arial" action="like" colorscheme="light">
Showing posts with label ကိုသီဟဆောင်းပါးများ. Show all posts
Showing posts with label ကိုသီဟဆောင်းပါးများ. Show all posts

Sunday, December 21, 2014

ကာဗိုဟိုက်ဒရိတ်၊ပရိုတင်း၊အဆီ တို.အကြောင်းတစ်ချို.နှင်.မြန်မာမနက်စာ

ကာဗိုဟိုက်ဒရိတ်

ခွန်အားနှင်.အပူကိုပေး၏။အဆီအားကြေညက်စေရန်ချက်ကူပေးသည်။အမျှင်ဓါတ်ပါသဖြင်.၀မ်းမှန်စေသည်။
ပါဝင်နေသည်များမှာဖရူးတို.(စ်) ကြံပြောင်းစသောအပင်ငယ်များမျရနိုင်ပါသည်။

ဂလူးကို.စ် သစ်သီးနှင်.ဟင်းသီးဟင်းရွှက်အမျိုးမျိုးမှရနိုင်သည်။

စူးခရို.စ် ထန်းသီး၊ကန်ဇွန်းဥ၊စိမ်းစားဥ၊မုန်လာသနီ/ဖြူနှင်.နာနတ်သီးတို.မှရနိုင်သည်။

လက်တို.စ် အားနွားနို.မှရနိုင်သည်။

မော်လတို.စ် ပဲပင်ပေါက်နှင်.အညှောက်ပေါက်သောစားစရာအပင်များမှရနိုင်သည်။

စတာခ်ျ ကောက်ပဲသီးနှံနှင်.ပဲအမျိုးမျိုးတို.၏အမြစ်များမှရနိုင်သည်။

ဂလိုဂိုဂျင် အသဲများတွင်ရနိုင်သည်။

ဆဲလ်လူးလို.စ် စားသုံးရသောအပင်များ၏အခေါက်မှရနိုင်သည်။

ပရိုတင်း

ရေတွင်မပျော်ဝင်နိုင်ပါ။စားသောက်လိုက်ရုံနှင်.ကြေညက်ခြင်းမရှိပါ။အစာခြေအင်္ဂါရောက်မှPeptoneနှင်.
Aminoacid သို.ပြောင်းသွားပြီးနောက်မှရေတွင်ပျော်သည်။အူမကြီးမှစုပ်ယူသည်။
ယင်းသည်ကိုယ်အစိတ်အပိုင်းများ ကြီးထွားစေသည်။ပျက်စီးသွားသောကလပ်စီးများအားအစားထိုးပေးသည်။
ထွက်သင်.သောဟိုမုန်းအရည်များထွက်စေသည်။ခွန်အားနှင်.အပူကိုပေးသည်။ရောဂါများမဖြစ်ရန်ကာကွယ်
သည်။၎င်းကိုအသားအမျိုးမျိုး၊ပဲအမျိုးမျိုး၊နို.နှင်.နို.ထွက်ထုတ်ကုန်အမျိုးမျိုး၊ဥအမျိုးမျိုး၊အခွံမာသီးအမျိုးမျိုး၊
တန်းသီး၊သစ်ကြားသီး၊အုန်းသီး၊ကောက်ပဲသီးနှံအပေါ်အလွှာ၊စသည်တို.ျွှရနိုင်ပါသည်။

အဆီ

ဂလိုင်ဂိုဂှင်နှင်.ဖတိတီးအက်ဆစ်ပေါင်းထားသည်။ရေတွင်မပျော်ပါ၊အစာခြေပြီးကြေညက်ပါကအဆီဓါတ်များ
ကွဲပြီး အက်ဆစ်သို.ပြောင်းသည်။ထိုနောက်အူအတွင်းမီအယ်ကာလိုင်းနှင်.ပေါင်းပြီးမှအူမှစုပ်ယူပါသည်။
ခွန်အားနှင်.အပူပေးသည်။ကလပ်စီးများကာကွယ်စောင်.ရှောက်သည်။သည်းခြေ၏လုပ်ငန်းများအားကူ
ညီပေးသည်။၎င်းကိုတိ၇ိဆန်မှရသောအဆီ၊ထောပတ်၊ဒိန်ခဲ၊မလိုင်၊ကြက်ဥ၊ဘဲဥအနှစ်များ၊အသီးအနှံမှရသော
အဆီအုန်း၊နှမ်း၊မြေပဲ၊စသည်တို.တွင်ပါဝင်သည်။ထို.နောက် မြန်မာ ဆန်ဆန် မနက်စာ ဥပမာအားဖြင်.ဖော်ပြရသော်

မုန်ဟင်းငါး+ဘူးသီးကျော် ၁၀၀ ကယ်လိုရီ

လဘက်ရည်ချိုပေါ.ကျ ၅၀ ကယ်လိုရီ

ခေါက်ဆွဲပြုတ်တစ်ခွက်+ကြက်သားလက်မ၁ချောင်စာ ၄တုံး ၄၀၀ ကယ်လိုရီ

ပဲဟင်းလဘက်ရည်ပန်းကန် ၂ ခွက် ၁၀၀ ကယ်လိုရီ

ငါးခူ၆လက်မ ၂ ကောင် ၃၀၀ ကယ်လိုရီ

မုန်.စိမ်းပေါင်း (၃) စတီးဇွန်း ၁၀၀ ကယ်လိုရီ

စုစုပေါင်း ကယ်လိုရီ ၁၀၅၀ ဖြစ်ပါသည်။

ဖော်ပြခဲ.သည်မှာအားကစားလေ.ကျင်.နေသူများ၊ကာယဗလနှင်.ကာယအလှလေ.ကျင်.နေသူများအတွက်
ကာဗိုဟိုက်ဒရိတ်၊ပရိုတင်း၊အဆီ တို.အကြောင်းနှင်.မြန်မာဆန်ဆန်စားသောက်ဖွယ်ရာအချို.၏
ကယ်လိုရီပါဝင်နေသည်များဖြစ်ပါသည်။
(မြန်မာဆန်ဆန်မနက်စာစားသုံးလိုသောမိတ်ဆွေတစ်ဦးသို.ကျေးဇူးတင်ကြောင်းဖော်ပြအပ်ပါသည်)

Ref: About carbo, protein,fats and Myanmar foods resources
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျက်-
စိုင်းသီဟကျော်ဆန်း

Sunday, November 30, 2014

Cuban press



Cuban press ကို ပုခုံးလေ့ကျင့်ခန်းများ
မပြုလုပ်မှီ အ လေးခပ်ပေါ့ပေါ့ဖြင့် ၁၀ကြိမ်
ခန့်ပြုလုပ်ခြင်းဖြင့် အ ကြောလွဲခြင်း ၊အဆစ်
လွဲခြင်းများမဖြစ် စေ ရန်အထိုက်အ
လျှောက်ကာကွယ် ပါသည်။

Ref:weider's principles
ကာယဗလနှင့်ကာယအလှ လေ့လာလိုက်စား
သူများအားအစဉ်လေးစားလျှက်
 
စိုင်းသီဟ ကျော်စန်း

Saturday, November 29, 2014

အဆီ အမြန်ကျစေရန် အစား ၁၀ မျိုး

ခန္ဓာကိုယ်တွင် မလိုအပ်သော အဆီပိုများ ရှိပါက အမြန်ဆုံး ကျဆင်းစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစား ၁၀ မျိုးကို စားပါက မလိုအပ်သော အဆီပိုများ အမြန်ဆုံး ကျဆင်းစေနိုင် ပါတယ်။

ဂျုံ

ဂျုံများများ စားပါ။ ဂျုံစားခြင်းအားဖြင့် ကိုလက်စရောဓာတ်ကို လျော့ကျ စေတဲ့ အပြင် အစာခြေ စနစ်ကိုလည်း ကောင်းမွန်စေ ပါတယ်။ ဒါကြောင့် ဂျုံကို များများ စားသင့်ပါတယ်။

ဥမျိုးမျိုး

ဥမျိုးမျိုးကို စားသုံးပါက ခန္ဓာကိုယ်ရှိ ကြွက်သားများကို ကြီးထွား စေနိုင်တဲ့အပြင် ကိုလက်စရောဓာတ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။

ပန်းသီး

ဝိတ်ကျလိုသူများ ညဘက်ထမင်း မစားပါက ပန်းသီး စားနိုင်ပါတယ်။ ပန်းသီးဟာ ခန္ဓာကိုယ်အတွက် ခွန်အားရှိစေတဲ့ အပြင် အဆီတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။

ငရုတ်သီးစိမ်း

ငရုပ်သီးစိမ်းဟာ ခန္ဓာကိုယ်ကိုယ် ဖွံဖြိုးစေတဲ့ အပြင် အဆီတွေကို ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ငရုတ်သီး အစိမ်းကို မှီဝဲ ပေးပါ။


ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ အဆီပိုတွေကို ကျဆင်းစေရုံသာ မက ကင်ဆာရောဂါ အတွက်လည်း ကောင်းမွန်စေပါတယ်။ ထို့ပြင် ခန္ဓာကိုယ်အတွက် ခွန်အား ဖြစ်စေတာကြောင့် စားသုံးသင့်ပါတယ်။

ပျားရည်

ပျားရည်ဟာ ခန္ဓာကိုယ်အတွက် ခွန်းအား ဖြစ်စေပါတယ်။ ထို့ပြင် အဆီကိုလည်း သိသိသာသာ ကျဆင်းစေနိုင်ပါတယ်။ ပျားရည်ကို နေ့စဉ်မှီဝဲပေးပါ။

လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်း များများ သောက်ခြင်းဟာ ဝိတ်ကျစေနိုင်တယ်လို့ ဆိုပါတယ်။ များများမသောက်နိုင်ဘူး ဆိုရင်တောင် တစ်နေ့ကို နှစ်ခွက် လောက် သောက်ပေးပါ။

ခရမ်းချဉ်သီးစားပါ

ခရမ်းချဉ်သီးကို နေ့တိုင်း စားပေးခြင်းအားဖြင့် အဆီများကို ကျဆင်းစေနိုင် တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးစားပေးပါ။

ချောကလက်

ချောကလက်ကို စားပေးပါ။ ဘာကြောင့်လဲ ဆိုသော ၎င်းဟာ ဝိတ်ကို အမြန်ကျ စေပါတယ်။

သံပုရာရည်

သံပုရာရည်ကို ဝိတ်ကို အလျင်အမြန်ကျစေ နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် သံပုရာရည် သောက်သင့်ပါတယ်။

နိဂုံးချုပ်အားဖြင့် အကြံပေးချင်တာက လေ့ကျင့်ခန်း လုပ်ပါ။ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်အများကြီး မပေးနိုင်ရင်တောင် မနက်ခင်းတိုင်း လမ်းလျှောက် စေချင် ပါတယ်။

Ref -healthnews
ကာယဗလလိုက်စားသူများကိုအစဉ်လေးစားလျက်-
 စိုင်းသီဟကျော်ဆန်း

ကျန်းမာအားပြည့်စေ သော ကြက်သွန်ဖြူနှင့်နို့

 
ကြက်သွန်ဖြူသည်အစာကြေ စေသည်။
ကိုယ်ခံအား ကောင်းစေသည်။ သွေးသည်း
ခြေတိုးပွားစေသည်။ ဆံပင် ကောင်း စေသည်။
လေ နှင့်ပက်သက်သောဝေဒနာများမဖြစ်စေ
ရန်ကာကွယ်ပေးသည်။အသက် ရှည်စေသည်
ထို့အပြင် ၄င်းနှင့်အတူတွဲဖက်စားသုံးရမည့်
အဆီထုတ်ထားသောနွားနို့ခွက်ကြီးတစ်ခွက်
လီတာတစ်ဝက် ( သို့မဟုတ်) ၁/၂ လီတာတွင်
ပရိုတိန်း ၁၆ ဂရမ်
ကာဗိုဟိုက်ဒရိတ် ၂၃ ဂရမ်
ဆိဒီယမ် ၂၀၀ မီလီဂရမ်
ကယ်စီယမ် ၆၀၀ မီလီဂရမ်တို့ ပါဝင် ပါသည်။
ကျန်းမာအားပြည့်စေ သော အားဖြည့်ဖျော်ရည်
တစ်ခွက် ရရှိရန်
ကြက်သွန်ဖြူ အမွာ ၂ မွှာ နှင့် အဆီထုတ်ထား
သောနွာ့းနို့လီတာဝက်အား ရော၍ပွပ်ပွပ်ဆူ
အောင် ကျိုချက် လိုက် ရပါမည်။ (ယင်း
တို့ကိုစားသုံးရာတွင် ကြက်သွန်ဖြူအပါအ၀င် အကုန်အစင် စားရပါမည်)်

အဆိုပါကြက်သွန်ဖြူနို့အား မနက် စာစားသုံး
ရာတွင်ဖြစ်စေ၊ညအိပ်ယာမ၀င် မှီညလယ်စာ
အတွက်ဖြစ်စေ၊သို့တည်းမဟုတ် လေ့ကျင့်ခန်းမပြုလုပ်ခင်၄၅မိနစ် ခန့်တွင်ဖြစ်
စေ၊လေ့ကျင့်ခန်းပြုလုပ်ပြီးနောက်တွင်ဖြစ်စေ
စားသောက်ခြင်းဖြင့်ခွန်အားအတွက်တစ်နည်း
တစ်ဖုံ အ ထောက်အကူပြုပါ ကြောင်း ဖော်
ပြအပ် ပါသည်။
Ref: benefits of garlic and milk
ကာယဗလနှင့်ကာယအလှ လေ့လာလိုက်စား
သူများအားအစဉ်လေးစားလျှက်
စိုင်းသီဟ ကျော်စန်း

ကျန်းမာ ရေးလိုက်စားသူများစားသင့်သောရွှေဖရုံသီး

ရွှေဖရုံသီး ၏အာနိသင် မှာ ခန္တာကိုယ်တွင်း
အပူလွန်ခြင်း ကို ထိန်းညှိ ပေးသည်။
သွေးသားစိုပြည်စေသည်။ အ ရေပြားတွင်
ဖြစ်တတ်သော အသားပို နှင့် ကြာဆူးကဲ့
သို့သောအ ရေပြားကြမ်းတမ်းစေ သည့်အရာ်
များမဖြစ် အောင် ကာကွယ် ပေးသည်။
ရိုးတွင်းခြင်ဆီ ကို အားဖြည့်ပေးနိုင် သဖြင့်ီ
အရိုး၏ကြံ့ခိုင် အားကောင်း စေရန်များ
စွာ အ ထောက်အကူပြုပါသည်။ ရွှေဖရုံသီး
ကို မကြာခဏ စားသုံးသူများသည် အရိုး
ကျီးပေါင်းတက်သည့်ရာခိုင်နူံး အလွန် နည်း
ပါးသည်ကို တွေ့ရပါသည်။ ထို့အပြင်
သွေးလေညီမျှစေပြီးအစာအိမ် သန့်ရှင်းပေး
သောအစွမ်းသတ္တိရှိသည်ကိုလည်းတွေ့ရပါ
သည်။ ရွှေဖရုံသီးကို ကင်းကြမ်း(ဟင်းချိုချက် ရာတွင် ထည့်ရ
သောပန်းခြောက်တစ်မျိုး ) နှင့် ရော နှော
ချက်စားလျှင် အသံဝင်ခြင်း၊အ အေးမိ၍အသံ
ပြွန်ရောင် ရမ်းခြင်းကိုသက်သာပျောက်ကင်း
စေသည်။ဖော်ပြခဲ့သောအစွမ်းသတ္တိများပြည့်ဝ
စွာရရှိနိုင် စေရန် ရွှေဖရုံသီး၏အခွံကြမ်းကို
ဓါးဖြင့် သင် ရာတွင် ကုန်စင် အောင် မခွာ
ဘဲ စားသဲုံးရန်အနည်းငယ်ချန်ထားရပါမည်။

Refး Shi Min Yao Shu Chinese traditional medicineresearch
ကာယဗလနှင့် ကာယအလှ လေ့လာလိုက်စားသူများအား အစဉ်လေးစားလျှက်-

စိုင်းသီဟ ကျော်စန်း

စားသုံးသင့်သောပျားရည် နှင့်သစ်ကြားသီးတို့၏ ကောင်းကျိုးများ

ပျားရည် စားသုံးခြင်းဖြင့် ရ ရှိနိုင် သော
အကျိုးများကို ဖော်ပြရလျှင်
ခွန်အားတိုး စေခြင်း၊
ချောင်းဆိုးခြင်း ကို အထိုက် အ လျောက်
ကုစားနိုင် ခြင်း ( ပျားရည် သောက်နေစဉ်
သီးပါက ဘေးထွက်ဆိုးကျိုးပြင်းထန်သဖြင့်
ရေ နွေးနှင့် ဖြစ် စေသံပုရာရည်နှင့် ဖြစ်စေ
ရောစပ်သောက်သုံးသင့်ပါသည်)
အသား အရည် ကောင်း စေခြင်း၊
ကိုယ် အ လေးချိန် ကျ စေခြင်း( သံပုရာသီး
အရည်၊ရေ နွေးနှင့်တွဲဘက် စားသုံးပါကပို အကျိုးသက်ရောက်ပါသည်)
ညဘက် ကောင်းစွာအိပ် ပျော် စေခြင်း
်အစားအစာများကိုခြေဖျက် ရာတွင်
ိုမြန်ဆန် စေခြင်း(ကြက်သွန်ဖြူနှင့်တွဲ
ဘက်စားသုံးပါကပိုမိုထိရောက်စေပြီး
အစာအိမ်အားကောင်းစေပါသည်)
သွေးပေါင် ချိန်ပုံမှန်ဖြစ် စေခြင်းစသည်အကျိုး များရရှိပါမည်။ ၄င်းအပြင် အ စေ့အဆံတစ်မျိုးဖြစ် သော
သစ်ကြားသီး စားခြင်းဖြင့်
အစာစားလိုစိတ် ကိုအားပေးသည်။
ယင်းတွင်alpha linolenic acid၊
အမျှင် ဓါတ်နှင့်vitamin E များစွာပါဝင်
သဖြင့် နှလုံး ၏စွမ်း ဆောင် ရည် တိုးတက်
ကောင်းမွန်စေသည်။ ဖော်ပြခဲ့သည်များ
အတွက်ပျားရည်တစ်ခါသောက်
လျှင် လဘက် ရည်ဖျော်ဇွန်း၁ဇွန်းမှ၂ဇွန်းနှင့်
သစ်ကြားသီးတစ်ခါစား၂လုံးမှ၃လုံး
တစ်နေ့လျှင်၂ကြိမ်မှ၃ကြိမ်စားသုံး
သင့်ပါ ကြောင်းဖော်ပြ ရေးသားအပ်ပါသည်။
(ပျားရည် သောက်သင့်
ပါသလားဟုမေးမြန်းသော ကိုR ZarNi အား
ကျေးဇူးတင် ကြောင်းဖော်ပြအပ်ပါသည်)

Refး Honey & Walnut resources
ကာယဗလနှင့် ကာယအလှ လေ့လာ
လိုက်စားသူများအားအစဉ်လေးစားလျက်
စိုင်းသီဟ ကျော်စန်း

အ၀မလွန် စေရန်အဆီချခြင်း

မိမိ၏အရပ်အ မောင်းနှင့်ညီမျှသော အ လေး
ချိန်ထက် ပို နေလျှင် ၀သည်ဟု ယေဘူယျ
အားဖြင့်သတ်မှတ်နိုင် ပါသည်။
ဥပမာ ဖော်ပြရလျှင်
(Pro bodybuildersများထည့်မတွက်ပါ)်
၁၇၀ cmမြင့်သူသည် ၆၀-၇၀ကီလိုဂရမ်
အတွင်းရှိ နေသင့်ပြီး ၈၅ကီလိုထက် ကျော်
ပါက အ၀လွန်သည် သတ်မှတ်နိုင် ပါသည်။
၁၈၀ cmမြင့်သူသည် ၆၆-၈၀ ကီလိုဂရမ်
အတွင်းရှိသင့်ပြီး၉၅ကီလိုကျော်ပါကအ၀လွန်
သတ်မှတ်နိုင် ပါသည်။်
ကိုယ် အ လေးချိန် ညွှန်းကိန်း
BMI=Body Mass Index
ခန္တာကိုယ် အ လေးချိန်( kg)÷အရပ်အမြင့်
မီတာ×အရပ်အမြင့်မီတာ
၈၀ကီလို ရှိပြီး အရပ်(၁့၆)မီတာ ရှိသူအတွက်
၈၀÷( ၁့၆)×(၁့၆ )=၃၁
အမျိုးသားများအ နေဖြင့် ၂၄
အမျိုးသမီးများအ နေဖြင့် ၂၆ထက်ပို နေပါက
အားကစားလေ့ကျင့်နေသူလည်းမဟုတ် လျှင်
အဆီချ သင့်ပါသည်။ ဤကဲ့သို့အဆီများနေလျှင် သွေးအတွင်ူး
အဆီများခြင်း၊သွေးတိုး၊ဆီးချို။ အဆစ်အမြစ်
ရောင်ခြင်း၊နှလုံးသွေးကြောကျဉ်းခြင်း၊၊အသဲ
အဆီဖုံးခြင်းစသည်တို့ဖြစ် ရန်အလားအလာ
များပါသည်။
လေ့ကျင့်သင့်သည့်မှာ သွေးပူလေ့ကျင့်ခန်း
များစတင် လေ့ကျင့်ပါ။(ခြေ ခွဲ လက်ဘေးသို့
ဆန့်ုခြင်း၊လက်မြှောက် ခြေ မြှောက်ခြင်းစသည်)
အ လေး ၁၅ ပေါင် ခန့်တပ်ဆင် ထားသော
အ လေးကို ပုခုံးထမ်းပြီးခါးလှည့်ခြင်း၊
အိပ်ထမတင် လေ့ကျင့်ခန်းများ(အဆင် ပြေရာ)
ကြိုးခုန်ခြင်း၊
စက်ဘီးနင်းခြင်း၊
တောင် တက်ခြင်း၊
အေ ရိုးပစ် လေ့ကျင့်ခန်းများ၊
စသည့်တို့အနက် ၃မျိုးကို တစ်ကြိမ်လျှင်
၁၀မိနစ် ဖြင့်၎ ကြိမ် မှ ၅ကြိမ် လေ့ကျင့်ခန်းပြုလုပ် ပါ။ အဆိုပါ လေ့ကျင့်
နည်းအားလေ့ကျင့် သောလူ၂၀၀သည်
တစ်လအတွင်း၁၀ ပေါင် မှ ၁၅ ပေါင် ကျ
ခဲ့ကြောင့်းတွေ့ရပါသည်။ အလားတူပင်
မိတ်ဆွေတစ်ယောက်အားစကားစပ်မိပြီး
ပြောခဲ့ဘူးပါသည်။ထိုမိတ်ဆွေသည်သူ၏
တစ်နေ့တာဖြတ်သန်းသောလူနေမှုဘ၀ပုံစံ
တွင် ကိုယ်လက် လှူပ် ရှားမှူနည်းသဖြင့်
တစ်ပတ်တစ်ခါ ရေကူးခြင်း၊ဂေါက်သီးရိုက်
ခြင်းများပြုလုပ်နေ သော်လည်း တဖြည်းဖြည်း
ဝဖြိုးလာလေသည်။ ထိုရလဒ် ပြောင်းလဲပစ်
နိုင် ရန် မိတ်ဆွေဖြစ်သူ၏တစ် နေ့တာစား
သောက် နေသည်များအနက်မှ ကာဗွန်နစ်
ပါသော အချိုရည် များ နေရာတွင် သစ်သီး
ဖျော်ရည် အစားထိုး၏။ အဆီပါသောအစား
အစာများတစတစ လျှော့လိုက်၏။ပရိုတင်းကို
အနည်းငယ် တိုး၍စား၏။ သံလွင် ဆီ
နှင့် ဆော်လမွန်ငါး များတွင် ပါ သော အဆီ
များစား၏။ ည နေပိုင်းတွင်သောက် လေ့
ရှိသော ဘီယာ၊အရက်
အစားဝိုင် ၂ခွက်ခန့်သောက်၏။်
အထူးသဖြင့် ညစာတွင် အဆီများနှင့်အတူ
ကာဗိုဟိုက်ဒရတ် အားနဂိုစားနေ သည့်ပမာဏ
မှမသိမသာလျှော့လိုက်၏။ ရေ၊လဘက် စိမ်းရည်green tea ပို သောက် ၏။
အဆီထုတ်ထားသော နွားနို့၊ဒိန်ချဉ်၊လတ်
ဆတ် သောသစ်သီး၊ဟင်းရွှက်များပိုစား၏။
တပြိုင် နက်တည်းတွင် ဖော်ပြခဲ့သော cardiovascular လေ့ကျင့် ခန်းများအား
သတ်မှတ် ပုံစံအချိန် နှင့် အကြိမ် အ ရေ အတွက် ပြည့် အောင် ကစားနေ၏။ ပထမ ၂ပတ် ခန့်သည် အတန်ငယ်ခက်ခဲပြီး လေ့ကျင့်
ခဲ့ရပါသည်။ ၃ပတ် မြောက် နှင့် ၄ပတ် အ
ရောက် တွင် လေ့ကျင့်ခန်း ၄ကြိမ် အကြား
တာတို( မီတာ၃၅) အမြန် ၂ကြိမ် ပြေးခြင်း ထည့်သွင်းကစား နိုင် ခဲ့ပါသည်။
ဤသို့ဖြင့် တစ်လ ပြည့်
ပြီး ကိုယ် အ လေးချိန် ချိန် သောအခါ ၁၂
ပေါင် ကျသွားသည်ဆို သောရလဒ် ကောင်း
ထွက်ခဲ့ပါသည်။မိတ် ဆွေဖြစ်သူမှ နေထိုင်
လှူပ် ရှားရာတွင် ပေါ့ပါးသွက်လက်လာသောခံစား
မှူကိုနှစ်ခြိုက်သဖြင့် လေ့ကျင့်ခန်းများဆက်
လက်လေ့ကျင့်ကစားနေပါကြောင်း ဖော်ပြ
အပ်ပါသည်။
Ref:The University of Pittsburgh research
ကာယဗလနှင့် ကာယအလှ လေ့လာ
လိုက်စားသူများအား အစဉ်လေးစားလျှက်
 စိုင်းသီဟ ကျော်စန်း

အဆီကျ ခြင်းအားပေးသော ဟင်းခပ်အ မွှေးအကြိုင် များ

သစ်ကြံပိုးခေါက်
သွေးအတွင်းရှိပို နေ သောသကြားပမာဏ
ကိုလျှော့ချပေးသည်။ ကာဗို
ဟိုက်ဒရိတ် မှအာဟာရများအတွင်း
လုပ်ငန်းဆောင် ရွှက်သည်ကို ပိုမိုကောင်းမွန်
အောင် ကူညီပေးသည်။

ငရုပ်ကောင်း
ခန္တာကိုယ်၏ဇီဝဖြစ်စဉ် အားကောင်းစေပြီး
အစာကြေညက်အောင် ကူညီပေးသည်။
အာဟာရများလျင်မြန်စွာစုပ်ယူနိုင် ရန်
ထောက်ကူပေးသည်။

ဂျင်း
အစာအိမ်၏စွမ်းဆောင် ရည်မြင့်တင် ပေး
သည်။အဆီများကိုစုပ်ယူပစ်သည်။

ငရုပ်သီးမှုန့်
၎င်းတွင် ပါဝင် သော capsaicin
သည့်အဆီများကို လောင် ကျွှမ်းစေသည်။
ဖော်ပြခဲ့သောဟင်းခပ်အ မွှေးအကြိုင် ၄မျိုး
သည်အစားအစာများချက် ပြုတ် ရာတွင်
အသုံးပြုလေ့ရှိပြီးဖြစ်ပါသည်။ယင်းတို့၏
အရသာကို အနည်းငယ်ပေါ်လွင် စေရန်
ထည့်သွင်းချက်ပြုတ်ပါက အဆီကျ စေရန်
အ ထောက်အကူပြုပါကြောင်း ဖော်ပြအပ်
ပါသည်။
Ref: Fat reduce spices
ကာယဗလနှင့်ကာယအလှလေ့လာလိုက်စား
သူများအားအစဉ်လေးစားလျှက်

စိုင်းသီဟ ကျော်စန်း

အိပ်ရေး၀၀အိပ်ခြင်း

အိပ် ရေး၀၀အိပ်ပါကဇီဝဖြစ်စဉ်များမှန်ကန်
စေပြီးအသက် ရှည် ရန်များစွာ အ ထောက်အကူပြုပါသည်။ ယ နေ့ခေတ်လူသား
များသည်လွန်ခဲ့သောနှစ် တစ် ရာထက်စာ
လျှင် တညတွင် ပျှမ်းမျှ၁နာရီခွဲခန့် လျှော့နည်း ၍အိပ် နေကြပါသည်။
ဖွံ့ဖြိုးပြီး နိုင် ငံများအနက်အ မေရိကန်လူမျိုးငါုးံးပုံတစ်ပုံအိပ် မ ပျော်ကြ ကြောင်း(သန်း၅၀မှ၇၅)၊၄င်းပမာဏသည်
ပြီးခဲ့သော၎နှစ်ကထက်၅၄%တိုးတက်ခဲ့
ခြင်းဖြစ်သည်။အကယ်၍ အ ကြောင်းအမျိုး
မျိုးကြောင့်၂၄နာရီကြာမအိပ်စက်ပါက တစ်
နာရီအတွင်းဝီစကီအရက်၃ခွက် သောက်
ခြင်း( သွေးအတွင်းalcohol 0.1%)ရှိ
သည်နှင့်ညီ၏။ ထို့အပြင်
နာမည်ကျော်အိပ်ဆေးများဖြစ်
သောLunestaနှင့်Anbienတို့သည်လည်း
အ၀ယ်လိုက်ပြီးရောင်းကောင်းနေသည်ကိုလည်း
တွေ့နေရ၏။်သို့သော် အိပ်ဆေး သောက်ပြီး
အိပ်သူအများစု နိုးထချိန်တွင် ခေါင်းမကြည်
ဖြစ်ခြင်းအားဟားဗတ် ကျန်းမာရေးနှင့်
အန္တရာယ်ကင်း ရေးဌာနမှ အိပ်ဆေးများသည်
သဘာဝနည်းဖြင့်အိပ်စေခြင်းမဟုတ်ကြောင်း
ပြောဆိုထုတ်ပြန်ခဲ့ပါသည်။ သို့ပေ မယ့်
လုံလောက်သောအိပ်ချိန် ရှိ
သည့်ဆယ်ကျော်သက်များသည်အိပ်ရေး
မ၀သူများထက်ဥာဏ်ကောင်းကြပြီး
ကောင်းစွာပညာသင် နိုင်ကြပါသည်။
ဟားဗတ်တက္ကသိုလ်မှ ဆယ်
ကျော်သက် ဆေးဝန်ထမ်း ၂၄၀၀အား
တစ်ပတ်လျှင်၂ကြိမ် နာရီ၃၀ ဆက်တိုက်
အလုပ်လုပ်စေပြီး
သုတေသနပြုခဲ့ရာတွင် ဆေးဝန်ထမ်း
၅ ယောက်တွင် ၁ယောက်သည်ပင် ပန်း
မှုကြောင့် လူနာများဒါဏ် ရာ ရ စေရန်အမှား
ပြုလုပ်မိသည်ကိုတွေ့ရ၏။
Wincosin University မှ အိပ်ပျော်
နေ သောလူ၏ဦးနှောက်သည် အဓိပ္ပာယ် မရှိ သောသို့မဟုတ် မလိုအပ် သောကွက်လပ်များ
ဆက်သွယ်မှူများအားဖယ် ရှင်း ပေးသည်
ဟုထုတ်ပြန်ခဲ့ပါသည်။ ညဘက် ကောင်းစွာ
အိပ် မပျော်သူသည် မျိုးရိုးလိုက်သောအိပ်
မ ပျော်သောရောဂါFatar Faminar
Insomnia FFI ဖြစ် နေသူမဟုတ်ပါက်
မနက်စာအား၉နာရီထက်
နောက်မကျစေဘဲစားသောက်ခြင်း၊
နေ့လည်စာစားပြီး နောက် ၂နာရီအကြာတွင်
တစ် ရေး အိပ် ပျော် အောင် အိပ်ခြင်း၊
ကိုယ်လက်လှူပ် ရှား ရ သောအားကစား
တစ်မျိုးမျိုးလုပ်ဆောင်ခြင်း၊
ယောဂ လေ့ကျင့်ခန်းများလေ့ကျင့်ခြင်း၊
ငြိမ်သက်စွာ ထိုင်၍အသက် ရူခြင်း(ထိုကဲ့သို့
ပြုမူပါကဦးနှောက် မှဓါတ်၃မျိုးထွက်ပြီးအိပ်
ပျော်ရန်ဇီဝဖြစ်စဉ်များမှန်ကန်စေရန်ကူညီပေး
သည်)
်အပ်စိုက်ကုထုံးကုသခြင်း
ညလယ်စာ နို့ ခပ်နွေးနွေးတစ်ခွက် သောက်
ခြင်း၊စွပ်ပြုတ်ရည်တစ်မျိုးသောက်ခြင်း၊
အိပ်ယာဝင် ပါက မည်သည့်အ ကြောင်းကို
မှမ တွေးခြင်း
စသည်အချက်များပေါင်းစပ်လုပ်ဆောင် ပါက
အိပ်ရေး၀၀အိပ်ပျော် စေရန် အ ထောက်အကူ
ပြုပါကြောင်းဖော်ပြအပ်ပါသည်။
Ref: Harvard university,
Winscosin Uni research,
ကာယဗလနှင့်ကာယအလှလေ့လာလိုက်စားသူများအားအစဉ်လေးစားလျှက်-
စိုင်းသီဟ ကျော်စန်း

အဆီကျစေ သောခုနှစ် ရက် စားသောက်နည်း


ဖော်ပြမည့်စားသောက်နည်းသည် အဆီကျ
သည့်အပြင် ကိုယ်ခန္တာအဆိပ်ဖြစ်စေသည်
များကိုပါဖယ် ရှားပေးပါသည်။နေ့စဉ် ရေ၈ခွက်
သောက် ရပါမည်။
ပထမဦးစွာခုနှစ် လုံးစားသောက် ရမည့်
အဆီကျဟင်း ရည် တစ်မျိုးချက်
နည်းဖော်ပြပါမည်။
ထိုဟင်း ရည်အတွက်
ကြက်သွန်ဥကြီး ၆လုံး
ငရုပ် ပွအစိမ်း ၂တောင့်
ခရမ်းချဉ်သီးကြီး ၆လုံး
တရုပ်နံနံ ၁စည်း
ဂေါဖီထုပ် အလတ် ၁လုံးစသည်တို့ကို အ
နေ တော်လှီးဖြတ်ပြီးပြုတ် ရပါမည်။ဆားအသင့်
သင့်နှင့် ငရုပ်ကောင်း ထည့်စားရပါမည်။
ပထမ နေ့တွင်
အဆီကျဟင်းရည်နှင့် အတူ
ဌက်ပျောသီးမှလွဲ၍လိမ္မော်သီး ပန်းသီး
သစ်တော်သီး ကျွှဲကောသီးစသည့်အရည်
ရွှမ်းသောအသီးများတစ် နေ့ ၄ကြိမ် ၅ကြိမ်
စားသောက် ရပါမည်။
ဒုတိယ နေ့တွင်
အဆီကျဟင်းရည် အာလူး ဟင်းသီးဟင်းရွှက်
အစုံအားပေါင်း၍ တစ် နေ့တာအတွက်
စားသောက် ရပါမည်။
တတိယ နေ့
အဆီကျဟင်းရည် နှင့်အတူ ပထမ နေ့နှင့်
ဒုတိယ နေ့စားသည့် သစ်သီး၊အာလူးနှင့်
ဟင်းရွှက်စုံ ပေါင်းများစားသောက် ရပါမည်။
စတုတ္ထ နေ့
အဆီကျဟင်းရည် ၊ဌက် ပျောသီး(သီးမွှေး
သို့မဟုတ်ဖီးခြမ်း ) အဆီမပါသောနို့များ
စားသောက် ရပါမည်။
ပဉ္စမ နေ့
အဆီကျဟင်း ရည်၊ ငါး(သို့မဟုတ်)ကြက်သား
်(သို့)ဆိတ်သား တစ် ပေါင် ခန့်အားပေါင်းစားပါ
၎င်းတို့နှင့်အတူ ခရမ်းချဉ်သီး၆လုံးအား ကြက်
သွန်နီ ၃လုံးနှင့်သုပ် စသည်တို့ကိုစားသောက် ရ
ပါမည်။
ဆဌမ နေ့
အဆီကျဟင်းရည် ၊သစ်သီး များ အသား၊
ဟင်းသီးဟင်းရွှက် ပေါင်းများစားသောက်
ရပါမည်။
သတ္တမ နေ့
အဆီကျဟင်းရည၊် ထမင်း ၊ကော်ဖီ ၊လဘက်
ရည်ကြမ်းစသည်တို့စားသောက် ရပါမည်။
ဖော်ပြခဲ့သော ခုနှစ် ရက် စား သောက် နည်း
သည် အဆီကျ ပြီးအဆိပ်ဖယ် ရှားပေးရန်လည်း
အ ထောက်အကူပြုပါ ကြောင်း ဖော်ပြအပ်
ပါသည်။
Ref: American health digest

ကာယဗလနှင့် ကာယအလှလေ့လာလိုက်စားသူများအား အစဉ်လေးစားလျှက်-
စိုင်းသီဟ ကျော်စန်း

Monday, August 4, 2014

WWE DIVAS Nikki and Brie Bella တို.၏ စားသောက်ပုံနှင်.လေ.ကျင်.ခန်းများ

 
Bella Twin (Nikki & Brei)တို.နှစ်ဦးကိုနိုဝင်ဘာ၂၁ရက် .၁၉၈၃ အင်္ဂလန်နိုင်ငံလန်ဒန်မြို.တွင်မွေးဖွားခဲ.ပါသည်။အ၇ပ်အမောင်းအားဖြင်.နှစ်ဦးစလုံး(၅ပေ ၆လက်မ) ကိုယ်အလေးချိန်မှာ Brie Bella(၁၂၀)ပေါင်နှင်.Nikki Bella (၁၃၁)ပေါင်ရှိလေသည်။WWE(World wrestling Entertainment)ပြိုင်ပွဲများသို.၂၀၀၈ခုနှစ်တွင်စတင်ကစားခဲ.ကြပါသည်။Devas Champion အနေဖြင်.Brie Bella(2011)နှင်.Nikki Bella(2012)ခုနှစ်တို.တွင်ရရှိခဲ.ပြီး “Total Divas”TV drama ဇာတ်လမ်းတွဲတွင်သရုပ်ဆောင်နေကြပါသည်။Bella Twin (NikkiandBrie)တို.သည်လေ.ကျင်.ခန်းများ
ကိုတစ်ပတ်လျှင်(၅)ရက်ကစားပါသည်။တစ်ရက်လျှင်တစ်နာရီလေ.ကျင်.ခန်းများလုပ်ပြီးနာရီဝက်နေလှန်း
(အသားအရည်အရောင်အတွက်)ပါသည်။Bella Twins တို.၏(မနက်စာ)မှာ
ရေဖန်ခွက်ကြီး(၁)ခွက်+flaxseed oil (omega
3,omega6 ပြည်.၀စွာပါဝင်သောအဆီ)လက်ဘက်ရည်ဇွန်းတစ်ဇွန်း(ထိုအဆီ အကြောင်းနောင်ရေးမည်.ဆောင်းပါးများတွင်ဆက်လက်ဖော်ပြပါမည်)
ကြက်ဥအကာ(၃)လုံး+ကွေကာအုပ်ကော်ဖီခွက်တစ်ခွက်
နေ.လည်စာမစားမှီ (အစာပြေ)အနေဖြင်.
ပန်းသီး(၁)လုံး+ပရိုတင်းဖျော်ရည်(၁)ခွက်
(နေ.လည်စာ)
အဆီနည်းအသားBeef (သို.)ကြက်ရင်အုပ်(သို.)ငါးတစ်မျိုးမျိုး+ဆန်လုံးညို(၁)ပန်းကန်+ဟင်းသီးဟင်းရွှက်စိမ်း
ညစာစာမစားမှီ (အစာပြေ)အနေဖြင်.
ပန်းသီး(၁)လုံး(သို.)အခြားသစ်သီး(၁)လုံး+ပရိုတင်းဖျော်ရည်(၁)ခွက်
(ညစာ)
ဟင်းသီးဟင်းရွှက်ပေါင်း+Beef (သို.)ငါးတစ်မျိုးမျိုးစားသောက်ပါသည်။အိပ်ယာဝင်ခါနီးတွင်ပရိုတင်းဖျော်ရည်တစ်ခွက်နှင်.ဗီဒမင်စုံဆေး
(၂)မျိုးသောက်ပါသည်။ BellaTwinsတို.သည်လေ.ကျင်.ခန်းစသည်နှင်.ပုံမှန်ပြေးခြင်း+
အမြန်ပြေးခြင်းတို.ကို(၃၀)မိနစ်ပြုလုပ်ပါသည်။
(၁) Burpee(ဒိုက်တစ်ကြိမ်ထိုးပြီးရင်ဘက်နှင်.ဒူးနှစ်ဘက်ထိအောင်ခုန်ခြင်း ၁၀ကြိမ်- ၃ကျော.
(၂)Glute Bridges ၅ကြိမ် -၃ကျော.
(၃)Jump Squat ခုန်ပြီးမှအောက်ပိုင်းထိုင်ခြင်း (သို.)Squat၁၀ကြိမ်- ၃ကျော.
(၄)Plank (တံတောင်နှစ်ဘက်ထောက်ပြီ်းခြေဆန်.ထားခြင်း )၁၀ကြိမ် - ၃ကျော.
(၅) Jumping jacks ခြေ၊လက်မြှောက်ပြီးခုန်ခြင်း ၁၀ကြိမ် - ၃ကျော.
(၆)Push up ဒိုက်ထိုးခြင်း ၁၀ကြိမ် ၃ကျော.စသောလေ.ကျင်.ခန်း(၆)မျိုးကို အလေးအပေါ.များဖြင်.လေ.ကျင်.ပါသည်။အားလပ်ချိန်များတွင်ကိုယ်စိတ်နှစ်မျိုးချမ်းမြေ.စေရန်အတွက်ေ
ယာဂလေ.ကျင်.ခန်းများပြုလုပ်ပါသည်။ဖော်ပြခဲ.သည်မှာWWE Divas Bella Twins တို.၏အစားအသောက်စားသောက်မှုပုံစံများနှင်.လေ.ကျင်.ကစားနေသောလေ.ကျင်ခန်းများ
အကြောင်းဖြစ်ပါသည်။
Ref: WWE Divas Bella Twins
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်

စိုင်းသီဟကျော်စန်း
Email-thihakyawsan@gmail.com



Jennifer Lynn Muniz aka Jennifer Lopez ၏လေ.ကျင်.ခန်းများ

 
J Lo (Jennifer Lynn Muniz aka Jennifer Lopez)  ကိုဂျူလှိုင်လ ၂၄ ရက် ၁၉၆၄၊Bronx,New York, USA တွင်မွေးဖွားခဲ.ပါသည်။ရုပ်ရှင်ဇာတ်ကားတစ်ချို.တွင် မထင်မရှားစတင်သရုပ်ဆောင်ခဲ.ပြီးSelena
(1997)ဇာတ်ကားတွင်အနည်းငယ်လူသိများခဲ.ပါသည်။သီချင်းအယ်(လ်)ဗန်အနေဖြင်.On the 6(1999)တွင်စင်ထွက်ရှိခဲ.ပါသည်။ဒုတိယအယ်(လ်)ဗန်ဖြစ်သောJ L O နှင်.The Wedding Planner (2001)ရုပ်ရှင်ဇာတ်ကားနှင်.အတူတွဲပြီးထုတ်လုပ်ဖြန်.ချီခဲ.ပြီးနောက်ပရိသတ်များကသီချင်းဆိုခြင်းနှင်.
သရုပ်ဆောင်ခြင်းနှစ်မျိုးလုံးအောင်မြင်သူအဖြစ်စတင်သတ်မှတ်ခဲ.ပါသည်။J Loသည်အရပ်အမြင်.
အားဖြင်.၅ပေ၅လက်မ၊ကိုယ်အလေးချိန်(၁၄၅)ပေါင်ရှိပါသည်။J Lo ၏မနက်စာအနေဖြင်. ကြက်ဆင်အသားပြားအနေတော်(၂)ခု
ကြက်ဥပြုတ်(၁)လုံး
အဆီမပါသောCottage cheese ကော်ဖီဇွန်း(၁)ဇွန်း
အဆီထုတ်ထားသောနို.ချဉ်(၁)ခွက်(သို.မဟုတ်)ကော်ဖီ(၁)ခွက်
နေ.လည်စာမစားမှီ အစာပြေအနေဖြင်. အဆီမပါသောCottage cheese ကော်ဖီဇွန်း(၁)ဇွန်းနှင်.
အဆီထုတ်ထားသောနို.ချဉ်(၁)ခွက်စားသောက်ပါသည်။နေ.လည်စာအနေဖြင်.ဆော်လမွန်ငါးပေါင်း
(အနေတော်လက်တစ်ဝါးခန်(၁)ခု၊ကြက်ဥအကာဆန်းထားသောကြက်ကင်အနေတော်တစ်ခု၊တို.ကို
စားသောက်ပါသည်။ညနေစာမစာခင်တွင်ကြက်ဆင်သားခပ်ရွှယ်ရွှယ်တစ်ခုစားပါသည်။ညစာအနေဖြင်
.က်ြသားအာလူးဟင်း၊ကွေကာအုပ်ပုဇွန်ပေါင်း၊တို.ကိုစားပါသည်။J Lo သည်အရက်။ဆေးလိပ်။သကြားနှင်.ဆားတို.ကိုအစားအသောက်များထဲတွင်မပါဝင်အောင်သတိထားရှောင်
ကြဉ်ပြီးတစ်နေ.လျှင်ရေ(၁)ဂါလံခန်.သောက်ပါသည်။ချောကလတ် ကွက်ကီးနှင်.ဟမ်ဘာဂါတို.ကိုတစ်ခါတစ်ရံစားပါသည်။J Lo ၏လေ.ကျင်.ခန်းများမှာတစ်နေ.(၂)နာရီကစားပြီးတစ်ပတ်လျှင်(၅)ရက်ကစားပါသည်။J Lo ၏လေ.ကျင်.ခန်းများမှ ပထမနေ.လေ.ကျင်.ခန်းများမှာ
(၁)ဘားတိုကိုင် ထိုင်ထ ၁၀ကြိမ် ၃ကျော.
(၂)ဘားတိုဖြင်.လှေလှော် ၁၀-၁၂ကြိမ် ၃ကျော.
(၃)ဘားတိုလက်မောင်းရှေ.သားဆွဲ ၁၀-၁၂ ကြိမ် ၃ကျော.
(၄)ဘားရှည်ဖြင်.လက်အကျဉ်းကိုင်လက်မောင်းရှေ.သားဆွဲ ၁၀-၁၂ကြိမ် ၃ကျော.
(၅)ကေဗယ်ကြိုးဖြင်.နောက်ကျောသို.ဆွဲချ ၁၀-၁၂ကြိမ် ၃ကျော.
(၆)ဘော်လုံးပေါ်ခြေတင်ပြီးပေါင်နောက်သားကစားခြင်း ၁၀ကြိမ် ၃ကျော.
(၇)အလေးကိုင်ပြီးဘေးသို.ခြေခွဲထိုင်ခြင်း ၁၀ကြိမ် ၃ကျော.
(၈)Crunchအိပ်ထမတင်၁၂-၁၅ကြိမ် ၃ကျော.
(၉)ပြောင်းပြန်အိပ်ထမတင်Reverse Crunches 12-15ကြိမ် ၃ကျော.
၃၀မိနစ်( H I I T) High intersity interval Training နှင်.ကာဒီရို လေ.ကျင်.ခန်းများဥပမာ၊
လမ်းပုံမှန်လျှောက်ခြင်းနှင်.တာတိုပြေးခြင်း တို.ကိုတစ်လှည်.စီပြုလုပ်ခြင်း(သို.)လှေကားထစ်တက်လေ.ကျင်.ခန်း (သို.)ဒိုက်ထိုးခြင်းနှင်.တာတိုပြေးခြင်းစသည်လေ.ကျင်.များဖြင်.လေ.ကျင်. ပါသည်။JLo ၏တခြားသောလေ.ကျင်.မှုများအနေဖြင်.Pilates, ယောဂလေ.ကျင်.ခန်းများ၊ Zumbaအကစသည်တို.ကိုလည်းရံဖန်ရံခါလေ.ကျင်.လေ.ရှိပါသည်။J Lo ၏ စားသောက်သောအစားအစာများနှင်.လေ.ကျင်.ခန်းများအနက်မှပထမနေ.လေ.ကျင်.ခန်းများအကြောင်း
ကိုဖော်ပြရေးသားလိုက်ပါသည်။
Ref: J Lo workout and diets
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်
စိုင်းသီဟကျော်စန်း
email-thihakyawsan@gmail.com


အဆီအမျိုးအစားနှစ်မျိုးနှင်.စားသုံးသင်.သောအဆီပါသောအစားအစာများ

 
လူသားများ၏သွေးအတွင်းရှိအဆီ (Blood Cholesterol)တွင် LDL (low-density lipoprotein)  bad cholesterol နှင်.HDL (high-density lipoprotein) good cholesterolနှစ်မျိုးရှိလေသည်။LDL
သည်သွေးကြောနံရံများကိုအနှောက်အယှက်ဖြစ်စေပြီးသွေးစီးဆင်းခြင်းနှင်.အသက်ရူအင်္ဂါအစိတ်အပိုင်း
များကိုအဟန်.အတားဖြစ်စေပါသည်။HDLမှာLDL နှင်.ဆန်.ကျင်ဘက်ဖြစ်ပြီးကိုယ်တွင်းလုပ်ငန်းဆောင်
ရွှက်မှုကိုထောက်ကူပေးပါသည်။ နေ.စဉ်စားသောက်နေသောအာဟာရများတွင်Fatty acids များပါဝင်ခြင်းသည်လေ..ကျင်.ခန်းများပြုလုပ်ရာတွင်ထောက်ကူပေးသောစွမ်းအင်ကိုရရှိနိုင်ပြီးလိုအပ်သော
Glygogenကိုသိုလှောင်ပေးပါသဖြင်.အသင်.တင်.(Healthy level)စားသုံးသင်.ပါသည်။ယင်းတို.တွင်
မတူညီသောအဆီ(Dietary fats) ၅မျိုး၇ှိနေပါသည်။၎င်းတို.မှာ
(၁)Saturated Fat
၎င်းအဆီသည်ပုံမှန်အပူချိန်ရှိသောနေရာတွင်ခဲနိုင်သောအဆီတစ်မျိုးဖြစ်သည်။အသားများတွင်ပါဝင်နေသော
အဆီ၊အဆီမထုတ်ထားသောနို.အမျိုးမျိုး၊အုန်းဆီနှင်.စားအုံးဆီ၊Cocoaထောပတ်၊ချောကလတ်စသည်တို
.တွင်ပါဝင်သည။် ယင်းတို.တွင်ပါဝင်သောအဆီများသည်ပါဝင်မှုရာခိုင်နှူံးမတူသော်လည်းLDL ပမာဏကိုတိုးစေပါသည်။
(၂)Mono-unsaturated fat
သံလွင်ဆီ၊Canola Oil ကနိုလာဆီ၊မြေပဲဆီစသောအဆီများတွင်တွေ.ရသည်။၎င်းအဆီများကိုစားသုံးခြင်းဖြင်.LDL နှင်.HDLတို
.ကိုမြှင်.တက်စေခြင်းမရှိသည်ကိုတွေ.ရပါသော်လည်းMono-unsaturated ကိုတိုးစားခြင်းဖြင်.Saturated Fatများကိုလျှော.ကျခြင်းဖြစ်စေပါသည်။
(၃)Poly- unsaturated fat
Polyunsaturatedfatကိုနေကြာဆီ၊ပြောင်းဖူး၊ပဲပိစပ်ဆီစသည်တို.တွင်တွေ.ရပါသည်။၎င်းအဆီများသည်
LDL ကိုခြေဖျက်ပေးနိုင်သကဲ.သို.HDL ကိုမြှင်.တက်စေပါသည်။
(၄)Essential Fatty acids (EFA)(EFA)သည်မှတ်ဥာဏ်ကောင်းစေခြင်း၊နှင်.အာရုံကြောအဖွဲ.အစည်းများကိုကောင်းမွန်စွာအလုပ်လုပ်စေပါ
သည်။EDA သည်ဆဲလ်အသစ်များတိုးပွားဖြစ်ပေါ်စေပြီးကြီးထွားခြင်းကိုအထောက်အကူပေးပါသည်။၎င်းကို Omega3နှင်.Omega6 ပြည်.၀စွာပါဝင်သောသင်္ဘောသီး၊ငါးကြီးဆီ၊ဟင်းရွှက်ဆီ၊နှမ်းဆီစသည်တို.စား
သုံးခြင်းဖြင်.ရရှိနိုင်ပါသည်။
(၅) Trans Fatty Acids
Saturated fats တစ်မျိုးဖြစ်ပြီးဈေးကွက်လိုအပ်ချက်အရထုတ်လုပ်ထားသောMagarine(non-butter)တွင်ပါဝင်ပါသည်။၎င်းကိုစားသုံးခြင်းသည်LDL တိုးလာစေပြီးံHDL ကိုလျှော.ကျစေပါသည်။
ဥပမာအနေဖြင်. Crackerဘီစကစ်မုန်. (၅)ခုတွင်
ကယ်လိုရီ ၈၀
စုစုပေါင်းအဆီ ၄.၅ ဂရမ်
Saturated fat ၁ ဂရမ်
Trans fat မပါဝင်ပါ
Mono-unsaturated fat ၂ ဂရမ်
Poly- unsaturated fat ၁.၅ ဂရမ် စသည်အချိုးအစားအတိုင်းပါဝင်နေပါသည်။

ဖော်ပြခဲ.သောDietary Fats (၅)မျိုးတွင် Saturated fatsနှင်. Trans Fatty Acidsပါဝင်သောအစားအစာများသည်LDLကိုမြှင်.တက်စေသဖြင်.လျှော.စားသင်.ပါသည်။ကျန်သော Mono-unsaturated fat, Poly- unsaturated fat, နှင်.  Essential Fatty acids (EFA) တို.ပါဝင်သောအစားအစာများကို(ကျန်းမာခြင်းအထောက်အကူပြုသည်.အဆင်.အထိ)အထိုက်အေ
လျှာက်စားသုံးနိုင်သည်.အကြောင်းရေးသားဖော်ပြအပ်ပါသည်။
Ref: Type of dietary fats and foods resources
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-
စိုင်းသီဟကျော်စန်း
email-thihakyawsan@gmail.com


Saturday, June 7, 2014

ကြွက်သားများ (အောက်ပိုင်း ) အတွက်စူပါစက်လေ.ကျင်.ခန်း(၃)မျိုး

 
 အပေါ်ပိုင်းကြွက်သားများကိုစူပါစက်လေ.ကျင်.နည်းးများရေးသားဖော်ပြခဲ.ပြီးနောက်အောက်ပိုင်းကြွက်သား
များအတွက်(စူပါစက်ဖြင်.ကစားရသော)လေ.ကျင်.ခန်းအတွဲ (၃)မျိုးကိုဆက်လက်ဖော်ပြပါမည်။
လေ.ကျင်.ခန်းအတွဲ (၁)
Front Squat အလေးအရှေ.သို.ထမ်းပြီးထိုင်ထ ၁၀ကြိမ် တစ်ဆက်တည်းကစားရမည်.လေ.ကျင်.ခန်းမှာ ကြိုးခုန်ခြင်း (၅)မိနစ်
 ထိုကဲ.သို.တစ်ဆက်တည်းလေ.ကျင်.ခြင်း ၃ကျော.ကစားရပါမည်။
လေ.ကျင်.ခန်းအတွဲ(၂)
Dumbbell Lung ဘားတိုကိုင်လမ်းလျှောက် ၈ကြိမ် တစ်ဆက်တည်းPull Through ခေါ်အလေးပြားကိုင်ပြီး(သို.)ကေဗယ်ကြိုးဖြင်.အပေါ်သို.ဆွဲတင်ခြင်း ၈ ကြိမ် စသည်.အတွဲကို ၃ကျော.
လေ.ကျင်.ခန်းအတွဲ(၃)
Sled Push  ခေါ် အလေးတင်ထားသောခုံတွန်းခြင်း(၆၀)ပေ နှင်.
Side Lunge ခေါ် အလေးထမ်းပြီးခြေတစ်ဘက်ဘေးဘက်သို.ဆန်.ခြင်း ၈ကြိမ် ၊ထိုလေ.ကျင်.ခန်းများ ၃ကျော.လေ.ကျင်.ပါမည်။ဖော်ပြခဲ.သောလေ.ကျင်.ခန်းအတွဲ
 (၃)မျိုးသည်အောက်ပိုင်းကြွက်သားများကိုထိရောက်စေသောစူပါစက်လေ.ကျင်.ခန်းများဖြစ်ပါသည်။

Ref: Super sets for lower body by Weider Principle workout
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-
စိုင်းသီဟကျော်စန်း


email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan




P H A T “Power Hypertrophy Adaptive Training”လေ.ကျင်.နည်း(၂)

 
 P HAT လေ.ကျင်.နည်းများမှပထမ(၂)ရက်လေ.ကျင်.ခန်းများကိုဖော်ပြခဲ.ပြီးနောက်ကျန်သော လေ.ကျင်.
နည်း(၃)ရက်မှ လေ.ကျင်.နည်း (၂)ရက်ကိုဆက်လက်ဖော်ပြပါမည်။
 Day (4)နောက်ကျော၊ပုခုံး၊အတွက်
(၁)ခါးကိုင်းလှေလှော်Bent over barbell rows(အနိုင်ဆုံးအလေး၏၆၅%-၇၀%ဖြင်.) ၃-၅ကြိမ် ၆ကျော.
(၂)ခြေနှစ်ဘက်ခုံပေါ်တင်ပြီးရင်ဘတ်ထိအောင်ဘားဆွဲခြင်းRack Chin ၈-၁၂ ကြိမ် ၃ကျော.
(၃)ထိုင်လျှက်ကေဗယ်ကြိုးဖြင်.လှေလှော် ၈-၁၂ ကြိမ် ၃ကျော.
(၄) ဘားတိုဖြင်.လှေလှော်၁၂-၁၅ ကြိမ် ၂ကျော.
(၅)လက်အကျဉ်းဖြင်.ရင်ဘတ်သို.ပူလီဆွဲချ Close grip pulldowns ၁၅-၂၀ကြိမ်၂ ကျော.
(၆) ထိုင်လျှက်ဘားတိုပုခုံးတွန်း ၈-၁၂ကြိမ် ၃ကျော.
(ရ) ဘားရှည်ဖြင်.မေးစေ.သို.ဆွဲတင်ခြင်းUpright rows ၁၂-၁၅ကြိမ် ၂ကျော.
(၈)ဘားတိုဖြင်.ပုခုံးဘေးတိုက်မြှောက် Side lateral raises ၁၂-၂၀ ကြိမ် ၃ကျော.စသည်.လေ.ကျင်.ခန်းများသည်(၄)ရက်မြှောက်နေ.အတွက်လေ.ကျင်.ခန်းများဖြစ်ပါသည်။တတိ
ယနေ.မှာနားရက်ဖြစ်ပါသည်။ထိုနေ.တွင်ကာဒီရိုလေ.ကျင်.ခန်း(၂၀)မိနစ်ခန်.ေ၇ချိုးခါနီးလေ.ကျင်.နိုင်ပါ
သည်။ဖော်ပြခဲ.သောလေ.ကျင်.ခန်းများမှာနောက်ကျောအတွက်လေ.ကျင်.ခန်း(၅)မျိုးနှင်.ပုခုံးအတွက်လေ
.ကျင်.ခန်း(၃)မျိုးတို.ဖြစ်ပါသည်။
Day (5)(၅)ရက်မြှောက်နေ.တွင်ကစားရမည်.လေ.ကျင်.ခန်းများကိုဆက်လက်ဖော်ပြရလျှင်
(၁)Full Squat ပေါင်အပြည်.ထိုင်(အနိုင်ဆုံးအလေး၏၆၅%-၇၀%ဖြင်.) ၃-၅ကြိမ် ၆ကျော.
(၂) Hack Squat ပေါင်+ဒူး+ခြေ စုပြီးထိုင်ခြင်း ၈-၁၂ ကြိမ် ၃ကျော.
(၃)Leg Press ပေါင်ကန်လေ.ကျင်.ခန်း ၁၂-၁၅ကြိမ် ၃ကျော.
(၄)Leg Extension ပေါင်ရှေ.သားဆန်.ခြင်း ၁၅-၂၀ကြိမ် ၃ကျော.
(၅)Romanian Dead Liftဒူးဆန်.ဒတ်လစ်ဆွဲ ၈-၁၂ကြိမ် ၃ကျော.
(၆)Lying leg curl မှောက်လျှက်ပေါင်နောက်သားဆွဲ ၁၂-၁၅ကြိမ် ၂ကျော.
(၇)ှSeated Leg Curl ထိုင်လျှက်ပေါင်နောက်သားဆွဲ ၁၅-၂၀ကြိမ် ၂ကျော.
(၈)Donkey Calf raise ကျောပေါ်အလေးတင်ပြီးခြေသလုံးကြွ ၁၀-၁၅ ကြိမ် ၄ကျော.
(၉)Seated calf raise ထိုင်လျှက်ခြေသလုံးကြွ ၁၅-၂၀ ကြိမ်၃ကျော.စသည်လေ.ကျင်.ခန်းများတွင်ပေါင်အတွက်လေ.ကျင်.ခန်း(၇)မျိုးနှင်.ခြေသလုံးအတွက်(၂)
မျိုးပါဝင်ပါသည်။ အထက်ဖော်ပြခဲ.သောP H ATလေ.ကျင်.ခန်းများကိုလေ.ကျင်.ခြင်းသည်
ခွန်အားသန်စွမ်းလာစေရန်အထောက်အကူပြုပါသည်။အလားတူပင်ကြီးထွားခြင်းကိုလည်းအားပေးသည်.
ဆိုသည်.အကြောင်းေ၇းသားဖော်ပြလိုက်ပ်ါသည်။
Ref:       P H A T “Power Hypertrophy Adaptive Training”     by Alex Borja B.S. SPT, HFS
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-
စိုင်းသီဟကျော်စန်း


email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan