arial" action="like" colorscheme="light">

Tuesday, September 15, 2015

Fitness supplement နှင့်အသက်ရှည်ခြင်း

ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ကြွက်သားမျှင်တွေဟာ၊ခန္ဓာကိုယ်ရဲ့ ယန္တရားဇီဝဖြစ်စဉ်ကိုအကောင်းဆုံး
မောင်းနှင်ပေးနိုင်တဲ့မော်တာတွေပါပဲ။လူတစ်ယောက်ရဲ့ တတိယအရွယ်ရောက်ချိန်မှာ၊သူ့ ခန္ဓာကိုယ်မှာကျန်
ရှိနေတဲ့ကြွက်သားမျှင်ပမာဏများလေလေ၊သူ့ သက်တမ်းပိုရှည်နိုင်လေလေပါပဲဆိုတာသိပ္ပံပညာကထောက်
ခံနေပါပြီ။ခန္ဓာကိုယ်မှာကြွက်သားမျှင်တွေများများကျန်နေဖို့ ဆိုတာအလေးတွေနဲ့ စနစ်တကျ၊ပုံမှန်လေ့ကျင့်ဖို့ 
လိုတယ်ဆိုတာအားလုံးအသိပါ။အဲဒီအပြင်စစ်မှန်တဲ့အာဟာရ၊ကောင်းမွန်သင့်မြတ်တဲ့ဖြည့်စွက်ဆေးတွေ
လည်းလိုအပ်ပါတယ်။ဘယ် supplement brand ကိုရွေးချယ်ရမယ်ဆိုတာတော့ recommend အတိအကျမလုပ်တော့ပါဘူး။ယနေ့ မြန်မာ့ဈေးကွက်မှာ brandမျိုးစုံအလွယ်တကူဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။
Bodybuilding & Fitness နယ်ပယ်မှာဖြည့်စွက်ဆေးမျိုးစုံရှိနေသော်လည်း၊အစဉ်အလာအရအကောင်းဆုံး
သော supplement ကတော့ Creatine ပဲဖြစ်ပါတယ်။
ဂျာမန်သုတေသီများကကြွက်များကိုပုံမှန်အာဟာရများနှင့်၊Creatine ဖြည့်စွက်ကျွေးမွေးပြီး၊ကျန်ကြွက်အုပ်စု
တစ်ခုကို Creatine မပါဘဲ၊ပုံမှန်အာဟာရများသာကျွေးပြီးစမ်းသပ်ကြည့်ရာ၊Creatine ဖြည့်စွက်ကျွေးထား
သောကြွက်များက၊မကျွေးထားသောကြွက်များထက်သက်တမ်း ၁၀% ပိုရှည်ကြောင်းလေ့လာတွေ့ ရှိရသည့်
အတွက်သုတေသီများက၊Creatineမှီဝဲခြင်းသည်၊ကျန်းမာသက်ရှည်ရေးအတွက်အထောက်အကူပြုနိုင်ကြောင်း
ကောက်ချက်ချခဲ့ကြသည်။
ကျွန်တော့်အမြင်လူသစ်ကစားသမားလေးများအထူးသဖြင့်ကစားသက်ခြောက်လမှတစ်နှစ်အတွင်းရှိသူ
များအနေနှင့် Creatine မမှီဝဲသေးပါကလည်းရပါသည်။ထိုညီငယ်များအနေနှင့်မိမိတို့ သုံးစွဲသော Mass gainer,Whey စသည့် supplement အမျိုးအစားများတွင် Creatine,Glutamine စသည်တို့ လည်းပေါင်းစပ်ပါဝင်သည့်အတွက်၊ငွေကြေးကိုခြိုးခြံချွေတာရာရောက်အောင်၊creatine ကိုသပ်သပ်ဝယ်မသုံးလည်းဖြစ်နိုင်ပါသည်။မိမိတို့ စားသုံးသည့်အသားဓါတ်များမှလည်း Creatine ရနိုင်ပါသည်။ကစားသက်ရင့်လာပြီး၊အလေးဝန်၊အသုံးပြုမှုများလာချိန်တွင် creatine အသုံးပြုနိုင်ပါကပိုကောင်းသည်။Creatine ကိုစစအသုံးပြုလျင်အချို့ က loading လုပ်သည့်အနေနှင့်ပထမတစ်ပါတ်လျင် ငါးဂရမ်၊ကိုလေးကြိမ်
နှစ်ဆယ်ဂရမ်အထိအသုံးပြုရန်လမ်းညွှန်တတ်ကြ၏။ကျွန်တော့်အမြင်ကတော့ထိုသို့ လုပ်ရန်မလိုအပ်ဟု
ထင်ပါသည်။အဘယ်ကြောင့်ဆိုသော်၊ထိုသို့ ပြုလုပ်ခိုင်းကြသူအများစုမှာ ဆေးရောင်းသော trainer များဖြစ်ပြီး၎င်းတို့ ထံမှဆေးဝယ်ယူသုံးစွဲသောလူငယ်များကို impression ကောင်းရရှိရန်၊လက်ငင်းချက်ခြင်းအကျိုးထူးကိုမြင်ရစေရန်ပြုလုပ်လေ့ရှိခြင်းဖြစ်သည်။ကျွန်တော်ရေးခဲ့သော၊စာအုပ်များဆောင်းပါးများတွင်လည်းထိုသို့ 
ပြုလုပ်ရန်လမ်းညွှန်ထားခြင်းသည်မူရင်းပညာရှင်များ၏အဆိုအတိုင်းတင်ပြလိုက်ခြင်းဖြစ်ပြီး၊ယခုအမြင်သည်
ကျွန်တော့်အမြင်သက်သက်သာဖြစ်ပါကြောင်း---
လေးစားလျက်-
နိုင်ဦး-၁၁၉

No comments:

Post a Comment