arial" action="like" colorscheme="light">

Wednesday, September 16, 2015

Fitness အားကစားသမားများနှင့်ဆေးလိပ်သောက်ခြင်း

နိုင်ငံတကာရုပ်ရှင်များတွင်အများဆုံးမြင်ရတတ်သည့်အမျိုးသားဇာတ်ဆောင်အများစုမှာဆေးလိပ်လေးခဲ
ကာမထိတထိမျက်နှာပေးမျိုးဖြင့်အလွန်ယောက်ကျားပီသသောစရိုက်မျိုးကိုဖန်တီးထားတတ်ကြသည်။ကျွန်
တော်တို့ ကာယဗလရှေ့ ဆောင်အာနိုးကြီးလည်းထိုကဲ့သို့ သရုပ်ဆောင်ထားသည့်ဇာတ်ဝင်ခန်းများစွာရှိသည်။
ဆေးလိပ်ကိုကြိုက်လို့ သောက်သည်ပဲဖြစ်ဖြစ်၊စတိုင်ကြောင့်သောက်သည်ပဲဖြစ်ဖြစ်၊ကိုယ့်သမိုင်းကိုယ်ရေးကြ
သည်သာဖြစ်သော်လည်း fitness အားကစားသမားများအတွက်တော့ဆေးလိပ်၏သက်ရောက်မှုကိုတင်ပြရန်
လိုသည့်အတွက်ဤဆောင်းပါးကိုရေးရခြင်းဖြစ်သည်။
ဒိန်းမတ်ရှိကိုပင်ဟေဂင်ကြွက်သားသုတေသနစင်တာမှသုတေသီများကဆေးလိပ်သောက်ခြင်း၏ခန္ဓာကိုယ်
ကြီးထွားမှုဖြစ်စဉ်အပေါ်အနှောင့်အယှက်ပြုနိုင်စွမ်းကိုယခုကဲ့သို့ တင်ပြထားပါသည်။
***သုတေသီများကဆေးလိပ်သောက်သောကစားသမားများနှင့်ဆေးလိပ်မသောက်သောကစားသမားများ
ကိုယ်တွင်းသို့ အမိုင်နိုအက်ဆစ်လူစင်းကိုထိုးသွင်းစမ်းသပ်ကြည့်ရာ၊ကိုယ်တွင်းဗီဇပရိုတိန်းစုပေါင်းဖြစ်တည်
မှုကိုတားဆီးဖိအားပေးသည့် myostatin သည်ဆေးလိပ်သောက်သူများ၏ကိုယ်တွင်းတွင်ပိုမို၊သွက်သွက်လက်
လက်သတ္တိကြွနိုင်ကြောင်းကိုတွေ့ ရှိရသည်။ထို့ ကြောင့်ဆေးလိပ်သောက်ခြင်းသည်၊ကာယဗလအားကစား၏
ကြွက်သားမျှင်များတည်ဆောက်ခြင်း၊ပြန်လည်ပြုပြင်ခြင်းနှင့်ကိုယ်တွင်းပရိုတိန်းစုပေါင်းဖြစ်တည်မှုဖြစ်စဉ်များ
ကိုအနှောင့်အယှက်ပြုဒုက္ခကောင်းကောင်းပေးနိုင်သည့်အတွက်ကာယဗလအားကစားသမားများ
အနေနှင့်ကြဉ်ရှောင်သင့်ပါသည်။***
Source: American Journal Physiology Endocrinology Metabolism,293:E843-E848,2007.
လေးစားလျက်-
နိုင်ဦး-၁၁၉

No comments:

Post a Comment