arial" action="like" colorscheme="light">

Tuesday, April 15, 2014

ပရိုတိန်းများများစားမှဖြစ်မှာလား?

ကာယဗလလေ့ကျင့်သူလူအများစုကအမြဲတမ်းမရိုးနိုင်အောင်မေးတတ်ကြသည့်မေးခွန်းတစ်ခုကတော့
ကြွက်သားကြီးအောင်ပရိုတိန်းကိုဘယ်လောက်များများစားသင့်သလဲဆိုတာပါပဲ။ကျွန်တော်အဖြေပေးတာ
ကိုကြားပြီးတိုင်း why?ဆိုတဲ့အမေးမျိုးကထပ်ဆင့်ပါလာတတ်ပါတယ်။သူတို့ အားလုံးကိုအပြစ်မဆို
ချင်ပါဘူး။တစ်ကယ်တမ်းတော့သူတို့ အားလုံးရဲ့ ရင်ထဲမှနှလုံးသားထဲအထိကိုစီးပွားရေးလုပ်စားနေ
သောခပ်ညစ်ညစ်ဖြည့်စွက်အာဟာရရောင်းသူများ၏အာဘော်များ၊သီအိုရီများကိုအချိန်တိုအတွင်း
အမြစ်ဖြတ်ပစ်ရန်မလွယ်လှသော်လည်းကျွန်တော်ကတော့ကြုံတိုင်းပရိုတိန်းယုံတမ်းစကားများကို
ဖြိုချပစ်လေ့ရှိသည်။
ကျွန်တော်ရိုးသားစွာဝန်ခံပါသည်။ကျွန်တော်ဆေးကုမ္ပဏီများနှင့်ပါတ်သက်တိုင်းပြင်းပြင်းထန်ထန်
ရေးသားဝေဖန်လေ့ရှိပြီးထိုရေးသားချက်များသည်လည်းကောင်းတို့ ကိုမနာလိုဖြစ်ခြင်းအလျင်းကင်း
ရှင်းကြောင်းအာမခံပါ၏။သို့ သော်လည်းကောင်းတို့ ၏လှည့်ကွက်ကိုသိနေသည့်အားလျော်စွာထို
သို့ပြင်းပြင်းထန်ထန်ပြောမှသာလည်းကောင်းတို့ ၏တော်ကီကြောမှာမျောနေသောလူငယ်များဂရု
ပြုမိမည်ဖြစ်သည်။ကြွက်သားကြီးထွားလိုပါကကိုယ်ခန္ဓာမှကြွက်သားတစ်ပေါင်လျင်ပရိုတိန်း2-3ဂရမ်
အထိစားပါဟုဆေးကုမ္ပဏီများကပြောကြသည်။အထောက်အထားများတင်ပြကြသည်။လည်းကောင်း
တို့ တင်ပြသောအထောက်အထားများသည်မှန်သည်။သို့ သော်လည်းကောင်းတို့ အထောက်အထားပြ
ရန်သုတေသနပြုသူများသည်စတီးရွိုက်သုံးသူများ၊ပရော်ဖက်ရှင်နယ်များ၊ကစားသက်နှစ်ပေါင်းနှစ်
ဆယ်နီးပါခန့် ရှိသူများဖြစ်သည်ဟူသောအချက်ကိုကားဖုံးကွယ်ထားကြသည်။ထို့ ကြောင့်လည်း၊ယုံစား
မိသောလူငယ်များငွေကုန်ပြီးစိတ်ပျက်ကြခြင်းဖြစ်သည်။အကယ်၍လည်းကောင်းတို့ စမ်းသပ်သူများ
သည်လူသာမန်များဖြစ်ခဲ့လျင်ထိုမျှလုံးဝမလိုကြောင်းကိုသိကြရမည်ဖြစ်သည်။ထိုမျှပရိုတိန်းများများ
ကိုလူတိုင်းအလွယ်တကူနေ့ စဉ်စားသုံးရန်မလွယ်ကူပေ။ထို့ ကြောင့်လည်းကောင်းတို့ တင်ပြသော
လိုအပ်သည့်ပရိုတိန်းပမာဏပြည့်စေရန်ကြော်ငြာကောင်းကောင်းနှင့်တင်ပြထားသောဆေးများကို
သုံးမှသာအကျိုးပြုမည်ဟုဆိုကြပြီးသွယ်ဝိုက်သောနည်းဖြင့်တစ်မျိုး၊ပြောင်ပြောင်တင်းတင်းတစ်ဖုံ
လုပ်စားလာကြသည်။လည်းကောင်းတို့ ၏အာဘော်များကိုလူတိုင်းယုံကြည်လက်ခံကြစေရန်အတွက်
အကောင်းဆုံးသောကာယဗလသမားများကိုအကျိုးအမြတ်များများပေးကာအသုံးချလာကြသည်။
ကာယဗလချစ်သူများကတော့ကာယဗလမောင်များကိုလေးစားအားကျသောကြောင့်လည်းကောင်း
တို့ ကထောက်ခံပေးသည်နှင့်ဘယ်လောက်ပင်ဈေးကြီးကြီးဝယ်ယူရန်အသင့်ဖြစ်သွားကြသည်။ဤ
သည်ကကိုယ့်သေတွင်းကိုယ်တူးခြင်းပင်ဖြစ်သည်။ထိုသို့ ဆို၍ကျွန်တော်ကဖြည့်စွက်အာဟာရ supplements များသည်အသုံးမ၀င်ဟုမဆိုလိုပါ။ဖြည့်စွက်အာဟာရများသည်ခန္ဓာကိုယ်ကြီးထွား
စေရေးအတွက် 2% မှအများဆုံး 5%အထိသာအရေးပါသည်ကိုလုံးဝအသည်းထဲစွဲမြဲအောင်မှတ်
သားထားပါ။ကျန်အရေးပါသော 98%ဖြစ်သည့်လေ့ကျင့်ခြင်း၊အာဟာရနှင့်အနားယူခြင်းမပါဘဲ၊
တစ်နှစ်ကိုဒေါ်လာသိန်းနှင့်ချီ၍သုံးပါကလည်းကြွက်သားထုလုံးဝမတက်နိုင်ပါ။ထို့ ကြောင့်အဓိက
သာမညကိုခွဲခြားသိမြင်နိုင်အောင်ကြိုးစားပါ။ထိုဆေးများသည်ဖြည့်စွက်အာဟာရဆိုသည့်အတိုင်း
ဖြည့်စွက်အဆင့်သာရှိသည်။ကစားသက်ကြာလွန်းသူများအတွက်တော့အဆင်ပြေနိုင်သည်။သို့ သော်
အဓိကအချက်ဖြစ်သောအချက်များကိုကားလုံးဝမမေ့ပါနှင့်။သို့ မှသာအကျိုးပြုမည်ဖြစ်သည်။
ဖြည့်စွက်အာဟာရပြီးလျင်ပရိုတိန်းအကြောင်းကိုအထောက်အထားနှင့်တင်ပြပါဦးမည်။သုတေသီများ
ကလူသာမန်ကာယဗလလေ့ကျင့်သူများကိုအုပ်စုများခွဲကာလေ့ကျင့်ပြီးပြီးချင်းပရိုတိန်းရှိတ်များကို
ငါးဂရမ်၊ဆယ်ဂရမ်၊နှစ်ဆယ်ဂရမ်နှင့်လေးဆယ်ဂရမ်စီမှီဝဲစေပြီးလေ့လာကြည့်ရာ၊ပရိုတိန်းနှစ်ဆယ်
ဂရမ်အသုံးပြုသောအုပ်စုသည်ငါးဂရမ်၊ဆယ်ဂရမ်သုံးသောအုပ်စုများထက်ကိုယ်တွင်းပရိုတိန်းစုပ်ယူ
မှုနှင့်နိုးကြားမှုသည်အထူးပိုမိုကောင်းမွန်ပြီး၊လေးဆယ်ဂရမ်သုံးသူများသည်ကားနှစ်ဆယ်ဂရမ်သုံးသူ
များနှင့်ရလာဒ်ကားထူးမခြားနားပင်ဖြစ်ကြောင်းတွေ့ ရှိခဲ့ရသည်။(ထို့ ကြောင့်ယခုတစ်လောပြည်တွင်းမှ
ဆေးရောင်းသူဂျင်မ်ပိုင်ရှင်ကြီးညွှန်သလိုများတစ်ပါတ်ကိုပရိုတိန်းတစ်ပေါင်လောက်သုံးလျင်ကားကြွက်
သားကြီးမကြီးတော့မသိပါအမြန်မွဲမည်ကားအသေအချာပင်ဖြစ်သည်။)ထို့ ကြောင့်တစ်ထိုင်တည်းတွင်
ပရိုတိန်းနှစ်ဆယ်ဂရမ်အများဆုံးသုံးဆယ်ဂရမ်ထက်ပိုသုံးခြင်းကားအကျိုးမထူးသောဖြုန်းတီးမှုပင်
ဖြစ်သည်။နောက်တစ်ချက်ကပရိုတိန်းများစွာသုံးနေပါကခန္ဓာကိုယ်သည်အင်အားအဖြစ်လောင်ကျွမ်း
မည့်ကယ်လိုရီကိုပရိုတိန်းမှရယူပြီးကိုယ်တွင်းအဆီမှရယူအသုံးပြုခြင်းကိုလျစ်လျူရှုနိုင်သောကြောင့်
အဆီကျပြီးကျစ်လစ်လှပစေရန်မဖြစ်နိုင်သည်ကိုအထူးသတိပြုပါ။အချို့ သူများသည်ပရိုတိန်းတစ်နေ့ 
ကို 150-ဂရမ်ထက်ပိုသုံးပါကလည်းသိပ်အကျိုးမပြုကြောင်းကိုဂရုတစိုက်သုံးဖူးသူများသိလိမ့်မည်ဖြစ်
သည်။
ယခုဆိုလျင်အနည်းငယ်သဘောပေါက်လောက်ပြီဟုထင်ပါသည်။ကျွန်တော်ယခုကဲ့သို့ သော
ဆောင်းပါးများရေးရသည့်နောက်ထပ်အချက်တစ်ခုမှဖြည့်စွက်ဆေးများမသုံးနိုင်လျင်မကြီးထွား
ဟုအထင်ရောက်ကာစိတ်ပျက်နေကြသောလူငယ်များကိုအထောက်အထားနှင့်တကွအားပေးလို
ခြင်းဖြစ်ပါသည်။ထို့ ကြောင့်ဖြည့်စွက်အာဟာရများကိုတစ်ပါတ်လျင်တစ်ပေါင်လောက်သုံးရမည့်
အိုင်ဒီယာကိုမီးရှိုပြစ်လိုက်ပါ။ကျွန်တော်အထက်ကတင်ပြခဲ့သည့်ပမာဏကိုဖြည့်စွက်အာဟာရနှင့်
အာဟာရပရိုတိန်းများကိုဂရုစိုက်ပြီးအသုံးပြုပါ။တစ်နေ့ ကိုကြက်ရင်အုံသုံးခု၊ပရိုတိန်းရှိတ်လေးခွက်
စသောရူးသွပ်မှုများကိုရပ်လိုက်ပါ။အလယ်အလတ်လမ်းစဉ်သည်အကောင်းဆုံးပင်မဟုတ်ပါလား၊


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com


                               


No comments:

Post a Comment