arial" action="like" colorscheme="light">

Sunday, December 21, 2014

လေ့လာမှတ်သား အချက်အလက်များ အပိုင်း-၂

 
ယနေ့ ကြွက်သား ကမ္ဘာတွင် ကြွက်သားများ ကျစ်လစ်သိပ်သည်း ကြီးထွားသူတို့က ဘုရင်ဖြစ်ပြီး ကြွက်သား ဖွံ့ဖြိုးကြံ့ခိုင် ကျစ်လစ် သိပ်သည်းသူများက အချွေ အရံများဖြစ်သည်ဟု ပြောဆိုရေး သားကြသူများရှိသလို ကာယအလှ တည်ဆောက်ရာမှာ ကြွက်သားများ ကြီးထွားသင့် သည်ထက် ကြီးထွားအောင် လေ့ကျင့်တည်ဆောက် ဖို့လိုပါသလား။ အချိုးအစား ညီညွတ်ပြေပြစ် လှပ ခြင်းဆိုသည်ကို မည်သို့ အဓိပ္ပာယ် ဖော်ဆောင်၍ အကဲခတ်ပါ သလောဆိုသည့် အမေးပုဒ်စာနှင့် ငြင်းချက်ထုတ် ပြောဆိုရေးသား ကြသူများလည်း ရှိပေသည်။ ထို အယူဆနှစ်ရပ် သည် ကြွက်သား ကမ္ဘာတွင် ၀ိယောဓိ အသွင်ဆောင် ကျယ်ပြန့်လာသည်မှာ နှစ်ပေါင်း များစွာကြာ ခဲ့ပြီဖြစ်သော်လည်း ယခုအခါတွင် ပိုမို၍ အငြင်းပွားပြော ဆိုလာကြလေသည်။ ယင်းအယူအဆနှစ် ရပ်သည် ရှေးနှစ် ပေါင်းများစွာကပင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ၁၉၄၈ ခု၊ မောင်စကြ်ာဝဠာ ပြိုင်ပွဲတွင် နာမည်ကျော် ကာယဗလမောင် များဖြစ်သည့် ဂျွန်ဂရိ မက်နှင့် စတီးဗ်ရီးဗ်တို့သည် အမှတ်ခြင်း တူနေသဖြင့် ပြန်လည်ရွေး ချယ်ရခြင်းသည် ယင်းအယူ အဆနှစ်ရပ် တည်ရှိမှု၏ သာဓက တစ်ရပ်ဖြစ်ကြောင်း လေ့လာမိပေသည်။ ဂျွန်ဂရိမတ်၏ ကိုယ်ကာယ တည် ဆောက်မှုသည် ကြီးထွားကြံ့ခိုင်မှုအား သာပြီး စတီးဗ်ရီးဗ်၏ ကိုယ်ကာယပညာ တည်ဆောက်မှုသည် ဖွံ့ဖြိုးကြံ့ခိုင် ပြေပြစ် လှပခြင်းပင် ဖြစ်သည်။ ထိုနှစ်မျိုးနှစ်စားကို အကဲခတ် ဆုံးဖြတ်ရာတွင် ဒိုင်လူကြီးများ၏ သဘောထားအမြင် အားပြိုင်နေကြောင်း အထင်အရှားတွေ့ မြင်ရလေသည်။ သို့ဖြစ်၍ ထိုစဉ်အခါကပင် ထိုအယူအ ဆနှစ်ရပ်၏ ၀ိယောဓိ ဖြစ်မှု တည်ရှိနေပေသည်။
ကာယဗလမောင် ပြိုင်ပွဲများ၌ အကဲခတ်ဆုံးဖြတ်ရွေး ချယ်ရာတွင် တည်ဆောက်မှု အပိုင်းနှင့် တင်ပြမှုအပိုင်း တို့အပေါ် အခြေခံ ရွေးချယ်ခြင်းဖြစ်လေသည်။

တည်ဆောက်မှုအပိုင်းတွင် -
၁။ အရပ်အမောင်းအလိုက် ကိုယ်ကာယဖွံ့ဖြိုးကြံ့ခိုင်ကြီးထွားမှုရှိခြင်း
ခြေသလုံးကြွက်သားမှ လည်ပင်း ကြွက်သားအထိ ကြွက်သားများ အစိတ်အပိုင်းအလိုက် ဖွံ့ဖြိုးကြီးထွားခြင်း ဖြစ်သည်။
၂။ ကိုယ်ကာယ အချိုးအစား ညီညွတ်ပြေပြစ်ခြင်း
ခါးအပေါ်ပိုင်း ရင်အုပ်၊ ကျောပြင်၊ လက်မောင်း၊ လက်ဖျံ၊ လည်ပင်း စသည်တို့နှင့် ခါးအောက်ပိုင်း ပေါင်၊ ခြေသလုံး၊ တင်ပါး စသည့် ကြွက်သား အစိတ်အပိုင်းများ ဖွံ့ဖြိုးကြီးထွားမှု အချိုးအစား ညီညွတ် ပြေပြစ်ခြင်းဖြစ်သည်။ ထပ်မံ အနုစိတ်ရသော် (ဥပမာ) ပေါင်ရင်းပေါင်ဖျား ရှေ့နောက်ဘေးရှိ ကြွက် သားများ ရင်အပ် ကျယ်ပြန်မှု အပေါ် အောက်၊ ဒု မို့မောက်မှုနှင့် လက်မောင်းရှေ့ သား နောက်သား မောင်းအိုးရှေ့နောက်ဘေး စသည်တို့ ညီ ညွတ်ပြေပြစ်ခြင်း ဖြစ်ပေသည်။

၃။ ကြွက်သားများ ဖွံ့ဖြိုး ကြီးထွား ကျစ်လစ် သိပ်သည် ကွဲပြားပေါ်လွင် ပြတ်သားမှုရှိခြင်း။
အစိတ်အပိုင်း လိုက်ရှိ ကြွက်သားများအားလုံးသည် ဖွံ့ဖြိုးကြီးထွားမှုနှင့် အတူ ကျစ်လစ် သိပ်သည်းခြင်း၊ ကြွက်သား တစ်ခုနှင့်တစ်ခု ကွဲပြားပေါ်လွင်ပြတ် သားခြင်းဖြစ်၏။ အဆီများ ဖုံးလွှမ်းမှုရှိပါက ကွဲပြားပေါ် လွင်ခြင်းနှင့် ကျစ်လစ် သိပ်သည်း မှုများ အားနည်းခြင်းဖြစ်ပေ သည်။
တင်ပြမှုအပိုင်းတွင် -
(က) သတ်မှတ် ကိုယ်ဟန်ပြ (၇)မျိုး ပြသခြင်း။
( ခ) မိမိကြိုက်နှစ် သက်ရာ ကိုယ်ဟန်များ (၉၀ စက္ကန့်) ပြသခြင်းတို့ ဖြစ်ပေသည်။ သတ်မှတ်ကိုယ်
ဟန်ပြ (၇)မျိုးသည် အခြေခံတည်ဆောက်မှု ပြည့်စုံခြင်း ရှိမရှိကို အကဲခတ်ခြင်းဖြစ်၍ ကြီးထွား သည်ထက်ကြီးထွားသူများရော၊ အဆင့်မီ ဖွံ့ဖြိုးကြီးထွားပြေပြစ်သူများအားလုံး မပြမနေရ တင်ပြ မှုဖြစ်ပေသည်။ ကြိုက်နှစ်သက်ရာ ကိုယ်ဟန်ပြသည် မိမိတို့၏ တည်ဆောက်ထားမှု အရည်အသွေး တို့ကို ပေါ်လွင်အောင်၊ အချိုးကျ၊ ပြေပြစ် လှပအောင် တင်ပြခြင်းဖြစ်လေသည်။

ကာယဗလလေ့ ကျင့်တည်ဆောက် မှုတွင် ကြွက်သားများ ကြီးထွားသည် ထက်ကြီးထွားပြီး အတုံးလိုက်၊ အတစ်လိုက် ပေါ်လွင်ပြတ် သားအောင် လေ့ကျင့်မှု အပိုင်းနှစ်ပိုင်း ဖြစ်ပေါ်နေသလို အကဲခတ် ဆုံးဖြတ်သူတို့နှင့် ၀ါသနာရှင် များကလည်း အပိုင်းနှစ်ပိုင်း၊ ဘက်နှစ်ဘက်တွင် အားပြိုင် လျက်ရှိပေသည်။ ယင်းအယူ အဆ၏ အငြင်းပွားမှုသည် အထူးသဖြင့် ကာယကံရှင်၏ အငြင်းပွားမှုသည် ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာတော့မည့် အရိပ်လက္ခဏာ များပေါ် ပေါက်လျက်ရှိ၏။ အငြင်းပွား မကျေနပ်မှုသည် ကြီးထွား လာနိုင်ပေသည်။ အဘယ့်ကြောင့် ဆိုသော် ဆုကြေးစား ပြိုင်ပွဲများ၏ ချီးမြှင့်ငွေသည် မက်မောဖွယ်ရာ ဒေါ်လာ သိန်းသောင်းချီ၍ ရသော ကြောင့်ပင်ဖြစ်၏။ ထို့အပြင် ဈေးကွက် စီးပွားရေး စနစ်၏ ကြော်ငြာ အခန်းကဏ္ဍတွင် ရေပန်းစား အားကစားသမားတို့၏ တန်ဖိုးသည်လည်း အရေးပါ အရာရောက်သောကြောင့် ဖြစ်တော့သည်။
ကာယဗလ ဖွံ့ဖြိုးကြံ့ခိုင်မှုကို ရှေးရာစုနှစ်ပေါင်း များစွာကပင် လူသားတို့သည် နှစ်သက်မြတ်နိုး တန်ဖိုးထားကြ သည်။ စက်မှုသိပ္ပံခေတ် မတိုင်မီခေတ်များက ဆိုလျင် ကာယဗလကြံ့ခိုင် သန်စွမ်းမှုသည် လူသားတို့ အသက်ရှင် နေထိုင် နိုင်ရေးအတွက် အဓိကလိုအပ်ချက် တစ်ရပ်ဖြစ်ခဲ့လေ သည်။ ကာယဗလကို ရှုဒေါင့် အမျိုးမျိုးမှ ပုံဖော်ကြသည်။ ကာယဗလအလှ တည်ဆောက်မှု အားကစားသည် အနုပညာ ယှက်နွယ် ပါဝင်မှုရှိသည်နှင့်အမျှ အနုပညာ ကမ္ဘာ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်၊ ဂီတ စသည့် နယ်မြေတို့နှင့် ဆက်သွယ်ပေါင်းကူး မှုများလည်း ရှိပေသည်။ အီတလီနိုင်ငံရော မမြို့ရှိ ကမ္ဘာကျော် ပန်းချီ၊ ပန်းပု၊ အနုပညာရှင်များ ၏ ပန်းချီကားချပ်များ၊ ကျောက်ဆစ်ပန်း ပုရုပ်ထုများက အထင်အရှား သက်သေ သာဓကများပင်ဖြစ်လေ သည်။ ရှေးနှစ်ပေါင်း များစွာကပင် ကာယဗလအလှ၏ အကျိုး သက်ရောက်မှုသည် စံနှုန်း တစ်ရပ် အဖြစ် တည်ရှိခဲ့လေသည်။ ရှေးနှစ်ပေါင်း များစွာကပင် ကာယဗလ အလှတည်ဆောက်မှုကို ရှုဒေါင့်နှစ်မျိုး၊ ခံစားမှုနှစ်ရပ်ရှိကြောင်း ရောမခေတ်ကျောက် ဆစ်ရုပ် ထုများနှင့် ပန်းချီကားချပ်များကို ပိုင်းခြား စိပ်ဖြာ လေ့လာ ဆန်းစစ်ပါက တွေ့ရှိရမည်ဖြစ်သည်။ ကြွက်သားကြီး ထွားမှုကို အလေးပေး ဖွဲ့စည်းထားသည့် ကျောက်ဆစ်ရုပ် ထုများနှင့် ကြံ့ခိုင်ဖွံ့ဖြိုး မှုနှင့်အတူ ပြေပြစ်လှပမှုကို အခြေပြု ဖွဲ့စည်းထားသည့် ပန်းချီ၊ ပန်းပု ရုပ်ထုများ တွေ့မြင်ရလေ သည်။ ကာယဗလအလှ တည်ဆောက်မှုတွင် ကမ္ဘာကျော် ပန်းချီ၊ ပန်းပု အနုပညာရှင် ကြီးများပင် ခံစားဖွဲ့စည်းမှု မတူ ကွဲပြားခြားနားကြောင်း ပြဆိုလျက်ရှိပေသည်။ တူညီသောအချက်ကား ကာယဗလအလှ အဖွဲ့စည်း တည်ဆောက်ခြင်း ပင် ဖြစ်လေသည်။

ကာယဗလအလှမောင် မယ်ပြိုင်ပွဲများသည် ယခုအခါ တွင် ကာယဗလကြွက်သားဘုရင် ဗိုလ်လုပွဲအသွင် ဆောင်လျက်ရှိပေသည်။ ထို့ကြောင့် ကြွက်သား၊ ကြီးထွားသည် ထက် ကြီးထွားသူတို့က ဘုရင်၊ ကာယဗလ အလှကြီး ထွားသူတို့က အချွေအရံဆိုသည့် ပြော ဆိုရေးသား အငြင်း ပွားမှုများ ပေါ်ထွက်လာခြင်းဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ် များ (၁၉၈၀-/၉၀ ဆယ်စု တစ်ခေတ်)က ကာယဗလ အလှမောင်များကို အကဲခတ် ဆုံးဖြတ်ရွေးချယ်ရာတွင် ကြွက်သားများ ကြီးထွားပေါ် လွင်ပြတ်သားမှုနှင့် ပြေပြစ်လှပမှု တို့ကိုအချိုးညီနှုန်း စံထားရှိ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အာနိုး၊ ဖရန့်ဇိန်း၊ ဆာဂျီယို အိုလီဖာ၊ ဖရန်ကို ကိုလံဘူ စသူတို့ အောင်ပွဲခံ ခဲ့ပေသည်။ မျက်မှောက်ခေတ်တွင် ကာယဗလ အလှ ပြိုင်ပွဲများ၌ ပြေပြစ်လှပ ခြင်းနှုန်းစံထက် ကြွက်သားများ ကြီးထွား မှုနှုန်းစံကို အလေးပေးရွေးချယ်လျက်ရှိပေသည်။ နာမည်ကျော် ထိပ်တန်းကာယဗလမောင်များဖြစ်ကြသည့် ဒိုရီယံရိတ်စ်နှင့် ရှောင်ရေးတို့၏ ကာယဗလအလှတည်ဆောက်မှုဖြစ်စဉ်ကို ပိုင်းခြားစိပ်ဖြာဆန်းစစ်ပါက ထိုအဖြစ်ကို တွေ့မြင် ရမည်ဖြစ်ပေ သည်။ ရှောင်ရေးသည် မောင်အိုလံပီယာ ပြိုင်ပွဲများတွင် စတုတ္ထ၊ တတိယ အဆင့်မှ ဒုတိယအဆင့် အထိ တက်လှမ်းနိုင် ခဲ့သော်လည်း ဒိုရီယန်ဆိုသော အုတ်တံတိုင်းကြီးကို မကျော်နိုင်ပဲ ဒုတိယ ၊တတိယ နေရာ၌သာပင် ရပ်တည်နိုင်ခဲ့သည်။ ဒိုရီယံ၏ ကာယဗလကို ချစ်မြတ်နိုးကြသူများက ကမ္ဘာဦး
ဒိုင်နိုဆောလ်သတ္တ၀ါကြီးများဖြင့်လည်းကောင်း၊ ကျောက်ဆောင်ကျောက်တောင်ကြီး တို့ဖြင့်လည်းကောင်း တင်စားပြောဆိုခဲ့ကြလေသည်။ တွေ့မြင်ခံစားချက်မှ ပေါ်ထွက်လာသော တင်စားမှုများဖြစ်၍ ဒိုရီယံ၏ ကာယဗလ ကြွက်သား ထုထည်ပမာဏ သည် ပြေပြစ်လှပခြင်း အချိုးရာနှုန်း ထက် ကြီးထွားခိုင်ခန့်မှု ရာနှုန်းက လွှမ်းမိုးလျက် ရှိခဲ့သည်မှာ ထင်ရှားလှပေသည်။
- ကြွက်သားကြီး ထွားသည်ထက် ကြီးထွားသူတို့ကသာ ဘုရင်ဖြစ်နိုင်သလား ……။
- ကြွက်သား အဆင့်မီ ကြီးထွားမှုနှင့် ပြေပြစ်လှပသူတို့က အချွေအရံပဲ ဖြစ်ရမှာလား …..။
– ကာယဗလအလှ လေ့ကျင့်တည်ဆောက် ရာမှ ကြွက်သားများ ကြီးထွားသင့်သည်ထက် ကြီးထွားအောင် လေ့ကျင့်သင့်ပါ သာလား …..။
- ကြီးထွားမှုနှင့် ပြေပြစ်လှပခြင်းတို့ ပေါင်းစပ်မှု အချိုးအစား မည်သို့ ရှုမြင်အကဲခတ် ဆုံးဖြတ်ပါသလဲ …..။

စသည့် စသည့် အမေးပုဒ်စာတို့ဖြင့် ပြောဆိုရေးသား အငြင်းပွားလျက် ရှိပေသည်။ နိုင်ငံတကာ ကာယဗလ မောင်ပြိုင် ပွဲများသည် ယခု မျက်မှောက်ခေတ် အကဲခတ် ဆုံးဖြတ်ရွေးချယ်ရာ၌ ကြွက်သားများ ကြီးထွားသည်ထက် ကြီးထွားသူတို့က အခွင့်အလမ်း သာခဲ့သည် ကတော့ ဓိဋ္ဌဓမ္မပင်ဖြစ်လေ သည်။ နှစ်တွေခေတ်တွေပြောင်း လာသည်နှင့် အမျှ တွေ့မြင် ခံစားချက်တို့ ပြောင်းလဲ လာသောကြောင့် စနစ် စနစ်တို့သည်လည်း ပြောင်းလဲ လာခဲ့ခြင်းဖြစ်ပေသည်။ အမျိုးသမီးတို့၏ အလှတရားကို ခံစားရာတွင် မျက်မှောက်ခေတ် သည် ရှေးခေတ်များနှင့် မတူချေ။ ဟန်မူယာ နွဲ့နွဲ့နောင်းနှင့် ခြေတစ်လှမ်း ကုဋေတစ်သန်း တန်သည့် အလှခံစားမှုမျိုး မဟုတ်တော့ချေ၊ အားနှင့်အလှ ခံစားမှုကို ဖွေရှာနေကြလေသည်။ အမျိုးသမီး ဘောလုံးပြိုင်ပွဲများ၊ ဘောလီဘောပြိုင်ပွဲများ၊ အလေးမပြိုင်ပွဲများ၊ ကာယအလှမယ် ပြိုင်ပွဲများ၊ ကာယ ဗလမယ်ပြိုင်ပွဲများ စသည့် နိုင်ငံတကာ အမျိုးသမီး အားကစားပြိုင်ပွဲများ ဖွံ့ဖြိုးတိုးတက်ဖို့က အားနှင့်အလှ ဖွေရှာမှုသာဒက များပင်ဖြစ်ပေသည်။
မည်သို့ပြင်ဖြစ်စေ၊ ယနေ့ ကြွက်သား ကမ္ဘာနှင့် ဖြစ်ပေါ် တိုးတက်ပြောင်းလဲ မှုများကို မိမိတို့ မျက်ချေ မပြတ် စူးစမ်းလေ့ လာကြရမည်ဖြစ်သည်။ မိမိနှင့် ရင်ဘောင် တန်းပြေးနေသူများအား မိမိက မျက်စေ့ တစ်မှိတ်ကလေး ရပ်လိုက်ပါက ထိုသူများသည် မိမိနှင့်မည်မျှ အလှမ်းဝေးသွား မည်ကို မြင်တွေ့ရ မည်ဖြစ်သည်။ ယနေ့ ကမ္ဘာကြီးသည် လျင်မြန်သော အရှိန်နှုန်းဖြင့် တိုးတက်ပြောင်း လဲလျက်ရှိပေသည်။ တစ်နေ့ တစ်လံ ပုဂံ ဘယ်ပြေးမလဲဆိုသည့်ထုံး နှလုံးမူပြီး မပြေးသော် ယနေ့ ခေတ်နှင့် အမှီတိုး တက်နေသော ရှေ့ကိုပြေးနေ သည့်နိုင်ငံ တကာကို အမှီ လိုက်နိုင်မည်ဟုတ်ပေ။ မာရသွန် သက်လုံမွေး၍ မီတာ(၁၀၀)အပြေးစံနှုန်းဖြင့် ကြိုးပမ်း ကြရမည်ဖြစ်သည်။ ထို့ကြောင် ယနေ့ ပြိုင်ပွဲဝင် ကာယဗလ မောင်များ၊ မယ်များသည် မိမိတို့ နိုင်ငံတွင်း အောင်မြင်မှုများ ရရှိနေသည်ကို တင်းတိမ်ရောင့်ရဲပြီး ဆက်လက်ကြိုးပမ်း အားထုတ်မှု များ မပြုလုပ်ပဲ ၀ါးလုံးခေါင်းထဲ လသာနေပါက နိုင်ငံတကာ တွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် စိတ်ဓာတ် အားမာန် အပြည့်ဖြင့် ကြိုးပမ်းလေ့ ကျင့်ပြီး နိုင်ငံတကာ တွင်အောင်မြင်မှု ပန်းတိုင် အထွတ် အထိပ်သို့ ရောက် ရှိနိုင်စေရန် ရည်ရွယ်ပြီး ကြိုးစား တင်ဆက်ရေး သားပေးလိုက်ခြင်း ဖြစ်ပါသည်။
အောင်အောင်(လှိုင်)
aungaung.aung24@gmail.com

လေ့လာမှတ်သား အချက်အလက်များ အပိုင်း (၁)

 
ယနေ့ ကျွန်တော်တို့ အရှုးအမှုး လေ့ကျင့် ကစားနေတဲ့ ကာယဗလ အားကစားနည်းမှာ နေ့ချင်းညချင်း ကြီးထွား တိုးတက် လာစေနိုင်မယ့် “အံ့သြဖွယ်ရာ အာဟာရ များ´´မရှိပါ။ “အံ့သြဖွယ်ရာ လေ့ကျင့်မှုစနစ်များ´´မရှိပါ။ “အံ့သြဖွယ်ရာ အထောက်အကူပြု ဆေးလုံးများ (သို့မဟုတ်) တားမြစ်ဆေးပါးများ´´ မရှိပါ။ သို့ပါသော်လည်း အချို့သော ဖြတ်လမ်း လိုက်ပြီး အလျင်အမြန် ကြီးထွားချင်သူများလည်း ရှိပါသည်။ ထိုသူတို့သည် သူတို့ မျော်လင့်သလို ဇြတ်လမ်းက နေ အလျင်အမြန် ကြီးထွား ချင်စိတ်ဖြင့် ငွေအလုံးအရင်းဖြင့် ဖြည့်စွက်ဆေးများ ၀ယ်ယူ မှီဝှဲလျင် သူတို့ မျော်လင့်သလို ဖြစ်လာမည်ထင်ကြသည်။ တကယ်တမ်း ရလဒ်ကတော့ အချည်းအနှီး ဖြစ်သွားကြသည်သာ ဖြစ်သည်ဟု ကျွန်တော်တို့ ဆိုက်မှ ဆောင်းပါးများ တွင် မကြာခဏ ဆိုသလို သတိပေးရေးသားပေးနေသလို အရင်မြန်မာဖစ်တနက်စ်ဆိုက်မှာကျွန်တော် တင်ပြ ရေးသားပေးခဲ့သော ကိုအောင်ဆွေနိုင်နှင့် ရောက်တတ်ရာရာမေးခွန်းများ ဆောင်းပါး တွင်လည်း ချန်ပီယံ ကိုအောင်ဆွေနိုင် ကိုယ်တိုင်က ကာယဗလ စတင်လေ့ကျင့်သူ လူသစ်များအတွက် သတိပေး ပြောဆိုခဲ့သည်ကို ထည့်သွင်း ရေးသားပေးခဲ့ပါသည်။ယခုဆောင်းပါးတွင်ကာယဗလသမားတစ်ဦးမှတ်သားရမည်အချက်အလက်တစ်ချို့ကိုရေးသားတင်ပြပေးထားသဖြင့်မှတ်သားလိုက်နာရန်မှာမိမိတာဝန်သာဖြစ်သည်။

အောင်မြင်သော ကာယဗလလေ့ကျင့်မှုအတွက်
“အခြေခံအချက်(၃)ချက်´´ အချိန်အဆညီမျှမှုနှင့် ပြည့်စုံ ရန်လိုအပ်ပါသည် -
(၁) မှန်ကန်စွာလေ့ကျင့်ခြင်း
(Proper Training)
(၂) မှန်ကန်စွာအာဟာရမှီဝဲခြင်း
(Good Nutrition)
(၃) အကောင်းမြင်စိတ်ဓာတ်ထားရှိခြင်း
(Positive Attitude)
ဒီအခြေခံအချက်(၃)ချက်စလုံးကို တန်းတူရည်တူ ဂရုစိုက်ရပါမယ်။ အလေးထားရပါမယ်။ တစ်ချက်ချက်ကို အလးအနက်မထားမိလိုက်တာနဲ့ ထိခိုက်မှာ မုချပဲ။ တိုးတက်မှု “တန့်´´သွားမှာသေချာတယ်။ ကာယဗလ လေ့ကျင့်မှုဆိုတာ ဘက်စုံဂရုစိုက် အားထုတ်ရတဲ့ အလုပ်ဖြစ်ပါတယ်။ လေ့ကျင့်ရုံသက်သက်မဟုတ်ဘူး။ စားရုံသက်သက်မဟုတ်ဘူး။ အကောင်းမြင်စိတ်ထားရုံနဲ့ မပြည့်စုံနိုင်ဘူး။ သုံးချက်စလုံးနဲ့ ညီညွတ်ပြည့်စုံရမယ်။ ဒီသုံးချက်ထဲမှာ အကျုံးဝင်တဲ့ အစိတ်အပိုင်းတွေကို အမှားနည်းနိုင်သမျှ နည်းအောင် ရှောင်နိုင်လေ တိုးတက်မှုမြန်လေ၊ အောင်မြင်မှုအခွင့်လမ်း ပိုပြီး ကြီးမားနိုင်လေ ဖြစ်ပါလိမ့်မယ်။
ကာယဗလလေ့ကျင့်မှု အစွမ်းကုန်တိုးတက်ရေးအတွက် ဂရုစိုက်ပြီး ရှောင်ရှားဆောင်ရွက်သွားရန် လိုအပ်တဲ့ အဖြစ်တတ်ဆုံး အချက်တွေ အမျးကြီးရှိပါတယ်။

၁။ လေ့ကျင့်မှုလွန်ကဲခြင်း
(Overtraning)
ကာယဗလသမားတစ်ဦးဟာ ပြင်းပြင်းထန်ထန်လေ့ကျင့်ဖို့နဲ့ အားသွန်ခွန်စိုက်လေ့ကျင့်ဖိုးအတွက် စိတ်အားထက်သန်မှုရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ဆင်ခြင်တုံတရားကင်းမဲ့တဲ့ စိတ်ထက်သန်လွန်းတာမျိုး မဖြစ်စေရပါ ဘူး။ “နှစ်ကျော့ကစားလို့ကောင်းတာကို လေးကျော့ကစားရင် ပိုကောင်းမှာပဲ´´ဆိုတဲ့ လွဲမှားတဲ့အယူအဆမျိုး ရောဂါ တက်လို့တော့မဖြစ်ဘူး။ မှားသွားလိမ့်မယ်။ ကစားတဲ့ အကျော့တွေများလွန်သွားရင် နောက်တစ်ခါကစားချိန်အတွက် အားပြန်ဖြည့်ဖို့ ပိုပြီးခက်သွားလိမ့်မယ်။ အနားမရရင် အားပြန်မပြည့်ရင် ကြွက်သားတွေကြီးထွားနိုင်တော့မှာ မဟုတ်ဘူး။
ကိုယ့်ရဲ့ကာယဗလသက်တမ်း၊ ကိုယ့်အဆင့်အခြေအနေ၊ ကိုယ့်အချိန် ရာသီဥတု စတဲ့အချက်တွေကို တွက်ပြီး ကစားတတ်ရပါတယ်။ ကာယဗလသမားတိုင်း ကြွက်သားတွေ ကြီးထွားချင်ကြသူတွေချည်းပဲ။ ကြွက်သားထု ကြီးထွားရေးအတွက် ယေဘူယျလမ်းညွှန်မှုအကြံပေးချက် ကတော့ တစ်ပါတ်မှာ (၄)ရက်ကစားပါ၊ (၂)ရက်ကစား၊ (၁)ရက်နား၊ (၂)ရက်ပြန်ကစား၊ (၂)ရက်ဆက်တိုက်ကစားတဲ့ “ရက်ခွဲကစားနည်း´´ (Split Routine) မျိုး ကစားပါ။ အပေါ်ပိုင်းတစ်ရက်၊ အောက်ပိုင်းတစ်ရက် ခွဲကစာနည်းဖြစ်ပါတယ်။ ကြွက်သားတစ်ခုကို တစ်ပါတ်မှာ (၂)ကြိမ်ပဲ ကစားတဲ့နည်း ဖြစ်ပါတယ်။ ဒါမှမဟုတ် (၃)ရက်ခွဲကစားပြီး ကစားတဲ့နည်းမျိုးနဲ့ ကစားပါ။ (၃)ပိုင်းခွဲပြီး (၂)ပိုင်းကို (၂)ရက်ကစား၊ တစ်ရက်နား၊ ကျန်တဲ့(၁)ပိုင်း တစ်ရက်ကစား၊ တစ်ရက်နား၊ (၂)ရက်ပြန်ကစား ပုံမှန်လည်ပတ် ကစား သွားတဲ့နည်းဖြစ်ပါတယ်။
ကြွက်သားကြီးတွေအတွက် တစ်ခုကို (၁၂)ကျော့ထက် ပိုမကစားသင့်ဘူး။ ကြွက်သားကြီးများ (Major Muscles) ဆိုတာက ရင်အုပ်၊ နောက်ကျောအပေါ်ပိုင်း (၀မ်းသား)၊ ပေါင် စတာတွေဖြစ်ပါတယ်။ ကြွက်သားငယ်များ (Smaller Muscles) ဖြစ်တဲ့ လက်မောင်းရှေ့သား၊ နောက်သား၊ လက်ဖျံနဲ့ ခြေသလုံးသားတွေကို (၉)ကျော့ထက် ပိုမကစားသင့်ဘူး။ လေ့ကျင့်ခန်းတစ်မျိုးကို အခြေခံ (၃)ကျော့နှုန်းနဲ့တွက်ရင် (၃)မျိုး x (၃)ကျော့ဆိုရင် စုစုပေါင်း (၉)ကျော့၊ (၄)မျိုး x (၃)ကျော့ဆိုရင် စုစုပေါင်း (၁၂)ကျော့ပေါ့။
လေ့ကျင့်မှုမလွန်ကဲအောင်၊ မများအောင် သတိထားကစားပါ။ လေ့ကျင့်မှုမလွန်ကဲရင် အာပြန်ဖြည့်တာပိုမြန် မယ်။ အားပြည့်ရင် အလေးများများနိုင်မယ်။ ကစားရတာ ပိုပြီး စိတ်တက်ကြွမယ်။ လေ့ကျင့်မှုမလွန်ကဲရင် ကြွက်သားတွေ ပိုတက်မယ်။
လေ့ကျင့်မှုမလွန်ကဲအောင် သတိထားကစားပါ။

၂။ အခြေခံလေ့ကျင့်ခန်းများ
(Basic Exercises)
ကိုယ်ကပိန်တယ်၊ ကိုယ်အလေးချိန် နည်းတယ်ဆိုရင် ကြွက်သားတက်အေင်၊ ကြီးထွားအောင်၊ ခွန်အားတိုးတက်အောင်ကစားဖို့ လိုပါမယ်။ ကြွက်သား၊ ကိုယ်ခန္ဓာအရွယ်အစားနဲ့ ခွန်အားတွေတက်ချင်ရင် “အခြေခံ လေ့ကျင့်ခန်းများ´´ (Basic Exercises) ကို စွဲစွဲမြဲမြဲကစားရပါမယ်။
အခြေခံလေ့ကျင့်ခန်းတွေကိုကစားရင် အလေးများများလည်း ပိုနိုင်မယ်၊ ကိုယ်ကစားတဲ့ အဓိကကြွက်သား တွေအပြင် လေ့ကျင့်ခန်းလှုပ်ရှားမှုနဲ့ ဆက်နွယ်နေတဲ့ တစ်ခြားကြွက်သားတွေကိုလည်း “သွယ်ဝိုက်တဲ့ထိရောက်မှု အာနိသင်များ´´ (Indirect Effects) ကိုလည်း ပေးစွမ်းနိုင်လိမ့်မယ်။ ဒါ့ကြောင့် အခြေခံလေ့ကျင့်ခန်းများကို “စုေါင်းလေ့ကျင့်ခန်းများ´´ (Compound Exercises) ဖြစ်တယ်လို့လည်း ပြောကြတာဖြစ်ပါတယ်။ အခြေခံလေ့ကျင့် ခန်းများကတော့ အလေးထမ်း၊ ထိုင်ထပြုလုပ်ခြင်း (Squats)၊ အလေးခုံကို ခြေဖြင့်တွန်းကန်ခြင်း (Leg Presses)၊ အလေးကို ဒူးဆန့်ဆွဲတင်ခြင်း (Deadlifts)၊ အလေးကို ဒူးကွေးဆွဲတင်ခြင်း (Barbell Rowings)၊ တန်းခိုဆွဲတက်ခြင်း (Chins)၊ ပခုံးနောက်အနှေးမခြင်း (Behind-the-Neck Presses)၊ အလေးကို မေးစေ့အောက်ဆွဲတင်ခြင်း (Upright Rows)၊ အလေးကိုင်ပြီး ပခုံးပင့်တင်ခြင်း (Shrugs)၊ ခွန်အားစိုက်ကလင်းကောက်ခြင်း (Power Cleans)၊ ခုံပေါ်ပက်လက်အိပ်အနှေးမခြင်း (Bench Presses)၊ ခုံစောင်းပေါ်တွင် အနှေးမခြင်း (Incline Presses)၊ လက်ထောက် တွန်းတင် ဒိုက်ထိုးခြင်း (Dips)၊ အလေးခေါင်းနောက်မှ ဆွဲတင်ခြင်း (Pullovers)၊ လက်မောင်းနောက်သား ဆန့်ထုတ်ခြင်း (Triceps Extensions)၊ ပလက်လက်အိပ် လက်ကျဉ်းကိုင်အနှေးမခြင်း (Close-grip Bench Presses)၊ ဘားတိုဘားရှည် လက်မောင်းရှေ့သားကွေးမခြင်း (Dumbell and Barbell Curls)၊ မတ်တတ်ရပ်အလေးထမ်း ခြေသလုံးသား ကြွတင်ခြင်း (Standing Calf Raises) နဲ့ ခါးပေါ် လူအားပြုပြီး ခြေသလုံးကြွ တင်ခြင်း (Donkey Calf Raises) တို့ ဖြစ်ကြပါတယ်။ ကာယဗလလေ့ကျင့်မှုစလုပ်တဲ့ အနည်းဆုံး(၆)လလောက် အတွင်းမှာ ကစားဖို့ ထည့်ပြီး မစဉ်းစားသင့်တဲ့ လေ့ကျင့်ခန်းတွေရှိပါတယ်။ ခါးကိုင်းပြီး လက်မောင်းရှေ့သား သက်သက်အားနဲ့ လက်မောင်းကွေးမခြင်း (Concentration Curls)၊ ခါဒကိုင်းပြီး ဘားတိုတစ်ဖက်ကိုင် လက်မောင်းနောက်သား နောက်ကိုဆန့်ထုတ်ခြင်း (Triceps Kick Backs)၊ ဘားတိုကို ဘေးတိုက်မတင်ခြင်း (Lateral Raices)၊ ပက်လက်အိပ်ပြီး ဘားတိုကို ငှက်တောင်ကားသလို ဘေးတိုက်ခွဲမခြင်း (Leg Extensions)၊ ထိုင်လျက်ဒူးဆန့်ထုတ်ခြင်း (Leg Extensions)၊ ရင်အုပ်သားအတွက် စက်ဖြင့် ဘေးတိုက်ခွဲ ပြန်ဆွဲခြင်း (Pec-Dec flyes) စတဲ့လေ့ကျင့်ခန်းများဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ အခြေခံလေ့ကျင့်ခန်းများလို စုပေါင်းအာနိသင်ရှိတဲ့ လေ့ကျင့်ခန်းတွေ မဟုတ်ပါဘူး။ ကြွက်သားတစ်ခုချင်းရဲ့ ကြွက်သားပုံစံနဲ့ ကြွက်သားကွဲပြားပေါ်လွင်မှုအတွက် ပြိုင်ပွဲဝင် မောင်တွေနဲ့ ချန်ပီယံတွေ ကစားကြတဲ့ “သီးသန့်ကြွက်သားခွဲ လေ့ကျင့်ခန်းများ´´ (Isolation Exercises) ဖြစ်ပါတယ်။ မကစားရဘူးလို့ ပိတ်ပင်တားမြစ်တာ မဟုတ်ပါဘူး။ ကိုယ်က အခြေခံကြွက်သားထုတက်အောင် လေ့ကျင့်နေတဲ့ အဆင့်မှာ မလိုအပ်သေးလို့ မကစားသင့်သေးဘူးလို့ သတိပေးတားသာဖြစ်ပါတယ်။ သီးသန့်ကြွက် သားခွဲ လေ့ကျင့်ခန်းတွေဟာ ကြွက်သားအလှပုံဖော်တဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ အခြေခံလေ့ကျင့်ခန်းတွေက ကြွက်သားနဲ့ ခွန်အားတိုးတက်မှုဝေးတဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။
အခြေခံလေ့ကျင့်ခန်းတွေကို တစ်နှစ်လောက် ကစားပြီးတဲ့အခါမှာတော့ ကိုယ့်ရဲ့ အားနည်းတဲ့ ကြွက်သား အစိတ်အပိုင်းတွေအတွက် သီးသန့်ကြွက်သားခွဲလေ့ကျင့်ခန်းတခို့ကို ထည့်ကစားသွားနိုင်ပါတယ်။ တိုးတက်မှု အတော်ရှိနေတဲ့ ကာယဗလသမားတွေတောင်မှ သီးသန့် ကြွက်သားခွဲလေ့ကျင့်ခန်းတွေကို အများကြီး မကစားကြဘူး။ အခြေခံလေ့ကျင့်ခန်းများက (၇၅)ရာခိုင်နှုန်းနဲ့ သီးသန့်ကြွက်သားခွဲ လေ့ကျင့်ခန်းများက (၂၅)ရာခိုင်နှုန်း အချိုးအစား ထားပြီး ကစားသင့်ကြပါတယ်။
အခြေခံလေ့ကျင့်ခန်းတွေကို အနိုင်ဆုံး အလေးများများနဲ့ ကစားခြင်းဟာ ကြွက်သားကြီးထွားမှုအတွက် အခြေခံကိုယ်ကာယကို ဆောက်တည်ယူတဲ့ သဘောဖြစ်ပါတယ်။ အခြေခံမခိုင်သေးဘဲနဲ့ သီးသန့်ကြွက်သားခွဲ လေ့ကျင့်ခန်းတွေကို ဦးစားပေး ကစားတာက အောက်ခြေမခိုင်ခံ့တဲ့ သဲသောင်ပြင်ပေါ်မှာ အိမ်ဆောက်နေတာနဲ့ တူပါလိမ့်မယ်။
၃။ ခွန်အားစိုက်ကစားခြင်း
(Intensity Training)
က်သားတွေကြီးထွားလာဖို့အတွက် ခွန်အားစိုက်ထုတ်မှု အရှိန်မြင့်မြင့် (High Intensity) နဲ့ ကစားရပါလိမ့် မယ်။ ဘယ်နှစ်ကျော့ပဲ ကစားကစား အကျော့တွေကို ပျင်းပျင်းရိရိနဲ့ လေးလေးကြီး ကစားနေလို့ကတေ့ ကြွက်သားတွေကြီးထွားလာဖို့မျှော်လင့်မနေပါနဲ့။ လေ့ကျင့်ခန်းတိုင်းမှာ သွေးပူ အကျော့ တစ်ကျော့ နှစ်ကျော့ ကစားပြီးတာနဲ့ တကယ်ကစားမယ့် အကကျော့တွေကို ပြင်းပြင်းထန်ထန် နာနာလေး ဆက်ကစားရပါမယ်။ တစ်ကျော့ နဲ့ တစ်ကျော့အကြား အကြာကြီးမနားဘဲ အရှိန်နဲ့ ခွန်တိုက်အားတိုက် ကစားရမယ်။ ဒီလို ကစားတာကို “ခွန်အားစိုက် ကစားခြင်း´´ (Intensity Training) လို့ ခေါ်ပါတယ်။
နေ့စဉ်ရက်ဆက် အရှိန်မြင့်မြင့်နဲ့ ခွန်အားစိုက် ကစားလို့မရတဲ့ အခါမျိုးလည်း ကြုံတွေ့ရတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့ကာယအား၊ စိတ်အားတွေက၊ တခြားနေ့တွေထက် ပိုအားကောင်း နေတာမျိုးရှိသလို လူရောစိတ်ရော နုန်းနေပြီး ကစားချင်တဲ့စိတ်နည်းနေလို့ အလေးတွေ လျှော့ကစားရတဲ့နေ့မျိုးတွေလည်း ရှိတတ် ပါတယ်။ အားမရှိတဲ့နေ့မျိုးတွေမှာ ချင့်ချိန်ပြီး လျှော့ကစားရတာမျိုးကို မပြောလိုပါဘူး။ ကိုယ့်မှာကစားနိုင်တဲ့ အခြေအနေရှိရက်နဲ့ အားသွန်ခွန်စိုက် အားထုတ်မကစားရင်တော့ တိုးတက်မှုကို ဖင့်နှေးစေမှာ သေချာတယ်လို့ နားလည်ထားရပါမယ်။
အလေးတွေ ဘယ်လောက်များများနဲ့ ကစားနိုင် ကစားနိုင် တစ်ကျော့ကစားပြီး နောက်တစ်ကျော့ မကစားခင် ကြားမှာ အကြာကြီးနားပြီး မှန်ရှေ့ကမဖယ်တော့ဘဲ မှန်ကြည့်နေတာမျိုး၊ ပေကြိုးနဲ့ ကြွက်သားကို တိုင်းပြီး ဘ၀င်ခွေ့ပြီး အချိန်ကို မေ့နေတာမျိုး၊ အားမနာတမ်းပြောရရင် လေကန်ပြီး အချိန်ဖြုံးနေတာမျိုးတွေဟာ ခွန်အားစိုက်ကစားခြင်းရဲ့ ဆန့်ကျင်ဖက်တွေဖြစ်ပါတယ်။ အာနိုးဟာ ကစားရင်း ရယ်စရာ၊ မောစရာတွေ တသောသောပြောပြီး ကစားတတ်ပါ တယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်အာရုံနဲ့ လေ့ကျင့်ပုံက ခွန်စိုက် အားစိုက် လေ့ကျင့်မှုကို ဘယ်တော့မှ အထိခိုက်မခံပါဘူး။
ကြွက်သားကြီးတွေအတွက် အလေးများများနဲ့ ကစားရတဲ့ အောက်ပိုင်းထိုင်တာမျိုးမှာ တစ်ကျော့နဲ့ တစ်ကျော့ အကြား (၁)မိနစ်ကနေ အများဆုံး (၃)မိနစ်ခွဲထက်ပိုပြီး မနားသင့်ပါဘူး။ ကြွက်သားငယ်တွေကစားရင် တစ်ကျော့နဲ့တစ်ကျော့အကြား နားချိန် (၁)မိနစ်အောက် (၃၀)စက္ကန့်နဲ့ (၄၅)စက္ကန့်အတွင်းပဲ ချိန်ပီယံတွေ နားကြပါ တော့တယ်။ နားချိန်နည်းနည်းနဲ့ကစားနိုင်လေ ကြွက်သားထုနဲ့ ကြွက်သားအရည်အသွေးတို့အတွက် ပိုကောင်း လေပဲလို့ သိလကြတဲ့နေ့ကစပြီး ခွန်အားစိုက်လေ့ကျင့်မှုဟာ ကာယဗလသမားအားလုံးရဲ့ ခေတ်မီလက်နက်ကောင်း တစ်ခုဖြစ်လာခဲ့ပါတယ်။
တစ်ကျော့နဲ့တစ်ကျော့အကြား အသက်ရှူ ပြန်မှန်ရုံလေးအတွက်သာနားပြီး ဆက်တိုက်မြန်မြန် ကစားခြင်းဟာ အမောခံနိုင်ရည် သက်လုံကို ကောင်းစေပါတယ်။ တစ်နည်းအားဖြင့်တော့ နှလုံးကြွက်သား ခွန်အား ကောင်းစေတဲ့ “အယ်ရိုးဗစ်အာနိသင်´´ (Aerobic Effects) ကို ရစေပါတယ်။
တစ်ကျော့နဲ့ တစ်ကျော့အကြား အချိန် အနည်းဆုံး အနားယူပြီး ခွန်တိုက်အားတိုက် ဆက်တိုက်ကစားပါ။

ကျန်ရှိသည့်အချက်များကိုအပိုင်း( ၂ )တွင်
ဆက်လက်တင်ပြပေးသွားပါမည်။

တင်ဆက်သူ ။ ။အောင်အောင် (လှိုင်)
email-aungaung.aung24@gmail.com

ကာဗိုဟိုက်ဒရိတ်၊ပရိုတင်း၊အဆီ တို.အကြောင်းတစ်ချို.နှင်.မြန်မာမနက်စာ

ကာဗိုဟိုက်ဒရိတ်

ခွန်အားနှင်.အပူကိုပေး၏။အဆီအားကြေညက်စေရန်ချက်ကူပေးသည်။အမျှင်ဓါတ်ပါသဖြင်.၀မ်းမှန်စေသည်။
ပါဝင်နေသည်များမှာဖရူးတို.(စ်) ကြံပြောင်းစသောအပင်ငယ်များမျရနိုင်ပါသည်။

ဂလူးကို.စ် သစ်သီးနှင်.ဟင်းသီးဟင်းရွှက်အမျိုးမျိုးမှရနိုင်သည်။

စူးခရို.စ် ထန်းသီး၊ကန်ဇွန်းဥ၊စိမ်းစားဥ၊မုန်လာသနီ/ဖြူနှင်.နာနတ်သီးတို.မှရနိုင်သည်။

လက်တို.စ် အားနွားနို.မှရနိုင်သည်။

မော်လတို.စ် ပဲပင်ပေါက်နှင်.အညှောက်ပေါက်သောစားစရာအပင်များမှရနိုင်သည်။

စတာခ်ျ ကောက်ပဲသီးနှံနှင်.ပဲအမျိုးမျိုးတို.၏အမြစ်များမှရနိုင်သည်။

ဂလိုဂိုဂျင် အသဲများတွင်ရနိုင်သည်။

ဆဲလ်လူးလို.စ် စားသုံးရသောအပင်များ၏အခေါက်မှရနိုင်သည်။

ပရိုတင်း

ရေတွင်မပျော်ဝင်နိုင်ပါ။စားသောက်လိုက်ရုံနှင်.ကြေညက်ခြင်းမရှိပါ။အစာခြေအင်္ဂါရောက်မှPeptoneနှင်.
Aminoacid သို.ပြောင်းသွားပြီးနောက်မှရေတွင်ပျော်သည်။အူမကြီးမှစုပ်ယူသည်။
ယင်းသည်ကိုယ်အစိတ်အပိုင်းများ ကြီးထွားစေသည်။ပျက်စီးသွားသောကလပ်စီးများအားအစားထိုးပေးသည်။
ထွက်သင်.သောဟိုမုန်းအရည်များထွက်စေသည်။ခွန်အားနှင်.အပူကိုပေးသည်။ရောဂါများမဖြစ်ရန်ကာကွယ်
သည်။၎င်းကိုအသားအမျိုးမျိုး၊ပဲအမျိုးမျိုး၊နို.နှင်.နို.ထွက်ထုတ်ကုန်အမျိုးမျိုး၊ဥအမျိုးမျိုး၊အခွံမာသီးအမျိုးမျိုး၊
တန်းသီး၊သစ်ကြားသီး၊အုန်းသီး၊ကောက်ပဲသီးနှံအပေါ်အလွှာ၊စသည်တို.ျွှရနိုင်ပါသည်။

အဆီ

ဂလိုင်ဂိုဂှင်နှင်.ဖတိတီးအက်ဆစ်ပေါင်းထားသည်။ရေတွင်မပျော်ပါ၊အစာခြေပြီးကြေညက်ပါကအဆီဓါတ်များ
ကွဲပြီး အက်ဆစ်သို.ပြောင်းသည်။ထိုနောက်အူအတွင်းမီအယ်ကာလိုင်းနှင်.ပေါင်းပြီးမှအူမှစုပ်ယူပါသည်။
ခွန်အားနှင်.အပူပေးသည်။ကလပ်စီးများကာကွယ်စောင်.ရှောက်သည်။သည်းခြေ၏လုပ်ငန်းများအားကူ
ညီပေးသည်။၎င်းကိုတိ၇ိဆန်မှရသောအဆီ၊ထောပတ်၊ဒိန်ခဲ၊မလိုင်၊ကြက်ဥ၊ဘဲဥအနှစ်များ၊အသီးအနှံမှရသော
အဆီအုန်း၊နှမ်း၊မြေပဲ၊စသည်တို.တွင်ပါဝင်သည်။ထို.နောက် မြန်မာ ဆန်ဆန် မနက်စာ ဥပမာအားဖြင်.ဖော်ပြရသော်

မုန်ဟင်းငါး+ဘူးသီးကျော် ၁၀၀ ကယ်လိုရီ

လဘက်ရည်ချိုပေါ.ကျ ၅၀ ကယ်လိုရီ

ခေါက်ဆွဲပြုတ်တစ်ခွက်+ကြက်သားလက်မ၁ချောင်စာ ၄တုံး ၄၀၀ ကယ်လိုရီ

ပဲဟင်းလဘက်ရည်ပန်းကန် ၂ ခွက် ၁၀၀ ကယ်လိုရီ

ငါးခူ၆လက်မ ၂ ကောင် ၃၀၀ ကယ်လိုရီ

မုန်.စိမ်းပေါင်း (၃) စတီးဇွန်း ၁၀၀ ကယ်လိုရီ

စုစုပေါင်း ကယ်လိုရီ ၁၀၅၀ ဖြစ်ပါသည်။

ဖော်ပြခဲ.သည်မှာအားကစားလေ.ကျင်.နေသူများ၊ကာယဗလနှင်.ကာယအလှလေ.ကျင်.နေသူများအတွက်
ကာဗိုဟိုက်ဒရိတ်၊ပရိုတင်း၊အဆီ တို.အကြောင်းနှင်.မြန်မာဆန်ဆန်စားသောက်ဖွယ်ရာအချို.၏
ကယ်လိုရီပါဝင်နေသည်များဖြစ်ပါသည်။
(မြန်မာဆန်ဆန်မနက်စာစားသုံးလိုသောမိတ်ဆွေတစ်ဦးသို.ကျေးဇူးတင်ကြောင်းဖော်ပြအပ်ပါသည်)

Ref: About carbo, protein,fats and Myanmar foods resources
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျက်-
စိုင်းသီဟကျော်ဆန်း

တားမြစ်ဆေးတော့အားမပေးပါ

ကာယဗလ အားကစားတွင် ချန်ပီယံတိုင်းသည် တားမြစ်ဆေးဝါး သုံးမသုံးကို ၀ါသနာရှင်အချို့က သို့လော သို့လော မေးခွန်းထုတ်ကြသည်။ ချန်ပီယံတိုင်းကလည်း မသုံးဘူးဟု ငြင်းတတ်ကြသူများ ရှိသလို အင်း မလုပ် အဲမလုပ် နေကြသူများလည်း ရှိသည်။ အားကစား သမားအချင်းချင်း သိကြသော်လည်း ယုန်ကလေး နှာစေးသလိုပင် နေနေကြသည်။ကမ္ဘာ့ ကာယဗလ နယ်ပယ်တွင်လည်း ယနေ့တိုင် ချန်ပီယံ အချို့အပေါ် တားမြစ်ဆေး သုံးမသုံးကို ကာယဗလ ၀ါသနာရှင်များက သံသယ ဖြစ်နေကြသည်။ ဘူးခံပြီး ငြင်းသူတွေ ငြင်းနေကြသလို ဘူးပေါ်သလို ပေါ်သူတွေလည်း ပေါ်ထွက်လာသည်။ ပြိုင်ပွဲမှ အနားယူ ခံရသူတွေလည်း ရှိသလို ကံကောင်းထောက်မ၍ လွတ်သွားသူတွေလည်း ရှိမှာပါ။လူသဘာဝ အရကလည်း နိုင်သူကို ရှုံးသူက အပြစ်မြင်တတ်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။သူနိုင်မှာပေါ့ ဘယ်သူ့ကို ဘာပေးထားတယ် ၊ သူ့က ဘာဆေးသုံးတယ် ၊ ဘာဆေးတွေသောက်ပြီးပြိုင်တာ စသည်ဖြင့် အမျိုးမျိုး ဝေဖန်ကဲ့ရဲ့သူများ ရှိပါသည်။ မှန်သင့်သလောက် မှန်နေသော်လည်း အမြဲတော့ မမှန်နိုင်ပေ။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး အပုပ်ခံ ကြသည့် ပုံပင်ဇြစ်သည်။ တစ်ဦး တစ်ယောက် မကောင်းတာ လုပ်မိ၍ တစ်ဖွဲ့လုံးကို အပြစ်မြင်ကြသည်မှာ လောကီ လူ့ဘောင်ဧ။် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင်။ ထို့ကြောင့် မိမိ တစ်ယောက်ဧ။် မကောင်းမှုကြောင့် မိမိ ၀ါသနာပါသော ကာယဗလ အားကစားကို အပြစ်တင် မခံရပါစေနှင့်။ တားမြစ်ဆေး သုံးပြီး ကြီးထွားလာသာပါ ဆိုသည့် အပြောမျိုးထက် သဘာဝ နည်းလမ်း အတိုင်း လေ့ကျင့်လိုက်စားပြီး ကာယဗလ မောင် တစ်ယောက် ဖြစ်လာသည်ကို ကျေနပ်စွာ ခံယူလိုက်ပါ။ကျွန်တော်တို့သည် တားမြစ်ဆေးသုံးပြီး အောင်မြင်မှု ရရှိခြင်းကို ဂုဏ်မယူ မိစေရန် အရေးကြီးပါသည်။ ကမ္ဘာ့ချန်ပီယံတိုင်းတွင် တားမြစ်ဆေးနှင့် ကင်းသူသည် ခပ်ရှားရှား လို့ပင် ဆိုရပါမည်။ ယနေ့လို နည်းပညာများ ထွန်းကားနေသော အချိန်အခါမျိုး မဆိုထားနှင့် လွန်ခဲ့သော နှစ်ပေါင်း ခြောက်ဆယ်ကျော်ခန့်ကပင် နာမည်ကျော် ကာယဗလမောင် တစ်ချို့သည် တားမြစ်ဆေးများသုံးကြောင်း ကို လေ့လာသူ တစ်ချို့က သုတေသနပြုခဲ့ကြသည်။ ယုတ်စွ အဆုံး ကျွန်တော်တို့ လေးစား အားကျခဲ့ရသော ကမ္ဘာကျော် ဟောလီးဝုဒ်
သရုပ်ဆောင်လည်းဇြစ်သူ မောင်အိုလံပီယာ (၇) ထပ်ကွမ်းသာမက အခြားသော ကာယလေ ဆိုင်ရာ ဆုတံဆိပ်များစွာ ရခဲ့သူ ကာယဗလ အားကစား သမားလောကတွင် မသိသူ မရှိလောက်အောင် ကျော်ကြားခဲ့သူ ကယ်လီဖိုနီးယားပြည်နယ် အုပ်ချုပ်ရေးမှုး လည်း ဖြစ်ခဲ့သူ သြစတီးယား ၀က်သစ်ချပင်ကြီးဟု နာမည်ပြောင် တွင်ခဲ့သူ တစ်ဦးဖြစ်သည် နောက်ပိုင်း အမေ၇ိကန် နိုင်ငံသား အဖြစ်ခံယူခဲ့သူ အာနိုးသည် ပင် တားမြစ်ဆေးနှင့် မလွတ်ပါဟု အာနိုး အုပ်ချုပ်ရေးမှုး ဘ၀မှ ရာထူးကျပြီး အာဏာ ရှိစဉ်အခါက အိမ်ဖော်မ တစ်ယောက်နှင့် ခြေရှုပ်ခဲ့သောကြောင့် အမှုကိစ္စ ဖြစ်ပွားနေချိန်တွင် ထိုအချိန်က အာနိုးသည် တားမြစ်ဆေးသုံးခဲ့ကြောင်း ဖော်ကောင်လုပ်ကြသည်။ အာနိုးကလည်း သူ တားမြစ်ဆေး သုံးကြောင်းကို ၀န်ခံခဲ့သည်။ သို့သော် အာနိုးသုံးသည့် တားမြစ်ဆေး ပမာဏသည် ယနေ့ ခေတ်အခါနှင့် ယှဉ်လိုက်ပါက မပြောပလောက်သော်လည်း အာနိုးသည် တားမြစ်ဆေးသုံးပြီး ကြွက်သားကြီးထွားမှုကို အထောက်အကူ ယူခဲ့သည်ကတော့ အသေအချာပင်ဇြစ်သည်။ ထိုအတူပင် ယနေ့ နာမည်ကျော် ဂျေကက်တလာ ကိုလည်း တားမြစ်ဆေးသုံးမသုံး ကိုနောက်ယောင်ခံကြရာ ဂျေကက်တလာဧ။် ဆေးဝါးများ သိမ်းဆည်းရာ အအေးခန်း သေတ္တာထဲတွင် နာမည်ကျော် တားမြစ်ဆေးဝါး အချှို့သည်ကို ထုတ်ဖော်ခဲ့ကြသည်။ ထို့ကြောင့် ချန်ပီယံတိုင်းသည် တားမြစ်ဆေးဝါး နှင့် လွတ်ကင်းသူမှာ တစ်ရာတွင် တစ်ယောက်ဟု ဆိုရမလိုပင် ဖြစ်သည်ဟု လေ့လာသူ အချို့က မှတ်ချက်ပေးကြသည်။ ၁၉၆၀ ပြည့်လွန်နှစ်များ ဆီက ကာယဗလ လောကတွင် ပေါ်ထွန်းလာသူ လူငယ်တစ်ဦးဖြစ်သည့် သြစတီးယား နိုင်ငံသား အာနိုးသည် ထိုခေတ်ထို အချိန်က ကမ္ဘာကျော် ပြိုင်ဘက်များ ကို အနိုင်ယူပြီး အောင်မြင်မှု များကိုသိမ်းပိုက်နိုင်ခဲ့သူ တစ်ဦးဖြစ်သည်။ အရပ် ၆ ပေ ၂ လက်မ ၊ လက်မောင်း ၂၂ လက်မ ၊ ရင်အုပ် ၅၇ လက်မ ဆိုသည့် အတိုင်းအတာနှင့် ခေတ်သစ် လူ့ဘီလူး တစ်ကောင်ဟုပင် တစ်ချို့က မှတ်ယူကြရသည့် အာနိုးသည် သူလေးစား ကြည်ညိုရသော သူ့ထက်အရင် စီနီယာကျသော မောင်စကြ၀ဠာ ရက်ပတ်ခ် ဆိုသည် မောင်တစ်ဦး နှင့် ၁၉၆၇ ခုနှစ် နှစ်ဦးပိုင်းတွင် လန်ဒန်မြို့ ရှိ ကာယဗလပြပွဲ တစ်ခုတွင် ဆုံစည်းမိပြီး သူနှင့်အတူ ကာယဗလ ဆိုင်ရာ ဟောပြောပွဲ ပြပွဲများ အတူတူလိုက်ပါရာမှ ရက်ပ်ပက်ခ် ဧ။် ဟောပြော ပို့ချချက်များ နည်းစနစ်များ အတိုင်း လေ့ကျင့်ခဲ့သည် နဂိုကလည်း ရက်ပ်ပက်ခ် ကို အားကျ စွဲလမ်းခဲ့သူ ၊ ရက်ပ်ခ် နှင့် လည်း ကိုယ်လုံး ကိုယ်ထည် တူသူ ဟု အများက ပြောဆိုခံရသူ တစ်ဦးဖြစ်သည့် အာနိုးသည် ရက်ပက်ခ် ဧ။် နည်းစနစ်များ ကို အတုခိုး လေ့ကျင့်ခဲ့ပြီး ကြွက်သားကြီးထွားမှု အထောက်အကူပြု ဆေးဝါးများကိုလည်း ရက်ပ်ပက်ခ် ဧ။် နည်းပေးလမ်းပြမှုကြောင့်ဟု အချို့က မှတ်ယူခဲ့ကြသည်။ ဒီနေရာတွင် ကျွန်တော် ကြုံတုန်း အာနိုး သည် ရက်ပက်ခ် ကို ဘယ်လောက်ထိ ကြိုက်နှစ်သက် စွဲလမ်းခဲ့သည်ကို နည်းနည်းရေးပြချင်ပါသည်။ အာနိုးသည် ဆယ်ကျော်သက်အရွယ် ကာယဗလ အားကစားကို စတင် လိုက်စားစဉ်ကတည်းက muscle builder ၊ mr America စသည့် ကာယဗလ မဂ္ဂဇင်းများကို အရုပ်ကြည့်ပြီး ကျေနပ်စဉ်ကတည်းက မောင်စကြ၀ဌာ ရက်ပက်ခ် ကို စွဲလမ်းခဲ့သည် သူလိုမျိုး ဖြစ်ချင်စိတ် လွှမ်းမိုးခဲ့သည် ။ တစ်နေ့တွင် သူ့လို ဖြစ်ရမည်ဆိုသည့် စိတ်ကြီး လွှမ်းမိုးခဲ့ပြီး လူပန်ညှောင် ဘ၀မှ ကာယဗလ အကျော်အမော် ဖြစ်လာကြသူ တစ်ချို့ဧ။် အောင်မြင်မှု မှတ်တမ်းများ ကို လေ့လာ အားကျခဲ့သည်။ ထိုအချိန်က နာမည်ကျော် များဖြစ်သည့် Larry scoot ၊ Ray Routledge ၊ Serge Nubret ၊ Reg park ၊ Steeve Reeves တို့ထဲမှ အများနှင့်မတူပဲ အာနိုးကတော့ သူနှင့် ကိုယ်လုံးကိုယ်ထည် တူတယ်လို့ထင်တဲ့ အတွက်လည်း ရက်ပက်ခ် ကို အရှုးအမူး ဖြစ်ခဲ့တယ်။ ထိုစဉ်က နာမည်ကျော် ကာယဗလမောင်တွေဟာ ရုပ်ရှင်ဘက်မှာလည်း သရုပ်ဆောင်တွေ ဖြစ်ခဲ့ကြတယ်။ ထင်ရှားတဲ့မောင်အချို့ကတော့ စတိဖ်ရိဗ် ၊မတ်ခ်ဖောရက်ခ် ဘရက် ၊ဟဲရစ္စ ဂေါ်ဒွန် ၊မစ်ချယ်လ် ၊ ရက်ပက်ခ် တို့ဖြစ်ပြီး အဲဒီအထဲကမှ ရက်ပက်ခ် မင်းသား အဖြစ်ပါဝင်တဲ့ ဟာကြူလီ နှင့် သွေးစုပ်ကောင် ကားကို အကြိုက်ဆုံးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်။ ရုပ်ရှင်ကားကို ကြည့်ရင်း အတွေးနယ်ကြောမှာ မျောပါသွားတဲ့ အာနိုးဟာ ရုပ်ရှင် ပြီးတာတောင် မသိနိုင် ဖြစ်ပြီး ဘေးလူက သတိပေးရတဲ့ အထိ ဖြစ်ခဲ့ရတယ် လို့ဆိုပါတယ်။ သူလည်း တစ်နေ့ ရက်ပက်ခ် လို ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ကလည်း တစ်နေ့တစ်ခြား တိုးပွားလာပြီး အာနိုးရဲ့ လေ့ကျင့်မှုတွေ ကလည်း တစ်နေ့တစ်ခြား ပြင်းထန်လာခဲ့တယ်။ သူငယ်ချင်း ကာယလေ ၀ါသနာရှင်တွေက အာနိုးကို စတိဖ်ရိဗ် လို ကိုယ်လုံးကိုယ်ထည်လောက်သာ အနေတော်နှင့် ကြည့်ကောင်းတယ် ပြောခဲ့ပေမယ် အာနိုးကတော့ ခေါင်းမာစွာနဲ့ ရက်ပက်ခ် ဧ။် ပုံကြမ်းကိုသာ ကြိုက်တယ်လို့ တွင်တွင် ငြင်းခဲ့တယ်။ နောက်ဆုံး အာနိုးဟာ ရက်ပက်ခ် ဧ။် နေထိုင်စားသောက်ပုံ ၊ လေ့ကျင့်ခန်း ၊ အိပ်ပုံ ၊ အခြားသော အယူအဆများ ကို ကာယဗလ မဂ္ဂဇင်းမှားမှ အတုယူပြီး နောက်ဆုံးမှာ တစ်ပတ်မှာ (၃) ရက် လေ့ကျင့်ရာမှ (၆) ရက်အထိ တိုးပြီး အပြင်းအထန် လေ့ကျင့်ခဲ့တယ်။ထို့ကြောင့်လည်း အာနိုးသည် နောက်ပိုင်းတွင် ဒုတိယ ရက်ပက်ခ် ဟုပင် တင်စားခေါ်ဝေါ် နိုင်သည်အထိ အလုံးအထည် တူလာပြီး ရက်ပက်ခ် ဧ။် အိမ်ထိပင် ထမင်းဖိတ်ကျွေးခံရသည် အဆင့် ရောက်ခဲ့ပြီး သူလေးစား အတုယူခဲ့ရသည့် ရက်ပက်ခ် နှင့် အတူတူ လေ့ကျင့်ပြီး ပြိုင်ပွဲ အတူတူ ၀င်ခဲ့ရသည် အခြေအနေအထိ ဖြစ်ခဲ့ရသည်။ထို့ကြောင့်လည်း ကာယလေ ပရိတ်သတ်အများစုက အာနိုးဧ။် ဆေးဝါးသုံးစွဲမှုသည် ထိုအချိန်က အာနိုးကို နည်းပေးလမ်းပြ လုပ်ခဲ့သည့် ရက်ပက်ခ် ဧ။် စနက်သာ ဖြစ်မည်ဟု ထင်ခဲ့ကြသည်။ အာနိုး သုံးစွဲခဲ့သော ဆေးဝါးသည် ယနေ့ အချိန်အခါနှင့် နှိုင်းယှဉ်လိုက်ရင်တော့ ဆီ နှင့်ရေ လို ပင်။ ဘယ်လောက်မှတော့ မပြောပြလောက်ပါ။ အာနိုးသည် ၁၉၆၀ ပြည့်လွန် ကာလများဆီက စတီးရွိုက်ဆေးများကို ကြွက်သားကြီးထွားမှု အထောက်အကူ ဖြစ်စေရန် အသုံးပြုခဲ့ကြောင်း သူကိုယ်တိုင် ၀န်ခံခဲ့သည်။ ကာယဗလ မဂ္ဂဇင်းများတွင်လည်း အာနိုးဧ။် ဆေးဝါူသုံးစွဲမှု ဇယားကို ဖော်ပြခဲ့သည်။ အာနိုးသည် Primobolan ထိုးဆေး ၊ Dianabol သောက်ဆေး ၊Decadurabolin ထိုးဆေး
စသည့် ဆေးသုံးမျိုးကို ပြိုင်ပွဲဝေးကာလ ၂၆ ပတ်အတွင်း လှည့်လည် သုံးစွဲခဲ့သည်။ ပထမ အပတ် ၂၀ အတွင်း Primobolan ထိုးဆေးကို သုံးစွဲပြီး ၂၁ ပတ်မြောက်မှ ၂၆ ပတ်မြောက်အထိ Decadurabolin ကို သုံးစွဲခဲ့သည်။ Dianabol ကိုတော့ ပထမ အပတ်မှ ၂၆ ပတ်အတွင်း အမြဲတမ်း ထည့်သွင်း သုံးစွဲခဲ့သည်။ သို့သော်လည်း ခြွင်းချက်အနေဖြင့် ဆေးပမာဏ ၊ နှင့် နေ့စဉ် သုံးစွဲ မစွဲ ကိုတော့ ချပ်လှပ်ထားခဲ့သည်။ သူဧ။် ပြောကြားမှုအရ Primobolan သည် အဆီကို လောင်ကျွမ်းစေပြီး ကျားဟိုမုန်း ကလပ်စည်းများကို ရှင်သန်အောင်မြင်စေ သည့် စွမ်းအားရှိသည့်ဟု ဆိုပြီး ရင်သားကင်ဆာ ဖြစ်ပွားနေသူများတွင်လည်း အကျိတ်ကြီးထွားမှု လျော့နည်းစေရန် အသုံးပြုသည်ဟု ဆိုသည်။ Dianabol ကိုတော့ ဈေးကွက်တွင် တွင်ကျယ်စွာ ရောင်းချပြီး ဆေးလုံးပုံစံဖြင့် ရောင်းချသလို Reforvit-B အမည်ဖြင့်လည်း ထိုးဆေး ထွက်သည်။ လူသုံးများသော ဆေးတစ်မျိုးဖြစ်ကာ အများစုက Dbol ဟုခေါ်ဝေါ်ကြသည်။ နောက်တစ်မျိုးဖြစ်တဲ့ Decadurabolin ကတော့ အစားစားလိုစိတ် တိုးပွားစေတယ် ၊ ကြွက်သားကြီးထွားမှု နှင့် သွေးနီဥ ဆဲလ် တွေ တိုးပွားစေတယ် ၊ အရိုးရဲ့ သိပ်သည်းစ နှုန်း မြင့်မားစေနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိတယ်လို့ ဆိုပါတယ်။ အရိုးအဆစ် ဆိုင်ရာ ရောဂါရှင်များ နှင့် သွေားအားနည်းရောဂါရှင် များတွင် အဆိုပါဆေးကို ထည့်သွင်း အသုံးပြုပြီး ရောဂါ ကုသမှုဆိုင်ရာတွင် အသုံးတည့် သည့် အတွက် တော်တော်များများ ဆေးပညာရှင်များက သဘောကျသည်။ သို့သော်လည်း တန်ဆေး လွန်ဘေး ဆိုသည့် စကားသည် ကျွန်တော် တို့အတွက် အလကားမဟုတ်ပေ။ ယနေ့ အချိန်အခါနှင့် နှိုင်းယှဉ်လိုက်လျင် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေပါသည် ၁၉၆၀ ပြည့်လွန် က သုံးစွဲမှု ပမာဏ နှင့် ဆေးဝါး အမျိုးအစားသည် ယနေ့ သုံးစွဲနေသော ပမာဏကို မမှီပေ။ သင်မယုံလျင် ကမ္ဘာကျော် စတီးရွိုက်ဆေးများ ကြော်ငြာရာ တွင် ကြည့်လိုက်ပါ။ အရောင်အသွှေး အစုံ ဒီဇိုင်းအစုံ ၊ အနံ့အရသာ အစုံ စွမ်းဆောင်ပေးနိုင်မှု အစုံဖြင့် သောက်သုံးချင်သူ အတွက် စွဲဆောင်မှု မက်လုံးများပေးကာ အပြိုင်အဆိုင် မဲဆွယ်နေကြသည်ကို တွေ့ရမည် ဖြစ်သလို တစ်ချို့ ကြော်ငြာများတွင် ယနေ့ ကမ္ဘာကျော် ကာယဗလ မောင်တို့ဧ။် ဆေးဝါးသုံးစွဲပြီး ကြီးထွားလာပုံကိုပါ မက်လောက်စရာ ကြွားလုံး ထုတ်ထားကြသည်။ သူတို့ဧ။် ဆေးဝါး သုံးစွဲမှုကိုပါ တစ်ချို့က ဖော်ပြထားတတ်ကြသည်။ တစ်ဖက်က ပညာရှင်တွေက ဆေးဝါး မကောင်းကြောင်း ဆွေးနွေးပွဲများ ၊ စာတမ်းများ ပြုစုနေပေမယ့် တစ်ဖက်ကလည်း အပြိုင်အဆိုင် ထိုးဖောက်လာကြသည်။ တစ်နှစ် တစ်နှစ် အတွက် ဆေးဝါးသုံးစွဲမှု စရိတ်စကသည် မနည်းပေ။ ပြိုင်ပွဲ တစ်ပွဲ အတွက် ဆေးဝါး သုံးစွဲမှုသည် ဒေါ်လာ သောင်းချီ တန်ဖိုးရှိသည်ဟု မှတ်သားဖူးပါသည်။ သူတို့ အတွက်ကတော့ ပရော်ဖက်ရှင်နယ် ကြေးစားတွေ ဇြစ်သည့်အတွက် ရင်းနှီးမှု အတွက် ပြန်ရလိုက်သည့် ငွေကြေးပမာဏ နှင့် နှိုင်းယှဉ်လျင် မပြောပလောက်သော်လည်း အခြားတစ်ဖက်တွင် သူတို့ဧ။် ကိုယ်တွင်း ထိခိုက်မှုများ ၊ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်များ ၊ ဆေးမပါလျင်မဖြစ်တော့သည့် တားမြစ်ဆေး ဧ။် သားကောင်များ ဖြစ်မှန်းမသိ ဖြစ်ခဲ့ကြသည်။ သိသိနဲ့ပင် မိုက်ခဲ့ကြခြင်း ဖြစ်မည်ဟုထင်ပါသည်။ အောင်မြင်မှုကို မက်မော တွယ်တာ ခြင်းဧ။် ဘေးထွက်ဆိုးကျိုးပင် ဖြစ်သည်။ ထို့ကြောင့်လည်း ယနေ့အချိန်အခါတွင် ကမ္ဘာကျော် ကာယဗလ တွေ ဆုံးပြီလို့ မပြောလိုက်နှင့် ဘာရောဂါလဲ ကျောက်ကပ် ၊ အသည်း ၊ နှလုံးစသည်များသာ ဖြစ်သည်။ အသက်မသေသော်လည်း ကျောက်ကပ် တစ်ခြမ်းဖြင့်သာ အသက်ရှင်နေသူ အသည်း မကောင်းသူ စသည်ဖြင့် ကမ္ဘာ့ကာယဗလနယ်ပယ်တွင် ယနေ့တိုင် လိမ်ဖယ်လိမ်ဖယ် ဖြင့် အသက် ဆက်နေသူများလည်းရှိသည်။ စတီးရွိုက်ဆေးဝါး အကြောင်း ဗဟုသုတ ဆောင်းပါး တစ်ပုဒ်ကို မြန်မာ ဖစ်တနက်မှာ ကျွန်တော် ရေးသားဖူးခဲ့သည်ကို တစ်လက်စတည်း မှတ်သားမိစေရန် ပြန်လည် ဖော်ပြပေးလိုက်ပါသည်။
စတီးရွိုက် ဟိုမုန်းဆေးကို ကာယဗလနှင်. ကြွက်သားဖွံထွားလိုသူများ အလွန်အကျွံ သုံးလျှင် အန္တရာယ် ဖြစ်နိုင်ကြောင်း ဗြိတိသျှဆေးပညာအဖွဲ (DrugScope)မှ ဗြိတိန်နိုင်ငံရှိ မြို.ပေါင်း၂၀တွင် လေ.လာ တွေ.ရှိခဲ့.ကြောင်း လူငယ် အများစုသည် ပိုမိုသုံးစွဲကြောင်း ယခင်က စတီးရွိုက် ဆေးဝါးကို ပြေးခုန်ပစ် အားကစားသမားများ အမောခံနိုင်ရန်နှင်. ခွန်အားအတွက် လည်းကောင်း အလေးမသမားများက ခွန်အားနှင်.ကြံ.ခိုင်မှုအတွက် လည်းကောင်း သုံးစွဲခဲ.ကြပြီး ယခုအချိန် ၂၀၀၀ပြည်.နှစ် နောက်ပိုင်းမှ စတင်ကာ လူငယ်အများစုသည် ခန္ဓာကိုယ် လှပမှုအတွက အလွဲသုံးစွဲခဲ.ကြကြောင်း လေ.လာတွေ.ရှိရသည်။ စတီးရွိက်ကို သုံးစွဲမှု များလာပါက လူအသက်ကို ဘေးဖြစ်နိုင်ကြောင်း သုံးစွဲသူတွင် သားသမီးရရန် ခက်ခဲခြင်း၊ ကျောက်ကပ်နှင်. အသည်းရောဂါ ရရှိနိုင်ခြင်း၊ သွေးတိုးရောဂါရနိုင်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ အသည်းရောင် အသားဝါရောဂါ ရနိုင်ခြင်း တို. တွေ.ရှိရကြောင်း အဆိုပါအဖွဲ.ဧ။် အစီရင်ခံစာတွင် တွေ.ရှိပါတယ်။ ထို့ကြောင်.လည်း ယနေ.တွင် အားကစားသမားများ အထူးသဖြင်. ကာယဗလသမားများ အလေးမသမားများ လောကတွင် တားမြစ်ဆေးအဖြစ် သက်ဆိုင်ရာ အားကစားကြီးကြပ်မှု အဖွဲ.များကလည်း သုံးစွဲခွင်. မပြုသော ဆေးဝါး အဖြစ် ဥပဒေတစ်ရပ် ပြဌန်းလျှက် ရှိပေသည်။ စတီးရွိက်ဆေးသည် အချိန်တို ကာလအတွင်း အားပြည်.ခြင်း၊ စိတ်ကို ကြည်လင်ခြင်း၊ အမောခံနိုင်ခြင်း၊ တို.ကို အကျိုးပြုသယောင် ရှိပြီး နောက်ဆက်တွဲတွင် ဆိုးကျိုး အများကြီးပေးနိုင်ပါတယ် ဆိုတာ တင်ပြရင်း ဆေးဝါး သုံးစွဲမှု အစကို လေ.လာကြပါစို.။
ခေတ်သစ် အိုလံပစ်ပြိုင်ပွဲများဧ။် အစနမှုနာ ရှေးဂရိ အားကစားပြိုင်ပွဲများတွင် အနိုင်အရှုံးသည် အဓိက မဟုတ် ယှဉ်ပြိုင်မှုသည်သာ အဓိကလို. ဆိုပါတယ်။ သို.ဖြစ်သောကြောင်. အေသင်မြို. အနီးရှိအိုလံပစ် တောင်ကုန်းတွင် ကျင်းပသော အားကစားပြိုင်ပွဲများတွင် အနိုင်ရရှိသူများကို အဖိုးတန်ရွေ၊ငွေ များပေးခြင်းမ၇ှိ သံလွင်ရွက်ဖြင်. ပြုလုပ်ထားသော သရဖူကိုသာ ချီးမြှင်.ခဲ.ကြသည်။ သို.၇ာတွင်. ၁၉၇ာစုကုန်ကာနီးတွင် စတင်ကျင်းပပြုလုပ်သော ခေတ်သစ်အိုလံပစ်ပြိုင်ပွဲများတွင် အားကစားပြိုင်ပွဲ တစ်ခုစီတွင် အနိုင်ရရှိသော သူများကို ပထမ ရွှေတံဆိပ် ဒုတိယ ငွေတံဆိပ်၊ တတိယ ကြေးတံဆိပ် အသီးသီး ပေးအပ် ချီးမြှင်.ခဲ.ကြသည်။ ထို.ပြင် နိုင်ငံအလိုက် ဆုတံဆိပ်ရသော စာရင်းများကိုလည်း ထုတ်ပြန်ပေးခဲ.သည်။ ၁၉၃၆ ခုနှစ်က ဘာလင်မြို.တွင် ကျင်းပသော world olympic ပြိုင်ပွဲတွင် ဂျာမနီအာဏာရှင် ဟစ်တလာ က သူတို. ဂျာမန် လူမျိုးများသည် စစ်ရေး၊ ပညာရေး၊ စီးပွားရေး နယ်ပယ်မှာသာမက အားကစားတွင်လည်း အခြားနိုင်ငံများထက် သာလွန်ကြောင်း ကြွားလုံးထုတ်ခဲ.ရာ ယင်းနှစ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမေရိကန်မှ ဂျက်စီအိုဝင်က ပထမရသောအခါ ဟစ်တလာသည် လက်ဆွဲနှုတ်ဆက်ရန်ပင် ငြင်းဆိုခဲ.သဖြင်. သူတွင် လူကြီးလူကောင်း စိတ်ဓာတ်မရှိကြောင်း ထုတ်ဖော်ပြခဲ.သည်ဟု နိုင်ငံခေါင်းဆောင်များအကြား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ.ပါတယ်။ ထို.ကြောင်. world olympicသည် နိုင်ငံကြီးများဧ။်အားပြိုင်ရာလည်း ဖြစ်ကြောင်း ထုတ်ဖော်ပြခဲ.သည်။ ထိုအိုလံပစ်ပြိုင်ပွဲများတွင် အနိုင်ရရှိရန် နည်းမျိုးစုံဖြင်. ကြိုးပမ်းကြရာ တရားသော နည်းများ ပါသလို မတရားသော နည်းလမ်းများလည်း ပါဝင်ရာ တရားသော နည်းလမ်းများမှာ လိုအပ်သော ထောက်ပံ.မှု များ တစ်နှစ်ပတ်လုံး ပေးကာ လေ.ကျင်.ပေးခြင်း ဖြစ်ပြီး မတရားသော နည်းလမ်းများမှာ တားမြစ်ဆေးဝါးများ သုံးစွဲကာ အားအင် ပိုရရှိအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။


ဆေးဝါးသုံးစွဲမှုအစ
မှန်ပေသည်။ ၁၉၀၄-ခုနှစ် အမေရိကန်ပြည်ထောင်စု စိန်.လူးဝစ်(စ်) မြို.တွင် ကျင်းပသော world olympic ပြိုင်ပွဲ၌ မာရသွန်ပြိုင်ပွဲတွင် ပထမရသော အမေရိကန် အပြေးသမား သောမတ်စ်ဟစ် သည် အာရုံကြောလှုံ.ဆော်သော ဆေး(Strychnine)နှင်. ဘရန်ဒီအရက်တို. ရောစပ်ထားသော ဆေးကို သောက်ခဲ.သည်။
ထို.အတူ ၁၉၈၆ ခုနှစ်က မက်ဆီကိုမြို.တော်တွင် ကျင်းပခဲ.သည့် world olympic ပြိုင်ပွဲတွင် အမေရိကန် အားကစားသမားတစ်ဦးသည် ရွှေတံဆိပ်ဆုရသောအခါ သူဧ။် ဇနီးလောင်းက အခုရွှေတံဆိပ်ရမှပဲ လက်ထပ်လို.ရမှာ နောက်မို.ဆို သူ့ ဟာက အသုံးမ၀င် အလကားပဲဟု သူခင်ပွန်း လောင်း ဆေးကြောင်. ပန်းသေနေသည်ကို ရည်ညွှန်း ပြောဆိုခဲ.သည်။ မှန်ဧ။် အားသန်ဖို. ကြွက်သားများထွားကျိုင်းဖို. စတီးရွိက်ဆေးများ သုံးစွဲနေသူတွေဟာ ပန်းသေရောဂါရတတ်ပေသည်။
၁၉၇၆- ခုနှစ်က ကနေဒါနိုင်ငံ မွန်ထရီ အောမြို.တွင် ကျင်းပ သော world olympic ပြိုင်ပွဲတွင် ဖင်လန်မှ တာဝေး အပြေးသမား လပ်(စ်) ဗီရင်သည် သိုလှောင်ထားသော သွေးနီဥများကို သူ.ကိုယ်ထဲသွင်းခြင်း (Blood Doping)ဖြင်. အားအင်ပိုရကာ မာရသွန်ပြိုင်ပွဲတွင် ရွှေတံဆိပ် ရခဲ့သည်။ ထို.သို. မိမိသွေးနီဥများကို သိုလှောင်ထားပြီး အားကစားပြိုင်ပွဲ မကျင်းပမှီကလေးမှ ကိုယ်ထဲပြန်သွင်းခြင်းဖြင်. အောက်ဆီဂျင် သယ်ယူမှု နှုန်းသည် ၂၀ ရာခိုင်နှုန်းပို မြန်လာကြောင်း အခြားသူများထက် အမောခံနိုင် အပြေးမြန်နိုင် အားသန်နိုင်ကြောင်းတွေ.ရှိခဲ.သည်။
ဆေးဝါးသုံးစွဲမှုအပြစ်ဒဏ်
၁၉၈၈- ခုနှစ် အိုလံပစ်ပြိုင်ပွဲတွင် ဘင်ဂျွန်ဆင်သည် မီတာ၁၀၀ ကို စံချိန်သစ် တင်ကာ ရွှေတံဆိပ်ရခဲ. သော်လည်း စတီးရွိက်ဆေးဝါး သုံးစွဲ ခဲ.သဖြင်.ေ၇ွှတံဆိပ် ပြန်အသိမ်း ခံခဲ.ရသည်။ မှန်ပေသည် အိုလံပစ်ပြိုင်ပွဲများတွင် အားကစားသမား အချို.သည် အားသန်စေသော ဆေးဝါးများ သို.မဟုတ် စိတ်ငြိမ်ဆေးများ သုံးစွဲကာ ဆေးမသုံးသူများထက် တစ်ပန်းသာ နေတတ်သည်။ တရားသော ယှဉ်ပြိုင်မှုကို မဖြစ်စေသည့်အပြင် အနိုင်ရသူမှာလည်း ဆေးဝါးဧ။် အကူအညီ ကြောင်.နိုင်ခြင်း ဖြစ်သဖြင်. သဘာဝကျသော နိုင်ခြင်းမဟုတ်ပေ။ ထို.ကြောင်. အားကစား အဖွဲ.အစည်းများက အားကစားသမားများ ဆေးဝါးသုံးစွဲမှုကို တရားဝင် တားမြစ်ခဲ. ကြပါတယ်၊ သုံးစွဲကြောင်း သိရလျှင် ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း၊ ပြိုင်ပွဲပြီးမှ သိရလျှင် ဆုတံဆိပ်များ ပြန်သိမ်းခြင်း၊ ရှေ. အားကစား ပြိုင်ပွဲများတွင် ၀င်ရောက်ခွင်. မပြုခြင်းတို.ကို ပြုလုပ်ခဲ.ကြပါသည်။ တာတို အပြေးသမား ဘင်ဂျွန်ဆင် သည် အပြေးပြိုင်ခြင်းကို တစ်သက်တာ အပိတ်ခံရသလို နာမည်ကျော် အာဂျင်တီးနား ဘောလုံးသမား မာရာဒိုနာမှာလည်း နှစ်ရှည် ဘောလုံးကစားခြင်းမှ အပိတ်ခံခဲ.ရပါတယ်။
အသုံးများသောတားမြစ်ဆေးဝါးများ

၁) စတီးရွိက်ဆေးဝါးများ
ဖိုဟိုမုန်း တက်စတိုစတီရုန်းနှင်. အလားတူသော ဓာတ်ခွဲခန်းမှ ထုတ်လုပ်သည်။ ခန္ဓာကိုယ် တည်ဆောက်သော စတီးရွိက် ဟိုမုန်းတုများမှာ အားကစားလောကတွင် အသုံးများလှသည်။ ယင်း ဟိုမုန်းဆေးများကို Winstrol , Dianabol, Durabolin အဖြစ် ဆေးဝါး company များက ရောင်းချ နေကြသည်။ ထို ဆေးဝါးများမှာ ပုံမှန်အားဖြင်. ဖိုဟိုမုန်းချို.တဲ.သူများ၊ ကိုယ်လုံး သေးညှက်သူများ၊ နာတာရှည် ရောဂါများမှ နာလန်ထစ လူမမာများ၊ မိန်းမများတွင် ရင်သားကင်ဆာ ပျံ.နှံနေသူများ၊ အရိုးပျော. ရောဂါရှိသူများ၊ သွေးအားနည်း ရောဂါရှိသူများ အသုံးပြုရန် ဖြစ်ပြီး အားကစားသမားများ အသုံးပြုပါက ကြွက်သား ကြီးထွားသန်မာခြင်း၊ ထွားကျိုင်းလာခြင်း၊ ရဲစိတ်ရဲမာန်များ ၀င်လာခြင်း တို.ကြောင်. အလေးမ သူများနှင်. အပြေးသမား၊ ကာယဗလ လိုက်စားသူများ သုံးစွဲကြတာများပါတယ်။
မကောင်းသော ဘေးဥပါဒ် အာနိသင်များမှာ အမျိုးသားများတွင် ဝှေးစေ.သိမ်သွားခြင်း၊ ပန်းသေခြင်း၊ ရင်သားစူလာခြင်း၊ အမျိုးသမီးများတွင် နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်မွှေး ပေါက်လာခြင်း ရာသီမလာဖြစ်တတ်ခြင်းနှင်. အခြားသော ဆိုးကျိုးများမှာ အသည်းနှင်. ကျောက်ကပ် ထိခိုက်ခြင်း၊ နှလုံး ထိခိုက်ကာ သွေးကြောကျဉ်းခြင်း၊ သွေးတိုး ရောဂါရရှိခြင်း။ ပန်းသေခြင်း။ မြုံခြင်းနှင်. စိတ်မတည်ငြိမ်ခြင်းတို. ဖြစ်နိုင်ပါတယ်။
၂) လူကြီးထွားဟိုမုန်း

လူကြီးထွားဟိုမုန်းမှာ အလွန်ဈေးကြီးသည် တစ်ခါထိုးဆေးကို အမေရိကန် ဒေါ်လာ ၃၀၀ မှ ၃၅၀ ကြားရှိသည်။ ပုံမှန်အားဖြင်. အသက် (၁၈) နှစ် မကျော်သေးသော ကြီးထွား ဟိုမုန်းချို.တဲ.သူများ လူပုကလေးများကို ထိုးပေးလျှင် အရပ်ရှည်ထွက်လာဧ။် အခြားအကြောင်းကြောင်. အရပ်ပုလျှင်မူ အကျိုးမရှိပေ။ ထိုစွမ်းအင်ကိုယူကာ အားကစားသမားများ အချို.တွင် အရပ်ရှည်ခြင်း ကြွက်သားများဖွံ.ဖြိုးခြင်း တို.ရရှိကာ အချို.တွင် မရရှိတတ်ပေ။ ပြိုင်ပွဲဝင်သူများ အနေနှင်. ထိုဆေးကို ထိုးထားလျှင် စမ်းသပ်ခန်း ထဲတွင် လွယ်လွယ် ရှာမရပေ။ သို.သော် ထိုဆေး သုံးစွဲသူများတွင် အရပ်မရှည်လာဘဲ မေးကြီးလာခြင်း၊ အဆစ်အမြစ်တုတ်လာခြင်း နှင်. ခါးကိုင်းလာတတ်သည်။
၃) ဘီတာပိတ်ဆေးများ
သွေးတိုး ရောဂါကျဆေး တစ်မျိုးဖြစ်သော ထိုဆေးကို စားထားလျှင် လူမှာ စိတ်ငြိမ်ပြီး ရုတ်တရက် စိတ်မတိုတတ် အာရုံစိုက်ပြိုင်ရသော သေနပ်ပစ်နှင်. မြှားပစ် ပြိုင်ပွဲဝင်သူများ အသုံးများကြပါသည်။ ထိုဆေးများကို Propanolol (Inderal) Metoprolol (Looressor) စသည်ဖြင်. ၀ယ်ယူနိုင်သည်။ ပန်းနာရောဂါသည်များနှင်. မတည်.ပေ။ ဆေးခန်းတွင် အလွယ်တစ်ကူ စစ်ဆေးနိုင်သဖြင်. ယခု သိပ်မသုံးစွဲကြတော.ပေ။
၎) လှုံဆော်သောဆေးများ
ပန်းနာရောဂါတွင် အသုံးပြုသော အက်ဖီဒရင်း (Ephidrine) သည် လေပြွန်များကို ကျယ်စေရုံမက စိတ်ကိုလည်းလန်းဆန်းစေသဖြင်. ရှေးအခါက အားကစားသမားများသည် အက်ဖီဒရင်းကို သုံးစွဲခဲ.ကြသည်။ အလားတူ အက်ဖီတမင်း(Amphetamine or Dexedrine) ဆေးများကိုလည်း သုံးကြဧ။် သို.ရာတွင် အလွယ်တစ်ကူ စစ်ဆေးနိုင်သဖြင်. ယခု သိပ်မသုံးစွဲကြတော.ပေ။
၅) သွေးနီဥပြန်ထိုးခြင်း

မိမိဧ။် သွေးနီဥများကို ခွဲထုတ်ကာ သိုလှောင်ထားပြီး ပြိုင်ပွဲကျင်းပခါနီးမှ ထိုသွေးနီဥများကို မိမိကိုယ်ထဲ ထိုးထည်.ရသည်။ ထိုအခါ အောက်ဆိဂျင် သယ်ယူမှု ပိုကောင်းကာ ပိုမို အမောပန်းခံနိုင်ပြီး ပိုအပြေးသန်သည်။ ပိုအောင်မြင်သည်။ သို.သော် အသည်းေ၇ာင် အသားဝါ ဘီပိုးဝင်နိုင်ခြင်း၊ အခြားမှ သွေးမှ တစ်ဆင်. ကူးဆက်နိုင်ခြင်း တို.ကြောင်. ယခု သိပ် အသုံးမပြုကြတော.ပေ။
ထို.ကြောင်. ကျွန်တော်တို. အနေနဲ. ကိုယ်တိုင်လည်း တားမြစ်ဆေးဝါး မသုံးစွဲကြဖို.အခြားသော လူငယ်ပိုင်းလေးတွေကို လည်း မသုံးစွဲကြဖို. သတိပေးကြဖို.တော. လိုပါမယ်။ ကျွန်တော်တို. Gym မှာလည်း လက်ရှိ တစ်ချို. လူငယ်ပိုင်းလေးတွေဟာ တက်စတိုရုန်း ဒက်ကာ ဂျူရာဘိုလင် စသည်. ဆေးဝါးတွေကို သုံးစွဲပြီး ကစားနေကြပါတယ်။ ကျွန်တော်လည်း သတိတော.ပေးပါတယ်။ လိုက်နာရမှာတော. သူတို.ရဲ.အပိုင်းပေါ.ဗျာ။ ဘေးကလူက ဘယ်လောက်ပဲ သီချင်းဆို သိပ်သိပ် ကိုယ်တိုင်အိပ်မှပဲ အိပ်ပျော် ဆိုတဲ. စကားလေးလိုပဲ ကျွန်တော်တို. အနေနဲ. တားမြစ်ဆေးဝါးတွေကို ရှောင်ကြဉ်ကြပါစို.။အောက်ဖော်ပြပါ ကာယဗလ သမားများသည် တားမြစ်ဆေးကြောင့် မရဏလမ်းကို စောစီးစွာ ကြွမြန်းသွားသူများဖြစ်သည်။
ခဏတာအောင်မြင်မှုအတွက် မိမိ၏ ရခဲလှသော လူ့ဘ၀ကို လက်လွတ်မခံပါနှင့် မိတ်ဆွေဆိုးကျိုးကောင်းကျိုးကိုသိထားသာမမှားပါဘူးလက်တည့်တော့မစမ်းပါနှင့်ကြောက်ဖို့ကောင်းပါသည်။

Dan Puckett 22yo
Stanley Kibirige 24yo
Andreas Munzer 30yo
Robert Benavente 30yo
Scott Klein 30yo
Mohamed Benaziza 33yo
Eric Otero 37yo
Paul Demayo 38yo
Shelley beattie 39yo
Fannie barrios 41yo
Charles Durr 44yo
Ron Teufel 45yo
Ray Mentzer 47yo
Eduardo Kawak 47yo
Derrick Whitsett 48yo
Joe Meeko 48yo
Mike Mentzer 49yo
Sonny Schmidt 51yo
Don Yougnblood 51yo
Greg Deferro 53yo ဒါတွေသည် နာမည်ကျော်မောင်တစ်ချို့သာရှိသေးသည် အခြား လူမသိ သူမသိ သေဆုံးသူပေါင်း မြောက်များစွာ ရှိပါသည်။ကျွန်တော်တို့ မာဆယ်ပရော်ဖက်ဆာမှာ သေမင်းတမန်ဆေးဝါးရန် ဆိုတဲ့ ဆောင်းပါးလေးကို မဖတ်ရသေးရင် ရှာဖတ်ကြည့်ပါမိတ်ဆွေ တားမြစ်ဆေးတော့ လုံးဝ (လုံးဝ)အားမပေးပါ။မြန်မာပြည်မှာလည်း အစပျိုးနေတဲ့သူတွေ အစပျိုးနေပါတယ် နားမယောင်ပါနှင့်။တားမြစ်ဆေးသုံးတုန်းက ဘော်ဒီ နဲ့ အခုမသုံးတော့တဲ့ ဘော်ဒီကိုလည်း ယှဉ်ကြည့်ပါ တားမြစ်ဆေးက စွမ်းတော့စွမ်းပါတယ် ပြီးရင် ဂွမ်းပါတယ် ခင်ဗျာ။အောက်မှာ ကယ်ဗင်လက်ဗရုန်း ၊ ဖလှက်ဝှီးလား ပေါဒီလေးလ် တို့ကို နမူနာကြည့်ပါ သူတို့ အသက်မသေပေမယ့် ခွဲစိတ်မှုတွေ
အကြိမ်ကြိမ် ပေးဆပ်နေရတာပါ။


တင်ဆက်သူ။ ။အောင်အောင်(လှိုင်)

အလွယ်လမ်းကို မလိုက်ပါနှင့်

 ကျွန်တော်တို့သည် ချန်ပီယံ များဧ။် ကစားနည်းများကို အတုခိုးပြီး မလေ့ကျင့် သင့်သော်လည်း ချန်ပီယံတို့ဧ။် အနေအထိုင် စည်းကမ်းရှိမှု ၊ လေ့ကျင့်ခန်းအပေါ် အာရုံ စူးစိုက်နိုင်မှု ၊ စည်းစနစ်ရှိစွာ တွက်ချက်စားသောက်တတ်မှု ၊အမြဲမပြတ်လေ့လာမှု ၊တီထွင်ကြံဆပြီး လေ့ကျင့်တတ်မှု ၊အားနည်းချက်များကို ဖွေရှာတတ်မှု ၊ လေ့ကျင်မှု ဒိုင်ယာရီ ၊ အာဟာရ စားသောက်မှု ဒိုင်ယာရီ စသည့် အတုယူဖွယ် အချက်တစ်ချို့ကိုတော့ လိုက်နာသင့် သလောက် လိုက်နာ သင့်သည်ဟု ထင်ပါသည်။ အတုယူ ပါ ဒါပေမယ့် အတု မခိုးပါနဲ့ လို့ ဆိုသလိုပါပဲ။ ချန်ပီယံ တို့ဧ။် ကစားနည်း အတိုင်း တသွေ မတမ်း လိုက်ကျင့်ပြီး ချန်ပီယံ ဖြစ်မယ်လို့ သင်လွယ်လွယ်မတွေးလိုက်ပါနှင့်။ ထိုသို့ ခပ်ကြောင်ကြောင် အတွေးမျိုးဖြင့် တိုးတက်မှု နှင့် လက်တကမ်း အကွာမှာ သံသရာ လည်နေသူတွေ ရှိပါသည်။ ခေတ်မှီ တိုင်း ခေတ်ပညာတတ်တိုင်း လည်း နေရာတိုင်းတွင် အံဝင် ဂွင်ကျ မဖြစ်နိုင်ပေ။ ကျွန်တော်တို့သည် အဆင့် တစ်ဆင့် မှ တစ်ဆင့် သို့ တက်လှမ်းဖို့ရာတွင် အဆင့်တစ်ခုချင်းကို ခိုင်မြဲစွာ အခြေချပြီးမှ တက်လှမ်းခြင်းသည် အကောင်းဆုံးသော တိုးတက်မှု ကို ရရှိနိုင်မည် ဟုထင်ပါသည်။ ဘယ်အရာ မဆို အောင်မြင်ချင်စိတ်ဖြင့် ဖြတ်လမ်းမှ လိုက်ခြင်းသည် ရေ ရှည်တွင် အခြေခံ အားနည်းမှု များစွာဖြင့် ကျရှုံးတတ်သည်။ ခဏတာ ရေပေါ်ဆီ မျှသာဖြစ်သည်။ ထိုအတူပင် ကာယဗလ နယ်ပယ်တွင်လည်း ၀ါသနာ ကို အရင်းခံပြီး ကစားနေသူ ၊ ၀ါသနာ မပါသော်လည်း မိမိ ခန္ဓာကိုယ်ဧ။် အခြေအနေ ကို အားရ ကျေနပ်မှုမရှိ၍ အတိုင်းအတာ တစ်ခု ထိ သာ ကစားမည်ဟု စိတ်ပိုင်းဖြတ်ထားသူ ၊ ကျန်းမာရေးအတွက် ဆိုပြီး ကစားနေသူ ၊တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုသူ ၊ မိမိ ဘ၀ တစ်ခု လုံးကို ကာယဗလ တွင်သာ မြုပ်နှံပြီး ကစားလိုက် နည်းပြ လုပ်လိုက် ၊ ပြိုင်ပွဲရှိ တက်ပြိုင်လိုက် နှင့် ဆု ရ ချင်ရ မရချင်နေ ပုံမှန်စားသောက်ပြီး ပြိုင်နေသူများ ရှိသလို ၊ဇွဲနပဲ ကြီးစွာဖြင့် ရှိတာလေးနှင့် ၀အောင်စားပြီး အောင်မြင်မှု ကို တက်မက်စွာဖြင့် ပုံမှန် လေ့ကျင့်ခန်းဖြင့် အခြေခံကျကျ လျောက်လှမ်းလာသူ များ ရှိနေသလို နောက်မှ ပေါက်သည့် ရွှေကြာပင် ဖြစ်ချင်ဇောဖြင့် ကာယဗလ နယ်ပယ်တွင် တဟုန်ထိုး အောင်မြင်မှု ရရှိလာစေရန် နည်းလမ်းမျိုးစုံဖြင့် ထိပ်ဆုံးရောက်လာသူ ၊ ထိပ်ဆုံးရောက်ချင်သူ များလည်း ကာယဗလ အားကစားသမားများကြားတွင် ရှိစမြဲ ဖြစ်ပါသည်။ ခဏတာ အောင်မြင်မှု အတွက် မိမိ ဧ။် အသက်အန္တရာယ် ကိုပင် မငဲ့ပဲ ဆိုးကျိုးပေးနိုင်သည့် တားမြစ်ဆေးဝါးများ ၊စတီးရွိက်များ ကို အလွယ်တကူ အသုံးပြုနေကြသည်မှာ ကျွန်တော်တို့လည်း ကြားနေရပါသည်။ စတီးရွိုက် သုံးပြီး အောင်မြင်မှု ရရှိလာပါပြီတဲ့ သင့် အနေနှင့် စစ်မှန်တဲ့ အောင်မြင်မှု ဟုတ်ပါသလား။ ဆေးဝါး အားကိုးပြီး သင် ရရှိလာသည် အောင်မြင်မှုသည် သင့်အတွက် ရေရှည်တွင် ဘာတွေ ထိခိုက်လာနိုင်သလဲ ဆိုတာ ကော သင် လေ့လာပြီးပြီလား။ ဆေးဝါးသုံးပြီး လျင်
ပြန်ဖြေသည် ဆေးဝါးများကကော တကယ် စိတ်ချရလို့လား ။ ဘယ်သူတွေက အာမခံပြီး ဘယ်သူတွေက လက်မှတ်ထိုး ထုတ်နေကြသလဲ။ နိုင်ငံတကာ မှာကော တားမြစ်ဆေး သုံးတဲ့ အားကစား သမားတွေကို ဘယ်သူတွေက ပြုံးပြုံးကြီးနှင့် ကြိုဆိုမှာလဲ ။ ဘာမှ မသိသူတွေ ကတော့ အားကျပါမယ် ။ ဒါပေမယ့် သင် ဆေးဝါးသုံးထားတာ သိတဲ့ အားကစားသမားအချင်းချင်း ၊ ၀ါသနာရှင်တွေကတော့ သင့်ကို အားကျမှာ မဟုတ်ပါဘူး။ တားမြစ်ဆေးဝါးသုံးပြီး ခန္ဓာကိုယ် ကြီးထွားအောင် လုပ်ပေးနိုင်တယ် ၊ ခွန်အားပိုရှိအောင်လုပ်ပေးနိုင်တယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီလို ရလဒ်တွေကို ကျွန်တော်တို့ ကိုယ်ခန္ဓာ အတွင်းမှာ သဘာဝ အတိုင်းထွက်ရှိအောင် ဘုရားသခင်က ဖန်ဆင်းပေးပြီးသား ဖြစ်ပါတယ်။ သဘာဝ အတိုင်းပြုလုပ်ပေးနေတဲ့ အရာတစ်ခုကို အနှောင့်အယှက် ဖြစ်အောင်လုပ်ခြင်းဟာ ဒုက္ခကို ဖိတ်ခေါ်ခြင်းတစ်ခု ပါ။ ကိုယ်ခန္ဓာ အတွင်း လုပ်ဆောင်ချက် ချို့ယွင်းလို့ တားမြစ်ဆေးဝါး တို့ စတီးရွိုက်တို့ သုံးပြီး ကုစားရတာ က သဘာဝကျပါတယ်။ ပြိုင်ဘက်တွေကို အနိုင်ရရှိဖို့ အတွက် တားမြစ်ဆေးဝါး သုံးပြီး အနိုင်ယူခြင်း ကတော့ သဘာဝ မကျတဲ့ ဖြစ်ရပ်တွေပါ။ နိုင်ငံတကာ ပြိုင်ပွဲတွေမှာလည်း တားမြစ်ဆေးဝါး သုံးစွဲမှုကြောင့် အရေးယူ ခံရတဲ့ အားကစားသမားတွေ တားမြစ်ဆေးဝါးသုံးစွဲတာ မိလို့ ဆုတံဆိပ် သိမ်းဆည်းခံရတာတွေ က သာဓက တွေရှိပြီးသားပါ။ တားမြစ်ဆေးဝါး သုံးပြီး အောင်မြင်မှု ရရှိလာတဲ့ နောက်ကွယ်မှာ သင့်အတွက် အသက်အန္တရာယ် ဆိုတဲ့ ကျဆုံးမှုက အရိပ်လို ကပ်ပါ နေနိုင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း မိမိ လေ့လာ မိသလောက် တားမြစ်ဆေးဝါး ဆိုးကျိုး အချို့ကို ရေးသားပေးခဲ့ပါတယ်။ ဒါပေ့မယ်လည်း အနီးကပ် လေ့ကျင့်သင်ကြားပေးနေတဲ့ ဆရာ တစ်ချို့ ကိုယ်တိုင်က ရှေ့ဆောင်လမ်းပြ အနေနဲ့ သုံးစွဲနေကြတာတွေ ရှိပါတယ်။ တစ်လောက ကျွန်တော်နဲ့ အွန်လိုင်းပေါ်မှာ တွေ့ဆုံလာတဲ့ မင်ဘာတွေထဲက တိုက်တိုက်ဆိုင်ဆိုင် မင်ဘာ (၂) ယောက်က ကြွက်သား ကြီးထွားချင်လို့ တားမြစ်ဆေး သုံးချင်တယ် ကောင်း မကောင်းမေးပါတယ်။ ကျွန်တော်ကလည်း ပေ့ခ်ျမှာ မှာ ကျွှန်တော်နဲ့ ကိုနိုင်ဦး ရေးထားတဲ့ တစ်ချို့ ဆောင်းပါး တွေရှိပါတယ်။ ရှာဖွေ လေ့လာကြည့်ပါ လို့ ပြောလိုက်တော့ ဖတ်ပြီးပြီ လို့ပြောပါတယ် တစ်ယောက်က အဲဒါ ဆို သဘောပေါက်မှာ ပေါ့ဆိုတော့ ကျွန်တော် တို့ ဂျင်မ် က နည်းပြ က ပြောတယ် တစ်ခါတစ်လေ ဘာမှ မဖြစ်ပါဘူးတဲ့ ဆိုလို့ မေးကြည့်တာ ပါတဲ့ ။ ကျွှန်တော်လည်း ထပ်ပြီးတော့ မပြောချင်တော့ပါဘူး တစ်ခါတစ်လေမှာ အတိုက်အခံ ပြောရတာ အမုန်းပွားပါတယ်။ တစ်ချို့ ကိစ္စတွေမှာ ကျွှန်တော်တို့ကို အထင်မြင်စောင်းပြီး အမြင်လွဲတာတွေ လည်းရှိနေတတ် ပါတယ်။ အဲဒါကြောင့် သုံးချင်လည်း ကြည့်သုံးပေါ့ဗျာ။ ဘယ်သူက ထိုးပေးတာလဲ ဆိုတော့ နည်းပြ ဆရာ ကိုယ်တိုင် ထိုးပေးတာတဲ့ သူထိုးတာ သုံးလရှိနေပြီတဲ့။ အခုက ပြောတော့ တစ်ခါ တစ်လေ သုံးတာ ဘာမှမဖြစ်ဘူး ဆိုတဲ့ မင်ဘာက ထိုးတာ (၃) လရှိပြီတဲ့။ ဘာထူးခြားလဲလို့ မေးတော့ အလေး ပို နိုင်လာပြီး ကြွက်သား နည်းနည်း တက်လာကြောင်း ဒါပေမယ့် မျက်နှာနှင့် ကျောတွင် အဖုကြီးများ ထွက်လာကြောင်း ၊ နေရထိုင်ရသည်မှာ ပူစပ်ပူလောင်ကြီး ဖြစ်ကြောင်း သူ့ ကိုယ်တွေ့များကို ပြောပြသည်။ သုံးလတာ ကာလအတွင်း သူပြန်ရလိုက်သည့်
အကျိုးအမြတ်တွေပါ။ နောက်တစ်ယောက်ကျတော့ တားမြစ်ဆေး ဘယ်မှာ ၀ယ်လို့ရသလဲ ၊ ဘယ်ဈေးလဲ ၊ ဘယ်လို သုံးရလဲ စသည့် လဲ ပေါင်းများစွာဖြင့် အမေးထုတ်လာပါသည်။ မကောင်းမှန်းကို သိသိကြီးနှင့် ထိုသူလည်း မေးလားခြင်း ဖြစ်သည်။ ကျွန်တော်ကို မရ မက မေးပါသည်။ ဘယ်လိုပြောပြီး ၀ယ်ရလဲ ဘယ်ဆိုင် ရောင်းလဲ စသည့်ဖြင့် မေးလာခြင်း ဖြစ်ပါသည်။ ကျွှန်တော် မဖြေနိုင်ပါ ။ မသိလို့ မဖြေခြင်း မဟုတ်ပါ။ သိပါသည် တားမြစ်ဆေးဧ။် ဆိုးကျိုးတွေကို သိသင့်သလောက်သိထားသည့် လူတစ်ယောက်အနေနှင့် တားမြစ်ဆေး သုံးချင်နေသည့် လူငယ်တစ်ယောက်ကို အညွှန်မကျိုးစေ ချင်ပါ။ သူ တားမြစ်ဆေး သုံးပြီး ရလာသည့် အောင်မြင်မှုသည့် သူ့ကို ကမ္ဘာကျော် တစ်ယောက် တစ်ယောက်ဖြစ်မလာနိုင်ပါ။ မသာပေါ် မည့် အရေးသာ ဖြစ်လာနိုင်မည် နောက်တစ်ခု ဘယ်သူတွေက လမ်းညွှန်ပေးသလဲ ဆိုသည့် အမေးနောက်တွင် ကာယဗလ ဆောင်းပါးရေးသား ပေးနေသူ ကျွန်တော်တို့က လမ်းညွှန်ပေးသည် ဆိုသည့် နာမည်ဆိုးကြီး ကပ်ပါလာနိုင်သည်။ ထို့ကြောင့် ကျွန်တော် မဖြေခြင်းဖြစ်ပါသည်။ ထိုကြောင့်လည်း သူတော်တော်လေး စိတ်ဆိုးသွားပုံရပါသည်။ မတတ်နိုင်ပါ သူစိတ်ဆိုးလည်း ခဏပါ။ ကျွန်တော် လမ်ညွှန်ပေးလိုက်လို့ တားမြစ်ဆေး စွဲသွားလျင်ကား မလွယ်ပါ။ တစ်ခြားသူ လမ်းညွှန်ပေးလို့ သုံးစွဲတာတော့ ကျွှန်တော်တို့လည်း မတတ်နိုင်ပါ။ ကျွန်တော်တို့ကို မေးလာရင်တော့ ကျွှန်တော်တို့က လုံးဝ အားမပေးပါ။ သဘောထားချင်း မတူတာတော့ မတတ်နိုင်ပါ။ မကောင်းတာကို မကောင်းမှန်း သိလျက်နှင့် ဇွတ်တိုးနေကြလျင်တော့ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးနေကြခြင်းသာ ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် စတီးရွိုက်ကိုလည်း အားမကျပါနှင့် လို့သာပြောချင်ပါတယ်။
တင်ဆက်သူ။ ။အောင်အောင်(လှိုင်)
email-aungaung.aung24@gmail.com