arial" action="like" colorscheme="light">

Monday, September 28, 2015

ဘယ်သူခြောက်ခြောက် တို့မကြောက်


ဘယ်သူခြောက်ခြောက် တို့မကြောက်
သြော်--ကလေးဘ၀ ငယ်ငယ်တုန်းက
သိသမျှလူ မိတ်ဆွေဟူ၍
ကြည်ဖြူမှတ်ထင်-- ငါလျှင်ရိုးသား
အားကစားသမား-----
တဖြည်းဖြည်းနဲ့ ဇရာရွယ်ညောင်း
ချိန်ခါပြောင်းလဲ အရွယ်ရောက်မှ
ဘ၀အမြင် တူညီချင်သူ
ရှာလျင်လွန်ရှား ရှာမှရှားပါး
သိသမျှလူ စိတ်မတူလို့
ငါယူမှတ်စွဲ ငါပဲလွဲသလား
အလွဲများနဲ့ ငါ အားကစားသမား---
လောကီလူ့ဘောင် လူပြည်ရွာမှာ
သူမှန်ငါမှန် ဘယ်သူမှန်ကြောင်း
သူကောင်း ငါကောင်း
ဘယ်သူကောင်းကြောင်း
အကြောင်းရင်းရှာ
ဆွေးနွေးပါလည်း
အချိန်သာနက်
အဖြေမထွက်
ပြောကြဆိုကြ
ငြင်းကြခုံကြ
အော်ကြ ဟစ်ကြ
ညှိမရလေ တွေဝေစဉ်းစား
တို့တစ်တွေများ
အားကစားသမား မဟုတ်ခဲ့ကြလို့လား-----
ဘယ်လို ဘယ်ပုံ ငါနှင့်စိတ်ချင်း
အလျဉ်းမတူ မကြည်သူများ
နောက်ကွယ်ကဲ့ရဲ့ အမုန်းတရား
ပွားများကြပါစေ---
အင်အားတစ်ရာ ရှိကြအုံးတော့
တစ်ရာတစ်ထောင် ငါတို့မကြောက်
ငါတို့ယုံကြည် ခိုင်မာဇွဲညီ
ရှေ့သို့တက်လှမ်း ကာယဗလ
ခရီးကြမ်းမှာ ဆက်မြဲဆက်လျက်ရှိနေအုံးမည်---
ဘယ်သူခြောက်ခြောက် တို့မကြောက်ပေ
ဘယ်သူခွဲခွဲ တို့မကွဲ----Muscleprofessor ချီတက်မြဲ----

တင်ဆက်သူ။ ။အောင်အောင်(လှိုင်)

No comments:

Post a Comment