arial" action="like" colorscheme="light">

Monday, September 28, 2015

ပုံသေတွက်မရနိုင်ပေ----

ကာယဗလလေ့ကျင့်စဉ်တွေ ခံယူချက်တွေနဲ့ ပတ်သက်ပြီး လူတစ်ဦးချင်း ခံယူချက်မတူညီနိုင်သလို နည်းပြ တစ်ဦးနှင့် တစ်ဦးလည်း မတူညီနိုင်ပေ။ယနေ့ မောင်အိုလံပီယာ အဆင့်ရှိသော အဆင်မြင့်မောင်များတွင် တစ်ကျောင်းတစ်ဂါထာ ဆိုသလို ဖြစ်နေကြသည်။ကွဲပြားမှု တွေကတော့ တစ်ခုချင်းနှိုင်းယှဉ်တင်ပြရလျင် ဆောင်းပါးလည်း တစ်ထောင့်တစ်ည ပုံပြင်လို ရှည်သွားနိုင်သည်။စာဖတ်သူလည်း မျက်စိလည်နိုင်သည်။ ကျွှန်တော်တို့အားလုံးသိရှိထားကြသည်မှာ ကာယဗလလေ့ကျင့်စဉ်တစ်ခုကို အနည်းဆုံး ၃လ -၄လထက်ပိုမကစားပဲ ပြောင်းလဲကစားရမည်ဆိုတာဖြစ်သည်။အားလုံးကလည်း အထက်ပါအဆိုကို လက်ခံထားကြသည်။အကြောင်းပြချက်တွေလည်း ရှိပြီးသားမို့ ထပ်မံ ရှင်းပြရန်လိုမည်မထင်ပေ။ သို့ပါသော်လည်း ကျွန်တော် ယခု တင်ပြပေးမည့် နာမည်ကျော် မောင်အိုလံပီယာ ၂ဦး၏ ခံယူချက်ကတော့ ကျွန်တော်တို့ လေ့လာထားတာနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။သူတို့၏ လေ့ကျင့်စဉ်နှင့်ပတ်သက်ပြီး ခံယူချက်တွေကို လေ့လာကြည့်ပါစို့----
ကောင်းနေတဲ့ လေ့ကျင့်စဉ်ကို မပြောင်းပါနဲ့----(အာနိုး)
ဒီစကားကို မောင်အိုလံပီယာ ၇ ထပ်ကွမ်း အာနိုး သူ့ခေတ်သူ့အခါက ပြုံးပြုံးကြီး ပြောကြားခဲ့ဖူးပါတယ်။ကိုယ့်ကိုအကျိုးပြုနေတဲ့လေ့ကျင့်စဉ်တစ်ခုကိုတော့ အကျိုးပြုနေသမျှ ကာလပတ်လုံး ဒီကျင့်စဉ်ကိုမပြောင်းဘူး။ဆက်လက်ကစားသွားသင့်တယ်လို့ယုံကြည်တယ်။ကိုယ့်ကိုတိုးတက်မှုအကျိုးမပြူဘူးဆိုရင်တော့ခပ်ဝေးဝေးမှာထားလိုက်မယ် ဒါ ကျွန်တော့ခံယူချက်ပဲ။လူသစ်ကာယဗလသမား တစ်ဦးအနေနဲ့ လေ့ကျင့်ရင်းကနေ လက်တွေ့စမ်းသပ်ပါ ဒါပေ့မယ် အဆင်မြင့်သမားတွေလေ့ကျင့်တဲ့ လေ့ကျင့်ခန်းတွေကို စမ်းသပ်ခိုင်းတာမဟုတ်ဘူးနော်။အခြေခံတွေထဲကမှ ဘယ်လေ့ကျင့်ခန်း ဘယ်လေ့ကျင့်စဉ် ဘယ်လေ့ကျင့်ရေး နည်းစနစ်စတာတွေထဲက ကိုယ်နဲ့ အကျိုးပြုတာတွေကို မှတ်သားလိုက်နာဖို့ပြောတာ။ဘယ်ဟာတွေ အကောင်းဆုံးလဲ သိလာတဲ့ နောက်မှာတော့ ကိုယ့်အတွက် လုံးဝ အသုံးကျမယ့် လေ့ကျင့်စဉ်မျိုးကိုမှ ပြောင်းပြီး ဦးစားပေးကစားစေချင်တယ်။သေချာပြီဆိုရင်တော့ မပြောင်းလဲသင့်တောဘူးလို့ထင်တယ်။ကျွန်တော်ဆိုရင် ကျွှန်တော်ရဲ့ ကြွက်သားစု တစ်ချို့အတွက်လေ့ကျင့်စဉ်တွေကို တစ်ကြိမ်နဲ့တစ်ကြိမ် ၅-နှစ် ၆ နှစ် မပြောင်းလဲပဲ ကစားခဲ့တယ်။
စိတ်ကြိုက်လေ့ကျင့်စဉ်ကို မပြောင်းပဲ ၁၅နှစ် ကစားခဲ့တယ်( လယ်ရီစကော့)
တစ်ချို့လေ့ကျင့်ခန်းတွေကကာယဗလသမားတွေံအတွက် ကောင်းကောင်းအကျိုးပြူသလို။အကျိုးမပြုတာ လည်းရှိတယ် ။တစ်ခြားမကြည့်ပါနဲ့ ၈ထပ်ကွမ်း လီဟေနီ အတွက် စကော့ကားလ် လို့ခေါ်တဲ့ ပရီချားကားလ် လေ့ကျင့်ခန်းဟာ သူ့အတွက်လုံးဝ အကျိုးမပြုဘူးဆိုတာ သူဝန်ခံခဲ့တယ်။ဒါပေ့မယ် အဲဒီလေ့ကျင့်ခန်းဟာ ကျွန် တော်ရဲ့ လက်မောင်း လေ့ကျင့်ခန်းမှာမပါမဖြစ်အကောင်းဆုံးအကျိုးပြုခဲ့တယ်။အာနိုး ပရက်စ် လေ့ကျင့်ခန်းဟာ အာနိုးကို အကျိုးပြုနိုင်ပေမယ့် ကျွှန်တော့်ကို ထိရောက်မှုရှိချင်မှရှိပါမယ်။ကျွှန်တော်ဆိုရင်လည်းကျွန်တော့်အတွက်အကျိုးပြုမဲ့လေ့ကျင့်ခန်းတွေကို လေ့လာတယ် တီထွင်တယ် စကော့ကားလ် င သက်သေပဲလေ။နှစပေါင်းများစွာ လေ့လာစမ်းသပ်တယ်။ကောင်းတာတွေ့ပြီဆိုလည်း မပြောင်းလဲပဲ တသမတ်တည်း ကစားတယ်။ဥပမာ-စိတ်ကြိုက် လက်မောင်းလေ့ကျင့်စဉ်တစ်ခုကို မပြောပစလောက် နည်း နည်းပါးပါးလေးပြောင်းပြီး ကျွန်တော် ၁၅ နှစ်ကျော်ကစားခဲ့တယ်ဆိုရင် ခင်ဗျားတို့ယုံမလား-----
ဒီလောက်ဆိုရင် နာမည်ကျော်တွေကြားမှာ ဘယ်လိုအပြောင်းအလဲတွေ ခံယူချက်တွေ ရှိသလဲဆိုတာ လေ့လာမိမယ်ထင်တယ်။ဒါကြောင့် တစ်ခါတစ်ရံမှာ ကာယဗလ နဲ့ ပတ်သက်ပြီး ပုံသေကားချပ် လှေနံဓါး ထစ်တွက်ပြီး အမှားအမှန် အငြင်းသန်နေရင် မိတ်ပျက်တာ အဖတ်တင်တတ်ပါတယ်။အားလုံးသော လူသားတိုင်းသည် ကိုယ့်အကြိုက် သူ့အကြိုက် ကွဲပြားနေသောကြောင့်ဖြစ်ပါသည်။

တင်ဆက်သူ။ ။အောင်အောင်(လှိုင်)

No comments:

Post a Comment