arial" action="like" colorscheme="light">

Monday, September 28, 2015

ချန်ပီယံတို့ပြောသော ချန်ပီယံဖြစ်ဖို့ အပိုင်း (၁)

ူကျွန်တော်တို့ပေ့ခ်ျမှာချန်ပီယံတွေရဲ့အကြံပေးစကားအချို့ကိုမတင်ဆက်ပေးတာကြာပါပြီ။အရင်ကလည်းချန်
ပီယံဒိုရီယန်ရိတ်ရဲ့အကြံပေးစကားအချို့ကိုတင်ဆက်ပေးဖူးပါတယ်။အခုတော့ မောင်အိုလံပီယာထိပ်ဆုံးဆုကို
မရခဲ့ပေမယ်ထိတ်ထိတ်ကျဲမောင်အိုလံပီယာအချို့ရဲ့အကြံပေးစကား တွေကိုဥိးစားပေးတင်ဆက်လိုက်ပါတယ်
။နောက်ပိုင်းမှာဒီဖက်ခေတ်မောင်အိုလံပီယာနာမည်ကြီးတွေရဲ့အကြံပေးစကားတွေကိုပါရေးသားပေးပါမယ့်။ပ
ထမဦးဆုံး မောင်အိုလံပီယာဆု တံဆိပ်ကို ပြိုင်ပွဲမှ အနားယူ သွားသည့်တိုင် ပိုင်ဆိုင်ခွင့် မရလိုက်တဲ့ အကောင်းဆုံး အရှုံးသမားလို့လည်းတစ်ချို့ကတင်စားထားကြတဲ့ အပြောကြမ်းကြမ်း ၊ များများစား များများကစား ၊များများနား ဆိုတဲ့ သီအိုရီကို လက်ကိုင်ထားသူ၊သူခေတ်သူ့အခါက မောင်အိုလံပီယာလူဘီလူးကြီးတွေကြားမှာလူကောင်အသေးဆုံးဖြစ်ပေ
မယ့်ကြွက်သားလှပပေါ်လွင်မှုမှာ ကောင်းမွန်တဲ့ မောင်တစ်ဦးဖြစ်သလို မောင်အိုလံပီယာပြိုင်ပွဲကိုစတင်ဝ
င်ရောက်ယှဉ်ပြိုင်တဲ့ ၁၉၈၈ မှာ နံပါတ်(၁၃)နေရာနဲ့ ၁၉၉၉မှာ နံပါတ်(၆)နေရာ ရခဲ့တာကလွဲပြီး ၀င်ရောက်ယှဉ်ပြိုင် တဲ့ပြိုင်ပွဲတိုင်းမှာ ထိပ်တန်း(၅)ဦးစာရင်း အမြဲဝင်သူ (၆)ထပ်ကွမ်း မောင်အိုလံပီယာ ဒိုရီယန်ရိတ်စ်ကို ဖြုတ်ချဖို့အတွက်အမြဲတမ်း စိတ်အားထန်သန်စွာနဲ့ အာပေါင်အာရင်းသန်သန် ကြုံးဝါးတတ်သူ ၁၉၉၄ နှင့် ၁၉၉၆ ခုနှစ်တွေမှာမောင်အိုလံပီယာ ဒုတိယ နဲ့သာ ကျေနပ်ခဲ့ရသူ တစ်ဦးဖြစ်တဲ့ ရှောင်ရေး ရဲ့ပြောစကားလေးကို အရင်ဦးဆုံး ရေးသားလိုက်ပါတယ်။


မောင်အိုလံပီယာ ရှောင်ရေး
ကြွက်သားကြီးထွား ဖွံ့ဖြိုးဖို့အတွက် လေ့ကျင့်ခန်း မျိုးစုံကို ကစားရမယ်လို့ ကျွှန်တော် ယုံကြည်တယ်။ ကြွက်သားတစ်ခု အတွက် လေ့ကျင့်ခန်းတွေကို (၂)ချိန်မထပ်အောင် ပြောင်းလဲ ကစားသွားဖို့ဖြစ်တယ်။ ဆိုလို ချင်တာက လေ့ကျင့်ခန်း၊ အကျော့အရေအတွက် ၊အကြိမ်အရေအတွက် ၊နဲ့ ကြွက်သားကို ဒေါင့်စုံကထိအောင် အမြဲပြောင်း ကစားသွားတဲ့နည်း ဖြစ်တယ်။ ဒီနည်းကိုတော့ ၀ီဒါ၏ ကြွက်သားများ ရှုပ်ရှက်ခတ် လေ့ကျင့်ရေး သဘောတရား (Weider Muscle Confusion Traning Principle)လို့ ခေါ်ပါတယ်။ ဥပမာ တစ်ခုပြောပြပါမယ်။ ဒီကနေ့ အားကစားရုံ ထဲမှာ ရင်အုပ် လေ့ကျင့်ခန်း(၄)ခု ကစားတယ် ဆိုပါစို့။ နောက်တစ်နေ့ ရင်အုပ် လေ့ကျင့်ခန်းကစားတဲ့ အခါ ဒီ လေ့ကျင့်ခန်း(၄)မျိုးကို မကစားဘဲ တစ်ခြား ရင်အုပ် လေ့ကျင့်ခန်း(၄)မျိုးကို လုံဝပြောင်းကစားတဲ့ သဘောပါ။ ဖြစ်နိုင်ရင် လေ့ကျင့်ရုံနှင့် လေ့ကျင့်ရေးပစ္စည်း ကိရိယာ တွေ ပြောင်းကစားတာမျိုးပါ ပြုလုပ်သင့်ပါတယ်။ ကာယဗလလေ့ကျင့်မှုမှာ လေ့ကျင့်စဉ်တစ်ခုကို နေ့စဉ်ရက်ဆက် အကြာကြီး ကစား၇င် မဲပြာပုဆိုး ဖြစ်ပြီး ရိုးသွားနိုင်ပါတယ်။ အဲဒီလို ရိုးမသွားပဲ ငြီးငွေ့မှုမရှိအောင် ကစားသွားနိုင်ဖို့အတွက် လေ့ကျင့်စဉ်ကို ပြောင်းလဲ ပြီး ကစားပေးသွားဖို့ လိုပါတယ်။ လေ့ကျင့်ခန်းများ ကစားတဲ့ အကြိမ် အရေအတွက်၊ အကျော့အရေအတွက် ၊လေ့ကျင့်ရုံ ၊ပစ္စည်းကိရိယာ အစရှိသဖြင့် အပြောင်းအလဲ လေး လုပ်ပြီး ကစား နိုင်မယ်ဆိုရင် တိုးတက် အောင်မြင်မှုအတွက် အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။
သက်ကြီးမောင်အိုလံပီယာ ရော်ဘီရော်ဘင်ဆင်
၁၉၉၄ မှာ ပထမဦးဆုံး စတင်ကျင်းပတဲ့ သက်ကြီး မောင်အိုလံပီယာ ပြိုင်ပွဲမှာ ပထမ ဆု ကို ရရှိခဲ့ပြီး ဒီအရင် မောင်အိုလံပီယာ ပြိုင်ပွဲတွေမှာလည်း အာနိုး၊ ဖရန်ကို ကိုလန်ဘူ၊ ဖရင့်ဇိန်း ၊မိုက်ခ်မင်ဇာ အစရှိတဲ့ မောင်အိုလံပီယာ နာမည်ကြီးတွေနဲ့ အပြိုင်ကြဲခဲ့သူ ၊ အခြား ဆုကြေးစား ကာယဗလ ပြိုင်ပွဲတွေမှာလည်းဆုတံဆိပ်တွေရရှိခဲ့သူပြိုင်ပွဲဝင်ကိုယ်အလေးချိန် ပေါင်(၂၀၀)ခန့် ဖြစ့်သာ ၀င်ရောက် ယှဉ်ပြိုင်လေ့ရှိသူ ရော်ဘီရော်ဘင်ဆင် ရဲ့အကြံပေးစကား တစ်ချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ကြွက်သားတွေ
ကြီးထွားဖို့နဲ့အရည်အသွေးပိုမိုကောင်းမွန်ရေးတို့ကိုအထောက်အကူပြုနိုင်ဖို့အတွက် လေ့ကျင့်ရာမှာ ပြုလုပ်ရမယ့် အချက် (၂) ချက်ကို တင်ပြလိုပါတယ်။ ပထမအချက်ကတော့ လေ့ကျင့်တဲ့နေရာမှာ စိတ်ဝင်စားမှု ၊ကြိုးစားမှုနဲ့ ခွန်အားစိုက်ထုတ်မှုတို့ကို တတ်နိုင်သမျှ စုပေါင်းပြီးထည့် သွင်းပါ။ အချိန်တိုတိုအတွင်းမှာ ခွန်အားများများနဲ့ အားစိုက်ထုတ်ပြီး ညှစ်ကစားနိုင်လေ ကြွက်သားကြီးထွားမှု မှာ အထောက်အကူပြုလေ ဆိုတာပါ။ အဲဒီလေ့ကျင့်မှုဟာ အကျိုးသက်ရောက်မှု ရှိတယ်လို့ နားလည်ထားပါ တယ်။ ကြွက်သားအစိတ်အပိုင်းတစ်ခုက တိုးတက်မှုမရှိလာပဲ နောက်ကျန်နေရင် အဲဒီကြွက်သားတက်လာ အောင် ဦးစားပေးပြီး လေ့ကျင့်နိုင်အောင် ၀ီဒါရဲ့ဦးစားပေး လေ့ကျင့်မှု သဘောတရား (Weider Muscle Priority Traning Principle)ကို လက်ကိုင်ထားပြီး လေ့ကျင့်သင့်ပါတယ်။ ဒီလေ့ကျင့်နည်း သဘောတရားအရ ကိုယ့်မှာအားနည်းတဲ့ ကြွက်သားကို အရင်ဦးဆုံး ခွန်အားပြည့်ပြည့်၀၀ ရှိတဲအချိန်မှာ ကစားပါ။ ဒုတိယ အချက်ကတော့ ကစားနေတဲ့ ကြွက်သားအုပ်စု တစ်ခုကို အပြည့်အ၀နဲ့ အစွမ်းကုန် အကြောဆန့်ထုတ်မှု သေချာပေါက် ပြုလုပ်ဖို့ဂရုစိုက်ပါ။ တစ်ကျော့ကစားပြီးတိုင်း အစွမ်းကုန် ဆန့်ထုတ်ဖို့လိုချင်မှ လိုမယ် ဒါပေမယ့် ကြွက်သားတစ်ခုကို ကစားပြီးတိုင်း အဲဒီကြွက်သားကို အပြည့်အ၀ အကြောဆန့်ထုတ် ပေးဖို့လိုမယ်။
မောင်အိုလံပီယာ အဲဘတ်လ်ဘတ်ကယ်လ်
အသက်(၆၀)ကျော်သည့်တိုင် မောင်အိုလံပီယာ ပြိုင်ပွဲတိုင်းတွင် လူငယ်ပိုင်းများနှင့် အပြိုင်နွဲခဲ့သူတစ်ယောက် ရဲ့အကြံပေးစကားကိုလည်း တင်ပြပေးလိုက်ပါတယ်။ သူပြောတဲ့အကြံပေးစကားကတော့ ကိုယ်ကစားတဲ့ လေ့ကျင့်ခန်းတိုင်းမှာ ကြွက်သား လှုပ်ရှားမှုများကို အစွမ်းကုန် ဆ့်ထုတ် ကစားရမယ်လို့ ယုံကြည်တယ် ဆိုပါတယ်။ ဥပမာအားဖြင့် အောက်ပိုင်းထိုင်တယ် ဆိုပါစို့၊ အောက်ပိုင်း အပြည့်ထိုင်ပေမယ့် ပေါင်သားတွေ ကြီးထွားမှုမရှိလာဘူး ပေါင်ကြွက်သားတွေကို အပြည့်အ၀ ဆန့်ထုတ်မှုမလုပ် နိုင်လို့ ဆိုတာ ထင်ရှားပါတယ်။ အပြည့်အ၀ ဆန်ထုတ်မှုမလုပ်နိုင်လို့ အတွင်းပိုင်းက ကြွက်သားဖိုက်ဘာ အမျှင် တွေကို လှုံဆော်မှု မထိရောက်တဲ့အတွက် ဖြစ်ပါတယ်။ မပြည့်စုံတဲ့ အကြိမ်တွေနဲ့ ကစားရင်ကြီးထွားမှုကိုပဲတည် ဆောက်ပေးနိုင်လိမ့်မယ်။ ဒါပေမယ့် ပြီးပြည့်စုံတဲ့ ကြီးထွားမှု မျိုးတော့ရမှာ မဟုတ်ဘူး။ လေ့ကျင့်ခန်းတစ်ခုကို ကစားရာမှာ အကြိမ်တစ်ကြိမ်ကို ပြီးအောင် မတွန်းနိုင်တော့ရင် အကူအားနဲ့ ဖေးပြီးကစားစေခြင်း ဟာ အကောင်းဆုံး ကြွက်သား တည်ဆောက်ရာမှာ အထောက်အကူ ပြုပါတယ်။ ဒီနည်းကို ခေါ်ပါတယ်။ အဲဒီနည်းနဲ့ အညီ အဖော်တစ်ယောက်က အလေးကို အသာလေးနဲ့ ဖွဖွလေး လိုက်ဖေး ကူမပေးရင် အကျော့တစ်ကျော့မှာ ညှစ်အား ကောင်းကောင်းနဲ့ အပို (၂)ကြိမ် (၃)ကြိမ် ရတာပေါ့။ ဒီကစားနည်းဟာ ကြွက်သား ကြီးထွားမှုအတွက် အလွန်အရေးပါအရာ ရောက်ပါတယ်။ ဒါပေမယ့် တစ်ခု သတိပြုပါ အကူအားနဲ့ဖေးမ ကစားခြင်းဟာ တစ်ခါတစ်ရံမှသာ ကစားသင့်ပါတယ် အမြဲတမ်းကစားပါက လေ့ကျင့်မှုလွန်ကဲခြင်း ဖြစ်တတ်ပါတယ် ။လေ့ကျင့်ခန်း တိုင်းမှာ အကျော့တိုင်းကို ကြွက်သားကို အစွမ်းကုန် ဆန့်ထုတ်ပြီး အပြည်ပအ၀ ကစားပါလို့ပြောလိုပါတယ်။
ဒီဆောင်းပါလေးကို လေ့လာပြီး ကျွန်တော်တို့ ၀ါသနာရှင်တွေအနေနဲ့ ဖတ်သင့်တာဖတ် မှတ်သင့်တာမှတ် ဆိုသလိုပါပဲ သတိထားသင့်တဲ့ အချက်လေးတွေကို မှတ်သားပြီး လိုက်နာသင့်သလို ကိုယ်နဲ့မသင့်တော်တဲ့ လေ့ကျင့်ခန်းမျိုး (ဖိုစ်ရပ်လေ့ကျင့်နည်း)ဆိုလည်း လူသစ်တွေအနေနဲ့ ကိုယ်တိုင် မလေ့ကျင့်သင့်ပေမယ် သတိထား ရှောင်ရှားနိုင်ပါတယ်။ ဒီလေ့ကျင့်နည်းနဲ့ ပတ်သက်ပြီး သတိထားသင့်တဲ့ အချက်လေးတွေကို အရင်က ရေးသားပေးပြီးသား ဖြစ်ပါတယ်။

တင်ဆက်သူ။ ။အောင်အောင်(လှိုင်)

No comments:

Post a Comment