arial" action="like" colorscheme="light">

Monday, September 28, 2015

ဘက်လိုက်မှုများနှင့် မောင်အိုလံပီယာ သမိုင်း အပိုင်း( ၂)


ကျွှန်တော့်ဆောင်းပါးအဆက်ဖြစ်တဲ့ ဘက်လိုက်မှုများနှင့်မောင်အိုလံပီယာ သမိုင်း အပိုင်း( ၂ )ကိုဆက်လက်တင်ပြပေးလိုက် ပါတယ်။အဇြစ်အပျက်တွေကို အပိုင်း ( ၂ ) မှာ အပြီးသတ်ရေးချင်ပေ့မယ် အချိန်မရတာရယ် နောက်တစ်ခုက ဆောင်းပါး တစ်ပုဒ်တည်းမှာ အများကြီးရေးလိုက်ရင် စာဖတ်သူတွေလည်း စာများပြီး ဖတ်ရတာ ငြီးငွေ့နိုင်တာကြောင့် အပိုင်းခွဲလိုက်တာပါ။ကျန်အပိုင်းကိုလည်း ဆက်ေ၇းပေးပါမယ်ခင်ဗျာ။

၁၉၇၂ မောင်အိုလံပီယာ

ယနေ့တိုင်ပင်အာနိုး ရထိုက်တယ် ဆာဂျီယိုရထိုက်တယ်ဟု အငြင်းပွားနေကြဆဲပွဲတစ်ခုဖြစ်သည်။၁၉၇၀ ဆာဂျီယိုကိုအနိုင်ရပြီးကတည်းက ၀က်သစ်ချပင်ကြီးသည် ကမ္ဘာ့အကောင်းဆုံးမောင်တစ်ဦးဖြစ်ခဲ့သည်။ သို့သော်၁၉၇၂မောင်အိုလံပီယာပွဲတွင် အာနိုးတစ်ယောက် ထုထည်အရမ်းကောင်းသည့် ဆာဂျီယိုကို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရသည်ကိုတော့ နောက်ပိုင်းတွင်သူဝန်ခံခဲ့သည်။ဆာဂျီယိုထက်ပိုမကောင်းသော်လည်း ဆာဂျီယိုနီးပါးသူကောင်းကြောင်းဒိုင်တွေမြင်သာအောင်နည်းမျိုးစုံသုံးခဲ့သည်ဒိုင်နားတိုး၍မတ်တပ်ရပ်ခဲ့သည်။ နောက်ဆုံးသူဝန်ခံခဲ့သည်ကထိုနေ့က ဆာဂျီယိုကိုသူ ကပ်သီးကပ်သတ်အနိုင်ရခဲ့သည်ဆိုတာပင်။ထိုကြောင့် လည်း ယနေ့အချိန်ထိ ၁၉၇၂မောင်အိုလံပီယာသည် ဆာဂျီယို လား အာနိုးလား မကွဲပြားပေ။သေချာတာတစ် ခုကတော့ ၀က်သစ်ချပင်ကြီး ၃ခုမြောက် ဆန်ဒိုကို ကိုင်ဆောင်ခွင့်ရရှိသွားခြင်းပင်။

၁၉၈၄ မောင်အိုလံပီယာ

၁၉၈၃တွင် ၂၃နှစ်သာရှိသေးသည့် လီဟေနီဟုဆိုသော မောင်အိုလံပီယာပြိုင်ပွဲဝင် လူသစ်ကလေး(ထိုအချိန်က)သည် သူ၏ပထမဆုံးမောင်အိုလံပီယာပွဲ၌ တတိယချိတ်အောင် ယှဉ်ပြိုင်နိုင်ခဲ့သည်။ ခြောက်ပေနီးနီးရှိပြီး ပေါင်၂၃၀ကျော်ရှိသော လီဟေနီသည် ကြီးထွားဖွံ့ဖြိုးဖို့ရာ အများကြီးရှိသေးသည်။ အမှန်လည်း နောက်နှစ်တွေမှာ သူသည် သူ့ဖရိန်ကို ၁၀ပေါင်လောက်ြွကက်သားချည်းထပ်ဖြည့်နိုင်သည်အထိ ဖွံ့ဖြိုးလာခဲ့သည်။ ထိုအတွက် ရလဒ်အနေဖြင့် ၁၉၈၄မောင်အိုလံပီယာပွဲ မက်ဒီဆင်စကွဲယားမှာလုပ်သည့်ပွဲမှာ အကြီးအကျယအောင်မြင်ခဲ့သည်။။အဲသည့်ည ပြိုင်ပွဲညမှာဘဲ တက်ရောက်အားပေးကြတဲ့ ပရိသတ်အားလုံး (မူရင်းစာရေးသူအပါအ၀င်) သိလိုက်ကြသည်မှာ ကာယဗလကြယ်ပွင့်တစ်ပွင့် မွေးဖွားလိုက်ပြီဟူ၍။ ထိုသူသည်ချန်ပီယံဆုကို သူထိန်းသမျှကာလပတ်လုံး ထိန်းနိုင်သွားမည့် ကိုယ်ကာယမျိုးနှင့် ဖြစ်သည်။ နောက်ထပ် ၇ကြိမ်ဆက်တိုက်(၁၉၉၁)ထိထိန်းနိုင်သွားသည့် လူစားမျိုးဖြစ်သည်။
၁၉၈၄ မောင်အိုလံပီယာပြိုင်ပွဲ၏ အထင်ကရ မှတ်တမ်းတစ်ခုသည် ၁၂နှစ်ကြာ ပျောက်ကွယ်နေသော ဆာဂျီယို စင်ပေါ်သို့ တစ်ကျော့ပြန်လာခြင်းဖြစ်သည်။ မောင်ဒဏ္ဍာရီကြီး အဆင့် ဂ သာရခဲ့သော်လည်း (ပရိသတ်အားလုံးမှ ဘိုးဟု မကျေနပ်သံများ ဆူညံသွားလျှက်) သူဝင်ပြိုင်မည်ဆိုသော အကြောင်းတစ်ချက်တည်းကိုက နယူးယောက်ရုံမှာ ပရိသတ်တွေ ဆူညံပွက်လောရိုက်ပြီး ရုံပြည့်လျှံသွားစေသည်။ သူ၏ မို့စ်မာစကူလာ ကိုယ်ဟန်ညှစ်ပုံကြောင့် အားလုံး မေးစေ့ကျွတ်ကျမတတ် ပါးစပ်ဟောင်းလောင်းတွေနှင့် အံ့သြသွားကြ၏။ ပြီးတော့ သူ၏စိတ်ကြိုက်အောင်မြင်သူပို့စ် (နံပါတ်တစ်ပို့စ်) သည် အားလုံးကို မတ်တတ်ရပ်ကာ သူ့ကို တလေးတစားအားပေးစေခဲ့သည်။ နောက်ပိုင်းတွင် လီဟေနီတောင်မှ အိုလီဗာ၏ ကြီးမားသော ဇွဲနှင့် ဂုဏ်မြင့်ခမ်းနားမှုတို့ကို အံ့သြအားကျမိကြောင်း ၀န်ခံခဲ့သည်။

၁၉၈၉ မောင်အိုလံပီယာ

ကမ္ဘာ့ကာယဗလ၀ါသနာအိုးတိုင်းသိထားပြီးဖြစ်သည့်အိုလံပီယာဆုသည်ချန်ပီယံတစ်ယောက်၏လက်ထဲရောက်သွားပြီးရင် နောက်လူတစ်ယောက်ရဖို့ဆိုတာမလွယ်ပေ။ထို့အတူပင်၁၉၈၄ကတည်းက ပထမနေရာကို ကန်ထရိုက်ယူထားသော လီဟေနီသည် ၁၉၈၉တွင် တော်တော်လေးကို မျက်ခုံးလှုပ်အကြီးအကျယ်ပြိုင်ခဲ့ရသည်။ဒုတိယနေရာတွင် လေးနှစ်ဆက် တိုက် နေရာယူထားသော(၁၉၈၅ မှ ၁၉၈၈) ရစ်ခ်ျဂက်စ်ပါရီ ကို ယှဉ်ရသောကြောင့်မဟုတ်ပေ။သူ့ထက် ထက်ဝက်ခန့် သေးသော အကြီးစားစာရင်းမ၀င်သည့် နှုတ်ခမ်းမွေးသဲ့သဲ့နှင့် ကျားလေး လာဘရာ ကို အသေအလဲယှဉ်ပြိုင်ခဲ့ရသော ကြောင့်ဖြစ်သည်။ပရိသတ်နဲ့အကဲဖြတ်ဒိုင်များအကြား မထင်မှတ်သည့်ဖြစ်ရပ်မို့ အားလုံးပါးစပ်အဟောင်းသားပင်။ ပေါင်ရှေ့ပိုင်းနဲ့ နောက်ကျောကြွက်သားကွဲပြားမှုလျော့နည်းနေတဲ့ ချန်ပီယံကြီးလီဟေနီအတွက် သင်းတုန်းဓား တစ်ချောင်းလို ကြွက်သားတွေကွဲပြားပေါ်လွင်နေတဲ့ လာဘရာဒါကို မျက်ခုံးလှုပ်ခဲ့ရတာ မဆန်းပါဘူး။ကိုယ်ဟန်ပြ အပိုင်းမှာ ဒိုင်တွေရဲ့ အမှတ် ပထမ ကိုမရခဲ့ပေမယ် ကြီးထွားမှုနဲ့အချိုးအစားကြမှုမှာ မယှဉ်နိုင်လို့ အနိုင်ရခဲ့တာလို့ ဆိုပါတယ်။တစ်ဖက်က လာဘရာဒါကလည်း ၁၉၈၉ခုနှစ်က သူ့အတွက် အကောင်းဆုံးနှစ်ပါ ဥရောပဂရင်းပရေပြိုင်ပွဲ ၃ပွဲ စလုံးမှာ ဗိုလ်စွဲထားခဲ့တာပါ။ကိုယ်ဟန်ပြ ညှက်ညောမှုကြောင့် လီဟေနီ ဆိုတဲ့ ချန်ပီယံကြီး ရမဲ့အမှတ်တွေကို ဒိုင်တွေဆီက လူယူနိုင်ခဲ့သူတစ်ယောက်ပါ။လာဘရာဒါဟာ လီဟေနီကို အပြိုင်အဆိုင်နဲ့ ဒုတိယနေရာရခဲ့တာမှန်ပေ့မယ် ထိုအချိန်က ၁၉၈၀ နောက်ပိုင်း အကြီးစား ကာယဗလမောင်တွေကို ဦးစားပေးနေတဲ့အတွက်( ထိုအကြောင်းကို ရှောင်ရေး နှင့် ဒိုရီယန် အကြောင်းတွင်ထပ်မံဖတ်ရှုရပါသည်)လာဘရာဒါတစ်ယောက် သရဖူမဆောင်းရတဲ့ ဘုရင်တစ်ပါးဖြစ်ခဲ့ရ တယ်လို့ ပွဲကြည့်ပရိသတ်တွေကဆိုပါတယ်။ဒုတိယနေရာက လာဘရာဒါကလည်း ချန်ပီယံ လီဟေနီနဲ့ ယှဉ်ကြည့်လိုက်ပါ ကြွက်သားတစ်ခုချင်းစီမှာ သူသာတယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြားခဲ့တယ်။လီဟေနီတစ်ယောက်ကတော့ အပေါ်သွားလေးပေါ်အောင် ပြုံးရင်း လာဘရာဒါကို ပြုံးစစကြည့်နေပါတယ်။နောက်နှစ် ၁၉၉၀မှာလည်း လီဟေနီ တစ်ယောက် လာဘရာဒါကို အသဲအသန် ပြိုင်ခဲ့ရတယ် ဆိုရင် စာဖတ်သူ သဘောပေါက်မှာပါ ရှောင်ရေးပြောသလို ဘယ်လောက်ကောင်းပါစေ ၀ိန်းဒီမီလာ လို အကြီးစား အားပေးတဲ့ ဒိုင် အဖွဲ့ဝင်တွေ ရှိနေသမျှ တို့တွေ ပထမဆု အလှမ်းဝေးမယ်ဆိုတာ ဟုတ်များနေသလားခင်ဗျာတဲ့။တကယ်လည်း ၁၉၉၀မှာ လာဘရာဒါ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ကျန်ရှိသည့်အပိုင်းများကို ဆက်လက်တင်ပြပေးပါမည်။


တင်ဆက်သူ ။ ။အောင်အောင်(လှိုင်)

No comments:

Post a Comment