arial" action="like" colorscheme="light">
Sunday, March 30, 2014
WWE SUPER STAR ဂျွန်စီးနာ ၏လက်မောင်းကစားနည်း(၂)မျိုး
ဂျွန်စီးနားသည်၁၉၇၀၊ဧပြီ၂၃ ( West Newbury, MassachusettsUSA)   တွင်မွေးဖွားခဲ.ပါသည်။ အရပ်အမောင်း၆ပေ၁လက်မ၊ ကိုယ်အလေးချိန်၂၄၀ပေါင်ရှိသည်။  Springfield College, Massachusetts မှ degrees in exercise physiology andhumananatomy ဖြင်.ဘွဲ.ရရှိခဲ.ပါသည်။ကောလိပ်ကျောင်း
တက် နေစဉ်အတွင်းအမေရိကန်ဘောလုံးအားကစားကိုကစားခဲ.ပြီးနောက်ပိုင်းတွင်မှကြွက်သားထု
ထည်ကောင်းလိုသည်.အတွက်BODYBUILDERတစ်ဦးကဲ.သို.အလေးကစားခဲ.ပါသည်။ စီနား၏လက်မောင်းကစားနည်း တစ်မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။
        BICEPS EXERCISES လက်မောင်းရှေ.သားလေ.ကျင်.ခန်း
PREACHER CURL
ခုံစောင်းပေါ်လက်မောင်းရှေ.သားဆွဲ   ၅ကျော. ၁၂-၁၂-၁၂-၁၂-၁၂ကြိမ်
 STANDING BARBELL CURL
မတ်တပ်ရပ်လက်မောင်းရှေ.သားဆွဲ ၃ကျော. ၁၀-၁၁-၁၂ကြိမ်
SEATED DUMBELL CURL
ထိုင်လျှက်ဘားတိုလက်မောင်းရှေ.သားဆွဲ ၃ကျော. ၁-၀-၁၁-၁၂ကြိမ်
JOHN CENA၏လက်မောင်းနောက်သားကစားသည်.ဗွီဒီယိုလင်ခ့်
       TRICEPS EXERCISES လက်မောင်းနောက်သားလေ.ကျင်.ခန်း
ROPE PRESS DOWN
ကြိုးဖြင်.လက်မောင်းနောက်သားဆွဲချ  ၃ကျော. ၂၀-၂၀-၂၀ကြိမ်
LYING TRICEPS EXTENSION
အိပ်လျှက်လက်မောင်းနောက်သားတွန်း(ဘားရှည်ဖြင်.) ၆ကျော.အကြိမ်ရသလောက်
OVERHEAD EZ BAR CURL
မတ်တပ်ရပ်လျှက်လက်မောင်းနောက်သားကစား(EZပုံစံဘားရှည်ဖြင်.)၃ကျော. ၂၀-၂၀-၂၀ကြိမ်
TRICEPS DIPS
လက်မောင်းနောက်သားအတွက်ဒိုက်ထိုး(လက်အကျဉ်းဖြင်.)၄ကျော. အကြိမ်၇သလောက်
  စသည်.လေ.ကျင်.ခန်းများဖြင်.ကစားပါသည်။စီးနာသည်သူ၏ကြွက်သားများအတွက်လေ.ကျင်.ခန်းများကို တစ်ပတ်လျှင်(၅)ရက်ကစားပါသည်။ထိုကဲ.သို.ကစားပြီးတစ်လ၊တစ်လခွဲခန်.ကြာလာပါက တစ်ပတ်လျှင်(၄)ရက်ကစားနည်းဖြင်.ကစားပါသည်။တစ်ပတ်(၅)ရက်ကစားနည်းတွင်ကြွက်သားအစိတ်အ
ပိုင်းအားလုံးကိုခွဲကစားခြင်းဖြစ်သဖြင်.ကြွက်သားတစ်မျိုးလျှင်တစ်ပတ်လျှင်တစ်ရက်ကစားသောနည်းဖြစ်
သည်။တစ်ပတ်(၄)ရက်ကစားနည်းမှာ(၂)ရက်ကစား(၁)ရက်နားပုံစံနှင်.ကြွက်သားတစ်မျိုးကိုတစ်ပတ်လျှင်နှ
စ်ရက်ကစားသောနည်းဖြစ်သည်။ပထမဖော်ပြခဲ.သောစီးနာ၏လက်မောင်းကစားနည်းမှာတစ်ပတ်(၅)ရက်က
စားနည်းများမှဖြစ်သည်။ယခုဆက်လက်ဖော်ပြမည်.လက်မောင်းလေ.ကျင်.ခန်းမှာတစ်ပတ်(၄)ရက်ကစား
နည်းများမှဖြစ်သည်။ စီနား၏လက်မောင်းကစားနည်းနောက် တစ်မျိုးကိုဖော်ပြရလျှင်
လက်မောင်းရှေ.သား
လက်အကျဉ်းဖြင်.ဘားဆွဲခြင်း(သို.မဟုတ်)
ခုံစောင်းပေါ်လက်မောင်းရှေ.သားဆွဲ   ၃ကျော. ၈-၉-၁၀ကြိမ်
မတ်တပ်ရပ်လျှက်ဘားတိုလက်မောင်းရှေ.သားကစား  ၃ကျော. ၈-၉-၁၀ကြိမ်
လက်မောင်းနောက်သား
ထိုင်လျှက်ဘားတိုနှင်.လက်မောင်းနောက်သားဆန်. ၃ကျော. ၈-၉-၁၀ကြိမ်
မျဉ်းပြိုင်ဘားဖြင်.လက်မောင်းနောက်သားဒိုက်ထိုး   ၃ကျော. ၈-၉-၁၀ကြိမ်
(လိုအပ်ပါကခါးတွင်အလေးချိတ်ပြီး)
စသည်.လေ.ကျင်.ခန်းများဖြစ်ပါသည်။ စီးနာသည်အစားအသောက်အနေဖြင်.တစ်နေ.လျှင်(၇)ကြိမ်ခွဲပြီးစားသောက်ပါသည်။ကြက်သား၊ငါး၊ကြဥအ
ကာ၊ဟင်းသီးဟင်းရွှက်များကိုအဓိကထားစားပါသည်။ပရိုတင်းဖျော်ရည်အနေဖြင်.WHEY PROTEIN
 နှင်.CASEINPROTEINဖျော်ရည်များသောက်ပါသည်။အလေးမကစားသည်.နေ.များတွင်ကာဒီရို လေ.ကျင်.
ခန်းများပြုလုပ်ပါသည်။
ပါဝင်သောလေ.ကျင်.ခန်းအရေအတွက်နှင်.ကစားသောအကျော.များအနည်းငယ်ကွာခြားမှုရှိသည်.WWE SUPER STAR ဂျွန်စီးနာ၏ လက်မောင်းကစားနည်း(၂)မျိုးအားကာယဗလလေ.ကျင်.သူများအ
တွက်ဖော်ပြရေးသားလိုက်ပါသည်။
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-
စိုင်းသီဟကျော်စန်း
email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan
မောင်အိုလမ်ပီယာ(၇)ထပ်ကွမ်း အာနိုးရွှပ်စနေးဂါး ၏၀မ်းဗိုက်ကြွက်သားကစားနည်းနှင်. အခြားဝမ်းဗိုက်ကစားနည်း(၅)မျိုး
ဂါးကသူကြိုက်နှစ်သက်သောဝမ်းဗိုက်လေ.ကျင်.ခန်းများအနေဖြင်.crunchလေ.ကျင်.ခန်းများကိုညွန်းဆိုပါ
သည်။အာနိုးသည်သူ၏၀မ်းဗိုက်ကြွက်သားများအတွက်CRUNCH လေ.ကျင်.ခန်း(၃)မျိုးဖြင်.လေ.ကျင်.ခဲ.ပါ
သည်။
  STANDARD CRUNCH (ပုံမှန်)၃ကျော. ၂၅-၂၈-၃၀ကြိမ်
REVERSE CRUNCH (ဒူးမြှောက်)၃ကျော. ၂၅-၂၈-၃၀ကြိမ်
DOUBLE CRUNCH ၃ကျော. ၃၀-၃၀-၃၀ကြိမ်
ဖော်ပြခဲ.သောCRUNCH လေ.ကျင်.ခန်း(၃)မျိုးကို ပြင်ညီပေါ်တွင်လည်းကောင်း၊ဘော်လုံးပေါ်တွင်
လည်းကောင်းနှစ်သက်အဆင်ပြေရာနှင်.လေ.ကျင်.ကစားနိုင်ပါသည်။ အခြားဝမ်းဗိုက်ကစားနည်း(၅)မျိုးကိုဆက်လက်ဖော်ပြပါမည်။
Side Plank with Leg Lift    ၃ကျော. ၁၅ကြိမ်
ကိုယ်ဘေးတိုက်အားလက်တစ်ဘက်ဖြင်.ထောက်ထားပြီးခြေမြှောက်ပြီးကစားပါသည်။
Bicycle Abs   ၃ကျော. ၂၅ကြိမ်
CRUNCH  ကစားနေစဉ်ခြေ(၂)ဘက်အားစက်ဘီးနင်းသကဲ.သို.ပြုလုပ်ပြီးကစားပါသည်။
Isolation Crunches  ၃ကျော. ၁၀ကြိမ် ခြေ(၂)ဘက်ကိုခုံရှည်အမြင်.ပေါ်တင်ပြီးအိပ်ထမတင်ပြုလုပ်ပါသည်။
Stability Ball Crunches  ၃ကျော. ၂၅ကြိမ် ဘော်လုံးကိုခါးအောက်ထားပြီးအိပ်ထမတင်ပြုလုပ်ခြင်းဖြစ်သည်။
V-Ups   ၃ကျော. ၁၅ကြိမ်
 ကြမ်းပြင်ပေါ်မှလက်ဖျားနှင်.ခြေဖျားထိအောင်ကစားခြင်းဖြစ်သည်။ဖော်ပြခဲ.ပြီးသော မောင်အိုလမ်ပီယာ
(၇)ထပ်ကွမ်း အာနိုးရွှပ်စနေးဂါး ၏၀မ်းဗိုက်ကြွက်သား ကစားနည်းနှင်.အခြားဝမ်းဗိုက်ကစားနည်း(၅)မျိုးကို ၀မ်းဗိုက်အဆီကျလိုသူများအားတစ်ပတ်လျှင်တစ်မျိုးစီအလှည်.ကျကစားကြည်.ရာအဆိုပါလေ.ကျင်.ခန်းတို.
သည်အဆီများကိုကောင်းစွာထိရောက်လောင်ကျွှမ်းစေနိုင်ကြောင်းတွေ.ရှိရသဖြင်.ကာယဗလနှင်.ကာယအ
လှလေ.ကျင်.လိုက်စားသူများအားအသိပေးဖော်ပြလိုက်ပါသည်။
Ref:   Arnold Workout core exercises for fat burner by Laura
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-
 စိုင်းသီဟကျော်စန်း
email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan
အလေးဖြင်.စတင်လေ.ကျင်.မည်.သူများအတွက် ပေါင်နှင်.ခြေသလုံးလေ.ကျင်.နည်းစနစ်
အလေးဖြင်.ပေါင်လေ.ကျင်.ခန်းများစတင်ပြုလုပ်မည်.သူများသည် လေ.ကျင်.ခန်းမစတင်မီ သွေးပူလေ.
ကျင်.ခန်း၊အကြောဆန်.လေ.ကျင်.ခန်းများကောင်းစွာပြုလုပ်ထားသင်.ပါသည်။တင်ပါးနှင်.ကြောအဆစ်များ
အတွက်အချိန်(၅)မိနစ်ခန်.ပေးသင်.ပါသည်။ထိုကဲ.သို.ပြုလုပ်ပြီးအောက်ပါလေ.ကျင်.ခန်းများကိုနည်းစနစ်မှန်
ကန်စွာဖြင်.မနှေးမမြန်ကစားသင်.ပါသည်။ လေ.ကျင်.ရမည်.လေ.ကျင်.ခန်းများမှာ
ပေါင်လေ.ကျင်.ခန်း
၄၅ဒီဂရီခုံဇောင်းဖြင်.လတ်ပရပ်(စ်)ပေါင်ကန် ၄ကျော. ၁၂-၁၀-၁၀-၉ကြိမ်
(အနိုင်ဆုံးအလေး၏၇၅%ဖြင်.စတွန်းပြီးအကျော.တိုင်းအလေးတိုးသွားရပါမည်)
ပေါင်သားဆန်.  ၃ကျော. ၁၀-၁၂-၁၀ကြိမ်
ပေါင်နောက်သားဆွဲ ၃ကျော. ၁၀-၁၂-၁၀ကြိမ်
ခြေသလုံးလေ.ကျင်.ခန်း
မတ်တပ်ရပ်လျှက် ခြေသလုံးကြွ  ၄ကျော. ၁၅-၁၈-၂၀-၂၀ကြိမ်  စသည်တို.ဖြစ်သည်။ပေါင်နှင်.ခြေသလုံးလေ.ကျင်.ခန်းများပြုလုပ်ပြီးပါကလည်း static stretching(၄)
မိနစ်ခန်.ပြုလုပ်သင်.ပါသည်။
ခြေသလုံးလေ.ကျင်.ခန်းကိုအလေးနှင်.လေ.ကျင်.လက်စမရှိသူအများစုသည်ခပ်မြန်မြန်ကစားတတ်ကြပါ
သည်။negativeset ခေါ် ပြန်အချတွင်အနည်းငယ်နှေးပြီးကစားပါကပိုမိုအကျိုးသက်ရောက်သည်ကိုတွေ.ရှိရ
ပါသည်။ယခုဖော်ပြခဲ.သောလေ.ကျင်.ခန်းများသည်ကြွက်သားထုအတွက်အကျိုးသက်ရောက်မှုရှိ
ပါကြောင်းဖော်ပြအပ်ပါသည်။
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-
စိုင်းသီဟကျော်စန်း
email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan
တစ်ချိန်က အကြီးထွားဆုံး စံချိန်တင်ခဲ့သည့် မောင်တစ်ယောက်
ကျွန်တော် အခုတင်ပြပေးမဲ. ကာယဗလမောင် ကတော. ၁၉၉၆ ခုနှစ်တုန်းက ကမ္ဘာကာယဗလ လောက ကို တုန်လှုပ်သွား စေလောက်အောင် ထူးထူးခြားခြား စံချိန်တင်သွားခဲ. သူတစ်ဦး ဆိုရင်လည်းမမှားဘူးပေါ.ဗျာ။ သူ အမည်ကတော. ဂရက်ကိုဗက်စ် လို. ခေါ်ပါတယ်။ ၁၉၉၆ ခုနှစ် သြဂုတ်လ (၃၀) ရက်နေ.မှာ ကျင်းပခဲ.တဲ. ကနေဒါ မောင်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ.ခြင်း ဖြစ်ပါတယ်။ သတင်းထူးကြီး ဇြစ်သွားတယ် ဆိုတာ ကိုဗက်စ် ဟာ ၁၉၉၅ ခုနှစ်မှာ နံပါတ်လုံးဝ မချိတ်ခဲ.ရာက ၁၉၉၆ မှာ ဗြုန်းစားကြီး ဗိုလ်စွဲ ခဲ.လို.လည်း မဟုတ်ပါဘူး။ သူရဲ. ခန္ဓာ ကိုယ်လှပပြေပြစ်မှု နဲ. ကြွက်သား အချိုးအစားကောင်းမှု တွေဟာ သူရှေ.က မောင်တွေဖြစ်တဲ. (၈)ထပ်ကွမ်း လီဟေးနီ နှင်. (၇)ထပ်ကွမ်း အာနိုး  အဲဒီအချိန်က (၄)ထပ်ကွမ်းပဲ ရှိသေးတဲ. ဒို ရီယံရိတ်စ် တို. ထက်သာ လို.လည်း မဟုတ်ပါဘူး။ ဒါဆိုဘာ ကောင်းလို. စံချိန်တင်ခဲ.တာလဲ ဆိုရင် မောင်အိုလံပီယာ ပြိုင်ပွဲတွေမှာ ဗိုလ်စွဲ ခဲ.တဲ မောင်တွေရဲ. ကိုယ်အလေးချိန် နဲ. ကြွက်သား ထုထည်ကြီးထွားမှုဟာ ကနေဒါ မောင်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ.တဲ.  ဂရက်ကိုဗက်စ် နဲ.တစ်ခြားစီ ဖြစ်ခဲ.ပါတယ်။ ဂရက်ကိုဗက်စ် ၀င်ရောက်ခဲ.တဲ. ကိုယ်အလေးချိန်ဟာ ထိုခေတ်ကာလက ဘယ်သူမှ ၀င်ရောက် မယှဉ်ပြိုင်ရဲတဲ. ကိုယ်အလေးချိန် (၃၁၂) ပေါင် နဲ. ၀င်ရောက် ယှဉ်ပြိုင်ပြီး ဗိုလ်စွဲခဲ. ခြင်းကြောင်.ပါ။ မှန်ပါတယ် ကမ္ဘာ. ကာယဗလ လောက ကြီးဟာ ပြောင်းလဲလာခဲ.ပါတယ်။ ပြိုင်ပွဲ ၀င်တွေရဲ. အရည်အသွေးပေါ.ဗျာ။ တစ်နေ.တစ်ခြား ကြီးထွားလာကြတယ်။ ထိပ်သီး မောင်အိုလံပီယာတွေရဲ. အလေးချိန်ကို ကြည်.ပါ။ လက်ရှိ ချန်ပီယံ ဂျေကက်တလာ ရဲ. ပြိုင်ပွဲဝင် အလေးချိန်ဟာ၂၇၁ပေါင်။ ခြောက်ထပ်ကွမ်း ဒိုရီယံရိတ်စ်က(၂၆၅)ပေါင်။ (၈)ထပ်ကွမ်း မောင်အိုလံပီယာ ရွန်နီကိုးလ်မင်း က (၂၈၇)ပေါင်၊ နာဆာယွန်ဘတ်တီက (၂၈၀)ပေါင်၊ မောင်စကြ၀ဌာဟောင်း လူထွားကြီး လူဖာရစ်နို က ပေါင်၃၀၀ လျော ရုံလေး ယေဘူယျအားဖြင်. ထိပ်သီးမောင်တစ်ချိ.ုရဲ. ကိုယ်အလေးချိန်ဟာ ၂၆၀ အထက် တွေကနေ ၃၀၀ ဆိုတာအလွန်ဆုံးပါပဲ ကိုယ် အလေးချိန်ပေါင် (၂၀၀) ကျော်တယ် ဆိုရုံလေးနဲ. ဆုရရှိခဲ.တာ ဆိုလို. မောင်အိုလံပီယာ ဒုတိယ ရရှိခဲ.ကြတဲ. ရှောင်ရေးနဲ. လီးလာဘရာဒါ တို. နှစ်ဦးပဲရှိပါတယ်။ အဲဒီတော.  ထိပ်တန်းမောင်တွေဟာ ဖော်ပြခဲ.တဲ. အလေးချိန်တွေနဲ. ၀င်ခဲ.တဲ.အချိန်တွေမှာ ဂရက်ကိုဗက်စ် ဟာ အဲဒီ ခေတ်အခါက ကိုယ်အလေးချိန် (၃၁၂) ပေါင်နဲ. ၀င်ခဲ.ပြီး ဗိုလ်စွဲခဲ.တယ် ဆိုတော. အကြီးထွားဆုံး စံချိန်တင် ခဲ.ရတာပေါ.ဗျာ။ ဒါတောင် နောက်ပိုင်း ပြိုင်ပွဲတွေမှာ ဒီထက်များတဲ. အလေးချိန်တွေနဲ. ၀င်ပြိုင်ခဲ.ပါသေးတယ်။ (၃၃၇ ပေါင် ၂၀၀၄ အာနိုးကလပ်စစ်) ဆုမချိတ်ခဲ.ပါဘူး။ ဒိလောက် အလေးချိန်နဲ.ဆိုတော. ဘယ်လောက်တောင် ကြီးထွားနေမလဲဆိုတာ စဉ်းစားကြည်.ပေါ.ဗျာ။ သူဗိုလ်စွဲခဲ.တဲ. ကနေဒါ မောင်ပြိုင်ပွဲမှာ ဒုတိယ ရခဲ.သူက သူထက် ပေါင် (၈၀) နည်းခဲ.ပါတယ်။
ဂရက်ကိုဗက်စ်ဟာ ကိုယ်ခန္ဓာ ကြီးထွားသလို ခွန်အားမှာလည်း ထိပ်သီးမောင်တွေ ထက်တောင် သာပါတယ်။ သူဟာ အင်ကလိုင်းဘင်.ပရက်စ် လို.ခေါ်တဲ. (၄၅)ဒီဂရီ ခုံအစောင်းမှာ မှီအိပ်ပြီး ပေါင်(၇၀၀) ကို အကြိမ်ကြိမ် အနှေးမ ပြနိုင်ပါတယ်။ ဂရက်ကိုဗက်စ်ဟာ အဲဒီနှစ်မှာ အောင်မြင်မှုရခဲ.တာဟာ လွယ်လွယ်နဲ.ရခဲ.တာ မဟုတ်ပါဘူး။ သူဟာ ပြိုင်ပွဲမ၀င်ခင် (၆)လအလိုမှာ သူကိုယ်ခန္ဓာ အလေးချိန်ဟာ (၃၉၀)ပေါင် ရှိပါတယ်။ ဒါပေ.မယ် သူရဲ.ကိုယ်ခန္ဓာက  အဆီတွေကို (၆)လအတွင်းမှာ၂၀ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းထိ လျှော.ချနိုင်ခဲ.ပြီး ကိုယ်အလေးချိန်ပေါင် (၆၈) ပေါင်ချနိုင်ခဲ.ပါတယ်။ သူရဲ. ဒီလိုအောင်မြင်မှုဟာ (၁) လေ.ကျင်.မှု ပြင်းပြင်းထန်ထန် နဲ.(၂) အစားအသောက်ကို ဂရုစိုက် ရွေးချယ် စားသောက်မှုကြောင်.လို့ ကမ္ဘာ့ကာယဗလ ဖခင်ကြီး ဂျိုးဝီဒါ ကတောင် မှတ်ချက်ပေးခဲ.ပါတယ်။ သူရဲ. ကိုယ်အလေးချိန် မချခင်ကဆို၇င် ပြိုင်ဘက်တွေက ဟဲဗီးဝိတ်အလေးမသမား၊ နပန်းသမား စသည်ဖြင်. လှောင်ပြောင်ခဲ.ကြပါတယ်။ ပြီးတော. သူကိုယ်တိုင်ကလည်း အခုလို (၆)လအတွင်းမှာ အလေးချိန် ဒီလောက်ချနိုင်ခဲ.ခြင်းဟာ အပြင်းအထန် လေ.ကျင်.မှုနဲ. အာဟာရ အစားအသောက်ကြောင်. ဆိုတာ ၀န်ခံ့ခဲ.ပါတယ်။ နောက်တစ်ခုက ကြွက်သားအားပေးပြီး အဆီကျစေတဲ. အထောက်အကူပြု ဆေးဝါးကြောင်. လို.လည်း ပြောကြားခဲ.ပြီး ဒါကြောင်.လည်း သူများတွေ (၃)နှစ်လောက် အချိန်ယူခဲ.ရတဲ. အလေးချိန်လျှော.ချမှုကို သူအနေနဲ. (၆)လ နဲ. ရခဲ.တယ်လို. ပြောကြားခဲ.ပါတယ်။
ကိုယ်အလေးချိန် များပြီး ရိုးရိုးလေ.ကျင်.ရုံနဲ. ကိုယ်အလေးချိန်ကျတာ နှေးသူတွေ အတွက် ဗဟုသုတ ရစရာ တစ်ခုဆိုရင်လည်း မမှားပါဘူး။ ကိုဗက်စ်ဟာ အဆီမပါတဲ. ပရိုတိန်းအသားဓာတ်တွေ များများစားခဲ.ပြီး အကူဆေးဝါး (၃)မျိုး စားခဲ.ပါတယ်။ လေ.ကျင်.မှု ခွန်အားတိုးစေတဲ. ကြီးထွားမှု ဟိုမုန်းဓာတ်တွေပါတဲ. အစက်တာဘိုလန်၊ ကြွက်သားစစ်နဲ. ခွန်အားတိုးစေတဲ.ခရီတင်း၆၀၀၊ အဆီကျစေတဲ. ဟိုက်ဒရိုဇာဂျင်ဓာတ်ပါတဲ့ ဟိုက်ဒရိုဇီကပ်တို. သုံးမျိုးပေါင်းပြီး စားခဲ.တယ်လို.လည်း ပြောကြားခဲ.ပါတယ်။ အဆီကျချင်တဲ. ကာယဗလ သမားတွေ အလေးကိုင်ပြီး အဆီကျနှေးသူတွေ အတွက်တော. အားတက်စရာ အကြောင်းအရာလေးပေါ.. ကိုယ်အလေးချိန် အကျနှေး သူတွေ စိတ်မညစ်ပါနဲ.. ကျွန်တော်လိုမျိုးကစားပါလို့ ဂရက်ကိုဗက်စ်က ရယ်ရယ်မောမော ပြောပါတယ်။ သူရဲ.. ကိုယ်ခန္ဓာ အတိုင်းအထွာတွေနဲ. သူရဲ. ခွန်အားစွမ်းရည် ကိုလည်း ဗဟုသုတ ရစေဖို. ဖော်ပြပေးလိုက်ပါတယ်။
ဂရက်ကိုဗက်စ်ဧ။် အကောင်းဆုံး အတိုင်းအထွာများ
၁။ကိုယ်အလေးချိန်   ။           ။၃၉၀
၂။လက်မောင်း။                    ။(၂၆)လက်မ
၃။ရင်အုပ်။                           ။(၆၈)လက်မ
၎။ပေါင်။                               ။(၃၆) လက်မ
၅။ခြေသလုံး။                         ။(၂၄)လက်မ
ခွန်အားစွမ်းရည်
၁။ပခုံးစောင်းမှီအနှေးမ။           ။   ၆၇၅ပေါင်x၁၂ကြိမ်
၂။ပက်လက်အိပ်ခြေကန်။          ။၁၈၀၀ပေါင်x၂၀ကြိမ်
၃။ပခုံးအနှေးမ။                        ။၄၉၅ပေါင်x၅ကြိမ်
၎။ခါးကိုင်းဆွဲတင်။                     ။၅၄၅ပေါင်x၇ကြိမ်
၅၊။အောက်ပိုင်းအပြည်.ထိုင်။        ။ ၆၀၀ပေါင်x၆ကြိမ်
တို.ဖြစ်ပါတယ်။ ဒီလောက်ဆို အဆီကျချင်သူတွေ လိုက်ကစားဖို. ဖြစ်နိုင်မလား။ ဘယ်လိုဖြစ်မှာလဲဗျာ သူလိုစားနိုင်လားဆိုတာ သူလို ဆေးမှီဝဲနိုင်လားဆိုတာ အရင်ဖြေလိုက်ပါ။ စားနိုင်မှီဝဲနိုင်တယ် ဆိုရင်တော. မှီဖို. နည်းနည်း ဖြစ်မှာပေါ.။ မမှီတော.လည်း ဘာအရေးလဲဗျာ။ ကျွန်တော်တို.က ကမ္ဘာကျော်မဲ. သူတွေမှ မဟုတ်တာနော်။
အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com
အလေးဖြင်.လေ.ကျင်.ခန်းလုပ်သူများနှင်.အကြောဆန်.ခြင်း
အကြောဆန်.ခြင်းကိုသွေးပူလေ.ကျင်.ခန်း Dynamic stretching ပြုလုပ်ပြီးမှပြုလုပ်သင်.ပါသည်။ဥပမာ-
ခပ်ရွှရွှခုန်ခြင်းစသောလေ.ကျင်.ခန်းများပြုလုပ်ပြီးနောက်မှသာအကြောဆန်.သောလေ.ကျင်.ခန်းများဆက်
လက်လုပ်သင်.ပါသည်။သုတေသနပြုသူအချို.ကအကြောဆန်.ခြင်းသည်ကြွက်သားများအတွက်ထိရောက်
မှုမရှိဟုပြောဆိုကြသော်လည်းတစ်ချို.သောသုတေသနပြုသူများကကြွက်သားကြီးထွားရန်အထောက်အ
ကူပြုသည်ဟုပြောဆိုနေကြပါသည်။မည်သို.ပင်ဖြစ်စေကာမူသွေးပူနှင်.အကြောဆန်.ခြင်းကိုပုံမှန်အနေအ
ထားဖြင်.ပြုလုပ်ခြင်းသည်သာကောင်းမွန်သည်ကိုတွေ.ရှိရပါသည်။အကြောဆန်.ခြင်းကိုအလွန်အကျွံမဆန်.
မိရန်လည်းလိုအပ်သည်ကိုတွေ.ရပါသည်။မည်မျှအချိန်ဆန်.ရမည်အားမည်မျှစိုက်ရမည်ကိုခေါင်းထဲမထည်.
ဘဲမိမိ၏သွေးအေးနေသောအနေအထားကိုကြည်.ပြီးမှခပ်မှန်မှန်ပြုလုပ်ရပါမည်။
 ကြွက်သားတစ်မျိုးစီအသေးစိတ်အကြောဆန်.ခြင်းကိုနောက်ဆောင်းပါးများတွင်ဆက်လက်ရေးသားပါမည်။
အကြောဆန်.ခြင်း(၄)မျိုးခန်.( ballistic, dynamic, static and proprioceptive  )   ရှိနေပါသည်။ ပထမတစ်မျိုးကိုသိပ်သုံးလေ.မရှိဘဲ နောက်ဆုံး(၂)မျိုးကိုပျော.ပြောင်းရန်လေ.ကျင်.သူများအတွက်အသုံး
များကြပါသည်။ Dynamic stretching နှင်.  STATICSTRETCHINGကိုသာကြွက်သားများပျော.ပျောင်းစေ
ရန်၊သွေးလည်ပတ်ပြီး လေ.ကျင်.ခန်းပြုလုပ်ဖို.အဆင်သင်.ဖြစ်စေရန်အကြောဆန်.ကြပါသည်။ THE AMERICAN COLLEGE OF SPORT MEDICINE မှအကြံပြုသည်မှာ အကြောဆန်.ခြင်းကို
 တစ်ပတ်လျှင်(၂)ရက်(သို.မဟုတ်) (၃)ရက် ပြုလုပ်သင်.သည်။ အကြောဆန်.သည်.တစ်ကြိမ်လျှင် ၁၀မှ ၃၀စက်ကန်. အတွင်းသာကြာသင်.သည်။ကြွက်သားအစိတ်အပိုင်းတစ်ခုကို (၃)ကြိမ်မှ(၄)ကြိမ် သာအကြောဆန်.ခြင်းသည်ကောင်းမွန်သောအကြောဆန်.ခြင်းဖြစ်သည်ဟုစာတမ်းတစ်ခုတွင်ထုတ်ပြန်ခဲ.
ပါသည်။
Ref: STRETCHING    by    THE AMERICAN COLLEGE OF SPORT MEDICINE
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-
 စိုင်းသီဟကျော်စန်း
email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan