arial" action="like" colorscheme="light">

Tuesday, September 15, 2015

Trainer အရွေးမှားလျင်ကောင်းစားဖို့ မရှိ နှင့် fitness tips အချို့ 

ဆရာပေါင်းမှားလျင်ကောင်းစားဖို့ မရှိ
ကြက်သွန်နှင့်ပေါင်းလျင်ရောထောင်းခံရမည်
ဟူသောဆုံးမစကားကိုကျွန်တော်ဆယ်တန်းကျောင်းသားဘ၀ကသာကေတမြို့ နယ်မှ၊ကျွန်တော့်ကျူရှင်
ဆရာဦးကျော်မိုးသိမ်း(မိုးမာန်ဟိန်း)၊မှအမြဲပြောလေ့ရှိသည်။ထိုစကား၏အနက်အဓိပ္ပါယ်ကိုလူ့ လောကထဲ
ကျင်လည်လေလေနားလည်လာလေလေပင်ဖြစ်သည်။ယခု fitness နယ်ပယ်ထဲတွင်လည်း၊ဆရာ့ကျင့်ဝတ်နှင့်
မညီသောဆရာဆိုးများကိုမြင်တွေ့နေရပြီဖြစ်သည်။trainer တစ်ယောက်အနေနှင့်မိမိ၏ကစားသမားတစ်
ယောက်၏ရည်မှန်းချက်ကိုပေါက်မြောက်အောင်မြင်အောင်ကူညီလမ်းညွှန်ပေးရမည်ဖြစ်သော်လည်း၊
ဘေးမကင်းသည့်ဖြတ်လမ်းနည်းများဖြင့်မိမိဂျင်မ်နာမည်၊မိမိနာမည်ကြီးစေရန်အတွက်မကြိုးပမ်းသင့်ပေ။
လွန်ခဲ့သောတစ်ပါတ်ခန့် ကတာမွေအ၀ိုင်းအနီးရှိဂျင်မ်တစ်ခုမှထရိန်နာတစ်ယောက်က၊ခန္ဓာကိုယ်ကြီးထွား
လိုသောဆယ်ကျော်သက်ကစားသမားလေးတစ်ယာက်ကိုအမျိုးအမည်မသိဆေးတစ်မျိုးကိုတစ်ပုလင်းလျင်
လေးထောင်ကျပ်နှုန်းနှင့်ငါးပုလင်းထိုးနှံပေးခဲ့ပါသည်။ထိုtrainer ငတိသည်မည်သည့်အတွက်ထိုသို့ ပြုလေ
သည်မသိကိုယ်တိုင်ပင်ဆေးထိုးအပ်ကိုင်ကာထိုးပေးလေသည်။ထိုးသည့်နေ့ တွင်ထိုညီငယ်မှာဖျားနာပြီး
နောက်နေ့ တွင်တော့အကြောကပ်သည်ဟုဆိုကာအသက်ရှုခက်လာသည့်အတွက်ဆေးရုံတင်လိုက်ရ
သည်။နောက်တော့လည်းကံကောင်းထောက်မစွာသက်သာသွားသော်လည်းထိုအရှက်မရှိသောtrainer ငတိက
ဆေးရုံအထိလူနာလာကြည့်ရင်း၊ယခင်ကလည်းကစားသမားလေးငါးဦးကိုထိုဆေးထိုးပေးခဲ့သော်လည်းမည်သို့ 
မျှဆိုးကျိုးမရှိကြောင်း၊ထိုသူငယ်တွင်မှသာဆေးနှင့်မတည့်၍ထိုသို့ ဖြစ်နိုင်ကြောင်း၊သူ့ တွင်အမှားမရှိကြောင်း
ကိုအာပေါင်အာရင်းသန်သန်ပြောသွားသေးသည်။ကဲမိတ်ဆွေတို့ ထိုသို့ သော trainer ကိုမည်သို့ ပြောရမည်
နည်း။ကျွန်တော်ကတော့မည်သို့ မျှမတိုက်ခိုက်မဝေဖန်လိုတော့ပါ။စေတနာကောင်းလျင်ကံကောင်း
မည်ဟုသာဆိုချင်ပါတော့သည်။Gym များနှင့်နည်းပြများ၏အရည်အသွေးလုပ်ကိုင်မှုကိုစိစစ်ပေးနိုင်သည့်
အလုပ်ကိုကာယဗလအဖွဲ့ ချုပ်မှမလုပ်လျင်မည်သူပြုလုပ်ပေးပါတော့မည်နည်း။တာဝန်ယူနိုင်၊ခေါင်းရှုပ်ခံနိုင်
သည့်ခေါင်းဆောင်ကိုသာမျှော်နေကြရဦးမည်ဖြစ်သည်။

Tips---
ရင်အုပ်ကြွက်သားအတက်နှေးသည်ဆိုလျင်၊ဘားရှည်ဖြင့်ရင်အုပ်တွန်းမည့်အစားဘားတိုဖြင့်တွန်းပါ။
ဘားတိုသည်ဘားရှည်ထက်ပို၍လှုပ်ရှားမှုလွတ်လပ်သည့်အပြင်ဆုံအပေါ်အလေးဝန်သက်ရောက်မှု
လည်းနည်းသည့်အတွက်ရင်အုပ်ကြွက်သားမျှင်များကိုပိုမိုထိရောက်စွာလှုံဆော်ပေးနိုင်သည်။အလေးဝန်
ကိုလောဘမကြီးမိစေရန်ဂရုပြုပါ။
ပခုံး(ဆုံ)ကြွက်သားအားနည်းသည်ဆိုလျင်၊Dumbell upright row ကိုလေ့ကျင့်ပါ။ထိုလေ့ကျင့်ခန်း၏
ထိရောက်ပုံနှင့်လေ့ကျင့်ရမည့်နည်းစနစ်ကိုကျွန်တော်ရေးသားထားသောသုံးဖက်မြင်ကာယဗလလေ့ကျင့်
ခန်းများစာအုပ်ကိုဒေါင်းလုပ်ဆွဲယူပြီးလေ့လာကြည့်ပါ။
လက်မောင်းရှေ့ သားကိုမည်သို့ ပင်ကစားစေကာမူအခြားသောကြွက်သားများလောက်တိုးတက်မှုအားမရပါက
လေ့ကျင့်နည်း tips တခုပေးပါမည်။ကြွက်သားအုပ်စုတစ်ခုမကြီးထွားဟုဆိုလျင်၊အာဟာရ၊အနားယူမှု
လေ့ကျင့်သည့်ပရိုဂရမ်၊လေ့ကျင့်သည့်စနစ်မှန်မမှန်ဟူသောအချက်များပေါ်တွင်အပြည့်အ၀မူတည်သည်
ကိုတော့လုံးဝမမေ့ပါနှင့်။ယခုတင်ပြပေးမည့် tips မှာ special research ဖြစ်သည်။အပမ်းမကြီးဘဲဖြည့်စွက်
သင့်သည့်အချက်လေးဖြစ်သည်။လက်မောင်းအရှေ့ သားကစားစဉ်တွင်သင့်တံတောင်များဘေးကားမနေစေရန်
နှင့်အရှေ့ ထွက်လွန်းခြင်း၊အနောက်ရောက်လွန်းခြင်း၊ဘေးကားလွန်းခြင်းမဖြစ်ရပါ။လက်မောင်းအရှေ့ လေ့ကျင့်
သည့်အလေးတန်းကို သာမန်ထက်သေးသောအလေးတန်းကိုရွေးချယ်လေ့ကျင့်ပါ။ထိုသေးငယ်သောအလေး
တန်းကလက်မောင်းအရှေ့ သားများအပေါ်အလေးဝန်သက်ရောက်မှုကိုပိုစေပြီးထိရောက်စွာလှုံဆော်ပေးနိုင်
မည်ဖြစ်သည်။သမားရိုးကျအလေးတန်းများဖြင့်လေ့ကျင့်ရင်းထူးခြားမှုတစုံတရာမမြင်ရပါကအလေးတန်းရွေး
ချယ်လေ့ကျင့်ကြည့်ပါဟုတိုက်တွန်းပါသည်။လက်ဖျံသေးငယ်သူများလက်ဖျံကြီးထွားလိုပါကသာမန်ထက်
ပိုတုတ်သောအလေးတန်းဖြင့်လေ့ကျင့်ပါ။အလေးတန်းတုတ်လေလေလက်ဖျံပေါ်ထိရောက်လေလေပင်ဖြစ်
သည်။အလေးတန်းပါးလေလေ၊လက်မောင်းအရှေ့ သားပေါ်ထိရောက်လေလေဖြစ်သည်။
ဂုတ်ပိုးသားကြီးထွားမှုအားနည်းသူများသည်၊သမားရိုးကျ shrug ၊upright row များဖြင့်မကြီးထွားပါက
Farmer walk ကိုလေ့ကျင့်ကြည့်ပါ။Farmer walk ကိုလေ့ကျင့်ရမည့်ပုံစံမှာဒမ်ဘယ်နှစ်ခုကိုတစ်ဖက်ချင်း
စီကိုင်ပြီးကျွန်တော်တို့ မြန်မာလယ်သမားများလယ်ကွင်းအတွင်းရေပုံးဆွဲရေဖျန်းသလို၊လမ်းလျောက်ရုံပင်
ဖြစ်သည်။ရိုးရှင်းသော်လည်းထိရောက်သည့်လေ့ကျင့်ခန်းဖြစ်သည်။
ဝမ်းဗိုက်ကြွက်သားအတွက်လေ့ကျင့်ခန်းတခုတည်းသာလေ့ကျင့်ရန်အချိန်ရှိပါကdecline sit up ကိုအလေးဖြင့်
လေ့ကျင့်ပါ။ထိုသို့ လေ့ကျင့်ရာတွင်ကျွန်တော်ပေးလိုသော tip မှာ၊bench ကြမ်းပြင်တွင်ကျောနှင့်ကပ်နေသည့်
အနေအထားမှခြောက်လက်မလောက်မှရှစ်လက်မလောက်သာကြွပြီးဗယ်လီအပေါ်သားများအတွက်ဆယ်ကြိမ်
မှဆယ့်ငါးကြိမ်အထိကစားပါ။ပြီးလျင် sit up အနေအထားဖြစ်သည့်ထိုလျက်အနေအထားမှအောက်သို့ ရှစ်
လက်မလောက်သာဖြည်ချပြီးပြန်ညှစ်တင်ပါ။ထိုအနေအထားအတိုင်းဆယ်ကြိမ်လေ့ကျင့်ပါ။ပြီးလျင်အလေးကို
ပိုက်ပြီး ဘယ်ညာခါးဘေးလှည့်ခြင်း Russian twist
ကိုဆယ်ကြိမ်စီလေ့ကျင့်ပါ။သို့ မှသာတစ်ကျော့ပြီးဆုံး၏။
အလွန်ခက်ခဲပင်ပန်းသောလေ့ကျင့်ခန်းမဟုတ်သော်လည်း၊လွယ်ကူလှသည်တော့မဟုတ်ပါ။သို့ သော်ဝမ်းဗိုက်
ကြွက်သားလေ့ကျင့်ခန်းကိုအကြိမ်ရာထောင်ကစားသည်ထက်ဤလေ့ကျင့်ခန်းကိုသုံးလေးကျော့သာကစားခြင်း
ကထိရောက်မှုပိုစေမည်ဖြစ်သည်။Gold’s Gym တွင်ထိုကစားနည်းကိုကျွန်တော်ပြသည့်အတိုင်းကစားပြီးသူ
တိုင်းသမားရိုးကျဗယ်လီလေ့ကျင့်ခန်းများကိုလေ့ကျင့်ရန်ပျင်းရိငြီးငွေ့ သွားသည်ကအသေအချာပင်ဖြစ်သည်။
ရင်အုပ်အပေါ်အားနည်းလွန်းသူများသည် 45 degree incline bench press ကိုဘားတို၊ဘားရှည်စသည်ဖြင့်
မညီးငွေ့ တမ်းလေ့ကျင့်သော်လည်းရင်အုပ်အပေါ်သားများမထိဘဲ၊ပခုံးများသားထိရောက်သည်ဆိုပါက၊
30 Degree incline bench တစ်မျိုးတည်းကိုသာ ဘားတိုဖြင့်၎င်း၊ဘားရှည်ဖြင့်၎င်းလေ့ကျင့်သင့်ပါသည်။
သမားရိုးကျ bench press နှင့် 45 degree incline bench press များကိုလွှတ်ထားလိုက်ပါ။
ထို့ နောက် အလေးကျောပြင်ပေါ်တင်ပြီးခြေထောက်ကိုအမြင့်တွင်ထားကာဒိုက်ထိုးပါ။နှစ်လကြာလျင်ရ
လာဒ်ကိုကြည့်လိုက်ပါ။အထက်တွင်တင်ပြထားသော tips လေးများသည်၊အချိန်မရသည့်အတွက်အကျယ်ချဲ့ မ
ရေးတော့ဘဲ၊လိုတိုရှင်းတင်ပြထားခြင်းဖြစ်ပါသည်။ယုံယုံကြည်ကြည်သာလေ့ကျင့်ကြည့်စေချင်ပါသည်။

လေးစားလျက်-
နိုင်ဦး-၁၁၉

No comments:

Post a Comment