arial" action="like" colorscheme="light">

Friday, May 31, 2013

မောင်အိုလံဘီယာရှစ်ထပ်ကွမ်း လီဟန်နီ ၏ဗွီပုံနောက်ကျောကစားနည်း

 ဒီဆောင်းပါးကတော့ကျွန်တော်တို့ သူငယ်ချင်းကြီးကိုသီဟကျော်ဆန်းရဲ့ ပထမဦးဆုံးသော၊ကာယဗလလေ့
ကျင့်နည်းဆောင်းပါးဖြစ်ပါတယ်။အမြဲတမ်းအာဟာရအကြောင်းတွေချည်းပဲရေးလေ့ရှိတဲ့သူ့ ကိုပရိတ်သတ်ကြီးက
စာဖိုးမှုးကြီးလားလို့ မေးလာချိန်မှာတော့ကိုသီဟအနေနှင့်လက်စွမ်းပြတင်ဆက်ထားတယ်လို့ ကျွန်တော်ထင်
ပါတယ်။
            နိုင်ဦး---119
လီဟန်နီအားကာယဗလကစားသမားတစ်ဦးကနောက်ကျောနှင်.ခါးအပါအ၀င်ကစားနည်းကိုမေးမြန်းခဲ.ပါ
သည်။သူမေးလိုသည်.အဓိကအချက်မှာသူသည်မျိုးရိုးအားဖြင်.ခါးတုတ်သည်.အဆက်အပေါက်ဖြစ်နေသဖြင်.
ခါးနှင်.နောက်ကျောကြွှက်သားတွဲဆက်ပြီးကစားပါကသူ၏အချိုးအစားကိုပြုပြင်နိုင်သလားဟူသောမေး
ခွန်းဖြစ်ပါသည်။ထိုအခါလီဟန်နီကသူသည်လည်းလေ.ကျင်.ခန်းကစားခြင်းကြောင်.သာယခုကဲ.သို.ပုံစံဖြစ်
လာသည်ဟုပြန်လည်ဖြေကြားခဲ.ပါသည်။လီဟန်နီ၏လေ.ကျင်.ခန်းလမ်းညွှန်ချက်များမှာအောက်ပါ
အတိုင်းဖြစ်သည်။

ပုခုံး

Barbell Upright Row

ဘားရှည်မေးစေ.သို.ဆွဲတင်  ၄ကျော.  ၆-၁၂ကြိမ်

Seated Dumbell Press

ထိုင်လျက်ဘားတိုတွန်း  ၄ကျော.   ၆-၁၂ ကြိမ်

Standing Dumbell Lateral Raise

ရပ်လျက်ဘားတိုဘေးတိုက်မြှောက်   ၄ ကျော.   ၈ကြိမ်-၁၀ကြိမ်

Bent Dumbell Lateral Raise

ခါးကိုင်းဘားတိုဘေးတိုက်မြှောက်   ၄ကျော.      ၈-၁၀ကြိမ်

One-Arm cabel lateral raise

လက်တစ်ဘက်ကေဘယ်ကြိုးဘေးတိုက်မြှောက်  ၄ကျော.     ၈-၁၀ကြိမ်

နောက်ကျော

Wide Grip Chin Up

လက်အကျဲဘားတန်းခို    ၈-၁၀ကျော.     ၈-၁၀ကြိမ်

Seated Cabel Rows

ထိုင်လျက်ကေဘယ်လှေလှော်   ၄ကျော.    ၈-၁၀ကြိမ်

Close-Grip Front Pull Down

လက်အကျဉ်းကိုင်ရင်ဘတ်ရှေ.ဆွဲချ        ၄ကျော.   ၁၀-၁၂ကြိမ်

Medium Grip Front Pull Down

အလယ်အလတ်အကျယ်ကိုင်ရင်ဘတ်ရှေ.ဆွဲချ    ၄ကျော.    ၁၀-၁၂ကြိမ်

Dumbell Pullover

ဘားတို ပူးဆွဲ                 ၄ကျော.     ၁၀-၁၂ကြိမ်

ဝမ်းဗိုက်ကြွှက်သား

Crunches

ကိုယ်အပေါ်ပိုင်းကြွှ       ၄ကျော.             အကြိမ်ရသလောက်

Leg Raises

ခြေမြှောက်                ၄ကျော.             အကြိမ်ရသလောက်

လီဟန်နီကဗွီပုံစံဖြစ်ဖို.အတွက်ပုခုံး၊နောက်ကျောနှင်.ခါးကိုမိမိကိုယ်အနေအထားကိုလိုက်ပြီးအချိုးညီညီချိန်ညှိကစားရန်
်အကြံပေးပါသည်။အားနည်းနေသည်.အပိုင်းကိုအရင်ကစားရန်ဖြစ်သည်။ ကိုယ်အပေါ်ပိုင်းကြွှ  နှင်.
ခြေမြှောက်    ခြင်းကိုအလေးမပါဘဲအကြိမ်များများကစားပါသည်ဟုလီဟန်နီကပြောပါသည်။
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများအားအစဉ်လေးစားနေသည်.----


စိုင်းသီဟကျော်စန်း
စိုင်းသီဟကျော်စန်း
email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan



Thursday, May 30, 2013

မိုက်မာတာရာဇို၏ပေါင်ကြွက်သားလေ့ကျင့်မှုသီအိုရီ

ချန်ပီယံတို့ဧ။် ဖခင်ဟု တင်စားခေါ်ဝေါ်ကြသည့်  ဆရာကြီး ဂျိုးဝီဒါနှင့် ညီဖြစ်သူ ဘင်ဝီဒါ တို့  စတင်ကြိုးပမ်း အကောင်အထည်ဖော် တင်ဆက်ခဲ့သည့် မောင်အိုလံပီယာ ပြိုင်ပွဲကြီးသည် ယနေ့အချိန်ထိလည်း အောင်မြင်စွာ ကျင်းပလာခဲ့သည်မှာ ဆယ်စုနှစ် ( ၅ ) စုနီးပါး ရောက်ရှိလာပြီ ဖြစ်သည်။ပြိုင်ပွဲ ကြီးမှ ပေါ်ထွန်းလာသော ကမ္ဘာ့ အကောင်းဆုံး မောင်အိုလံပီယာ သည်လည်း လက်ရှိချန်ပီယံ ဖီလ်ဟိသ် အထိပါဆိုလျှင် ၁၃ ယောက် မြောက် ပေါ်ထွန်းလာပြီဖြစ်သည်။ထိပ်ဆုံး နေရာကို ဆက်တိုက် အနိုင်ယူ ခဲ့သည် မောင်အိုလံပီယာ( အာနိုး ၊ လီဟေနီ ၊ ဒိုရီယန် ၊ ရွန်နီကိုးလ်မင်း ) များရှိသလို နှစ်ကြိမ် ၊ သုံးကြိမ် ၊ တစ်ကြိမ်သာ ရရှိ သူများလည်း ရှိသည်။ထိုကဲ့သို့ မြင့်မားလှသော ကာယဗလ ဆုတံဆိပ်နှင့် မြင်းကောင်းခွာလိပ် ဖြစ်ခဲ့သူများလည်း မောင်အိုလံပီယာ စတင် ကျင်းပ ချိန်မှ ယနေ့အထိတိုင် ရှိနေသည်မှာ အားကစား တစ်ခုဧ။် အနိုင် အရှုံး ဆိုသည့် ရလဒ်တစ်ခု ဟု ဆိုပါက မှားမည် မထင်ပေ။ မောင်အိုလံပီယာ စတင် ကျင်းပချိန်မှ စ၍ ယနေ့ ကျင်းပသည့်အချိန်ထိ ပရိသတ် ရင်ထဲတွင် ပုဂ္ဂိုလ်စွဲ ရှုးသွပ်စွာဖြင့် အားပေးခံရသူ မောင်အိုလံပီယာ ပြိုင်ပွဲဝင်များမှာလည်း ဒုနဲ့ဒေး ပေါ်ထွန်းခဲ့ပါသည်။ထို အထဲတွင် ထိပ်ဆုံးစာရင်းဝင်သော်လည်း ထိပ်ဆုံး မရောက်ခဲ့ရသည် မောင်အိုလံပီယာ ကောင်း များစွာ ပေါ်ထွန်းခဲ့ပါသည်။လူသိများ ထင်ရှားလှသည် မောင်တစ်ချို့မှာ လူဖာရစ်နိုလ် ၊ဖလက်ဝှီးလား ၊ ရှောင်ရေး ၊ကယ်ဗင်လက်ဗရုန်း ၊ ခရစ္စကော်မီယာ ၊မိုက်ဖရန်ဆွာ ၊ ပေါလ်ဒီလက် ၊  ဗင့်စ်တေလာ   ၊ချားလ်စ်ကလဲယာမောင့် ၊ဆန်နီရှမစ် ၊လီးလာဘရာဒါ ၊အန်ဒရေးယပ်မွန်ဇာ ၊ မိုက်မာတာရာဇို ၊ရစ်ချတ်ဂတ်စ်ပါရီ ၊ ဒင်းနစ်ဂျိမ်းစ် ၊ ဘရန့်ဝါရန် ၊ဂွန်တာရှလီယာကမ့် စသည်တို့သည် ပရိသတ်များအကြားတွင် ထိပ်ဆုံးသို့ မရောက်ခဲ့သည် ထိပ်တန်း မောင်တစ်ချို့ ဖြစ်သည်။ အခြား နာမည်ကြီး မောင်များလည်း ရှိပါသည်။ပြိုင်ပွဲမှ အနားယူ ချိန်အထိ မောင်အိုလံပီယာ ပြိုင်ပွဲတွင် အမြင့်ဆုံး နံပါတ် (၁ ) ကို မရရှိခဲ့သော်လည်း အထက်ပါ မောင်များသည် အခြား ဆုကြေးစားပြိုင်ပွဲများတွင် အနိမ်ဆုံး အဆင့် အနေဖြင့် ထိပ်တန်း ( ၅ ) ယောက်တွင် ပါရှိခဲ့သူများရှိသလို ရှောင်ရေး ၊ ဖလက်ဝှီးလား ၊ ကယ်ဗင်လက်ဗရုန်း တို့ဆှိုလျှင် ဆုကြေးစားလောကတွင် ထိပ်တန်းမှ  မောင်များဖြစ်သည်။ သို့သော်လည်း သူတို့သည်  မောင်အိုလံပီယာ ဆုတံဆိပ်ကို ကိုင်ခွင့်မရရှိခဲ့ပေ။  ထိုသူများတွင် တစ်ယောက်အပါအ၀င် ဖြစ်ပြီး ကမ္ဘာ အကောင်းဆုံး မောင်များတွင်လည်း ပါဝင်သူတစ်ဦး ဖြစ်တဲ့ အမေရိကန် နိုင်ငံသား မိုက်မာတာရာဇို ဧ။် ပေါင်ကြွက်သား လေ့ကျင့်မှု အပေါ်မှာ ခံယူထားတဲ့ သူဧ။် သဘောထား တစ်ချို့ကို ရေးသားဖော်ပြထားတဲ့ ၂၀၀၀ ခုနှစ် နိုဝင်ဘာလထုတ် Muscle and Fitness Magazine  ပါ ဆောင်းပါး တစ်ပုဒ်မှ ကောက်နုတ် တင်ပြ လိုက်ပါသည်။
     မိုက်မာတာရာဇို သည် ကာယဗလ နယ်ပယ်သို့ မ၀င်ရောက်ခင်က လက်ဝှေ့ သမား တစ်ဦး အဖြစ် လေ့ကျင့် လိုက်စားခဲ့သည်ကြောင့် သူဧ။် အောက်ပိုင်း ပေါင်ကြွက်သားများနှင့် ခြေသလုံး ကြွက်သားများသည် အများနှင့် မတူ ရသည်ဖြစ်ကြောင်း ၊လက်ဝှေ့ထိုးလေ့ကျင်ရာတွင် ခြေဖျားလေးထောက်ပြီး ခုန်ဆွ ခုန်ဆွ လေ့ကျင့်ခြင်းသည် ယခုလို ကာယဗလ စင်မြင့်ပေါ် ရောက်ရှိလာသည့် အခါတွင် ပြိုင်ဘက်များကြားတွင် အကောင်ဆုံး နှင့် စွဲမက်ဖွယ် ခြေသလုံး တစ်စုံ ကို ပိုင်ဆိုင်စေပြီး မျိုးရိုးဗီသည်လည်း တစ်စိတ်တစ်ပိုင်း ပါသည်ဟု ယုံကြည်မိကြောင်း ဆိုထားသည်။သူဧ။် အောက်ပိုင်း လေ့ကျင့်ချိန်တွင် လေ့ကျင့်ခန်း မစတင်မှီ မိနစ် ၂၀ ခန့်ကို အဆိုပါ တိုင်း လက်ဝှေ့ထိုးလေ့ကျင့်သလို ခြေဖျားထောက် ခုန်ဆွခုန်ဆွ ဖြင့် သွေးပူ  သဘောမျိုး ပြုလုပ်ကြောင်း ၊ ပြီးနောက် ပေါင် ရှေ့ကို ဦးစားပေး ကစားကြောင်း ပေါင်နောက် ကြွက်သားသည် ပေါင်ရှေ့ ကြွက်သား လေ့ကျင်ရာတွင် ပါဝင် ပတ်သက်နေသည် အတွက် ပေါင်နောက်ကို ပေါင်ရှေ့ပြီးမှ ကစားကြောင်း သို့မဟုတ်ပါက ပေါင်နောက်အရင် ကစားပြီး မှ ပေါင်ရှေ့ ကစားလျင်  သင်အနေနဲ့ ပေါင်ရှေ့ ကြွက်သားကို ကစားရန် အတွက် အားအင် အလုံအလောက် ရရှိမည် မဟုတ်ကြောင်းကို သတိပြုဖွယ် ပြောကြားထားသည်။ အလေးကြီးများကို အသုံးပြု ခြင်းသည် ပေါင်ကြွက်သား ထုထည်ကို တက်စေသည်မှန်သော်လည်း မိမိအနေနှင့် အလယ်အလတ် အလေးများနှင့် အကျော့များများကို ဦးစားပေးကစားကြောင်း ထိုသို့ ပြုလုပ်ခြင်းသည် ဒဏ်ရာ ရမှုမှလည်း ကာကွယ်ရာ ရောက်သလို တိုးတက်မှု လည်းရရှိကာ စိတ်အာရုံ စုစည်းနိုင်မှု ကောင်းသည်ဟု ထင်မြင်မိကြောင်း ဆိုထားပါသည်။ ပေါင်ကြွက်သား အတွက် လေ့ကျင့်ခန်း တစ်ခုလျင် အကျော့ ၆ ကျော့မှ ၁၀ ကျော့ ကြားထိ ကစားကြောင်း အဘယ်ကြောင့်ဆိုသော် ပေါင်ကြွက်သား သည် ကြွက်သားကြီးမား သိပ်သည်းပြီး နေ့စဉ် လှုပ်ရှား သွားလာမှု နှင့် ရင်းနှီး ကျွှမ်းဝင်နေသည့်အတွက် အကြိမ်ရေ များများ အကျော့များများနှင့် လှုံဆော်ပေးခြင်းသည် အကောင်ဆုံးဟု မိမိထင်မြင်ကြောင်း ၊ ပထမ သုံးကျော့ခန့်ကို အနေတော် အလေးများဖြင့်  သွေးပူ သဘောမျိုး ကစားစေပြီးမှ နောက်ပိုင်း အကျော့များကို ကြွက်သား ပူထူ သွားစေသည့်အထိ ကြွက်သား ညှစ်အား တစ်မျိုးတည်းဖြင့် ကစားစေကြောင်း ၊ပြိုင်ပွဲ အကြိုကာလတွင် မိမိ ခန္ဓာ ကိုယ် အစိတ်အပိုင်းတိုင်းကို ၁၀ ကျော့ ခန့် ကစားသည် ဟု ထုတ်ဖော် ပြောကြားထားသည်။ တစ်ကျော့ နှင့် တစ်ကျော့ အကြား အနားယူချိန်ကို စက္ကန့် ၂၀ ခန့်သာ အနားယူပြီး မြန်မြန် နှင့် အင်အားစိုက် ကစားရသည်ကို ကြိုက်နှစ်သက်ပြီး ၊ အပြည့်ထိုင်နှင့် ဟတ်စကွပ် ထိုင်ရာတွင် ဒဏ်ရာ ရမှု မှ ကာကွယ်မိစေဖို့ ဒူးမဆန့် မိစေရန်လည်း သတိပေးထားသည်။ အကြိမ်တိုင်းတွင် အပြည့်အ၀ အဆုံးစွန်ထိ လှုပ်ရှားပြီး ကြွက်သား ညှစ်အားဖြင့် ကစားခြင်းသည် ကွဲပြား ပေါ်လွင်မှု အတွက် အဓိက သော့ချက် ဖြစ်သည်။ ခါးပတ် ၊ ဒူးပတ် ၊ လက်ပတ် ပတ်၍ လေ့ကျင့်ခြင်းများကို ပြုလုပ်ပြီး ၊ အလေးကို မနိုင် တနိုင်နှင့် ဆောင့်ထိုင်ချခြင်း တို့ကို ရှောင်ရှားကာ နည်းစနစ်မှန်မှန် ဖြင့် လေ့ကျင့်နိုင်ရန် အခြေခံမှ စ၍ တစ်ဆင့်ချင်း တက်လှမ်းလိုစိတ်ထား နိုင်ရန်လည်း အကြံပေးထားသည်။ မအိုက်မာတာရာဇို ဧ။် လေ့ကျင့်မှု အပေါ် ခံယူချက်သည် ကျွန်တော်တို့ စာဖတ်သူတို့ သိရှိ နားလည်ထားသည့် အချက်အလက် အချို့နှင့် ကွဲလွဲချက်များစွာ ရှိနိုင်သလို အခြား မောင်အိုလံပီယာ တို့နှင့်လည်း လေ့ကျင့်နည်း ၊ ခံယူချက် အယူအဆ တို့ ကွဲလွဲနေသည်ကို တွေ့ ရမည် ဖြစ်သည်။ ထိုကြောင့်လည်း ချန်ပီယံတို့ဧ။် မတူညီသော လေ့ကျင့်ခန်း ၊ လေ့ကျင့်ပုံ နည်းစနစ်များ အပေါ် အခြေခံပြီး ကာယဗလ သီအိုရီ မြောက်များစွာ ပေါ်ထွက်လာ ခဲ့ကြခြင်းဖြစ်သည်။ မိမိ ကိုယ်တိုင်သည်သာ  အဓိက ဖြစ်သည်  မိမိ ဘယ်လို အခြေအနေ ရှိသည် ဘယ်အဆင့်အတန်းရှိသည် ဆိုတာ မိမိ ကိုယ်တိုင် သိ၍ မိမိနှင့် သင့်တော်သော လေ့ကျင့်ခန်း ကိုသာ ရွှေးချယ်ကစားပါ ချန်ပီယကစားသလို တုပ ကစားပြီး ချန်ပီယံ ဖြစ်မလာနိုင်ပါ။
 
ချန်ပီယံ သည်လည်း အောက်ခြေမှ တက်လာ ကြသူများသာဖြစ်သည်ကို သတိမှု နှလုံးသွင်း၍ အခြေခံမှ စပြီး အဆင့် လတ် အဆင့်မြင့် အထိ တစ်ဆင့်ချင်း ပုံမှန် လျောက်လှမ်းကြပါလို့ တိုက်တွန်း ပြောကြားလိုပါတယ်။
 တင်ဆက်သူ----အောင်အောင်(လှိုင်)
email----intensemuscle@gmail.com
www.myanmarfitness.com

Tuesday, May 28, 2013

ကယ်လိုရီနည်းပုဇွန်ထုပ်အသား


ကာဗိုဟိုက်ဒရိတ်နည်းပြီးပရိုတိန်းများမြင်.မားစွာပါဝင်သည်.ပုဇွန်ထုပ်အသားအစားတူနာငါး၊ကြက်သား(သို.)
နှစ်သက်ရာအသားများဖြင်.လည်းအစားထိုးပြီးပြုလုပ်နိုင်ပါသည်။
Ingredients    ပါဝင်သောအမယ်များ
·    6-8 ounces lobster ( ၆-၈ အောင်စခန်.ရှိသောပုဇွန်ထုပ်ကြီးအသား)
·    1 tbsp light mayo  မာရိုးနစ် လက်ဘက်ရည်ဇွန်း(၁)ဇွန်း
·    Juice from 1/4 lemon သံပုရာသီးတစ်လုံး၏လေးပုံတစ်ပုံ၏အရည်
·    1/4 bell pepper, diced  ငရုပ်ပွအနည်းငယ်
·    1/4 onion, diced   ကြက်သွန်နီနည်းနည်း
·    1 stalk celery, diced တရုပ်နံနံတစ်စည်း
·    3-4 Romaine lettuce heart leaves
·    Salt and pepper and other spices, ဆား၊ငရုပ်ကောင်းနှင်.အခြားနှစ်သက်ရာဟင်းခပ်မှုံ.
Directions   ပြုလုပ်နည်း
·    ခွက်တစ်ခုထဲသို.ပုဇွန်ထုပ်အသားများကိုနှစ်သက်သည်.ပုံစံပိုင်းဖြတ်ပါ။ အနေတော်လှီးဖြတ်ထားငရုပ်ပွအနည်းငယ် ၊ကြက်သွန်နီနည်းနည်း၊ တရုပ်နံနံနှင်. မာရိုးနစ်များကိုရောနှယ်လိုက်ပါသည်။သံပုရာရည်၊ဆား၊ငရုပ်ကောင်းများထပ်ထည်.ပါမည်။
·    အနေတော်အသားတစ်တုံးတွင်ပါဝင်သောပမာဏများမှာ
·    Calories 260 g
·    Total Fat6g
·    Total Carbs8g
·    Protein42g
·   
ပြီးနောက်ဆလပ်ရွှက်ပေါ်သို.အလှဆင်ကာတင်လိုက်ပါကအရသာရှိသော ကယ်လိုရီနည်းပုဇွန်ထုပ်အသားမြိန်ရှက်စွာစားဖို.အဆင်သင်.ဖြစ်ပါပြီ။
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျက်---


စိုင်းသီဟကျော်စန်း
email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan

Friday, May 24, 2013

ဆော်လမွန်ငါး.မုန်ညှင်းရွှက်နှင်.ခရင်(မ်)



ကြက်သားကဲ.သို.ပင်စားသုံးသင်.သောပေါ်ပြူလာဖြစ်သည်.နောက်ထပ်စားစရာတစ်မျိုးကိုဖော်ပြလိုက်ပါသည်။
ထိုစားစရာမှာ ကာယဗလသမားများအတွက်ချဉ်၊စိမ်.တဲ.အရသာပေးမယ်. ဆော်လမွန်ငါး.မုန်ညှင်းရွှက်နှင်.

ခရင်(မ်) ဖြစ်ပါသည်။

ပါဝင်သောအမယ်များ
  ဆော်လမွန်ငါးအသား(အရိုး+အေ၇ခွံမပါ)
စပင်းနပ်(မုံညှင်းရွှက်အသေး)
သံပုရာသီးအစိပ်ကြီး(၂)စိပ်
Casper(ခေါ်) ကျွဲနှခေါင်ချိတ်
နံနံပင်
သံလွင်ဆီနည်းနည်း၊သကြားနည်းနည်း၊ ဆားနည်းနည်း


sauce လုပ်ပုံ
သံပုရာအရည်၊ကျွဲနှခေါင်ချိတ်(casper)နှင်.နံနံပင်နှုပ်နှုပ်ဆင်းကိုမာရောနစ် ခရင်(မ်)နှင်.ရောမွှေလိုက်ပါကဆော်မွန်ငါးနှင်.တွဲဖက်စားသုံးရန်ဆော.(စ်)ရပါပြီ။
ပါဝင်သောကယ်လိုရီပမာဏ(လက်တစ်ဆုပ်စာတစ်ခု)
321 calories,  ( ၃၂၁) ကယ်လိုရီ
 protein 32g,       ပရိုတိန်း (၃၂g  )
 carbohydrate 3g,      ကာဗိုဟိုက်ဒရိတ်( ၃g)
 fat 20 g,        အဆီ(၂၀g)
 saturated fat 5g,      ဆား(5g)
 fibre 3g,         အမျှင်(၃g)
sugar 3g,    သကြား( ၃g)
salt 0.77 g     ဆား(၀.၇၇ g)
ပြုလုပ်နည်း
Pan အိုးပြားထဲသို.သံလွင်ဆီနည်းနည်းဆွတ်ပါ။ဆော်လမွန်ငါးကိုငရုပ်ကောင်းမှုံ့+ဆားနည်းနည်းကိုနှံ့.အောင်
နယ်ပါ။4မိနစ်ခန်.အနည်းငယ်ဝါလာအောင်ကြော်လိုက်ပါ။ပြီးနောက်မုံညှင်းရွှက်ကိုအစိမ်းရောင်မပျောက်စေ
ဘဲရေနွေးပွတ်ပွတ်ဆူထဲတွင်ခဏစိမ်ပါ။ ပြီးမှဆော်လမွန်ငါးနှင်.အတူပန်းကန်ထဲတွင်ထည်.လိုက်ပြီးအသင်.
လုပ်ထားသောဆော.(စ်)ဆမ်းလိုက်ပါကအရသာရှိသော ဆော်လမွန်ငါး.မုန်ညှင်းရွှက်နှင်.ခရင်(မ်)စား
ရန်အသင်.ဖြစ်ပါပြီ။
ကာယဗလလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျက်---

စိုင်းသီဟကျော်စန်း
email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅

Sunday, May 19, 2013

အားကစားနှင့်သက်လုံကောင်းစေသည့်အာဟာ၇များ


သင်အနေနှင့် မည်သည့် အားကစားပင် ပြုလုပ်စေကာမှု အားကစား သမားတစ်ယောက်အတွက် သက်လုံကောင်းမှု ကလည်း အရေးပါတဲ့ နေရာ တစ်ခု မှ ပါဝင်နေပါတယ်။ သက်လုံကောင်းသော အားကစား သမားတစ်ယောက်သည် ပြိုင်ဘက် အားကစား သမားတစ်ယောက်ကို အနိုင်ယူရာတွင် တစ်ပမ်းသာသည်မှာ အမှန်ပင်ဖြစ်သည်။ အပြေးအားကစား သမားမှ မဟုတ် မည့်သည် အားကစား သမားမဆို သက်လုံကောင်းနေဖို့လိုသည်။ သက်လုံကောင်းစေရန် လေ့ကျင့်ခန်းနှင့် လေ့ကျင့်ယူရသလို တစ်ဖက်မှလည်း အစားအသောက် ဖြင့် ထိန်းသိမ်းနိုင်ကြောင်း လေ့လာသူ တစ်ချို့က တင်ပြရေးသားကြရာမှာ သက်လုံ ကောင်းစေသည့် အစားအစာ ( ၅ )မျိုးကို ဖော်ထုတ်လာကြသည်။
( ၁ )။ သစ်သီးသစ်ဥများ
လူတိုင်းသိထားပြီး ဖြစ်သည့် အတိုင်း သစ်သီး သစ်ဥများသည် လူတစ်ယောက်ဧ။် အာဟာရ အပိုင်းတွင် အရေးပါသော နေရာမှ ပါရှိနေသည်။ ဆေးပညာရှင်တိုင်းကလည်း တစ်ညီတစ်ညွတ်ထဲ လက်ခံထားကြသည်မှာ အသီးအနှံ စားသုံးသူများသည် သားငါး စားသုံးသူများထက် ကျန်းမာရေးတွင် ပိုမို ကောင်းကြောင်း ဖြစ်သည်။ အထောက်အထားမျိုးစုံဖြင့် ယနေ့ ဆေးပညာလောကတွင် သူထက်ငါ အမျိုးမျိုး အသီးအနှံ ကောင်းကြောင်း များကိုဖော်ပြနေကြသည်။ သစ်သီးတွေမှာ ကျန်းမာရေး နှင့် ညီညွတ်တဲ့ သကြားဓာတ် အများအပြား ပါဝင်သလို ကာဗိုဟိုက်ဒရီတ်ဓာတ်ကိုလည်း အနည်းငယ်ပေးစွမ်းပါတယ်။ ငှက်ပျောသီး နှင့် ပန်းသီးတို့လို လတ်ဆတတ်တဲ့ သစ်သီးတွေမှာ  ဗီတာမင် စီနှင့် အင်တီ အောက်ဆီးဒင့် ၊ အမျှင်ဓာတ်များ ပါဝင်သည့် အတွက် လေ့ကျင့်ခန်း ပြုလုပ်ပြီးချိန်တွင် စားပေးခြင်းက များစွာ အကျိုးရှိပါတယ်။ဒါ့အပြင် ကြေညှက်လွယ်တဲ့ သစ်သီးတွေ စားသုံးပေးခြင်းကလည်း ကြွက်တက်ခြင်းကို ကာကွယ်ပေးသလို သက်လုံကောင်း အမောခံစေနိုင်ပါတယ်။

( ၂ )။ ဒိန်ချဉ်
    ဒိန်ချဉ် ကို လေ့ကျင့်ခန်းပြုလုပ်ပြီးချိန် စားသုံးပေးခြင်းကလည်း ကောင်းမွန်တဲ့ အကျိုးကျေးဇူး ကို ရရှိစေပါတယ်။ အကြောင်းရင်းက ပရိုတင်းဓာတ်နဲ့ ကာဗိုဟိုက်ဒရီတ် ဓာတ်ကို ရရှိစေလိုပါ။ လေ့ကျင့်ခန်း ပြုလုပ်ပြီးချိန် ပရိုတင်း ဓာတ်နှင့် ကာဗိုဟိုက်ဒရီတ်ဓာတ် ဖြည့်စွမ်းပေးခြင်းက ထူးခြားတဲပ တိုးတက်မှု ကို ပေးစွမ်းပါတယ်။ ဒိန်ချဉ် ထဲတွင် စတော်ဘယ်ရီ အသီးလို အရသာ ရှိတဲ့ အသီးများ ထည့်စားခြင်းကလည်း ကောင်းမွန် ပြည့်စုံတဲ့ အဟာရ ကိုပေးစွမ်းပါတယ်။
                       
( ၃ )။ဖွဲနုကွေကာ
    သက်လုံကောင်းစေတဲ့ အစားအသောက်တွေ ထဲမှာ ဖွဲနု ကွေကာ လည်း ပါဝင်ပါတယ်။ အမျှင်ဓာတ် ပါဝင်မှု များတာကြောင့် ရုပ်ပိုင်းဆိုင်ရာ သက်လုံကောင်းစေပြီး ဇီဝ ဖြစ်ပျက်မှုနှုန်းကို တိုးစေပါတယ်။ ရေဓာတ်ခမ်းခြောက်မှု ကို ကာကွယ်ပေးပြီး ဆဲလ်တွေရဲ့ လုပ်ငန်း ဆောင်တာများကို ကောင်းမွန်စေပါတယ်။
( ၄ )။ကြက်သား
    လေ့ကျင့်ခန်း ပြုလုပ်ပြီးချိန် ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည် အစားထိုးဖို့ အတွက် အာဟာရ ဓာတ်လိုအပ်ပါတယ်။ ကြွက်သားပြန်လည် တည်ဆောက်မှု ဖြစ်စဉ်များ ပြုလုပ်နိုင်ရန် လိုအပ်သော အသားဓာတ်များ ဖြည့်တင်းရမည် ဖြစ်သည်။ ကြက်သား ၊ သားငါးနှင့် ဥ အမျိုးမျိုးသည် ပရီုတင်း ကြွယ်ဝ သောအစားအစာများ ဖြစ်သည်။ကြွက်သားကြီးထွား သန်စွမ်းမှုနှင့် သက်လုံကောင်းစေရန် အသားဓာတ်ကိုလည်း ဖြည်ပတင်းပေးရန် မမေ့ပါနှင်။

( ၅ )။ စွပ်ပြုပ်
    စွပ်ပြုပ်နှင့် အာဟာရ ဓာတ်ပါသော  ပရိုတင်း မစ်ရှိတ်ကဲ့သို့ အစားအသောက်များကို လေ့ကျင့်ခန်း ပြုလုပ်ပြီးချိန် စားသုံးပေးပါက ကာယဗလ အားကစား သမားများအတွက် လိုအပ်သော အကျိုးထူး များကို ပေးစွမ်းနိုင်ပါသည်။
(၆ )။ ဂျုံမှုန့်အကြမ်း
    ကြွက်သားသန်စွမ်း ကျန်းမာ စေရန်အတွက် ဂလူးကိုစ့် ဓာတ်လည်း လိုအပ်ပါတယ်။  ၈ျုံမှုန့် အကြမ်း တွင် အဆိုပါ ကြွက်သား အားဖြစ်စေမယ့် ဂလူးကိုစ့် ပါဝင်တဲ့အပြင် အဆီလောင်ကျွမ်းမှု မြန်စေ တာကြောင့် လေ့ကျင့်ခန်း မပြုလုပ်မီ တစ်နာရီ နှစ်နာရီ ကြိုပြီး စားသုံးသင့်ပါတယ်။
                                                
တင်ဆက်သူ----အောင်အောင်(လှိုင်)
email----intensemuscle@gmail.com
www.myanmarfitness.com

ဂျနီဖာဟော့ကင်း ဧ။် ကိုယ်ခန္ဓာ ထိန်းသိမ်းမှုဆိုင်ရာ




သြစတြေးလျ မော်ဒယ်လ် တစ်ဦးဖြစ်သူ ဂျနီဖာဟော့ကင်း ဧ။် ကိုယ်ခန္ဓာ ထိန်းသိမ်းမှုဆိုင်ရာ နည်းလမ်း များအနက်မှ အချက်အလက်တစ်ချို့ကို အမျိုးသမီး အဆီချလိုသူ အများစု လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်ပြီး ရေးသား တင်ဆက်ပေးလိုက်ပါသည်။ဂျနီဖာ နှင့် အင်တာဗျူးထားသည့် ဆောင်းပါးတစ်ပုဒ်ကိုတော့ ကျွန်တော် သိပ်မကြာခင်မှာ အမျိုးသမီးများ အတွက် ရည်ရွယ်ပြီးေ၇းသားပေးပါမယ်။ဂျနီဖာ သည် သူဧ။် ကိုယ်ခန္ဓာ ထိန်းသိမ်းမှု အပေါ် အချက် ( ၅ )ချက်တွင် အခြေခံပြီး လိုက်နာ ကျင့်ကြံကြောင်း ဖော်ပြထားသည်။
(၁ )။ ကောင်းမွန်သော အစားအသောက်ကို ရွေးချယ်ပါ
    လူတစ်ယောက်ဧ။် ခန္ဓာကိုယ်သည် ကားတစ်စီးနှင့် တူသည် တစ်နေတာ မိမိလိုချင်သော နေရာ ကို ဆိုက်ရောက်ရန် ဓာတ်ဆီ ဆိုသည့် စွမ်းအင် ဖြည့်စွမ်းပေးရသလို လူသားတစ်ဦးသည်လည်း တစ်နေ့တာ ရုန်းကန် လှုပ်ရှားနိုင်ရန် နံနက် မိုးလင်းသည်မှစ၍ ကိုယ်ခန္ဓာ အတွင်းသို့ ကောင်းမွန်ပြည့်ဝသော အာဟာရ ဓာတ်ပြည့်ဝသည် အစားအသောက်များ ၊ ရေဓာတ်ပြည့်ဝအောင် သောက်သုံးတတ်မှု ၊ အင်တီးအောက်ဆီးဒင့် ကြွယ်ဝသည် အသီးအနှံများေ၇ွးချယ်စားသုံးတတ်ဖို့လိုသည်။

( ၂ )။လေ့ကျင့်ခန်းနှင့်လည်း ဖြည့်တင်းပါ
    ကျွန်မရဲ့ ဘ၀မှာ နေ့၇က်အများစုကို လေ့ကျင့်ခန်းလုပ်ခြင်း ဖြင့် ဇြတ်သန်းပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ကွှန်မကို ပျော်ရွင် ချမ်းမြေ့တဲ့ စွမ်းအင်တွေ ပေးစွမ်းနိုင်သလို လန်းဆန်းတက်ကြွမှုတွေလည်း ရရှိစေပါတယ်။ အဲဒါကြောင့် တစ်ပတ်ကို ( ၂ ) ကြိမ်ခန့်ကတော့ မဖြစ်မနေ နည်းပြဆရာနဲ့တွေ့ပြီး အလေးမ လေ့ကျင့်ခန်းတွေ ပြုလုပ်ပါတယ်။ဒီနည်းက ကိုယ်ခန္ဓာ ကျစ်လစ်သန်းစွမ်းစေတဲ့ နည်းလမ်းတစ်ခုပါ။အခုလို လေ့ကျင့်ခန်းလုပ်လို့လည်း ကျွန်မ တက်ကြွ စွာ လှုပ်ရှားနေထိုင်တာပါ ခရီး သွားရင်တောင်မှ အားကစား ခန်းမ ပါတဲ့ ဟိုတယ်ကိုသာ ရွှေးချယ်ပါတယ်။
( ၃ )။ပြုပြင်ထားတဲ့ အမြန်စာနဲ့ ကာဗိုဟိုက်ဒရိတ် အလွန်အကျူးမှ ရှောင်ပါ
    ကျွန်မ အတွက် က အစားအသောက်ကို ဂရုစိုက်တာကလည်း အရေးပါ နေပါတယ်။ ကိုယ်ခန္ဓာ မှာ သေးငယ်တဲ့ ဆဲလ်တွေ အမြောက်အမြားနဲ့ တည်ဆောက်ထားသောကြောင့် ဆဲလ်များထိခိုက် ပျက်စီးစေတဲ့ အမြန်စာနှင့် ပြုပြင်ထားတဲ့ အကြော်အလှော်တွေကို ရှောင်ကြဉ်ပြီး ကာဗိုဟိုက်ဒရီတ် အလွန်အကျူး စားခြင်းမှလည်း ရှောင်ပါတယ်။
( ၄ )။တစ်ခါတစ်ရံမှာ မချုပ်တည်းထားပါဘူး
    ကျွန်မအနေနဲ့ ဗီတာမင် ဆေးလုံးများ မှီဝဲတာ ၊ ကျန်းမာေ၇း နဲ့ ညီညွတ်အောင်နေထိုင်တာ ၊ အိပ်ရေး ၀၀ အိပ်စက်တာ ၊ရေဓာတ်ပြည့်ဝအောင် သောက်သုံးတာ ၊ လေ့ကျင့်ခန်း မှန်မှန်လုပ်တာ ၊ အသေးအဖွဲ့ ကိစ္စအပေါ်မှာ စိတ်ညစ်မခံတာတွေ ရှိပေမယ် တစ်ခါတစ်လေမှာ တီဗွီကြည့်ရင်း ပြောင်းဖူးပေါက်ပေါက် စားတာလိုမျိုး အကျင့်ဆိုးလေးတွေလည်း ရှိပါတယ်။ အမြဲတမ်းလည်း မချုပ်တည်းထားပါဘူး။

 ( ၅ )။ လိုက်လျောညီထွေ နေထိုင်ပါတယ်
    ကျွှန်မ အတွက် အလှအပ ကသိပ်အရေးမပါဘူး လူသာမန်တွေလိုပါပဲ ပုံမှန် အသားအရေ ထိန်းသိမ်းမှု ကိုတော့ ပြုလုပ်ပါတယ်။ မိတ်ကပ် နည်းနည်းလိမ်းလေ ကောင်းလေလို့ ကျွန်မက ခံယူထားပါတယ်။ ရေ ဓာတ်များများရအောင် အစိုဓာတ်ပါတဲ့ မိတ်ကပ်ခရင်မ် မျိုးကို အသုံးပြုပါတယ်။ ကိုယ်တွင်းမှ အဆိပ်အတောက်တွေ ကင်းစင်အောင်လို့ ကျွှန်မကတော့  ရေလည်း များများသောက်ပါတယ်။ အနှိပ်ခံတာလည်း ၀ါသနာပါတော့ တစ်ကိုယ်လုံး အနှိပ်ခံခြင်းကို မကြာခဏ ပြုလုပ်ပါတယ်။ အထူးသဖြင့် ခရီးသွားတဲ့အခါ အနှိပ်ခံလိုက်ရရင် လူက ပေါ့ပါးလန်းဆန်းသွားသလို ခံစားရတယ်။ အဆိုပါ အချက်အလက်လေး များသည် ဂျနီဖာဟော့ကင်း ဧ။် ပြောကြားချက်အချို့ကို တင်ပြ ရေးသားပေးထားခြင်း သာဖြစ်ပါသည်။ အထူးအဆန်း အချက်အလက်ကလေးများ မပါသော်လည်း ကျွန်တော်တို့ ဂရု မပြုမိတဲ့ အချက်အလက်ကလေးတွေ ပါနေမှာတော့ မလွဲပါဘူး။များသော အားဖြင့် အစားအသောက်ပိုင်းတွင် ဖြစ်မည်ဟုထင်မိပါသည်။ နောက်အခေါက်တွင် ဂျနီဖာ နှင့် အစားအသောက် လေ့ကျင့်ခန်းဆိုင်ရာ အင်တာဗျူး ဆောင်းပါးလေး ရေးသားရန် ရည်ရွယ်ထားပါ သဖြင့် စောင့်မျှော်အားပေးကြပါ။
      
တင်ဆက်သူ----အောင်အောင်(လှိုင်)
email----aungaung.aung24@gmail.com
www.myanmarfitness.com
                             

Monday, May 13, 2013

miss fitness training


မြန်မာ.ကာယဗလနှင်.ကာယအလှအဖွဲ.ချုပ်သည်ပြိုင်ပွဲများကျင်းပလာခဲ.ရာတွင်ကာယဗလမောင်များသာ
လျှင်မြန်မာ.လက်ရွှေးစင်ကာယဗလသမားများအဖြစ်အရွှေးချယ်ခံရပြီးအရှေ.တောင်အာရှ၊အာရှ စသည်.ပြိုင်ပွဲများသွားရောက်ယှဉ်ပြိုင်ခဲ.ကြသည်ကိုကာယဗလလေ.လာလိုက်စားသူများအသိဖြစ်ပါသည်။
ယခုအခါတွင်တော.လှယှဉ်ကျေးမယ်မှစတင်ခဲ.သောကာယအလှမယ်ပြီုင်ပွဲများသည်ပြောင်းလဲလာသော
ပြိုင်ပွဲကျင်းပပုံကြောင်.ကာယကြံ့ခိုင်မှု ပြိုင်ပွဲအဖြစ်ပြောင်းလဲလာသကဲ.သို.ပြိုင်ပွဲတွင်ဝတ်ဆင်ရသောအ၀တ်အ
စားနှင်.ယှဉ်ပြိုင်ရသောကိုယ်ဟန်ပြမှုများပါပြောင်းလဲလာသည်ကိုတွေ.ရပါသည်။ထို.အတူမြန်မာ.ကာယကြံ.
ခိုင်မယ်များ( miss fitness    )သည်လည်းမြန်မာ.ကာယဗလမောင်များနည်းတူအရှေ.တောင်အာရှစသော
နိုင်ငံတကာပြိုင်ပွဲများသို.သွားရောက်ယှဥင်္ပြိုင်ရန်လမ်းစပွင်.သွားပါတော.သည်။ထိုကဲ.သို.နိုင်ငံတစ်ကာသို.
ပါဝင်ယှဉ်ပြိုင်နိုင်လာသည်ကိုလက်ကမ်းကြိုဆိုသောအားဖြင်.အမျိုးသမီးကာယအလှလေ.ကျင်.နည်းအချို.ကို
ဂုဏ်ယူစွာဖြင်.ရေးသားဖော်ပြလိုက်ပါသည်။

ဗစ်တိုရီးယား၏တစ်ကိုယ်လုံးအဆီကျစေရန်ကစားနည်း
သူမဆွဲထားသောပရိုဂရမ်ကိုအချိန်တိုအတွင်းထိရောက်မှုပိုရှိစေရန်၊ရေးဆွဲထားသည်ဟုဆိုပါသည်။ သူမ၏ပရိုဂ၇မ်တွင် ခုန်ခြင်း၊ဆွဲယူသောလေ.ကျင်.ခန်းများ၊တွန်းသောလေ.ကျင်.ခန်းများအဓိက
ပါဝင်သည်ဟုရေးသားထားပါသည်။တစ်သတ်မတ်တည်းသောလေ.ကျင်.ခန်းများကိုမလေ.ကျင်.ကြောင်း
လည်း
ရေးထားပါသည်။သွေးပူလေ.ကျင်.ခန်းစကစားသည်နှင်.၊အနည်းဆုံး(၂၀)မိနစ်ခန်.နှင်.သွေးပူအောင်စတင်က
စားသည်ဟုပြောပါသည်။
တစ်ကိုယ်လုံးအဆီကျစေရန်အတွက် အကျော.ပေါင်း(၅)ကျော.ကစားပါမည်။

SET 1      အကျော.(၁)
(၁)100 skips   ကြိုးခုန် (၁၀၀)ကြိမ်
(၂)50 jump lunges holding the hand weights အလေးကိုင်ခြေခွဲ(ပုံပါအတိုင်း)၅၀ ကြိမ်

(၃) 50 air box holding the hand weights ၀ိတ်ကိုင်လက်သီးထိုး ၅၀ကြိမ်
(၄) 50 MT climbers – keep holding your weights whilst they rest on the floor လက်ထောက်ပြီးတောင်တက် ၅၀ကြိမ်
(၅) 50 shoulder press ပုခုံးတွန်း၅၀ကြိမ်
(၆) 50 side step up cross overs – hop over left to rightဘေးတိုက်လှေကားတက်၅၀ကြိမ်
ကျန်သောအကျော.များတွင်လည်းအထက်ပါလေ.ကျင်.ခန်း(၆)မျိုးကိုသာဆက်ကစားပါမည်။
SET 2   တွင် ကစားရမည်.လေ.ကျင်.ခန်း(၆)မျိုးကို
လေ.ကျင်.ခန်း(၁) ကိုအကြိမ်(၂၀) လျှော.ပြီး ကျန်(၅)မျိုးကိုအကြိမ်(၁၀)ကြိမ်ဆီလျှော.သွားပါ။

SET 5 ရောက်ပါက လေ.ကျင်.ခန်း(၁)အကြိမ်(၂၀)ဖြစ်နေပြီးကျန်လေ.ကျင်.ခန်း(၅)မျိုးအကြိမ်(၁၀)ကြိမ်ဖြစ်နေပါ
မည်။
လေ.ကျင်.ခန်းများပြီးသွားပါကချွေးကောင်းကောင်းထွက်နေပြီးကြွက်သားများလည်းထိရောက်စွာလှုပ်ရှား
မှုရှိနေတာကိုတွေ.ရပါမည်ဟု Victoria Milicevic က ပြောထားပါသည်။

ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျက်---

စိုင်းသီဟကျော်စန်း
email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅

Wednesday, May 8, 2013

Chicken and Chickpea Stew (ကြက်သားကုလားပဲပြုတ်ချက်)

  ကာယဗလကစားသမားတွေအတွက်ကောင်းမွန်တဲ.အာဟာရကိုပေးပြီးစားသုံးသင်.တဲ.ဟင်းတစ်ခွက်ကတော.ပရိုတိန်းနှင်.အမျှင်ပါဝင်မှုကြွယ်ဝသော ကြက်သားကုလားပဲပြုတ်ချက်ဖြစ်ပါတယ်။ Ingredients (ပါဝင်သော အမယ်များ)



·     ( တရုတ်နံနံ)လက်တစ်ဆုပ်စာ တစ်ခွပ်ခန်.ပါးပါးလှီးပါ။
·      ( မုံလာဥ၀ါ) ၃/၄ ခွပ်ခန်.အံဇာတုံးပုံလှီးပါ။
·     ( ကြက်သွန်န)ီခွပ်တစ်ဝက်ခန်.နှုပ်နှုပ်ဆင်းပါ
·     ( မှို )၅ပွင်.ခန်.အနေတော်လှီးပါ
·     ( ကန်ဇွန်းဥ)လက်တစ်ဝါးလောက်ပါးပါးလှီးပါ
·     (ကြက်သွန်ဖြူ+လေးညှင်းပွင်.)ကိုညှက်နေအောင်ထောင်းပါ။
·    (ဆားပါဝင်မှုနည်းသော)ကြက်ပြုတ်ရည်(၄)ခွက်
·     (ဆားပါဝင်မှုနည်းသော)ခရမ်းချဉ်သီးဆော.(စ်)(၃)ခွက်
·    (ကုလားပဲ)(၁)ခွက်
·     (ကောက်ညှင်းငချိတ်)၁ခွက်ခွဲ
·    ကြက်ရင်ပုံသား (အရိုမပါ၊အရေပြားမပါ)၁၆အောင်စ

Directions (ပြုလုပ်နည်ုး)

 
ချက်ရန်အိုး ကို အပူချိန်အနေတော်ပေးပါ။သံလွင်ဆီအနည်းငယ်ဆွတ်ပြီးမုံလာဥ၀ါ။ ကြက်သွန်နီ၊ ကန်ဇွန်းဥ၊နှင်.မှို များကို (၁၀) မိနစ်ခန်. နူးလာသည်အထိထည်.ကြော်ပါ။ ပြီးနောက်ကြက်သွန်ဖြူ+လေးညှင်းပွင်.ကို၄၅စက်ကန်.ခန်.ထည်းပြီးမွှေပါ။ ကြက်ပြုတ်ရည်+ခရမ်းချဉ်သီးဆော.(စ်)+ကုလားပဲများထပ်ထည်.ပါ။ အိုးအပူချိန်လျှော.လိုက်ပြီး(၁၀)မိနစ်ခန်.ချက်ပါ။ ကြက်ရင်ပုံထည်.ပါ၊ အနည်းငယ်အရောင်ရသည်အထိ (၅) –(၁၀)မိနစ်ခန်.ချက်လိုက်ပါက
အနံ့အရသာနဲ.ပြည်.စုံတဲ. ကြက်သားကုလားပဲပြုတ်ချက် ရပါပြီ။
အနေတော်အရွယ် တစ်တုံးတွင်ပါဝင်သော ကယ်လိုရီပမာဏ
Calories ( ကယ်လိုရီ) 221 g
Total Fat  (အဆီပါဝင်မှု)2.1g
Total Carbs ( ကာဗိုဟိုက်ဒရိတ်)29.6g
Protein(ပရိုတိန်း)15g





တင်ဆက်သူ---စိုင်းသီဟကျော်ဆန်း
email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅


Tuesday, May 7, 2013

ဝမ်းဗိုက်ကြွက်သားကိုထိရောက်စေသောအထောက်အကူပြုသောလေ.ကျင်.ခန်းများအကြောင်း


ယခုတင်ပြပေးမည့်လေးကျင့်ခန်းလေးများသည်ဝမ်းဗိုက်ကြွက်သားများအတွက်အထိရောက်ဆုံးသော
လေ့ကျင့်ခန်းလေးများဖြစ်သည်။ထိုလေ့ကျင့်ခန်းများသည်သမားရိုးကျဝမ်းဗိုက်လေ့ကျင့်ခန်းများမ
ဟုတ်သည့်ဆန်းပြားသောလေ့ကျင့်ခန်းများဖြစ်သည်ကိုသင်သတိထားမိပေလိမ့်မည်။
ဥပမာအားဖြင်. လက်မောင်းတစ်ဘက်တွန်းတင်( one arm overhead press)နှင်. ခြေတစ်ဘက် ဒက်လစ်(ပ်) single leg dead lift စသည်.လေ.ကျင်.ခန်းများသည်ဝမ်းဗိုက်ကြွက်သားကစားသကဲ.
သို.အထောက်အကူပြုကြောင်းတွေ.ရပါသည်။
ထိုကဲ.သို.သောအထောက်အကူပြုသည်.အခြားလေ.ကျင်.ခန်းများမှာ
(  Alternate sets of the paired exercises, marked A and B.
A နှင်.B လေ.ကျင်.ခန်းကိုတလှည်းစီကစားရန်
လေ.ကျင်.ခန်း၏အကြိမ်အကျော.များကိုမိမိနှင်.သင်.တော်ရာကစားရန် (သို.)နည်းပြများ၊
ကျွှမ်းကျင်သူများနှင်.တိုင်ပင်နီုင်ပါသည်)။


1) Squat အလေးထမ်းထိုင်ထ
အကြိမ်  Reps: 5
အကျော.Sets: 5         
2A) One-Arm Dumbbell Overhead Press
အကြိမ်  Reps: 8-10
အကျော.Sets: 3
2B) Suspended One-Arm Row (
45-degree angle)
အကြိမ်  Reps: 8-10
အကျော.Sets: 3     
3) Single Leg Deadlift (90 degree)

အကြိမ်   Reps: 8-10


အကျောSets: 3       
 4) Overhead Plate Carry
အကြိမ်Reps: သင်.သလောက်ချင်.ချိန်ရန်
Sets:အကျော. (သင်.သလောက်)

သတိပြုရန်... 
 single-arm lifts, လေ.ကျင်.ချိန်တွင် ပုခုံး shoulders or တင်ပါးhipsသိပ်အဆင်မပြေပါကရပ်နားလိုက်ရန်။

ကာယဗလလေ.လာလိုက်စားသူများကို အစဉ်လေးစားလျက်---

စိုင်းသီဟကျော်စန်း
email---thihakyawsan@gmail.com

phone---၀၉-၅၂၄၀၁၄၅