arial" action="like" colorscheme="light">

Monday, September 28, 2015

ဘက်လိုက်မှုများနဲ့ မောင်အိုလံပီယာသမိုင်း( ၁)


၂၀၁၅မောင်အိုလံပီယာပြိုင်ပွဲကြီးကနီးလာပါပြီ။ဒီနှစ်မှာချန်ပီယံကြီးရဲ့အဓိကပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့ ကိုင်ဂရီးလ် တစ်ယောက်ကတော့ ၉မိနစ်စာ ဗီဒီယိုဖိုင်လေးထဲမှာ မျက်ရည်စို့ရင်း ရင်ဖွင့်ထားပါတယ်။ သူပြောတော့လည်း သူ့စကား အဖွဲ့ချုပ်နှင့်ပွဲကျင်းပရေးတာဝန်ခံတွေပြောတော့လည်း သူတို့အမှန် စာချုပ်လက်မှတ်ကိစ္စ အခြားစည်းမျဉ်းချိုးဖောက်မှုကိစ္စစတာတွေကြောင့် ပြိုင်ပွဲယှဉ်ပြိုင်မှုကနေ ကန့်သတ်ခံရပါတယ်။ဒါမျိုးတွေက အစဉ်အလာရှိပါတယ်။မောင်အိုလံပီယာပွဲမှာလည်း ဘက်လိုက်မှုတွေ မျက်နှာသာပေးမှုတွေရှိပါတယ်။ဟိုအရင် နှစ်များစွာမှာလည်း သာဓကတွေရှိခဲ့ပါတယ်။ကိုင်ကြီး လို အပြောကြမ်းကြမ်း မျက်နှာပေးဂျစ်ကန်ကန်နဲ့ လူတစ်ယောက်ကို လူမုန်းကတော့များမှာ အသေအချာပါ။ ပြီးခဲ့ တဲ့ ၂၀၁၄ ပွဲမှာကတည်းက အ၀တ်လဲခန်းအတွင်းမှာရော ပြိုင်ပွဲစင်မြင့်ပေါ်မှာပါ ချန်ပီယံကြီးနဲ့ မချေမငှံတွေ ဖြစ်ခဲ့ကြတယ်။ကိုင်ကြီး Fan တွေကလည်း ကိုင် ကြီး ရသင့်တယ်ဆိုတာ အခုထိ အိုလံပီယာ ပါးစပ်မုန်တိုင်း တိုက်လို့မပြီးသေးပါဘူး။ဒီင်္နှစ်လို ကိုင်ကြီး မပါဘူးဆိုရင် လက်ရှိချန်ပီယံကြီးအနေနဲ့ ရှောင်ရီုဒန် ဒင်းနစ်ဝုဒ် Big Ramy မောင်အိုလံပီယာဟောင်းကြီး သက်တမ်းရင့် ဒက်တာဂျက်ဆင် စသည့်ပြိုင်ဘက် ၄ယောက်လောက်ကို သာ ဂရုစိုက်ရပါတော့မယ်။ကိုင်ကြီး အနေနဲ့ တစ်နှစ်ပတ်လုံး ကြိုးစားထားသမျှတော့ သဲထဲရေသွန်ဖြစ်ခဲ့ရပြီ လားဆိုတာတော့ ပြိုင်ပွဲကျင်းပချိန်ထိ စောင့်ကြည့်ရုံကလွဲ၍ ဘာမှမတတ်နိုင်ပေ။ဒါမျိုးတွေသည် အာနိုးခေတ်ကတည်းကရှိခဲ့သည်။အတိတ်ကိုပြန်သွားကြည့်ပါစို့----
၁၉၈၀ မောင်အိုလံပီယာ---
အာနိုးသည် ၁၉၈၀ခုနှစ်တွင် ကာယဗလမောင်တွေ မောင်အိုလံပီယာပြိုင်ပွဲအတွက် ပြိုင်ကြမည့် သြစတေးလျသို့ လေယာဉ်စီးသွားရတော့မည်။ သူသည် ကာယဗလရုပ်မြင်သံကြားအတွက် တိုက်ရိုက်အစီရင်ခံမည့်သူနေရာအတွက် ဖိတ်ကြားခြင်းခံရ၍သွားခြင်းသာဖြစ်သည်။ ထိုထက် ပို၍သူ့မှာတစ်ခြားဘာရည်ရွာ်ချက်မှမရှိပေ။ သေချာသည်က သူသည် ၁၉၇၅ သူအနားယူကတည်းကထက် ကြွက်သားထုပိုကြီးနေသည်။ သို့သော်လည်း ဒါသည် စီးပွားရေးအရ အကြီးအကျယ် ရိုက်မည့် ကိုနန် (Conan) ဇာတ်ကားအတွက် ပြင်ဆင်ထားရ၍ဖြစ်သည်။ မင်းသားနေရာကနေ ဗလကြီးကြီးဖြစ်သင့်၍ သူထုတင်ထားသောကြောင့်ဖြစ်သည်။ သို့သော် လေယာဉ်က သြစတေးလျမြေကို ထိလိုက်သည်နှင့် ရွှာဇီနက်ဂါး ဒီရောက်လာတာ ပြိုင်ဖို့ဆိုပြီး ဖြစ်လာသည်။ အဲသည့်သတင်းကို ပြိုင်ပွဲဝင်အတော်များများက လုံးဝမနှစ်မြို့ကြ။
ပြိုင်ပွဲဝင်များအားလုံးလည်းတုန်လှုန်နေကြသည်၆ထပ်ကွမ်းမောင်အိုလံပီယာဆိုသည့်အရှိန်လည်းပါ သောကြောင့်ဖြစ်သည်။ သူတို့၏တုန်လှုပ်မှုကို ပြိုင်ပွဲစင်ပေါ်ယူမလာခင် အားကစားသမားများ အချင်းချင်း တွေ့ဆုံကတည်းက ထိတ်လန့်မှုတွေ ပြန့်နှံ့ခဲ့သည်။ ရွှာဇီနက်ဂါးသည် ထိုနှစ်ကသူ၏အဓိကပြိုင်ဘက်ဖြစ်သည့်မိုက်မန်ဇာကိုသူ၏ထုံးစံအတိုင်းမခံချင်အောင်စကားလုံးစိမ်းစိမ်းတွေပြောဆို သုံးခဲ့သည်။ ၀က်သစ်ချပင်ကြီးသည် အရင်ကဆို သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိုးစစ်ဆင်သည့် နည်းလမ်းတွေကို တတ်နိုင်သမျှ အမြဲရှောင်သူတစ်ယောက်ဖြစ်ခဲ့သော်လည်း ယခုအခါမှာတော့ မိုက မန်ဇာ၏ဗိုက်ဗယ်လီတွေကို ထိုးစစ်ဆင် ပြောလိုက်ရာ မိုက်မန်ဇာက လုံးဝလက်မခံ၊ အပြောမခံ ပြန်လည်ချေပသည်။ သည်တွင် ရဲရင့်လှသော ဘင်ဝီဒါသာ ၀င်မတားလျှင် သူတို့ ၂ယောက် နပမ်းပွဲဖြစ်မည့်အဆင့် အထိ ဖြစ်ခဲ့သည်။
သို့သော်လည်းရွှာဇီနက်ဂါးသည် သြစတေးလျက မောင်အိုလံပီယာပွဲမှာ သူ၏ ၇ကြိမ်မြောက်နှင့် နောက်ဆုံး မောင်အိုလံပီယာဆုကို ဆွတ်ခူးခဲ့သည်။ ဒစ်ကာဆန်က ဒုတိယရခဲ့သည်။ မနှစ်က ၁၉၇၉ မောင်အိုလံပီယာ ဖရန့်ဇိန်းက တတိယရသည်။ ဘော်ရာ ကိုးလ်က စတုတ္ထရပြီး မန်ဇာက ပဉ္စမရသည်။ ထိုနှစ်က ဖလားကို ထိပ်ဆုံးက တခြားလေးယောက်လည်း ရနိုင်သည်ဟု ပါးစပ်မုန်တိုင်းတိုက်ခဲ့ကြသည်။။ သို့သော် ယနေ့ခေတ်အထိ လူအများသည် ထိုနေ့က ရွှာဇီနက်ဂါးသည် သူ့အကောင်းဆုံးအချိန်ထက် အများကြီးညံ့သော်လည်း တခြားမောင်တွေကိုတော့ နိုင်နိုင်သည်မှာ အမှန်ပင်ဟု အခိုင်အမာပြောဆိုကြသည်။ဘယ်လိုပင်ဖြစ်စေ မိုက်မင်ဇာ တစ်ယောက်ကတော့ နံပတ်၅ နေရာနှင့် အစာမကျေဖြစ်ခဲ့ရသည်။ဒါတွေသည် အိုလံပီယာ၏ ဘက်လိုက်မှုများထဲက တစ်ခုအပါအ၀င်ဖြစ်သည်။
နောက်ဆုံးဆုံးဖြတ်ချက်သည် မိုက်မန်ဇာ တစ်ယောက် ပြိုင်ပွဲ မယှဉ်ပြိုင်တော့ပေ။။ ဖရန့်ဇိန်းနှင့် ကိုးလ်တို့ကို နောက်နှစ်ပွဲတွေမှာ စင်မြင့်နှင့်ခပ်လှမ်းလှမ်း ပွဲကြည့်စင်ထဲမှသာ အားပေးသည့်အဆင့်ကိုရောက်ရှိသွားသည်။ရွှာဇီနက်ဂါး၊ သူကရော သူလည်း နောက်နောင် ဘယ်တော့မှ ထပ်မပြိုင်တော့ပါ။ သူ့ကိုလည်း ပြိုင်ပွဲတွေကို ကမကထပြုလုပ်သူ၊ ရုပ်ရှင်မင်းသားနှင့် နိုင်ငံရေးသမားတွေဆီသို့သာ အသွင်ပြောင်းသွားစေခဲ့သည်။ ယနေ့အထိ ထို ၁၉၈၀ မောင်အိုလံပီယာပွဲသည် ကာယဗလ သမိုင်းတွင် သုံးသပ်ကြဆုံးအပိုင်း၊ ဆွေးနွေးကြဆုံးအပိုင်းနှင့် အဖြတ်တောက်ခံရဆုံးအပိုင်းတစ်ပိုင်း ဖြစ်ပေသည်။
၁၉၈၁ ခုနှစ် မောင်အိုလံပီယာ----
မောင်အိုလံပီယာ ပြိုင်ပွဲရလဒ်နှင့် ပတ်သက်ပြီး အငြင်းပွားရဆုံးသည် ၁၉၈၁ ပွဲပင်ဖြစ်သည်။ အာနိုး ရွှာဇီနက်ဂါးသည် (ဂျင်မ် လော်မီရာနှင့် အတူ) ၁၉၈၁ပွဲအတွက် ကမကထဆောင်ရွက်သူဖြစ်ပြီး တခြား ကာယဗလလောကသားများနှင့်အတူ ထိုပြိုင်ပွဲရလဒ်ကို ကောင်းမွန်သော၊ သပ်ရပ်သော၊ အငြင်းပွားဖွယ်မရှိသော မောင်အိုလံပီယာရလဒ်အဖြစ် မျှော်လင့်ခဲ့ကြသည်။ သို့သော် သူတို့ ရခဲ့သည်မှာ အဲဒီ့လို မဟုတ်ခဲ့ပေ။
၁၉၇၇ အလေးမပြိုင်ပွဲတွင် ဆိုးဆိုးရွားရွား ဒူးဒဏ်ရာရပြီးနောက် ဖရန်ကို ကိုလံဘူသည် သူ၁၉၇၆မှာ ရခဲ့သော် မောင်အိုလံပီယာဆုကို မကာကွယ်နိုင်တော့ပါ။ သို့သော် သူသည် နောက်တစ်ကြိမ် ထပ်ရဖို့ အလွန်စိတ်အားထက်သန်နေခဲ့သည်။ ကံတရားဖန်လာတော့ ၁၉၈၁သည် သူ့အတွက် သရဖူဆောင်းစရာ ပွဲတစ်ပွဲဖြစ်လာသည်။

မိုက်မန်ဇာ၊ ဖရန့်ဇိန်းနှင့် ဘော်ရာကိုး တို့သည် မနှစ်က ၁၉၈၀ အဆုံးအဖြတ်ပြီးကတည်းက ဘယ်တော့မှ မပြိုင်တော့ဘဲ ပြိုင်ပွဲတိုင်း ပွဲကြည့်ပရိသတ်သာလုပ်တော့မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ထိုစဉ်တွင် ခရစ်ဒစ်ကာဆန်၊ တွမ်ပလပ်စ်၊ ရောလ်ကလင်ဒါနှင့် ဒန်နီပက်ဒီလာတို့ကျတော့ ဒီနှစ်မှာ အကောင်းဆုံးလုပ်ပြီး ယှဉ်ပြိုင်မည်ဟု စိတ်တက်ကြွနေကြသည်။ ဖရန်ကို၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် ဘယ်သူမှ မယှဉ်နိုင်အောင် ကောင်းနေသော်လည်း အောက်ပိုင်းကျတော့ လွန်ခဲ့တဲ့ လေးနှစ်က ဒူးဒဏ်ရာကြောင့် သိသိသာသာ အားနည်းနေသည်။ သူတစ်ဦးတည်းသည် ကာယဗလမောင်နှစ်ယောက်ပေါင်းထားသလိုပင် ဟု ထိုနှစ်က ဆိုစမှတ်ပြုကြသည်။ ဆိုလိုသည်မှာ ခန္ဓာကိုယ်တစ်ပိုင်းသည် အရမ်းကောင်းပြီး နောက်တစ်ပိုင်းသည် ညံ့နေသည်။ ထိုနှစ်ခုအကြား ခါးသည် စည်းခြားထားသည်။
ကိုလံဘူကို ၁၉၈၁ မောင်အိုလံပီယာဟု ကြောငြာသောအခါ ဒုတိယရသူ ခရစ် ဒစ်ကာဆန်၊ စတုတ္ထနှင့် ပဉ္စမရသူ ကယ်လင်ဒါနှင့် ပက်ဒီလာတို့သည် အနိုင်ရသူကို ဆုတံဆိပ်မအပ်နှင်းမီတွင်ပင် ကန့်ကွက်သည့်သဘောဖြင့် စင်ပေါ်က အကုန်ဆင်းသွားကြသည်။ သူတို့၏ သဘောထားတွေကြောင့် ပရိသတ်တွေအားလုံးလည်း ဆူညံပွက်လောရိုက်သွားသည်။
အရင်ခေတ်ကာယဗလသမိုင်းအတွက် ပေးဆပ်ရှာဖွေခဲ့သူများ တွေ့ရှိရသည်မှာ တွမ်ပလပ်စ်နှင့် ပက်ဒီလာတို့သည် ၈၁ ပွဲအတွက် လူကြိုက်များသူများဖြစ်ပြီး ကယ်လင်ဒါနှင့် ဒစ်ကာဆန်တို့က ဒုတိယလူကြိုက်များသူများဖြစ်သည်။ တနည်းဆိုရလျှင် ကိုလံဘူ၏ ၁၉၈၁ မောင်အိုလံပီယာဆုတံဆိပ်သည်သည် အမှတ်ရစရာ ပြောစမတ်ပြုစရာ ပွဲတစ်ပွဲဖြစ်ခဲ့သည်။-- ဒါတွေသည် မောင်အိုလံပီယာ သမိုင်းတွင် ပုံပြင်မဟုတ် တကယ့်ကို ဖြစ်ခဲ့သည့် အဖြစ်အပျက်ဖြစ်သည် ယခု ကိုင်ကြီး ပြိုင်ပွဲမှ အပယ်ခံရခြင်းသည်လည်း အဘယ်သို့သော နောက်ကွယ်မှ အကြောင်းတရားများ ရှိနေပါသလဲဆိုတာ တစ်ချိန်ကြရင် အပေါ်က အဇြစ်အပျက်လို ဘူး ပေါ်သလို ပေါ်လာမှာပါ---- နောက်ထပ် အဇြစ်အပျက်တစ်ချို့ကို ဆက်လက်ရေးသားပေးပါမယ်---မောင်အိုလံပီယာမှာ ဒိုရီယန်နှင့် ရှောင်ရေး-- လီဟေနီနှင့် လာဘရာဒါ-- ဖိဟိလ်သ် နှင့် ကိုင်ကြီး ဒါတွေသည် အမြဲတမ်း ပါးစပ်မုန်တိုင်း တိုက်ခဲကြသည့် ရာဇ၀င်ရှိသည်။ဒိုရီယန် နှင့် ရှောင်ရေး လီဟေနီနှင့် လာဘရာဒါ သူတို့တွေရော ဘယ်လို အစာမကြေ ဖြစ်ခဲ့ကြသလဲ ဘယ်လို ဘက်လိုက်ကြသလဲဆိုတာ လေ့လာမိသလောက် အပိုင်း (၂ )မှာဆက်လက်ရေးသားပေးပါမယ်။

တင်ဆက်သူ။ ။အောင်အောင်(လှိုင်)

No comments:

Post a Comment