arial" action="like" colorscheme="light">

Friday, February 28, 2014

အချိန်မနှောင်းသေးပါဘူး

သင်ကိုယ်ခန္ဓာသည်ကိုယ်အလေးချိန်များနေသည့်အတွက်၊နာကျင်မှုရှိနေသည့်အတွက်ကာယလှုပ်ရှားမှုအ
စီအစဉ်တစ်ခုကိုပြုလုပ်ရန်နောက်ကျနေပြီဟုသင်ထင်နေသလား။ဒါဆိုရင်သင်အထင်အမြင်ဟာအရမ်းကို
မှားနေကြောင်းကိုအောက်ပါအချက်အလက်အချို့ကဖော်ပြပေးပါလိမ့်မယ်။တကယ်တမ်းပြောရမည်ဆိုလျှင်
ကိုယ်အလေးချိန်များသူတစ်ယောက်သည်ပုံမှန်ကိုယ်အလေးချိန်ရှိသူတစ်ယောက်ပြုလုပ်သည့်လေ့ကျင့်ခန်း
ကိုလိုက်ပြီးတူညီစွာပြုလုပ်ပါကကယ်လိုရီပိုမိုလောင်ကျွှမ်းမည်ဖြစ်သည်။ဥပမာ။။ပေါင်(၁၂၀)
 ရှိသူတစ်ယောက်သည်တစ်မိနစ်ကြာလမ်းလျှောက်တိုင်း၆ဒဿမ၅ကယ်လိုရီလောင်ကျွမ်းမည်ဖြစ်သော်
လည်းပေါင်၁၈၀ရှိသူအဖို့၉ဒဿမ၅ကယ်လိုရီလောင်ကျွမ်းမည်ဖြစ်သည်။နောက်တစ်မျိုးထပ်ပြီးလေ့လာ
ကြည့်ရင်အဆောက်အအုံတစ်ခု၏အထပ်တစ်ထပ်ပေါ်ေ၇ာက်ရန်ပစ္စည်းတစ်ခုကိုလှေကားနှင့်ထမ်းတင်
ပို့သည့်အခါပေါင်၄၀၀ရှိသည့်ပစ္စည်းတစ်ခုကိုထမ်းတင်ပို့ခြင်းသည်ပေါင်(၂၀၀)ရှိသည့်ပစ္စည်းတစ်ခုကိုပို့ရ
ခြင်းထက်စွမ်းအင်ပိုကုန်မည်ဖြစ်သည်။ထို့ကြောင့်သင်ကိုယ်အလေးချိန်စပြီးကျပြီဆိုသည်နှင့်ပေါင်အနည်း
ငယ်ပင်ဖြစ်စေကာမှုသင့်မှာယခင်ကထက်အားအင်ပိုရှိလာပြီးခန္ဓာကိုယ်ကိုထမ်းရသည့်ဝန်ပိမှုမှာလည်းပိုနည်း
လာမည်ဖြစ်သည်။
Peripheral neuropathy ခေါ်ခြေနှင့်လက်တို့၏အာရုံခံနဗ့်ကြောများထိခိုက်ပျက်စီးမှုရှိနေသူများပင်ကိုယ်လက်လှုပ်ရှား
မှုကြောင့်ခန္ဓာကိုယ်၏အောက်ပိုင်းသို့သွေးစီးဆင်းမှုပိုမိုကောင်းလာသည်။ဆေးပညာရှင်များ၏လေ့လာချက်
များအရလေကျင့်မှုစခန်းဝင်ပုဂ္ဂိုလ်များ၏တွေ့ရှိမှုရလဒ်များကိုမှတ်တမ်းတင်ထားရာနာကျင်မှုဝေဒနာ၇၃ရာ
ခိုင်နှုန်းသက်သာရပြီးလှုပ်ရှားမှုနှင့်ပျော့ပျောင်းမှု၈၁ရာခှိုင်နှုန်းပိုမိုတိုးတက်မှုရရှိလာသည့်အပြင်ဆိုခဲ့သည်
အခြေအနေများတိုးတက်လာမှုကြောင့်အကောင်းမြင်တတ်လာသည့်စိတ်နေသဘောထားနှင့်အနာဂတ်အပေ
ါ်မျှော်လင့်ချက်ထားရှိမှုများ၈၄.၅ရာခိုင်နှုန်းပိုမိုတိုးတက်လာကြောင်းတွေ့ရှိရသည်။ Texas မှMr Gwen(၆၆)နှစ်သည်ခြေထောက်များအမြဲနာကျင်ခြင်းကြောင့်ညညအိပ်မရသည့်ဘ၀၊ခြုံစောင်ပင်ခြေထောက်
အပေါ်မတင်နိုင်သည့်အခြေအနေ၊လမ်းလျှောက်လျှင်ကျောက်တုံးကျောက်ခဲများအပေါ်နင်းမိသလိုခံစားရ
သည့်ဘ၀မှယခုအခါကာယလေ့ကျင့်မှုကြောင့်၁၀၀ရာခိုင်နှုန်းနီးပါးကောင်းမွန်တိုးတက်နေပြီဖြစ်သည်။
Riched(၇၉)နှစ်သည်လည်းဆီးချိုအမျိုးအစားနံပါတ်(၂)ကြောင့်အင်ဆူလင်တစ်ရက်၇၅ယူနစ်ထိုးနေရပြီးလှေ
ကားထစ်မတက်နိုင်ခြင်း၊ခြေအိတ်မစွပ်နိုင်သောအခြေအနေမှတဖြည်းဖြည်းချင်းတိုးတက်လာရာ (၃)နှစ်အကြာတွင်လေးမိုင်လမ်းလျှောက်နိုင်သည့်အပြင်အိမ်ရှေ့မြက်ခင်းပြင်ပေါ်တွင်ကိုယ်တိုင်မြက်ရိတ်စက်
ဖြင့်ရိတ်နိုင်၊လှေကားများကိုလည်းပြေးတက်နိုင်သည့်အပြင်ကိုယ်အလေးချိန်လည်း

(၇၀)ပေါင်ခန့်ကျဆင်းသွားခဲ့သည်။အထူးခြားဆုံးမှာဆရာဝန်ကသူ့ကိုအင်ဆူလင်ဆေးထိုးခြင်းမှရပ်ဆိုင်းလိုက်
ရသည့်အထိအားကစားလေ့ကျင့်မှု၏အကျိုးရလဒ်ကိုသူရရှိခဲ့သည်။ထိုကြောင့်ကျွန်တော်တို့အနေနဲ့လည်းမည်
မျှပင်ကိုယ်အလေးချိန်များလို့မဖြစ်နိုင်ဘူးဆိုပြီးထိုင်တွေးနေမည့်အစားတစ်နေ့တာအချိန်လေးများထဲကမှ
ကာယလေ့ကျင့်မှုအတွက်နာရီဝက်ခန့်အချိန်ပေးနိုင်ရင်တောင်တစ်နေ့ထက်တစ်နေ့အားကစားပြုလုပ်မှုရဲ့
အကျိုးကျေးဇူးတွေကိုဆထက်တစ်ပိုးခံစားလာရမှာအသေအချာလို့ပြောကြားရင်းတစ်နေ့တစ်နေ့စားလိုက်၊
အိပ်လိုက်၊တီဗီကြည့်လိုက်၊ဆိုတဲ့လိုက်(၃)ပါးဘ၀ကနေရုန်းထွက်ပြီးဗီဒီယိုအခွေကြည့်မယ်အချိန်တစ်ပိုင်း
စာလောက်ကိုအားကစားတစ်ခုခုပြုလုပ်ကြရင်အခုချိန်ဟာအချိန်မနှောင်းသေးပါဘူး။ကျွန်တော်ခင်မင်ရသော
အဝေးတစ်နေရာမှအရပ်၅ပေ၅လက်မ၊ကိုယ်အလေးချိန် (၁၈၀)ရှိသူငယ်ချင်းတစ်ယောက်
အတွက်ရည်ရွယ်ရေးသားရင်းဖတ်ရှုသူညီအစ်ကိုတို့လည်းဒီထက်မကအောင်မြင်မှုတွေရနိုင်ပါစေလို့။


အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com


Wednesday, February 26, 2014

ကာယဗလ=အကောင်းဆုံးသောဘ၀သံစဉ်

ကာယဗလဆိုတာဘာလဲ?ယနေ့ ခေတ်လူပေါင်းများစွာသည်ထုးခြားသောရလာဒ်များမမြင်ရဘဲနှင့်
ကာယဗလဟူသောကာယလေ့ကျင့်ခန်းများကိုပြုလုပ်နေကြသည်။ကာယဗလသည်အားကစား
တစ်မျိုးလား?လူအတော်များများသည်ထိုအားကစားနည်းအတွက်ဘ၀ကိုပုံအပ်ထားပြီး၊အခြားသော
ဘ၀တက်လမ်းများကိုလျစ်လျူရှုကာမိမိတို့ ၏ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုကိုပဲအာရုံစိုက်နေလွန်းရာကျ
နေသည့်အတွက်ကာယဗလမောင်များသည်စာရိတ္တပိုင်းဆိုင်ရာများပြည့်စုံပါရဲ့ လားဟုလူအမျိုးမျိုးက
မေးခွန်းထုတ်နေကြကာဝေဖန်သံများကားကြားနေရဆဲဖြစ်သည်။အချို့ သူများကလည်းကာယဗလ
မောင်များသုံးစွဲသောဆေးဝါးများနှင့်ပါတ်သက်ပြီးအမျိုးမျိုးဝေဖန်ကြတုန်းပင်ဖြစ်သည်။
ကျွန်တော်သည်ကာယဗလအားကစားသမား၊နည်းပြ၊ဆောင်းပါးရှင်၊ကလောင်ရှင်ဖြစ်သည့်အားလျော်
စွာကျွန်တော့်အမြင်လေးများကိုစုစည်းတင်ပြပေးထားခြင်းဖြစ်ပါသည်။ကျွန်တော်သည်စိတ်ပညာရှင်၊
ဆေးပညာရှင်မဟုတ်သလိုလူနေမှုဘ၀တည်ဆောက်မှုအတွက်အတိုင်ပင်ခံမဟုတ်သလို၊အကြံပေး
လည်းမဟုတ်ပါ။သို့ သော်ကျွန်တော်ချစ်သော၊ရူးသွပ်စွဲလမ်းသောကာယဗလအားကစားနည်းကိုလူ
အများမြင်နေသည့်သာမန်အားကစားနည်းမျိုးမဟုတ်ကြောင်းကိုတော့အနည်းငယ်တင်ပြလိုပါသည်။
ကျွန်တော်တင်ပြလိုသည့်ကာယဗလအကျိုးကျေးဇူးလေးများမှာ-
၁-ကာယဗလလေ့ကျင့်ခြင်းကြောင့်၊ခန္ဓာကိုယ်သည်သန်စွမ်းလာသည်။ကာယဗလလေ့ကျင့်ခန်းများ
ကိုအလေးများဖြင့်ပြုလုပ်ခြင်းကြောင့်၊ကြွက်သားများကြီးထွားသန်မာလာသလို၊အရွတ်၊အရိုးအကြော
များလည်းသန်စွမ်းလာသည်။
၂-သွေးလည်ပါတ်မှုကောင်းစေ၏။တစ်နေကုန်ရုံးတွင်းအလုပ်လုပ်နေရသူများ၊လှုပ်ရှားမှုနည်းသော
ဘ၀နေထိုင်မှုပုံစံရှိသူများသည်၊လေ့ကျင့်ခန်းများမပြုလုပ်ပါကနှစ်အနည်းငယ်အတွင်း၊သွေးတိုးခြင်း၊
သွေးပေါင်ကျခြင်းနှင့်လိင်စွမ်းဆောင်ရည်ကျဆင်းခြင်းနှင့်ခေါင်းကိုက်ခြင်များအပြင်ခံတွင်းပျက်ခြင်း
အ၀လွန်ခြင်းများကိုခံစားရစေနိုင်ပါသည်။ကာယဗလလေ့ကျင့်ခန်းပြုလုပ်ခြင်းသည်၊အထက်ပါဆိုး
ကျိုးများကိုခံစားရခြင်းမှလွတ်ကင်းသွားစေနိုင်ပါသည်။
၃-ဂျင်မ်တွင်ပုံမှန်အချိန်ယူလေ့ကျင့်သည့်အကျင့်စွဲသွားပါက၊လှပကျန်းမာသောခန္ဓာကိုယ်ကိုအချိန်
တိုအတွင်းပိုင်ဆိုင်သွားစေနိုင်သည့်နည်းလမ်းလေးတစ်ခုဖြစ်ပါသည်။
၎-ကာယဗလလေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့်၊ကာဒီရိုလေ့ကျင့်ခန်များပြုလုပ်ခြင်းသည်၊ကိုယ်တွင်းမှ
ကိုလက်စထရောလ်ပမာဏကိုကျစေပြီး၊သွေးပေါင်ချိန်ကိုပုံမှန်ဖြစ်စေကာ၊အ၀လွန်ခြင်းကိုကာကွယ်
ပေးနိုင်သည့်အပြင်၊ရင်ခေါင်းပိုင်းဆိုင်ရာရောဂါဆိုးများဖြစ်ခြင်းမှကာကွယ်ပေးနိုင်ပါသည်။
၅-ကာယဗလလေ့ကျင့်ခန်းများပြုလုပ်ခြင်းသည်အရိုးပွရောဂါကိုကာကွယ်ပေးနိုင်သည့်ကုန်ကျစားရိတ်
အသက်သာဆုံးသောနည်းလမ်းကောင်းဖြစ်ပြီး၊အရိုးများကိုသန်မာစေပါသည်။
၆-ကာယဗလလေ့ကျင့်ခန်းများကိုပြုလုပ်ခြင်းသည်၊သန်မာစေသလို၊အကြောအခြင်များလည်း၊
ပျော့ပျောင်းစေနိုင်ပါသည်။
၇-ကာယဗလလေ့ကျင့်ခန်းများပြုလုပ်ခြင်းသည်၊နှလုံးကိုသန်မာစေပြီး၊နှလုံးရောဂါဆိုးများမှကာကွယ်
ပေးနိုင်ပါသည်။
၈-ကာယဗလလေ့ကျင့်ခန်းများပြုလုပ်ခြင်းသည်အားကစားသမားများကိုမိမိကိုယ်ကိုမိမိယုံကြည်မှုကို
ပေးစွမ်းနိုင်သည့်နည်းလမ်းကောင်းတစ်ခုဖြစ်သည်။
၉-ကာယဗလလေ့ကျင့်ခြင်းကြောင့်၊သွေးလည်ပါတ်မှုကောင်းစေပြီး၊ဦးနှောက်သို့ အောက်ဆီဂျင်ပိုမို
ရောက်စေကာဦးနှောက်အတွင်းသွေးလည်ပါတ်မှုပိုကောင်းကာစွမ်းဆောင်ရည်ပိုမိုမြင့်စေပြီး၊အကြံ
ဥာဏ်ကောင်းများထွက်လာစေကာဦးနှောက်၏စွမ်းဆောင်ရည်ကိုတိုးတက်စေသည့်အတွက်ကာယဗလ
သည်စိတ်ရောကိုယ်ပါအကျိုးပြုစေသည့်အားကစားနည်းဖြစ်သည်။
၁၀-အထက်ပါအချက်များအပြင်ကာယဗလအားကစားကိုလိုက်စားသူများသည်၊အစားအသောက်
အနေအထိုင်ကိုအထူးဂရုပြုနိုင်ခြင်း၊အသောက်အစားအပျော်အပါးများကိုရှောင်ကြဉ်နိုင်ခြင်း၊မိမိတို့ 
၏ခန္ဓာကိုယ်ရောစိတ်ကိုပါထိန်းချုပ်နိုင်ခြင်း၊ကျန်းမာသန်စွမ်းခြင်း၊မိမိတို့ ကိုယ်ကိုယုံကြည်မှုအပြည့်
ရှိကာ၊ရည်မှန်းချက်ကိုပေါက်ရောက်အောင်တစ်စိုက်မတ်မတ်ပြုလုပ်နိုင်ခြင်း၊တို့ အပြင်သက်တမ်း
စေ့သောဘ၀ကိုရယူနိုင်ကာ၊လိင်ကိစ္စများတွင်လည်းလိုတိုင်းတရနိုင်သည့်သိဒ္ဓိပိုင်ရှင်များလည်း
ဖြစ်ပါသည်။ကာယဗလသမားများ၏စိတ်ပိုင်းဆိုင်ရာအရည်အချင်းများအကြောင်းကိုမကြာမှီတင်ဆက်
ပေးသွားပါမည်။
ဤရက်ပိုင်းအတွင်းအလုပ်များမအားလပ်ခြင်း၊အခြားသောစိတ်ထွေအာရုံနောက်စရာကိစ္စများဖြစ်ပေါ်
နေခြင်းကြောင့်ကျွန်တော်သည်ဆောင်းပါးများ၊ရေးခြင်းကိုတစ်လလောက်နားမည်ဟုစဉ်းစားထား
သော်လည်း၊အချိန်တန်လျင်အင်တာနက်သုံးလျင်သုံးခြင်းမြန်မာဖစ်တနက်စ်ကိုဖွင့်ကြည့်ကာတင်ဆက်
ထားသမျှလေးကိုအငမ်းမရလေ့လာတတ်သည့်မင်ဘာလေးများကိုစဉ်းစားမိသည့်အတွက်၊ဤဆောင်းပါး
ငယ်ကိုရေးသားလိုက်ခြင်းဖြစ်ပါသည်။အကယ်၍အမှားလေးများစိတ်အဆင်မသင့်သည့်အရေးအ
သားလေးများ၊နှင့်သင်တို့ အတွက်မထူးခြားသည့်အကြောင်းအရာများကိုတင်ဆက်မိပါက၊ကျွန်တော့်
ကိုနားလည်ပေးကြပါ။မင်ဘာများကိုလေးစားလျက်-
 ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---

Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com


Sunday, February 23, 2014

မြန်မာ့ဂုဏ်ဆောင် မေသွယ်မောင်

ဒီတစ်ခေါက် MYMSTAR အစီအစဉ် အတွက် မိတ်ဆက် ပေးချင်တဲ့ သူကတော့ အမေရိကန် ပြည်ထောင်စု၊ Oklahoma မြို့မှာ နေထိုင်တဲ့ မြန်မာ ပြည်ဖွား fitness model တစ်ဦး ဖြစ်တဲ့ မေသွယ်မောင် (May T. Maung) ပဲဖြစ်ပါတယ်။ May T. Maung က၂၀၀၄ ခုနှစ် ကတည်းက fitness competition တွေစတင် ယှဉ်ပြိုင် ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ် မှာတော့ National Physique Committee (NPC), USA ကကျင်းပတဲ့ Europa Expo 2012 ပြိုင်ပွဲမှာ Bikini Division ကနေ ဝင်ပြိုင် ပြီးတော့ ဒုတိယဆု ရခဲ့တဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ model စလုပ်ချင် ခဲ့တာ ကတော့ ၂၀၀၆ ခုနှစ်တုန်းက Oxygen fitness magazine မှာ featured အလုပ် ခံရပြီး ကတည်းက ဖြစ်ပါတယ်လို့ အင်တာဗျူး တစ်ခုမှာ ဆိုထား ပါတယ်။ ဒီလိုမျိုး May T. Maung တစ်ယောက် ဆုတွေ ဆွတ်ခူး နိုင်ခဲ့အောင်၊ ကိုယ်ဝါသနာ ပါတဲ့ fitness model တစ်ယောက် အဖြစ် အောင်မြင်အောင် ဘယ်လိုတွေ ကြိုးစားခဲ့ သလဲ ဆိုတာကို သိရအောင် သူ့ကို Facebook ကနေတဆင့် အင်တာဗျူး ဖြစ်ခဲ့ ပါတယ်။ သူ့ရဲ့ အစားအသောက် ပုံစံတွေ၊ training routines တွေက fitness and bodybuilding ကိုစိတ်ဝင် စားတဲ့ ကျွန်တော်တို့လို လူငယ်တွေ အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ။

၁။ ပထမဆုံး May T. Maung ကိုစာဖတ်သူတွေ ရင်းနှီး သွားအောင် နည်းနည်းလောက် မိတ်ဆက် ပေးပါဦး။ A: မင်္ဂလာပါ။ လက်ရှိ နေထိုင် နေတာ ကတော့ Oklahoma City, United States ဖြစ်ပြီး နာမည်ရင်း ကတော့ မေသွယ်မောင်ပါ။ Fitness model နဲ့ fitness competitor တစ်ဦး ဖြစ်တဲ့အပြင် healthcare administrator တစ်ဦးဖြစ်ဖို့ University of Oklahoma, Health and Sciences Center မှာ Master Degree program ကိုအချိန်ပိုင်း တက်ရောက် နေတဲ့ ကျောင်းသူ တစ်ဦးလည်း ဖြစ်ပါတယ်။ Oklahoma Blood Institute က screening and blood specimen testing laboratory မှာလည်း လက်ထောက် ကြီးကြပ် ရေးမှူး (Assisting Supervisor) အဖြစ် လုပ်ဆောင် နေပါတယ်။
၂။ အစ်မက Bodybuilding & Fitness ကိုဘယ်အချိန် ကတည်းက စလုပ်ခဲ့ တာပါလဲ။ အခက်အခဲ တွေရော ရှိခဲ့ပါ သလား။ ပြီးတော့ မိသားစုဝင် တွေနဲ့ သူငယ်ချင်း တွေကရော အစ်မကို အားပေး ခဲ့သလား။ A: အစ်မက လွန်ခဲ့တဲ့ ၁၀နှစ်လောက်က bodybuilder သူငယ်ချင်း တွေဆီကနေ Bodybuilding နဲ့ Fitness ကိုစပြီး သိခဲ့တာပါ။ ၂၀၀၄ ခုနှစ်က အစ်မရဲ့ ပထမဆုံး bodybuilding competition ပြီးတဲ့ နောက်မှာ အစ်မ သိလိုက် တာက နောက်တစ်ခေါက် ထပ်ပြိုင်ချင် သေးတယ် ဆိုတာပါပဲ။ ၂၀၀၆ ခုနှစ် ကောလိပ် ပြီးတဲ့အချိန် ကစပြီး နောက်တစ်ခါ စင်ပေါ် တက်ရအောင် ဆိုပြီး သေသေချာချာ ပြင်းပြင်းထန်ထန် စပြီး လေ့ကျင့် ခဲ့ပါတယ်။ မိသားစုနဲ့ သူငယ်ချင်း တွေကလည်း အစ်မကို အစစ အရာရာ အားပေးနေကျ ဆိုတော့ bodybuilding စလုပ် တော့လည်း သူတို့ အများကြီး အားပေး ခဲ့ပါတယ်။ အစ်မ ဘဝမှာ သူတို့တွေ ရှိနေတဲ့ အတွက် ကိုလည်း အများကြီး ကျေးဇူးတင် မိပါတယ်။
၃။ Bodybuilder တစ်ယောက်နဲ့ Fitness model တစ်ယောက်က ဘယ်လို ကွာခြားချက် တွေများ ရှိပါသလဲ။ ပြီးတော့ အစ်မရဲ့ ရည်မှန်းချက် ကရော ဘာဖြစ်မလဲ။ A: အစ်မကို အများအားဖြင့် bodybuilder တစ်ဦးအဖြစ် သတ်မှတ် ကြမှာပါ။ ဒါပေမယ့် bodybuilding မှာအပိုင်းတွေ အများကြီး ရှိပါတယ်။ ဥပမာ ပြောရရင် အစ်မ ဝင်ပြိုင်ခဲ့ တာတွေဆို bikini division ကနေ ဝင်ပြိုင်ခဲ့ တာပါ။ ဒီ division ကပြိုင်ပွဲဝင်တွေ ယှဉ်ပြိုင် ရမှာက "Fitness model" တစ်ဦးရဲ့ သွယ်လျ ကျစ်လစ် တောင့်တင်းတဲ့ ခန္ဓာကိုယ်မျိုး ဖြစ်ပြီး မိန်းမဆန် ပါသေးတယ်။

၎။ လူတစ်ဦးရဲ့ အစားအသောက် ပုံစံကရော Fitness & Bodybuilding မှာဘယ်လောက် အရေးပါ ပါသလဲ။ A: အစားအသောက် ပုံစံက အရေး အပါဆုံး အရာလို့ ပြောလို့ ရပါတယ်။ မှန်ကန်တဲ့ စားသောက်မှု ပုံစံ မရှိရင် ဘယ်လောက်ပဲ အားကစား လုပ်လုပ် အလကားပဲ ဖြစ်မှာပါ။ Bodybuilder တစ်ယောက် ဖြစ်ဖို့ ဆိုတာ ကြိုးစား အားထုတ်မှုတွေ၊ စိတ်ဓါတ် ခိုင်မာပြီး ပြတ်သားတဲ့ ရည်မှန်းချက် ရှိဖို့ အများကြီး လိုအပ် ပါတယ်။ လောကမှာ တန်ဖိုးရှိတဲ့၊ လိုအပ်တဲ့ အရာတွေ အားလုံးက ဘယ်တော့မှ လွယ်လွယ် ကူကူ ရောက်လာလေ့ မရှိဘူး ဆိုတာ မှတ်ထား ရမှာပါ။
၅။ အစ်မကို အခုလို ကျစ်လစ် တောင့်တင်းတဲ့ ခန္ဓာကိုယ် ရလာ စေတဲ့ အစ်မရဲ့ အားကစား လုပ်နေကြ ပုံစံ (Workout Routine) နဲ့အစားအသောက် ပုံစံကိုလည်း ပြောပြ ပေးပါဦး။ A: အစ်မက ဖြစ်နိုင်ရင် နေ့တိုင်း အားကစား လုပ်ချင် တာပါ။ ဒါပေမယ့် အလုပ်တွေ အရမ်းများပြီး မအားလပ် တဲ့အတွက် ကိုယ့်စိတ်ကြိုက်တော့ အားကစား မလုပ် ဖြစ်ပါဘူး။ တစ်ပတ်လုံးမှာ အနည်းဆုံး cardio exercises လုပ်ချိန် ၄နာရီနဲ့ resistance training အတွက် ၃နာရီ ရှိပြီး အပတ်တိုင်း မပျက်မကွက်တော့ လေ့ကျင့် ဖြစ်ပါတယ်။ အသားဓာတ် (protein) အတွက် ကိုတော့ အဆီနည်းတဲ့ အသားတွေ၊ ငါး၊ poultry၊ ကြက်ဥအကာ (Egg White) နဲ့ whey protein powder တွေ စားလေ့ ရှိပြီး ကစီဓါတ် (carbohydrate) အတွက် ကိုတော့ oats၊ brown rice၊ whole wheat pasta၊ ကန်စွန်းဥ၊ အသီးအနှံ အမျိုးမျိုးနဲ့ ဟင်းသီး ဟင်းရွက်တွေစား ပါတယ်။ Almond butter၊ peanut butter၊ raw almonds၊ ထောပတ်သီးနဲ့ extra virgin coconut oil တွေကတော့ အစ်မ အကြိုက်ဆုံး healthy fats တွေပါ။ ဟင်းတွေ ချက်ပြုတ် တဲ့အခါ coconut oil cooking spray သုံးရတာ သဘောကျ ပါတယ်။ ပြီးတော့ ဟင်းချက် တဲ့အခါ ဘယ်တော့မှ ဆားသုံးလေ့ မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ ဆားက လူ့ခန္ဓာကိုယ် ထဲမှာ ရေဓါတ် အများကြီး သိုလှောင် ထားနိုင် လို့ပါ။ မှန်ကန်တဲ့ အစားအသောက် အလေ့အထ ဖြစ်ဖို့ဆိုရင် ဘယ်အရာ ကိုမှ အလွန်အကျွံ မစားမိဖို့၊ ချင့်ချိန်ပြီး စားသောက်ဖို့က အဓိက ကျပါတယ်။ ပြီးတော့ နေ့တိုင်း ရေများများ သောက်ဖို့ ကလည်း လိုအပ် ပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒါက calorie burn တာကို အားပေးပြီး အသားအရေ လှပ ဖို့လည်း ကူညီပေး လို့ပါ။
၆။ အစ်မ အနေနဲ့ ဖြည့်စွက် အစားအစာတွေ (supplements) တွေရော မှီဝဲပါ သလား။ Supplement မှီဝဲခြင်း အပေါ်ကိုရော ဘယ်လိုမြင် ပါသလဲ။ A: အဓိက အနေ နဲ့တော့ နေ့စဉ် ပုံမှန် အားကစား လုပ်ရာမှာ အကူအညီ ရအောင် pre-workout supplements တွေတော့ သုံးလေ့ ရှိပါတယ်။ ဒါပေမယ့် အခုလို whey protein, creatine စတဲ့ supplements တွေသုံးခြင်း၊ မသုံးခြင်းက ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်ဖို့ (ဥပမာ- ပိန်ချင်တာ (lean) ပဲဖြစ်ဖြစ်၊ ဝချင်တာ (mass gain) ပဲဖြစ်ဖြစ်) အဓိက ကျတဲ့ နေရာ ကနေ မပါဝင် ပါဘူး။ အမြဲတမ်း သတိပြု ရမှာက သဘာဝ အစား အသောက်တွေ (wholefoods, unprocessed foods) တွေကပဲ ခန္ဓာကိုယ် အတွက် အကောင်းဆုံး ဖြစ်တယ် ဆိုတာပါ။ Processed လုပ်ထားတဲ့ အစားအသောက် တွေကို ရှောင်ခြင်းနဲ့ သဘာဝ အစားအစာ တွေကို စားသုံးခြင်း တို့ထက် ခန္ဓာကိုယ် အတွက် ပိုကောင်းတဲ့ အရာ မရှိပါဘူး။


၇။ အခု နောက်ပိုင်း natural bodybuilding ဆိုပြီး လူပြောများ လာကြ ပါတယ်။ Natural bodybuilding ဆိုတာ ဘာပါလဲ။ Supplements တွေအသုံးပြုခြင်း ကရော natural bodybuilding အပေါ် မလိုလား အပ်တဲ့ သက်ရောက်မှုတွေ ရှိပါသလား။ A: Natural bodybuilding မှာ bodybuilders တွေအနေနဲ့ သဘာဝထက် ကျော်လွန်ပြီး အကျိုး သက်ရောက် စေတဲ့ steroids, အင်ဆူလင် (insulins), ကြီးထွား စေသော ဟော်မုန်းတွေ (human growth hormone) စတာ တွေကို လုံးဝ သုံးစွဲခြင်း မရှိရ ပါဘူး။ ဒါပေမယ့် whey protein powder၊ creatine၊ glutamine စတဲ့ supplement ကတော့ နေ့စဉ် စားသောက်နေတဲ့ အစားအစာ တွေထဲမှာလည်း ပါဝင်တဲ့ အတွက် သဘာဝ ပစ္စည်းတွေ အဖြစ် သတ်မှတ် ပြီးတော့ သုံးစွဲလို့ ရပါတယ်။
၈။ အစ်မက ၂၀၁၂ ခုနှစ်က Europa Bikini fitness competition မှာဒုတိယဆု ရခဲ့တယ်လို့ သိရ ပါတယ်။ အဲဒီအတွက် အစ်မအစား ဂုဏ်ယူမိ ပါတယ်။ အဲဒါက အစ်မရဲ့ ပထမဆုံး ပြိုင်ပွဲလား။ အခုလို ဆုရတဲ့ အထိ အောင်မြင်အောင် ပြိုင်ပွဲ အတွက် အစ်မ ဘယ်လို ပြင်ဆင်မှုတွေ လုပ်ခဲ့ရ ပါသလဲ။ A: ကျေးဇူး တင်ပါတယ်။ ဒါက တကယ်တော့ ပထမဆုံး ပြိုင်ပွဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အစ်မက အဲ့ပြိုင်ပွဲ မတိုင်ခင် fitness competitions တွေဝင်ပြိုင် တာကို ရပ်ထားတာ ၅နှစ်လောက် ရှိပြီ ဆိုတော့ ဒါက ပထမဆုံး bikini division မှာပြန်ပြိုင်တဲ့ ပြိုင်ပွဲပါ။ ပြီးတော့ အဲ့ပွဲက တခြား ပြိုင်ပွဲဝင်တွေ အကုန်လုံး ကလည်း အရမ်း လှနေပြီး ခက်ခဲတဲ့ ပြိုင်ပွဲ တစ်ခု ဆိုတော့ ဒုတိယဆု ရတဲ့အခါမှာ အရမ်းပျော်ပြီး တော်တော်ကို စိတ်လှုပ်ရှား နေခဲ့တာပါ။ ပြိုင်ပွဲ အတွက် ပြင်ဆင်ခဲ့တဲ့ အချိန်ကာလ ကတော့ ၁၂ပတ် (၃လ) ကြာမြင့် ပါတယ်။ တစ်ပတ်ကို ၆ရက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ ရတာပါ။ မနက်တိုင်း မိနစ်၃၀ cardiovascular exercise၊ Olympic sized ရေကူးကန်မှာ ၁၅ခေါက် (15 Laps) နဲ့ resistance training အတွက်က မိနစ်၃၀ ကနေ ၄၅မိနစ် အထိ အချိန်ပေးပြီး လေ့ကျင့် ခဲ့တာပါ။ အစားအသောက် ကတော့ အဆီနည်းနည်း (low fat), အသားဓါတ် များများ (high protein) နဲ့ကစီဓါတ် အနည်းငယ် (moderate amount of carbs) ပါဝင်ပြီး သတ်မှတ် ထားတဲ့ အတိုင်း အတိအကျ စားသောက် ခဲ့ပါတယ်။
၉။ မိန်းကလေးတွေ အထူး သဖြင့်တော့ မြန်မာ မိန်းကလေး အများစုက အလေးမ ရမှာ ကြောက်ကြ ပါတယ်။ ဘာလို့လဲ ဆိုတော့ အများအား ဖြင့်တော့ ကျွန်တော်တို့ ကြားရတဲ့ အကြောင်းပြချက် တွေက ကြွက်သားတွေ အရမ်း ကြီးထွားလာပြီး မိန်းကလေး မဆန်တော့မှာ စိုးရိမ်လို့ ပါတဲ့။ အဲဒီအပေါ်ကို အစ်မရဲ့ အမြင်က ဘယ်လို ရှိပါသလဲ။ A: Performance enhancing drugs (ဆေး) တွေမသုံးဘဲ သဘာဝ အတိုင်း အားကစား လုပ်ရင် မိန်းကလေး တွေက ဘယ်လို နည်းနဲ့မှ ကြွက်သား အလွန်အမင်း မကြီးထွား နိုင်လို့ ယောက်ျား တစ်ယောက်နဲ့ တူသွားစရာ အကြောင်း မရှိပါဘူး။ ကြွက်သား ကြီးထွား စေဖို့ လုံလောက်တဲ့ ဟော်မုန်း (testosterone) ကို မိန်းကလေး တွေရဲ့ ခန္ဓာကိုယ်က သာမန် အားဖြင့် ထုတ်ပေးခြင်း မရှိလို့ပါ။ Resistance training (အလေးမခြင်း) ကိုသေသေ ချာချာ လေ့ကျင့် သွားတာက ကိုယ်အလေးချိန် ထိန်းသိမ်း ရာမှာ ကူညီ ပေးရုံတင် မကဘူး၊ စိတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိအောင်ပါ ကူညီ ပေးမှာပါ။ အနားယူ နေတဲ့ အချိန် မှာလည်း ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သား ၁ပေါင်တိုင်း အတွက် ကယ်လိုရီ ငါးဆယ် ပိုပြီးတော့ လောင်ကျွမ်းလေ့ ရှိပါတယ်။ အခုခေတ် မိန်းကလေး တွေဟာ ကိုယ့်ကိုယ်ကို ရပ်တည် နိုင်ရုံတင် မကဘူး၊ သန်မာပြီး ဆွဲဆောင်မှု ရှိကြပါတယ်။
၁၀။ အစ်မ လေးစား အားကျတဲ့၊ အကြိုက်ဆုံး bodybuilder ဒါမှမဟုတ် fitness model ရှိပါသလား။ A: အကြိုက်ဆုံး bodybuilder တို့၊ fitness model တို့ဆိုပြီး သတ်သတ် မရှိပါဘူး။ ဒါပေမယ့် အဲလို lifestyles မျိုးကို ရရှိဖို့ အတွက် ကြိုးစား နေတဲ့ သူတိုင်း၊ သူများ တွေကိုလည်း အဲလိုမျိုး ကြိုးစား လာအောင် တိုက်တွန်း နေတဲ့သူ တွေတိုင်းကို သဘောကျ နှစ်သက် ပါတယ်။
၁၁။ အစ်မလိုမျိုး fitness model တစ်ဦး ဖြစ်ဖို့၊ ဒါမှမဟုတ် bodybuilder တစ်ယောက် ဖြစ်ဖို့ ကြိုးစား နေတဲ့ သူတွေကို ပြောချင်တာများ ရှိပါသလား။ A: ကိုယ့်မှာ ရည်မှန်းချက် ရှိတယ်၊ အိပ်မက် ရှိတယ် ဆိုရင် ဘာပဲ ဖြစ်နေပါစေ ဖြစ်အောင် လုပ်ပါ။ သင်ဟာ ပုံပျက် နေတာပဲ ဖြစ်ပါစေ၊ အရမ်း ဝနေတဲ့ သူပဲ ဖြစ်နေပါစေ ဒါမှမဟုတ် ဘယ်လို စပြီး အားကစားလုပ်ရမယ် ဆိုတာကို နည်းနည်း လေးတောင် မသိတဲ့သူ ဖြစ်နေ ပါစေ အရေးမကြီး ပါဘူး။ ကိုယ်လုပ်ချင်တဲ့ အရာကို စလုပ်လိုက် ဖို့ပဲ အရေးကြီး တာပါ။ အခုချက်ချင်း စလိုက်ပါ၊ မသိတာ တွေကို သိတဲ့သူ တွေဆီက မေးပါ၊ ကိုယ်တိုင် လေ့လာပါ၊ စာအုပ်တွေ ဖတ်ပါ၊ fitness magazines တွေ ဖတ်ပါ၊ အင်တာနက်မှာ articles တွေကို ဖတ်ပါ။ ဘယ်အရာ မဆို ဖြစ်နိုင် ပါတယ်။ သင့်မှာ လုပ်ချင်တဲ့ စိတ်ရှိရင် ဖြစ်နိုင်တဲ့ နည်းလမ်း ဆိုတာ အမြဲရှိ ပါတယ်။
၁၂။ အစ်မကို အားကျတဲ့ သူတွေ၊ အစ်မရဲ့ ပရိသတ်တွေ fitness and bodybuilding နဲ့ပတ်သက်ပြီး အစ်မဆီက အကြံဥာဏ်တွေ တောင်းချင်တဲ့ သူတွေ အတွက် ဘယ်ကနေ ဆက်သွယ်လို့ ရပါသလဲ။ A: Facebook သို့မဟုတ် Instagram ကနေ "May T. Maung" လို့ရှာလို့ ရပါတယ်။ မေးထားတာ တွေကို ပြန်ဖြေ ပေးဖို့ အတွက် ကတော့ တစ်ခါတစ်လေ ကြန့်ကြာတာမျိုး ရှိနိုင်ပါတယ်၊ ဒါပေမယ့် မေးထား တာတွေကို အတတ်နိုင်ဆုံး မြန်မြန် ဖြေကြားပေး သွားမှာပါ။
၁၃။ အစ်မ အနေနဲ့ စာဖတ်သူ ပရိသတ် တွေကို ပြောကြား ချင်သေးတာ တွေများ ရှိပါသလား။ A: အစ်မကို အခုလို မြန်မာ သူငယ်ချင်းတွေ၊ မြန်မာ အသိုင်းအဝိုင်းနဲ့ ထိတွေ့ခွင့် ရအောင် စီစဉ်ပေး ခဲ့တဲ့ ဝေယံနဲ့ MYMSTAR program ကိုကျေးဇူးတင် ပါတယ်။ နောက်ထပ် သိချင်တာ တွေရှိလို့ မေးမြန်းလာ ရင်လည်း ဖြေကြားပေး သွားမှာပါ။ အခုလို ထပ်ပြီး တော့လည်း Myanmar fitness family (မြန်မာ အားကစား အသိုင်းအဝိုင်း)နဲ့ social media ကနေတစ်ဆင့် ဆုံတွေ့ခွင့် ရဦးမယ်လို့ မျှော်လင့် ပါတယ်။ ပြီးတော့ အင်တာဗျူးက မေးမြန်း ထားတာ တွေကို ဖြေကြားပေးဖို့ ကြန့်ကြာ နေတာတွေကို စိတ်ရှည်ရှည်နဲ့ စောင့်စား ပေးနေတဲ့ ဝေယံ့ကိုလည်း ကျေးဇူးတင် ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးပဲ နှစ်သစ်မှာ အောင်မြင်ခြင်း တွေနဲ့ ပြည်စုံ ကြပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ်။
စာဖတ်သူတွေကို တစ်ခုထပ်ပြောချင်တာက fitness နဲ့ပတ်သက်ပြီး မေးမြန်းချင်တာပဲ ဖြစ်ဖြစ် အလွယ်တကူ ရှာလို့ရအောင် သူ့ရဲ့ Facebook နဲ့ Instagram အတွက် link တွေကို ထည့်ပေးလိုက်ပါတယ်။ facebook | instagram | More Photos
 facebook ပေါ်မှသူငယ်ချင်းကိုWunna thantun ရှဲပေးထားတာလေးကိုပြန်တင်ဆက်ပေးလိုက်တာပါ။
မူရင်းတင်ဆက်ထားတဲ့ဆိုက်ကတော့-

http://www.mymclub.net ပါ။


MYMC Interview Team
Interviewer |
WaiYan
Editor -
Arluu
 ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---

Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com





ကြွက်သားကြီးထွားဖို.စွမ်းအားမြင်.နည်းစနစ် Partial Rep Routine (၁)

ပုံမှန်အားဖြင်.ကာယဗလနှင်.ကာယအလှလေ.ကျင်.သူများသည် အပြည်.အ၀တွန်းတင်ခြင်း၊(သို.) ဆွဲချခြင်း ကိုကစားကြပါသည်။ထိုသို.ကစားသည်မှာကောင်းပါသည်။အလားတူပင်ယခုဖော်ပြမည်.
Partial Rep Routine  သဘောတရားမှာ အပြည်.အ၀တွန်းတင်ခြင်း၊(သို.) ဆွဲချခြင်းကိုမတွန်းနိုင် မဆွဲနိုင်တော.သည်.အခြေအနေတွင် ဆက်လက်ပြီးတစ်ဝက်သော်လည်းကောင်း ထိုထက်နည်းသောအတိုင်းအတာနှင်.သော်လည်းကောင်းဆက်ပြီးတွန်း/ဆွဲခြင်းဖြင်.ကစားသောကြွက်သား
အစိတ်အပိုင်းကိုတစ်ကျော.ပြီးဆုံးစေခြင်းဖြစ်ပါသည်။သတိပြုရန်အချက်မှာအပြည်.အ၀တွန်းတင်ခြင်း၊(သို.) ဆွဲချခြင်းကိုကောင်းမွန်ပြည်.၀စွာညှစ်ကစားပြီးမှတစ်ဝက်သော်လည်းကောင်း/ထိုထက်နည်းသောအတိုင်း
အတာဖြင်.သော်လည်းကောင်း ကစားရပါမည်။ ဥပမာလေ.ကျင်.ခန်းအတွဲ ၂ရက်ကစား၁ရက်နား၊ မကစားခင်အကြောလျှော.ပြီး ၂ကျော. သွေးပူအောင်ကစားရပါမည်။
ပေါင်လေ.ကျင်.ခန်း(ပထမနေ.)
အပြည်.ထိုင်   ၁ ကျော. ကို ၁၆ ကြိမ် ( ၁၂ကြိမ်အပြည်.ထိုင်ပြီး  ၄ကြိမ် တစ်ဝက်ထိုင် )
ခြေကန်  ၁ကျော. ၁၀ကြိမ် တွင်( ၆ ကြိမ်အပြည်. ၄ ကြိမ်တစ်ဝက် တွန်း)
ပေါင်ရှေ.သားဆန်.  ၁ ကျော. ကို ၁၂ ကြိမ်  (ရ ကြိမ်အပြည်.၅ ကြိမ် တစ်ဝက်တွန်း)
ပေါင်နောက်သားဆွဲ  ၁ကျော.၁၂ ကြိမ်(၇ကြိမ်အပြည်. ၅ ကြိမ် တစ်ဝက်ဆွဲ)
မတ်တပ်ရပ် ပေါင်နောက်သားဆွဲ ၁ကျော. ၂၀ကြိမ် ကစားပြီးနောက်( ရကြိမ် တစ်ဝက်ဆွဲ)
ဖော်ပြပါလေ.ကျင်.ခန်းအတွဲကို တစ်ကျော.သာကစားသည်ဆိုသော်လည်းအပြည်.မတွန်းနိုင်/မဆွဲနိုင်တော.မှတစ်ဝက်သော်လည်းကောင်း/ထိုထက်နည်းသောအတိုင်းအတာဖြင်.သော်လည်းကောင်း ဆက်ကစားသဖြင်.( 1 in 3 ) ခေါ်တစ်ကျော.ဖြစ်ပေမယ်. အနေအထားကစားပုံ ၃ မျိုး ကစားလိုက်သကဲ.သို. ဖြစ်နေသည်ကိုတွေ.ရပါမည်။ အခြားသောကြွက်သားများအတွက်လေ.ကျင်.ခန်းများကိုလည်းကာယဗလနှင်.ကာယအလှလေ.ကျင်.သူများ
အတွက်ဆက်လက်ဖော်ပြလိုက်ပါသည်။
ရင်အုပ်နှင်.လက်မောင်းနောက်သား (ဒုတိယနေ.)
                    ရင်အုပ်
ခုံရှည်ရင်အုပ်တွန်း ၁ကျော.၈ကြိမ်( ၆ကြိမ်အပြည်.တွန်း ၂ကြိမ် တစ်ဝက်တွန်း)
ခုံစောင်းမှီရင်အုပ်တွန်း ၁ကျော.၈ကြိမ်( ၆ကြိမ်အပြည်.တွန်း ၂ကြိမ် တစ်ဝက်တွန်း)
ခုံစောင်းမှီ ဘားတိုရင်အုပ်ခွဲ ၁ကျော.၁၂ကြိမ်( ၁၀ကြိမ်အပြည်.တွန်း ၂ကြိမ် တစ်ဝက်တွန်း)
                   လက်မောင်းနောက်သား
အိပ်လျှက် ဘားရှည် လက်မောင်းနောက်သားဆွဲ ၁ကျော.၁၀ကြိမ်( ၈ကြိမ်အပြည်.တွန်း ၂ကြိမ် တစ်ဝက်တွန်း)
ပူလီကြိုးနှင်.လက်မောင်းနောက်သားဆွဲချ ၁ကျော.၁၅ကြိမ်( ၁၂ကြိမ်အပြည်.တွန်း ၃ကြိမ် တစ်ဝက်တွန်း)
အထက်ပါလေ.ကျင်.ခန်းအတွဲများသည်ကြီးထွားရန်အတွက်ဇောင်းပေးပြီးရေးဆွဲထားသောလေ.ကျင်.ခန်း
အတွဲဖြစ်ပါသည်။ ထိုလေ.ကျင်.ခန်းအတွဲသည် ၄င်း ကဲ.သို.တွဲစပ်ထားခြင်းမရှိသော အကြိမ်အကျော.များပါဝင်သည်.လေ.ကျင်.ခန်းအတွဲများကို ကြာရှည်စွာကစားခဲ.သူများကစားပါကလျှင်မြန်စွာအကျိုးသက်ရောက်မှု ရှိသည်ကို လေ.လာတွေ.ရှိရပါသည်။ အိပ်ရေးဝအောင်အိပ်ရန်လိုသကဲ.သို.စားသောက်ခြင်းကိုလည်းဂရုတစိုက်နှင်.တွက်ချက်စားသောက်ရပါမည်။
တတိယနေ. နားရက်
နောက်ကျော နှင်.  လက်မောင်းရှေ.သား(တတိယနေ.)
                             နောက်ကျော
ဘားရှည် လှေလှော်ဆွဲ  ၁ကျော.၁၀ကြိမ်( ၇ကြိမ်အပြည်.တွန်း ၃ကြိမ် တစ်ဝက်တွန်း)
လယ်အကျဲ ဖြင်.မျဉ်းပြိုင်တန်းဘားဆွဲ ၁ကျော.၁၂ကြိမ်(၇ကြိမ်အပြည်.တွန်း ၅ကြိမ် တစ်ဝက်တွန်း)
                             လက်မောင်းရှေ.သား
ဘားရှည်နှင်. လက်မောင်းရှေ.သားဆွဲ ၂ကျော.၁၂ကြိမ်( ၁ကျော.လျှင် ၈ကြိမ်အပြည်.တွန်း ၄ကြိမ် တစ်ဝက်တွန်း)
ပဥမနေ. ပုခုံး နှင်.ခြေသလုံး
                                     ပုခုံး
မတ်တပ်ရပ်ဘားရှည်ပုခုံးတွန်း  ၂ကျော. ၈ကြိမ် ( ၁ကျော.လျှင် ၅ကြိမ်အပြည်.တွန်း ၃ကြိမ် တစ်ဝက်တွန်း)
ဘားတိုဘေးတိုက်မြှောက်  ၁ကျော. ၁၅ကြိမ် ( ၁၂ကြိမ်အပြည်.တွန်း ၃ကြိမ် တစ်ဝက်တွန်း)
ကိုယ်ေ၇ှ.ကိုင်းဘားတိုပုခုံးခွဲ  ၁ကျော. ၁၅ကြိမ် ( ၁၂ကြိမ်အပြည်.တွန်း ၃ကြိမ် တစ်ဝက်တွန်း)
                                ခြေသလုံး
မတ်တပ်ရပ် ခြေသလုံးကြွ   ၁ကျော. ၂၅ကြိမ် ( ၂၀ကြိမ်အပြည်.ကြွ ၅ကြိမ် တစ်ဝက်ကြွ)
ထိုင်လျှက် ခြေသလုံးကြွ  ၁ကျော. ၂၅ကြိမ် ( ၂၀ကြိမ်အပြည်.ကြွ ၅ကြိမ် တစ်ဝက်ကြွ)
   ဖော်ပြခဲ.သော ကြွက်သားကြီးထွားဖို.စွမ်းအားမြင်.နည်းစနစ်တစ်ခုဖြစ်သော Partial Rep Routine
ကိုကစားရာတွင်မတွန်း/မဆွဲနိုင်ပါကဘေးမှကူသူကများစွာကူပြီးလိုက်ပါကစားပေးရသောနည်းမဟုတ်
ဘဲကြွက်သားများထိရောက်အောင်ညှစ်ကစားရနည်းစနစ်ဖြစ်ပါသည။်.ကျင်.ခန်းအတွဲသည်ကစားသောကြွက်
သားကိုပိုပြီးတိကျစွာထိရောက်စေခြင်း၊ ကြွက်သားများကိုပေါင်းစပ်ထိရောက်စေသောလေ.ကျင်.ခန်းများနှင်. ညှစ်ကစားရသောလေ.ကျင်.ခန်းအတွဲများပါဝင်ခြင်းကြောင်.အဆီကျစေပြီးကြွက်သားတက်စေခြင်း၊ဖွံ.ဖြိုးမှု
နည်းနေသောကြွက်သားများအတွက်သင်.တော်သောလေ.ကျင်.ခန်းအတွဲဖြစ်ခြင်း၊ကြံ.ခိုင်စွမ်းရည်ကိုမြှင်.
တင်ပေးနိုင်ခြင်းစသည်.အချက်များကြောင်.  Partial Rep Routine သည် ကြွက်သားကြီးထွားစေရန်အတွက်.စွမ်းအားမြင်.နည်းစနစ်ကောင်းတစ်ခုဖြစ်ပါကြောင်းဖော်ပြအပ်ပါသည်။

Ref   : Get Ripped and build Muscle By: Alex Stewart
           Build Muscle and Burn Fat Fast  by Jeff
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်
စိုင်းသီဟကျော်စန်း


email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan