arial" action="like" colorscheme="light">

Tuesday, September 15, 2015

ထင်ယောင်ထင်မှားအမျိုးသမီး fitness အလွဲများ

 မေး။    ။ဆရာကျွန်မခန္ဓာကိုယ်ကသိပ်မ၀ပါဘူး။ဒါပေမဲ့ခြေသလုံးတွေကအရမ်းတုတ်နေတော့စကပ်
           တွေဝတ်ရတာအဆင်မပြေဘူး။ခြေသလုံးသေးအောင်ဘာလုပ်သင့်ပါသလဲဆရာ။
ဖြေ။    ။ကျွန်တော်တို့ fitness အားကစားမှာ၊သိပ္ပံနည်းကျပြောရယင်တော့၊ခန္ဓာကိုယ်အစိတ်အပိုင်းတစ်
ခုတည်းကိုကွက်ပြီးသေးငယ်စေခြင်း spot reduction ဆိုတာမရှိပါဘူး။ညီမရဲ့ မေးခွန်းကိုဖြေရမယ်ဆို၇င်
တော့ယေဘူယျနှစ်ချက်ခွဲပြီးတင်ပြပါ့မယ်။ပထမတစ်ချက်ကညီမရဲ့ gene ကြောင့်ဖြစ်နိုင်ပါတယ်။ယေဘူယျ
ဆိုရယင်တော့ကချင်၊ကရင်နှင့်ချင်းတိုင်းရင်းသားတွေဟာတခြားတိုင်းရင်းသားတွေထက်အရိုးအဆစ်ကြီး
ထွားတတ်ကြပါတယ်။မွန်အမျိုးသမီးတွေရဲ့ body type ကတော့အားလုံးသိတဲ့အတိုင်းပါပဲ။ထို့ အတူပဲအိန္ဒိယ
နွယ်ဖွားအမျိုးသမီးတွေဟာမျိုးရိုးဗီဇအရကိုရင်သားတွေသာမန်ထက်ထွားကျိုင်းတတ်ပါတယ်။နောက်တစ်ခုက
Lifestyle နှင့်ကြွက်သားအစိတ်အပိုင်းတစ်ခုတည်းကိုပိုပြီးလေ့ကျင့်မိခြင်းပါပဲ။ဖြစ်နိုင်တာကတော့ညီမရဲ့ မျိုးရိုး
ဗီဇgene ကြောင့်ပါပဲ။ခြေသလုံးတုတ်တဲ့မျိုးရိုးကပေါက်ဖွားလာတယ်ဆိုရင်ညီမအနေနဲ့ ခြေသလုံးသေးချင်တဲ့
ညီမအတွက်အနည်းငယ်ပင်ပန်းပါလိမ့်မယ်။တခြားသူတွေလိုသေးသွယ်အောင်လုပ်လို့ မ၇ပေမဲ့ညီမလက်ရှိအ
နေအထားထက်တော့သေးသွယ်သွားအောင်စွမ်းဆောင်ပေးနိုင်ပါတယ်။စိတ်ဓါတ်လုံးဝမကျပါနဲ့ ။နောက်တခု
အကြံပေးချင်သေးတာကတော့၊ညီမခြေသလုံးကြွက်သားတွေမှာလှုံဆော်မှုတွေကိုတဖြည်းဖြည်းခြင်းပြန်
လည်တုံ့ ပြန်တတ်တဲ့(slowtwitchmusclefibres)တွေများနေမယ်ဆိုရင်၊သာမန်နည်းပြတွေလမ်းညွှန်တတ်တဲ့
အလေးပေါ့ပေါ့အကြိမ်များများကစားခြင်းက၊ခြေသလုံးတွေကိုပိုမိုသေးသွယ်စေမှာမဟုတ်ဘဲပိုမိုတုတ်ခိုင်လာ
စေမယ်ဆိုတာသတိထားပါ။ညီမခန္ဓာကိုယ်ရဲ့ အဆီအချိုးအစားနဲ့ ၊ခြေသလုံးတွေက adipose cell တွေကိုလည်းဂရုပြုပါ။ထို့ အတူပါပဲ၊ပေါင်ကြွက်သားတစ်ခုတည်းကိုပဲသေးလိုသူညီမများ၊လက်မောင်းတစ်
ခုတည်းကိုသေးငယ်လိုသူညီမများလည်းအထက်ပါအချက်များကိုတွင်အကျုံးဝင်ပါသည်။ထို့ ကြောင့်လမ်းညွှန်
မှုကောင်းပေးနိုင်သောအတွေ့ အကြုံရှိ၊နည်းပြဆရာများ၏အကူအညီများကိုရယူဖို့ မမေ့ပါနှင့်။ကျန်းမာသန်စွမ်းလိုသူကျားမ၊ကြီးငယ်
မရွေး၊အချိန်မရွေး၊နေရာမရွေးကျန်းမာသန်စွမ်းနိုင်ကြပါသည်။
***As you think, so shall you become***_Bruce Lee
မေး။    ။ဆရာရေ၊ကျွန်မကတင်ပါးပြားလို့ တင်ပါးတွေထွားချင်ပါတယ်။သင်တန်းဆရာမက၊တင်ထွက်အောင်
လေ့ကျင့်ရင်၊ပေါင်တုတ်လာတယ်၊ပေါင်ကိုသေးသွယ်အောင်လုပ်ရင်တင်ပါးလည်းသေးသွားတယ်တဲ့ဟုတ်လား
ဆရာ။ကျွန်မကတင်ပြားပြီးပေါင်တုတ်တဲ့သူဆိုတော့အဲဒီဆရာမအပြောကြောင့်ဘာမှမလုပ်ရဲဘဲနေလိုက်ရပါ
တယ်။
ဖြေ။    ။ပွင့်ပွင့်လင်းလင်းအားမနာတမ်းပြောရယင်တော့အဲဒီဆရာမအပြောကနည်းနည်းပဲမှန်ပြီး၊များများကြီး
မှားနေပါတယ်။သူကတင်ထွက်အောင် squatting နဲ့ lower body exercises တွေလုပ်ရင်ပေါင်ရောတင်ပါ
ကြီးလာမယ်လို့တွက်ဆပြီးပြောတာပါ။ယေဘူယျအနေနဲ့ မှန်ပါတယ်။အတိအကျဆို၇င်တော့မမှန်ပါဘူး။
သမားရိုးကျထိုင်ထ squat, leg press တွေမပါဘဲတင်ပါးအတွက်၊လေ့ကျင့်ခန်းတွေရှိသလို၊squat,leg pressတွေကိုvariation တွေပြောင်းပြီး၊တင်သားတွေကိုသာထိရောက်အောင်လေ့ကျင့်ခန်းတွေပြုလုပ်လို့ ရ
ပါတယ်။ဒီခေတ်မှာဘယ်လေ့ကျင့်ခန်းလုပ်ရမယ်ဆိုတာသိပ်အာရုံနောက်စရာမလိုတော့ပါဘူး။Google,
Youtube စတဲ့နေရာတွေမှာ exercise demonstration တွေတပုံတပင်ကြီးပါ။ခန္ဓာကိုယ်အချိုးအစားအရပေါင်တုတ်တဲ့သူ
တွေဟာတင်ပါးကြီးထွားအောင်လေ့ကျင့်ခန်းပြုလုပ်သည်ဖြစ်စေ၊မလုပ်သည်ဖြစ်စေပေါင်ကတော့တုတ်နေမှာ
ပါပဲ။ထို့ အတူပဲခန္ဓာကိုယ်တစ်ခုလုံးကိုအဆီချသည်ဖြစ်စေ၊ကိုယ်အလေးချိန်ကျ၍ဖြစ်စေလက်ရှိအနေအထားမှ
လျော့ကျသွားပါက၊တင်ရောပေါင်ပါကျသွားတတ်ပါတယ်။ဒါကဆက်စပ်နေတာပါ။တချို့ အမျိုးသမီးတွေကတင်
ကြီးပြီးပေါင်သားလေးတွေသေးငယ်နေရင်အထက်ပါဆရာမစကားအရဆိုရင်ပေါင်မကစားရတော့
မလိုဖြစ်နေပြီပေါ့။Fitness

နယ်ပယ်မှာဘယ်အရာမှပုံသေကားချပ်မရှိသလို၊ဘယ်အရာမှထာဝရအမှန်တရားဆိုတာ
လည်းမရှိပါဘူး။လက်ရှိအမှန်တရားလို့ ယူဆနေတဲ့အချက်တစ်ခုဟာနောက်ထပ်အမှန်တရားတစ်ခုကိုမတွေ့ 
ခင်အထိပဲအသုံးဝင်နိုင်ပါတယ်။လူတစ်ယောက်အတွက်အသုံးဝင်တဲ့နည်းစနစ်၊သီအိုရီတစ်ခုကနောက်တစ်
ယောက်အတွက်အသုံးမ၀င်နိုင်ပါဘူး။အမွှာညီအစ်ကိုနှစ်ယောက်တောင်မှကိုယ်တွင်းဇီဝဖြစ်စဉ်၊ကိုယ်တွင်းဟို
မုန်းလည်ပါတ်မှု၊ကြွက်သားမျှင်များတည်ဆောက်ထားမှုမတူညီပါဘူး။အဲဒီအတွက်အတွေးများပြီးမစဉ်းစားဘဲ
လုပ်စရာရှိတာဆက်လုပ်ပါလို့ အကြံပြုချင်ပါတယ်။
Knowledge is not enough; we must apply.
Willing is not enough; we must do._Bruce Lee

လေးစားလျက်-
နိုင်ဦး-၁၁၉

No comments:

Post a Comment