arial" action="like" colorscheme="light">

Tuesday, September 15, 2015

Myanmar fitness နယ်ပယ်မှ၊စာတွေ့ ၊လက်တွေ့ အတင်းစုံ၊အဖျင်းစုံအချို့ 

***ပညာသမာ၊အာဘာနထ္ထိ***
                      မြတ်ဗုဒ္ဓ
*ပညာ_အကောင်း၊အဆိုး၊အကြောင်း၊အကျိုးတို့ ကိုဝေဖန်ပိုင်းခြားနိုင်သောအသိဥာဏ်*
မပြောမပြီး၊မတီးမမြည်၊ပြောရဦးမယ်ဗျာ။အသွားရှိယင်၊အပြန်ရှိမယ်။offence ရှိယင်၊defense ရှိရမယ်။
Attack ရှိယင် Counter Attack ရှိမယ်။သဘာဝပဲလေ။ကာယဗလနှင့်ကြံ့ခိုင်မှုအသိပညာအချို့ ကို၊ငွေကြေး
တပြားတစ်ချပ်မှမရဘဲ၊ကိုယ်ထမင်းကိုယ်စားပြီးဖြန့် ဖြူးနေတဲ့ကျွန်တော်တို့ ကိုကွယ်ရာတွင်အမျိုး
မျိုးစောင်းချိတ်ဝေဖန်ပြောဆိုနေကြသော်လည်း၊ကျွန်တော်သီးခံပြီးနေတာများခဲ့ပါတယ်။ကျွန်တော့်ေ
ရးဖော်ရေးဖက်ကိုအောင်အောင်ကတော့စိတ်မြန်လက်မြန်ပြန်လည်တုံ့ ပြန်ဖို့ လုပ်တိုင်း၊ကျွန်တော်က**အပင်မြင့်လေ၊လေတိုက်လေ**
ဆိုတဲ့လောကဓမ္မတာလေးတွေပြောပြပြီး၊ထိန်းခဲ့ရတာအကြိမ်မနည်းဘူး။ဒီတစ်ကြိမ်မှာတော့၊ကျွန်တော်ကိုယ်
တိုင်သီးခံနိုင်စွမ်းလျော့နည်းလာပြီမို့ အနည်းငယ်ပြန်လည်ချေပလိုပါသည်။
ကျွန်တော်တို့ ကိုအတိုက်ခိုက်ဆုံးသောစကားလုံးများကိုတခုချင်းပြန်ဖြေပေးပါ့မယ်။

အတင်းနံပါတ်-၁-သူတို့ တွေဟာစာတွေ့ သမားတွေပါ။
ဖြေ။    ။
ဟုတ်ကဲ့ဂုဏ်ယူစွာပဲကျွန်တော်ဖြေပါ့မယ်။ကျွန်တော်ဟာစာတွေ့ သမားပါ။ဘာဖြစ်လို့ လည်းဆိုတော့စာတတ်
လို့ ပါပဲ။ကျွန်တော့်ဆရာတစ်ယောက်ကပြောဖူးတယ်၊***ပညာရှာတယ်ဆိုတာ၊ရေဆန်မှာလှေလှော်ရသလိုပဲ၊
အလှော်ရပ်တာနဲ့ နောက်ပြန်ရောက်မှာပဲ***။ဆရာ့ဆုံးမစကားအတိုင်း၊ကျွန်တော်တတ်နိုင်သလောက်၊ကျွန်
တော်ကျင်လည်ရာနယ်ပယ်တိုင်းကို၊ကျွန်တော်စဉ်ဆက်မပြတ်လေ့လာနေခဲ့ပါတယ်။နောင်ကိုလည်းလေ့
လာနေဦးမှာပါပဲ။ဗမာစကားကိုဗမာလို၊ရှင်းရှင်းလင်းလင်းပြောရယင်၊စာတွေ့ လို့ ပြောနေသူတွေရည်
ညွှန်းတာက၊ကျွန်တော်တို့ အလေးကိုလုံးဝမကိုင်ဖူးတဲ့ပုံစံမျိုးဖြစ်နေပါတယ်။တကယ်တော့၊ကျွန်တော်
အလေးစကိုင်ကတည်းကမိန်းမယူခဲ့ရင်၊အခုလောက်ဆိုခလေးကဆယ်တန်းကျောင်းသားဖြစ်နေလောက်ပြီဗျ။
ဒါတောင်စာတွေ့ ပြောဦးမလားလို့ မေးချင်ပါတယ်။စာတွေ့ များတယ်ပြောရင်လက်ခံပါတယ်။စာတွေ့ 
သက်သက်ပဲလို့ ပြောရင်ပြောတဲ့လူုရူးနေလို့ ဖြစ်ပါလိမ့်မယ်။
ထပ်ပြောဦးမယ်၊ကမ္ဘာကျော်အင်ဂျင်နီယာကြီးတွေကအုတ်ခဲလေးလုံးကို၊ညီအောင်မစီနိုင်ပါဘူး။သူတို့ ကစာ
တွေ့ သမားတွေပါ။ဒါဆိုမြန်မာပြည်ကပန်းရံဆရာတွေက၊လက်တွေ့ သမားတွေဆိုတော့အင်ဂျင်နီယာကြီးတွေ
ထက်ပိုတော်နေတယ်လိုဆိုလိုချင်တာလားခင်ဗျာ။
နောက်ပြီးခွဲစိပ်ဆရာဝန်ငယ်အချို့ ထက်၊ဓါးကိုင်ကျွမ်းကျင်တာက၊သန့် ရှင်းရေးကုလားတွေပါ။ဒါဆိုစာတွေ့ 
များနေတဲ့ခွဲစိပ်ဆရာဝန်လေးတွေထက်ပိုပြီးဓါးကိုင်ကျင်လည်နေတဲ့၊လက်တွေ့ အမွှေးရိတ်ကုလားက၊ပိုတော်
တယ်ဆိုလိုချင်တာလားခင်ဗျာ။ဖြေပေးကြပါဦး။
အတင်းနံပါတ်-၂-သူတို့ ကိုယ်တိုင်တောင်၊လက်မောင်းလေးဆယ့်ငါးလက်မလောက်ပဲရှိတာ။သူများကိုဘာများ
လမ်းညွှန်ပေးနိုင်မှာလဲ။
ဖြေ။    ။ဟုတ်ကဲ့၊လက်မောင်းကြီးတိုင်း၊ခန္ဓာကိုယ်ကြီးတိုင်းအသိပညာကြီးကြစတမ်းဆိုရင်၊လူတွေကိုဆင်တွေ
ကအုပ်ချုပ်ကုန်မှာပေါ့။နွားတွေက၊ကြိမ်ကိုင်ပြီး၊သူ့ လောက်ဘော်ဒီမရှိတဲ့ငတိတွေလယ်ထွန်နေရမှာပေါ့နော်။
မှတ်ထားပါမိတ်ဆွေ၊ခန္ဓာကိုယ်ကြီးထွားသည်ထက်ကြီးထွားအောင်လုပ်ဖို့ ဆိုတာသူ့ ဘ၀အတွက်၊သူ့ ရွေးချယ်
မှုပါ။ကာယဗလမောင်အလုပ်ကို profession ရွေးချယ်လို့ ၊တခြားသော profession တွေဖြစ်တဲ့၊ဆရာဝန်၊
အင်ဂျင်နီယာ၊ကုန်သည်၊ဖိနပ်ချုပ်၊အမှိုက်သိမ်းစတဲ့လုပ်ငန်းတွေထက်ပိုပြီးမထားခြားသွားပါဘူး။ကိုယ့်လိုင်းနဲ့ 
ကိုယ်ပါပဲလေ။ငါနှင့်ငါသာနှိုင်းစရာထပ်ဖြစ်နေသေးရင်တော့ကျောက်ခေတ်ပြန်သွားလိုက်ပါမိတ်ဆွေ။
ဒီခေတ်ကKnowledge Age ပါမိတ်ဆွေ။Knowledge Age မှာ၊လူတွေကလကမ္ဘာကိုအလွယ်
တကူသွားနေချိန်မှာ၊စကြာဝဠာထဲက Black hole အကြောင်းလေ့လာနေချိန်မှာ၊မိတ်ဆွေကလက်တွေ့ တောင်ပဲတက်တက်၊ဂဏာန်း
ကျွင်းပဲနှိုက်နှိုက်ကျွန်တော်တို့ ကစိတ်မ၀င်စားပါဘူး။တစ်ခုတော့မေတ္တာရပ်ခံပါတယ်။လိုက်မဖိုက်ပါနဲ့ ။ကိုယ့်
လမ်းကိုယ်သွားပါ။ထပ်ပြောဦးမယ်။ဒေါက်တာဂျင်မ်စတောပီနီ၊ဒေါက်တာဂျယ်ရီဘရေနင်
၊ဒေါက်တာဘောဗ့်ဂိုလ်းမင်း၊ဒေါက်တာဂျိုးကင်မ်ဇက်ဖ်စကီး၊ဒေါက်တာလိန်းနော်တွန်၊ဒေါက်တာဂျက်ဖ်ကော့ဖ်
ဝီလ်ဆင်အပါအ၀င်ခေတ်အဆက်ဆက်ကကာယဗလလောကအတွက်အကောင်းဆုံးပို့ ချသင်ပြပေးခဲ့တဲ့
ပညာရှင်တွေဟာခင်ဗျားတို့ အတင်းတုပ်သလိုပဲစာတွေ့ များပြီးလက်တွေ့ နည်းတဲ့ပုဂ္ဂိုလ်တွေပါပဲ။ဒါပေမဲ့သူတို့ တင်ပြချက်
အကြံပြုချက်တွေကိုကမ္ဘာ့ထိပ်သီးကာယဗလမောင်တွေဟာတန်ဖိုးထားလိုက်နာနေကြပါတယ်။
ဒါဆိုအဲဒီမောင်တွေကအသိမရှိလို့ လားဗျာ။

ကျွန်တော်ဒီဆောင်းပါးရေးတာကမည်သူ့ ကိုမှတိုက်ခိုက်လိုတာမဟုတ်ပါဘူး။အားလုံးကိုယ့်လမ်း၊
ကိုယ်လျောက်ပြီးကျွန်တော်တို့ myanmarfitness လောကကြီးအဆင့်မြင့်ရေးအတွက်ဝိုင်းဝန်းကြိုးပမ်းနေ
ချိန်မှာ၊ထိကပါးရိကပါးလေးတွေများလာလို့ ၊ကျွန်တော့်အယူအဆကို ၊ပြန်လည်ဖြေရှင်းတင်ပြတာပါ။မိတ်ဆွေတို့ wallမှာမိတ်ဆွေတို့ ကြိုက်တာရေးပါ။အများအကြိုးအ
တွက်ဆိုပိုကောင်းပါတယ်။*ငါ့လှေငါထိုး၊ပဲခူးရောက်ရောက်၊*ဆိုရင်လည်းမတားတော့ပါဘူး။
သင်ဆရာ၊မြင်ဆရာ၊ကြားဆရာအားလုံးကို ဦးထိပ်ပန်ဆင်လျက်-

နိုင်ဦး-၁၁၉

No comments:

Post a Comment