arial" action="like" colorscheme="light">

Monday, September 28, 2015

တရားထိုင်ခြင်း၏အကျိုးကျေးဇူး

ကာယလေ့ကျင့်ခန်းအကြောင်းတွေဦးစားပေးရေးသားနေရာကတရားထိုင်တဲ့အကြောင်အရားဘက်ကိုရောက် သွားလို့တရားပေါက်တယ်မထင်ပါနဲ့။ဘာရယ်တော့မဟုတ်ပါဘူး စာဖတ်သူတွေထဲမှာ အသက်ကြီးပိုင်းတစ်ချို့ လည်းပါနေတော့ဗဟုသုတရစေချင်လို့ပါ။လေ့လာမှုများအရ စိတ်အာရုံစုစည်းပြီးတရားထိုင်ခြင်းအားဖြင့် နှလုံးသွေးလွတ်ကြောများထူထဲမာကျောလာမှုကိုပြေလျှော့စေပြီး ရုတ်တရက်နှလုံးရပ်ခြင်းနှင့်လေဖြတ်ခြင်း အန္တရာယ်တွေကိုထိန်းသိမ်းပေးတယ်လို့ဆိုပါတယ်။သုတေသီများ၏အဆိုအရမိနစ်၂၀ခန့်တစ်နေ့၂ကြိမ်တရား
ထိုင်ခြင်းသည် နှလုံးရောဂါကိုကာကွယ်ရာရောက်သလို ကုသရာတွင်လည်းထိရောက်သည့်နည်းလမ်းဖြစ်သည်။ ယင်းကို နှလုံးေ၇ာဂါကုသရာတွင် မိရိုးဖလာကုထုံးတစ်ရပ်အဖြစ်လည်းအသုံးပြုသင့်သည်ဟု လေ့လာသူများက ထောက်ပြကြသည်။စိတ်အာ
ရုံထိန်းသိမ်း၍တရားထိုင်ခြင်းသည်ကိုယ်တွင်းပြုပြင်ထိန်းသိမ်းမှုစနစ်ကိုကောင်းမွန်စေခြင်း ဓာတ်သဘာဝညီညွတ်မျှတသည့်အကျိုးကျေးဇူးရရှိစေခြင်း၊နာဗ်ကြောများဖွဲ့စည်းမှုကိုကောင်းမွန်စေပြီး
 နှလုံးရောဂါဖြစ်ပွားမှုကိုလျှော့နည်းစေသည်ဟု အဆိုပါလေ့လာမှုကိုဦးဆောင်သူ မဟာရီရှီတက္ကသိုလ်အုပ်ချုပ်မှု ဆိုင်ရာ၏ သဘာဝဆေးဘက်ဆိုင်ရာနှင့်ကာကွယ်ရေးဌာန ညွန်ကြားရေးမှုး Robert Schneider ကပြောပြသည်။ အမေရိကန်နိုင်ငံ နှလုံးရောဂါအသင်း၏ စာစောင်တစ်ခုဖြစ်သော Stoke ဂျာနယ်တွင်တရား ထိုင်ခြင်းသည် အစားအသောက်အနေအထိုင် မပြောင်းလဲဘဲ လေ့ကျင့်ခန်းမပြုလုပ်ဘဲ သွေးကြောကျဉ်းမှုကို လျော့နည်းစေသည်ဟုရေးသားဖော်ပြထား
သည်။သွေးကြောမာကျောမှု၏နောက်တွင်သွေးကြောနံရံများအဆီခိုအောင်းမှုဆိုကျိုးကကပ်ပါလာတတ်သည်။ထိုပြဿနာသည်နှလုံးရောဂါဖြစ်ပွားမှု၏အစလက္ခဏပင်ဖြစ်သည်။ အမေရိကန်နိုင်ငံ၏လူအများသေဆုံးရသည့်အကြောင်းရင်းလည်းဖြစ်သည်။တရားထိုင်ခြင်းသည်ပဲုမှန်ဆေးကု
သမှုတွင်ပေါင်းစပ်အသုံးပြုသင့်သည့်နည်းလမ်းကောင်းတစ်ခုဖြစ်သည်။နဗ်ကြောဖွဲ့စည်းမှုနှင့်ကိုယ်ခန္ဒာ
လိုက်လျောညီထွေဖြစ်စေရန်ထိန်းညှိပေးနိုင်သည့်အစွမ်းရှိသည်။တရားထိုင်ရာတွင်တစ်စုံတစ်ခုသောအသံ
ကိုလည်းကောင်း စိတ်အမှတ်အသားကိုလည်းကောင်းအသုံးပြုကြသည်။တရားထိုင်သူအားပိုမိုတိတ်ဆိတ်အေးချမ်းသောစိတ်အ စဉ်ကိုရရှိစေနိုင်သည်။တရားထိုင်ခြင်းသည်အားစိုက်မှုမလို အားသုံးရန်မလို ကယ်လိုရီအကုန်အကျမများပဲ စိတ်ကိုတကူးတကဖယ်ရှားရန်မလို သဘာဝအလျှောက်စိတ်၏နားခိုရာအနေအထားကိုရရှိစေခြင်းဖြစ်သည်ဟု Robert Schneider ကဆိုသည်။ဒီလောက်ဆိုရင် တရားထိုင်ခြင်းသည်လည်း ကျွန်တော်တို့အတွက်အကျိုး ကျေးဇူးအဘယ်သို့ပြုသည့်ကိုနားလည်သဘောပေါက်မည်ထင်ပါသည်။

တင်ဆက်သူ။ ။အောင်အောင်(လှိုင်)

No comments:

Post a Comment