arial" action="like" colorscheme="light">

Monday, April 14, 2014

အဖော်လိုလား

လူတိုင်းကနေရာတစ်ကာတွင်အဖော်လိုကြသည်။အတန်းဖော်၊ခရီးသွားဖော်၊ဘ၀လက်တွဲဖော်နှင့်
ကာယအားကစားခန်းမများတွင်တော့ကစားဖော်ဟူ၍နေရာတကာတွင်အဖော်နှင့်တွဲနေတတ်ကြ
သည်။ကျွန်တော်ယခုတင်ပြပေးမည်ကတော့ဂျင်မ်ထဲမှကစားဖော်အကြောင်းပင်ဖြစ်သည်။အချို့ 
က၊လေ့ကျင့်ရန်အဖော်မလို၊အချို့ ကအဖော်မပါလျင်မဖြစ်ဟုအမျိုးမျိုးမိမိသန်ရာသန်ရာပြောတတ်
ကြသည်။ကာယဗလချန်ပီယံများတွင်ပင်လျင်ဤသည်နှင့်ပါတ်သက်၍အယူအဆကွဲပြားကြသည်။
လေ့ကျင့်ရာတွင်အဖော်လိုလားမလိုဘူးလားဆိုသည်ကိုပင်မကြာသေးမှီကအောက်စဖို့ ဒ်တက္ကသိုလ်
မှတက္ကသိုလ်လှေလှော်အသင်းသားများကိုအုပ်စုနှစ်ခုခွဲကာတစ်စုကိုတစ်ဦးချင်းစီ၊ကျန်အုပ်စုတစ်စု
လုံးကိုတော့ငါးယောက်တစ်အုပ်စုစီတွဲကာလေးဆယ့်ငါးမိနစ်စီလေ့ကျင့်စေသည်။လေ့ကျင့်ခန်းများပြီး
ဆုံးချိန်တွင်ကစားသမားများ၏လက်မောင်းများကိုသုတေသီများကသွေးပေါင်ချိန်သောလက်ပါတ်ဖြင့်
ပါတ်ပြီးဖိအားကိုအပြင်းထန်ဆုံးညှစ်ပြီးကြည့်ရာနောက်ဆုံးတွင်ထူးဆန်းစွာတွေ့ ရိှရသည်မှာအဖွဲ့ နှင့်
လေ့ကျင့်သောအုပ်စုများသည်တစ်ဦးချင်းလေ့ကျင့်သူများထက်နှစ်ဆပို၍ခံနိုင်ကြောင်းကိုတွေ့ ရသည်။
      သုတေသီများကထိုအချက်ကိုထပ်မံအသေးစိတ်လေ့လာကြည့်ရာထိုခံနိုင်ရည်ရှိသောအဖွဲ့ လိုက်
လေ့ကျင့်သည်ကစားသမားများ၏ကိုယ်တွင်းတွင် endorphin ပမာဏများတိုးပွားလာခြင်းဖြစ်ကြောင်း
ကိုတွေ့ ရသည်။ endorphin သည်ခန္ဓာကိုယ်တွင်းမှဓါတုဓါတ်ပစ္စည်းတစ်မျိုးဖြစ်ပြီးထိုဓါတ်သည်၊နာ
ကျင်မှုဒဏ်ကိုခံနိုင်ရည်ရှိစေကြောင်းကိုတင်ပြခဲ့ပါသည်။ထို့ ကြောင့်လည်းကောင်းတို့ ကတော့၊အဖွဲ့ 
နှင့်လေ့ကျင့်ခြင်းကကောင်းမွန်ကြောင်းကြေငြာခဲ့သည်။
     ကာယဗလသည်ကျွန်တော့်အမြင်တွင်တော့တစ်ဦးချင်းစီ၏စူးစိုက်လေ့ကျင့်ရသောအားကစားဖြစ်
သည်။မိမိနှင့်ဝါသနာရောခံယူချက်ခြင်းပါတူညီသည့်ကစားဖော်သာလိုအပ်မည်ဖြစ်ပြီး၊မိမိကိုတိုးတက်မှု
ဖက်သို့ ဦးတည်စေနိုင်သောအဖော်မျိုးဆိုလျင်ကားအတိုင်းထက်အလွန်ပင်ဖြစ်သည်။ထိုသို့ မဟုတ်ဘဲ
သင်ကနည်းနည်းပျင်းလျင်သူကပို၍ပျင်းသူ၊စကားအလွန်များသူ၊သင်ကစောင့်နေရသူ၊သင့်ကိုမည်သို့ 
လိုက်ပေးရမည်ကိုမသိသူဆိုလျင်တော့ကားဝေးဝေးနေခြင်းကပိုပြီးကောင်း၏။
 ကျွန်တော်နိုင်ဦး---119
သည်လည်းကစားဖော်နှင့်ကစားခဲ့ဖူးပါသည်။နှစ်ပေါင်းအတော်ကြာကြာပင်ကစားခဲ့ပြီးထိုအချိန်များ
သည်ကားကစားသမားဘ၀တွင်မေ့မရနိုင်သောအချိန်များဖြစ်သည်။သို့ သော်ထိုသူငယ်ချင်းနှင့်အလုပ်
အနေအထားအရသိပ်မတွေ့ ဖြစ်တော့သည့်နောက်ပိုင်းတွင်ကျွန်တော်ရောသူပါလေ့ကျင့်ခန်းသိပ်မှန်
မှန်မလုပ်ဖြစ်တော့ပေ။လုပ်ဖြစ်လျင်လည်းတစ်ချိန်ကလောက်မပြင်းထန်တော့ပေ။ထို့ ကြောင့်ကျွန်
တော်အကြံပြုသည်ကတော့ဝါသနာတူ၊စိတ်ဓါတ်ချင်းတူသူဆိုလျင်အချိန်မဆိုင်းဘဲလက်တွဲပြီးလေ့
ကျင့်လိုက်ပါ။သို့ မှသာသင်တို့ ၏ကစားချိန်များသည်အာနိုးနှင့်ဖရန်ကို၊လီးဟေးနီနှင့်ရစ်ခ်ျဂက်စပါရီ
ဘရန့် ခ်ျဝါရန်နှင့်ဂျွန်နီဂျက်ဆင်တို့ ၏ကစားချိန်များကဲ့သို့ အသက်ဝင်လာမည်ဖြစ်သည်။တစ်ချိန်က
ကစားဖော်ကိုအောင်ထွန်းလင်းသို့ အမှတ်တရဖြင့်----


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com




No comments:

Post a Comment