arial" action="like" colorscheme="light">

Sunday, January 26, 2014

၁၉၉၄၊၁၉၉၆အာနိုးကလပ်ဆစ်ချန်ပီယံကီဗင်လတ်ဘရုန်း

ကီဗင်လတ်ဘရုန်းကို၁၆ ရက် ဇူလိုင်၁၉၆၅ ခုနှစ်ကရောမမြို.တွင်မွှေးဖွားခဲ.ပြီး အီတလီနှင်.အာဖရိကန်အမေရိကန်ကပြားဖြစ်သည်။သရုပ်ဆောင်အနေဖြင်. “Backlash “ “  I am “အပါအ၀င်ဇာတ်ကားအချို.တွင်ပါဝင်ရိုက်ကူးခဲ.ပါသည်။၁၉၉၂၊ ၁၉၉၅၊ ၂၀၀၀နှင်.၂၀၀၂ ခုနှစ်များတွင်ကျင်းပသောမောင်အိုလမ်ပီယာပြိုင်ပွဲတွင်ဒုတိယ ဆု ရရှိခဲ.ပြီးအခြားသော ဆုတံဆိပ်ပေါင်းများစွာကိုလည်းရရှိခဲ.ပါသည်။  ၂၀၀၂အိုလမ်ပီယာပြိုင်ပွဲမှ ကီဗင်၏ကိုယ်ဟန်ပြသမှုဗွီဒီယို လင့်ခ် ဒီမှာကြည့်နိုင်ပါပြီ။
ကီဗင်၏ကိုယ်အချိုးအစားအတိုင်းအတာမှာ
အ၇ပ်အမြင်.    ၅ပေ ၇လက်မ
ကိုယ်အလေးချိန်  ပြိုင်ပွဲဝေး ၂၈၀ပေါင် ၊ ပြိုင်ပွဲဝင် ၂၅၀ပေါင်
လက်မောင်း  ၂၄ လက်မ
ပေါင် ၃၂ လက်မ
ခါး ၃၂ လက်မ
ရင်အုပ်  ၅၇လက်မ စသည်တို.ဖြစ်ပါသည်။ ကီဗင်၏လေ.ကျင်.ခန်းများမှာ ၃ ၇က်ကစား ၁ရက်နားဖြင်.ကစားပါသည်။ ထို၃ရက်ကို အောက်ပါအတိုင်းခွဲကစားပါသည်။
ပထမနေ. ရင်အုပ်၊ပုခုံး၊လက်မောင်းနောက်သား
ဒုတိယနေ.  ပေါင် နှင်.ခြေသလုံး
တတိယနေ.   နောက်ကျောကြွှက်သားနှင်. လက်မောင်းရှေ.သား စ သည်. အတွဲတို. ဖြင်.ကစားပါသည်။
                 ပထမနေ.  ရင်အုပ်
ခုံရှည်(ပြင်ညီ) ရင်အုပ်တွန်း  ၄ ကျော. (၆ကြိမ်-ရကြိမ်-၈ကြိမ်-၆ကြိမ်)
ခုံစောင်းမှီ ရင်အုပ်တွန်း  ၄ ကျော. (၆ကြိမ်-ရကြိမ်-၈ကြိမ်-၆ကြိမ်)
ဘားတိုနှင်.ရင်အုပ်ခွဲ ခုံရှည်(ပြင်ညီ)  ၄ ကျော. (၁၀ကြိမ်-၁၁ကြိမ်-၁၂ကြိမ်-၁၀ကြိမ်)
          ပုခုံး
ဘားရှည်နှင်.ပုခုံးတွန်း   ၄ ကျော. (၆ကြိမ်-ရကြိမ်-၈ကြိမ်-၆ကြိမ်)
ဘားတိုနှင်.ဘေးတိုက်မြှောက်   ၄ ကျော. (၆ကြိမ်-ရကြိမ်-၈ကြိမ်-၆ကြိမ်)
ဘားတိုနှင်.အရှေ.သို.မြှောက်   ၄ ကျော. (၆ကြိမ်-ရကြိမ်-၈ကြိမ်-၆ကြိမ်)
                လက်မောင်းနောက်သား
EZဘားနှင်.လက်မောင်းနောက်သားဆွဲချ  ၆ကျော. (၁၂ကြိမ်-၁၃ကြိမ်-၁၄ကြိမ်-၁၅ကြိမ-၁၂ကြိမ်-၁၂ကြိမ်) တို.ဖြစ်ပါသည်။
ကီဗင်သည် ဂီတာနှင်.တေးသီချင်းဆိုသူအဆိုတော်တစ်ဦးလည်းဖြစ်ပါသည်။တို.အတူ IFBB၏ ဆုတံဆိပ်ပေါင်း၂၂ခုရရှိပြီးသော်လည်းယနေ.အချိန်အထိ ကာယဗလမှအနားယူကြောင်း မကြေငြာသေးပါ။ ထိုဆုများထဲတွင်အာနိုးကလပ်ဆစ်ပြိုင်ပွဲ(၁၉၉၄။၁၉၉၆) ၏ဆုတံဆိပ်များလည်းပါဝင်ခဲ.ပါသည်။   
REF    TRAINING REPORT   BY  KEVIN LEVRONE
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်
စိုင်းသီဟကျော်စန်း


email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan


အမျိုးသမီးများ၊အလေးများဖြင့်၊လေ့ကျင့်ခန်းပြုလုပ်သင့်သော၊အချက်-၈ချက်

အမျိုးသမီးများပြုလုပ်သင့်သောအားကစားဟုဆိုလိုက်လျင်၊ယောဂနှင့်ပြေးခြင်း၊စက်ဘီးစီးခြင်း၊
ရေကူးခြင်းများလောက်သာ၊သိတတ်ကြသူအများစုဖြစ်သည်။တစ်ကယ်တော့၊အမျိုးသမီးများအတွက်
အကောင်းဆုံးသော၊လေ့ကျင့်ခန်းများမှာ၊အလေးများဖြင့်လေ့ကျင့်သော၊fitness လေ့ကျင့်ခန်းများသာ
ဖြစ်သည်။***အလေး***ဟူသောဝေါဟာရကိုကြားလိုက်လျင်ပင်မြန်မာအမျိုးသမီးများနားကြောစိမ့်
သွားတတ်ကြသည်မှာဓမ္မတာပင်ဖြစ်သည်။ထိုသို့ ဖြစ်ရသည်မှာ၊***အမျိုးသမီးများအလေးများဖြင့်
လေ့ကျင့်လျင်၊အန္တရာယ်များသည်၊အမျိုးသားများကဲ့သို့ ကြွက်သားများဖြင့်ပုံပျက်ပန်းပျက်ဖြစ်သွား
မည်၊အဆစ်အမြစ်များဒဏ်ရာရမည်၊အလေးများဖြင့်လေ့ကျင့်ခန်းမပြုလုပ်တော့ပါကကြွက်သားများ
သည်အဆီအဖြစ်သို့ ပြောင်းသွားမည်***စသည်ဖြင့်ယုတ္တိမတန်၊လက်တွေ့ မဆန်သော၊ယုံတမ်း
စကားပေါင်းများစွာကိုဖန်တရာတေအောင်ကြားနေကြရ၍ဖြစ်သည်။ဤဆောင်းပါးသည်၊ထိုယုံတမ်း
စကား၊ပုံပြင်များကိုအထောက်အထားများနှင့်တစ်ကွအပြီးအပိုင်တိုက်ဖျက်ပစ်မည်ဖြစ်သည်။ဤ
ဆောင်းပါးတွင်၊အမျိုးသမီးများ၊အလေးများဖြင့်လေ့ကျင့်ပါက၊ရရှိနိုင်သောအကျိုးကျေးဇူးများကို
အထောက်အထားနှင့်တကွဖော်ပြထားသည်။
-အလေးဖြင့်လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်အောက်ဖော်ပြပါအကျိုးကျေးဇူးများရရှိစေနိုင်ပါသည်။
၁-အဆီကျနှုန်းကိုမြန်ဆန်တိုးတက်စေသည်
အလေးမခြင်းသည်၊အမျိုးသားများအတွက်သီးသန့် လုံးဝမဟုတ်ပါ။သာမန်ကိုယ်လက်လှုပ်ရှားမှုလေ့
ကျင့်ခန်းများသည်ကယ်လိုရီလောင်ကျွမ်းစေနိုင်သည်မှန်သော်လည်းထိုရလာဒ်မှာလေ့ကျင့်ခန်းပြုလုပ်
နေစဉ်တွင်မှာသာဖြစ်နိုင်သည်။အလေးများဖြင့်လေ့ကျင့်ခန်းပြုလုပ်ပါကလေ့ကျင့်ခန်းပြုလုပ်နေစဉ်တွင်
ရော၊လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်များတွင်ပါကိုယ်တွင်းဇီဝဖြစ်ပျက်မှုနှုန်းကိုမြန်စေကာခန္ဓာကိုယ်တွင်းမှ
မလိုအပ်သောအပိုကယ်လိုရီများကိုလောင်ကျွမ်းစေနိုင်သည်။အလေးများဖြင့်လေ့ကျင့်ခန်းပြီးလျင်
လည်း၊(EPOC-Excess Post Exercises Oxygen Consumption)ဟုခေါ်သော၊လေ့ကျင့်ခန်း
ပြီးနောက်အောက်ဆီဂျင်အပိုအသုံးပြုခြင်းစနစ်ဖြစ်ပေါ်သဖြင့်၊ကယ်လိုရီလောင်ကျွမ်းမှုများလာခြင်းဖြစ်သည်။ခန္ဓာကိုယ်ကအောက်ဆီဂျင်အသုံးပြုမှုပိုလာလေလေ၊ကယ်လိုရီလောင်ကျွမ်းမှုများလာလေလေ
ဖြစ်ပြီးကိုယ်တွင်းဇီဝဖြစ်ပျက်မှုနှုန်းလည်းမြန်လာလေလေဖြစ်ကာအဆီလောင်ကျွမ်းမှုလည်းတစ်ဟုန်
ထိုးတိုးတက်လာခြင်းဖြစ်သည်။
၂-ကြွက်သားပမာဏများလေလေအဆီလောင်ကျွမ်းမှုများလေလေ
အလေးများဖြင့်စနစ်တကျ၊လေ့ကျင့်ခြင်းကြောင့်၊ခန္ဓာကိုယ်တွင်ကြွက်သားပမာဏများလာလေလေ၊
အဆီလောင်ကျွမ်းမှုများလာလေလေဖြစ်သည်။နေ့ စဉ်လှုပ်ရှားနေထိုင်မှုဘ၀နယ်ပယ်တွင်၊မတ်တပ်
ရပ်နေခြင်းသည်ထိုင်နေခြင်းထက်ပို၍ကယ်လိုရီလောင်ကျွမ်းစေနိုင်သလို၊လမ်းလျောက်ခြင်းသည်၊မတ်
တပ်ရပ်နေခြင်းထက်၊ပြေးခြင်းသည်လမ်းလျောက်နေခြင်းထက်၊အလေးများဖြင့်လေ့ကျင့်ခန်းပြုလုပ်
ခြင်းသည်ပြေးခြင်းနှင့်အခြားသော၊ကာဒီရိုအားကစားနည်းများထက်ပို၍ကယ်လိုရီလောင်ကျွမ်းစေနိုင်
သည်။တစ်နေကုန်ကြွက်သားများ၊လှုပ်ရှားမှုများလေလေ၊အဆီပိုကျနိုင်လေလေဖြစ်သည်။
၃-ခါးသေးရင်ချီ
အမျိုးသမီးများ၊အလေးများဖြင့်လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့်၊ကြွက်သားများအပိုတည်ဆောက်လာ
နိုင်လေလေ၊ခန္ဓာကိုယ်မှပိုလျံသောအဆီများကျလာလေလေဖြစ်ကာ၊ခန္ဓာကိုယ်အချိုးအစားကို၊ကျစ်
လစ်တင်းရင်းလှပစေပါသည်။ထို့ ကြောင့်အမျိုးသမီးများ၊အလေးများဖြင့်၊လေ့ကျင့်ခန်းပြုလုပ်သင့်ပါ
သည်။
၎-အိပ်မက်လှလှ
အိပ်ရေးမ၀ပါက၊တစ်နေ့ တာနိစ္စဓူဝ၊လုပ်ငန်းဆောင်တာများအပေါ်၊မည်မျှဆိုးကျိုးသက်ရောက်စေနိုင်
သည်ဆိုသည့်အချက်အပြင်၊ခံတွင်းပျက်ခြင်း၊ကိုယ်တွင်းဇီဝဖြစ်စဉ်နှေးကွေးကာအဆီတက်လာခြင်း
စသောဆိုးကျိုးများကြုံတွေ့ နိုင်ကြောင်းကိုကျန်းမာရေးဗဟုသုတ၊ရှိသူတိုင်းသိရှိထားပြီးဖြစ်သည်။
International SportMed Journalတွင်ဖော်ပြထားသော၊သုတေသနတစ်ခုက၊အလေးများဖြင့်
လေ့ကျင့်ခန်းပြုလုပ်ခြင်းသို့ မဟုတ်ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခြင်းက၊ညတွင်
အလွယ်တကူအိပ်ပျော်စေနိုင်ခြင်း၊နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ခြင်း၊အိပ်စက်ချိန်တိုးလာနိုင်ခြင်း
စသောအကျိုးကျေးဇူများကိုတင်ပြထားပါသည်။
၅-အားအင်ပြည့်ဖြိုး၊စွမ်းဆောင်ရည်တိုး
အထက်တွင်၊တင်ပြခဲ့သော၊အချက်များအတိုင်းပင်၊National Institute of Health မှထပ်မံတင်ပြ
သည့်သုတေသနတစ်ရပ်မှာ၊သာမန်အလေးမလေ့ကျင့်ခန်းများသည်ပင်လျင်၊ကယ်လိုရီလောင်ကျွမ်း
မှုအထူးအားကောင်းစေကာ၊ကိုယ်တွင်းခွန်အားညီမျှစေပြီးအဆီဆဲလ်များကိုလောင်ကျွမ်းစေမှုလည်း
မြင့်မားလာခြင်းဖြစ်ကြောင်းကိုရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။ထို့ ကြောင့်အားအင်ပြည့်ဖြိုးစွမ်းအင်တိုး
စေလိုပါက၊သင်ကြိုက်သောကိုရီးယားဇာတ်ကားတစ်ကားကိုကြည့်မည့်အချိန်တွင်လေ့ကျင့်ခန်းပြုလုပ်ပါဟု
တိုက်တွန်းအပ်ပါသည်။
၆-နှလုံးကျန်းမာ၊ကိုယ်ချမ်းသာ
နှလုံးရောဂါခံစားနေရသူများအတွက်၊အကောင်းဆုံးသော၊နှလုံးကျန်းမာစေသောလေကျင့်ခန်းမှာ
အလေးများဖြင့်fitness လေ့ကျင့်ခြင်းပင်ဖြစ်ကြောင်း၊ American Heart Association ကထောက်ခံ
တင်ပြခဲ့သည်။ Journal of Strength and Conditioning Research ကလည်း၊အလေးမသူများသည်
နှလုံးရောဂါ၏ဆိုးကျိုးများ၊သွေးတွင်းအချိုဓါတ်များခြင်း၊သွေးတိုးခြင်းစသောရောဂါဆိုးများ၏ဒဏ်မှ
လွတ်ကင်းသက်သာကြောင်းတင်ပြခဲ့ပါသည်။အလေးမခြင်းကြောင့်၊နှလုံးရောဂါသည်များရောဂါအ
ခြေအနေတိုးတက်ကောင်းမွန်လာခြင်းနှင့်သွေးဖိအားမှန်ကန်လာခြင်းကိုဘရာဇီးလ်မှသုတေသီများ
ကတင်ပြခဲ့ပြန်ပါသေးသည်။
၇-အမျိုးမှန်တဲ့မမတို့ အရိုးသန်ဖို့ 
အမျိုးသမီးများ၊အသက်အရွယ်ရလာသည်နှင့်အမျှ၊အရိုးသိပ်သည်းဆလျော့နည်းလာပြီး၊အရိုးပွရော
ဂါဖြစ်လာနိုင်ကြောင်းကိုကျန်းမာရေးဗဟုသုတရှိသောအမျိုးသမီးတိုင်းသိရှိပြီးဖြစ်သည်။ကိုယ်တွင်းမှ
အီစထရိုဂျင်မထုတ်လုပ်နိုင်တော့သောသွေးဆုံးပြီးအမျိုးသမီးအများစုသည်အရိုးပွရောဂါ၏ဒုက္ခပေး
ခြင်းကိုဆိုးရွားစွာခံစားရတတ်သည်။ McMaster University မှသုတေသီများက၊သွေးဆုံးပြီးမှအလေး
ဖြင့်လေ့ကျင့်ခန်းပြုလုပ်သောအမျိုးသမီးကြီးများ၏အရိုးသိပ်သည်းဆသည် ၉%ခန့် ပိုမိုတိုးတက်
ကောင်းမွန်လာနိုင်ကြောင်းကိုတင်ပြခဲ့သည့်အပြင်၊အရွယ်ကောင်းစဉ်ကလေ့ကျင့်ခန်းပြုလုပ်သော
ပျိုမေတို့ ၏အရိုးကျန်းမာရေးအထူးကောင်းမွန်နိုင်ကြောင်းကိုလည်းကောက်ချက်ချတင်ပြခဲ့သည်။
၈-စိတ်ဖိစီးမှုကင်းဝေစေဖို့ 
မည်သည့်လေ့ကျင့်ခန်းအမျိုးအစားမဆို၊စိတ်ဖိစီးမှုဟူသမျှကိုလျော့ချပေးနိုင်ကြောင်းကို၊အားလုံးသိရှိ
ကြပြီးဖြစ်သည်။အလေးများဖြင့်လေ့ကျင့်ခန်းပြုလုပ်သူများသည်၊လေ့ကျင့်ခန်းလုံးဝမပြုလုပ်သူများနှင့်
သာမန်လေ့ကျင့်ခန်းပြုလုပ်သူများထက်၊ပို၍စိတ်ဖိစီးမှုများကိုခံနိုင်ရည်ရှိကြောင်းကိုသုတေသီများက
အသေအချာ၊ထောက်ခံတင်ပြပေးထားသည်။ထို့ အပြင်၊လူလတ်ပိုင်းများနှင့်လူကြီးပိုင်းအရွယ်များ
သည်အသင့်အတင့်ပြင်းထန်သောကြံ့ခိုင်မှုလေ့ကျင့်ခန်းများကိုလေ့ကျင့်ပေးပါက၊မှတ်ဥာဏ်နှင့်အမြင်
အာရုံကိုလည်းတိုးတက်ကောင်းမွန်စေနိုင်ပါသည်။
ထို့ ကြောင့်ကျန်းမာ၊သန်စွမ်းပြီး၊စွမ်းဆောင်ရည်မြင့်မားကာဘ၀တွင်အဖက်ဖက်မှအောင်မြင်လိုသော
အမျိုးသမီးတိုင်းသည်အလေးများဖြင့်လေ့ကျင့်ခန်းပြုလုပ်သင့်ပါကြောင်းကိုစေတနာကောင်းဖြင့်
ထပ်လောင်းတိုက်တွန်းအပ်ပါသည်။
References
1.    Roveda, Eliana, et. Al. Effects of endurance and strength acute exercise on night sleep quality." International SportMed Journal. 2011; 12(3): 113-124.
2.    Kirk, Erik P., et. Al. Minimal resistance training improves daily energy expenditure and fat oxidation" Med Sci Sports Exerc. 2010; 41(5): 1122-1129.
3.    Magyari PM, Churilla JR. Association between lifting weights and metabolic syndrome among U.S. Adults: 1999-2004 National Health and Nutrition Examination Survey. J Strength Cond Res. 2012 Nov; 26(11): 3113-7.
4.    Cardoso, Crivaldo Gomes, et. Al. "Acute and chronic effects of aerobic and resistance exercise on ambulatory blood pressure." Clinics (Sao Paulo). 2010; 65(3):317-325.
5.    Muir JM, Ye C, Bhandari M, Adachi JD, Thabane L. The effect of regular physical activity on bone mineral density in post-menopausal women aged 75 and over: a retrospective analysis from the Canadian multicentre osteoporosis study. BMC Musculoskelet Disord. 2013 Aug 23; 14: 253.
6.    Stone M, Stone Meg, Sands W. Psychological Aspects of Resistance Training. In: Principles and Practice of Resistance Training. Champaign, IL: Human Kinetics; 2009. p. 229-241.
ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits -
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com



ကာယဗလနှင်.ကာယအလှလေ.ကျင်.သူများအတွက်ကြွှက်သားထုနှင်.ပက်သက်သောအချက်အလက်အချို.


ကာယဗလနှင်.ကာယအလှလေ.ကျင်.သူများလေ.ကျင်.ခန်းမပြုလုပ် မ်ီတွင်
ကာဗိုဟိုက်ဒရိတ် ခေါ် ကစီဓါတ်နှင်. ပရိုတင်း ခေါ် အသားဓါတ် ကို ၃ အချိုး၁ ပုံစံဖြင်. စားသောက်ခြင်း(ကာဗိုဟိုက်ဒရိတ် ၃၀ ဂရမ်း  ပရိုတင်း ၁၀ ဂရမ်) အားဖြင်.ကြီးထွားစေရန်အထောက်အကူပြုကြောင်းလေ.လာတွေ.ရှိရပါသည်။လေ.ကျင်.နိုင်သော
စွမ်းဆောင်ရည်မြင်.စေရန် အတွက်ကော်ဖီ (သို.) လက်ဘက်ရည်ခွက်ဝက်ခန်. မကစားခင်သောက်သင်.ပါသည်။ အကယ်လို.ကစားနေစဉ်အတွင်းချွှေးများများထွက်နေပါက ဓါတ်ဆားရည်(သို.) အုန်းစိမ်းရည် အနည်းငယ်သောက်ပါကကောင်းကျိုးရရှိပါမည်။ ထို.အတူတစ်နေ.လုံးအတွက်ရေ ကိုလုံလောက်စွာသောက်ရပါမည်။  မည်မျှပမာဏသောက်ရမည်ဆိုလျှင်ကိုယ်အလေးချိန်ပေါင် ကို ၀.၆နှင်.မြှောက်ပါ။ ရရှိလာသောပမာဏသည်တစ်နေ.တာအတွက် သောက်ရမည်.ရေအောင်စ ဖြစ်ပါသည်။  
 ကြီးထွားနှုံးအနေဖြင်.တစ်နှစ်လျှင် ( ပျှမ်းမျှ) တားမြစ်ဆေးခေါ် စတီးရွိက်မသုံးစွဲဘဲကစားသူများအတွက်
စကစားသည်.နှစ်   ၂၀-၂၅ပေါင် တက်နိုင်သည်။ တစ်လ လျှင် ၂ ပေါင်
၂နှစ်မြှောက်         ၁၀-၁၂ပေါင် တက်နိုင်သည်။  တစ်လ လျှင် ၁ ပေါင်
၃နှစ် မြှောက်       ၅-၆ ပေါင် တက်နိုင်သည်။  တစ်လ လျှင် ၀.၅ ပေါင်
၎နှစ်နှင်.အထက်  ၂-၃ ပေါင်  တက်နိုင်သည်။  သို.ပေမယ်.
အချို.သူများသည်သဘာဝကပေးသောကြီးထွားဟိုမုန်းအားပိုကောင်းနေခြင်း၊မျိုးရိုးဗီဇကကြီးထွားမှုကို
အားပေးသည်.မျိုးရိုးဖြစ်နေခြင်း၊အပိုဖြည်.စွတ်စားသောက် မှု ကောင်းမွန်ခြင်း ၊. လေ.ကျင်.ခန်းအတွဲများသည်လည်းကြွှက်သားများကိုအမြဲ တအံ.တသြ SHOCK ဖြစ်နေစေပြီးထောင်.စုံအောင် တိတိကျကျကစားတတ်ခြင်းစသည်. အချက်များ.ပါရှိနေပါက အထက်ဖော်ပြပါတိုးတက်မှုနူံးထက်ပိုမိုတိုးတက်နေပါမည်။
 ကြီးထွားနှုံး(လယ်ဗယ်အလိုက်ဆိုလျှင်)
(စကစားသ)ူ         လက်ရှိကိုယ်အလေးချိန်၏ ၁% မှ ၁.၅% တက်သည်။
(အလယ်အလတ်အဆင်.)  လက်ရှိကိုယ်အလေးချိန်၏ ၀.၅% မှ ၁% တက်သည်။
(အဆင်.မြင်.အဆင်.)  လက်ရှိကိုယ်အလေးချိန်၏ ၀.၂၅% မှ ၀.၅% တက်သည်။ Lean Body Mass (LBM)
   ခေါ် ကြွှက်သားထုကိုတွက်လိုပါကအရပ်အမောင်း (လက်မဖြင်.)ကို ၇၀ နှုတ်ပါ၊ ရရှိလာသောပမာဏကို  ၅ နှင်.မြှောက်ပြီး၁၆၀ ဖြင်. ပေါင်းပါက အမြှင်.ဆုံးဖြစ်နိုင်သည်.ကြွှက်သား ထုပမာဏကိုရရှိပါမည်။ စင်တီမီတာနှင်.တွက်ပါက အရပ်အမြင်.(စင်တီမီတာ) ကို၁၀၀ ဖြင်.နှုတ်ပါ၊
ရရှိလာသောကိန်းဂဏန်းသည်ကီလိုဂရမ်နှင်.ဖော်ပြထားသောကြွှက်သားထုဖြစ်ပါသည်။အရပ်အမြင်.
အလိုက်ဖော်ပြထားသော ဇယားကွက်မှာအောက်ဖော်ပြပါပုံဖြစ်ပါသည်။
 FIGURE: muscle-gain-naturally
လေ.ကျင်.ခန်းလုပ်ပြီးနောက်အကြောဆန်.ပြီးတစ်နာရီအတွင်းအာဟာရပြန်ဖြည်.ရပါမည်။ကြီးထွားစေရန်
အတွက်ကယ်လိုရီပိုပြီးစားသောက်ရပါမည်၊ဥပမာ မူလက တစ်နေ. ၂၀၀၀ ကယ်လိုရီစားပါက ၅၀၀တိုးပြီး၂၅၀၀ စားသောက်ပြီး ၂ ပတ်စောင.်ကြည်.ပါ၊ (ကယ်လိုရီတွက်ချက်ပုံ ကိုနောက်ရေးမည်.ဆောင်းပါးများတွင်ဆက်လက်ဖော်ပြပါမည်) ထို.ပြင်ကျန်းမာရေးအခြေအနေကိုလည်းမျက်ခြေမပျက်ကြည်.ပါ။ ဥပမာ၊အစာအိမ်ကောင်းသူများအတွက် အဆင်ပြေသော်လည်းသိပ်မကောင်းသူများအတွက် အနည်းငယ်ဂရုတစ်စိုက်စားသောက်ရပါမည်။ ကြီးထွားမှုအခြေအနေကိုကြည်.ပြီးလိုသေးသည်ထင်ပါကထပ်ဖြည်.ပါ၊တစ်နေ.လျှင် မူလစားနေသောပရိုတင်းပမာဏသည်ကိုယ်အလေးချိန် ၁ပေါင်လျှင် ၁ ဂရမ်မှ ၂ ဂရမ် နှုံးဖြင်.စားသောက်နေသည်.ပုံစံမ၀င်သေးပါက တိုးပြီးစားသင်.ပါသည်။ ဆက်လက်ဖော်ပြရပါလျှင် ကိုယ်အလေးချိန်ပေါင်၁၈၀ ရှိသူသည်ပရိုတင်း ၁၈၀ ဂရမ်မှ ၃၆၀ ဂရမ်အတွင်းစားသောက်နေခြင်းမျိုးဖြစ်ပါသည်။
 Ref  : How much muscle gain naturally  by  Marc Berry
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-
 စိုင်းသီဟကျော်စန်း
 email---thihakyawsan@gmail.com

phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan


Sunday, January 19, 2014

Flex Wheeler Mass Construction Bodybuilding DVD


ဒီမှာကြည့်ပါ


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
 Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com

မြန်မာ့ကာယဗလ ဖွံ့ ဖြိုးတိုးတက်စေချင်

ယနေ. မြန်မာ နိုင်ငံမှာ သာမက ကမ္ဘာမှာပေါ်မှာပါ ကျွန်တော်တို. ကာယဗလ အားကစားဟာ လူတကာ စိတ်ဝင်စားမှုနည်းတဲ. အားကစားအထဲမှာ တစ်ခု အပါအ၀င် ဖြစ်နေပါတယ်။ အထူးသဖြင်. ကျွန်တော်တို. နိုင်ငံမှာ ဆိုရင်လည်း ကာယဗလ အားကစားဟာ လူအနည်းစု ကစားတဲ. အားကစားတစ်ခုလို ဖြစ်နေပါတယ်။ ဒါတွေကို တစ်ခါတစ်လေ တွေးကြည်.မိရင် အရမ်းကို ၀မ်းနည်းမိပါတယ်။ များသောအားဖြင်. ကာယဗလ လိုက်စားတဲ. ကျွန်တော်တို.လို လူငယ်မျိုးတွေကိုလည်း တစ်ခြားသော သူတွေရဲ.အမြင်မှာ ၀ိတ်ပေါတွေ ၊ ဆန်ကုန်မြေလေးတွေ ဆိုပြီး ပြောဆိုနေကျတာတွေ၊ တက်သစ်စ လူငယ်တွေကိုလည်း မိဘဖြစ်သူတွေက ဘာလုပ်မှာလဲ ဒီအားကစား အရပ်ပုတယ်၊ ကြည်.မကောင်းဘူး စသည်ဖြင်. အမျိုးမျိုး မှားယွင်းတဲ. အယူအဆတွေနဲ. ပြောကြားပြီး ကြီးပြင်းစေတဲ. အခါကျတော. သူတို.တွေဟာလည်း ဒီအားကစားအပေါ်မှာ အမြင်တစ်မျိုး ဖြစ်ခဲ.ပါတယ်။ ဒါတွေဟာ အခုလက်ရှိလည်း ဖြစ်နေတုန်းပါပဲ။ အဲဒီလို အယူအဆတွေ ရှိနေလိုလည်း ကျွန်တော်တို. ကာယဗလ လောကဟာ မီးခဲပြာဖုံးဘ၀နဲ.ပဲ ကျေနပ်နေ၇တာပေါ.ဗျာ။ မျိုးဆက်သစ် လူငယ်ဆိုတာ ပြတ်သလောက် ဖြစ်နေပြီး လက်ရှိ မောင်မြန်မာ ကြီးတွေဟာလည်း မျိုးဆက်သစ်တွေကို နေရာပေးချင် ပေ.မယ်လည်း လူကမရှိ ဆိုသလိုပါပဲ။ အရမ်းကို ၀မ်းနည်းစရာပါ။
ကျွန်တော်တို.တွေ အနေနဲ.လည်း ကိုယ်တိုင်က ၀ါသနာပါတော. တတ်နိုင်သရွေ. တစ်ဖက်တစ်လမ်းက ကူညီနေပါတယ်။ ကျွန်တော်တို. ကာယဗလ လောက ဟာတကယ်တော. အမြင်လွယ်တဲ.လို. ထင်ရပေမယ့် မလွယ်ကူပါဘူးဆိုတာ လက်ရှိ ကစားနေတဲ. သူငယ်ချင်းတို.လည်း သိမှာပါ။ မောင်ကောင်း တစ်ယောက်ဖြစ်ဖို. ဆိုတာ မလွယ်သလို ရရှိလာတဲ. မောင်ဘွဲ တည်မြဲဖို. ဆက်လက် ထိန်းသိမ်းရတာလည်း မလွယ်ကူပါဘူး။ ဇွဲ၊ လုံလ၊ ၀ီရီယ၊ သုံးမျိုးလုံးနဲ.လည်း ဆိုင်သလို နောက်ကွယ်ကနေ အထောက်အပံ. အများကြီး လိုအပ်ပါတယ်။ ရိုးရိုးထမင်းစား၊ ရေသောက်ပြီး ကစားနေလို.ကတော. လူသာ အိုသွားမယ် ထင်သလောက် ခရီးရောက်မှာ မဟုတ်ပဲ လမ်းတစ်ဝက်မှာတင် လှည်.ပြန်ရမှာ သေချာပါတယ်၊ ဆေးဝါး အထောက်အကူ ဆိုတာလည်း လိုအပ်သလို အနေအထိုင် အစားအသောက် အဖက်ဖက်က ဂရုစိုက်နေရတာ ဟာလည်း ကျွန်တော်တို. အားကစားရဲ. ကောင်းမွန်တဲ. လူနေမှု စနစ်တစ်ခု ပေါ.ဗျာ။
ကာယဗလ အားကစားဟာ အခုရေတွင်းတူး အခုရေကြည်သောက်ချင်လို. မရပါဘူး။ နည်းပြဆရာ ကောင်းကောင်းလည်း လိုအပ်သလို ကိုယ်တိုင်ကလည်း နည်းစနစ် မှန်ကန်စွာနဲ. လေ.ကျင်.နိုင်မှ မျှော်မှန်းတဲ. ပန်းတိုင်ကို ရောက်ရှိနိုင်မှပါ။ အားကစားသမား ကိုယ်တိုင်ကလည်း နည်းပြဆရာ စကားကို တသွေမတိမ်း လိုက်နာ အကောင်အထည် ဖော်နိုင်ဖို.လည်း လိုအပ်သော အားကစားတစ်ခုပါ။ ကာယဗလ ဟူသော ဝေါဟာရကို ခွဲခြမ်း စိတ်ဖြာကြည်.လိုက်လျှင် ကာယဆိုသည်ကို အင်္ဂလိပ် ဘာသာဖြင်. Physical   ဟုအဆိုရှိပါသည်။   Physical ဆိုသည်မှာ ရုပ်၊ ဒြပ်၊ အထည်အ၀ါ၊ အကောင်အထည် စသည်ဖြင်.ဆိုင်သော အဖြေရသလို။ တစ်နည်းအားဖြင်. အာရုံငါးပါးနှင်. ထိတွေ. နိုင်သော ကိုယ်ကာယ၊ ကိုယ်ခန္ဒာဟု ဆိုလိုပါသည်။ ဗလဟူသော စကားမှာ   Strength စွမ်းအားဟု ခေါ်ပြီး ထိုနှစ်ခုပေါင်းကို    Physical Strength  ဟု ခေါ်ဆိုနိုင်ပါတယ်။ Physical Culture မှာမှု ကိုယ်လက် ကြံ.ခိုင်ရန်လို. ခေါ်ဆိုပြီး Physical Culture တွင် ကာယအလှ ရောယှက်လာပါတယ်။ထိုကာယဗလနှင်. ကာယအလှတို. ခန္ဓာကိုယ်တွင် ဖြစ်ပေါ်စေရန် စနစ်တကျ တည်ဆောက်ရပါတယ်။ နည်းဆိုသည်မှာ ပါဠိဘာသာအားဖြင်. နယ၊ အင်္ဂလိပ် ဘာသာအားဖြင်. (system) နည်းနာနိသျှ၊ (Method) နည်းစနစ်၊ Process (အဆင်.ဆင်.ဖြစ်ပေါ်လာပုံ)၊ Procedure (လုပ်ပုံလုပ်နည်း) Ways (လိုက်နာရန်စနစ်)၊ Means (ရည်မှန်းချက်)၊ (Technique) အထူးနည်းနာနိသျှဟု အဆိုရှိပါတယ်။နည်းစနစ်ကျနစွာ ဆိုသည်မှာ ပုံ့စံတကျ စနစ်တကျ သတ်မှတ်ထားသော စည်းမျဉ်း ဥပဒေများအတိုင်း လိုက်နာ ဆောင်ရွက်စေခြင်းဟု ခေါ်ဆိုနိုင်ပြီး ကာယဗလနှင်. ကာယအလှကို နည်းစနစ် တကျ ပြသနိုင်ရန် နည်းပြဆရာကောင်း တစ်ဦး မဖြစ်မနေ လိုအပ်ပါတယ်။ အဘယ်ကြောင်.ဆိုသော် နည်းပြဆရာဟူသည် နည်းပေးလမ်းပြ ပြုလုပ်သူဟု ခေါ်ဆိုနိုင်ပြီး ကာယဗလ လေ.ကျင်.မှုသည် အာရုံပျံလွင်.မှုကိုပင် မခံနိုင်သည်. အားကစားနည်း ဖြစ်သည်။ နည်းပြနှင်. အားကစားသမားတို.ဟာ ဘာနဲ.တူသလဲဆိုရင် ပန်းပု ဆရာတစ်ယောက်က ယမနေသားကို ပန်းပု ထုလုပ်နေသည်နှင်. ထပ်တူကျပါတယ် ဆိုလိုတာကတော. ပန်းပု ဆရာကလည်း လက်ရာကောင်းမှ ယမနေသားကလည်း အကျိုးအပဲ.မရှိ ခံနိုင်အားကောင်းမှ ပန်းပု ရုပ်ကောင်း တစ်ရုပ် ထွက်လာမှာပါ။ ဒီလိုပါပဲ နည်းပြဆိုတဲ. ပန်းပုဆရာက ဘယ်လောက် ကောင်းကောင်း ယမနေ သားဆိုတဲ. ကစားသမားကလည်း ခံနိုင်ရည်ရှိဖို. လိုပါတယ်။
ကျွန်တော် အမြင် ပြောရလျှင် သွေးသားဖြင်. တည်ဆောက် ထားသော ကျွန်တော်တို. ခန္ဒာကိုယ်ကို ပန်းပုရုပ်ပမာ ဖြစ်အောင် လုပ်ရတယ် ဆိုတာ မလွယ်ကူပါဘူး။ အင်မတန်မှ ခက်ခဲပြီး နူးညံ. သိမ်မွေ.တဲ. ပညာရပ်တွေလည်း ပါဝင်နေပါတယ်။ မြန်မာမှု နယ်ပယ်တွင် ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမည် ဆိုတဲ. ဆိုရိုးရှိသလို ကာယဗလ လောကမှာလည်း အသက်ကို ပမာပြု ကာယကိုစုပါ ဆိုတဲ. ကာယဗလ ကာယအလှ အားကစားရဲ. ဆောင်ပုဒ်လည်း ရှိနေတာ သိပြီး ဖြစ်ကြမှာပါ။ ကျွန်တော်တို. ဆရာ ဦးသာအောင် ပြောပြခဲ.တဲ. ချန်ပီယံ ဆိုတာ အလိုအလျှောက် မွေးဖွားလာခြင်း မဟုတ် တည်ဆောက်ယူရခြင်း ဖြစ်သည်။ သင်လည်း ကြိုးစားလျှင် ဘာလို. မဖြစ်နိုင်ရမှာလဲ လိုအပ်သည်မှာ နည်းစနစ် မှန်ကန်ဖို. နှင်. လေ.ကျင်.စဉ်နှင်. မှန်မှန် လေ.ကျင်.နိုင်ဖို. ဆိုတဲ.Champions are not born ,they are built .why not you be a champion ,if you train hard .what you need is regular and correct training only.
အထက်ပါ စာသားလေးကို သတိရမိပါတယ်။ ဒီလိုပါပဲ ကျွန်တော်တို.တွေလည်း လူသားတွေထဲက လူသားပါပဲ။ တတ်နိုင်သရွေ.တော. ကြိုးစားရင်ရနိုင်မယ်လို.လည်းစိတ်ဓာတ်ရှိရမယ်လို. ပြောကြားခဲ.
တာတွေကလည်း မှတ်သားစရာ တစ်ခုပေါ.ဗျာ။
နည်းစနစ် မှန်ကန်စွာ လေ.ကျင်.လျှင်. ဆရာဇော်ဂျီ ရေးသားခဲ.တဲ. ကဗျာလေး တစ်ပုဒ်လိုပေါ.။
လာစမ်းဟဲ. မေ.သား
အမယ်မင်း ထွားလိုက်တာ
စစ်သားကြီး လုံးလုံး
ဗိုလ်မှုးကြီး ရှုံးလောက်ရဲ.
ပခုံးနဲ. လက်ပြင် ကျောပြင်က သံချောင်း
တစ်နှစ်အတွင်းမှာ
ချက်ချင်းပဲပြောင်းရော ဆိုသကဲ.သို. တိုးတက်မှုကို တစ်နှစ်အတွင်း ရရှိနိုင်မယ် ဆိုတာ ယုံကြည်နေမိပါတယ်။
ကျွန်တော်တို. ကာယဗလ လောကကြီး တိုးတက်စေဖို. ဆိုတာပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများ၊ စာနယ်ဇင်းများမှ လှုံဆော်ရေး ဆောင်းပါးများ၊ ပြည်သူအများ စိတ်ဝင်စားစေရန် ကာယဗလ တေးဂီတ၊ ကာယဗလ ၀တ္တု၊ ကာယဗလ ရုပ်ရှင်များဖြင်. တိုးမြှင်. စည်းရုံးသင်.တယ်လို. ထင်မိပါတယ်။ ကာယဗလ ပြည်.စုံသူသည် ကျန်းမာ၏ ကျန်းမာသောသူသည် ဥာဏ်လတ်ဆတ်၏ ဥာဏ် လတ်ဆတ်သောသူသည် ဟုတ်တိုင်းမှန်ရာ စဉ်းစားနိုင်၏ ကာယဗလ ကြံ.ခိုင်သူ ပေါများလေ တိုင်းပြည် မဏ္ဍိုင် တောင်.တင်းလေ ကြံ.ခိုင်လေမှာ မလွဲဧကန် ဖြစ်ပါသည်။ ထို.ကြောင်. ကာယဗလ ကာယအလှ အားကစား ပြန်လည် နိုးကြား တက်ကြွလာစေရေး အတွက် အဘက်ဘက်မှ ၀ိုင်းဝန်း ကြိုးစားသင်.ပါကြောင်း တင်ပြရင်း အနာဂတ်မှာ မြန်မာ. ကာယဗလ လောကကြီး ကမ္ဘာအဆင်.ထိ တိုးတက် ရှင်သန်နိုင်ပါစေလို. ဆုမွန်ကောင်း တောင်းရင်း ကျွန်တော့် ပိုစ်လေးကို အဆုံးသတ်လိုက်ပါတယ်။ အပေါင်းအသင်းတို့။


အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com




ပြိုင်ပွဲဝင်နှင့်အကဲဖြတ်မှုစည်းကမ်း

    ကာယဗလမောင်ပြိုင်ပွဲများနေဖြင့်မိမိတို့ပြိုင်ပွဲဝင်နေစဉ်ကာလတွင်မိမိအပေါ်အကဲဖြတ်မည့်ဒိုင်လူ ကြီးများ၏အခန်းကဏ္ဍသည်မည်မျှကြီးမားသည်ဆိုသည့်အချက်ကိုသိရှိသဘောပေါက်နားလည်ထားမှ
သာလျှင်ဆောင်သင့်သည့်အချက်များကိုဆောင်ပြီးရှောင်သင့်သည့်အချက်များကိုဖြစ်ပါသည်။ဒိုင်လူကြီးများ သည်ပြိုင်ပွဲဝင်များအပေါ်တွင်အကဲဖြတ်သည့်အခါအဓိကအချက်ကြီး(၃)ခုဖြင့်အကဲဖြတ်လေ့ရှိပါသည်။
၁။    ကာယဖွံ့ဖြိုးမှုအပိုင်း (Physical Development)
၂။    ကိုယ်ဟန်ပြခြင်းစွမ်းရည် (Posing Ability)
၃။    စိတ်ပိုင်းဆိုင်ရာချဉ်းကပ်မှု (Mental Approach)
    ကာယဖွံ့ဖြိုးမှုအပိုင်းအပိုင်းကိုထပ်မံ၍ကဏ္ဍခွဲခြားပြီးအကဲဖြတ်သည့်အခါ...
    ၁။ကြွက်သားများ၏ထုထည်ကောင်းမွန်မှု (MUSCLE SIZE) ကိုအကဲဖြတ်ပါသည်။ပြိုင်ပွဲဝင်မောင် လောင်းတွင်ကြွက်သားဖွံ့ဖြိုးမှုဘယ်လောက်ရှိသလဲ၊သူရဲ့ကြွက်သား
ဖွံ့ဖြိုးမှုဟာထုထည်ကောင်းရဲ့လား၊ လျော့ရဲရဲဖြစ်နေသလား၊ကျစ်လစ်သိပ်သည်းမှုအားကောင်းရဲ့လား
ဆိုသည့်အချက်များဖြင့်အကဲဖြတ်ပါသည်။
    ၂။ကြွက်သားကျစ်လစ်မှု၏ပေါ်လွင်မှုအား (MUSCULAR DIFINITION) ကောင်းရဲ့လား၊ပြိုင်ပွဲဝင် ရဲ့ကြွက်သားပေါ်လွင်မှုဟာပြတ်ပြတ်သားသားရှိရဲ့လား၊ကိုယ်ဟန်မပြသေးဘဲရပ်နေစဉ်ကိုယ်ဟန်အနေအ
ထားမှာကြွက်သားတွေရဲ့ပေါ်လွင်မှုဟာမြင်သာထင်သာအနေအထားရှိရဲ့လားဆိုသည့်အချက်ကိုလည်း ထည့်သွင်းအကဲဖြတ်ပါသည်။
    ၃။ခန္ဓာကိုယ်တစ်ခုလုံးအပေါ်အချိုးအစားပြေပြစ်မှု (OVERALL PROPORTION) နဲ့ပတ်သတ်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးဟာဟန်ချက်ညီညီအချိုးအစားကျကျရှိရဲ့လား၊မျက်စိပသာဒအနေနဲ့စွဲမက် လောက်တဲ့ခန္ဓာကိုယ်အချိုးအစားရှိရဲ့လားဆိုသည့်အချက်ဖြင့်လည်းအကဲဖြတ်ပါသည်။
    ၄။အရိုးအဆစ်တည်ဆောက်မှုအပိုင်း (BONE STRUCTURE) မှာကိုယ်ဟန်အနေအထားကောင်း လောက်အောင်ယောက်ျားပီသတဲ့ပုခုံးကားကား၊ရင်အုပ်ထွားထွားရှိရဲ့
လား၊လက်ကောက်ဝတ်၊ဒူးဆစ်၊ခြေကျင်းဝတ်၊တင်ပါးဆုံများကြီးနေခြင်း၊သိမ်နေခြင်း၊အချိုးအစားမ
ကျဖြစ်နေခြင်း၊ခြေခွင်နေခြင်းစတဲ့အပြစ်အနာအဆာများနဲ့ရောငြိစွန်းနေခြင်းရှိမရှိအကဲဖြတ်ပါသည်။
    ၅။ကြွက်သားကျစ်လစ်မှု၏ပြည့်စုံမှု (MUSCULAR COMPLETENESS) ကိုလည်းအကဲဖြတ်ပါသည်။ ဖော်ပြပါအချက်(၅)ချက်သည်ကာယပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီးဒိုင်လူကြီးများ
၏ဆုံးဖြတ်ချက်များတစ်နည်းအားဖြင့်ပြောရလျှင်အကဲဖြတ်ခြင်းများဖြစ်ပါသည်။
    ကိုယ်ဟန်ချက်ပြခြင်းစွမ်းရည် (POSING ABILITY) နှင့်ပတ်သက်၍ဒိုင်လူကြီးများအနေဖြင့်အပိုင်း (၂)ပိုင်းခွဲခြားပြီးအကဲဖြတ်ပါသည်။ပြိုင်ပွဲဝင်တစ်ဦးဟာကိုယ်ဟန်ပြနေစဉ်အတွင်းမှာမပင်ပန်းဘဲသက်
 သောင့်သက်သာအနေအထားနဲ့ကိုယ်ဟန်ပြချက်တိုင်းကိုပြသနိုင်စွမ်းရှိသလား၊သတ်မှတ်ထားတဲ့အချိန်အ
တိုင်းအတာအတွင်းမှာကိုယ်ဟန်ပြကွက်များကိုပြသနိုင်ရဲ့လား၊ကိုယ်ဟန်ပြချက်တိုင်းဟာလည်းဒိုင်လူကြီး များရဲ့ပေးမှတ်ကိုရနိုင်စွမ်းရှိရဲ့လားဆိုသည့်အချက်များပါဝင်နေပါသည်။
    ကိုယ်ဟန်ပြကွက်ရွေးချယ်မှုအပိုင်း (CHOICE OF POSES) တွင်ပြိုင်ပွဲဝင်တစ်ဦးဟာအကောင်းဆုံး အမှတ်များရအောင်အထိရောက်ဆုံးပြသနိုင်စွမ်းရှိရဲ့လား၊ပြိုင်ပွဲဝင်တစ်ဦးဟာတိုတောင်းလှတဲ့အချိန်အ တောအတွင်းမှာကိုယ်ဟန်ပြကွက်တွေတစ်ခုပြီးတစ်ခုညက်ညက်ညောညောပြသနိုင်စွမ်းရှိရဲ့လား၊မိမိရဲ့ ကိုယ်ဟန်ပြကွက်တွေဟာပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ၊သတ်မှတ်ချက်များနဲ့ကိုက်ညီမှုခွင့်ပြုထားရှိမှုတွေနဲ့
 ရောလိုက်လျောညီထွေရှိရဲ့လားဆိုသည့်အချက်တွေကိုအကဲဖြတ်ပါသည်။အရေးကြီးသည့်အချက်မှာခွင့်ပြု
သတ်မှတ်ချိန်အတွင်းတွင်ပြသမည့်ကိုယ်ဟန်အမျိုးအစားနှင့်အရေအတွက်ကိုပြသနိုင်စွမ်းရှိရပါမည်။ဖော်ပြ
ပါအချက်အလက်များသည်ပြိုင်ပွဲဝင်တိုင်းမလွှဲသာမရှောင်သာကြုံတွေ့ရမည့်စင်မြင့်ပေါ်စွမ်းဆောင်မှုအချက်များကိုဒိုင်လူကြီးများအနေဖြင့်အကဲဖြတ်ခြင်းဖြစ်ပါသည်။
    ဒိုင်လူကြီးများအနေဖြင့်အကဲဖြတ်ခြင်းအပေါ်စိတ်ပိုင်းဆိုင်ရာချဉ်းကပ်မှု (MENTALAPPROACH) ဖြင့်
လည်းအကဲဖြတ်ကြပါသည်။စိတ်ပိုင်းဆိုင်ရာချဉ်းကပ်မှုဖြင့်အကဲဖြတ်ရာတွင်ပထမအချက်အနေဖြင့်ပြိုင်ပွဲဝင်
တိုင်းသည်မိမိအပေါ်မိမိယုံကြည်စိတ်ချမှုအပိုင်း (CONFIDENCE) ဖြစ်ပါသည်။ပြိုင်ပွဲဝင်တစ်ဦးသည်ပြိုင် ပွဲဝင်နေစဉ်တစ်လျှောက်တွင်သူ၏မျက်နှာသွင်ပြင်အမူအရာတွင်မိမိကိုယ်ကိုစိတ်ချယုံကြည်မှု၊နှစ်သက်
ဖွယ်ကောင်းသည့်စိတ်နေစိတ်ထားရှိမှုများရှိ/မရှိကိုဒိုင်လူကြီးများကအကဲဖြတ်ကြပါသည်။ပြိုင်ပွဲစင်မြင့်ပေါ်
တွင်သာမန်ရပ်နေစဉ်ကာလ၌လှလှပပသေသေသပ်သပ်ရပ်နိုင်ခြင်းရှိသည့်ကိုယ်ဟန်အနေအထားရှိရဲ့လား
၊ပြိုင်ပွဲအပေါ်စိတ်ဝင်စားမှုမရှိသည့်ပုံသဏ္ဍာန်မျိုး၊ဒိုင်လူကြီးများနှင့်ပရိသတ်များအပေါ်ဂရုမစိုက်၊အရေးမထား ပမာမခန့်နေတဲ့ပုံစံမျိုးရှိနေသလား၊တချို့ပြိုင်ပွဲဝင်များကျပြန်တော့လည်းပရိတ်သတ်မျက်စိဆံပင်မွှေးစူး
 လောက်အောင်လုပ်ဆောင်ပြသနေခြင်းများကိုပါအကဲဖြတ်ကြပါသည်။ နောက်ဆုံးအချက်မှာသေသပ်မှု၊
သပ်ရပ်မှု၊(NEATNESS)ကိုအကဲဖြတ်ပါသည်။ဆံပင်ကိုသေသေသပ်သပ်ညှပ်ထားမှုရှိ/မရှိ၊သပ်သပ်ရပ်
ရပ်ခေါင်းဖြီးထားခြင်းရှိ/မရှိ၊ကိုယ်ဟန်ပြရန်သတ်မှတ်ထားသည့် ဘောင်းဘီ (POSING TRUNK) ဟာလည်းပြိုင်ပွဲဝင်နေနဲ့လိုက်လျောညီထွေရှိ/မရှိ၊သေသပ်မှုရှိ/မရှိ၊ ဘောင်း ဘီချောင်နေသလား၊ဒါမှမဟုတ်အမြင်မတော်လောက်အောင်ကျပ်နေသလားစသည့်အချက်များကိုပါထည့်
သွင်းအကဲဖြတ်ကြပါသည်။အဆိုပါအချက်များသည်စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်သည့်အချက်များအပေါ် တွင်ဒိုင်လူကြီးများ၏အကဲဖြတ်မှုများပင်ဖြစ်ပါသည်။သို့အတွက်ကြောင့်ဒိုင်လူကြီးများသည်မိမိတို့အပေါ်အ
ကဲဖြတ်မည့်ဒိုင်လူကြီးများ၏အဆုံးအဖြတ်များကိုကြိုတင်သိထားပါကဆောင်သင့်သည်များကိုဆောင်၍
 ရှောင်သင့်သည့်များကိုရှောင်နိုင်ကြမည်ဖြစ်ပါသည်။
 ပြိုင်ပွဲဝင်များအနေဖြင့်အထူးသတိပြုရမည့်အချက်တစ်ချက်ကိုတင်ပြလိုပါသည်။ပြိုင်ပွဲဝင်မည့်မောင်လောင်းတစ်ဦးအနေဖြင့်တစ်နှစ်ပတ်လုံးငွေအား၊လူအားဖြင့်ပင်ပင်ပန်းပန်းလေ့ကျင့်ထားရသည့်ခန္ဓာကိုယ် တစ်ခုလုံးအပြစ်ပြောဖွယ်မရှိ၊ခြောက်ပြစ်ကင်းသဲလဲစင်၊အနေအထားမျိုးပင်ရှိပါစေ၊တကယ့်ပြိုင်ပွဲကျရောက်
သည့်အခါမိမိရဲ့ခန္ဓာကိုယ်အချိုးအစားလှပပြေပြစ်မှုခန္ဓာကိုယ်တစ်ခုလုံးရှိကိုယ်အင်္ဂါအစိတ်အပိုင်းများကို
 ပြတ်ပြတ်သားသားပေါ်လွင်ထင်ရှားနေအောင်ပြသတတ်ရန်အလွန်အရေးကြီးပါသည်။ (POSES THAT MAKE THE CHAMPIONS FAMOUS)ဆိုတဲ့စကားကိုကိုယ်ဟန်ပြခြင်းအတတ်ပညာသည်ချန်ပီယံများအား ထင်ရှားကျော်ကြားစေမှုကိုဖြစ်ပေါ်စေပါသည်လို့ဆိုရိုးစကားရှိသကဲ့သို့ "POSING IS A MEANS OF CORMUNICATION USING THE ENTIRE BODY TO TELL A STORY THE JUDGES WON'T FORGET" ဆိုတဲ့စကားလည်းရှိပါတယ်။အဓိပ္ပာယ်ကတော့ကိုယ်ဟန်ပြခြင်းအတတ်ပညာဆိုတာမိမိခန္ဓာ ကိုယ်တစ်ခုလုံးရဲ့အကြောင်းအရာတွေကိုဒိုင်လူကြီးများအားပုံပြင်သဖွယ်မေ့ပျောက်လို့မရနိုင်သေးအောင် ကြားခံဆက်သွယ်ရေးလမ်းကြောင်းအဖြစ်ပြောပြခြင်းဖြစ်သည်။ဒါဟာဘာလည်းဆိုရင်ပြိုင်ပွဲဝင်တစ်ဦးအနေ
နဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းအလိုက်ဖွံ့ဖြိုးမှု၊လှပမှု၊အချိုးအစားပြေပြစ်မှုအတွက်
ကိုနှုတ်ဖြင့်မပြောသော်လည်းပြောဘိအလား၊ကိုယ်ဟန်ပြခြင်းအတတ်ပညာကိုဒိုင်လူကြီးများနှင့်ပွဲကြည့်ပရိ သတ်အားပိုင်ပိုင်နိုင်နိုင်ပြသနိုင်ခြင်းဖြစ်ပါသည်။ခန္ဓာကိုယ်တစ်ခုလုံးရှိကြွက်သားစိုင်များကိုလှုပ်ရှားပြသနေ
 ခြင်းဟာစီကာပတ်ကုံးစကားပြောနေသလိုဖြစ်နေရပါမည်။အကဲဖြတ်ဒိုင်လူကြီးများနှင့်ပရိသတ်ရှေ့မှောက်
တွင်မိမိခန္ဓာကိုယ်တစ်ခုလုံး၏ဖွဲ့စည်းတည်ဆောက်ထားပုံကိုရှေ့ဘက်၊၀ဲဘက်၊ယာဘက်နှင့်နောက်ဘက် များကိုကိုယ်ဟန်လှည့်ပြီးပြသသည့်အချိန်တွင်ညက်ညက်ညောညောညင်ညင်သာသာနဲ့မိမိရဲ့ကာယအလှ
ကိုမျက်စိပသာဒစွဲမက်လောက်အောင်ပြသနိုင်စွမ်းရှိရပါမယ်။
 တစ်နှစ်ပတ်လုံးကြိုးကြိုးစားစားပြင်းပြင်းထန်ထန်လေ့ကျင့်ထားပြီးပန်းပုရုပ်လိုထုလုပ်ထားရသည့်မိမိခန္ဓာ
ကိုယ်အချိုးအစားပြေပြစ်မှုကိုစင်မြင့်ပေါ်တွင်ရရှိတဲ့တိုတောင်းလှတဲ့အချိန်ကာလအတွင်းမှာကိုယ်ဟန်
 ပြကွက်အမျိုးမျိုးဖြင့်စီကာစဉ်ကာတစ်ကွက်ပြီးတစ်ကွက်ကျယ်ကျယ်ပြန့်ပြန့်ပြသတတ်ရန်အထူးလိုအပ်
လှပါသည်။
 အခမ်းအနားမှူးကမိမိရဲ့ပြိုင်ပွဲဝင်နံပါတ်ကိုခေါ်ယူလိုက်သည့်အချိန်ကျရောက်မှဘယ်လိုပြသရမယ်ဆိုတဲ့အ
ချက်ကိုစဉ်းစားနေရန်အချိန်ရရှိနိုင်မည်မဟုတ်ပါ။မိမိအတွက်အခွင့်အရေးတစ်ရပ်အဖြစ်အချက်ကို စဉ်းစားနေရန်အချိန်ရရှိနိုင်မည်မဟုတ်ပါ။မိမိအတွက်အခွင့်အရေးတစ်ရပ်အဖြစ်ရရှိလိုက်သည့်အချိန်ကာလ
ကလေးတွင်အကျိုးရှိရှိအသုံးချသွားတတ်ရန်လိုအပ်ကြောင်းသတိပြုကြမှာဖြစ်ပါသည်။
    ပြိုင်ပွဲဝင်မောင်လောင်းများအနေဖြင့်သတိပြုရမည့်အချက်တစ်ချက်ရှိပါသည်။၎င်းအချက်မှာပြိုင်ပွဲ ၀င်မောင်လောင်းတစ်ဦးသမိုင်းနောက်ခံပြိုင်ပွဲများ၏အောင်မြင်မှုရလဒ်များကိုဒိုင်လူကြီးများအနေဖြင့်အသိ
အမှတ်ပြုမည်မဟုတ်ပါချေ။မည်မျှလောက်ပင်မောင်ဘွဲ့များတစီတတန်းကြီးရရှိနေပါစေလက်ရှိယှဉ်ပြိုင် သည့်နေ့ပြိုင်ပွဲတွင်၎င်းအရည်အချင်းကိုသာအကဲဖြတ်ပြီးအဆုံးအဖြတ်ပေးသွားမည်ဖြစ်ပါသည်။ပြိုင်ပွဲဝင်
 မောင်လောင်းတစ်ဦး၏စည်းရုံးထားသည့်ပရိသတ်များ၏လက်ခုပ်သြဘာသံများ၊တုံ့ပြန်မှုများအပေါ်တွင်ဒိုင်
လူကြီးများအနေဖြင့်ယောင်မှားပြီးအဆုံးအဖြတ်ပေးမည်မဟုတ်ကြောင်းပြိုင်ပွဲဝင်တိုင်းသိရှိသဘောပေါက် ထားဖို့လိုပါသည်။ပြိုင်ပွဲဝင်တစ်ဦး၏အရပ်အမောင်းကောင်းမှုအသားရောင်တင်ဆေးလိမ်းခြယ်မှုနှင့်ရုပ်ရည်
 ချောမောလှပမှုများကိုဒိုင်များအနေဖြင့်ထည့်သွင်းစဉ်းစားကြမည်မဟုတ်ကြောင်းကိုလည်းနားလည်သဘောေ

ပါက်ထားရန်လိုအပ်မည်ဖြစ်ပါသည်။သင်သည်မည်မျှပင်ကြွက်သားအလှကိုယ်ကာယနှင့်ပြည့်စုံပါစေမိမိ၏ ကိုယ်ကာယအလှကိုပ၇ိသတ်နှင့်ဒိုင်လူကြီးများအတွက်မျက်စိပသာဒဖြစ်အောင်စွဲကျန်စေရန်ပြိုင်ပွဲဝင်အချင်း
ချင်းအားကျလောက်သည့် ကိုယ်ဟန်ပြမောင်ကောင်းတစ်ဦးဖြစ်ရန်သည်ကားမလွဲမသွေလိုအပ်သည်။ ကစားနေရုံ ၊အာဟာရ ဂရုစိုက်နေရုံမျှနှင့်လည်းထူးချွန်သည့်မောင်လောင်းတစ်ဦးဖြစ်ရန်မလွယ်ပေ။ ကိုယ်ဟန်ပြအတတ်ပညာသည်လည်းအရေးကြီးသလိုပြိုင်ပွဲဝင်သူတစ်ယောက်အနေနှင့်သိထားသင့်သည် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကိုလည်းလေ့လားသင့်သည်ဟုယူဆမိ၍ကြိုးစားရေးသားပေးလိုက်ခြင်းဖြစ်
သည်။


အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com