arial" action="like" colorscheme="light">

Tuesday, September 15, 2015

အလေးနဲ့  စက် ဘယ်ဟာပိုကောင်းသလဲ?

ဒီမေးခွန်းကိုတော့ ဂျင်မ်ကစားသူတိုင်း သိလိုကြသည်မှာ သဘာဝဖြစ်သည်။တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း အလေးနဲ့ စက် ဇာတ်လမ်းကတော့ အယောက်တစ်ရာမေး အဖြေတစ်ရာဖြစ်နေမှာ
အသေအချာပါပဲ။အခုကျွန်တော့်ကိုလည်း မေးလာကြပြီဆိုတော့ ကျွန်တော့်အမြင်လေး တင်ပြပေးလိုက်
ပါတယ်။ကျွန်တော်တို့ နိုင်ငံမှာမို့  ဒီလိုမေးခွန်းလေး နှစ်မျိုးပဲထွက်တာပါ။တခြားနိုင်ငံတွေမှာဆို အလေး၊
စက်၊ Kettlebell ,Trx နှင့်ဘော်ဒီဝိတ်လေ့ကျင့်ခန်း စတဲ့ဘယ်ဟာတွေက အကောင်းဆုံးလဲဆိုတဲ့ မေးခွန်း
တွေပါထွက်လာပါ လိမ့်မယ်။
ကျွန်တော့်အမြင်လေးကို ရိုးရှင်းစွာတင်ပြရမည်ဆိုလျင် သင့်ခန္ဓာကိုယ်ကြွက်သား တွေဟာမျက်စိမပါပါဘူး။
အဲဒီတော့သူတို့ ဟာ ဘယ်လိုတုံ့ ပြန်တတ်ကြသလဲ ဆိုတာပါပဲ။ဟုတ်ကဲ့အဖြေက ရှင်းပါတယ်။***ကြွက်သား
တွေဟာ သူတို့ အပေါ်ကို သက်ရောက်လာတဲ့ ဖိအား၊ညှစ်အား၊၀န် စတာတွေအပေါ်မူတည်ပြီး ပြန်လည်တုံ့ ပြန်
တတ်ကြပါတယ်။***သူတို့ ကို  ဘယ်ကိရိယာတွေနဲ့  ဖိအားပေးတယ်ဆိုတာထက် ဘယ်လောက်ပြင်းထန်တဲ့
ဖိအားသက်ရောက်မှုတွေ ရှိတယ်ဆိုတာကိုပဲ သူတို့ သိတတ်ကြပါတယ်။ဒါကြောင့်သင့်ကြွက်သားတွေကို
ကြီးထွားစေချင်ယင်တော့ ကြွက်သားမျှင်တွေကို ဖိအားကောင်းကောင်း ပေဖို့ လိုပါလိမ့်မယ်။ဘယ်လိုလေ့ကျင့်
ခန်းတွေနဲ့  ထိထိရောက်ရောက် ဖိအားပေးမယ်ဆိုတာကို တော့ဆက်လက်ဆွေးနွေး ကြည့်ရအောင်။
အနောက်နိုင်ငံမှ fitness မဟုတ်တဲ့ အခြားသောနယ်ပယ်အသီးသီးမှ အားကစားသမားတွေဟာ သူတို့ ရဲ့ 
အားကစားစွမ်းရည် တိုးတက်ဖို့ အတွက်  ကြွက်သား ကြီးထွားဖို့ ထက် ကြွက်သားတွေသန်စွမ်းဖို့  ပိုမိုပြီး
ဂရုစိုက်ကြပါတယ်။အဲဒီလိုကြွက်သားတွေ သန်စွမ်းအောင်လေ့ကျင့်ရာမှာ သူတို့ ရွေးချယ်တဲ့ လေ့ကျင့်ခန်း
အများစုကတော့ bodyweight workout, Kettlebell and Trx စတာတွေပဲဖြစ်ပါတယ်။အဲဒီလေ့ကျင့်ခန်း
တွေက ခန္ဓာကိုယ်ကြီးထွားဖို့ ထက် ကြွက်သားသန်စွမ်းမှု အားကစားစွမ်းရည် တိုးတက်မှုတွေ အတွက်အဓိက
ထိရောက်ပါတယ်။သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကြွက်သားအစိတ်အပိုင်း တခုခု ထိခိုက်ဒဏ်ရာရ
ပြီးနောက် ပြန်လည်နာလံထ ရန်အတွက်အထူးသင့်လျော်သော လေ့ကျင့်ခန်းများလည်း ဖြစ်ပါသည်။
ထိုလေ့ကျင့်ခန်းများကိုလည်း ညှစ်အားအသုံးပြု ကြွက်သားအပေါ် ဖိအားပေးပါက ကြီးထွားနိုင်ပါသည်။
အလေးများနှင့် လေ့ကျင့်ခြင်းကိုတော့ ကာယဗနှင့်fitness ခရေဇီ ကစားသမားများက နှစ်ခြိုက်တန်ဖိုးထား
ပြီးလေ့ကျင့်တတ်ကြပါတယ်။ ဒါပေမဲ့ အလေးများဖြင့်သာလေ့ကျင့်မှ ကြီးထွားမယ်လို့ တယူသန်ပြောခြင်းက
တော့အဓိပါယ်မရှိလှပါဘူး။မိတ်ဆွေ Youtube ထဲသွားလိုက်ပါ။Chris Comier,Orvill bruke, Jay cutler
Doriyan Yates,Mike Mentzer ,စတဲ့ကမ္ဘာ့အဆင့် ကာယဗလ ချန်ပီယံတွေဟာ စက်နဲ့ လေ့ကျင့်နေကြတာကို သင်အလွယ်တကူမြင်ရမှာပါ။ စက်နဲ့ ကစားတဲ့သူတွေ မကြီးထွားကြစတမ်းဆို သူတို့ ကမ္ဘာ့အဆင့်ချန်ပီ
ယံဖြစ်လာမှာမဟုတ်ပါဘူး။ စက်များနဲ့ လေ့ကျင့်ခြင်းမှာလည်း သူ့ တန်ဖိုးနဲ့ သူရှိပါတယ်။ဥပမာ-
ဆိုပါစို့ ။ရင်အုပ်ဒမ်ဘယ်ဖလိုင်း လေ့ကျင့်ခန်းကို စမ်းစစ်ကြည့်ကြပါစို့ ။ ဖရီးဝိတ်ဒမ်ဘယ်လ်ဖလိုင်း လေ့ကျင့်လျင် အလေးကိုအောက်အထိ ဖြည်ချရာမှာ အခက်တွေ့ နိုင်ပါတယ်။အခန့် မသင့်လျင် ဒဏ်ရာရနိုင်ပါတယ်။အဲဒီလေ့ကျင့်ခန်းကို Peck-deck fly စက်နဲ့ လေ့ကျင့်ပါက အစအဆုံး ကြွက်သားကိုညှစ်အားပေးပြီး လှုပ်ရှားမှုအပြည့် full range of motion ဖြင့်လေ့ကျင့်နိုင်တာကို
တွေ့ နိုင်ပါတယ်။အဲဒီလိုပဲ နောက်ကျောပြင်အတွက် Hammer strength row နဲ့ barbell row
ရင်အုပ်အပေါ်သားအတွက် incline press နဲ့  Hammer chest press ဘယ်ဟာပိုထိမလဲ။ဘယ်ဟာပို
ဘေးကင်းမလဲ ဆန်းစစ်ကြည့်ပါ။ဒါကြောင့် ကျွန်တော့်အမြင် ဖရီးဝိတ်တွေက ကောင်းပါတယ်။မရှိမဖြစ်လိုအပ်
ပါတယ်။ဒါပေမဲ့ ကြွက်သားကြီးထွားဖို့ အတွက် ဖရီးဝိတ်တွေဟာ တခုတည်းသောနည်းလမ်း ဆိုလျင်လုံးဝမှားပါတယ်လို့  ပြောချင်ပါတယ်။

စက်ပစ္စည်းများနှင့် လေ့ကျင့်ခြင်းက ကောင်းပါတယ်။ဒါပေမဲ့  ဘယ်ကြွက်သား အစိတ်အပိုင်းကိုပဲဖြစ်ဖြစ်
လေ့ကျင့်ရေးစက် မပါလျင် မထိရောက်ဘူး ဆိုရင်တော့မှားပါတယ်။စက်နဲ့ လေ့ကျင့်မှသာ ကြီးထွားမယ်ဆိုရင်
ရွန်နီကိုလ်းမင်း၊ အာနိုး ၊လီဟေးနီ စတဲ့ချန်ပီယံတွေ ပေါ်လာမှာမဟုတ်ပါဘူး။ကာယဗလ ချန်ပီယံအတော်များ
များဟာ အလေးနဲ့ စက် မျှတအောင်ရွေးချယ် လေ့ကျင့်ပြီး အောင်မြင်ခဲ့ကြသူတွေချည်းပါပဲလေ။ဘာကြောင့်
များ ကျွန်တော်တို့ တွေက အလေးပိုကောင်းတယ် စက်ပိုကောင်းတယ် အငြင်းပွားနေကြမှာလဲ။မိမိဆီမှာ
အလွယ်တကူရရှိနိုင်တဲ့ လေ့ကျင့်ရေးပစ္စည်း တွေနဲ့ သာလေ့ကျင့်လိုက်ပါ။စွဲမြဲစွာ လေ့ကျင့်မှုနောက်ကွယ်
မှာအောင်မြင်မှုက စောင့်ဆိုင်းနေပါတယ်။ဒါကြောင့်ဝါဒီမများဘဲ အလယ်အလတ်လမ်းစဉ်ကို ရွေးချယ်ကာ
လေ့ကျင့်ကြပါစို့ ---

လေးစားလျက်-
နိုင်ဦး-၁၁၉

No comments:

Post a Comment