ
နှောက်အယှက်မဖြစ်ပါစေနှင့်။
ကာယဗလမောင်များသည်အများမြင်ကွင်းတွင်ကာတွန်းရုပ်မဖြစ်စေရေးအတွက်ဤဆောင်းပါးကိုရေး
ရခြင်းဖြစ်ပါသည်။ကာယဗလမောင်များအားလုံးခန္ဓာကိုယ်ကြီးထွားသလိုစိတ်ဓါတ်များသည်လည်း
ပြည့်ဝရင့်သန်ကြပါစေ။
                                                                                                       တင်ဆက်သူ---
                                        နိုင်ဦး---119
Email---intensemuscle@gmail.com
www.myanmarfitness.com
လက်မောင်းအတွက်အကြံပြုချက်ကိုးချက်
ကာယဗလလေ့ကျင့်သူများအကြားတွင်ရော၊ကာယဗလနှင့်မသက်ဆိုင်သည့်လူသာမန်များအကြား
တွင်ပါရေပန်းအစားဆုံးကြွက်သားအုပ်စုဖြစ်သည့်လက်မောင်းကြွက်သားကြီးထွားစေမည့်၊လျို့ ဝှက်
ချက်9-ချက်ကိုစုစည်းတင်ပြပေးလိုက်ပါသည်။
1-လက်မောင်းလေ့ကျင့်ရာတွင်လက်ပက်လက်တန်းခိုတက်(close grip chin up) နှင့်ခုံနှစ်ခုံကြား
သို့ မဟုတ်တန်းနှစ်တန်းကြာလက်ထောက်တွန်းတင် (dips )လေ့ကျင့်ခန်းများကိုများများလေ့ကျင့်
ပါ။
2-အလေးများများဖြင့်အလျင်အမြန်တုံ့ ပြန်သောကြွက်သားများဖြစ်သည့် (fast twitch fibers)များကို
လှုံ့ ဆော်ပြီး၊အလေးနည်းနည်းအကြိမ်ပေါ့ပေါ့ဖြင့်တဖြည်းဖြည်းချင်းပြန်လည်တုံ့ ပြန်သည့်ကြွက်သား
များဖြစ်သည့် (slow twitch fibers )များကိုပါလှုံ့ ဆော်လေ့ကျင့်ပါ။
3-ဖြစ်နိုင်လျင်လက်မောင်းကိုသင့်အောက်ပိုင်းကစားသည့်နေ့ တွင်လေ့ကျင့်ပါ။အထူးသဖြင့်ခန္ဓာကိုယ်
အပေါ်ပိုင်းကြွက်သားများလေ့ကျင့်ချိန်နှင့်ဝေးလေကောင်းလေဖြစ်သည်။
4-အချိန်တစ်လ၊နှစ်လလောက်ကိုအားနည်းသည့်လက်မောင်းကြွက်သားအစိတ်အပိုင်း(နောက်သား၊
သို့ မဟုတ်ရှေ့ သား)ကိုဦးစားပေးလေ့ကျင့်ပေးပါ။
5-ထိုသို့ ဦးစားပေးလေ့ကျင့်သည့်အချိန်တွင်လက်မောင်းကြွက်သားများသည်ကြွက်သားအသေးစား
လေးများဖြစ်သည့်အတွက်အလျင်အမြန်အားပြည့်နိုင်သောကြောင့်ပမာဏအနည်းငယ်ပို၍ကစားနိုင်
သလို၊လေ့ကျင့်ချိန်အနည်းငယ်လည်းပို၍ကစားနိုင်ပါသည်။
6-လက်မောင်းနောက်သားနှင့်အရှေ့ သားကိုအညီအမျှကစားပါ။
7-လက်မောင်းနောက်သားများသည်အလေးများများကိုခံနိုင်ရည်ရှိသဖြင့်လည်းကောင်းတို့ ကိုဟဲဗီး
လေ့ကျင့်နိုင်ပါသည်။
8-တစ်ကျော့နှင့်တစ်ကျော့အကြားရော၊နောက်ဆုံးအကျော့အပြီးတွင်ပါလက်မောင်းသားများကိုအ
ကြောလျော့ပါ။
9-လက်မောင်းလေ့ကျင့်ချိန်တိုင်းတွင်အလေးကိုတိုးတိုးပြီးကစားသွားနိုင်အောင်ကြိုးစားပါ။
အထက်ပါတင်ပြချက်လေးများသည်တိုတောင်းသော်လည်းအလွန်ထိရောက်သည့်အတွက်ဂရုတစိုက်
လေ့ကျင့်ပေးပါ။မကြာမှီသင့်လက်မောင်းများကိုသင်အားရလာပါလိမ့်မည်။
                                                                                                       တင်ဆက်သူ---
                                        နိုင်ဦး---119
Email---intensemuscle@gmail.com
www.myanmarfitness.com
Sunday, May 13, 2012
T-များများထွက်ပြီး၊ကြီးထွားမှုကိုအထောက်အကူပြုသောလေ့ကျင့်နည်းပုံစံ
ကျွန်တော်တို့ ကာယဗလမောင်များအသည်းအသန်လိုအပ်သောကျားဟိုမုန်း
ဖြစ်သည့်တက်စတိုစတီရုန်းကိုအထွက်တိုးစေရန်အမျိုးမျိုးကြိုးစားလာကြသည်။အဘယ်ကြောင့်ဆို
သော်တက်စတိုစတီရုန်းသည်ကြွက်သားထုတက်စေရေးအတွက်အလွန်အရေးပါသောဟိုမုန်းဖြစ်သည့်
အတွက်ဖြစ်သည်။ထိုဟိုမုန်းအတွက်အနောက်နိုင်ငံများတွင်တော့ဖြည့်စွက်ဆေးများကိုမျိုးစုံထုတ်လုပ်
ရောင်းချနေကြသော်လည်းကျွန်တော်တို့ြ့မန်မာ့ကစားသမားများအတွက်ကားစမ်းတစ်ဝါးဝါးပင်ရှိ
နေတုန်းပင်ဖြစ်သည်။
အနောက်တိုင်းသိပ္ပံပညာရှင်များကလည်းကိုယ်တွင်းတွင်တက်စတိုစတီရုန်း
သဘာဝအတိုင်းထွက်ရှိစေရန်အတွက်အထောက်အကူပြုစေမည့်အချက်များစွာကိုသုတေသနပြုလုပ်
တင်ပြလာကြသည်။ထိုအချက်များသည်ကျွန်တော့်တို့ အတွက်ကားအဖိုးမဖြတ်နိုင်အောင်တန်ဖိုးရှိလှ
ပေသည်။ဘုရားသခင်၏ကျေးဇူးတော်ကြောင့်ကျွန်တော်သည်ထိုအချက်များကိုလေ့လာမိသည့်အ
လျောက်ကျွန်တော့်ထံလေ့ကျင့်နည်းပရိုဂရမ်တောင်းဆိုလာသူများကိုစနစ်တကျကောင်းမွန်သောပရို
ဂရမ်လေးများဖြင့်အခမဲ့ကူညီပေးခဲ့ရာလည်းကောင်းတို့ သည်များစွာအကျိုးထူးခဲ့ကြောင်းကိုစာဖြင့်တစ်
ဖုံ၊လူတွေ့ တစ်မျိုး၊ဖုန်းဖြင့်တစ်လီဝမ်းသာအားရအကြောင်းကြားလာခဲ့ကြသည်။ကျွန်တော်ပေးထား
ခဲ့သမျှသောပရိုဂရမ်များကိုမကောင်းကြောင်းအထောက်အထားများနှင့်တင်ပြနိုင်သူရှိလျင်ထွက်ခဲ့ပါ
ဟုချဲလင့်စ်ခေါ်ပါသည်။ကျွန်တော့်ပရိုဂရမ်များသည်သိပံ္ပနည်းကျသီအိုရီများကိုအခြေခံထားသော၊ကျိုး
ကြောင်းဆီလျော်သည့်ပရိုဂရမ်များဖြစ်ကြောင်းကိုကျွန်တော်အာမခံပါသည်။
ကျွန်တော်တို့ နိုင်ငံကာယဗလလေ့ကျင့်သူအတော်များများ၏အတော်ဆိုးသည့်
အချက်တစ်ခုမှာ၊မိမိတို့ ဦးနှောက်လေးဖြင့်တစ်လောကလုံးကိုတိုင်းတာတတ်ကြခြင်းပင်ဖြစ်သည်။သိပ္ပံ
ကဘာလဲ။အတွေ့ အကြုံကဘာလဲ။သုတေသနဆိုတာဘာလဲလုံးဝမသိဘဲနှင့်မိမိတို့ ပေါ်ပြူလာဖြစ်လို
ဇောနှင့်ပေါ်ပြူလာဖြစ်နေသူကိုဝိုင်းဖိုက်လိုကြခြင်းဖြစ်သည်။မိတ်ဆွေမနိုင်သောတိုက်ပွဲကိုမတိုက်ခြင်း
ကပိုကောင်းသည်မဟုတ်ပါလား။ကျွန်တော့်တို့ မြန်မာဖစ်တနက်စ်ဝိုင်းတော်သားသုံးဦးလုံးကိုကွယ်ရာ
တွင်မကောင်းပြောကာဝေဖန်ကြသူအများစုမှာပြည်တွင်းမှမတောက်တစ်ခေါက်ဂျင်မ်ပိုင်ရှင်များ၊နှင့်
ဆယ်တန်းမအောင်သောနည်းပြများသာဖြစ်သည်။ထိုသူများသည်ဖိုက်လိုဇောဖြင့်သာဖိုက်နေကြသော်
လည်းကျွန်တော်တို့ ၏နည်းခံနေကြရသောတပည့်ကျော်ကြီးများသာဖြစ်သည်။အဘယ်ကြောင့်ဆို
သော်ကျွန်တော်တို့ ဆိုက်ကတင်ပြသမျှကိုလည်းမဖတ်ရလျင်လည်းမနေနိုင်၊ဖတ်ပြီးပြန်လျင်လည်း
လက်တွေ့ အသုံးမချရလျင်အစာမကြေပြန်ကြပေ။ထိုသူများ၏တကဲ့အတွင်းမှအမှန်တစ်ရားမှာကား
ကျန်ကာယဗလလေ့ကျင့်သူအားလုံးအသိပညာဗဟုသုတများလာလေလေ၊လည်းကောင်းတို့ ဆေး
ညာရောင်းပြီးရိုက်စားလုပ်လို့ မရလေလေဖြစ်သောကြောင့်ဖြစ်သည်။ကျွန်တော်သည်ယခုအထက်ပါ
အချက်များကိုတင်ပြနေရခြင်းမှာမည်သူ့ ကိုမျှစော်ကားပြောဆိုခြင်းမဟုတ်ပါ။မည်သူ့ ကိုမျှအတိအကျ
မရည်ရွယ်ပါ။ယေဘူယျသဘောကိုသာခြုံ၍ပြောခြင်းဖြစ်သည်။တိုက်ဆိုင်မှုများရှိပါကဆောရီးပါနော်။
လိုရင်းကိုဆက်ရမည်ဆိုပါက၊ကျွန်တော့်ပရိုဂရမ်ကိုရယူဖူးသူတိုင်းသိကြသည့်
အချက်မှာကျွန်တော်သည်မည်သည့်အခါမျှကြွက်သားအုပ်စုတစ်ခုတည်းကိုသာကစားချိန်တစ်ချိန်တွင်
မလေ့ကျင့်ခိုင်းပါ။ထို့ အပြင်အောက်ပိုင်းစကွပ်ထိုင်သည့်နေ့ တွင်ခန္ဓာကိုယ်အပေါ်ပိုင်းကိုတွဲဖက်လေ့
ကျင့်စေကြောင်းကိုအားလုံးသိကြပြီးဖြစ်သည်။ဤသည်ကိုပြည်တွင်းမှဂျင်မ်ပိုင်ရှင်အကျော်အမော်ချာ
တူးလန်များနှင့်ကြောင်စီကွေးနည်းပြတစ်ချို့ ကတော့ဝေဖန်ကြသည်မှာ၊ခန္ဓာကိုယ်အောက်ပိုင်းကစား
ပြီးအပေါ်ပိုင်းမှကြွက်သာအုပ်စုတစ်ချို့ ကိုတွဲကစားပါကမကြီးထွားနိုင်သည့်အပြင်သေးသွားနိုင်
ကြောင်းကိုမျက်စိမှိတ်စိတ်ကူးယဉ်ပြီးဝေဖန်နေကြသည်။ဤအချက်သည်မှန်မမှန်ကိုတော့ကမ္ဘာ
ကျော်လေ့ကျင့်နည်းသုတေသီများဖြစ်ကြသည့် Jacob Wilson, Ph.D., နှင့် Gabriel Wilson, Ph.D.,
တို့ သည်လေ့ကျင့်ခန်းပြုလုပ်သူများကိုလက်မောင်းကိုသီးသန့် လေ့ကျင့်သောအုပ်စုနှင့်၊အောက်ပိုင်း
ထိုင်ပြီးမှလက်မောင်းလေ့ကျင့်သူများအုပ်စုဟူ၍နှစ်စုခွဲပြီးလေ့လာကြည့်ရာတွေ့ ရှိချက်များကိုအောက်
ပါအတိုင်းတင်ပြခဲ့ကြသည်။***“As predicted, the arms trained with legs achieved an increase in the part of the biceps with the largest cross-sectional area—the biceps peak—while no changes occurred in the arms trained alone. The arms trained with legs also had greater relative improvement in biceps curl strength than the arms trained alone as well as other favorable muscle adaptations.”***
ကဲမိတ်ဆွေ၊အထက်ပါတင်ပြချက်အရကာယဗလလေ့ကျင့်နည်း၏စိတ်လှုပ်ရှားဖွယ်ရာ
အနှစ်ချုပ်ကိုပြောရမည်ဆိုပါကခက်ခဲပြင်းထန်သောလေ့ကျင့်ခန်များဖြစ်သည့် compound exercises
များကိုလေ့ကျင့်ပြီးချိန်မှလက်မောင်းကိုလေ့ကျင့်ပါကလက်မောင်းကြွက်သားများကြီးထွားလာပြီး၊ထို
ကြွက်သားများ၏သန်စွမ်းမှုခွန်အားလည်းတိုးတက်လာသည်ကအထင်အရှားဖြစ်သည်။ထို့ ကြောင့်
သင့်တွင်အားနည်းသောကြွက်သားအစိတ်အပိုင်းရှိပါကထိုကြွက်သားကိုစကွပ်ထိုင်ခြင်း၊ဒတ်လတ်ဖ်
ဆွဲခြင်းစသောလေ့ကျင့်ခန်းများလေ့ကျင့်ပြီးချိန်မှသာလေ့ကျင့်ပါကအလွယ်တကူကြီးထွားလာမည့်
အပြင်တက်စတိုစတီရုန်းလည်းအထွက်ကောင်းလာပေမည်။
ထို့ ကြောင့်မိတ်ဆွေလောက၏အမှန်တရားတစ်ခုမှာမိမိမသိသည်ကိုမိမိသိခြင်း
ပင်ဖြစ်သည်။လောကတွင်မိမိကိုယ်ကိုအမှန်အတိုင်းအတိအကျမြင်ခြင်းသည်အကြီးမြတ်ဆုံးသောပ
ညာဖြစ်သည်ကိုမှတ်သားထားပါ။ထို့ အပြင်ကျွန်တော်နိုင်ဦး-119နှင့် Myanmar fitness ၀ိုင်းတော်
သားများသည်မိမိတို့တတ်သိသမျှကိုတစ်ဆင့်ပြန်လည်ဝေမျှနေခြင်းသာဖြစ်သည်။ကျွန်တော်တို့ သည်
အသိဆုံး၊အတတ်ဆုံးပုဂ္ဂိုလ်များမဟုတ်ပါ။အကယ်၍လောကတွင်အသိဆုံးအတတ်ဆုံးဖြစ်မှသူတစ်ပါးကို
ပညာမျှဝေပါဟုသင်ဝေဖန်လိုပါကရှိပါစေတော့။မတုံ့ ပြန်တော့ပါ။ပညာဟူသည်ပုခက်တွင်းမှ
သင်းချိုင်းအတွင်းအထိရှာမှီးနေရသည့်နက်နဲသောသဘောရိှသည့်အလျောက်လောကတွင်ဘုရားမှ
အပမည်သူမျှအသိဆုံးအတတ်ဆုံးမဟုတ်ကြပါ။ထို့ကြောင့်စဉ်ဆက်မပြတ်လေ့လာနေကြသော၊
မပြည့်စုံကြသေးသည့်ကျွန်တော်တို့ ၏အကြံဥာဏ်၊ဗဟုသုတ၊ပညာများကိုလေးစားစွာရယူလိုသူ
များကိုကျွန်တော်တို ဖက်မှလည်းအစွမ်းကုန်ကူညီရန်အသင့်ရှိပါကြောင်းကိုလေးစားစွာ
တင်ပြလိုက်ပါသည်။
                                        တင်ဆက်သူ---
                                        နိုင်ဦး---119
Email---intensemuscle@gmail.com
www.myanmarfitness.com
အနာဘိုးလစ်ဒိန်ချဉ်
2007-ခုနှစ်တွင်ကျင်းပသော International Society of Sports Nutrition (ISSN) conference
ကဒိန်ချဉ်မှီဝဲခြင်းနှင့်ပါတ်သက်ပြီးစိတ်ဝင်စားဖွယ်ရာသုတေသနအချို့ ကိုတင်ပြခဲ့ပါသည်။2007-ခုနှစ်
မတိုင်မှီကလည်းဒိန်ချဉ်ကဲ့သို့ သောနို့ ထွက်ပစ္စည်းများထဲတွင်ပါဝင်သောကယ်လစီယမ်နှင့်ဗိုက်တာမင်
ဒီဓါတ်သည်ကြွက်သားထုတက်စေကြောင်းနှင့်အဆီကျနှုန်းကိုတိုးတက်စေကြောင်းကိုတင်ပြခဲ့ပြီးဖြစ်
သော်လည်းယခုတင်ပြချက်သည်အထက်ပါအာဟာရဖြစ်သောဒိန်ချဉ်နှင့်ကာယဗလလေ့ကျင့်ခန်းများ
ကိုပေါင်းစပ်အသုံးပြုခြင်း၏ရလာဒ်ကိုတင်ပြပေးထားခြင်းဖြစ်သည်။
ပျမ်းမျှအသက်-19နှစ်ဝန်းကျင်ရှိသော၊ကာယလေ့ကျင့်ခန်းများမပြုလုပ်ဖူးသူ၊ကယ်လစီယမ်လုံလောက်
စွာမသုံးသူအမျိုးသမီး၊35ဦးကိုရှစ်ပါတ်အထိ၊အလေးများဖြင့်လေ့ကျင့်ခန်းပြုလုပ်စေပြီးလည်းကောင်းတို့ 
ကိုအုပ်စုသုံးစုခွဲကာထိုအုပ်စုသုံးစုကိုဒိန်ချဉ်၊ပရိုတိန်းနှင့်ကာဗိုဟိုက်ဒရိတ်များစားသုံးသောအုပ်စု
များအဖြစ်ခွဲခြားကာစမ်းသပ်လေ့လာကြည့်ခဲ့ကြသည်။ဒိန်ချဉ်မှီဝဲသောအုပ်စုကိုတစ်နေ့  လျင်သုံးကြိမ်၊
တစ်ခါမှီဝဲသောဒိန်ချဉ်တွင်ကယ်လစီယမ်-200မီလီဂရမ်နှင့်ဗိုက်တာမင်ဒီ -40ယူနစ်ပါအောင်အသုံးပြု
စေပြီးကျန်အုပ်စုနှစ်ခုကိုမူထုံးစံအတိုင်းကယ်လစီယမ်မလုံမလောက်သာအသုံးပြုစေသည်။
 ထိုအုပ်စုသုံးစုလုံးသည်လေ့ကျင့်ပြီးပြီးခြင်းတွင်ဒိန်ချဉ်အုပ်စုသည်အထက်တွင်တင်ပြခဲ့သည့်ပမာဏ
အတိုင်းမှီဝဲပြီး၊ပရိုတိန်းအုပ်စုသည်ဈေးကွက်ထဲမှကယ်လစီယမ်နှင့်ဗိုက်တာမင်ဒီမပါဝင်သောသာမန်ဖြည့်
စွက်ပရိုတိန်းငါးဂရမ်နှင့်ကာဗိုဟိုက်ဒရိတ် 19-ဂရမ်ကိုစားသုံးပြီး၊ကာဗိုဟိုက်ဒရိတ်အုပ်စုသည်ကာဗို
ဟိုက်ဒရိတ် 25-ဂရမ်ကိုမှီဝဲကြသည်။ထိုအုပ်စုသုံးခုလုံးသည်ထိုအချိန်တွင်ကယ်လိုရီ-100 စီသာအညီ
အမျှမှီဝဲကြခြင်းဖြစ်သည်။
သတ်မှတ်သောစမ်းသပ်ချိန်ကာလပြည့်ချိန်တွင်၊ရလာဒ်များကိုလေ့လာကြည့်သောအခါသိပ္ပံပညာရှင်
များကြိုတင်မှန်းဆထားသည်ထက်ပို၍ပင်ဒိန်ချဉ်မှီဝဲသောအုပ်စုကကယ်လစီယမ်နှင့်ဗိုက်တာမင်ဒီပိုလျံ
နေကာ၊ကြွက်သားစစ်စစ်ထုထည်လည်းအများဆုံးတိုးတက်လာပြီး၊လည်းကောင်း၏အကျိုးကျေးဇူး
ကြောင့်အဆီလောင်ကျွမ်းမှု့ နှုန်းလည်းမြင့်လာသည့်အပြင်ခွန်အားလည်းအုပ်စုသုံးခုလုံးတွင်အ
ကောင်းဆုံးတိုးတက်လာသည်ကိုမျက်ဝါးထင်ထင်တွေ့ မြင်ခဲ့ရသည်။
ထို့ ကြောင့်အုပ်စုသုံးခုလုံးသည်ပရိုတိန်းကိုမတိမ်းမယိမ်းသုံးစွဲခဲ့သော်လည်းဒိန်ချဉ်သုံးစွဲသည့်အုပ်
စုသည်ကယ်လစီယမ်နှင့်ဗိုက်တာမင်ဒီပိုမိုရရှိကာအထက်ပါအကျိုးကျေးဇူးများကိုခံစားခဲ့ကြရသည့်
အတွက်အချိန်ရှိတိုင်းမိမိတို့ ချွေးနည်းစာကိုဖြည့်စွက်ဆေးများဝယ်သုံးကာဖြုန်းလိုသူများသည်သတိ
ပြုဆင်ခြင်သင့်သလိုဆေးမသုံးနိုင်၍စိတ်ပျက်အားငယ်နေသူများကလည်းအမျိုးသမီးများတွင်ပင်ကြွက်
သားထုတက်စေပြီးအဆီကျစေသောဤနည်းကိုအမျိုးသားများအနေနှင့်အသုံးပြုသင့်ပါကြောင်းကို
အထောက်အထားလေးနှင့်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
Ref: White, K., et al. (2007). Yogurt consumption during resistance training increases muscle mass and strength in young women. Presented at the 2007 ISSN conference, Las Vegas, Nevada.
                                                                                                                    တင်ဆက်သူ---
                                                                                                                     နိုင်ဦး---119
Email---intensemuscle@gmail.com
www.myanmarfitness.com
Sunday, May 6, 2012
အမျိုးသား fitness models ပြိုင်ပွဲများ
ယခုတစ်ခါတော့မကြာမှီမြန်မာပြည်တွင်ခေတ်စားလာဖွယ်ရှိသော fitness models ပြိုင်ပွဲများနှင့်
ပါတ်သက်ပြီးအများလေ့လာနိုင်ရန်အထူးသဖြင့်ပြိုင်ပွဲဝင်လိုသူများအတွက်ဖြစ်သည်။
                                                                                                တင်ဆက်သူ---နိုင်ဦး---119
email---intensemuscle@gmail.com
www.myanmarfitness.com
အနာဘိုးလစ်အသီး
ကြွက်သားတည်ဆောက်မှု့ ဖြစ်စဉ်ကိုအနားဘိုးလစ်ဟုခေါ်သည်။ထိုအနားဘိုးလစ်ဖြစ်စဉ်ကိုဖြစ်စေ
သောအချက်များစွာရှိသော်လည်းလူတိုင်းသည်အပြည့်အ၀မသိကြပေ။ထို့ကြောင့်လည်းကျွန်တော်
တို့ ကစုစည်းတင်ပြနေခြင်းပင်ဖြစ်သည်။မင်ဘာများကလည်းကျွန်တော်တို့ ကိုလေးစားကာဆရာ
သဖွယ်ပင်လေးလေးစားစာဆက်ဆံကြသည်ကိုကျေနပ်ဖွယ်ခံစားရပါသည်။ဤသည်ကလည်းစေတနာ
၏ရောင်ပြန်ဟုထင်ပါသည်။
            ယခုတစ်ခါတွင်တော့အများသိနေကြသည့်ဆေးပညာအဆိုလေးတစ်ခုဖြစ်
သည့် “Apple: Eat a day, keep the doctors away” ကိုလူတိုင်းသိပြီးဖြစ်သည်။ပန်းသီးတစ်
လုံးနေ့ စဉ်စားသုံးပါကသာမန်ဖျားနာခြင်းကင်းဝေစေသည်ဟုတင်စားပြောလိုခြင်းဖြစ်သည်။ကျွန်တော်
ကတော့ကာယဗလနှင့်ကြံ့ခိုင်မှုနည်းပြဖြစ်သည့်အားလျော်စွာပန်းသီးနှင့်ကြွက်သားတည်ဆောက်
မှုအကြောင်းကိုဆက်နွယ်ပုံလေးကိုတင်ပြပေးလိုက်သည်။ပန်းသီးများသည်အမျှင်ဓါတ်များသောကာ
ဗိုဟိုက်ဒရိတ်ဖြစ်ပြီးတစ်လုံးလျင်ကာဗိုဟိုက်ဒရိတ် 10-ဂရမ်ပါဝင်သည်။
            2011-ခုနှစ်စက်တင်ဘာလထုတ် Health မဂ္ဂဇင်းတွင်ပန်းသီးသည်ကိုလက်
စထရောလ်ကိုကျစေသည်ဟုတင်ပြထားသည်။University of Iowa မှသုတေသနအသစ်တစ်ခုက
တော့ပန်းသီး၏အခွံသည်ကြွက်သားထုတက်စေရန်အကူအညီပေးနိုင်သည်ဟုတင်ပြထားသည့်
အတွက်ပန်းသီးသည်အနာဘိုးလစ်အသီးတစ်ခုဖြစ်သည့်အတွက်ပန်းသီးစားရာတွင်အသားရော
အခွံပါစားရန်မမေ့ပါနှင့်။သို့ မှသာလည်းကောင်း၏အကျိုးကိုအပြည့်အ၀ရနိုင်မည်ဖြစ်သည်။
                                                                                                  တင်ဆက်သူ-နိုင်ဦး---119
email----intensemuscle@gmail.com
www.myanmarfitness.com