arial" action="like" colorscheme="light">

Wednesday, September 16, 2015

တေးဂီတနှင့် ကာယလေ့ကျင့်ခန်း အပိုင်း(၁)

 
 တေးဂီတနားဆင်ခြင်းသည်လူသားတို့အတွက်အပန်းဖြေမှုတစ်ခုအဖြစ်သတ်မှတ်ထားပြီးသားဖြစ်သည်။ဂီတ
ဟူသည်ကျွန်တော်တို့မမွေးဖွားခင်ကတည်းကတည်ရှိခဲ့ပြီးဖြစ်သည်။ယနေ့အချိန်ခါတွင်နည်းပညာများပိုမိုတိုးတက်လာသည်နှင့်အညီလူ့အသုံးအဆောင်များသည်လည်းခေတ်မှီဆန်းပြားစွာတီထွင်လာခဲ့ကြသည်။ဘယ်နေရာသွားသွား နားကြပ်ကလေးတပ်ပြီးမိမိစိတ်ကြိုက်သီချင်းကိုနားဆင်နိုင်သည်။ဟိုအရင်ကမိသားစုအပြင်ထွက်လည်ပတ်ကြ
လျင်ကက်ဆက်ကြီးဖွင့်ပြီးပျော်ပါးကြတာကိုပန်းခြံတွေထဲတွင်တွေ့နိုင်သည်။ယနေ့အချိန်ခါနှင့်တောကွာခြား
သွားပါပြီ။ဂီတသည်လူကိုကောင်းကျိုးပြုသည်ဟုထင်မြင်သူများရှိသလိုစိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုဟု
ခံယူသူများလည်းရှိသည်။ယနေ့လေ့လာသူပညာရှင်အချို့ကသုံးသပ်တင်ပြထားသည်မှာ၂၀၀၀ပြည့်နှစ်နောက်
ပိုင်းတွင်လလူ၁၀ယောက်တွင်၇ယောက်ခန့်သည်ဂီတကိုနေ့စဉ်နားထောင်ကြောင်းနှင့်ကိုယ်ကာယလေ့ကျင့်
ခန်းပြုလုပ်နေစဉ်ဂီတနားထောင်ခြင်သည် စိတ်ကိုလန်းဆန်းတက်ကြွစေကြောင်းသုံးသပ်တင်ပြခဲ့ကြသည်။ထိုကြောင်လည်းအာနိုးတို့ ခေတ်အခါနှင့်မတူ ဒီဘက်ခေတ်နောက်ပိုင်းတွင် မောင်အိုလံပီယာအပါအ၀င် ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်သူ များသည်နားကြပ်တပ်ပြီးလေ့ကျင့်ကစားကြသည်ကိုတွေ့မြင်နိုင်သည်။သူတို့နိုင်ငံတွင်တော့ပိုကောင်းပါသည်
ဂျင်မ်ကစားသူများနားဆင်ရန်စိတ်ဓာတ်တက်ကြွစေသည့်သီချင်းများပင်သီးသန့်ရှိကြောင်းသွားလာဖူးသည်
့သူအချို့၏ ပြောစကာူးအရသိရသည်။လေ့ကျင့်ခန်းလုပ်ရင်းနားဆင်ခြင်းသည်အဘယ်သို့သောရလဒ်ထူးခြား
သည်ကတော့နားဆင်ဖူးသူသာသိလိမ့်မည်။ကျွန်တော်ကတော့အတွေ့အကြုံမရှီတော့မသိပေ။ကာယလေ
့ကျင့်ခန်း၏အကျိုးကျေးဖူးတွေကတော့ကျွန်တော်တို့သိပြီးဖြစ်သည်။အမေရီကန်နိုင်ငံအိုဟိုင်းယိုးပြည်နယ်ရှိ
သုတေသီလေ့လာသူများ၏အဆိုအရ ကျားမ ၃၃ ယောက်ကို လေ့ကျင့်ခန်း မလုပ်မှီနှင့် လုပ်ပြီး စကားအပြောအဆိုဆက်သွယ်မှု စိတ်ခံစားမှုအခြေအနေများကို စမ်းသပ်လုပ်ဆောင်ခဲံ့ကြရာ အကုန်လုံးနီးပါး စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွ လန်းဆန်းခဲ့ကြသော်လည်း ကာယလေပကျင့်ခန်းလုပ်ရင်း တေးဂီတနားဆင်သူများသည်အခြားသူများထက် စိတ်ဓာတ်ပိုင်း၂ဆခန့် ပိုမိုတက်ကြွကြောင်းဖော်ထုတ်တွေ့ရှိခဲ့ကြသည်။သီချင်းကြိုက်သူကိုကို မမ တို့ ကတော့အကြိုက်ပေါ့ဗျာ။ကျွန်တော်တို့ဂျင်မ်မှာလည်းကစားရင်းသီချင်းနားထောင်သူတွေ တော်တော်များပါ
သည်။ ခံစားချက်အဘယ်သို့ရှိသည်ကတော့မေးကြည့်မှသာသိလိမ့်မည်။အဆွေးသီချင်းဆိုရင်တော့ စိတ်ဓာတ်တက်ကြွမယ်မထင်ပါဗျာ။  အပိုင်း(၂) ဆက်လက်ဖော်ပြပါမည်-------

တင်ဆက်သူ။ ။အောင်အောင်(လှိုင်)

No comments:

Post a Comment