arial" action="like" colorscheme="light">

Tuesday, September 15, 2015

Certification ရော Qualification ပါလိုအပ်နေတဲ့မြန်မာပြည် Fitness


ဒီလိုဆောင်းပါးကိုရေးသင့်မရေးသင့်ချင့်ချိန်ခဲ့တာ၊ကျွန်တော်ဖစ်တနက်စ်ဆောင်းပါးတွေကိုစတင်ရေးတဲ့
2008-ခုနှစ်ကတည်းကပါပဲ။အချိန်တန်ရင်ပြောင်းလဲသွားမှာပဲဆိုတဲ့အတွေးလေးနဲ့ ကိုယ့်ကိုကိုယ်နှစ်သိမ့်
ခဲ့ပေမဲ့၊အချိန်ခုနှနှစ်ကျော်ရှစ်နှစ်သာကြာသွားခဲ့တယ်၊ထူးခြားတဲ့ပြောင်းလဲမှုတစ်ခုတစ်လေမှမမြင်ခဲ့ရတဲ့
အတွက်မပြောမပြီးမတီးမမြည်ဆိုသလိုပဲရှေ့ မျက်နှာနောက်ထားပြီးပြောချင်တာဒဲ့ပြောတော့မယ်။မည်သူ့ 
ကိုမှရည်ရွယ်တိုက်ခိုက်ခြင်းမရှိဘူးဆိုတာကိုတော့ကြိုတင်မေတ္တာရပ်ခံထားပါရစေ။
ယနေ့ တိုးတက်ပြောင်းလဲလာနေသောကမ္ဘာ့နယ်ပယ်အသီးသီးမှာ၊သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိတာဝန်ရှိ
သူများကမိမိတို့ တာဝန်ယူထားသောအပိုင်းကိုတိုးတက်ကောင်းမွန်အောင်စွမ်းဆောင်နေကြသော်လည်း၊ကျန်း
မာကြံ့ခိုင်ပြည့်မဏ္ဍိုင်လို့ ဟစ်ကြွေးနေတဲ့ကျွန်တော်တို့ ကာယဗလအဖွဲ့ ချုပ်အနေနဲ့ ဘာများစွမ်းဆောင်ထား
သလဲဆိုတာအပြုသဘောဆောင်မေးခွန်းထုတ်ချင်ပါသည်။တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဆိုရသော်ကမ္ဘာနှင့်ချီ
၍ပြောရလောက်အောင်မည်သည့်နယ်ပယ်မှတိုးတက်နိုင်စွမ်းမရှိသေးသည်ကအသေအချာဖြစ်သော်လည်း
ကျန်းမာခြင်းသည်လာဒ်တစ်ပါးဟူသောဆောင်ပုဒ်ကိုလက်ကိုင်ထားသည့်ကျွန်တော်တို့ နိုင်ငံသားတွေပိုကျန်း
မာသင့်သည်မဟုတ်ပါလား။ချဲ့ လိုလျင်ချဲ့ သလောက်ရေးနိုင်မည်ဖြစ်သော်လည်းဆောင်းပါးနှင့်ဆိုင်သော
အကြောင်းအရာများကိုသာဆက်လက်ဆွေးနွေးကြပါစို့ ။
ကာယဗလနှင့်ကြံ့ခိုင်မှုအားကစားသည်ကာယဗလဆရာကြီးဦးရှိန်လက်ထက်မှသည်ယနေ့ တိုင်မြန်မာနိုင်ငံ
တွင်သန္ဓေတည်လာသည်မှာနှစ်ပေါင်းတစ်ရာသက်တမ်းပင်ရှိလာပြီဖြစ်သည်။တစ်ခုမေးချင်သည်မှာထိုနှစ်တစ်
ရာသက်တမ်းရှိသန္ဓေသား၏ကြီးထွားတိုးတက်မှုအဘယ်မှာနည်း။ထိုနှစ်တရာ၏အသီးအပွင့်တို့ ဘယ်မှာနည်း။
ယနေ့ ကာယဗလနှင့်ကြံ့ခိုင်မှုအားကစားကိုလိုက်စားလိုသူ၊မြန်မာနိုင်ငံသားတစ်ယောက်အတွက်၊အတိအကျ
လမ်းညွှန်ပေးနိုင်သော၊အင်ဖော်မေးရှင်း(မီဒီယာ-စာအုပ်စာပေ၊DVD၊application and web)ဘယ်မှာနည်း။
ဘာကိုလေ့လာ၍ဘယ်မှာလေ့ကျင့်ကြမည်နည်း။နည်းစနစ်တကျ၊အသိပညာ၊အတွေ့ အကြုံမြင့်မားသော
နည်းပြတို့ အဘယ်မှာနည်း။တာဝန်ယူထားကြသူတို့ ဘာလုပ်နေကြပါသနည်း။စိတ်အားထက်သန်မှုသက်
သက်ဖြင့်*မြန်မာ့အားကစားကမ္ဘာကိုလွှမ်းရမည်*ဟူ၍ထအော်နေရုံမျှဖြင့်ရွှေနိုင်ပါသလား။ကျွန်တော့်အမြင်က
တော့မည်သည့်တိုးတက်ပြောင်းလဲမှုမှမပြုလုပ်ဘဲနေသရွှေ့ တော့မြန်မာအားကစားကမ္ဘာကိုလွမ်း၍သာနေရ
ပါဦးမည်ဟုဆိုချင်ပါသည်။
၂၀၁၀-နောက်ပိုင်းနှစ်များတွင်စက်ပစ္စည်းကိရိယာအစုံအလင်ဖြင့်လေ့ကျင့်နိုင်သောအားကစားခန်းမများပေါ်
ထွက်လာသည်ကိုဝမ်းမြောက်ဖွယ်ရာတွေ့ မြင်နိုင်သည်ဖြစ်သော်လည်း၊၀မ်းနည်းစရာကောင်းသည်က၊အား
ကစားသမားများအတွက်၊လေ့ကျင့်ရေးစက်ပစ္စည်းများခေတ်မှီစုံလင်သည်ထက်၊အသိပညာစုံလင်သည်က
ပို၍အရေးပါသည်ဆိုသည့်အချက်ကိုမေ့လျော့နေကြခြင်းပင်ဖြစ်သည်။ကစားသမားတစ်ယောက်အတွက်
လိုအပ်သောအသိပညာပြည့်စုံသည်ဆိုပါက၊မိမိတွင်ရှိသည့်အလေးများဖြင့်လည်းမိမိခန္ဓာကိုယ်ကိုအကောင်း
ဆုံးအလှပဆုံးတည်ဆောက်နိုင်မည်ဖြစ်သည်။
လေ၀မ်းမကွဲသေးတဲ့အဖြစ်အချို့ လည်းရှိပါသေးသည်။အမြင်ကျဉ်းတတ်ကြသည့်ကျွန်တော်တို့ နိုင်ငံgym
လောက၏လေ၀မ်းမကွဲသည့်အဖြစ်တစ်ခုမှာ၊gymပိုင်ရှင်ကနည်းပြဖြစ်နေခြင်းပင်ဖြစ်သည်။ပိုက်ဆံရှိ၍သင်တန်း
ဖွင့်ထားသော်လည်း၊ထိုသူ့ ထံတွင်နည်းပြတစ်ယောက်၏အတွေ့ အကြုံပညာအရည်အချင်းနတ္ထိပင်။နိုင်ငံခြားမှ
လာသောကာယဗလမဂ္ဂဇင်းလေးဖတ်လိုက်ထိုစာအုပ်များထဲမှပရိုဂ၇မ်များကိုကစားသမားလေးများကိုလေ့ကျင့်
ခိုင်းလိုက်လုပ်နေခြင်းမှာလုံးဝမသင့်လျော်ပါ။ဂျင်မ်ပိုင်ရှင်လုပ်ချင်လည်းလုပ်ပါ။ဒါမှမဟုတ်နည်းပြလုပ်ချင်လည်း
လုပ်ပါ။ဒါရိုက်တာလည်းသူ၊မင်းသားလည်းသူတော့မဖြစ်သင့်ပါ။
ဤဆောင်းပါးတွင်အထူးဆွေးနွေးလိုသည်ကနည်းပြများ၏အခန်းကဏ္ဍပင်ဖြစ်သည်။ကျွန်တော်တို့ နိုင်ငံတွင်
မည်သည့်အချိန်ကမှမရှိခဲ့သေးသည့်၊သင်တန်းမှာ၊ fitness trainer course များပင်ဖြစ်သည်။နှစ်ရက်လောက်
ဖွင့်ပြီး၊ရင်အုပ်ကို chest ၊၀မ်းဗိုက်ကြွက်သားကို abs လောက်သာသင်ပေးပြီး၊နှစ်ရက်အတွင်း Certificate ထုတ်ပေးသောသင်တန်းအချို့ တော့ရှိခဲ့ပါသည်။ထိုသင်တန်းများကိုနည်းပြသင်တန်းဟုသတ်မှတ်၍ရပါမည်
လား။ကျွန်တော်တို့နိုင်ငံfitness နယ်ပယ်မှာအသည်းအသန်လိုအပ်နေသောဤသင်တန်းကိုအဘယ်ကြောင့်

လျစ်လျူရှူထားကြပါသနည်း။ကမ္ဘာပေါ်တွင် fitness trainer လုပ်ငန်းသည်အလျင်အမြန်ကြီးထွားကျယ်ပြန့် 
လာနေသောဈေးကွက်တစ်ခုပင်ဖြစ်သည်။ထိုနိုင်ငံများမှာ fitness trainer များဆိုလျင်ကော့၍ကျော့၍လှပ
တောက်ပြောင်သောဘ၀တစ်ခုကိုအေးချမ်းစွာတည်ဆောက်နိုင်သော်လည်း၊ကျွန်တော်တို့ နိုင်ငံမှfitness
Trainer အများစုအခြေအနေမှာမည်သို့ ပါနည်း။ကိုယ့်ဝမ်းနာ၍ကိုယ်သာသိကြပါမည်။ယနေ့ ခေတ်ပညာ
တတ်လူငယ်များစွာနိုင်ငံရပ်ခြားသွားရောက်အလုပ်လုပ်ကိုင်နေကြရသူအများစုသည်တစ်လကိုမြန်မာကျပ်
ငွေငါးသိန်းထက်ပို၍မရှာနိုင်ကြပါ။ထိုခေတ်ပညာတတ်လူငယ်များကိုအဆင့်မြင့်fitness ပညာရပ်များပို့ ချ၍
အလုပ်အကိုင်အခွင့်အလမ်းများစီစဉ်ပေးမည်ဆိုပါက၊တစ်လကိုမြန်မာငွေငါးသိန်းဆိုတာအိုးမကွာအိမ်မကွာ
သာသာလေးရနိုင်မည်မဟုတ်ပါလား။အခုတော့ပြည်တွင်း fitness  trainer တစ်ယောက်၏တစ်လ၀င်ငွေ
သည်ဒရိုင်ဘာတစ်ယောက်လောက်တောင်မှမရကြသည်ကအသေအချာပင်ဖြစ်သည်။အရည်အချင်းပြည့်နည်း
ပြများပေါများလာပါကနှစ်အနည်းငယ်အတွင်းအဆင့်မြင့်မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာမည်
ကအသေအချာပင်ဖြစ်သည်။ထိုအခါရွှေအိပ်မက်မက်နေစရာမလိုဘဲ၊လက်တွေ့ ရွှေတံဆိပ်များရယူနိုင်မည်မ
ဟုတ်ပါလား။နည်းပြသင်တန်းဖွင့်လှစ်ရန်အတွက်ဘာတွေလိုအပ်နေပါသနည်း။နိုင်ငံခြားသားကစားသမားများ
လာရောက်ကစားလျင်လည်း certified trainer များကိုသာရှာဖွေတတ်သလိုထိုက်တန်သည့်ငွေကြေးကိုလည်း
ရက်ရောစွာအကုန်ခံတတ်ကြသည်။ယခုတော့ကျွန်တော်တို့ trainer များကားသူတို့ ပေးသောလက်ဖက်ရည်ဖိုး
သာသာငွေကြေးလေးများဖြင့်သာတင်းတိမ်နေကြရသည်မှာဘယ်သူ့ အပြစ်လဲ။အကယ်၍အဖွဲ့ ချုပ်အနေနှင့်
သာဦးစီးပြီးထိုကိစ္စကိုပြုလုပ်မှီဆိုပါက၊ကမ္ဘာ့အဆင့်မှီသင်ရိုးများဝယ်ယူရန်အဘယ်မှာခက်ခဲမည်နည်း။
နည်းပြများ၏ကျောင်းစာပညာအရည်အချင်းအားနည်းသည်ဟူသောအကြောင်းပြချက်ကိုလက်မခံနိုင်ပါ။
ထိုcourse များအားလုံးကို Myanmar version ဖြင့်ပြောင်းလဲသင်ကြား၍ရနိုင်ပါသည်။ယခုလက်ရှိအိန္ဒိယနိုင်
ငံတွင်လည်းထိုစနစ်ကိုသာကျင့်သုံးနေပြီးဖြစ်သည်။နည်းပြများ၏ပင်ကိုယ်အရည်အချင်းကိုလိုက်၍A,B,C grade Certificate များသတ်မှတ်၍ထိုသူများအတွက်ထိုက်တန်သောလုပ်ခလစာကိုအဖွဲ့ ချုပ်ကgym များ
အပေါ်စည်းမျဉ်းဥပဒေချမှတ်၍တောင်းခံမည်ဆိုပါက၊မြန်မာ့အားကစားအဆင့်အတန်း မြင့်မားလာနိုင်သလို၊
နိုင်ငံတကာအဆင့်မှီ certified fitness trainers များလည်းပေါ်ထွက်လာနိုင်မည်ဖြစ်သည်။
နောက်တဆင့်အနေနှင့်ထို Certified trainer များမိမိတို့ ရရှိထားသည့် certificate များနှင့်အညီ qualified
ဖြစ်အောင်၊လက်တွေ့ gym နည်းပြလုပ်သက်ပေါ်မူတည်၍ရပိုင်ခွင့်များသတ်မှတ်သင့်ပါသည်။certified တောင်
အနိုင်နိုင်ဖြစ်နေသောကျွန်တော်တို့ တိုင်းပြည်မှာ qualified အကြောင်းပြောရတာအနည်းငယ်အလှမ်းဝေးသလို
ရှိပေမဲ့၊တကယ်သွားလျင်ရောက်နိုင်သည့်အနေအထားမို့ ဆွေးနွေးကြည့်ခြင်းဖြစ်ပါသည်။မြန်မာပြည်fitness trainer လောကတွင်အများဆုံးသောနည်းပြများမှာ၊ကာယဗလပြိုင်ပွဲတစ်ခုခုကိုဝင်ပြိုင်ဖူးထားသူများဖြစ်ကြ
သည်။ထို့ ကြောင့်လည်းထိုသူများ၏အတ္တကာအတော်လေးကြီးလှသည်။ပြိုင်ပွဲဝင်ဖူးသည်ဆိုသည်နှင့်ကာယဗ
နှင့်ပါတ်သက်၍အကုန်သိသွားသည့်ပမာလုပ်နေသည့်ရောဂါဆိုးကျွန်တော်တို့မြန်မာပြည်fitness trainer
လောကမှာအလျင်အမြန်ပျံ့နှံ့ နေခြင်းဖြစ်သည်။
အမုန်းခံ၍ပြောပါမည်။ထိုရောဂါသည်အသိပညာဗဟုသုအားနည်း၍ဖြစ်ပါသည်။ဆဲလိုသူများဆဲနိုင်သည်။
လက်ရှိကမ္ဘာ့အားကစားနယ်ပယ်များကိုကြည့်ပါက၊ဘောလုံးနည်းပြကျော်ဆာအဲလက်စ်ဖာဂူဆန်သည်
နာမည်ကျော်ဘောလုံးကစားသမားမဟုတ်ပါ။ထို့ အပြင်မော်ရင်ဟို၊၀င်းဂါးစသူတို့ လည်းဘောသမားများ
မဟုတ်ကြပါ။ယနေ့ ပက်ကွီအို၊မေ၀ယ်သာစသူတို့ ၏ထရိန်နာများသည်ထိုသူတို့ လောက်အောင်မြင်သူများ
မဟုတ်ခဲ့ကြပါ။ကာယဗလမောင်ဖြစ်မှအကုန်သိအကုန်တတ်သည့်နည်းပြဖြစ်မည်ဆိုလျင်၊ရွန်နီကိုလ်းမင်း၊ဂျေး
ကတ်လာတို့ လောက်အောင်မြင်သည့်နည်းပြရှိမည်မဟုတ်။အာနိုးကြီးလည်းကယ်လီဖိုးနီးယားပြည်နယ်
အုပ်ချုပ်ရေးမှုးဘ၀မှဈာန်လျောလာချိန်တွင်၊နည်းပြလုပ်မည်အသေအချာပင်ဖြစ်သည်။သို့ သော်အာနိုးနည်း
ပြမလုပ်ပါ။မိမိသိက္ခာမိမိတန်ဖိုးထား၍ဖြစ်သည်။ထို့ အတူယနေ့ အအောင်မြင်ဆုံးသောကာယဗလနည်းပြ
Haney rambod(ဂျေးကတ်လာ၊ဖီလ်းဟိသ်၊တို့ ၏နည်းပြ) အပါအ၀င်Fitness နည်းပြများသည်ကာယဗလ
မောင်များမဟုတ်ကြပါ။သို့သော်ကာယဗလအားကစားကိုလိုက်စားလေ့ကျင့်သူများသာဖြစ်သည်။ကမ္ဘာ့အဆင့်
ကာယဗလမောင်များသည်၊သူတို့ ၏ပြိုင်ပွဲနီးဝေးအစီအစဉ်များအားလုံးကိုကာယဗလပြိုင်ပွဲဝင်မဟုတ်သည့်
သူတို့ နည်းပြများ၏လမ်းညွှန်ချက်အတိုင်းတစ်သွေမတိမ်းလေးစားလိုက်နာကြသော်လည်း၊ကျွန်တော်တို့
နိုင်ငံမှပြိုင်ပွဲဝင်များသည်ကား---
ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်းကမ္ဘာ့အဆင့်ထရိန်နာလုပ်နိုင်သောကာယဗလမောင်သုံးလေးဦးရှိသော်
လည်းအများစုသည်ကားဗုံမဟုတ်ပါတ်မဟုတ်ဘ၀မှာတွင်ကျယ်နေကြသူများသာဖြစ်သည်။အချို့ ပြိုင်ပွဲဝင်
များ၏အားနည်းချက်ကိုကားမပြောလိုတော့ပါ။တစ်ခုသာပြောချင်ပါသည်။မင်းသားကြီးမလုပ်ရ၍ပတ်မကြီး
ထိုးဖောက်သောအပြုအမူကိုမလုပ်ကြပါရန်အထူးမေတ္တာရပ်ခံပါသည်။
Gym ပိုင်ရှင်များ၏အားနည်းချက်များကိုလည်းအထူးပြုပြင်ရန်လိုပါသည်။မိမိတို့gymတွင်အဆင့်မှီနည်းပြ
များကိုခန့် ထားသင့်ပါသည်။နောက်ပြီးဘယ်ကစားသမားလာလာဒီ program သာကစားရမည်ဟု
တစ်သွေးတစ်သံတစ်မိန့် မလုပ်ပါနှင့်။ခင်ဗျားတို့ စီးပွားရေးကိုလွယ်ကူစွာပြုလုပ်ပါ။ကစားသမားများ၏
အုပ်ထိန်းသူတော့မဖြစ်ပါစေနှင့်။လေ့လာအားကောင်းသောကစားသမားညီငယ်လေးများအများဆုံးပြော
ပြတတ်သည့်ပြသနာတစ်ရပ်မှာ၊မိမိတို့လေ့လာထားမိသလောက်၊မိမိတို့ ၏ body response ကိုသိနေ၍
စိတ်ကြိုက်ပရိုဂရမ်များဖြင့်ကစားပါက၊ဂျင်မ်ပိုင်ရှင်များ၏မျက်မုန်းကျိုးခြင်း၊ခွင့်မပြုခြင်း၊နည်းပြဆိုသူများ၏
စောင်းချိတ်ပြောဆိုခြင်းများကိုကြုံတွေ့ ရခြင်းဖြစ်ပါသည်။ပွင့်ပွင့်လင်းလင်းပြောပါမည်။ဂျင်မ်ပိုင်ရှင်ဆိုတာ
ဂျင်မ်ရှိပစ္စည်းများကိုဌားရမ်းစီးပွားရှာခြင်းသာဖြစ်သည်။ကစားသမားများ၏လွတ်လပ်ခွင့်ကိုပိတ်ပင်နိုင်သူများ
မဟုတ်ပါ။ကစားသမားများသည်သင်တို့၏ customers များဖြစ်သည်။Customers always right ဆိုတာလေး
တော့စီးပွားရေးလုပ်လျင်မှတ်သားထားစေချင်ပါသည်။အချို့ သောgym ပိုင်ရှင်များသည်၊ကာယဗလပြိုင်ပွဲလေး
များဝင်ဖူးထားပါက၊အခြားသောထရိန်နာများအတွက်အကြီးအကျယ်ပြသနာပင်ဖြစ်သည်။နေရာတကာဝင်စွက်
ဖက်ခြင်း၊အခြားသောနည်းပြများကိုချုပ်ကိုင်ခြင်းစသည့်ပြသနာများလုပ်တတ်ကြသည်။အားမနာတမ်းပြောပါက
မြန်မာ့ပြည်fitness နယ်ပယ်တွင် certified fitness trainers များပေါ်ထွက်မလာအောင်လုပ်တတ်ကြသည့်
အဓိကတရားခံများမှာထိုဂျင်မ်ပိုင်ရှင်များပင်ဖြစ်သည်။အဘယ်ကြောင့်ဆိုသောထိုကဲ့သို့ သောထရိန်နာများပေါ်
လာပါက၄င်းတို့ ပေါချောင်ကောင်းဌားရမ်းထားသောနည်းပြလေးများအမြင်ကျယ်ကာလခတိုးတောင်းခြင်း၊
မိမိတို့၏ရပိုင်ခွင့်များကိုတောင်းဆိုခြင်းများပြုလုပ်လာမည်ကိုစိုးရိမ်၍ဖြစ်သည်။အမှန်တကယ်တော့ထရိန်နာ
ကောင်းလေ၊ထိုဂျင်မ်လူများလေဖြစ်ကာကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီဖြစ်သည်ကိုသဘောပေါက်သင့်ပါသည်။
ထို့ ကြောင့် Myanmar fitness နယ်ပယ်သည် qualified ရော certified ပါလိုအပ်သည့်အတွက်အား
လုံးပူးပေါင်းပါဝင်ကြစေလိုပါသည်။ဤဆောင်းပါးသည်ကျွန်တော့်အတွေးအမြင်သာဖြစ်သည့်အတွက်
စိတ်မတိုက်ဆိုင်စရာများဖြစ်စေပါက၊ကျွန်တော့်စေတနာကိုနားလည်ခွင့်လွှတ်ပေးစေလိုပါသည်။
ထိုသို့ မေတ္တာရပ်ခံသည်ကိုမကျေနပ်ပါကလည်း၊ကျွန်တော့်အပြောကိုကျွန်တော်တာဝန်ယူဖြေရှင်းနိုင်
ပါကြောင်းကိုလေးစားစွာတင်ပြအပ်ပါသည်။
ဤဆောင်းပါးဖတ်မိသောဝါသနာရှင်၊သူငယ်ချင်းများအနေနှင့်လည်းမိမိတို့ ၏ထင်မြင်ယူဆချက်များကို
ဆွေးနွေးနိုင်ပါသည်။အခြားသောသူများသိအောင်လည်းလွတ်လပ်စွာ share နိုင်ပါသည်။

လေးစားလျက်-
နိုင်ဦး-၁၁၉

No comments:

Post a Comment