arial" action="like" colorscheme="light">

Tuesday, September 15, 2015

ကိုယ်အလေးချိန်ချခြင်းနှင့်အဆီချခြင်းတူသလား?

လုံးဝမတူပါ။ကိုယ်အလေးချိန်လွန်နေသူများ၊ကျန်းမာရေးအတွက်အဆီပိုများကိုလျော့ချလိုသူများသည်၊
ဂျင်မ်ကစားတော့မည်ဆိုလျင်၊အင်တာနက်နှင့်၊facebook ပေါ်မှအင်ဖော်မေးရှင်းများကိုလေ့လာတော့
မည်ဆိုလျင်၊အဆီချဆေးတခုခုမှီဝဲတော့မည်ဆိုလျင်တခုတော့အကြံပေးလိုပါသည်။သင့်ခန္ဓာကိုယ်ပေါ်
မှအဆီပိုများကိုလျော့ချမည်လား၊သို့ မဟုတ်ကိုယ်အလေးချိန်ချရုံသက်သက်ပဲလားဆိုတာရှင်းရှင်းလင်း
လင်းသိအောင်အရင်လုပ်သင့်ပါသည်။
သင့်ကိုယ်တွင်းမှအဆီပိုများကိုချမည်ဆိုလျင်သေချာမှတ်ထားပါမိတ်ဆွေ၊ဤရွေးချယ်မှုတွင်ဖြတ်လမ်းမရှိ
တစ်ပွဲတိုးဆေးမြီးတိုမရှိ၊ရလာဒ်အချိန်တိုနှင့်လွယ်လွယ်မရနိုင်ကိုတော့နားလည်ထားပါ။အကယ်၍သင်ဟာ
ကိုယ်အလေးချိန်လျော့ချမည်ဆိုပါကသိပ်စိတ်ဖိစီးမှုမထားပါနှင့်မိတ်ဆွေ။သင်အလွယ်တကူကိုယ်အလေး
ချိန်ချနိုင်ပါသည်။သို့ သော်ထိုကျသွားသမျှသောကိုယ်အလေးချိန်သည်သင့်ကိုယ်တွင်းမှပိုလျံနေသော၊ကျန်း
မာရေးကိုဒုက္ခပေးနိုင်သောအဆီပိုမဟုတ်သည်ကတော့အသေအချာပါ။နောက်ထပ် side effect တစ်ခုက
အလျင်အမြန်ကိုယ်အလေးချိန်ချနိုင်သော်လည်း၊ထိုကျသွားသောကိုယ်အလေးချိန်ကိုတာရှည်ထိန်းသိမ်းနိုင်
မည်မဟုတ်ပါ။မကြာခင်တွင်အသေအချာပြန်တက်လာမည်ဖြစ်သည်။အဆီချမည်ဆိုပါကကိုယ်အလေးချိန်ချ
ခြင်းလောက်ရလာဒ်မမြန်နိုင်သော်လည်း၊ကျန်းမာသော life style ကိုပိုင်ဆိုင်နိုင်ပြီး၊သင့်ကိုယ်တွင်းမှအဆီပို
များကိုထာဝရအတွက်good bye (ဆာယိုးနားရား)လို့ ပြောနိုင်မှာအသေအချာပါ။
အထက်ပါ topic နှစ်ခုကိုသေချာ analyse လုပ်ကြည့်ဖို့ လိုပါလိမ့်မည်။ကျွန်တော်အမုန်းခံ၍ပြောပါမည်။
ယနေ့ ကျွန်တော်တို့ နိုင်ငံမှဂျင်မ်အတော်များများ(အကုန်လုံးကိုမဆိုလိုပါ၊ကြုံဖူးသူများတော့သိပါလိမ့်မည်)
သည်အဆီချပေးနိုင်စွမ်းမရှိကြပါ။ကိုယ်အလေးချိန်သာလျော့ချပေးနိုင်ပါသည်။ကိုယ်အလေးချိန်ချခြင်းသည်
လွယ်ကူပါသည်။ပထမတစ်ပါတ်အတွင်းဆယ်ပေါင်ကျအောင်အလွယ်ပင်လုပ်နိုင်ပါသည်။မယုံလျင်စမ်းကြည့်
ပါ။ပထမဦးစွာနည်းပြဆိုသူများ၊အွန်လိုင်းပေါ်မှအလှအပpage အချို့ မှအင်ဖော်မေးရှင်းများသည်အစားအစာ
မှီဝဲသည့်အမျိုးအစား၊အစားအစာအုပ်စုကိုလုံးဝပြောင်းလဲစေလိမ့်မည်။ထို့ နောက်မတူညီသောစားသောက်ပုံစံ
ဖြစ်သည့်အသီးအရွက်များ၊ရေနွေးကြမ်းများနှင့်အချဉ်ဓါတ်ပါသောအာဟာရများဖြည့်စွက်ဆေးများကိုမှီဝဲစေလိမ့်
မည်။ထို နော့က်လေ့ကျင့်ခန်းအနည်းငယ်ပြုလုပ်စေလိမ့်မည်။မှန်ပါသည်။ထိုသို့ လုပ်လျင်ရုတ်တရက်ကိုယ်အ
လေးချိန်ကျသွားပါလိမ့်မည်။ကျွန်တော့်အမြင်ပွင့်လင်းစွာပြောပါမည်။ထိုအမူအကျင့်သည်ခန္ဓာကိုယ်၏အစာခြေ
စနစ်၊ကိုယ်တွင်းဇီဝဖြစ်စဉ်နှင့် endocrine system အပေါ်ပြင်းထန်သည့်သက်ရောက်မှုဖြစ်သည့်အတွက်ထို
ကိုယ်အလေးချိန်ကျခြင်းကမည်သည့်ကောင်းကျိုးမှမရှိသည့်အပြင်ကိုယ်တွင်းဇီဝဖြစ်စဉ်နှင့်ကယ်လိုရီလောင်
ကျွမ်းမှု၏အဓိကမောင်းနှင်ပဲ့ကိုင်သူဖြစ်သည့်ကြွက်သားမျှင်များလောင်ကျွမ်းပျက်ဆီးဆုံးရှုံးခြင်းပင်ဖြစ်သည်။
ထိုရက်အနည်းငယ်အတွင်းလောင်ကျွမ်းသွားသောကြွက်သားမျှင်စစ်စစ်ဆယ်ပေါင်လောက်ကိုသင်နောက်တစ်
နှစ်အတွင်းအသည်းအသန်ကြိုးစားလျင်တောင်၇ဖို့ မသေချာတော့ပါ။ရလာဒ်ကားရွှေသမင်အလိုက်မှားခြင်း
ကြောင့်ကိုယ်တွင်ဇီဝဖြစ်စဉ်ယိုယွင်းကာ၊ယခင်စားနေကျအစားအသောက်ပမာဏလောက်ပြန်စားလိုက်လျင်
ပင်ယခင်ရှိခဲ့သည့်ကိုယ်အလေးချိန်ထက်ပို၍တိုးလာခြင်း(အဆီတက်လာခြင်း)ပင်ဖြစ်သည်။မယုံလျင်ဂျင်ကစား
သည့်အ၀လွန်ကစားသမားတစ်ရာကိုမေးပါကိုးဆယ့်ရှစ်ယောက်ကမှန်သည်ဟုဝန်ခံကြပေလိမ့်မည်။
Experience ကပြောသောစကားဖြစ်၍အသေအချာနားထောင်ပေးပါမိတ်ဆွေ။
အဆီချမည်ဆိုလျင်တော့အများသိသည့်အတိုင်းပင်၊လေ့ကျင့်ခန်း(aerobic & anaerobic)၊အာဟာရ(diet
Plan )အမျိုးမျိုးနှင့်ဖြည့်စွက်ဆေးများ(supplements)နှင့်လှုပ်ရှားတက်ကြွသည့်နေထိုင်မှု့ ဘ၀ပုံစံ (Active lifestyle)တို့ လိုအပ်ပါသည်။တခုကောင်းနှင့်မရနိုင်ပါ။ဘက်စုံထောင့်စုံသေချာတိကျမှကိုယ်တွင်းအဆီချ
နိုင်ပါလိမ့်မည်။သို့ သော်ပင်ပန်းရကျိုးနပ်ပါလိမ့်မည်။မည်သည့်အသက်အရွယ်ရှိကျားမမဆိုအဆီချနိုင်ပြီဆိုက
တနေ့ တခြားပိုမိုကျန်းမာသန်စွမ်းလာပြီဟုမှတ်လိုက်ပါမိတ်ဆွေ။သင့်ကိုမှောင်မဲနေသည့်အခန်းအတွင်းထည့်
ထားပြီးမီးခလုတ်ကိုဖွင့်စေလျင်သင်နေရာမသိပါကဟိုစမ်းသည်စမ်းဖြင့်မိုးသာလင်းသွားမည်၊မီးလင်းမည်မ
ဟုတ်ပါ။အကယ်၍ခလုတ်တည်နေရာကိုသိပါကတစ်ချက်တည်းမီးလင်းစေနိုင်ပါသည်။ထို့ အတူပဲအဆီမည်
သို့ ချရမည်ကိုသေချာသိလိုပါက၊ကျွန်တော်ရေးသားပြီးအခမဲ့တင်ဆက်ထားသော***သိပ္ပံနည်းကျအဆီချနည်း
များစာအုပ်***ကိုဒေါင်းလုပ်ဆွဲလေ့လာကြည့်ပါမိတ်ဆွေ။အချိန်ကုန်လူပမ်းသက်သာစေလိမ့်မည်ဟုမျှော်လင့်
မိပါသည်။ထို့ အတူပဲအခြားသောအဆီချနည်းစာအုပ်တစ်အုပ်ကိုညွှန်ပေးလိုပါသည်။
ဆရာကျော်သက်ခိုင်(ဆေးတက္ကသိုလ်)ရေးသားသော***ခန္ဓာကိုယ်သွယ်လျအဆီကျကျန်းမာရေး***ဟူ
သောစာအုပ်ကိုနီးစပ်ရာစာအုပ်ဆိုင်များမှာဝယ်ယူဖတ်ရှု့ လေ့လာနိုင်ပါသည်။ရေမြေခြားရောက်မင်ဘာများ
လေ့လာနိုင်ရန် Pdf ဖိုင်ပြုလုပ်ပြီးလင့်ခ်ကိုဤပေ့ခ်ျတွင်တင်ဆက်ပေးထားပါသည်။ပြန်ရှာ၍ဒေါင်းလုပ်ရယူ
နိုင်ပါပြီ။
အားလုံးအဆီကျ၊ သွယ်လျကျန်းမာ၊ သန်စွမ်းကြပါစေဟုဆန္ဒပြုရင်း-

လေးစားလျက်-
နိုင်ဦး-၁၁၉

No comments:

Post a Comment