arial" action="like" colorscheme="light">

Monday, September 28, 2015

အသေဆိုးစေနိုင်တဲ့ Hardcore

ဆောင်းပါးခေါင်းစဉ်ဖတ်ပြီးတော့စဉ်းစားစရာလေးတွေ၊သိချင်တာလေးတွေဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်။
အဲဒီလိုဆွေးနွေးတင်ပြချင်လို့ ဒီခေါင်းစဉ်လေးပေးလိုက်တာပါ။
ကျွန်တော်တို့ ကျန်းမာလို၍ကစားနေသော၊fitness and bodybuilding က၊ကျွန်တော်တို့ ကိုအုတ်ဂူအတွင်း
သို့ မြန်မြန်မပို့ ဆောင်စေသင့်ပါဘူး။
နှလုံးသန်စွမ်းအောင်လေ့ကျင့်တဲ့၊ကာဒီရိုလေ့ကျင့်ခန်းတွေက၊ကျွန်တော်တို့ နှလုံးကိုစောစောမရပ်
သွားစေသင့်ပါဘူး။
ကျွန်တော်တို့ သန်စွမ်းအောင်လေ့ကျင့်တဲ့ဒမ်ဘယ်တွေ၊ဘာဘယ်လ်တွေက၊ကျွန်တော်တို့ ကို၊သေမင်းနဲ့ စစ်ခင်း
ရလောက်အောင်တော့၊မသန်စွမ်းစေနိုင်ပါဘူး။
မိသားစုနဲ့ အတိုက်အခံလုပ်ပြီး၊ကျွန်တော်တို့ သွားနေတဲ့ gym တွေက၊မိသားစုတွေအတွက်နာကျင်စရာ
တွေထပ်မံမဖြစ်စေသင့်ပါဘူး။လုံးဝမဖြစ်စေသင့်ပါဘူး။
ဒါဆိုဘာလုပ်ကြမလဲ?အဖြေကရှင်းပါတယ်။ ကျွန်တော်ပထမဦးဆုံးပြောချင်တာက
# Educate & Dominate ‪#‎ဆိုတာပါပဲ‬။
ကျွန်တော်တို့ fitness and bodybuildingအားကစားနယ်ပယ်မှာ၊တွင်ကျယ်စွာအသုံးပြုနေကျတဲ့ဝေါဟာရ
တစ်ခု၊ကစားသမားတိုင်းဝံ့ကြွားစွာသုံးတဲ့အသုံးအနှုံးတစ်ခုကတော့ hardcore ဆိုတာပါပဲ။Hardcore ကိုနားလည်မှုအနည်းငယ်လွဲနေသေးတဲ့ကျွန်တော်တို့ တိုင်းပြည်မှာ၊ကိုယ့်ကိုကိုယ်လက်တွေ့ ကျလှပါပြီဆိုသော၊ဘာချန်ပီယံ၊ညာချန်ပီယံဆိုသောနည်းပြများအပါအ၀င်၊နည်းပြအတော်များများက၊လေ့ကျင့်ခန်းလုပ်တာမတိုးတက်ရင်၊အလေးထပ်တိုး၊အကျော့ထပ်တိုး၊လေ့ကျင့်ခန်းတစ်ခုကို၊ခြောက်ကျော့ကစား၊ပိုပိုပြီးကစား၊ပြင်းပြင်းထန်ထန်ကစားစသည်ဖြင့်ညွှန်ကြားတတ်ကြသည်။အမျိုးသမီးကစားသမားများကိုလည်း၊အဆီချလိုသည်ဖြစ်စေ၊ခန္ဓာကိုယ်ထွားကျိုင်းလိုသည်ဖြစ်စေ၊ရလာဒ်မတိုးတက်လာပါက၊ထိုကစားသမား၏အားနည်း
ချက်ဟုဆိုကာ၊ပိုပို၍မောင်းတတ်ကြသည်မှာမျက်စိပျာဝေ၊မူးလဲသည်အထိကစားဖူးသူတိုင်းအသိပင်ဖြစ်သည်။ထိုနည်းပြများသည်ပြသနာတစ်ခု၏အဖြေကိုဖွေရှာရာတွင်မိမိထံမှမစတင်ဘဲ၊ကစားသမားများတစ်ဖက်သားထံမှအဘယ်ကြောင့်စတင်ရပါသနည်း။ပြသနာတော်တော်များများ၏အဖြေမှာကစားသမားများကြောင့်မဟုတ်ဘဲ၊မိမိတို့ ကိုယ်ကိုလက်တွေ့ ကျလှပါသည်၊စာတွေ့ မလိုဟုဆိုသောနည်းပြဆိုးများကြောင့်ဖြစ်နေတတ်သည်။
The Centers of Disease Control မှလေ့လာတွေ့ ရှိချက်များအရ-
ကျန်းမာသန်စွမ်းလိုသော၊အရွယ်ရောက်သူများ၊အနေနှင့်တစ်ပါတ်လျင်၊အလေးဖြင့်လေ့ကျင့်ကစားသော anaerobic လေ့ကျင့်ခန်းနှစ်ကြိမ်၊သုံးကြိမ်နှင့်ကိရိယာလွတ်၊အသက်ရှုအဖွဲ့ အစည်းအတွက် aerobic လေ့ကျင့်ခန်းများကို၊စုစုပေါင်းကြာချိန်၊သုံးနာရီအများဆုံးသာလေ့ကျင့်သင့်ပါသည်ဟုအကြံပေးတင်ပြ
ထားပါသည်။ပို၍ရှင်းလင်းအောင်၊တင်ပြရမည်ဆိုပါက၊တစ်ပါတ်လျင်လေ့ကျင့်ခန်းပြုလုပ်ချိန်၊သုံးနာရီထက်
မပိုစေရန်ဖြစ်ပါသည်။သွေးတိုး၊နှလုံး၊ဆီးချိုရောဂါဝေဒနာသည်များအနေနှင့်၊လေ့ကျင့်ခန်း၏ပြင်းအား(intensity)ကိုအထူးချိန်ဆလေ့ကျင့်သင့်ပါသည်။
လူတွေသုံးနေကြသော၊Hardcore
ဆိုသည့်ဝေါဟာရသည်၊ခန္ဓာကိုယ်ကိုအလွန်အကျူးသက်ရောက်စေသည့်
မည်သည့်ရုပ်ခန္ဓာလှုပ်ရှားမှုမျိုးကိုမဆို၊ဆိုလိုပါသည်။အချို့ ညီငယ်များသည်ကစားချိန်တစ်ချိန်တည်းတွင်ပင်
လျင်၊ကြာချိန်နှစ်နာရီနီးပါးမျှရှိနေတတ်သည်ကိုတွေ့ နေရပါသည်။ထိုညီငယ်များကိုယ်တိုင်က၊ထိုမျှကစားသော်
လည်းရလာဒ်ကောင်းများကိုမိမိတို့ ကိုယ်တိုင်မြင်တွေ့ နေရသည်ဟုစောဒကတက်လာပါက၊ကျွန်တော့်အနေနှင့်
တစ်ခုသာအဖြေပေးလိုသည်မှာ၊ကစားချိန်ကိုအနည်းငယ်စီလျော့ချကြည့်လိုက်ပါ။ညီငယ်တို့ ပုံမှန်စားသောက်
နေသော life style ဖြင့်ပင်ခန္ဓာကိုယ်ပိုမို၍ထွားကျိုင်းလာမည်ကိုမျက်ဝါးထင်ထင်တွေ့ ရမည်ဟုအာမဘန္တေခံ
ပါ၏။
ကျွန်တော့်ယခင်စာအုပ်များနှင့်၊ဆောင်းပါးများတွင်ကျွန်တော်အမြဲတင်ပြလေ့ရှိသည်ကိုကျွန်တော့်ဆောင်းပါး
များစွဲမြဲစွာဖတ်သူတို့ သတိထားမိမည်ဖြစ်သည်။အမှားအများဆုံးမှာ-လေ့ကျင့်မှုလွန်ကဲခြင်း (over training)နှင့်
လေ့ကျင့်မှုစံမမှီခြင်း(under training)ပင်ဖြစ်သည်။ကျွန်တော့်အမြင်လေ့ကျင့်မှုစံမမှီခြင်းက၊အချိန်ကုန်၊လူပမ်း
ဖြစ်ရုံထက်ပို၍ဘာမှဆိုးရွားစွာထိခိုက်မှုမရှိစေနိုင်ပေမဲ့၊လေ့ကျင့်မှုလွန်ကဲခြင်းက၊ဇွဲရှိသူများအတွက်ရုပ်ပိုင်းဆိုင်
ရာမသိသာသော်လည်း၊ခန္ဓာကိုယ်တွင်းဟိုမုန်းစနစ်၊အအိပ်အပေါ်သက်ရောက်မှု၊ကြွက်သားနှင့်ခွန်အားဖြစ်တည်
မှုအပေါ်ဆိုးရွားစွာသော၊သက်ရောက်မှုများဖြစ်ပေါ်စေနိုင်ပါသည်။ကျွန်တော်တို့ နိုင်ငံမှ၊ညီငယ်ကစားသမားများ
အနေနှင့်၊ဇွဲလုံ့ လ၀ီရိယကောင်းလွန်း၍ထင်သလောက်ရလာဒ်မထူးကြခြင်းဟုကျွန်တော်အကြံပြုလိုပါသည်။
ခန္ဓာကိုယ်ကြီးထွားလိုသူများသည်၊
၁-မှန်ကန်တိကျသောအသိပညာဗဟုသုတ(Knowledge)
၂-စနစ်တကျလမ်းညွှန်ပြသနိုင်သောနည်းပြ(Qualified trainer)
၃-စွဲမြဲစွာ၊ကြိုးစားလေ့ကျင့်နိုင်သည့်စိတ်ဓါတ်၊ဇွဲ
စသည့်အချက်များပြည့်စုံပါက၊လုံလောက်ပြီဖြစ်ပါသည်။
အထက်ပါအချက်သုံးချက်ကိုတစ်ချက်စီဆွေးနွေးလိုပါသည်။စာဖတ်သူများကလည်းမိမိတို့ ၏အမြင်များကို
လွတ်လပ်ပွင့်လင်းစွာဆွေးနွေးနိုင်ပါသည်။ကျွန်တော့်အနေနှင့်လည်းတစ်ချက်ခြင်းစီကို၊အလျဉ်းသင့်သလို
ဆောင်းပါးရေးကာဆွေးနွေးတင်ပြသွားပါဦးမည်။စာဖတ်သူများကလည်း၊မိမိတို့ အမြင်လိုအပ်သည်ထင်သည့်
အချက်များကိုလည်းထည့်သွင်းဆွေးနွေးနိုင်ပါသည်။

လေးစားလျက်-
နိုင်ဦး-၁၁၉

4 comments:

  1. ​ကျေးဇူးတင်​ပါတယ်​ ဗျာ Facebook က ခင်​ဗျားတို့ Apk ကlink ​သေ​နေပီး ...blog မှာလည်းဘာမှမတင်​​တော့ Facebook အမြဲမသုံးတဲ့ ၊သုံးဖို့အဆင်​မ​ပြေတဲ့ ကျ​နော်​တို့လိုနယ်​က ပရိတ်​သတ်​​တွေအတွက်​ Apk ​လေးက အားကိုးစရာပါ...ပီး​တော့ Facebook ဆိုတာ​တကယ်​​တော့​ရေ​ပေါ်ဆီပါ ဖတ်​ပီး​မေ့​မေ့​ပျောက်​​ပျောက်​နဲ့ တခြားဖတ်​စရာ​တွေလည်း အများသားဆို​တော့ ...Blog ဆိုတာ​တော့ သီးသီးသန့်​သန့်​ပဲ ပီး​တော့ Referenceလုပ်​ရတာလည်းခန့်​ခန့်​ရန့်​ရန့်​နဲ့ ဘယ်​​လောက်​​ကောင်းလည်းဗျာ...Facebook မှာလည်းတင်​တာတင်​​ပေါ့ ဒါ​ပေမယ့်​ Facebook မှာတင်​တာကို Blog မှာလည်းတ​ပြေးညီတင်​​ပေးဖို့​တောင်းဆိုပါတယ်​... Blog မှာ ​ဆောင်းပါး​တွေ မဖတ်​ရတာ ၄ လ​ကျော်​ပြီဗျ... Blog ပရိတ်​သတ်​​တွေလည်းရှိ​သေးတယ်​ဆိုတာ သတိယ​ပေးပါ...Thanks...

    ReplyDelete
    Replies
    1. ဟုတ်ပါပြီဗျာ။အခုလိုကောမင့်ရေးအသိပေးတာကျေးဇူးပါ။နောင်ကိုလည်း
      ဖေ့စ်ဘုတ်နဲ့ တပြေးညီပြန်လည်တင်ဆက်ပေးပါ့မယ်ဗျာ။
      လေးစားလျက်
      နိုင်ဦး-၁၁၉

      Delete
  2. ကျွန်တော်ကစားတာက၅ရက်ကစား၂ရက်နားပါ
    တစ်နေ့ကို၁နာရီဲနဲ့ငါးရက်ဆိုတော့ငါးနားရီဖြစ်နေတော့အဆင်ပြေပါ့မလား

    ReplyDelete
  3. ကျွန်တော်ကစားတာက၅ရက်ကစား၂ရက်နားပါ
    တစ်နေ့ကို၁နာရီဲနဲ့ငါးရက်ဆိုတော့ငါးနားရီဖြစ်နေတော့အဆင်ပြေပါ့မလား

    ReplyDelete